အရောင်ရင့်မှတ်တမ်း – Sept 2012
လွန်ခဲ့တဲ့..၂-နှစ်လောက်က.. ပုံနှိပ်သတင်းစာထဲ.. ထူးခြားတဲ့သတင်းတွေကို.. ကောက်နှုတ်ပြီး အရောင်ရင့်မှတ်တမ်း အနေနဲ့ဖေါ်ပြခဲ့ဖူးတယ်.
အဲဒီခေါင်းစဉ်ပြန်ယူရေးတာပါ..။
သတင်းတွေဖတ်မိရင်း.. ထူးခြားတာ.. Bold လုပ်သင့်တာလေးတွေ.. နှုတ်ပြသွားမယ်ဆိုပါစို့..
ရွာသူားတွေထဲကလည်း.. စာဖတ်သူစိတ်ဝင်စားမယ်ထင်ရတာလေးတွေ.. သမိုင်းမှတ်တမ်းထားသင့်တာလေးတွေ.. ကော်မန့်မှာရေးပြီး.. ကောက်နှုတ်ပြကြစေချင်ပါတယ်..။
မူရင်းလင့်ခ်နဲ့..ရေးသူကို ခရက်ဒစ်ပေးစေလိုပါတယ်..။ media fair use ဖြစ်တာမို့ ခွင့်တောင်းဖို့တော့.. မလိုလောက်ပါဘူး..။သတင်းရေးကြရာ.. CJ လုပ်ကြရာ.. ပရိုသတင်းသမားဖြစ်တည်မှုမှာ.. အထောက်အကူရပါလိမ့်မယ်..။
လစဉ်လုပ်သွားမလားလို့ပါပဲ..။ ဒီလကတော့.. ကုန်သလောက်ဖြစ်နေပြီဖြစ်ပေမဲ့.. စမ်းလုပ်ကြည့်တာပေါ့နော..
=
အဲလို အပေါ်ကအတိုင်း ပြီးခဲ့တဲ့လကရေးထားပြီး.. အလုပ်ရှုပ်နေတာနဲ့.. ဆက်မလုပ်ဖြစ်တာ..
.. အခု.. စက်တင်ဘာအတွက်ပြန်ဖွင့်တာဖြစ်ပါကြောင်း..
32 comments
kai
September 14, 2012 at 5:57 am
ဗွီအိုအေ (မြန်မာဌာန)
13.09.2012
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ဂျူးအနွယ်ဖွား ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက အပျော်တမ်းရိုက်ကူးပြီး Youtube website မှာ တင်ထားတဲ့၊ အစ္စလမ်ဘာသာရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ တမန်တော် မိုဟာမက်ကို လှောင်ပြောင်စော်ကား ထားတယ်လို့ စွတ်စွဲခံထားရတဲ့ The Innocence of Muslims ဆိုတဲ့ ဗီဒီယိုရုပ်ရှင် ဟာ၊ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီးတော့ တာဝန်မဲ့စွာ ရိုက်ကူးထားတာကြောင့် အပြင်းအထန် ပြစ်တင်ရှုံ့ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရုပ်သံလွှင့်ပြီး ကြေညာနေတာကို အခုကျနော်တို့ သတင်းကြေငြာနေစဉ်မှာ တွေ့ရပါတယ်။
ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတော့ အမေရိကန်အစိုးရက လက်မခံဘူးလို့ လည်း ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။ အစ္စလမ်မစ် စစ်သွေးကြွတွေလို့ မသင်္ကာရသူတွေက၊ လစ်ဗျားနိုင်ငံ ဘင်ဂါဇီ (Bengazi) မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဒီဗီဒီယိုရုပ်ရှင်ကို အကြောင်းပြုပြီးတော့ အမေရိကန်သံအမတ်ကြီး နဲ့ ဝန်ထမ်းသုံးဦးတို့ သေဆုံးသွားရတဲ့အထိ တိုက်ခိုက်ခဲ့မှုကို စုံစမ်းစစ်ဆေးရေး အတွက်၊ အမေရိကန်နဲ့ လစ်ဗျားအစိုးရတို့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြ ဖို့ သဘောတူညီခဲ့ကြပါတယ်။
http://burmese.voanews.com/content/us-libya-agrees-to-inquiry-attack-on-us-embassy-in-lybya/1507264.html
kai
September 14, 2012 at 6:02 am
*********************************************************
BURMA RELATED NEWS SEPTEMBER 12, 2012.
*********************************************************
Reuters – With Suu Kyi’s help, Myanmar inches towards investment law
Reuters – Myanmar minister says foreign investment law ready soon
Reuters – Insight: Disconnected for decades, Myanmar poised for telecoms boom
AP – Myanmar students join protest against land seizure
AFP – Hundreds stage sit-in protest against Myanmar mine
UPI – Myanmar moves closer to more press freedom
PR Newswire – Myanmar: The new automotive hotspot
PRWeb – Backyard Travel Sets the Trend with Luxury Cruises through Southeast Asia
The Nation – Boom in commercial vehicles seen in Myanmar
The Nation – Over the Myanmar moon
MinnPost.com – The return of “Made in Myanmar” to US closets
Bernama – Myanmar, Japan To Hold Workshop On Satellite Launching
The Irrawaddy – NLD Legal Advice Team a Big Hit
The Irrawaddy – Govt Invites KIO to Naypyidaw
The Irrawaddy – US-Burma Military Ties ‘Would Push Reform’
Mizzima News – Obama should meet with Suu Kyi and Thein Sein: report
Mizzima News – Cease-fire ‘only with Naypyitaw’ not with Burmese army: SSA
Mizzima News – 88-Generation students, KNPP to work together to create ‘Union’ gov’t
DVB News – Freed copper mine protesters assaulted by police
*********************************************************
*******************************************************
BURMA RELATED NEWS SEPTEMBER 13, 2012.
*********************************************************
AFP – Thailand says Myanmar preparing for refugee return
AP – Myanmar students swell ranks of land grab protest
The Nation – The Nation & Eleven Media launch website for Myanmar news
The Nation – HRW slams Thai treatment of Myanmar refugees
New Straits Times – New kids on the block…Myanmar nationals making mark in the drug trade
Channel NewsAsia – Myanmar refugees in Thailand preparing to return home
Eleven Media – Myanmar to resume new int’l airport project next year
ArabNews – OIC establishes office in Myanmar for humanitarian assistance
Bloomberg – Burmese Democracy Idol Will Face Critics in Return to UN
The Courier-Journal, Kentucky – Myanmar Nobel Prize winner Suu Kyi to speak at University of Louisville
Yahoo! US – Burma’s Aung San Suu Kyi to get Congressional Gold Medal
The Irrawaddy – Copper Mine Protest Earns Nationwide Support
The Irrawaddy – Burmese Govt Fosters Religious Intolerance: US Official
The Irrawaddy – Thailand Failing Burmese Refugees: HRW
Mizzima News – KIO deputy commander calls for second Panglong conference
Mizzima News – Burma approves private life insurance companies
Mizzima News – The delicate path to democracy in Burma
DVB News – Council calls on groups to suspend talks with gov’t
*********************************************************
kai
September 14, 2012 at 6:25 am
မေး … ပြည်သူလူထုကို ဘာသတင်းစကားများ ပေးလိုပါသလဲ။ အခြား နိုင်ငံရေး အင်အားစုများကိုရော ဘာပြောလို ပါသလဲ။ ပြောလိုတာ ရှိသေးရင် ပြောကြားပေးပါ။
ဖြေ … ဗိုလ်ခင်ညွန့်က ကျွန်တော်တို့ ကို ဒေသတစ်ခုပေးပြီး “ငြိမ်းအဖွဲ့” လုပ်ဖို့ တိုးတိုးတိတ်တိတ် ကမ်းလှမ်း ခဲ့တုန်းက ကျွန်တော်တို့က (၁) နှစ်ဖက် လျှို့ဝှက်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ (၂) ဗမာပြည်တွင်းမှာပဲ တွေ့ဖို့၊ တွေ့ကြမှ နှစ်ဖက် စိတ်ဝင်စားတဲ့ ပြည်တွင်းရေး ကိစ္စများကို တင်ပြဖို့၊ (၃) တွေ့ဆုံဆွေးနွေးတာကို လျှို့ ဝှက်ထားဖို့၊ နှစ်ဖက် သဘောတူညီချက် ရမှ တိုင်းပြည်ကို ထုတ်ပြန်ဖို့ သဘောတူညီချက် မရရင်လည်း လျှို့ ဝှက်ထားကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ နောင်တော့ ဗိုလ်ခင်ညွန့် အရာကျသွားလို့ ထင်ပါတယ်။ ဘာမှဖြစ်မြောက် မလာခဲ့ပါဘူး။ အဲဒီတုန်းက ဆွေးနွေးဖြစ်ရင် တင်ပြဖို့အချက် ၃ ချက် စဉ်းစားထားပါတယ်။ အဲဒါကတော့ (၁) ၁၉၈၈ မတိုင်မီနဲ့ အဲဒီနောက်ပိုင်းမှာ မတရားအသင်း ကြေညာခံထားကြရတဲ့ သမဂ္ဂတွေ၊ အဖွဲ့အစည်း တွေကို တရားဝင် ပါတီများအဖြစ် ပြန်လည်ပေးဖို့၊ (၂) ပိုနေမြဲ ကျားနေမြဲ နည်းနဲ့ (ယာယီ)ဖြေရှင်း ထားတဲ့ စစ်ရပ်စဲရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ (၃)အထက်ပါ ၂ ချက် ပြေလည်ပြီဆိုမှ ကျွန်တော်တို့ ပါတီ တရားဝင် တည်ရှိရေးအတွက် စေ့စပ်ဆွေးနွေးကြဖို့ ဖြစ်တယ်။ (ကျွန်တော်တို့ပါတီကို မတရားအသင်း ကြေညာတာက သူတို့မဟုတ်လို့ သူတို့လုပ်ခဲ့တဲ့ကိစ္စကိုပဲ အရင်ဦးစားပေးတာ ဖြစ်တယ်။) ဒါပေမယ့် ဗိုလ်ခင်ညွန့် အထက်မှာ ပြောခဲ့သလိုပဲ ဘာမှမဖြစ်ခဲ့ပါဘူး။
အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါ ပြီ။ “၂၀ဝ၈ အခြေခံဥပဒေ” အသက်ဝင် နေပါပြီ။ အခြေအနေသစ်မှာ အသစ်စဉ်းစားရမှာပါ။ (၁) ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တစ်ခုရှိဖို့ လက်ရှိ အာဏာပိုင်တွေနဲ့ စေ့စပ် ဆွေးနွေးချင်ပါတယ်။ (၂) စေ့စပ်ဆွေးနွေးပွဲ ဖြစ်လာ ဖို့အတွက် ဘာတွေကြိုတင် လိုအပ်မလဲဆိုတာကို တိုးတိုးတိတ်တိတ် အပြန်အလှန် တီးခေါက်ကြည့်တာက စရ မယ် ထင်ပါတယ်။ (၃) အထက်ပါ ၂ ချက်ကို လက်ခံရင် ကျွန်တော်တို့က “မစ်ရှင်”တစ်ခု လျှို့ဝှက်ပြီး လွှတ်ချင် ပါတယ်။ ဒါက“ကြံဆချက်”ပါ။ “၂၀ဝ၈ အခြေခံဥပဒေ” ရှိနေသမျှ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အနိမ့်ဆုံး တောင်းဆိုချင်တာက အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂဆိုတဲ့ သမဂ္ဂကြီး ၃ ခု တရားဝင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့် ဖြစ်ပါတယ်။ အခုလက်ရှိပုံစံနဲ့ သမဂ္ဂတွေ တည်ရှိ နေရတာဟာ ဘာအာမခံချက်မှ မရှိပါဘူး။ ဥပဒေမှာကိုက ပြဿနာရှိနေတာ ဖြစ်ပါတယ်။
kyeemite
September 14, 2012 at 8:46 am
Burmese exiled government NCGUB dissolved
မသိင်္ဂီထိုက်
13.09.2012
နှစ်ပေါင်း ၂ဝကျော် မြန်မာအစိုးရနဲ့ စင်ပြိုင်အစိုးရအဖြစ် ရပ်တည်လာတဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါပြီ။ အခုလို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်း NCGUBရဲ့ အစိုးရ အဖွဲ့ဝင် တဦးချင်း အနေနဲ့ ကိုယ့်စိတ်ကြိုက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။ နှစ်ပေါင်း ၂ဝ ကျော် အတွင်း စင်ပြိုင် အစိုးရ အဖြစ် ရပ်တည်လာခဲ့တဲ့ ကာလဖြတ်သန်းမူ တလျောက် မှာ NCGUB ရဲ့ ဆောင်ရွက်နိုင်ခဲ့သမျ အကျိုးဖြစ်ထွန်းခဲ့မူတွေနဲ့ အားနည်းချက်တွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ကို ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ မြန်မာနိုင်ငံတွင်းက လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ထွန်းမှုတွေဟာ မျှော်လင့်ထားသလောက် ဖြစ်ထွန်းမှု မရှိသေးပေမယ့် နိုင်ငံအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းမှုမှာ အထောက်အကူ ဖြစ်ဖို့ ယုံကြည်ချက်နဲ့ အမျိုးသား ညွန့်ပေါင်း အစိုးရ ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။
“အခြေအနေအရလည်းဘဲ နိုင်ငံရေးအရ ပြည်တွင်းမှာလည်းပဲ ပြောင်းလဲမှုတွေဖြစ်နေတယ်။ ဆက်ပြီးတော့ ထားဖို့ အတွက် သဟဇာတ မဖြစ်ဘူးပေါ့။ ဒီလိုပြောင်းလဲနေတဲ့ အပြောင်းအလဲတွေနဲ့ အဲ့တာကြောင့်ပါပဲ။”
အသေးစိတ်ကိုတော့ http://burmese.voanews.com/ မှာသွားဖတ်နိုင်ပါဂျောင်း
ကြောင်ကြီး
September 14, 2012 at 9:40 am
အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး
ဇော်မင်း၊http://burma.irrawaddy.org/archives/19577
စက်တင်ဘာလ ၂ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပြန်တော်ပြန်
သည်ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။
တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။
အခုအခြေအနေက အရင်လို မဟုတ်တာတော့ သေချာသည်။ အရင်တုန်းက နိုင်ငံရေးအခြေအနေက တိုက်ရိုက် စစ် အုပ်ချုပ်ရေး အောက်မှာ ပြားပြားဝပ်နေခဲ့ရတာကို ဆိုလိုရင်းဖြစ်သည်။ အခုတော့ အတော်အတန် ပြောဆိုခွင့်တွေ ရလာ သည်။ အတော်အတန်လေး ပြောဆို၊ လုပ်ကိုင်၊ သွားလာခွင့် ရလာတဲ့ အပေါ်မှာ တချို့က ဂုဏ်မောက်လာသည်။ တချို့က မျက်နှာကြော ပြောင်းလာသည်။ တချို့က အိုက်တင်များလာသည်။ တချို့က ပဲများလာသည်။ အဲသည်မှာပဲ ဇာတ်လမ်းက စသည်လို့ ဆိုနိုင်သည်။ ဘာဇာတ်လမ်း စတာတုန်းလို့ မေးရင် ဖြေရပေတော့မည်။
အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဆိုသည့် ဇာတ်လမ်းကြီးပင် ဖြစ်ပေတော့သည်။ အပြင် ကကောင်တွေဟာ အပြင်မှာ လွတ်လပ်နေတိုင်း သူတို့ပြောချင်ရာ ပြောသည် ဆိုသည်ဟု အထဲကကောင်တွေက ထင်သည်။ အဲသည်တော့ အပြင်က ကောင်တွေ အထဲကို ပြန်လာရင် ဘယ်လို ဆက်ဆံရမှာလဲ ဘယ်လိုသဘော ထားရမှာလဲ ဆိုတဲ့ အယူအဆ ကလေးများ ဟိုမှာသည်မှာ ပြောနေ ကြတာကို ကြားရသည်။ အတွင်းကကောင်တွေက ပြည်ပရောက်နေသူများကို အပြင် က ကောင်တွေဟု အမည်သညာပေးသည်။ ဒို့ ရှစ်လေးလုံးမျိုးဆက်တွေ၊ တချိန်က လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေလို့ သတ်မှတ်နိုင်ဖို့ ဝန်လေးနေဟန် ရှိသည်။ ကျနော်ပြောတာ လွန်သွားတယ်ဆိုပါက တောင်းပန်သည်။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးလို့သာ မည်ရသည်ဟု ဆိုထားသည်။ အပြင်ကကောင်တွေကလည်း အထဲကကောင်တွေဟာ နှစ်ပေါင်း များစွာ ထောင်တန်းကျခဲ့တော့ ကက်ပယ်စီတီ အရာမှာ နိမ့်နေသေး သည်လို့ မြင်ဟန်ရှိသည်။ ငဒို့က အနောက် နိုင်ငံများမှာ တက္ကသိုလ်တွေတောင် တက်နိုင်ခဲ့တာမို့ သူတို့ထက် ပိုတတ်ပိုသိသည်ဟု ထင်နေသူ တချို့လည်း ရှိသည်။ အထဲကကောင်တွေ နိုင်ငံတကာ မျက်နှာစာကို ဒို့လောက် နားမလည်သေး ဟုလည်း တချို့ကလည်း ထင်ဟန်ရှိသည်။ ဒါကြောင့် အထဲကို ပြန်ဝင်ပြီး သင်းကလေးတို့ကို ကက်ပယ်စီတီ မြှင့်တင်ပေးဖို့ လုပ်ပေးရမည်ဟု ဆိုလာသူလည်း ရှိသည်။ တခါ အဲတာကို ပြောင်ထုတ်ပြောမိလို့ (စကားမပြော တတ်တာလည်းပါ) မျက်နှာစာအုပ်တွေမှာ အဝေဖန်ခံရသည်။ အဆဲခံ ရသည်။ အကောင်းမြင်နဲ့ ဝေဖန်သူရှိသလို အပြင်ကကောင်တွေဆိုရင် မစွံပါဖူး၊ သည်လိုချည်းပဲဟု ဝေဖန်သူများလည်း ရှိနေသည်။
အပြင်ကကောင်တွေ မှာလည်း လူဆိုးလူကောင်းရှိသည်။ ကြွားဝါတာကို ရှေ့တန်းမတင်သူ တွေ ရှိသလို သောက်ကြွား ပိုလွန်း သူများလည်း မနည်းလှ။ အခွင့်ရေးမမက်သူနှင့် အခွင့်ရေးမက်မောသူ ဟူ၍လည်း ရှိသည်။ ဗိုလ်လုပ်ချင်သူ ရှိသလို ပူးပေါင်းဆောင်ရွက်တာမျိုးကို လိုလားသူလည်း ရှိသည်။ ဂိုဏ်းဂနစွဲ ရှိသူတွေ ရှိနေသေးသလို ပကတိ အခြေအနေတွင် လက်တွေ့လုပ်နိုင်တာကို လက်တွေ့ လုပ်လိုသူများလည်း ရှိသည်။ နာမည်ရှိထားသူများနဲ့ တပူးတွဲတွဲလုပ်ရင်း ကိုယ့်ကိုယ် ကို လူသိအောင် လုပ်လိုသူများလည်း ရှိသည်။ အပြင်မှာ နေတာကြာပြီဆိုတော့ အဆက်အသွယ်ကောင်း ဒိုနာကောင်းတွေ ရထားသူ တချို့လည်း ရှိနေသည်။ သူတို့က အထဲကိုဝင်လိုသည်။
ဝင်လာသည့်သူတချို့ကိုလည်း တွေ့နေရသည်။ ဘယ် ဒိုနာရဲ့ ပိုက်ဆံမှ မပါဘဲ ကိုယ့်တိုင်းပြည် အခြေအနေကို လက်တွေ့မျက်တွေ့ မြင်တွေ့လို၍ ကိုယ့်စရိတ်ကိုယ်စားပြီး ပြန်သွား ကြည့်သူများ လေ့လာသူများလည်း ရှိသည်။ အပြင်ကကောင်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေလို ကွန်ဖော့ဇုန် အတွင်းမှာ သက်တောင့်သက်သာ နေပြီး ဆရာလုပ်ချင်တဲ့ စိတ်ကများနေသည်ဟု ဆိုလာသူတွေလည်း ရှိသည်။ ငြင်းမရ ဟုတ်သင့် သလောက်လည်း ဟုတ်နေသည်။
အထဲကကောင်တွေရော ဘယ်လိုလဲ။ ကြားရတာက မသက်သာပါ။ အထဲကကောင်တွေလည်း ထင်ထားသလို ညီညွတ် ခြင်း မရှိဘဲ တိတ်တိတ်လေး ကွဲနေကြသည်တဲ့။ ရုံးခန်းကြီး ဖွင့်ထား၍ ပုံမှန်ရုံးတက်သူ တချို့ ရှိနေသော်လည်း ရုံးကို လုံးဝနီးပါး မလာတဲ့ သူများလည်း ရှိသေးသည်ဟု ကြားရသည်။ အပြင်ကကောင်တွေ အထဲအကြောင်း မသိဘဲနဲ့ ငါတို့ အထဲက ကောင်တွေကို ဆရာလုပ်တာ မကြိုက်ဟု ဆိုသူများလည်း ရှိသည်။ ဆရာလုပ်ခြင်းကို မကြိုက်တာ သဘာဝ ကျသည်။ ဆရာလာလုပ် သူကိုလည်း ပြောင်ပြောသင့်သည်။ သို့သော် အပြင်ကကောင်တွေဟာ ဆရာ သိပ်လုပ်ချင်တယ် လို့ အပြင်ကကောင်တွေ အားလုံးကို လုံးပြီး မပြောသင့်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ခွဲခြားနားလည်ဖို့ တော့ လိုသည်။ ဒါ့အပြင် အထဲက ကောင်တွေကိုလည်း ဝေဖန်သူများ ရှိလာသည်။
မီဒီယာအားကောင်းသော၊ သံတမန်ရေးရာ အားကောင်းသော၊ နိုင်ငံခြားသားမျိုးစုံ ဝင်ထွက်သွား လာသော ရန်ကုန်တွင် သာ ပျော်နေသည်ဟု ဆိုသော စကားများ ဖြစ်သည်။ ဒါကို တချို့က ကွန်ဖော့ဇုန်ထဲမှာ နေလိုတာက လူ့သဘာဝ၊ ဘယ်သူ မှ ချင်းတောင်မှာ နာဂတောင်တန်းမှာ ကြာကြာသွား နေနိုင်ပါ့မလဲဟု ဖြည့်စွက်ကြသည်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်နေသည်။ ဒါပေမယ့် နာဂတောင်တန်းကတော့ ဝေးလွန်းလှသည်။ ရန်ကုန်ကနေ သိပ်မဝေးတဲ့ တောနယ်တွေဖက် သွားပြီး လုပ်ကိုင်ပေးနိုင်တယ် ဆိုရင်တော့ သိပ်မဆိုးလှ။ ရန်ကုန်ကိုလည်း မကြာခဏ ပြန်နိုင်ဦးမည်။ နောက်တချက် ကတော့ အထက်ဗမာပြည်မှာ နိုင်ငံရေး အားမကောင်းလို့ နိုင်ငံရေးအားကောင်းရန် ကျုပ်တို့လာတာဆိုပြီး ပြောမိလို့ အထက်သားများ တရှုးရှုးဖြင့် နှာမှုတ်သံပြင်းနေတာ အပြင်ကတောင် ကြားနေရသည်။ အထက်အရပ် ရောက်တုန်း ရောက်ခိုက် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနဲ့ သီချင်းဆိုချင်တဲ့ ခေါင်းဆောင်တယောက်ကို အထက်သားများ မျက်မှောင်ကုတ် ပြီး ကြည့်နေတာကိုလည်း သတိချပ်ဖို့လိုသည်။
လူကြီးတွေ ပြောခဲ့ဖူးတာ တခု အမှတ်ရသည်။ ဘာကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ် သက်ဇိုးရှည်ရတာလဲ ဆိုတာကို ပြောပြခြင်းဖြစ်သည်။ တိုတိုဆိုရသော် မြန်မာနိုင်ငံရေးသမားတွေ အကွဲကွဲ အပြားပြားနဲ့ မညီညွတ်လို့ဆိုတဲ့ ကောက်ချက် ကို မှတ်သားရဖူးသည်။ ဒီခေတ်မှာလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင် ကြီးငယ်လတ်တွေ မညီညွတ်ရင် ဘောင်းဘီချွတ် ထားတာ ပူပူနွေးနွေးသာ ရှိသေးတဲ့ ခရိုနီများရဲ့ အဘများနဲ့ စုဖွဲ့ထားတဲ့ အစိုးရသာ သက်ဆိုး ရှည်လိမ့်ဦးမည်ဆိုတဲ့ အဖြေကိုသာ တွက်ထုတ်လို့ရသည်။
နိဂုံးချုပ်သောအခါ အပြင်ကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ အထဲကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ ဝေဖန်ပြီးရင် ဘာလုပ်မတုန်း။ မျိုးဆက်တူ ညီအကို မောင်နှမ ရဲဘော်များ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ညှိနိုင်းတိုင်ပင်ပြီး လုပ်စရာ ရှိတာတွေ လုပ်သင့်သည်။ အမြင်မကြည်လင် တာတွေကို အပြန်အလှန် ဆွေးနွေးပြီး သကာလ၊ အပြင်ကကောင်တွေ၊ အထဲကကောင်တွေ ဆိုတဲ့ ဝေါဟာရများလည်း ပျောက်ပျက်စေသတည်းလို့ ဆုတောင်းလိုက်သည်။
စာရေးသူသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားလျက်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သည်။ ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့တွင် တာဝန်ထမ်းခဲ့ဖူးသည်။
amatmin
September 14, 2012 at 9:51 am
http://news-eleven.com/index.php?option=com_content&view=article&id=15455:2012-09-12-15-36-02&catid=78:2009-11-13-06-25-17&Itemid=135
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က တွေ့ဆုံပြီး မီဒီယာနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများအား ဆက်စပ်ပြီး မေးမြန်းမှု မှကောက်နုတ်ချက်..
WEDNESDAY, 12 SEPTEMBER
မေး။ ဆရာ့အနေနဲ့ ဒီသမိုင်းတွေထဲမှာ ခုနကပြောတဲ့ ဦးနုရဲ့ နိုင်ငံရေး အကွက်မြင်တယ်ဆိုတဲ့ အကြောင်းအရာမျိုး၊ ဒီအရွယ်မှာ ရင့်ကျက်မှုနဲ့ တွေးသင့်နေပြီ ဆိုတာလိုမျိုးတွေလိုမျိုး အခြားအကြောင်းအရာတွေကိုများ ဒီနေ့အင်တာဗျူးမှာ ပြောချင်တာ ရှိပါသလား ဆရာ။
ဖြေ။ ။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ် မှန်တယ်လို့ ထင်ကြတာပါပဲ။ အခုလောလောဆယ် နိုင်ငံရေးမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ကိုယ့်ဟာကိုယ် မှန်တယ်ထင်ကြတာပဲ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ပြန် ကြည့်လိုက်ရင်တော့ ဘယ်သူမဆို သမ္မတကြီးပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ပဲဖြစ်ဖြစ်၊ ၈၈ ကိုမင်းကိုနိုင်တို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တိုင်းပြည်ဟာ မရွေ့သေးဘူး ဆိုတာကို အားလုံးက ဝန်ခံရမှာပါ။ အဲဒါကိုတော့ အားလုံး ဝန်ခံရမှာပါ။ ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ နိမ့်ကျနေသေးတယ်ဆိုရင် ကျွန်တော်တို့ရော ခင်ဗျားတို့ရော၊ ခေါင်းဆောင်တွေရော ညံ့လို့ဆိုတာကို ဝန်ခံရလိမ့်မယ်။ ကျွန်တော်တို့ ညံ့ခဲ့လို့ ကျွန်တော်တို့ သမိုင်းတွေ ညံ့ခဲ့ကြရတယ်။ ကျွန်တော်တို့ သမိုင်းညံ့ခဲ့လို့ ကျွန်တော်တို့နိုင်ငံ မတိုးတက်ခဲ့ရဘူး။ ဒါကိုတော့ ကြီးကြီးငယ်ငယ် အားလုံးမှာ တာဝန်ရှိပါတယ်။ ဘယ်နေရာမှာ ကိုယ်မှားခဲ့သလဲ၊ ဘယ်နေရာမှာ ကိုယ့်အတ္တကို ကိုယ်ရှေ့တန်းတင်မိခဲ့သလဲဆိုတာကို ကိုယ့်ဟာကိုမြင်ဖို့ လိုတယ်။ တကယ်တော့ အားလုံး မှားခဲ့ကြပါတယ်။ အားလုံးမှာ အမှား အနည်းနဲ့အများ ရှိခဲ့ကြပါတယ်။ ဘယ်လောက်စွန့်လွှတ်ခဲ့တာကို မပြောဘူး။ တော်ခဲ့တာတွေ မပြောဘူး။ ကျူးလွန် ခဲ့တာတွေ မပြောဘူး။ ကိုယ်ရည်တွေ ကိုယ်မသွေးကြဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မယ်ဆိုရင်
ကျွန်တော်တို့အားလုံးမှာ တာဝန်အနည်းနဲ့အများ ရှိနေတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
September 14, 2012 at 10:02 am
ရန်စည်းအတွင်းက လူသားဆန်တဲ့မိတ်ဆွေဖြစ်မှု့
အခုကိစ္စလေးကတော့ သတင်းဟောင်းဖြစ်နေပေမယ့် သမိုင်းသစ် ဖြစ်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းတွေက ကမာ္ဘတည်သရွေ့ ရန်သူတွေဖြစ်နေကြမှာဘဲ ဆိုတဲ့စကားကို စတင် ပြင်ဆင် မယ့် နိဒါန်းအဖြစ်အပျက် တခုအဖြစ် ထင်ထင်ရှားရှား ဖြစ်လို့ပါဘဲ။
၁ဝ နှစ်အရွယ် အရှေ့ ဂျေရုဆလင်က ပါလက်စတိုင်း လူငယ်လေး တယောက်ကို ဒေါသတကြီးဖြစ်နေတဲ့ အစ္စရေး နယ်ခြားစောင့် ရဲက ဖမ်းဆီးတာကို အသက် ၂၂ နှစ် ရှိတဲ့ အစ္စရေး တက္ကသိုလ်ကျောင်းသူ တဦးက ဝင်ရောက် အကာအကွယ်ပေး လိုက်ပြီး ပါလက်စတိုင်းကလေး လွတ်မြောက်သွားအောင် ထွက်ပြေးသွားစေ ခဲ့တာပါ။
ဒီသတင်းကို လွန်ခဲ့တဲ့ မေလ ၂၁ ရက်နေ့က +972 အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါရှိလာတာပါ။
မေလ ၂ဝ ရက်နေ့ အစ္စရေးလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားတဲ့ ဂျေရုဆလင်နေ့။ ၁၉၆ရ ခုနှစ် စစ်ပွဲမှာ အစ္စရေးတွေ အောင်ပွဲ ခံပြီး ဂျေရုဆလင်ကို ပြန်အသက်သွင်းနိုင်ခဲ့တဲ့ အစ္စရေးလူမျိုးတွေအတွက် အလေးထား တဲ့နေ့တိုင်း သူတို့ဟာ နိုင်ငံတော် သီချင်းတွေဆို၊ ကြွေးကြော်သံတွေအော်၊ အစ္စရေး အလံတွေ လွှင့်ပြီး လမ်းတွေပေါ် ချီတက်စုရုံးကြလေ့ရှိပါတယ်။ ဒီတော့ အဲဒီလို နေ့တွေမှာ အစ္စရေးနဲ့ ပါလက်စတိုင်း တင်းမာမှုတွေ မဖြစ်ဖို့ အစ္စရေး ရဲတွေက ပါလက်စတိုင်းဆိုင်တွေကို ပိတ်ဖို့ မေတ္တာရပ်ခံလေ့ရှိပါတယ်။ ပါလက်စတိုင်းတွေရဲ့ ဘယ်လို လှုပ်ရှားမှုကို မဆို ခွင့်ပြုလေ့မရှိတဲ့အချိန်ပါ။
ဒါကိုလက်ဝဲယိမ်း အစ္စရေး တက်ကြွလှုပ်ရှားသူတချို့က မြို့ဟောင်းမှာ အခုလို ဂျေရုဆလင်နေ့ ချီတက် အခမ်းအနား တွေ လုပ်တာကို တန်ပြန် လှုပ်ရှားမှု လုပ်ကြပါတယ်။
ဒါကို သူများနဲ့ မတူတဲ့ ၁ဝ နှစ်သား ပါလက်စတိုင်းကလေးက လက်ထဲမှာ ပါလက်စတိုင်းအလံကို ကိုင်ပြီး လမ်းဘေးက အားပေးနေပါရော၊ ဒီတော့ အစ္စရေး လူမျိုးရေး အစွန်းရောက် တယောက်က ကလေးလက်ထဲက အလံကို တောင်းတယ်။ ကလေးက မပေးဘူး၊ ဒီလို အငြင်းအခုန်ဖြစ်နေတော့ နယ်ခြားစောင့် ရဲအရာရှိ တယောက်က ဖြန်ဖြေဖို့ လာရင်း ကလေးကို ဖမ်းဖို့ လုပ်တယ်။ ရုန်းရင်းဆန်ခတ် ဖမ်းဖို့ လုပ်နေချိန်မှာ အစ္စရေး ကျောင်းသူက ရဲကို အတင်းဝင် လုံးပြီး ပါလက်စတိုင်းကလေးငယ် ကို လွတ်မြောက်သွားအောင် လုပ်ပေးလိုက်တာပါ။
ဒီဖြစ်စဉ်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းဟာ ကမာ္ဘရန်တွေ ဆိုတဲ့ တလျှောက်လုံး ပြောဆိုနေကြတာကို ရပ်တန့်ဖို့ ချစ်ကြည်ခြင်း နိဒါန်းသစ် ဖြစ်မယ်ဆိုတဲ့ အကောင်းမြင်မှုတွေက တော်တော်ကျယ်လောင်လာခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ လူသားဆန်တဲ့ အစ္စရေး အမျိုးသမီးရဲ့ လုပ်ရပ်အတွက် ရန်လို အကြမ်းဖက် အပြန်အလှန် တုန့်ပြန်နေ တာထက် မွန်မြတ်မှုနဲ့ ငြိမ်းချမ်းရေကို ဦးတည်တာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။
၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးက ကြွေးကြော်သံဟာ နားထဲ ကြားယောင်မိသလို ခံစားရပါတယ်။
“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ”
“ဆင်းရဲလိုချင်း အချင်းချင်း ကင်းဝေးကြပါစေ”
Posted in: ထွေထွေရာရာ
http://blog.irrawaddy.org/2012/09/blog-post_5829.html#st=e%3DAOG8GaDYcs9PyaHYBGxjqK7sqrUSm2%252FYFaAgykDRaokS4CaB2paZlj1clHGh0xPKfg9wZkrroe4Ocn9D%252BKmNcRSxwR%252BPa%252Fak9BVeMSxEvz%252FDwa0ivrG5sBIvVL%252BnQ6vbfJRnH5atnEnBrzYAfomNCeXfCb5IpTyvDGWBgGK%252BA%252FFcsxzmmObaauzwxUMADmBPK5Kt3VFW7LR1H8F2EqYUd0Nm1%252BpxfZi%252BaWMnZKKYDH87z4DZ6cAQYiqtNdDZY35%252B4laDFtH7GGNi%26c%3Dpeoplesense&rpctoken=875784856&
မိုက်ကယ်ဂျော်နီအောင်ပု
September 14, 2012 at 10:03 am
” အပြင်ကမာ္ဘကြီးရဲ ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ …အတွင်းကမာ္ဘ In idividual World တစ်ယောက်ဆီ တစ်ယောက်ဆီ နဲ့ ဆိုင်တဲ့ကမာ္ဘရဲ ့ငြိမ်းချမ်းရေးကို အရင်လုပ် …..
