Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Ninh Binh တစ်ခေါက် အလည်သွားကြရအောင်-၂

may flowersSeptember 2, 20126min68621

 

ကဲ…ခေါင်းလောင်းကြီးကို လေ့လာပြီးရင် ဘုရားတွေဆက်ဖူးရင်း အတက်ဆောင်းတန်းတစ်လျှောက် ဆက်ပြီးတက်ကြရအောင်နော်။

 

ဒီလမ်းလေး တစ်လျှောက်ကနေ  အတက်စောင်းတန်းဆီကို  ပြန်သွားကြတာပေါ့

 

အတက်ဆောင်းတန်းနဲ့ တောင်ပေါ်က ဦးတည်ဘွား ရုပ်ထုကြီး ( သူတို့ကတော့ အမြဲပြုံးနေတဲ့အတွက် happy buddha ) တဲ့

 

  ဒါကတော့ တည်ဆောက်နေဆဲ မျှော်စင် ပြသာဒ်ကြီးကို အစိမ်းရောင် ရှုခင်းတွေကြားက အပေါ်စီးမြင်ကွင်း

 

လချမီး  မယ်တော်ကျောင်းဆောင်

 

လက်ချောင်းတစ်ထောင် မျက်လုံးတစ်ထောင်ပါတဲ့ လချမီးမယ်တော်ရုပ်တုကြီး ( သူတို့ကတော့ woman buddha ) တဲ့

 

ဒါကတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ရုပ်ပွားတော်ကြီး ရှိရာကျောင်းဆောင်

 

ကြေးအစစ်နဲ့ သွန်းလုပ်ထားပြီး ခေါင်းလောင်ကြီးနဲ့ အလေးချိန်တူတူ ၃ရ တန်အလေးချိန်ရှိပါတယ်တဲ့…နဘေးမှာ လက်ဝဲရံ ၊ လက်ယာရံ ပုံတော်တွေပါ ထုလုပ်

ပူဇော်ထားပေမဲ့ ရှေ့မှာခံနေတဲ့ အရုပ်ကြီးတွေကြောင့် အကုန်လုံးပါအောင် ရိုက်လို့အဆင်မပြေခဲ့ပါဘူး။

 

ဒါကတော့ ဘုရားကျောင်းဆောင်တွင်းက လက်ဝဲရံ ရဟန္တာကိုယ်တော်မြတ်ကြီးနဲ့ နတ်မင်းကြီးလေးပါးရုပ်ထုတွေ

 

ဘုရားကျောင်းဆောင် အတွင်းကခေါင်းလောင်းကြီး

 

ဒါက အတက်ဆောင်းတန်းကနေ ပြန်ဆင်းရမဲ့  အဆင်းဆောင်းတန်းကို လှမ်းမျှော်ကြည့်တာ

ကဲ… နောက်ကျောင်းဆောင်တစ်ခုဆီ သွားပြီဘုရားဆက်ဖူးကြရအောင်

 

ဘုရားကျောင်းဆောင်ဆီသွားရာလမ်းမှာ ညောင်ပင်တော်တော်များများတွေ့တယ် သူတို့စိုက်ထားတဲ့ညောင်ပင်လေးတွေကို ကျောက်တုံးလေးတွေပေါ်မှာ

စာတွေထွင်းပြီး မှတ်တမ်းတင်ထားတာပါတဲ့ (ထူးထူးဆန်းဆန်းနော်)

 

ဘုရားကျောင်းဆောင်ရှေ့က ကျောက်ရုပ်ထုကြီး

 

ဒီကမ္ဘာပေါ်မှာ  ပထမဆုံးပွင့်တော်မူခဲ့သောမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား နဲ့ နောင် နောက်ဆုံးပွင့်လာမဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေကို ရည်ဆူးပြီး

ထုလုပ် ပူဇော်ထားတာပါတဲ့ (ကြေးအစစ်နဲ့ သွန်းလုပ်ထားပြီး ဘုရားတစ်ဆူရဲ့အလေးချိန်က တန် ၅ဝ ပါတဲ့)

 

ဒီဘုရားကျောင်းဆောင်ရဲ့ နံရံတွေမှာလည်း ဆင်းတုတော်တွေအပြည့် ထုလုပ်ပူဇော်ထားလေရဲ့

ဒါကတော့ ကြေးပြားပေါ်မှာ မြတ်စွာဘုရားရှင် ဆံတော်ပယ် တောထွက်ခန်းကို ပုံဖော်ထားတာ

 

ဒါရုပ်တုကြီးဆီကို ဒီလမ်းကတက်ရမှာ

 

(  happy buddha   )ဆီ မတက်နိုင်တော့ဘူး နေပူလို့လမ်းတဝက်ကပဲ လှည့်ပြန်ခဲ့တယ် …တော်ပြီပေါ့ မြင်နေရပြီပဲ…ဟာ။

 

ကိုယ် တက်လာခဲ့တဲ့ အတက်လမ်းဆောင်းတန်းလေးကို သမင်လည်ပြန်

 

အတက်၊ အဆင်း စောင်းတန်းနှစ်ခုကြားထဲက ရေကန်လေး

 

