Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို ဒေါ်အောင်ဆန်းစုကြည်အလေးအနက် ထောက်ခံ

ကို သာSeptember 20, 20121min2581

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို အလေးအနက် ထောက်ခံကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ရောက်ရှိစဉ်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

”အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဟီလာရီကလင်တန်၏ မှတ်ချက်စကားများတွင် ကုန်သွယ်ရေး အရေးယူပိတ်ဆို့မှုအကြောင်းအရာကို တိုက်ရိုက်မပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို အလေးအနက်ထောက်ခံကြောင်း ပြောကြားမှုသည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ
ဖြေလျော့မှုအလားအလာကို မြင့်တက်စေသည်ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားမှုအား ဖြေလျော့ကြောင်းကို မြန်မာသမ္မတ ဦးသိန်းစိန် လာမည့်ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် လာစဉ်အတွင်း
ကြေညာဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ(မြန်မာပိုင်း)နှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ”ပြုပြင်ပြောင်းလဲရေး လုံးဝမရှိဘူးဆိုတာ မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေး ရှိပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေအတွက် အများကြီးတော့ ထပ်ပြီးတော့ လိုသေးတာပေါ့နော်။ ကျွန်မတို့နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုဖြစ်ဖို့ ဆိုလို့ရှိရင်တော့ ထပ်လုပ်စရာတွေ ရှိသေးတာပေါ့။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး လုံးဝမရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါတော့ နည်းနည်းတဘက်စောင်းနင်းအမြင်လို့ ကျွန်မထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ”ကျွန်မတို့ နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဒီလိုပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့ တကယ်ကို ကူညီနိုင်ဖို့ဆိုလို့ရှိရင် တိုင်းရင်းသားတွေရော၊ အစိုးရဘက်ကရော လိုလားရမယ်။ အဲဒါမှ ကျွန်မတို့က ဝင်ပြီးတော့ ကူညီနိုင်မှာ။ ကျွန်မတို့အဖွဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကျွန်မတို့သာ လုပ်ပေးမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ ကျွန်မတို့ မလုပ်ချင်ဘူး။ နောက်ပြီးတော့လည်း တကယ်ပဲ ကြိုးပမ်းမှုတွေရှိနေလို့ရှိရင် အဲဒီကြိုးပမ်းမှုတွေကို ထိခိုက်တဲ့အလုပ်မျိုးလည်း ကျွန်မတို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အချိန်မရွေး အဆင်သင့်ပဲ၊ ကျွန်မတို့ကို သုံးချင်တယ်ဆိုရင် သုံးပါ။ ဒါပေမဲ့ နိုင်ငံအတွက်သုံးတယ်ဆိုတာ လိုလိုချင်ချင်နဲ့ လက်ခံရမယ့်ကိစ္စပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ(မြန်မာပိုင်း)နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ဒီလိုပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကျွန်မတို့ တကယ်ကိုကူညီနိုင်ဖို့ ဆိုလို့ရှိရင် တိုင်းရင်းသားတွေရော၊ အစိုးရဘက်ကရော လိုလားရမယ်။ အဲဒါမှ ကျွန်မတို့က ဝင်ပြီးတော့ ကူညီနိုင်မှာ။ ကျွန်မတို့အဖွဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကျွန်မတို့သာ လုပ်ပေးမှ ဖြစ်မယ်ဆိုတဲ့သဘောနဲ့ ကျွန်မတို့ မလုပ်ချင်ဘူး။ နောက်ပြီးတော့လည်း တကယ်ပဲကြိုးပမ်းမှုတွေ ရှိနေလို့ရှိရင် အဲဒီကြိုးပမ်းမှုတွေကို ထိခိုက်တဲ့အလုပ်မျိုးလည်း ကျွန်မတို့ မလုပ်ချင်ဘူး . . .