( သီတဂူဆရာတော်ကြီး )
မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ ့မြောက်ဘက် ကက်ရှ်မီးယားရဲ ့အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ ့ရဲ ့ဌာနချုပ်မြို ့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို ့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။
Tourist တွေကလည်း အရမ်းပေါတယ်။ သူတို ့လည်း လာနား
ထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို ့ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမာ္ဘ ့ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။
ကမာ္ဘ ဆိုတာဘာလဲ …….
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမာ္ဘဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို ့က ကမာ္ဘလို ့ခေါ်ချင်သလား။ မင်းတို ့ခေါ်ချင်လည်း ခေါ်ရ ပါတယ်။
တို ့ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမာ္ဘ” လို ့သတ်မှတ်တယ်။ အဲဒီတော့ ကမာ္ဘက လူ ့အပြင်ဘက်မှာရှိတဲ့ အပြင်ကမာ္ဘ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်း ကမာ္ဘဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို ့ကို “အပြင်ကမာ္ဘကြီးရဲ ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမာ္ဘလို ့ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမာ္ဘရဲ ့ငြိမ်းချမ်းရေးကို ပဲ မင်းတို ့လုပ်ကြပါကွာ ” လို ့ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို ့ခဏထား ၊ မင်းတို ့တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမာ္ဘ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမာ္ဘစစ်၏ အစ …….
ဒီတော့ “ကမာ္ဘစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ ့။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။
စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ကနေပြီး
တော့ စ တာ။ အဲဒါကြောင့် ကမာ္ဘ ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓဝါဒပဲ။ ဒါနဲ ့ပတ်သတ်လို ့မင်းတို ့စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို ့အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို ့ပြောတော့ သူတို ့အားလုံး ရယ်ကြတယ်။ ကမာ္ဘစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမာ္ဘက မစဘူး။ စိတ်က စပါတယ်။ ကမာ္ဘစစ်ကို စိတ်ကစရင် ကမာ္ဘ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ် ပါတယ်။
ဒါကြောင့် စိတ်ရဲ ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို ့က ဗုဒ္ဓရုပ်ပုံတော်တို ့က ကြည့်ကြည့်ပြီးတော့ သူတို ့ရဲ ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ ့သူထောင်ကလွတ်တော့ ခရစ်ယာန် ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ ့ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ ့ကိုးကွယ်ရာက God ၊ ဂျူးတို ့ရဲ ့ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို ့ရဲ ့ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ……
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို ့က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ ့စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ ့ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အဝရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဝထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို ့ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို ့ဘယ်သောအခါမှ မပြောကြ ဘူး။ ဘုန်းကြီးတို ့အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို ့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံးပြည့်စုံတယ်……
သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို ့ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ် ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို ့အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို ့နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အဝ အသုံးမချနိုင်ဘူးရင် အာရှတိုင်း သားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် …..
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓ တရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ ့တန်ဖိုးကို နားလည်ကြဖို ့ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို ့ဘာသာတရားဖြစ် ပါတယ်” လို ့ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ ”
သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆
မှတ်ချက်။
ဇွန်ပွင့်စာပေ မှ ၂၀၁၁ အောက်တိုဘာလတွင် ပထမအကြိမ်ထုတ်ဝေသော “လူငယ်နှင့် ဓမ္မတန်ဖိုး” စာအုပ် မှ ကူးယူဖော်ပြပါသည်။
http://blog.irrawaddy.org/2012/09/blog-post_6808.html
မိုက်ကယ်ဂျော်နီအောင်ပု
September 14, 2012 at 10:08 am
ဒေါသစိတ်ကြောင့် လူသတ်မှု့နဲ့တရားစွဲခံလိုက်ရတဲ့မေဇင်
ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှုနဲ့ တရားစွဲ ခံလိုက်ရတဲ့အဖြစ် အထိ ရောက်သွား ခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက် ရာက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာ လူသတ်မှုအဖြစ် ပြောင်းလဲ တရားစွဲမှုခံလိုက်ရတာပါ။
သေဆုံးသွားတဲ့ မနုနုလွင်ဆိုတဲ့ အိမ်ဖော်မလေးကို သူကိုယ်တိုင် သတ်လိုက်တယ်လို့ အိမ်ရှင် မမေဇွန်က ဝန်ခံလိုက်တဲ့ အကြောင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါလာပါပြီ။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁ဝ ရက်နေ့က မမေဇွန် ခရီးသွားပြီး ပြန်လာမှ ကမာရွတ်မြို့နယ်က သူ နေထိုင်ရာ တိုက်ခန်းပေါ်တက်၊ ပြေးဆင်းပြီး ရပ်ကွက်ကို အကူ အညီတောင်း ရဲစခန်းအကြောင်းကြားလို့ ပုပ်ပွနေတဲ့ အိမ်ဖော်မလေးရဲ့ အလောင်းကို ရဲတွေက တွေ့ရှိပြီး ပထမတော့ လူသေမှုနဲ့ ရဲက အမှုဖွင့်ထားခဲ့တာပါ။
ဒါပေမယ့် သံသယဖြစ်စရာ အလောင်းက ဒဏ်ရာတွေနဲ့ကြောင့် အိမ်ရှင် မေဇွန်နဲ့ နောက်ထပ် အိမ်ဖော် မလေး ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မဇင်ဇင်ထိုက်ကို စစ်ဆေးရင်းက အခုလို လူသတ်မှုကို ဝန်ခံ ထွက်ချက်ပေး လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲမှူးက ပြောပါသတဲ့။
မေဇွန်က အိမ်အကူ မိန်းကလေးကို စိတ်မထင်ရင် မထင်သလို ဆံပင်ဆွဲ ခေါင်းနဲ့ နံရံဆောင့်တာ၊ တုတ်နဲ့ ရိုက်တာ၊ ဗိုက်ပေါ် တက်ခုန်တာ၊ အိမ်ဖော်ချင်း ရိုက်ခိုင်း တာတွေလည်း လုပ်တယ်လို့ စစ်ဆေးချက်တွေမှာ သိရတယ်လို့ ဆိုပါတယ်။
တကယ်တော့ မေဇွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က MRTV-4 က စီစဉ်ရိုက်ကူးတဲ့ Flowers & Butterflies ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို လုပ်ခဲ့ပါသေးတယ်။
စာနယ်ဇင်းရှင်းလင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ၊ (၈) ရက်နေ့က Park Royal Hotel, Ballroom ခန်းမတွင် နံနက် (၁၀) နာရီမှ နေ့လည် (၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့စဉ်က မေဇွန်ဟာ ယောကျာ်း စိတ်ပေါက်နေ တဲ့ ကောင်မလေးတစ်ဦး၊ ယောကျင်္ား စိတ်ပေါက်နေပေမယ့် နှလုံးသား နူးညံ့သိမ်မွေ့ပြီး သူတပါးကို ကူညီ တတ်သူ၊ သူငယ်ချင်းတွေကိုလည်း ခင်တွယ် တတ်တဲ့ “ဆာကူရာ”အဖြစ် သရုပ်ဆောင်မယ့်အကြောင်း မိတ်ဆက် ကြော်ငြာခံခဲ့သူလည်းဖြစ်ပါတယ်။
အခုတော့ ဇာတ်လမ်းထဲက သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ တခြားစီဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲခံလိုက်ရပါ တယ်။ သူရဲ့ ဇာတ်ရုပ်နေရာအတွက်လည်း သရုပ်ဆောင်သစ် နောက်တဦး ရွေးချယ်တော့မယ်လို့လည်း ဒါရိုက်တာက ပြောလိုုက်ရပါ ပြီ။
ခဏတာဖြစ်တတ်တဲ့ ဒေါသ စိတ်ကလေးက မေဇွန်ရဲ့ ဘဝ တာ ကို ပြောင်းလဲ သွားစေခဲ့ပြီလား။
မှတ်ချက် – ယခင် ပေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်က “ဒေါသစိတ်ကြောင့် လူသတ်တရားခံ ဖြစ်သွားတဲ့ မေဇွန်” ပါ။ တင်ပြီး နာရီပိုင်းအတွင်း ခေါင်းစဉ် ပြန်ပြောင်းလိုက်တာ ဖြစ်ပါတယ်။
http://blog.irrawaddy.org/2012/09/blog-post_2493.html
Posted in: News,သတင်း
etone
September 14, 2012 at 12:45 pm
အစကတော့ လူသေမှူပါ … ၊ အလောင်းကိုမှုခင်း/ဆေးက စစ်တော့မှ လူသတ်မှုမှန်း ဖုံးမရတာကြောင့် ဝန်ခံလိုက်တယ်လို့ ယူဆရပါတယ် ။
၂၁နှစ် မိန်းကလေးတစ်ယောက်ရဲ့ အိမ်ဖော်နှစ်ယောက်န ဲ ့တဦးတည်းနေတဲ့ ဇာတ်လမ်းနောက်ကွယ်က သတင်းလိုလို ၊ အတင်းဖျင်းလိုလိုတွေလည်း တဆက်တည်း ကြားနေရပါကြောင်းးးးးးးးးးးး
kai
September 14, 2012 at 11:46 pm
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်
09/14/2012
http://www.8888peopletoday.net/
kai
September 14, 2012 at 11:50 pm
Anti-American Violence in the Middle East
By Haim Malka and Thomas Sanderson
September 14, 2012
Read online here http://cs.is/CQMidEast
Q1: What was the security situation in Libya leading up to the attack on the U.S. consulate in Benghazi?
A1: As international attention focused on the violence in Syria over the past year, many hoped that Libya was beginning to stabilize. Embassy personnel from many countries were returning, business delegations and consultants explored opportunities in the oil-rich nation, and successful elections were held in July. But these few signs of normality masked a deeply unstable, lethal environment. The young government confronted a still-unsteady nation abundant with weapons, Qaddafi loyalists, uncontrollable militias, and Salafi jihadi fighters. The new government has been unable to impose a monopoly on the use of force or secure the weapons that were pilfered from Qaddafi’s dispersed arsenal. Whereas the Egyptian Army largely controls that nation’s weapons, in Libya small groups still hold truck-mounted antiaircraft guns, mortars, and rocket-propelled grenades (RPGs). This past summer included a spate of attacks on nongovernmental organizations, Sufi shrines, and Libyan government buildings. In June and July in Benghazi, Tunisia’s consulate and Britain’s ambassador to Libya were both assaulted in separate incidents, and an improvised explosive device (IED) was used against the U.S. mission.
Q2: Are we likely to see similar attempts on U.S. embassy personnel elsewhere in the region?
A2: Only hours following the attack on the U.S. mission in Benghazi, the U.S. embassy in Yemen was assaulted. While no Americans were killed in the more heavily fortified compound in the capital of Sana, U.S. diplomatic staff are increasingly at risk across the region. But the well-armed, heavy assault in Libya was qualitatively different from what transpired in Egypt and Yemen. Those climbing the walls at the U.S. embassy in Cairo and smashing windows at the U.S. embassy in Sana were unequal to those in Benghazi, who used machine guns, mortars, and RPGs. Though these crowds lacked the armament of those in Libya, their numbers, improvised weapons, and motivation make them dangerous nonetheless. The threat in such a highly charged environment is that more heavily armed militants could use such riots as cover for deadly attacks.
Q3: How will the attacks affect U.S. policy in the Middle East?
A3: While horrific, the attacks will not likely lead to a fundamental shift in U.S. military deployments in the foreseeable future. Yet, they will likely trigger a rethink of how U.S. diplomats are allowed to do their jobs in the Middle East. President Barack Obama reiterated his commitment to working as a partner with the new Libyan government, and that is not likely to change as long as the Libyan government welcomes U.S. support. How the United States goes about cooperating with Libya and other regional governments, however, is less clear. Ambassador Christopher Stevens was an active diplomat throughout Libya and had built a rapport with rebel groups in Benghazi during the most violent days of the uprising against Qaddafi. That made him an indispensable interlocutor with the new Libyan government and a range of political forces in Libya. His killing raises doubts about the procedures in place to secure U.S. diplomats, and it could lead to limiting the kinds of activities and contacts U.S. diplomats are allowed to pursue throughout the Middle East. Such a setback would further isolate U.S. diplomats at a time when U.S. interests are served by wider engagement.
Q4: Why is anti-American violence increasing in the Middle East?
A4: The overthrow of authoritarian regimes in Libya, Tunisia, Yemen, and Egypt in 2011 unleashed violent anti-American forces that the previous governments had largely kept in check. Some of those forces have used the pretext of an offensive film produced in the United States to foment anti-American sentiment and actions. In the wake of political upheaval, governments are less capable and willing to rein in militant forces that pose a threat to U.S. interests and to their own societies. In many cases, the police are just a shadow of their former selves, domestic intelligence services are in disarray, and all manner of crimes are on the rise. This increase in violence poses a challenge not only to U.S. diplomats but threatens to undermine the fragile transitions underway throughout the region.
Haim Malka is a senior fellow and deputy director of the Middle East Program at the Center for Strategic and International Studies (CSIS) in Washington D.C.,Thomas Sanderson is a senior fellow and codirector of the CSIS Transnational Threats Project.
Critical Questions is produced by the Center for Strategic and International Studies (CSIS), a private, tax-exempt institution focusing on international public policy issues. Its research is nonpartisan and nonproprietary. CSIS does not take specific policy positions. Accordingly, all views, positions, and conclusions expressed in this publication should be understood to be solely those of the author(s).
© 2012 by the Center for Strategic and International Studies. All rights reserved.