ကန်ထဲက ကြာ

 

 

 

 

21 comments

  • may flowers

    September 2, 2012 at 12:55 pm

    ခေါင်းစဉ် မေ့ကျန်ခဲ့ပြီ သဂျီးရေ ကယ်ပါဦး….။ Ninh Binh တစ်ခေါက် အလည်သွားကြရအောင်-၂

    လို့ ခေါင်းစဉ်ထဲ့ပေးလို့ ရမလားဟင်။

  • may flowers

    September 2, 2012 at 12:59 pm

    ခရီးသွား မှတ်တမ်းဓါတ်ပုံများ ဆိုပြီးထဲ့လိုက်တာလည်း ဘယ်နှယ့်စိန်သော့ရဲ့ ခရီးသွားမှတ်တမ်းများ

    လာဖြစ်နေတာလည်းမသိဘူး ငါ့နှယ်။

  • ဂျီးဒေါ်ရိုက်ပြလို့
    အနော်တို့ ဗဟုသုတတွေ အားကြီး ရပါတယ်ဗျား
    ကျေးဇူးပါနော့ ..
    အောက်ဆုံးက ပုံလေးကိုတော့
    ဘယ်လို ဖြစ်သည်မသိ ကြိုက်မိပါရယ်ဂျောင်း …

  • မောင်ပေ

    September 2, 2012 at 1:12 pm

    မေလေးရေ ပို ့စ်တင်ဖို ့ပုံတွေအားလုံးတင်အပြီး tag မှာ ခေါင်းစဉ်ရေးဖို ့ “ စ ” ဆိုတဲ့ အက္ခရာကို တစ်လုံးထဲ နှိပ်လိုက်မိသေးချိန်မှာ ကိုစိန်သော့ သုံးနေကြ “စိန်သော့ရဲ ့ခရီးသွားမှတ်တမ်း” ဆိုတဲ့ ခေါင်းစဉ်က အော်တို ဝင်သွားတာဖြစ်မယ်ထင်တယ် ။ tag မှာ ရေးဖို ့ဆိုရင် ၊ ဒီကအားလုံးရဲ ့သုံးနေကြ ခေါင်းစဉ်လေးတွေရှိတာမို ့၊ ကိုယ်ပေးချင်တဲ့ tag ကို တစ်ခါထဲ ဆက်တိုက် တိုက်ပင်းရိုက်ပြီး add လုပ်လိုက်ရင် ၊ အခုပို ့စ်မှာ ဖြစ်သလိုမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး
    အခုပို ့စ်ထဲက ပုံတွေအားလုံး ကြည့်ရတာ ရှယ်ပဲ
    မန်းတလေးမှာ ဦးတည်ဘွား လို ့ခေါ်တာကို သူရို ့ဆီမှာ ဟက်ပီးဗုဒ္ဓ လို ့ခေါ်တာကိုလဲ အသိတိုးရပါတယ်
    ရှဲရှဲမေလေးရေ
    ဂျစ်တယ်ကွာ ( credit to အူးကြောင် )

      • zarlay

        September 2, 2012 at 3:01 pm

        နောက်တစ်ခါ ခရီးသွားရင်ခေါ်ပါလားဟင်။ ရောက်ဖူးချင်လို့ပါ။

  • may flowers

    September 2, 2012 at 2:09 pm

    ဗဟုသုတ ရတယ်ပြောလို့ ကျေးဇူးပါ ကိုအံစာတုံးရေ ဒါပေမဲ့..ခရီးက မဆုံးသေးဘူးနော်..ဒီထက်လှတဲ့

    နေရာလေးတွေ အများကြီးလိုက်ပြအုံးမှာ။

    ကိုပေရေ ခုလိုပြောပြပေးတဲ့ အတွက်ကျေးဇူးပါ နောက်ကိုပေပြောသလို လုပ်ကြည့်ပါ့မယ်။

  • ကိုခင်ခ

    September 2, 2012 at 2:18 pm

    မမေရေ ဗီယက်နမ်နိုင်ငံခရီးစဉ်က ဓာတ်ပုံတွေကို အပိုင်းလိုက် တင်ပေးနေ လို့ နောက်ထပ် ထပ်ပြီးကြည့်ရတာမို့ ကျေးဇူးပါ၊
    ( Ninh Binh တစ်ခေါက် အလည်သွားကြရအောင်) ပထမပိုစ့်တစ်ခုဘဲ ထင်ခဲ့တာလေ။

  • may flowers

    September 2, 2012 at 2:33 pm

    ပုံတင် များလို့အခန်းဆက် ဖြစ်သွားပါတယ် ကိုခင်ခရေ။ အားပေးကြည့်ရှု ကော့မန့်ပေးတဲ့ အတွက်ကျေး

    ဇူး အထူးတင်ပါတယ်နော်။

  • YE YINT HLAING

    September 2, 2012 at 3:09 pm

    ပတ်ဝန်းကျင် က သဘာဝ ရှုခင်းတွေက လည်း လှတယ် ! စောင်းတန်း ကလည်း အရှည်ကြီးပဲဗျ ! တစ်ကျောင်း လုံးမှာရှိတဲ့ ရုပ်ထုတော် အကြီး အသေး အရေအတွက် အားလုံးပေါင်းရင် သောင်းချီ လိမ့်မယ်နော် ! နောက် တင်ဦးမဲ့ ပုံတွေလည်း ကြည့်ချင်ပါသေးတယ် ! ဒါနဲ့ ရဲရင့်သိန်း ဟုတ်ပါဘူးဗျ ! ရဲရင့်လှိုင် ပါ ခည !