ရခိုင်ပြည်နယ်တွင် ဖြစ်ခဲ့သည့် Communal Violence လူအုပ်စုချင်း အကြမ်းဖက် ပဋိပက္ခများဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးအဖွဲ့ဆိုတဲ့ အဖွဲ့တချို့က ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် တက်တက်ကြွ ကြွ မပြောပါလားဆိုပြီး ဝေဖန်ကြသည်နှင့်ပတ်သက်၍ ဗွီအိုအေ(မြန်မာပိုင်း)၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ”တက်တက်ကြွကြွ မပြောပါလားဆိုတာက ဘာကိုအခြေခံပြီး ပြောတာလဲတော့ မသိဘူးပေါ့နော်။ ကျွန်မဆိုလို့ရှိရင် ပရော်ဖက်ဆာ ကင်တားနားနဲ့လည်း တွေ့ခဲ့တယ်။ ဟိုတလောဆိုရင်လည်း တူရကီနိုင်ငံရေးဝန်ကြီးနဲ့ တွေ့တယ်။ ဒီကိစ္စတွေကို သေသေချာချာ ဆွေးနွေးကြတယ်။ လူ့အခွင့်အရေး ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောတယ်။ ကျွန်မတို့ရဲ့ မူက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ခွဲခြားလို့ မရဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်းနိဒါန်းမှာကို ပါပြီးသား၊ လူ့အခွင့်အရေးကို တရားဥပဒေစိုးမိုးခြင်းနဲ့ ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတာ ပါပြီးသားပဲ။ ဒါပေမယ့် ကျွန်မတို့ကနေပြီးတော့ အခုအချိန်ခါမှာ ငြိမ်းချမ်းရေးရအောင်လို့ ပဋိက္ခတွေငြိမ်းအောင်လို့ လုပ်နေတာဟာ အစိုးရအဖွဲ့အစည်းက လုပ်နေတာ။ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတာ။ အဲဒီအုပ်ချုပ်ရေးအဖွဲ့က လုပ်နေတဲ့ကိစ္စတွေကိုလည်း ကျွန်မတို့က ထိခိုက်အောင် မလုပ်ချင်ဘူး။ တကယ်ပဲ တခုခုလုပ်နိုင်လို့ရှိလို့ရှိရင် ကျွန်မတို့ လုပ်ပေးမယ်။ ဒါပေမယ့် ကိုယ်က မလုပ်နိုင်ဘဲနဲ့ သက်သက်ဝေဖန်တဲ့အလုပ်တွေလည်း ကျွန်မတို့ မလုပ်ချင်ဘူး။ နောက်ပြီးတော့လည်း တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခပိုပြီးတော့ ကြီးပွားစေမဲ့ အမျက်မုန်းတီးမှုတွေပိုပြီးတော့ ထောင်လွှားစေမယ့် အပြောတွေလည်း ကျွန်မတို့မပြောချင်ဘူး။ ဒီလို မပြောလို့ ဘက်လိုက်ပြီးတော့ မပြောလို့ ကျွန်မတို့ကို မကျေနပ်ဘူးဆိုရင်တော့လည်း ကျွန်မတို့ ခံရမှာပဲ။ ကျမလန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျွန်မကိုထပြီးတော့ ဝေဖန်ပါတယ်။ ကျွန်မက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလိုသုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျွန်မက ပြောတယ်။ ကျွန်မတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည်ရင်ကြားစေ့ရေးအလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့အလုပ်ကို လုပ်ချင်တာ မဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျွန်မတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျွန်မတို့ ကြည့်မယ်။

ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေး အကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ပြောတာမျိုး ကျွန်မတို့ မလုပ်ဘူး။ ဒီလိုဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျွန်မတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျွန်မတို့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်မတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာ ရှိရင် ကျွန်မတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျွန်မတို့တတ်နိုင်သမျှကူညီပါ တယ်။ NLD ကသိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျွန်မတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက်မခွဲခြားဘဲနဲ့ ကျွန်မတို့ အကူအညီပေးတယ်။ ကျွန်မတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြားအကူအညီတောင်းနိုင်ဘက်က တောင်းလို့ ကျွန်မတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျွန်မတို့က အဆင်သင့်ပါပဲ” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီသို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင် မြန်မာသမ္မတဦးသိန်းစိန်သည် အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁ရ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထိုအထဲတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်ခဲ့သည်။