အရီးခင်လတ်
September 15, 2012 at 3:01 am
ငါးတန်းသမိုင်းဖတ်စာမှ ရီသံများ …
ဖိုးထက်
စက်တင်ဘာ ၁၂၊ ၂၀၁၂ (မိုးမခ)
http://moemaka.com/?p=27315
ကိုသင်းမြိုင်တို့ လင်မယားမှာ ဧကပုတ္တ တစ်ဦးတည်းသောသားလေးရှိသည်။ ကိုသင်းမြိုင်က နိုင်ငံခြားတိုင်းပြည်တွေမှာ နှစ်တွေ အကြာကြီး အလုပ်လုပ်နေခဲ့သောသူ။ သားတော်မောင် ကျောင်းမနေခင်အရွယ်ကတည်းက နိုင်ငံခြားတိုင်းပြည်တွေမှာ လှည့်လည်ပြီး အလုပ် လုပ်နေခဲ့ သည်။ တစ်နှစ်ကို နှစ်ခေါက်၊ အနည်းဆုံးတစ်ခေါက် မြန်မာနိုင်ငံသို့ အလည်ပြန်သည်။ အပါတ်စဉ်တိုင်း သားတော်မောင်နှင့် ဖုန်းဆက်သည်။ သားတော်မောင်အလိုရှိရာ ဖြည့်ဆည်းပေးသည်။ ဒီတော့ သားနှင့်အဖေက တစိမ်းဆန်မသွားခဲ့။
မြန်မာနိုင်ငံသို့ အလည်ပြန်တိုင်း ကိုသင်းမြိုင်က သားတော်မောင်နှင့်ပလူးပလဲနေသည်။ သားကိစ္စ၊ ဝိစ္စမှန်သမျှကို ကိုသင်းမြိုင်က လိုက်လံလုပ်ပေးသည်။ ကျောင်းပို့ ကျောင်းကြိုလုပ်သည်။ ရေချိုးပေးသည်။ အဝတ်အစားလဲပေးသည်။ ကုန်ကုန်ပြောရလျှင် သားတော်မောင် အိမ် သာ တက်နေသည့်အချိန်မှာပင် အပြင်က ထိုင်စောင့်ပြီး စနောက်နေတတ်သည်။ သားက သူ့ကို သူငယ်ချင်းလိုပေါင်းသည်။ သူ့အမေကို မပြောရဲသည့်၊ မပြောဝံ့သည့်စကားများ၊ အမှားများကို အဖေကိုဖွင့်ပြောပြသည်။
ကိုသင်းမြိုင်က အဝေးရောက်နေပေမယ့် သားတော်မောင်ပညာရေးကို အလွန်ဂရုစိုက်သည်။ မိန်းမကိုတောင် “ငါ့သားပညာရေးအတွက် ငါ ငွေရှာနေတာ။ မင်းနဲ့ငါ့အတွက်ဆိုရင် ထမင်းနပ်မှန်စားရအောင် ပြည်တွင်းမှာဘဲ အလုပ်လုပ်မှာကွ” ဆိုသည့်အပြောကြောင့် လင်မယား နှစ်ယောက် ကတောက်ကဆ ဖြစ်ကြရသေးသည်။ အဝေးရောက်နေသော သူ့အတွက် သားတော်မောင် အကျင့်စရိုက် အကောင်းအဆိုးကို မပြုပြင်နိုင်သောကြောင့် ဝင်ရောက်စွက်ဖက်ခြင်းနည်းသည်။ သားက သူ့အမေလို စကားနည်းတာ၊ မပွင့်တပွင့်မြုံစိစိလုပ်တာ၊ လူကြောက် တတ်တာ စသည့်အကျင့်စရိုက်များရှိသည်။ ကိုသင်းမြိုင် မကြိုက်ပေမယ့် ဒီအမေနှင့်ဒီသား နှစ်ယောက်တည်းဘဝမှာ အမေ့စရိုက် သားဆီ ကူးစက်တာ မဆန်း။ မကြိုက်ပေမယ့် ကိုသင်းမြိုင် တတ်နိုင်သောကိစ္စမဟုတ်။
သို့သော် သူတတ်နိုင်သလောက် သားတော်မောင်ကို ပြုပြင်ပေးဖို့ ကြိုးစားသည်။ သူ့သားကို စာဖတ်ကျင့်ရစေချင်သည်။ ကိုသင်းမြိုင် ငါး တန်းကျောင်သားအရွယ်တုံးက လူထုဦးလှပုံပြင် စာအုပ်တွေနှင့် ကြီးပြင်းခဲ့ရသည်။ ဇာတ်ကြီးဆယ်ဖွဲ့ကို ဖင်ပြန်၊ ခေါင်းပြန် အလွတ်နီးပါးရ အောင် ဖတ်နေပြီ။ ခေတ်တွေက ပြောင်းနေသည်။ သူတို့ခေတ်မှာ PS 2 မရှိ။ TV ရှားသည်။ သားတော်မောင်ခေတ်မှာက အာရုံထွေပြားစရာ များသည်။ ကျောင်းကြီး၊ ကျောင်းကြီး ကျူရှင်၊ အင်္ဂလိပ်စာသင်တန်း၊ ဝူရှူးသင်တန်း၊ အပြင်ကျူရှင်၊ လူလွန်မသား ကာတွန်းဇာတ်ကောင် များပါသည့် ကာတွန်းဇာတ်လမ်းတွဲများ။ ဒီတော့ သားဖြစ်သူ စာဖတ်ကျင့်မရချင်တာ အပြစ်လို့လဲမမြင်ချင်။ အတတ်နိုင်ဆုံး ကိုသင်းမြိုင် ကြိုးစားသည်။ အလည်ပြန်မည်ဆိုလျှင် သားတော်မောင်စိတ်ဝင်စားမည့် ဒိုင်နိုဆောစာအုပ်များ၊ ကာတွန်းရုပ်ပြများ စသည့် စာအုပ်အများ အပြားဝယ်သည်။ သားတော်မောင်ကို ပုံပြင်တွေဖတ်ပြသည်။ သားဖြစ်သူကို ပုံပြင်ဖတ်ပြခိုင်းသည်။ ဒါတောင်မှ သားအဖနှစ်ယောက်စာ ဖတ်ချိန်ကို သားဖြစ်သူအချိန်ဇယားထဲမှလုပြီး ဖတ်ကြရခြင်းဖြစ်သည်။
အခုတစ်ခေါက်ခွင့်ရစဉ် မြန်မာနိုင်ငံသို့ ကိုသင်းမြိုင်အလည်ပြန်တော့ မိန်းမဖြစ်သူကိုတောင် “ငါ့သားအတွက် အလည်ပြန်လာတာကွ။ ခွင့်သိပ်မရဘူး။ မင်းအတွက် အလည်ပြန်လာတာမဟုတ်ဘူး” ဟုကြွေးကြော်ကာ ပြန်သွားခဲ့သည်။ သားဖြစ်သူအတွက် အင်္ဂလိပ် ရုပ်ပြစာ အုပ် လွယ်လွယ်လေးတွေကိုရှာဖွေပြီး အများကြီးဝယ်ယူသွားခဲ့သည်။ အိမ်ရောက်တော့ စာအုပ်တွေကို သားတော်မောင်ကိုပေးရင်း “စာ ဖတ်ရတယ် ငါ့သားရ။ စာဖတ်မှ အများကြီးသိမှာ။ အများကြီးသိမှ အများကြီးတတ်မှာ။ အများကြီးတတ်မှ လူတွေကို အများကြီးကူညီနိုင်မှာ” ဟု ပြောသည်။ သားဖြစ်သူက မျက်လုံလေးတွေ အရောင်တောက်ပြီး သူဝယ်လာသည့်စာအုပ်တွေ ဖွနေတာကိုကြည့်ပြီး ပီတိဖြာနေခဲ့ရသည်။
ကိုသင်းမြိုင် သားဖြစ်သူကို မသိမသာ စောင့်ကြည့်မိရင်းရင်မောရသည်။ သူတို့လေးတို့၏ ကုသိုလ်ကံ အဆိုး၊ အကောင်း ဘယ်လိုခွဲခြားရမှန်း မသိလောက်အောင် ဖြစ်လာရသည်။ သားတော်မောင် ကျောင်းက မနက်ကျောင်းတဲ့လေ။ ကလေးတစ်ယောက်အတွက် အိပ်ကောင်းချိန်ဖြစ် သည့် မနက်ခြောက်နာရီလောက်မှာ အိပ်ရာမှ အိပ်ချင်မူးထူး ထရသည်။ သူ့အမေပြင်ပေးသည့် နို့တစ်ခွက်နှင့်ကိတ်မုန့်လေးတစ်ချပ်ဝင်ဖု့ိ ကလေးပီပီ မစားချင် စားချင်ဖြင့် စားသွားရသည်။ သူ့အမေပေးလိုက်သည့် မုန့်ဖိုးငါးရာကို ထည့်သွားသည်။ လ္ဘက်ရည်တစ်ခွက် သုံးရာ ဖြစ် နေချိန်မှာ ငါးရာဆိုသည့်ငွေဖြင့် သားက အဆာခံ ဘာများစားမှာပါလိမ့်။ မုန့်ဖိုးပိုပေးဖို့ပြောပေမယ့် သူများကလေးတွေလဲ ဒီလောက်ဘဲ ဆိုသည်နှင့် မိန်းမဖြစ်သူကို အထွန့်မတက်မိတော့။ သားကို ငွေအရမ်းသုံးတတ်လာမှာကို သူ့အမေ စိုးရိမ်သလို ကိုသင်းမြိုင်လဲစိုးရိမ်မိသည်။
ကိုသင်းမြိုင်တို့ ကလေးဘဝတုံးက မနက် ၈ နာရီခွဲမှ ကျောင်းတက်သည်။ မနက် ရ နာရီခွဲလောက်ထိ အိပ်သည်။ မနက်စာအဆာခံ ထမင်း ကြမ်းကြော်နှင့် အကြော် တစ်မျိုးမျိုးစားသွားရသည်။ မုန့်ဖိုးက တစ်ကျပ်။ မုန့်စားကျောင်း နာရီဝက်ဆင်းချိန်မှာ သုံးချင်ရာသုံးစမ်းပါလိမ့်။ ကြာဆံကြော်ဝယ်စားမလား။ မုန့်ဟင်းခါး အကြော်စုံနှင့်စားမလား။ ငှက်ပြောသီးကြော် စားမလား။ ဗိုက်ကြီးတင်းကားနေအောင် စားလို့ရ သည်။ နေ့ခင်း ထမင်းစားကျောင်းဆင်းချိန်ဆိုလျှင် အိမ်ကိုပြန်ပြီး ထမင်းစားသည်။ တစ်ခါတစ်ရံ အိမ်ကထုပ်လာသော ထမင်းထုပ်နှင့် သူ ငယ်ချင်းတွေနှင့်အတူတူ တစ်နာရီ ထမင်းစားကျောင်းဆင်းချိန်မှာ အေးအေးဆေးဆေး လေပေါရင်း စားကြသည်။ ပြီးတော့ ချွေးသံတွေ စိုရွှဲ နေအောင် ဘောလုံးကန်၊ စိန်ပြေးတမ်း စသည်ဖြင့် ကမြင်းကြောထကြသည်။
ကိုသင်းမြိုင်သားခေတ်ကြတော့ ဒီလိုမဟုတ်တော့။ မနက်ခင်း ရနာရီဆို ကျောင်းတက်ပြီ။ ရနာရီ ကျောင်းမှီဖို့ အိပ်ချင်မူးတူးဖြင့် အိပ်ရာ ထသော သားကိုကြည့်ရင်း စိတ်မချမ်းသာ။ မုန့်စားကျောင်း ဆင်းချိန်က ၁၅ မိနစ်တဲ့။ ကျောင်းဆင်းချိန်က မနက် ၁၁ နာရီခွဲ။ ဖယ်ရီစီးချိန်၊ ကျောင်းလွှတ်ချိန်၊ ကားကြပ်ချိန်များ ပေါင်းလိုက်သော အခါ ဒီကောင် အိမ်ပြန်ရောက်တော့ ၁၂ နာရီ ၁ဝ မိနစ်လောက်ရှိနေပြီ။ ထမင်းစား။ ခဏတစ်ဖြုတ်နားရင်း တစ်နာရီထိုးသွားသည်။ တစ်ရေးတစ်မောအိပ်ဖို့ သူ့အမေက တိုက်တွန်းပေမယ့် သားက ကလေးပီပီ အဆော့မက် သည်။ တီဗွီဂိမ်းဆော့ချင်သည်။ တီဗွီကြည့်ချင်သည်။ စာလေး နည်းနည်းပါးပါး ဖတ်ခိုင်းရင်း နားခိုင်းလို့ ရလို့သာ တော်တော့သည် ဆိုရမည်။ ၃ နာရီလောက်ရောက်တော့ ကျောင်းကြီးအိမ်စာဆိုပြီး အိမ်စာတွေ ထိုင်လုပ်နေသည်။ ကျောင်းကြီး အိမ်စာပြီးတော့ ကျူရှင်တွေအိမ်စာ။ အချိန်အတော်ဆင်းရဲရှာသည်။
ကိုသင်းမြိုင်တို့တုံးက ကျောင်းကြီး အိမ်စာ၊ အိမ်က အမေသင်ပေးသော အပိုဆောင်း အိမ်စာလုပ်ပြီးလျှင် ကျက်စာနည်းနည်ပါးပါး ကျက် ရန်သာ ကျန်တော့သည်။ အိမ်စာတွေပြီးသည်နှင့်ကိုသင်းမြိုင်တို့ မောင်နှမတွေတစ်စု အမေ့ဆီခွင့်တောင်းပြီး ကွင်းပြင်ကျယ်ကြီးတွေထဲမှာ ငှက်ပြစ်ထွက်သည်။ ရေခိုးကူးကြသည်။ သစ်ပင်တက်သည်။ အမေ မအော်မချင်း၊ တုတ်ဖြင့်လိုက်မလာမချင်း အိမ်မပြန်ကြေး။ အမေ့အခြေ အနေကြည့်ပြီး အိမ်ပြန်။ ရေချိုး။ ကျက်စာတွေကျက်။ အမေနှင့်အတူ အပိုဆောင်း ကျူရှင်တက်။ ပြီးလျှင် ပုံပြင်စာအုပ်ဖတ်ရင်း၊ အမေ့ရင် ခွင်မှာ ဝင်ခွေ့ရင်း။
သားဖြစ်သူကျတော့ အိမ်စာတွေပြီးတာတောင် တိုက်ခန်းကျဉ်းကလေးထဲမှာ။ အနီးအပါး ကွင်းပြင်ကျယ်ကျယ် တစ်ခုမှမရှိ။ ကိုသင်းမြိုင်တို့တုံး က ညနေဘက်တွေမှာ ကျောင်းဝန်းထဲရှိ ဘောလုံးကွင်းပြင်ကြီးထဲမှာ စွန်လွှတ်မလား။ ဘောလုံးကန်မလား။ မောသွားလျှင် မိုးဆွေငှက်တွေ အထက်ကို ဒေါင်လိုက် တက်သွားလိုက်၊ အောက်ကို ကမူးရူးထိုး ထိုးဆင်းလာလိုက် ဖြစ်နေကြသည်ကို ကြည့်ကြသည်။ ကိုသင်းမြိုင် စိတ် မချမ်းသာပေမယ့်သားဖြစ်သူကို တောဘက် ပို့ထားပြီး ကျယ်ကျယ်လွင့်လွင့်နေစမ်းကွာလို့ ပို့ထားချင်လာသည်။ သို့သော် သူ့အမေက ဘယ်လိုမှ ခွင့်ပြုမည်မထင်။ “ကလေးသနားစရာကွာ။ ငါတို့တုံးကနဲ့ ကွာလိုက်တာ” လို့ ညည်းမိတာလေးနဲ့ကို “အို..ခေတ်ကြီးက တူတာ မဟုတ်ဘူး။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကလေးတွေအကုန်လုံး အတူတူဘဲ။ ရှင့်သားတစ်ယောက်တည်း ကျိတ်သနားမနေနဲ့” ဆို တာနှင့် ပါးစပ်ပိတ်သွားသည်။
