Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း

အဇဋာSeptember 11, 20121min3653

ဒေါ်စု၏ ကော်မတီ ဥပဒေပြုရေးနှင့် ပယ်ဖျက်ရေးလုပ်ပါရန် ဦးရွှေမန်း တိုက်တွန်း

အင်္ဂါနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၃ မိနစ်

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ ဥပဒေပြုခွင့်အာဏာရှိနေပြီး ဥပဒေပြုရေး လုပ်ဆောင်ခြင်းနှင့် အသုံးမဝင်သော ဥပဒေများ ပယ်ဖျက်ကြပါရန် အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်သည်။

ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ကြီးမှူးကျင်းပ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စက်တင်ဘာ ၈ ရက်နေ့က ပြုလုပ်သော အကြံဉာဏ်တောင်းခံပွဲတွင် အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောသွားခြင်း
ဖြစ်သည်။

“ကော်မတီ၊ ကော်မရှင်များအဖွဲ့များဟာ လွှတ်တော်ကြီးထဲက လွှတ်တော်ငယ်တွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေ
ပြုရေးနဲ့ အချင်းချင်း ထိန်းကျောင်းရေးမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်၊ ပြီးတော့ ဒီတရားဥပဒေ စိုးမိုးရေး ကော်မတီ အနေနဲ့လည်း ဥပဒေပြုနိုင်ဖို့ လိုပါတယ်၊ အသုံးမဝင်တော့တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ လုပ်ပါလို့ ပြောချင်ပါတယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းအရ  ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးပါရန် သူ့အနေဖြင့် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ကြောင်းပါ သူက ထည့်ပြောသွားသည်။

တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို တရားလွှတ်တော်ရှေ့နေများနှင့် ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်မှ လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် “ကျွန်မတို့ ကော်မတီရဲ့ လုပ်ငန်းတွေကို ရှင်းပြဖို့ဆိုတာကတော့ နည်းနည်းခက်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ကိုယ်တိုင်ကိုက လုပ်ငန်းတွေဟာ ဘယ်လိုရှိရမယ်ဆိုတာ မသေချာသေးပါဘူး၊ ကျွန်မတို့ သင်ယူနေတုန်းပါပဲ” ဟု ပြောကြားသွားသည်။

ထို့အပြင် ဘတ်ဂျတ် အခက်အခဲရှိနေသည်ကို “ကျွန်မတို့ကော်မတီမှာတောင် ကွန်ပျူတာမရှိဘူး” ဟု  ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ တရားရုံးများ၊ ဥပဒေပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တက္ကသိုလ်မှ ဥပဒေ ပါမောက္ခများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်မှာ တစ်လခန့် ရှိသွားပြီဖြစ်ပြီး ယခုအချိန် ထိ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဥပဒေပြုခြင်း၊ ဥပဒေများပယ်ဖျက်ခြင်း စသည့် ကိစ္စရပ်တစ်စုံတရာကို ပြုလုပ်နိုင်ခြင်း မရှိသေးပါ။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ဥပဒေ ၄၀၁ ခုအနက် ငါးခုသာလျှင် ဖျက်သိမ်းပြီးဖြစ်ကာ ကျန်သောဥပဒေ များအနက် တရားရုံးတော်က ကိုင်တွယ်ခွင့်ရှိသော ဥပဒေမှာ ၅၅ ခုရှိသည်ဟု ဦးရွှေမန်းက ပြောသည်။

သို့သော် ကော်မတီ၏ လုပ်ပိုင်ခွင့် နယ်ပယ်နှင့် ပတ်သက်၍ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကော်မတီဝင်တဦးဖြစ်သော ဒေါ်ဒွဲဘူက ဥပမာပေးပြောကြားရာတွင် “ကျွန်မတို့က ဖြစ်ရပ်တွေကို အသေးစိတ်
လေ့လာတာပေါ့၊ ပြီးတော့ ကော်မတီတွင်းရော၊ စစ်တပ်ဘက်က ညွှန်ကြားရေးမှုးအဆင့် ရှိသူတွေရော၊ ပထမဆုံး ကချင်မှာဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်၊  ဒီလိုကိစ္စတွေဟာ ကော်မတီက လုပ်စရာမလိုဘူးလို့တောင် ခနဲ့ခဲ့သေးတယ်၊ သူတို့က ခုသဘောမပေါက်ကြသေးဘူး” ဟု ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ဆွေးနွေးတင်ပြချက်များ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များက အစီရင်ခံစာကို ပြင်ဆင်ပိုင်ခွင့် မရှိကြောင်း ကော်မတီ၏ လုပ်ပိုင်ခွင့် တွင် ပါရှိသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ယောက် ပါဝင်ကာ ဩဂုတ် ရ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေများ လေ့လာဆန်းစစ်ရေး အဖွဲ့၊ အုပ်ချုပ်ရေးဘက်မှ တရားဥပဒေ စိုးမိုးရေးအပေါ် သက်ရောက်မှုများကို လေ့လာရေးအဖွဲ့၊ တရားရုံးများ၏ အခန်းကဏ္ဍ လေ့လာရေးအဖွဲ့နှင့် ပြန်ကြားရေးအဖွဲ့ဟူ၍ အဖွဲ့လေးဖွဲ့ကို ဖွဲ့စည်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ရာ ၁၉၉ဝ ပြည့်နှစ် နေအိမ်အကျယ်ချုပ် စတင်ကျခံရပြီးသည့် နောက်ပိုင်း ပထမဆုံး အမေရိကန် ခရီးစဉ်လည်း ဖြစ်သည်။ ထိုခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ ကွန်ကရက်က ပေးအပ်မည့် အမြင့်ဆုံးဆု ရွှေတံဆိပ်ကို လက်ခံရယူမှာ ဖြစ်သည်။

ထိုကာလအတွင်းမှာပင် သမ္မတဦးသိန်းစိန်သည်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်
နိုင်ငံသို့ သွားဖွယ်ရှိသည်။

3 comments

  • မောင်ပေ

    September 11, 2012 at 7:53 pm

    ကွန်ပျူတာတစ်လုံးတောင် ပေးမထားပဲနဲ ့ဥပဒေပြုရမယ် ဥပဒေ ဖျက်ရမယ် တဲ့လား ဗျာ

  • MaMa

    September 12, 2012 at 8:33 am

    ဂျာနယ်တွေစုံ ကဏ္ဍတွေစုံကို လိုက်ဖတ်နေစရာမလိုတော့ဘူး။
    ရွာထဲက သတင်းထောက်ရဲ့ အနှစ်ချုပ်ကို ဖတ်လိုက်ရုံပဲ။ 🙂

  • ကြည်ဆောင်း

    September 12, 2012 at 9:36 am

    ခေတ် နဲ့ စနစ်တွေပြောင်းလာတော့ ခေတ်နဲ့လျော်ညီ အံမဝင်တော့တဲ့ ဥပဒေတွေက ဖျက်ပစ်တာအကောင်းဆုံးပါဘဲ …
    ဥပဒေပြဌာန်းချက်တွေက သာမန်ပြည်သူားတွေ နားမလည်နိုင်တာကလဲ ဒုက္ခတစ်ခုဘဲနော်
    ဥပဒေတွေကမြန်မာလိုဖတ်ရင်တောင်ဘာသာပြန်လိုတယ် 🙄

Leave a Reply