နှစ်ပေါင်း ၂ဝ ကျော်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးရောက်ရှိလာသည့် ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ်အကျယ်ချုပ်မှ
ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

Ref; Eleven media

One comment

  • ကြောင်ကြီး

    September 21, 2012 at 8:40 am

    အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား
    လင်းသန့်| September 20, 2012 | ဧရာဝတီ

    ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။

    “ဒီကိစ္စကို ကျနော်တို့ ပါတီက ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအပေါ်မှာ ရပ်တည်တယ်ဆိုတော့ ပိုပြီးတော့ အားဖြစ်တာပေါ့။ ကျနော်တို့အားလုံးနဲ့ အတူတူ တိုင်းပြည်အတွက် တကယ်တန်းလက်တွေ့ ထိထိမိမိနဲ့ ပြောပြီလို့ ကျနော် ယူ ဆပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။

    NDF ပါတီ အနေဖြင့်လည်း ၂၀၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက တိုင်းပြည်ကို အမေရိကန် အပါအဝင် နိုင်ငံတကာ က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုများကို မလိုလားခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် စီးပွားရေး ဒဏ် ခတ် ပိတ်ဆို့ထားမှုက အရှိန်နှေးကွေးစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ကို ချစ်မြတ်နိုးကြောင်း လက် တွေ့ ပြောဆိုပြသလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုတွင် စက်တင်ဘာ ၁၈ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်က မြန်မာ အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို လျှော့ချရန် ထောက်ခံလိုက်ပြီး နိုင်ငံရေး အကျဉ်းသား တယောက် မကျန် လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

    “စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို လျှော့ချဖို့ ကျမ ထောက်ခံပါတယ်။ အကြောင်းက ကျမတို့ ပြည်သူလူထုဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ တာဝန် စယူသင့်ပြီလို့ ကျမ မြင်လို့ပါ။ ဒီမိုကရေစီရေး မြှင့်တင်ရာမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျမတို့ အား မကိုးသင့်တော့ဘူး။ ကျမတို့ ဘာသာ ကျမတို့ အလုပ်ဖြစ်အောင် လုပ်ကြရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ခြင်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ၁ရ ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ရောက် ရှိနေခြင်း ဖြစ်သည်။

    ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ အပါအဝင် တိုင်းရင်းသား ၅ ပါတီအနေဖြင့် နိုင်ငံတကာမှ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားများဖြစ်နေပြီး အဆိုပါကိစ္စ ပြန် လည် သုံးသပ်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုနေကြောင်း၊ တချို့သော ပစ်မှတ်ထား ပိတ်ပင်ထားသည်များကို မပြောလိုကြောင်း RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က ဆိုသည်။

    “လက်ရှိ ၁ နှစ်ခွဲ ကြာပြီဖြစ်တဲ့အစိုးရ ပိုပြီး ဆောင်ရွက်နိုင်အောင်၊ နောက် ၂၀၁၅ မှာ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းလာအောင်၊ အခုကတည်းက ဒီမိုကရေစီ နိုင်ငံကြီးတွေက ပံ့ပိုးတာတို့ ကူညီတာတို့ လိုအပ်နေချိန်မှာ၊ အခု အစိုးရသွား နေ တဲ့ လမ်းကြောင်း ထောက်ခံပေးဖို့ လိုအပ်နေတဲ့ကာလဖြစ်တာမို့လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးဖို့ ရုပ် သိမ်းပေးဖို့ တောင်းဆိုတာကို ကျနော်တို့ကတော့ ကြိုဆိုပါတယ်”ဟု ဒေါက်တာ အေးမောင် က ပြောသည်။

    စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု တခုတည်းဖြင့် နိုင်ငံတွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ကြောင်း၊ နိုင်ငံ ထူထောင်ရေး လည်း ခက်ခဲကြောင်း၊ ဒီမိုကရေစီစနစ်ကို တည်ငြိမ်စေရေးအတွက် နိုင်ငံတကာမှ အကူအညီများလိုအပ်ကြောင်း သူက ဆက်ပြော သည်။