ကိုသင်းမြိုင်က သားတော်မောင် ကျောင်းစာအပေါ်မှာ ဘယ်လို တုံ့ပြန်သလဲဆိုတာကို မသိမသာ သတိထားကြည့်မိသည်။ မြန်မာကဗျာကျက် ရင်း “ပီလောဆိုတာ ဘာလဲဖေဖေ” ဆိုပြီး မေးလာသည်။ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကိုကြည့်ပြီး “အင်္ဂလိပ်လိုက ဒီလိုခေါ်တယ်ကွ။ မ မှတ်မိလဲ ရပါတယ်ကွာ။ ကျက်မနေပါနဲ့။ ဒီအင်္ဂလိပ်စာလုံးနဲ့ ငါ့သား google မှာရှာကြည့်ရင်ရတယ် ငါ့သားရဲ့” ဆိုပြီး သားအဖနှစ်ယောက် အင်တာနက်ဆိုင်သို့ ချီတက်သွားကြသည်။ ဆိုင်က “လိုင်းကျနေလို့ ညနေမှ ပြန်လာပါ” ဆိုသဖြင့် သားအဖနှစ်ယောက် လ္ဘက်ရည်သောက်ကာ ပြန်လာခဲ့ကြသည်။ သားတော်မောင်၏ သိချင်သော စိတ်လဲလျော့နည်းသွားဟန်ရှိ၏။
ပထဝီကျက်ရင်း ကုန်းပြင်မြင့်ဆိုတာဘာလဲ၊ တောင်တန်းကြီးတွေဆိုတာ အကြီးကြီးလား၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဆိုတာ ဘာကြီးလဲ စ သည်ဖြင့် မေးတော်မူသဖြင့် ကိုသင်းမြိုင်တို့ လင်မယားနှစ်ယောက် အတတ်နိုင်ဆုံး ရှင်းပြကြသည်။ မြန်မာနိုင်ငံမြေပုံကြီးကို ထောက်ပြရင်း ရှင်းပြဖို့ ကြိုးစားသည်။ ကလေးနားလည်မည့် စကားလုံးများဖြင့် လင်မယားနှစ်ယောက် စကားများရင်း ရှင်းပြကြသည်။ Google Earth ဆိုတဲ့ ကွန်ပြူတာစနစ်နဲ့ ငါ့သားကိုရှင်းပြမယ်ဆိုပြီး အင်တာနက်ဆိုင်သို့ အမှတ်မရှိ ချီတက်ကြပြန်သည်။ google home page ပေါ်ဖို့ အချိန်အကြာကြီးစောင့်ရင်း မဟန်တာကိုသတိထားမိသည့် ကိုသင်းမြိုင်က သားဖြစ်သူကို မလှိမ့်တပတ်လုပ်ကာ ဓာတ်ပုံလေးတစ်ပုံ၊ နှစ်ပုံ ဘဲ ပြလိုက်ရသည်။
ကိုသင်းမြိုင် အံ့အဩဆုံးက သားဖြစ်သူ သမိုင်းပုံတွေဆွဲခြင်းဖြစ်သည်။ ဖတ်စာအုပ်ထဲက မံမီရုပ်အလောင်းပုံ၊ ပိရစ်မစ်ကြီးပုံတွေကို သား တော်မောင်ဆွဲနေတာတွေ့တော့ ဟ တယ်ဟုတ်ပါလား။ ဒုတိယ ပေါ်ဦးသက်တို့၊ ဒုတိယပီကာဆိုတို့ဖြစ်တော့မယ့်ငါ့သားကွဆိုပြီး ဂုဏ်ယူနေ ခဲ့သည်။ စာရွက်ပါးပါး၊ အဖြူအမည်း မညီမညာ ဘယ်လိုမှဆွဲဆောင်မှုမရှိသည့် ကျောင်းဖတ်စာအုပ်က ပုံတွေတောင် ဒီကောင်ကူးဆွဲနေမှတော့ နောင်ဆိုရင် သူ့မျက်လုံးကကျက်မိတဲ့ရုပ်ပုံတွေ၊ အရောင်တွေ ချဆွဲတော့မှာ အသေအချာဘဲ။ ငါ့သားစစ်တယ်။ အနုပညာဗီဇတော့ ရှိသား ဟလို့ တွေးလို့မှမဆုံးခင် သားဖြစ်သူက ငိုသံပါကြီးနှင့် “မေမေလာဆွဲပေးအုံး မဆွဲတတ်တော့ဘူး။ တူလဲ မတူဘူး” ဆိုသည့် သူ့အမေကို အ ကူအညီတောင်းသည့်အသံကြားမှ ကိုသင်းမြိုင် စိတ်ရှုပ်သွားရသည်။ သူ့မိန်းမက အရောင်ဆိုလျှင် ငါးထောင်တန်အရောင် နှင့်တစ်ထောင်တန် အရောင်လောက်ဘဲ စိတ်ဝင်စားသူ။ အနုပညာဆိုလို့ “ကိုလေး (လေးဖြူ) ရယ် တကယ်ဘဲဆိုတတ်လိုက်တာ” ဆိုပြီး အဆိုတော် လေးဖြူ သီချင်းများ ကြိုက်တာဘဲ ရှိသည်။
ဘာတွေ ဘယ်လိုမှားယွန်းကုန်ပြီလဲဆိုတာကို သိချင်လာသည်။ ကိုသင်းမြိုင် စာဖတ်ချင်ယောင်ဆောင် နေရာမှထပြီး စုံစမ်းမှ ကိုယ့်နှဖူးကိုယ် တူနှင့်ထုပြစ်ချင်လာမိသည်။ သမိုင်းဖတ်စာအုပ်ထဲမှပုံများကို ကျောင်းက ဆရာမက ပုံတူဆွဲခိုင်းသတဲ့လေ။ သမိုင်းသင်တာ မအအောင်လို့ ဆိုသည့် ဒေါက်တာသန်းထွန်းနှင့် ထိုဆရာမတွေ ပေးတွေ့လိုက်ချင်စိတ် ပေါက်လာသည်။ ကောင်းကြသေးရဲ့လားဆရာရဲ့။ သေရွာက ထ ကြည့်ပါအုံး။ နတ်ပြည်က ဆင်းကြည့်ပါအုံးလို့ ကိုသင်းမြိုင် ငိုပြစ်ချင်စိတ်တွေပေါက်လာသည်။ ကိုသင်းမြိုင် ဗီတိုအာဏာသုံးရတော့သည်။ “နောင်ဆို မင်းမှာ ဒီလိုသမိုင်းပုံတွေဆွဲရမယ်ဆို မင်းအမေကိုဆွဲခိုင်း။ မင်းလုံးဝဆွဲစရာမလိုဘူး။ အိမ်က မင်းအမေဆွဲပေးလိမ့်မယ်။ အေး မင်းဆွဲချင်သပ..အချိန်ရတယ်ဆိုရင်တော့ ဆွဲပေါ့” ဟု သားဖြစ်သူကို မျက်နှာထားခပ်တင်းတင်းဖြင့် ပြောရသည်။
မိန်းမဖြစ်သူကိုတော့ “မင်းက အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့ မလဲဆိုတဲ့စကားပုံလို လုပ်မနေနဲ့။ သားကိစ္စတွေ သိပ်မကူနဲ့ ကိုယ့်အားကိုယ် ကိုးပစေလို့ ပြောပေမယ့်ဒီလို အဓိပ္ပါယ်မရှိတာတွေတော့ ကူလေကွာ။ လုပ်ပေးလေကွာ။ မင်းကွာ ငါပြောပြန်ရင်လဲ ရန်ဖြစ်ရအုံးမယ်” ဆိုပြီး ပြောခါရှိသေး “ပြီးရော တော်ဘဲ တော့်သားကို ကိုယ့်အားကိုယ်ကိုးတဲ့လူတစ်ယောက် ဖြစ်စေချင်တယ်ဆိုလို့လေ” ဟု ပြန်ပြောတာ ခံလိုက်ရ သည်။
သားဖြစ်သူကတော့ သက်သာတာ ကြိုက်ဟန်တူသည်။ အိမ်စာပါလာသည့် သမိုင်းပုံဆွဲစရာများကို သူ့အမေ ပန်းချီဆရာမကြီးကို လွှဲအပ် လိုက်လေတော့သည်။ သမိုင်းကျက်စာများကို ကျက်တော့သည်။ ဘေးမှ အာဗြဲကြီးနှင့်အော်ပြီး သမိုင်းကျက်စာများကို အလွတ်ကျက်နေသော သားဖြစ်သူကြောင့် ကိုသင်းမြိုင် ဖတ်လက်စစာကို အာရုံစိုက်လို့မရ။ သားဖြစ်သူ၏ သမိုင်းကျက်စာတစ်ပုဒ်ကြောင့် ကိုသင်းမြိုင်စာအုပ်ကို ဗုံးခနဲ့ ပြစ်ချလိုက်ရသည်။ သားဖြစ်သူ သမိုင်းကျက်နေပုံက ….
ယိုးဒယားလူမျိုးတို့၏ စရိုက်လက္ခဏာများအကြောင်းရေးပါ။ ယိုးဒယားလူမျိုးတို့သည် ပင်ကိုယ်အရ အလှအပနှင့်အပျော်အပါးကို ခုံမင်သူ များဖြစ်ပြီး မိမိကိုယ်ကို အားကိုးလိုစိတ်နည်းပါးပြီး ကြမ်းတမ်းစွာလုပ်ကိုင်ရသောလုပ်ငန်းများကို စိတ်ဝင်စားမှုနည်းပါးသည်။
အနောက်နိုင်ငံသားတို့၏ နယ်ချဲ့မှုကို စစ်မက်မဆင်နွှဲ၍ တွန်းလှန်လိုစိတ်မရှိဘဲ နယ်ချဲ့တို့ အလိုကျ လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံ ပြီး လိမ္မာပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
“မင်းသမိုင်း ဖတ်စာအုပ် ငါ့ကိုပေးစမ်းဆိုပြီး သားဖြစ်သူ ငါးတန်းကျောင်းသား၏ သမိုင်းဖတ်စာအုပ်လေးကို ဖင်ပြန်ခေါင်းပြန် အမြန်ဖတ်လိုက် သည်။ ဒီကောင်ကျက်နေသည့် ယိုးဒယားလူမျိုးတို့၏ စရိုက်လက္ခဏာဆိုတာ မပါ။ ဒါဖြင့် ဘယ်ကနေ ဘယ်လို ဒီမေးခွန်းနဲ့အဖြေကို ဒီ ကောင်ကျက်နေရတာတုံး။ ကိုသင်းမြိုင် စိတ်ရှုပ်သွားသည်။
ကိုသင်းမြိုင်၏ ဆရာကဲ့သို့ ချစ်ကြောက်ရိုသေရသူမိတ်ဆွေမှာလဲ ငါးတန်းကျောင်းသား သားတစ်ယောက်ရှိသည်။ ဆရာ့မိန်းမက အလယ် တန်းပြဆရာမ။ ဆရာ့အိမ်ကိုဖုန်းဆက်တော့ ဆရာကတော်ဖုန်းကိုင်သည်။ ဒီတော့မှ ဇာတ်ရည်လည်တော့သည်။ ဖတ်စာအုပ်ထဲတော့ မပါ။ သင်ရိုးညွှန်းတန်းထဲမှာ တော့ ပါသည်။ ၂၀၀၂ ခုနှစ် ယိုးဒယားတွေနဲ့ ရန်ဖြစ်မယ်ဆိုတော့ ဒေါက်တာနာမည်ခံ ဆရာမကြီးလက်ချက်တွေဆို တာ သိလာရသည်။ အခုအချိန်ထိ မပြင်ဖြစ်ကြသေးတာတဲ့လေ။ ဒါကြောင့် သမိုင်းသင်သော ဆရာမတွေက ကျက်ခိုင်းဟန်ရှိသည်။ က လေးတွေကို ကျက်ခိုင်းကြသည်။ ဒီကိစ္စမှာတော့ ကိုသင်းမြိုင် တစ်ချက်လွှတ်အာဏာသုံးလို့မဖြစ်တော့။ မကျက်နဲ့ကွာ။ စာမေးပွဲမှာ ပါလဲ မဖြေနဲ့ဟုပြောလိုက်လျှင် သူ့အမေနှင့် ထိပ်တိုက်တိုးပေတော့မည်။
သားဖြစ်သူကို စာကျက်တာရပ်ခိုင်းပြီး ရှည်ရှည်ဝေးဝေးရှင်းပြရသည်။ “သမိုင်းသင်တယ်ဆိုတာ ငါ့သားရယ် အတိတ်ကိုသိအောင်။ သင်ခန်း စာယူနိုင်အောင်ပေါ့။ ငါ့သား သုံးတန်းတုံးက အချဉ်ပေါင်းတွေ အရမ်းစားလို့ အီးတွေ အရမ်းပါတယ်မို့လား။ ငါ့သားက အဲဒီဖြစ်ခဲ့တာကို မေ့လိုက်ပြီး အချဉ်ပေါင်းတွေ အရမ်းထပ်စားရင် ငါ့သား အီးတွေထပ်ပန်းမှာပေါ့။ အဲဒီလိုပေါ့သားရယ်။ သမိုင်းဆိုတာ သိလေကောင်းလေ။ ဒါပေမယ့်သင်ခန်းစာမယူတတ်ရင်၊ မှားပြီးသားကို ထပ်ထပ် ထပ်ထပ်မှားရင် သမိုင်းသင်ရတာ အလကားပါသားရယ်။ ပြီးတော့ ဘယ်လူမျိုး မဆို၊ ဘယ်နိုင်ငံသားမဆို အားနည်းချက်၊ အားသာချက် အနည်းနဲ့ အများရှိကြတာပါဘဲ။ သူများအားနည်းချက်ကို လက်ညှိုးထိုး၊ အပြစ်ရှာပြီး ပြောနေမလား။ သူတို့ ဘာအားသာသလဲ၊ သူတို့ ဘာတော်သလဲဆိုတာကြည့်ပြီး သူတို့လိုတော်အောင် ကြိုးစားမလား.. ငါ့သားဆို ဘာလုပ်မ လဲ” ဆိုပြီးမေးတော့ သားတော်မောင်က အဖေဖြစ်သူအကြိုက် တော်အောင်လိုက်ကြိုးစားမှာပေါ့ဟု ဖြေပေးရှာသည်။ ဒီကောင့်စိတ်ထဲမှာ သူတစ်ဖက်သားကို နှိမ်ချင်တဲ့စိတ်တွေများ ဝင်ကုန်မှာလားမသိဟုတွေးမိကာ ကိုသင်းမြိုင် ရင်တွေကျပ်လာသည်။ ပါးရိုက်ရင် နားကိုက်မယ် ဆိုသည့် စိတ်အစုတ်အပဲ့တွေ မဝင်ပါစေနဲ့လို့ ဆုတောင်းမိသည်။
ခွင့်ပြည့်လို့ ကိုသင်းမြိုင် နိုင်ငံခြားကိုပြန်တော့ သားအမိ မျက်နှာငယ်လေးဖြင့် မင်္ဂလာဒုံလေယာဉ်ကွင်းကို လိုက်ပို့ရှာကြသည်။ သားအမိကို ဟာသတွေပြော၊ စနောက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေဖို့ ကိုသင်းမြိုင်ကြိုးစားပေမယ့်သူ့ရင်ထဲမှာတော့ ဘယ်တော့မှ ဟောင်းနွမ်းမသွားသော ငိုချင်စိတ်တွေ ပေါက်လာသည်။ PLB (passenger loading bay) လေးခုသာရှိသောလေယာဉ်ကွင်းမှာ ကိုသင်းမြိုင်တို့ မိသားစုအပြင် နိုင်ငံခြားသွားမည့်သူများဖြင့် လောကကြီးက အစီအစဉ်မကျမနစွာ ရှိနေခဲ့သည်။ အနံ့အသက် မကောင်း၊ ကွမ်းတံထွေးတွေ စွန်းထင်နေသည့် အိမ်သာထဲသို့ဝင်ကာ မျက်ရည်လည်လာတာကိုဖုံးကွယ်ဖို့ မျက်နှာသစ်လိုက်ရသည်။
