မုန်လာဥနဲ့လုပ်တဲ့ အော်ကေ့ကြည့် easy cook
အော်ကေ့ကြည့်မုန့်ကို ငယ်ငယ်လေးထဲက ကြိုက်နှစ်သက်ပါတယ် … တရုတ်တန်းဘက်မှာ မကြော်ရသေးတဲ့ ပေါင်းပြီးသားမုန့်ကိုဝယ်ပြီး အိမ်ရောက်မှ ကြော်စားလေ့ရှိပါတယ် … ကိုယ့်ဟာကိုယ်လုပ်စားကြည့်မယ်လို့ တစ်ခါမှ မစဉ်းစားဖြစ်ခဲ့ဘူး။ အခုတလော ဈေးပတ်ဝန်းကျင်မှာ ရွှေဖရုံသီးနဲ့လုပ်တဲ့ အော်ကေ့ကြည့်ကို တွေ့နေရတော့ မုန်လာဥနဲ့လုပ်တဲ့အရသာကို ပိုကြိုက်တဲ့အတွက် မုန်လာဥနဲ့လုပ်စားကြည့်ချင်စိတ်ပေါ်လာပြီး ဘယ်လိုလုပ်ရမလဲလို့ ချက်နည်းပြုတ်နည်းစာအုပ်တွေမှာရှာကြည့်မိတယ်။
သိပ်လွယ်တဲ့ နည်းလေးမို့ ကျွန်မကိုယ်တိုင် လုပ်စားရင်း နည်းလမ်းမျှဝေပေးလိုက်ပါတယ် …
ပုံမှာပြထားတဲ့ အော်ကေ့ကြည်တစ်တုံးစာအတွက် လိုအပ်သောပစ္စည်းများ
ဆန်မှုန့် (မွှေးဆန်မှုန့်) တစ်ထုပ်
ကော်မှုန့် …… ဟင်းခတ်ဇွန်း ၅ ဇွန်းမောက်မောက်
မုန်လာဥ …… အစည်းသေးတစ်စည်း (၁၅ ကျပ်သားခန့်)
ဆား ……… လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား …… လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် … လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး … လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုဇွန်ခြောက် …. အနည်းငယ်
ဆီ ….. အနည်းငယ်
ရေ …. ၂၅ဝ လီတာ
ပြုလုပ်နည်းအဆင့်ဆင့်
မုန်လာဥများကို အခွံနွှာပြီး ဂျစ်နဲ့ခြစ်ပါတယ်။ ထို့နောက် ပေါင်းအိုးထဲမှာ ၅ မိနစ်ခန့်ပေါင်းလိုက်ပြီး ရေစစ်ထားလိုက်ပါတယ်။ ဇလုံတစ်ခုထဲမှာ ဆန်မှုန့်နဲ့ကော်မှုန့်ရောပြီး ရေတစ်ခွက်ထည့်ကာ မှုန့်နှစ်ဖြစ်အောင် ဖျော်ထားလိုက်ပါတယ်။ မီးဖိုပေါ်မှာ အကြော်အိုးဖြင့် ဆီအနဲငယ်ထည့်ပြီး ပုဇွန်ခြောက်ပါးပါးလှီးထားတာတွေကို အနံ့မွှေးလာသည်အထိ ထည့်ကြော်လိုက်ပါတယ် … ထို့နောက် ရေစစ်ထားသည့်မုန်လာဥ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ တို့ကို ထည့်ပြီး ရေအနဲငယ်ဖြင့် ခဏချက်လိုက်ပါတယ်။ ထို့နောက် ဖျော်ထားသည့် မှုန့်နှစ်ရည်များကိုထည့်ပြီး မီးပိတ်ပြီး အားလုံးသမအောင် မွှေရပါတယ်။ အားလုံးပြီးပြီဆိုမှ ပေါင်းချင်တဲ့ခွက်တစ်ခုထဲထည့်ပြီး ၄၅ မိနစ် ပေါင်းပေးလိုက်ရုံပါပဲ ….
ပေါင်းပြီးကျက်ပြီဆိုရင် အအေးခံပြီး ကြော်စားလို့ရပါပြီ ….



မိုးရာသီမှာ မုန်လာဥရှားချိန်မို့လို့ ရွှေဖရုံသီးနဲ့လုပ်ကြတယ်။ ပိန်းဥနဲ့လဲ လုပ်စားလို့ရပါတယ်။
29 comments
မဟာရာဇာ အံစာတုံး
September 11, 2012 at 3:12 pm
အော်ကေ့ကြည် ကို
ငယ်ငယ် ရှစ်တန်းလောက်တုန်းက စားဖူးတယ်ဗျ ..