  • may flowers

    September 2, 2012 at 3:45 pm

    sorry ပါ ကိုရဲရင့်လှိုင်ရေ နောင်မမှားအောင်သတိထားခေါ်ပါမယ်…အားပေးတဲ့အတွက်ကျေးဇူးပါနော်။

  • ( happy buddha )ဆီ မတက်နိုင်တော့ဘူး နေပူလို့လမ်းတဝက်ကပဲ လှည့်ပြန်ခဲ့တယ် …တော်ပြီပေါ့ မြင်နေရပြီပဲ…ဟာ။
    ဆက်တက်ခဲ့ရောပေါ့နော့။

  • Ma Ei

    September 4, 2012 at 1:23 pm

    ( happy buddha )တောင်ပေါ်
    အတက်လမ်းကမြင့်လိုက်တာနော်…
    အန်တီအိ ဆိုလဲ မတက်နိုင်ပါဘူး မေလေးရေ…

  • may flowers

    September 4, 2012 at 1:54 pm

    တက်နိုင်တော့ဘူးလေ နေကအရမ်းပူတယ် ကိုနာဂရဲ့ အမှန်တော့ အဲဒီပေါ်ကိုတက်ပြီး ဓါတ်ပုံရိုက်ရင်

    ပုံကောင်းလေးတွေ ရနိုင်ကောင်းရဲ့နော်..။

    ဟုတ်ပါတယ်မအိရေ နောက်တောင်တစ်ခုကို တက်ရဦးမယ်လို့ ဂိုက်ကောင်လေးကပြောလို့ အဲဒီတောင်ကို

    မတက်ပဲ အသာလေးလျိုနေလိုက်တာလေ…။အားပေးတဲ့ အတွက်ကျေးဇူးပါနော်။

  • char too lan

    September 5, 2012 at 4:51 pm

    ဒီနေ့မှရွာလည်ရင်း ပိုစ့်ကို ၃၊ ၁၊ ၂ ဆိုပီးကြည့်မိသွားတယ် အကုန်လုံးကထူးထူးခြားခြားတွေပဲမို့လို့
    ဝမ်းသာကျေနပ် ပီတိဖြစ်ရပါတယ်။ ကြိုးစားတင်ပေးထားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
    ဒါနဲ့ နေရာရဲ့နာမည်က ဘိုအသံထွက်ပါလဲ ? ဘယ်တိုင်းပြည်ကပါလဲ ခညာ.. ?

  • Ko Ko Aung

    September 6, 2012 at 10:47 am

    ကွန်မြူနစ်တိုင်းပြည်မှာ အဲဒါတွေ အဲဒီလောက်ကျန်သေးတာတော့ အံ့ဩရပါတယ်။

  • Khaing Khaing

    September 6, 2012 at 11:55 am

    မရောက်နိုင်တဲ့နေရာတွေကို အခုလိုမှတ်တမ်းဓာတ်ပုံလေးတွေနဲ့ တွေ့လိုက်ရတာ အရမ်းကိုကျေးဇူးတင်ပါတယ် …..

  • may flowers

    September 6, 2012 at 2:02 pm

    ကို char too lan ရေ ထူးထူးခြားခြားနဲ့ ဝမ်းသာကျေနပ်မိတယ်ပြောလို့ ဖော်မပြနိုင်လောက်အောင်

    ဝမ်းသာရပါတယ်…ကျွန်မရဲ့ မတတ်တတတ်ရိုက်ထားတာကို ချီးကျူးလို့လေ။။

    Ko Ko Aung ရေ ကျွန်မစိတ်ထင်တော့ အဲဒါတွေဆောက်ထားတာမကြာလောက်သေးဘူးထင်ပါရဲ့..

    အားလုံးက တော်တော်လေး သစ်လွင်နေတော့လေ ဒါမှမဟုတ်လည်း အရင် အဟောင်းကိုပြုပြင်

    ထားတာလည်းဖြစ်နိုင်ပါတယ်။

    Khaing Khaing ရေ အမကလည်း ခုလိုအားပေးကြည့်ရှု မန့်ပေးတဲ့အတွက် ကျေးဇူးတင်တာပါပဲနော်။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 6, 2012 at 4:24 pm

    ဝိုးးးးးးးးအရမ်းမိုက်တာပဲ..
    ရောက်ဖူးချင်လိုက်တာ..
    မိုက်လေး..တို့တော့..
    ရောက်ဖူး ဖို့မလွယ်လှပါဘူး..
    ပုံတော်လေးတွေပဲ..
    ကြည့်ရင်း ဖူးမြှော်သွားပါတယ်နော်..။

Leave a Reply