ကိုသင်းမြိုင်သွားမည့် အရှေ့အလယ်ပိုင်းနိုင်ငံငယ်လေးကို ရောက်ဖို့ ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိ လေယာဉ်ကွင်းမှာ လေယာဉ်ပြောင်းစီးရသည်။ သုဝဏ္ဏဘူမိရောက်တော့ ပြောင်းစီးမည့်လေယာဉ်ရှိရာသို့ မျက်စိမလည်ဘဲရောက်အောင် အတော်ကြီးသတိထားလိုက်ရသည်။ ရေမွှေးနံ့ သင်းသင်း၊ တောက်ပြောင်ဝင်းလက်နေသော အိမ်သာထဲသို့ဝင်ပြီး ကိုသင်းမြိုင် အပေါ့အပါးသွားစဉ်မှာ သားဖြစ်သူ၏ သမိုင်းကျက်စာကို သတိရလာသည်။ ရင်ဘတ်တွေ အောင့်လာ၏။ ထို့နောက် အားရပါးရရီချင်လာ၏။ ကိုသင်းမြိုင် အသံထွက်အောင်ရီမိသည်။ အိမ်သာမှ ပြန် အထွက် တစ်ယောက်တည်း အသံထွက် ရီနေသောအခါ လေယာဉ်ကွင်း ဝန်ထမ်းဖြစ်ဟန်တူသည့် ထိုင်းတစ်ယောက်က ကွက်ကြည့်၊ ကွက် ကြည့် ကြည့်သွားသည်။ ရီခြင်းမှာ ဘာသာစကားအတူတူဖြစ်သဖြင့် ကိုသင်းမြိုင်တွန့်ဆုတ်မနေတော့ဘဲ တဟားဟားအော်ရီရင်း လေ ယာဉ်ရှိရာဂိတ် သို့ လျှောက်လာမိတော့သည်။
pooch
September 15, 2012 at 2:05 pm
ဒီသမိုင်းရီသံကို သဘောအကျဆုံးပဲ အရီး။
သိပ်မကြာခင်က ထွက်ခဲ့တဲ့ သန့်မြင့်ဦးရဲ့ ကိုယ်တိုင်ရေး မြန်မာ့သမိုင်း( ခြေရာပျောက်မြစ်ကို) ဝေဖန်ထားတဲ့ ခုလတ်တလော ထွက်လာတဲ့ ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ ဆိုတဲ့ ဝေဖန်ချက်စာအုပ်ထွက်လာပါတယ်။
သမိုင်းဆိုတာ ဒုတ်ဆွဲဓားထမ်းပြောရတဲ့ ရာဇဝင်ရှိခဲ့ပေမဲ့ ဒီစာအုုပ် ၂ အုပ်ကို ကြားလူတယောက်က( သမိုင်းသုတေသီ professional ) တယောက်ရဲ့ ကြားဝေဖန်ချက်လေးများ ကို ကြားချင်မိတာ အမှန်ပါ။
သေချာနေတာကတော့ အရီးရေ ကျမတို့တွေ အရှိကို အရှိအတိုင်း လက်ခံတတ်အောင် အတော်လေး ကြိုးစားယူရအုန်းမယ် ဆိုတာလေးပါ။
အရီးခင်လတ်
September 15, 2012 at 6:36 pm
သမီးရေ
သမိုင်းကတော့ သမီးအကြိုက်ဖြစ်မှာဘဲ။ 🙂
(ကို)သန့်မြင့်ဦး (ဦးသန့် မြေး) ရဲ့ The River of Lost Footsteps စာအုပ် မူရင်းကို လတ်တလော ကြားနေရတာ။ (ကိုယ်ဖတ်တာမဟုတ် ;-))
အဲဒီထဲက မြန်မာ-အင်္ဂလိပ် စစ်ပွဲ အကြောင်း ပြောထားတာ တွေထဲမှာ အင်္ဂလိပ် တွေဖက်က မြန်မာစစ်တိုက် ပုံအကြောင်း ပြောထားတာလေး ကို ကြုံတုန်း မျှချင်ပါတယ်။
ကိုယ့်လူမျိုး အကြောင်း ကိုယ်ထင်တာထက် သူများ က ဘာပြောတယ် ဆိုတာ ပိုစိတ်ဝင်စားလိုက် မိလို့ပါ။
(ဖတ်ပြီး သူတွေလဲ ရှိမှာပါ။ ပြောတာလွဲ ရင် ကျွန်မ ရေးတာ မှားတာပါ။)
သူတို့က မြန်မာတွေ ရဲ့ စစ်ဆင်ရေးထဲမှာ မြေကျင်းတူးပြီး တိုက်တဲ့ မြေကတုတ် တိုက်ပွဲ ပုံစံ ကို အတော် အထင်ကြီး သွားတယ် ဆိုတာဘဲ။
အဲဒါကို အတုခိုးပြီး အင်္ဂလိပ် နဲ့ ပြင်သစ် စစ်တိုက် တော့ အဲဒီနည်း ကို ယူသုံးသတဲ့။
နောက်ပြီး အရီးတို့ ရဲ့ စစ်သူကြီး မဟာဗန္ဓုလ အကြောင်းကို လဲ ဝေဖန်သေးတယ်။
အဲဒီထဲက တစ်ခုပြောရရင် မဟာဗန္ဓုလ မကျဆုံးခင် ရှေ့တန်းမှာ တပ်တွေ ကို စစ်ဆေး ချိန်မှာတောင် ရွှေထီးတဝင်းဝင်း နဲ့ သွားနေတာ မို့ ရန်သူ တွေက အလွယ်သိပြီး သူ့ကို ကျအောင် ပစ်လိုက်နိုင်တာ တဲ့။
အဲဒီနောက် မှာ အတွေးဆက်လိုက်မိတာလေး က စစ်သူကြီး ရဲ့ နောက်ဆုံး စကားပါ။
” ငါတို့ဟာ စစ်ပွဲမှာ ရှုံးချင်ရှုံးမယ်။
အကောင်းဆုံး တိုက်ပြီး အသက်တွေစွန့်မယ်။
ဒါပေမဲ့ သတ္တိ နဲလို့ တိုက်ရည်ခိုက်ရည် ညံ့လို့ ရှုံးတာ မဟုတ်ဘဲ ခေါင်းဆောင် ကျဆုံး သွားလို့ စစ်ပွဲရှုံးတာ လို့ ဘဲ သူတို့ သိရမယ်။” တဲ့။
အဲဒီမှာ အရီးတို့ ရဲ့ စစ်သူကြီးဟာ သူ့ကို တမင် ပစ်အောင် ရွှေထီးဆောင်းပြသွားသလားလို့။ ရူးကြောင်ကြောင် တွေးမိသေး။
စစ်သူကြီး ရဲ့ စီးကွင့်ထိုး ဖိနပ် (Boot) ကို လန်ဒန်က “Royal Armouries” မှာ ပြထားသတဲ့။
ကိုယ်က သမိုင်းကို ကျွမ်းကျင်စွာ လေ့လာခဲ့သူ မဟုတ်လေတော့ စာတစ်အုပ်၊ ဆောင်းပါးတစ်ပုဒ် ဖတ်ရုံနဲ့ ဘာကိုမှ မဝေဖန်ရဲပါဘူး။
(ကို)သန့်မြင့်ဦး ရဲ့ စာအုပ် ကို ပြန်ဝေဖန်ထားတာ တော့ အခွင့်ရရင် ဖတ်ချင်သား။
ဘယ်သူ ရေးတာလဲ သမီးရေ။
ဒီအချိန် ကိုစံလှကြီး များ အဲဒါတွေကို သူအမြင် နဲ့ ထပ်ဝေဖန် ပြခဲ့ရင် အရီးတို့ တွေ ရှူဒေါင့်အမြင် ဘက်ပေါင်းစုံ ကို တွေ့နိုင်မှာဘဲ။
ကိုစံလှကြီး ရှင့်
အချိန်လေးများ ရရင် ကျွန်မတို့ ကို အဲဒါတွေရဲ့ ဆက်စပ်တဲ့ ဗဟုသုတ အမြင်လေးများ မျှပါဦး။ 🙂
pooch
September 15, 2012 at 9:48 pm
ိမောင်သွေးချွန်ရေးတာပါ အရီး ။ အတော်များများ ဝေဖန်ထားပါတယ်။ဝေဖန်ထားတဲ့ ဆောင်းပါး ၆ ပုုဒ်ကို စုပြီးပြန်ထုတ်တာပါ။ နာမည်က ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ တဲ့။
ကိုးကားထားတဲ့ညွှန်းစာကျမ်းညွှန်း ၁၄ မျက်နှာခွဲကိုမြန်မာလို တလုံးမှမပါ အင်္ဂလိပ်လိုချည်းပဲ လိုပြောပါတယ်။
ဒီလောက်ကိုးကားပြီး မြန်မာ့သမိုင်းကို ရေးထားတာခြေရာလည်းပျောက် ရေလည်းနောက်လို့ ဆိုုပါတယ်။သမိုင်းကြွေးပေးဆပ်ရမဲ့ အမှားတွေကို တင်ပြတယ်လို့လည်း ဆိုပါတယ်။
အရီးရေ အဲ့ဒီစာအုပ်ကိုမနက်ဖြန်သွားဝယ်ပြီး ဖတ်လိုက်ပါအုန်းမယ်။ စကန်ဖတ်ပြီး အရီးဆီပို့ပေးပါ့မယ်။ ခဏတော့စောင့်နော် အရီး။
ခြေရာပျောက်မြစ်က စာမျက်နှာပေါင်း ၆၇ဝ ရှိတဲ့ စာအုပ်ထူကြီးပါ။ အနော်အကြမ်းဖတ်ပီးပါပြီ။ အသေးစိတ်ပြန်ဖတ်နေဆဲတန်းလန်းပါ။ မြင်မိသလောက် သူကိုးကားထားတာတွေက ကိုယ့်နိုင်ငံသားမဟုတ်တဲ့ တကမာ္ဘလုံးက နိုင်ငံခြားသားအများစုရဲ့ အမြင်တွေနဲ့ ပြုစုထားတဲ့ ကျမ်းတွေပါ ။ အတော်လေး စုံပါတယ်။
ကမာ့္ဘကျမ်းတွေ ကိုးကားပြီး သူ့အမြင်နဲ့ အရိုးဆုံးရေးဟန်နဲ့ရေးခဲ့တာပါ။ ဒီမှာတွေ့လေ့ရှိတဲ့ သမိုင်းစာအုပ်တွေနဲ့ ကွာပါတယ်။ ဒါသူ့ထူးခြားချက်ပါ။ အမြင်သစ် ရှုထောင့်သစ်တွေ ပါတယ်။
အနော့်အမြင်တော့ လို်နေတာ ဒီလို အမြင်သစ် ရှုထောင့်သစ် အတွေးသစ်တွေပါ။
အပေါ်က အရီးတင်တဲ့ သမိုင်းရီသံကို ဖတ်မိတော့ တိုက်ဆိုင်လိုက်တာလို့တောင် တွေးမိတယ်။
အနော်တို့တွေ နိုးထဖို့ အချိန်တန်ပြီ။ အရှိကို အရှိတိုင်း အမှန်ကို အမှန်တိုင်း မြင်တတ်ဖို့လည်းလိုပြီ ။
နောက်တခုက သူများတွေရဲ့ ကိုယ့်အပေါ်ထားတဲ့ အမြင်မှန်ကိုလည်း လက်ခံနိုင်ဖို့လိုပါတယ်။
သမိုင်းရာဇဝင်ဟာ ကိုယ်မပိုင်နိုင်တဲ့ အရာမို့ ကျမလည်းအကျယ်မပြောတတ် မပြောဝံ့ပါဘူး။
ဒါပေမဲ့ ဖတ်မိခဲ့သလောက် သမိုင်းတွေထဲမှာ ဒီစာအုပ်ဟာ အထူးခြားဆုံး လို့ပဲပြောချင်ပါတယ်။
၂ အုုပ်လုံးကို အသေအချာဖတ်ပြီးပြီဆိုရင် တခုခုကိုတော့ ပြောပြလို့ သိနိုင် ရနိုင်ကောင်းပါရဲ့။
နောက်အပေါ်မှာပြောခဲ့သလိုပဲ ကိုစံလှကြီးတို့လို ကြားလူတယောက်ရဲ့ ဝေဖန်မှုကိုလည်း တကယ်ပဲ ကြားချင်လှပါတယ်။ ဗဟုသုတအနေနဲ့ရော သမိုင်းမှတ်တမ်းတခုအနေနဲ့ရောပါ။
kai
September 16, 2012 at 1:18 am
အမှတ်မမှားရင်.. မြန်မာတွေအကြောင်းကို.. ယူအက်စ်ကွန်ဂရက်စာကြည့်တိုက်မှာ.. တော်တော်လေး( တော်တော်လေး)ကို စုံအောင်စုထားပါတယ်..
တချို့သမိုင်းအဖြစ်အပျက်တွေကို.. မြန်မာတွေ(ရာဇဝင်အနေနဲ့) မှတ်တမ်းတင်ပုံနဲ့.. အင်္ဂလိပ်တွေမှတ်တမ်းတင်ပုံ မတူဘူးဆိုတာ.. သတိထားမိတယ်..
သိသိသာသာ ကွာတာပါ..
အင်္ဂလိပ်/ပြင်သစ်/ပေါ်တူဂီတို့က.. မှတ်တမ်းတင်တယ်ဆိုတာထက်. စစ်တိုက်ဖို့အတွက်..ရီပို့ရေး..ထောက်လှမ်းရေးလုပ်သလို.. ရေးခဲ့ကြတာတွေလည်း.. ပါတာမို့ပါ…။
ဆိုတော့…
သမိုင်းဘာသာရပ်နဲ့.. PhDရတဲ့..ဒေါက်တာသန့်မြင့်ဦးက.. ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်တွေ အကုန်ဝင်ထွက်ဖတ်နိုင်သူမို့.. သူ့မှတ်တမ်းကို.. ပိုပြီးယုံမိတယ်..။
သူ့စာအုပ်က.. အင်မတန်ရောင်းရတာပဲ..။ သဘောက.. ကမ္ဘာ့လူအများစုရဲ့.. မှတ်ကျောက်တင်တာ.. ခံရပြီး..အောင်မြင်တဲ့သဘောပေါ့..။
အခုတော့…. သူကိုယ်တိုင်မြန်မာပြည်ထဲ.. (ဆိုင်ရာနိုင်ငံတော်အဆင့်မှတ်တမ်းတွေ..ယူဖတ်နိုင်တဲ့…)ထိပ်ပိုင်းရာထူးနေရာယူထားနိုင်ပြီမို့..
အင်း..
သူလိုလူ… ဒီခေတ်မှာ..နောက်ထပ်ရှိလာမယ်….လို့… မ..ထင်..ကြောင်း….။
သူ့အဆင့်ကို ဝေဖန်အမှားထောက်ပြီးစာအုပ်ထုတ်မယ် ဆိုရင်.. နည်းနည်းတော့ ရယ်စရာဖြစ်နေကြောင်း..
ဘာပဲဖြစ်ဖြစ်.. မောင်သွေးချွန်စာတွေ ဖတါကြည့်ချင်ပါကြောင်း..
မျှစေလိုပါကြောင်း..
=
အောက်ကပုံက. ဒေါ်အောင်ဆန်းစုကြည်နဲ့.. ဦးသန့်မြင့်ဦးမိသားစုရဲ့ရင်းနှီးမှုအတိုင်းအတာ ခန့်မှန်းနိုင်မဲ့ပုံပါ.
အရီးလတ်မှ.. ကော်ပီကူးကျေူးဇူးပြုကြောင်း..
အရီးခင်လတ်
September 22, 2012 at 7:55 pm
သမီးရေ
ပို့လိုက်တဲ့ pdf file လေးအတွက် အထူး ကျေးဇူးပါနော်။
အံ့ဩဖွယ် ကောင်းတာတစ်ခု ကတော့ ဘာသာပြန်စာအုပ်မှာ အမှား တွေ ကို တွေ့နေပါရက်၊
ဘာသာပြန် မှား တယ် ဆိုကထဲ က အဓိပ္ပါယ်ပါလွဲ နေပြီ ဆိုတာ သိနိုင်ပါရက်
ဘာလို့ မူရင်း စာအုပ်ကို ဖတ်ပြီး မဝေဖန်ဘဲ
မှား နေတဲ့ ဘာသာပြန် က စာတွေ နဲ့ ယူပြီး ဝေဖန် နေခဲ့တာလဲ ဆိုတာ ပါ။
အရီး ဆက်ပြောဖို့ ကြိုးစားချင်ပါသေးတယ်။
kai
September 23, 2012 at 6:17 am
အဲဒီကဗျာကို..
ဦးသန့်မြင့်ဦးက.. အင်္ဂလိပ်လိုရေး..
အဲဒါကို.. ဘာသာပြန်ဆရာမ မြနှင်းဆီ. ဘာသာပြန်ထည့်လိုက်တာ..
တဲ့..
ဘာသာပြန်သူရဲ့.. ပြန်ဆိုမှုကို..နှိမ်ချတာလည်းမဟုတ်..။ ဦးသန့်မြင့်ဦးစာအုပ်ကို အပစ်ပြောတာလည်းမဟုတ်..