တော်တော်တော့ ကောင်းသား ..
နောက်ပိုင်းတော့ စားခဲ့ဖူးပါဘူး ..
အခု ဂျီးဒေါ်ရဲ့ ကျေးဇူးနဲ့
နောက်များမှာ ကိုယ်တိုင် လုပ်စားလို့ ရသွားတာပေါ့ဗျာ ..
surmi
September 11, 2012 at 3:23 pm
ဝယ်စားရင် သိပ်မကောင်းလှဘူး အံဇာတုံးရဲ ့
ခုလိုကိုယ်တိုင်လပ်စားမှ ဂွတ် တာ။ ဒေါ်ဝေဝေ အလှူလုပ်ရင်လည်း အကောင်းသား
weiwei
September 11, 2012 at 3:27 pm
အလှူတော့လုပ်ချင်တယ် … ဦးပါရဲ့ ဝါဆိုထမင်းလိုမျိုး …
တစ်ရွာလုံးကို ဖိတ်မယ် ….
Ma Ei
September 11, 2012 at 3:19 pm
ဝေဝေရေ…
ပုံမှာပြထားတဲ့ အော်ကေ့ကြည်တစ်တုံးစာအတွက် လိုအပ်သောပစ္စည်းများ
ထဲမှာပါတဲ့ ရေ …. ၂၅ဝ လီတာ
ဆိုတာလေး မရှင်းဘူးဖြစ်နေလို့ပါ…
weiwei
September 11, 2012 at 3:24 pm
ဟုတ်ပ .. မအိရေ ..
မီလီလီတာ လို့ ပြောင်းမှတ်ပေးပါ … မှားရိုက်လိုက်မိလို့ ….
Wow
September 11, 2012 at 3:46 pm
အော်ကေ့ကြည်တော့အရမ်းကြိုက်တယ်မဝေရေ… ဒီတစ်ခါရွာသူားတွေဆုံရင် လုပ်ကြွေးပါလား …. ရှယ်ယာပါပါ့မယ်… 🙂
weiwei
September 11, 2012 at 3:54 pm
အများစာအတွက်ဆိုရင် ပေါင်းအိုးကြီးကြီးနဲ့ ခွက်တွေအများကြီးပေါင်းရမှာမို့လို့ အီးဇီးမှာ မဟုတ်လို့ လုပ်ကြွေးလို့ မလွယ်ဘူး … 😛
pooch
September 11, 2012 at 3:45 pm
အော်ကွေ့ကြည်ကို ပိန်းဥနဲ့ တော့ မစားဘူးသေးဘူး ။ ဆိမ့်ပြီး စားကောင်းမယ်ထင်တာပဲ။
မဝေမတွေ့တာကြာပြီ ။ စာလေးဘာလေး ရေးပါအုန်း။
ညိုပြာညက်
September 11, 2012 at 3:52 pm
အော်ကွေ့ကြည်ကို ပိန်းဥနဲ့ တော့ မစားဘူးသေးဘူး ။ ဆိမ့်ပြီး စားကောင်းမယ်ထင်တာပဲ။
မပုချ်မတွေ့တာကြာပြီ ။ စာလေးဘာလေး ရေးပါအုန်း။
pooch
September 11, 2012 at 3:56 pm
အယ်… မဟုတ်မှလွဲရော ညိုပြာညက်ဆိုတော့ ညိုပြီးပြာနေ ညက်နေတာ ဘယ်သူပါလိမ့် 😀
Wow
September 11, 2012 at 4:02 pm
မဟုတ်မှတော့လွဲဘီ မယ်ပုရေ အဲ့လာ ခြေထောက်ဖြတ်ထားတဲ့ဖား… 😛
တညင်သား
September 11, 2012 at 4:11 pm
ဟိုတလောက အသိတယောက်ကော်ရည်ကြော်ကျွေးတာ တော်တော်ကောင်းတယ်ဗျ ……
အော်ကေ့ကြည်မှာပုဇွန်ခြောက်ပါသေးတယ်လား… ခုမှသိတယ် စားချင်ရင် တရုတ်တန်းသွားဝယ်စားရတာ ခုတော့ ဒီကနေပဲစားတော့မယ်….