.. ရယ်ချင်မိတာ….. :kwi:
အရီးခင်လတ်
September 17, 2012 at 2:27 pm
မြန်မာပြည်မှာ လိုအပ်နေတဲ့အရာ (ဖရန့်စစ်ဖူကူယားမား)
by Nyi Saw Lwin on Friday, September 14, 2012 at 12:55pm ·(From Facebook)
Original Link –
http://blogs.the-american-interest.com/fukuyama/2012/09/06/what-myanmar-needs/
မကြာခင်က သွားခဲ့တဲ့ ကျနော့်ရဲ့ ခရီးမှာ မွန်ဂိုးလီယားကနေ ဒုတိယခရီးတထောက်ကတော့ မြန်မာပြည်ဖြစ်ပါတယ်။ (အူလန်ဘာတောကနေ နေပြည်တော်ကို သွားရတဲ့ ခရီးစဉ်က မလွယ်ပါဘူး)၊ Johns Hopkins တက္ကသိုလ်၊ အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးဌာန (SAIS) က ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း (Roger Leeds) နဲ့ ကျနော်တို့ နှစ်ယောက် မြန်မာပြည်မှာ ပုဂလိက ကဏ္ဍဖွံ့ဖြိုးရေးရက်တိုသင်တန်းလေးတခုပေးခဲ့ပါတယ်၊ ဖွံ့ဖြိုးရေး ဆိုင်ရာ ခေါင်းဆောင်မှုအကယ်ဒမီ (Leadership Academy for Development) လို့ ကြီးကျယ်တဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ နှစ်ယောက် ပူးတွဲရေးဆွဲထားတဲ့ သင်ရိုး ညွန်းတမ်းကတော့ Harvard Business School (HBS) က သင်ရိုးတွေကို အခြေခံထား ပါတယ်။ အစိုးရ ကဏ္ဍကို ပြုပြင်ပြောင်းလဲရင်း ပုဂလိက ကဏ္ဍကို ဖွံ့ဖြိုးလာအောင် လုပ်တဲ့ နည်းလမ်းတွေထဲမှာ အစိုးရအခန်းကဏ္ဍ မပါတဲ့နည်းလမ်းရော၊ စီးပွားရေးလုပ်ငန်းတွေမှာ အစိုးရက ဝင်ရောက် ကူညီတဲ့ နည်းလမ်းတွေပါ ထည့်သွင်းရေး ဆွဲထားပါတယ်၊
အဓိက ရည်ရွယ်တာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အစိုးရကဏ္ဍတွေထဲမှာ အကတိ လိုက်စားမှုတွေနဲ့ အလုံးစုံ ပျက်စီးကိန်း ဆိုက်နိုင်လောက်တဲ့ အသက်အရွယ်မတိုင်သေးတဲ့ တချိန်ချိန်ကျရင် ပြုပြင်ပြောင်းလဲရေးသမားတွေ ဖြစ်လာနိုင်တဲ့ လူငယ်အလယ်အလတ် တန်းစား ခေါင်းဆောင်တွေ အတွက် ရည်ရွယ်ပါတယ်၊ ရန်ကုန်မှာတော့ လူထုအခြေပြု အဖွဲ့အစည်းတွေက လှုပ်ရှားတက်ကြွသူတွေနဲ့ လွှတ်တော်အမတ်တချို့ကို အကျဉ်းရုံးပြီး သင်တန်းပို့ချခဲ့ပါတယ်၊ နေပြည်တော်မှာတော့ အစိုးရဌာနတွေက ဗျုရိုကရက်အရာရှိတွေကို သင်တန်းပေးခဲ့ပါတယ်၊
ပြီးခဲ့တဲ့ နှစ်က မြန်မာပြည်က ထူးခြားတဲ့ အဖြစ်အပျက်တွေကို စောင့်ကြည့်ခဲ့တဲ့ လူတွေက အရင်ဆုံးမေးကြတဲ့ မေးခွန်းကတော့ မြန်မာပြည်က ဒီမိုကရေစီလမ်းစပွင့်လာတာတွေက တကယ်မှဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းပါပဲ၊ ဘယ်အရာကိုမျှ လျှော့တွက်လို့ မရဘူးဆိုတာ အမှန်ပါပဲ၊ မြန်မာစစ်တပ်က အာဏာရှင်စနစ်ကို တစ်ကနေ ပြန်စနိုင်တဲ့ အခင်းအကျင်တွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် မြန်မာပြည်က ပြည်သူတွေ တော်တော်များများကတော့ ရေရှည်အတွက် အခုမှ လမ်းပွင့်ခါစ အခြေအနေဟာ စစ်ခေါင်းဆောင်ပိုင်းက တော်တော် များများရဲ့ သဘောဆန္ဒကိုလည်း ထင်ဟပ်နေတယ်လို့ ဆိုကြပါတယ်၊
ဒီအခြေအနေတွေဖြစ်အောင် စတင်အကောင်အထည်ဖော်ခဲ့သူက အရင်စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါပဲ၊ သူ့အရှေ့က ဦးနေဝင်းလို ဘဝမျိုးဖြစ်မှာကို သူမလိုလားခဲ့ပါဘူး။ ဒီလိုနဲ့ ရှေ့ရိုးစွဲ ဗိုလ်ချုပ်တွေကို ပါလီမန်ထဲကို အတင်းပို့လိုက်ပါတယ်၊ ပိုပြီး အရည်အချင်းရှိတဲ့ လူတွေကို ဝန်ကြီးဌာနတွေကို ကိုင်ခိုင်းလိုက်ပြီး၊ စစ်တပ်ကိုတော့ သူ့ကို ကျေးဇူးသိတတ်မယ့် နှိုင်းယှဉ်ချက်အရ ငယ်ရွယ်တဲ့ အရာရှိတွေရဲ့ လက်ထဲကို အပ်လိုက်ပါတယ်၊ ဒီလုနဲ့ စစ်တပ်ထဲမှာ တတိယနေရာနဲ့ သမတနေရာအတွက် တန်းစီနေတဲ့ သူရရွှေမန်းလည်း ပါလီမန် ဥက္ကဌဘဝရောက်သွားပါတယ်၊ ဒီအပြောင်းအလဲတွေထဲမှာ ဗိုလ်ချုပ်ဟောင်း လက်ရှိသမတ ဦးသိန်းစိန်အတွက် တက်လမ်းပွင့်သွားပြီး၊ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ဖမ်းထားတာကို လွှတ်ပေးလိုက်သလို၊ နိုင်ငံရေး အတိုက်အခံတွေကိုလည်း ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ အယောက် (၄၀) ကျော် ရွေးကောက်ခံရပြီး ပါလီမန်ထဲကို ဝင်သွားကြပါတယ်၊
တကယ်တမ်းပြောရရင် စစ်တပ်နဲ့ သမတလက်ထဲက အာဏာကို ပါလီမန်ထဲဆီ အလွှဲအပြောင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက်ပြသနာတွေကို ဖန်တီးလိုက်ပါတယ်၊ လက်ရှိပါလီမန်ဆိုတာက စစ်တပ်အရာရှိဟောင်းတွေနဲ့ (နေရာအတော်များများကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်ပြုထားရတာဖြစ်ပါတယ်)၊ စစ်တပ်နဲ့ မကင်းရာမကင်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အရပ်သား မဟာမိတ်တွေနဲ့ပဲ ပြည့်နေပါတယ်၊ သူတို့တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ စစ်တပ်နဲ့ ပေါင်း၊ ခရိုနီအရင်းရှင်စနစ်ကို ကျင့်သုံးရင်း ချမ်းသာလာသူတွေဖြစ်တဲ့အတိုင်း၊ တချို့ ဆိုရင်လည်း၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအလွန် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းတင်နိုင်ရေးအတွက် အသဲအသန်လိုအပ်နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို တောင်တောင် အီအီနဲ့ အချိန်ဆွဲနေကြပါတယ်။ စီးပွားရေးလောကရဲ့ ရေပေါ်စီသမားတွေဟာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရမှာကို ကြောက်လန့်တကြားနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ချင်တာနဲ့ အမျိုးသားစီးပွားရေးဆိုတဲ့ ဆင်ခြေတွေကို သုံးနေကြပါတယ်၊
၂၀၀၅ ခုနှစ်တုန်းက တည်ဆောက်ထားတဲ့ မြန်မာပြည်ရဲ့ မြို့တော်သစ် နေပြည်တော်မှာလည်း ခရိုနီအရင်းစနစ်ဟောင်းက လက်ရာခြေရာတွေ တပြုံတမကြီး ရှိနေပါတယ်၊ နေပြည်တော် ဆိုတာက အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေဖြစ်ပေါ်လာရင် ရှောင်နိုင်ဖို့ တည်ဆောက် ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြတဲ့ အလွန်ကိ်ု ထူးခြားဆန်းကြယ် မြို့တမြို့ပါပဲ၊ ဝန်ကြီးဌာနတွေ တခုနဲ့ တခုကြားမှာ ခပ်ကျယ်ကျယ်ခွာထားပြီး၊ ဗလာကျင်းနေတဲ့ ဧရာမ လမ်းသွယ်ကြီးတွေနဲ့ ဆက်ထားပါတယ်။ သမတ အိမ်တော်ကလည်း အမေရိကန်သမတရဲ့ အိမ်ဖြူတော်နဲ့ အဆပေါင်းများစွာ ကြီးပြီး၊ သမတအိမ်ရှေ့က လမ်းမကြီးကလည်း လမ်း ၂ဝ သွား လမ်းမကြီးဖြစ်နေတာ တွေ့ရပါတယ်။ ကျနော်တို့ တည်းခိုတဲ့ ခေတ်မှီဟိုတယ်ကြီးဆိုတာကလည်း အပျံစားဆိုပေမယ့် တည်းခိုတဲ့လူက မရှိသလောက်ပါပဲ။ ဟိုတည်နဲ့ တလမ်းထဲမှာ ဇိမ်ခံဟိုတယ် အနည်းဆုံး ဒါဇင်ဝက်လောက်က ဆောက်လက်စဖြစ် ပါတယ်၊ မြန်မာပြည်မှာ လာမယ့်နှစ်မှာ ကျင်းပဖို့ရှိတဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့၊ နောက်တနှစ် အာဆီယံထိပ်သီးအစည်းအဝေးအတွက် တည်ဆောက်နေ တာပါ၊ ဒီနှစ်ပွဲကလွဲရင် ဟိုတယ်တွေဟာ စီးပွားရေးအရ တွက်ချေကိုက်မယ့် အလားအလာ လည်း မရှိပါဘူး။ အစိုးရက သူတို့ရဲ့ စီးပွားရေးဘက်တော်သားတွေကို တခြားမက်လုံးတွေကို ပေးထားတာ သက်သက်ကြောင့်ပဲ အခုလို ဟိုတယ်တွေကို ဆောက်နေကြတာဖြစ်ပါတယ်၊
အမျိုးမျိုးသော နိုင်ငံရေးဖိနှိပ်မှုတွေအောက်က ဒုသားပေသားကျနေတဲ့ မြန်မာပြည်က အရပ်ဘက်က အဖွဲ့အစည်းတွေရဲ့ ဒဏ်ခံနိုင်စွမ်းကလည်း အတော်ကို အံ့ဩလောက်ပါတယ်။ ထောင်ထဲမှာ ၁ဝနှစ်၊ ၁၂နှစ်၊ ၁၈ နှစ် အသီးသီးကျခံရသူတွေ တသီတတန်းကြီးနဲ့ မိတ်ဆက်ရ ပါတယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေထဲမှာ ကျနော့်စာအုပ်တွေကို မြန်မာဘာသာပြန် သလို၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း တခြားအမြင်တွေကိုလည်း မိတ်ဆက်ပေးတဲ့ ကွန်မြူနစ်ဟောင်း တယောက်လည်း ပါလာပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကတော့ ရုတ်ရုတ်သဲသဲနဲ့ အလုပ်များနေတဲ့ နေရာပဲ၊ အကြောင်းမလှတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ ကမ္ဘာ့အဆိုးဆုံး (အဖိနှိပ်ဆုံး) အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံမှာ ပြည်သူတွေရဲ့ ပါဝင်မှုတွေ အခုလောက် ရှိနေတာကို တွေ့ရတော့လည်း အထူးတလည် မအံ့ဩဘဲ မနေနိုင်ပါဘူး။
အခုကာလမှာ စီးပွားရေးပညာရှင်တွေအပေါ်မှာ ကျနော့်ရဲ့ အမြင်က သိပ်ကြည်လှတယ် မဟုတ်ပေမယ့် မြန်မာပြည်ခရီးမှာ ရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့ အချက်ကတော့ မြန်မာပြည် အတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အခုထပ်ပိုပြီး မလိုအပ်တော့ဘူးဆိုတာပါ။ အင်ဒိုနီးရှားမှာ လိုမျိုး အမေရိကန်မှာ ပညာတတ်ပြီး တိုင်းပြည်ပြန်လာကြတဲ့ စီးပွားရေး ပညာရှင်တွေ (ဘာကလေမာဖီးယားတွေ) လိုအပ်နေပါတယ်။
မြန်မာပြည်မှာ နေရာတိုင်းမှာ လိုအပ်ချက်တွေက မယုံနိုင်အောင် များလွန်းပါတယ်၊ ငွေအလွှဲ အပြောင်းတွေ လုပ်နို်င်တဲ့ ဘဏ်တွေ မရှိတဲ့အတွက် နိုင်ငံခြားသားတွေ မြန်မာပြည်ထဲ သွားမယ်ဆိုရင် ဘဏ်စာရင်းတွေကို ပိတ်ထားပြီး အမေရိကန်ဒေါ်လာ အသစ်ကျပ်ချွတ် ငွေသားတွေကိုပဲ ယူသွားဖို့ပဲ အကြံပြုပါတယ်။
နေပြည်တော်က လွဲရင် တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံပိုင်းက ဖရိုဖရဲပါပဲ၊ နယ်စပ်တွေကို ကုန်ပစ္စည်းတွေ ဖြတ်သန်းဖို့က ခက်ခဲသလောက်၊ မုတ်သုန်ရာသီလွန်ရင် လျှပ်စစ်မီးကလည်း အလွန်ပျက်တတ်ပါတယ်။ အထီးကျန်နိုင်ငံဖြစ်ခဲ့တဲ့ အကျိုးဆက်တွေ ထဲက တခုကတော့ တိုင်းပြည်မှာ လူသားအရင်းအမြစ်လိုအပ်ချက်က အလွန်ကြီးမားပါတယ်၊ မြန်မာပြည်မှာ အင်္ဂလိပ်စာသင်တာကို ၁၉၆၄ မှာ ရပ်ဆိုင်းခဲ့ဖူးပါတယ်၊ ကျောင်းသား လှုပ်ရှားမှုပြီးတဲ့နောက် ၃ နှစ်လုံးလုံး တက္ကသိုလ်တွေကို ပိတ်ထားပါတယ်။ ပြင်ပကမ္ဘာက အကြောင်းတွေကို သင်ချင်တတ်ချင်စိတ် အကြီးအကျယ် ငတ်မွတ်နေ တာတွေကိုလည်း တွေ့ခဲ့ရပါတယ်၊ ဒီကွက်လပ်ကို ဖြည့်ဖို့ ဆိုရင်တော့ မျိုးဆက်တဆက်မက အချိန်ယူရ ပါလိမ့်မယ်။
မြန်မာနဲ့ မွန်ဂိုလီးယားတို့ ကြားမှာ အင်္ဂလိပ်စာ အမ် (M) နဲ့ စတဲ့ နိုင်ငံတွေ ဖြစ်တာချင်း တူရုံ သာမက တရုတ်နဲ့ အိမ်နီးချင်းတွေဖြစ်တာလည်း အတူတူ၊ တရုတ်ပြည်အပေါ် စိုးရိမ်တကြီးနဲ့ မလိုလားတာချင်းလည်း တူကြတဲ့ အကြောင်း မကြာခင်တုန်းပဲ ကျနော် ပို့စ်တခု ရေးထား ဖူးပါတယ်။ တရုတ်ပြည်ရဲ့ အတောမသတ်တဲ့ လူသုံးကုန်ပစ္စည်း လိုအပ်ချက်ကို အကြောင်းပြုလို့ သတ္တုတူးဖော်ရေးလုုပ်ငန်းတွေ ထောင်တက်သွားတယ်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားလက်ကနေ ရုန်းထွက်နိုင်ဖို့ မွန်ဂိုလီးယား အစိုးရဟာ တတိယ အိမ်နီးချင်းပေါ်လစီ (Third Neighbor Policy) ဆိုတာကို ချမှတ်ပြီး အမေရိန်၊ ဥပရောပနဲ့ ဆက်ဆံရေးခိုင်မြဲအောင် ကြိုးပမ်းလာရတယ်။
မြန်မာနဲ့ တရုတ်ဆက်ဆံရေးမှာလည်း ဒီသဘောမျိုးပါပဲ။ အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်တဲ့ အချိန်ကစလို့ မြန်မာ့စွမ်းအင်ကဏ္ဍမှာ တရုတ် ကုမ္မဏီတွေဟာ အရေးပါလာခဲ့ပါတယ်၊ ဒီလိုနဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံရေကာတာ စီမံကိန်းကိစ္စမှာတော့ မြန်မာစစ်အစိုးရဟာ အနောက်နဲ့ (ပြည်သူတွေနဲ့ပါ) ပူးပေါင်းဖို့ အကြောင်းရင်းတခု ဖြစ်လာ ခဲ့ပါတယ်၊ မြစ်ဆုံရေကာတာက ထွက်လာမယ့် စွမ်းအင်ရဲ့ ၉ဝ ရာခိုင်နှုန်းကို တရုတ်ပြည်ကို တင်ပို့မှာဖြစ်ပါတယ်၊ ဒီစီမံကိန်းတည်ဆောက်တာကို သမတ ဦးသိန်းစိန်က မဖျက်သိမ်း လိုက်ခင်မှာ သဘာာဝပတ်ဝန်းကျင်အမြင်၊ အမျိုးသားရေးရပ်တည်ချက်တွေနဲ့ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်၊
မြန်မာပြည်က ဒီမိုကရေစီလမ်းပွင့်လာမှုဟာ ကြီးမားတဲ့ တိုးတက်မှုလို ဆိုနိုင်ပေမယ့် အလွယ်တကူနဲ့ နောက်ပြန်လှည့်သွားနိုင်ပါတယ်၊ ဒီပေါ်လစီသစ်ကို ချမှတ်တဲ့ သူတွေအနေနဲ့ မဟာမိတ်သစ်ဖြစ်တဲ့ အနောက်နဲ့ ပေါင်းလို့ ဘာတွေ အကျိုးရလဒ်တွေ ရှိသလဲဆိုတာကို အချိန်တိုအတွင်းမှာ သက်သေပြနိုင်ဖို့ လိုအပ်နေပါတယ်၊ ဒါမှပဲ အပြောင်းအလဲတွေ ပိုပြီး အရှိန်ရလာမှာဖြစ်ပါတယ်၊ ပြန်လည်ထူထောင်ရေးမှာ ဒီအဆင့်ဟာ အလွန်ကြီးကျယ်တဲ့ ကိစ္စဖြစ်ပါတယ်။
အခုကာလ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွေမှာ တွေ့ရလေ့ရှိတာတွေက ဒီမိုကရေစီအင်အားစုတွေဟာ လူထုအခြေပြုအဖွဲ့အစည်းမှာ တက်ကြွလှုပ်ရှားသူတွေ ဘဝကနေ နိုင်ငံရေးပါတီကို ထူထောင်သူတွေ ဖြစ်လာပြီး ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်၊ အဲဒီကနေ နောက်တဆင့်အဖြစ် အစိုးရထဲမှာ ပါဝင်လာပြီး လူထုရေးရာပေါ်လစီတွေကို ချမှတ် အကောင်အထည်ဖော်တဲ့ သူတွေဖြစ်လာတဲ့ အဆင့်အထိ မတက်လှမ်း နိုင်တာမျိုးတွေကို တွေ့ရပါတယ်၊ မြန်မာပြည်မှာလည်း ဒီလိုကဏ္ဍတွေ အားလုံးမှာ အကူအညီတွေ မဟားတရား လိုအပ်နေပါတယ်။
nozomi
September 17, 2012 at 7:15 pm
နိုင်ငံတော်သမ္မတက နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁ရ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာလ ၁ရ ရက်နေ့ (ယနေ့) တွင် ဖော်ပြခဲ့သည်။
”ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ရ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။”ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
”နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွတ်မြောက်လာမယ်ဆိုတာကို လောလောဆယ်တော့ လုံးဝမသိရသေးပါဘူး။ မနက်ဖြန် အင်းစိန်ထောင်ရှေ့မှာ လွတ်မြောက်လာတဲ့သူတွေကို ကြိုဆိုဖို့အတွက် ပြင်ဆင်နေပါပြီ။ အခု ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သူတွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပါဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သမ္မတကြီးက တရုတ်ပြည်ခရီးစဉ်ကို မနက်ဖြန် စတင်မယ်လို့ သိရတယ်။ တရုတ်ပြည်ကနေ အမေရိကန်နိုင်ငံကို ဆက်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ဖြစ်ထွန်းပေါ်ပေါက်ရေးတို့ကို အမေရိကန်နိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေ အခုလိုမျိုး နိုင်ငံခြားခရီးစဉ်တွေ သွားရောက်တဲ့အခါမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲံ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့တယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က စက်တင်ဘာလ ၁ရ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဇော်မင်းက “ထောင်ထဲမှာ အကြာကြီးနေခဲ့ဖူးတော့ အကျဉ်းကျနေသူတွေရဲ့ အခက်အခဲကို ကိုယ်ချင်းစာပါတယ်။ထောင်ကျနေတဲ့ သူတွေထဲမှာ နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မယ့် သူတွေအများကြီး ရှိနေပါတယ်။ အခု လွတ်မြောက်လာမယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အများကြီးပါလာမယ်လို့ သိရပါတယ်။ အခုလိုလွှတ်ပေးတဲ့အတွက် အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ လွတ်မြောက်သင့်တဲ့သူတွေ ကျန်နေအုံးမယ်ဆိုရင်လည်း ထပ်မံလွှတ်ပေးပါလို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုပါတယ်။ ဒီလိုလွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော် အစိုးရအပေါ်ကို နိုင်ငံတကာနဲ့ နိုင်ငံသားတွေ အားလုံးက အကောင်းမြင်လာပြီး ယုံကြည်မှုတွေ ပိုရှိလာစေပါတယ်။ အစိုးရကို လူတွေ အကောင်းမြင်ခြင်းအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ ပိုမိုတိုးတက်မှု ရရှိအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောပြခဲ့ပါသည်။
၂၀၁ဝ ရွေးကောက်ပွဲအပြီးနောက် အရပ်သားအစိုးရအနေဖြင့် အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ပြီး လွှတ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၀၈ရ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးကို လွှတ်ပေးခဲ့သလို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း အကျဉ်းသားစုစုပေါင်း ၆၅၁ ဦးကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃ရ ဦး၊ အကျဉ်းသူ ၄၆ ဦးကို လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။
အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအများအပြား လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီး၌ ယခင်အစိုးရလက်ထက်က ထောက်လှမ်းရေးမှ ဖောက်ခွဲရေးပုဒ်မများအပါအဝင် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများ များစွာကျန်ရှိနေသေးကြောင်း ပြန်လည်လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောကြားထားသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ ထုတ်ပြန်သောစာရင်းတွင် မြန်မာနိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့အထိ အတည်ပြုနိုင်သော နိုင်ငံရေး အကျဉ်းသားအရေအတွက်မှာ ၄၂၄ ဦးရှိကြောင်း သိရသည်။ AAPP ၏ စာရင်းများအရ အဆိုပါနိုင်ငံရေး အကျဉ်းသားများမှာ ယခင်အစိုးရလက်ထက်က ဖမ်းဆီးခဲ့သူများဖြစ်ပြီး အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မများ၊ မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မများ၊ ဖောက်ခွဲရေးပုဒ်မများဖြင့် စွဲချက်တင်ပြီး ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။
(http://www.news-eleven.com/index.php?option=com_content&view=article&id=15531:2012-09-17-10-52-41&catid=42:2009-11-10-07-36-59&Itemid=112)
ကထူးဆန်း
September 17, 2012 at 10:42 pm
သူကြီးပြောပြောနေတဲ့ ရှင်ဉာဏ (မိုးပြာ) နဲ့ နောက် မိုးပြာတစ်ပါး လည်း ပါတယ်လို့ ဖတ်လိုက်ရပါတယ်။
kai
September 18, 2012 at 12:21 am
သမ္မတကို “သာဓု”လို့ ၃ခါပြောလိုပါတယ်..။
ဆဲကြ..ဖြဲကြ.. ကွဲကြပါစေ..။
လက်မပါပါနဲ့.. အကြမ်းမဖက်ပါနဲ့..။ ထောင်မချပါနဲ့.. အင်အားနဲ့.အနိုင်မကျင့်ပါနဲ့..။
လွတ်လပ်စွာ ကွဲလွဲကြပါ..။ “agree to disagree” ကြပါ..။
ဘာသာရေးလွတ်လပ်ရင်.. အတွေးအခေါ်လွတ်လပ်ပါတယ်..။
အတွေးအခေါ်တွေလွတ်လပ်ရင်.. တိုင်းပြည်တိုးတက်ပါတယ်..။
အတွေးအခေါ်တွေမလွတ်လပ်ရင်.. မြေကြီးက ရွှေသီးနေစေဦး.. တိုင်းပြည်မချမ်းသာပါဘူး..။
လူတွေစိတ်မချမ်းသာပါဘူး..။
အလွန်ကို ရိုးရှင်းတဲ့.. သဘောတရား တခုပါပဲ..။
kai
September 18, 2012 at 1:05 am
လော့ဘီလုပ်တတ်ရင်.. ကချင်-မြန်မာအစိုးရ. ငြိမ်းချမ်းရေးရနိုင်ပါတယ်..။ 😀
Read online here: http://cs.is/V4gvHN
Leon Panetta will make his first visit to China as U.S. secretary of defense, September 18–20.
Q1: Why is the visit important?
A1: Secretary Panetta’s upcoming visit to China is an important step in the Obama administration’s effort to create and maintain a healthy, stable, reliable, and continuous military-to-military relationship with China. After spending one day in Japan, Panetta arrives in Beijing as the guest of Defense Minister Liang Guanglie, who was hosted by Secretary Panetta for a six-day trip to the United States this past May. Liang’s visit marked the first time in nine years that a Chinese defense minister traveled to the United States. Secretary Panetta’s trip to China this month provides an opportunity for Washington to expand cooperation where U.S. and Chinese interests coincide (for example, counter piracy, drug interdictions, opposition to proliferation of weapons of mass destruction, and humanitarian assistance) and to have frank conversations on issues where there are differences (for example North Korea, Iran, Syria, and maritime security). Panetta will undoubtedly seek to explain the U.S. strategy of rebalancing to the Asia-Pacific region, building on the explanations provided in recent months by Secretary of State Hillary Clinton and National Security Adviser Thomas Donilon.
kai
September 20, 2012 at 3:54 pm
Myanmar’s Suu Kyi gets Congress’ highest honor
Huffington Post – 8 hours ago
WASHINGTON – Lawmakers united by their respect of Myanmar democracy leader Aung San Suu Kyi on Wednesday presented her with Congress’ highest civilian honor in a ceremony in the Capitol Rotunda, ahead of a meeting with President Barack …
==
US Treasury Lifts Sanctions on Myanmar President
Wall Street Journal – 7 hours ago
Washington continues to maintain an import ban on Myanmar products, which Myanmar officials are pressing hard to get removed.
kai
September 25, 2012 at 3:31 am
၂၀၁၆ သမ္မတရွေးပွဲအတွက်.. သူ့ဇနီးအပေါ်.. ကလင်တန်ပြောစကားလေးပါ..။
kai
September 26, 2012 at 3:45 am
မြန်မာနိုင်ငံတွင် တရားဟောခွင့်ပိတ်ပင်ခံထားရသော တရားဟောဓမ္မကထိကအားလုံးကို ပြန်လည်ပြီး တရားဟောခွင့်ပြုလိုက်ဖြစ်ကြောင်းကို(၂၃.၀၉.၁၂) ရက်နေ့ သာသနာရေးဝန်ကြီးဦးမြင့်မောင် (ဝန်ကြီးများရုံး) စာအမှတ် ၁၀၀/၃-၁၅/ဝကရ ဖြင့်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း..
Credit: http://moemaka.com/?p=27642
kai
September 28, 2012 at 1:45 am
ငလျှင်နယ်နမိတ်ထဲ.. မြန်မာပြည်ပါနေသမို့.. ငလျှင်ကြီးဖြစ်နိုင်ကြောင်း..
မြန်မာများ သတိထားကြ.. ပြင်ဆင်ထားကြစေလိုကြောင်း..
September 27, 2012 2:02 PM
Earthquakes suggest new tectonic plate is forming
(CBS News) A new study suggests that two recent earthquakes may indicate a literal seismic shift in our understanding of tectonic plate movements.
Massive earthquakes under the Indian Ocean that took place last spring are the largest of their kind ever recorded. The 8.7 magnitude quake, followed by a 8.2 magnitude aftershock, could signal the formation of a new plate boundary under the Earth.
While not the largest earthquakes ever recorded, the two quakes are notable for their unusual location. The majority of earthquakes are known as thrust faults: massive sheets of rock sliding over or under another block along a fault line. The two earthquakes recorded in April were strike-slip faults, where one block of rock slides alongside another. The April quakes, which took place off the coast of Indonesia, are the largest slip-strike faults ever observed.
Additionally, the two earthquakes took place within a plate, rather than on its edge. According to a study published in the journal Nature, the quakes were part of the breakup of the Indian and Australian subplates under the Indian Ocean. The study also increased the magnitude of the initial earthquake to 8.7 – a significant increase in power as the Richter scale which is used to gauge the magnitude of earthquakes increases logarithmically rather than linearly.
ထွန်း ပြောင်
September 28, 2012 at 4:21 am
နိုင်ငံတော်အကြီးအကဲတစ်ဦး၏ နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သမ္မတဦးသိန်းစိန် သွားရောက်၊ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာမီဒီယာများ ဖော်ပြနေကြ ………
http://www.first-11.com/index.php?option=com_content&view=article&id=15675:2012-09-26-02-30-15&catid=42:2009-11-10-07-36-59&Itemid=112
kyeemite
September 28, 2012 at 11:51 am
သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေ ညီလာခံ မိန့်ခွန်း ကိုတော့ အားလုံးဖတ်ပီးလောက်ပြီမို့
အစအဆုံးမတင်လိုပါ….သို့သော်…အင်မတန်အံ့ဩဖို့ကောင်းတဲ့…အသိအမှတ်ပြု
သမိုင်းဝင်စကားလေးတော့တင်ထားချင်မိလို့…..
:harr: :kwi: :hee:
kyeemite
September 28, 2012 at 3:37 pm
http://burmese.voanews.com/content/myanmar-president-u-thein-sein-at-asia-society-in-nyc/1516415.html
ဒီမိုကရေစီယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရမည်
ကိုရန်နိုင်(VOA)
27.09.2012
မြန်မာနိုင်ငံမှာ ကာလတော်တော်ကြာက ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီယဉ်ကျေးမှု တရပ်ကို ပြန်အသက်သွင်းနိုင်မှသာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်မယ် လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း လာတာဟာ ဆယ်စုနှစ် ၂ ခုလောက် အချိန်ယူလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အာရှ လူ့အဖွဲ့အစည်း Asia Society မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲ အခန်းအနားမှာ ပြောခဲ့သလို ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ် အခန်းကဏ္ဍ အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကိုဖြေကြား သွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီးတော့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ကြာသာပတေးနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရှိတဲ့ Asia Society ကို သွားရောက်ခဲ့ပြီး လက်ရှိ သူ့အစိုးရရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတာတွေကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကာလာဖို့အတွက် ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန်ပြီးရှင်သန်လာဖို့ အရေးကြီးပုံကိုလည်း သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာရုံ၊ နောက်တခါ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရနိုင်မယ်မဟုတ်ပါဘူး။ အဲ့တော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Democratic Culture ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတရပ်ကို ပြန်လည်အသက်သွင်းရမှာဖြစ်ပါတယ်။ အခုအချိန်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသားအားလုံးရဲ့ ရင်မှာ ကိန်းဝပ်ရှင်သန်လာအောင် ပြန်လည်လှုပ်နှိုးနေရတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေကို လက်ခံနားလည်ပြီး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တယ်လို့ လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အစိုးရတခုတည်းလုပ်ဆောင်လို့မရဘဲ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။
“ဒီကိစ္စတွေကို ဆောင်ရွက်အကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရတရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက်တာထက် အရပ်ဖက် လူ့အဖွဲ့အစည်းများရဲ့ ကူညီဆောင်ရွက်မှုကိုလည်း ရယူရမှာဖြစ်ပါတယ်။ ကျနော်အနေနဲ့ ဒီလိုလက်ခံယုံကြည်ထားပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းလာစေဖို့အတွက် အကြံညဏ်တွေ ဆွေးနွေးညှိနှိုင်းမှုတွေ စွမ်းဆောင်ရည်မြှင့်တင်မှုတွေအတွက် ဒီ Asia Society က ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”
မြန်မာ့နိုင်ငံရေးမှာ လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်သလဲ၊ အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ပါဝင်စေချင်သလဲဆိုတဲ့ အမေးကို သမ္မတ ဦးသိန်းစိန် ဖြေတာကတော့
“ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အခန်းကဏ္ဍတရပ်ကနေပြီးတော့ ပါဝင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ လောလောဆယ်မှာ ပါလီမန်ထဲမှာ မန်ဘာတယောက်အနေနဲ့ ပါဝင်ပြီးတော့မှ ဥပဒေပြုရေးကိစ္စတွေကို ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲ့တော့ သူ့အနေနဲ့က ကျနော်တို့နဲ့လက်တွဲပြီးတော့မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်နဲ့ ဆောင်ရွက်မယ့် သူတဦးဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။
သူလည်း သူ့ကိုပေးအပ်ထားတဲ့ တာဝန်၊ ကျရာအခန်းကဏ္ဍကနေပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ စိတ်ဆန္ဒရှိတယ်လို့ ကျနော်တို့ ဒီအတိုင်း ယုံကြည်ထားပါတယ်။ ဒီကနေ့လည်း ခုနကလို ကျနော်တို့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်းဖက်ဖြစ်ပြီးတော့ လုပ်ငန်းတော်တော်များများလည်း သူနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ ဆောင်ရွက်နေတာတွေရှိပါတယ်။ ရှေ့အနာဂတ်မှာလည်း ခုနကလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ကျနော်တို့ ဒီအတိုင်းပဲ ယုံကြည်ထားပါတယ်။”
သမ္မတဦးသိန်းစိန်အနေနဲ့ သမ္မတ သက်တမ်းကို တကြိမ်ပဲ ထမ်းဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလားဆိုတဲ့ အမေးကိုလဲ သမ္မတဦးသိန်းစိန်က ခုလို ဖြေသွားပါတယ်။
“သက်တမ်းအားဖြင့်တော့ ကျနော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစာကပြောသလို One Term ပဲ လုပ်ဖို့ ကျနော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ ဆန္ဒ၊ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်က ဆုံးဖြတ်ရမယ်လို့ ကျနော် ဒီလိုထင်ပါတယ်။ သို့သော်လည်း ကျနော်ရဲ့ မျှော်မှန်းချက်ကတော့ One Term ပဲ လုပ်မယ်လို့ ဒီကနေ့အထိ ကျနော်စိတ်ကူးထားပါတယ်။”
ဒါ့အပြင် သမ္မတဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့ လုပ်ဆောင်နေတာတွေ အပါအဝင် ကချင်ဒေသမှာ အပစ်အခတ်မရပ်နိုင်သေးတာ၊ ရခိုင်ဒေသက ဒေသတွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ လည်း ပြောကြားသွားပါတယ်။
ဒါ့အပြင် ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်ပေါ်ပေါက်နိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုလို မိတ်ဆွေနိုင်ငံကောင်းတွေလည်း လိုအပ်ကြောင်း ၊ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှု ပိုမိုရနိုင်ဖို့အတွက် ကြိုးပမ်းပေးတဲ့ Asia Society အဖွဲ့ကိုလည်း ကျေးဇူးတင်တယ်လို့လည်း ဦးသိန်းစိန်က ပြောကြားသွားပါတယ်။
amatmin
October 2, 2012 at 9:54 am
သဂျီင်္း အရောင့်ရင့်ရင့် အောက်တိုဘာ လေးလုပ်ပါအုန်းးး 🙂