ဦးဦးပါလေရာ
September 11, 2012 at 4:22 pm
မုန်လာဥက မုန်လာဥအနီ မဟုတ်လား
ပေါင်းထားတဲ့အော်ကေ့ကြည်ကျတော့ အဖြူရောင်လေးနော်- ဝါမသွားဘူး။
weiwei
September 12, 2012 at 8:16 am
မုန်လာဥက အဖြူနဲ့လုပ်တာပါ … မုန်လာဥအနံ့လေးနဲ့ စားလို့ကောင်းတယ် …
တရုတ်တန်းမှာ အဖြူရောင်နဲ့ အဝါရောင် ၂ မျိုးရောင်းကြတယ် … အဖြူက မုန်လာဥအဖြူနဲ့ အဝါက ရွှေဖရုံသီးနဲ့ …
ဆူး
September 11, 2012 at 4:41 pm
ဆူး ကတော့ ပိန်းဥ နဲ့ဆို ပိုကြိုက်မယ် ထင်တယ်။ အသားကလေးတွေ ပါတဲ့ ဟာလေးတွေ ဘယ်လို လုပ်လဲ သိချင်နေတာနဲ့ အတော်ပဲ.. ကျေးဇူးတင်ပါတယ် အမရယ်။
weiwei
September 12, 2012 at 8:19 am
sausage လေးတွေလှီးထည့်တာလဲ တွေ့ဖူးပါတယ် …
dimsum စာအုပ်ထဲမှာ raddish cake ဆိုပြီး လုပ်နည်းရေးထားတာမို့ အဲဒီထဲကအချိုးအစားအတိုင်း လုပ်လိုက်တာ … သတ်သတ်လွတ်လုပ်ချင်ရင်တော့ ပုဇွန်ခြောက်နဲ့ sausage မထည့်ဘူးပေါ့ … ဒါပေမယ့် အသားပါတာ ပိုကောင်းတယ် .. 😛
ကိုခင်ခ
September 11, 2012 at 4:54 pm
မဝေရေ ရန်ကုန်ရောက်မှဘဲ စားရတာပါ၊ မန်းမှာမရှိဘူးဗျ။
pooch
September 11, 2012 at 5:03 pm
ကိုခင်ခရေ ရတနာပုံဈေးက မနက်ခင်းရောင်းတဲ့ ဈေးမှာ ရှိတယ်။ နောက်ညနေပိုင်းဆို မီးတိုင်ဈေးမှာလည်း ရတယ် ။ ကောင်းမှ ကောင်းပါ။ ဒါပေမဲ့ နည်းနည်းပဲ ရောင်းကြတော့ နောက်ကျရင် ကုန်ပါတယ်။
linnlinnn
September 11, 2012 at 6:18 pm
လုပ်နည်းလေးမှတ်သွားပါတယ်..မဝေဝေရေ.. အော်ကွေ့ကြည်ကိုမှတ်မှတ်ရရ ကျောက်မြောင်းကသူငယ်ချင်းအမေအိမ်ကနေ ကျောင်းပထမနှစ်စတက်တဲ့နှစ်မှာ စစားဖူးတာပါပဲ.စကားမစပ် ကျောက်မြောင်းက ကျမတို့ကျောင်းစတက်တုန်းက အစားအသောက်အရမ်းပေါပဲ.. အခုတော့ မရောက်တာကြာပြီမို့ အစားအသောက်ပေါသေးရဲ့လားမသိ..အခုလုပ်နည်းသိပြီဆိုတော့ လွယ်ကလည်းလွယ်ဆိုတော့ လုပ်စားကြည့်အုံးမယ်.. 🙂
မိုက်ကယ်ဂျော်နီအောင်ပု
September 11, 2012 at 6:36 pm
မုန်လာဥမုန့်ဆိုမှ ပြေးသဒိရမိဒယ်
တစ်ခါတစ်လေကြားဘူးတယ်
မင်းငါ့ကို မုန်လာဥ လာမလုပ်နဲ့ ဆိုပြီးတစ်ဖက်လူပြောတာကို သံသယနဲ့ပြန်မေးတတ်ကြတယ်
နောက်ရှိသေးတယ်ဘာဒဲ့
အာလူးလာမပေးနဲ့ဆိုလား
ပိုစ့်နဲ့ဘာမှမဆိုင် တဲ့အတွက် တောင်းဘန်ဒယ်ဗျာ ကျေးနပ်သလား
pooch
September 11, 2012 at 8:46 pm
မကျေနပ်ဘူးဆိုရင် ဘပုက ပန်းပေးမှာမို့လားဟင်
အရီးခင်လတ်
September 12, 2012 at 2:54 am
မုန်လာဥ လာမလုပ်နဲ့ ဆိုတာကို ဘပု ရှင်းပြပါ။ 😉
ဒီတစ်ခါတော့ ဝေးဝေးကဘဲ လွမ်းပါတော့မယ် ဝေရေ။
လုပ်ဖို့ Ingredient တွေက မလွယ်ဘူး။
အဲဒါကို အော်ကွေ့ကြည် လို့ ခေါ်ခဲ့တာ။
စားဘူးစက သိပ်မကြိုက်ဘူး။
စားရင်း စားရင်း ခါးတွင်းတွေ့ပြီး ကြိုက်သွားတယ်။
ဖေးဘရိတ် တော့ မဟုတ်ပါဘူး။
ပုံလေးနဲ့ လုပ်နည်းလေးအတွက် ကျေးဇူးပါ။
(ဒါနဲ့ မျှော်နေတယ်နော် ဂျီဟောသူ) 🙂
ကိုခင်ခ
September 11, 2012 at 8:30 pm
pooch ရေ မန်းမှာရှိတဲံနေရာလေးတွေ ညွှန်ပေးလို့ကျေးဇူးနော်။
မောင်ပေ
September 11, 2012 at 9:11 pm
အန်တီတရုတ်မကြီး ခင်ဗျ
ကျုပ်တို ့အိမ်နားတွင် ရှေးတရုတ်အိမ်ရှိပါသည်
နှစ်စဉ် တရုတ်နှစ်သစ်ကူးရောက်တိုင်း
သူရို ့အိမ်မှ ရွှေဖရုံသီးဝက်သားပေါင်း မုန် ့ကို အမြဲလက်ဆောင်ပေးပါသည်
ထိုမုန် ့သည် စားရတာ အီအီစိမ့်စိမ့် နဲ ့အရမ်းစားကောင်းပါသည်
သူရို ့အိမ်မှ မုန် ့နှင့်အတူ ၊ သူရို ့ကိုယ်တိုင်လုပ်ထားသော ခရမ်းချဉ်သီး+ငရုတ်သီး ခပ်ပျစ်ပျစ်လေး ဆော့ ကိုပါ တွဲပေးလေ့ရှိသည် ။ ထိုဆော့နှင့်အတူတွဲဖက်ရွေ ့စားလိုက်ရပါလျှင် .. အားပါး ဆွေမျိုးမေ့ချင်ချင် ပါပဲ
ကျုပ် ဆိုလိုချင်ကတော့ အဲဒီမုန် ့လုပ်နည်း ကို အန်တီတရုတ်မကြီး သိမည်ဟု ထင်မိပါသည်
အသေးစိတ် ၊ ဓါတ်ပုံများနှင့်တစ်ကွ ရေးတင်ပေးပါလို ့
ရှဲရှဲ
MaMa
September 12, 2012 at 7:51 am
မေပေါင်ကိုယ်တိုင် ဘေးအိမ်က တရုတ်မကြီးကိုမေးပြီး လုပ်နည်းနဲ့တကွ အသေးစိတ် ဓာတ်ပုံနဲ့တင်ပေးပြီး ရွာထဲမှာ ရှဲရမှာ။
ကြော်ငြာကောင်းလို့ စားချင်လာပြီ 😛
Crystalline
September 12, 2012 at 9:08 am
မမဝေ..ထုံးစံအတိုင်းဖိုင်တွဲထားလိုက်ပြီး..နည်းလေးအတွက်ကျေးဇူးပါ..တရုတ်တန်းရောက်ရင်ဝက်သားကောက်ညှင်းထုတ်နဲ့ အော်ကေ့ ကြည်အမြဲဝယ်ဖြစ်တယ်
Novy
September 12, 2012 at 9:52 am
မဝေရေ..
မုန့်လုပ်နည်း တစ်ခုတိုးပြီးသိသွားတဲ့ အတွက်ကျေးဇူးပါ
အိမ်မှာလုပ်စားကြည့်လိုက်ပါအုံးမယ်
နွယ်ပင်
September 12, 2012 at 10:32 am
နွယ်ပင်က အော်ကေ့ကြည့်ကို အရမ်းကြိုက်တယ် မုန်လာဥနဲ့ လုပ်လုပ် ရွှေဖရုံသီးနဲ့ပဲလုပ်လုပ် ပိန်းဥနဲ့လုပ်လုပ် အကုန်စားတယ် တစ်ခါမှတော့ ကိုယ်တိုင်မလုပ်စားဖူးသေးဘူး ဒီတစ်ခါတော့ မဝေကျေးဇူးနဲ့ လုပ်နည်းလေး
သိသွားပြီဆိုတော့ တစ်ခါလောက် စမ်းလုပ်ကြည့်ဦးမယ် ကျေးကျေးပါ မဝေရေ …
ခပ်မိုက်မိုက် ကောင်မလေး
September 12, 2012 at 11:55 am
အိုး……စားဖူးချင်လိုက်တာ…
ကိုယ်တိုင်တော့ လုပ်ကြည့်ဖို့…
ခုမဖြစ်သေးပါဘူး…
နောက်တော့ လုပ်စားကြည့်ရဦးမယ်…
ကျေးကျေးပါ…။