    ထိုကဲ့သို့ ကြိုဆိုမှုများရှိသော်လည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်သည့် ဦးမင်းကိုနိုင်ကမူ စီး

    ပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးကို နို်င်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်တွင် အမြဲစဉ်းစားကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုဖြစ်၊ မဖြစ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအရေး စသဖြင့် ကျယ်ပြန့်စွာ စဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုသည်။

    “ကျနော်တို့ ပြည်တွင်းမှာ တရားဥပဒေ၊ နည်းဥပဒေတွေမှာ ဘယ်လောက်ထိ တရားမျှတစွာ ရှိပြီလဲ။ မရှိပါဘူး၊ ကျနော် တို့ ဆီမှာ၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်လည်း မရှိသေးဘူး။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးက ခရိုနီ ခေါ်တဲ့ အာဏာရှိသူနဲ့ ပေါင်းစားတဲ့ လက်ဝါးကြီးအုပ် အခွင့်ထူးခံ စီးပွားရေးသမားတွေ လက်ထဲပဲ အကုန် ရောက်သွားမယ်ဆိုရင် ဆင်းရဲ ချမ်းသာ ကွာဟမှုက ဒီထက်တောင် ပိုပြီး ဆိုးဝါးနိုင်ပါမယ်။ အဲဒီ အချက်အလက်တွေ အကုန်ထည့်စဉ်းစားရပါလိမ့်မယ်”ဟု သူက ဆို သည်။

    မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အတွင်း ရေးမှူးလည်း ဖြစ်သော နိုင်ဟံသာ က ယခုအခါ လွှတ်တော်တွင်း ရောက်ရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကရေစီ အတွက် နိုင်ငံရေးအပြောင်းအလဲ ရှိရန် စဉ်းစားနို်င်ကြောင်း၊ သို့သော် တိုင်းရင်းသား အုပ်စုများက စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ယခုအထိ ရည်မှန်းချက်ကို အောင်မြင်စွာ မရောက်သေးကြောင်း၊ တိုင်းရင်းသား အင်အားစုများနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်ရာတွင် ဖိအားပေးသည့် အနေဖြင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ရှိနေရန်လိုအပ်ကြောင်း ပြောသည်။

    “အစိုးရနဲ့ ကျနော်တို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဘာတခုမှ မဖြစ်သေးတာကြောင့် ဒီလိုအခြေအနေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ ခက်ခဲပါတယ်”ဟုလည်း နိုင်ဟံသာ က ပြောဆိုသည်။

    ကရင် အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ် ရှားရန် စောနေသေးကြောင်း၊ နိုင်ငံရေးအပြောင်းအလဲအတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင် စရာများစွာ ကျန်ရှိနေသေး၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ထားရှိစေလိုကြောင်း ပြောသည်။

    “ဒါက သူ့ သဘောထားသာလျှှင်ပဲ ဖြစ်တယ်။ ပြီးတော့ သူ့အနေနဲ့ ဒီကိစ္စမှာ သဘောထား တခုတည်း ဖြစ်စေဖို့အတွက် အခြား သူတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့လိုတယ်”ဟု နော်စီဖိုးရာစိန် က ဆိုသည်။

    အမေရိကန် ကို ရောက်ရှိနေသည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း လွှတ် တော်တွင်း ရောက်ရှိနေသည့် မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူများအတွက် အတိုက်အခံ လုပ်ကာ ပြောကြားနိုင်မှုမရှိတော့ဘဲ ကြားနေသဘော သက်ဝင်သွားပြီဟု ယမန်နေ့က ပြောသည်။

    “လွှတ်တော်ထဲမှာ ရာထူးတာဝန်တွေ ပေးအပ်ရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်တွင်းက အတိုက်အခံ အင်အားစုတွေဟာ အစိုးရရဲ့ အတိုက်အခံ သဘာဝ ပျက်ပြယ်ပြီး ကြားနေဖြစ်အောင်လုပ်တာ ခံနေရတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူ့အခွင့်အရေး ကိစ္စ မပြောနို်င်တော့ဘူး”ဟု ဦးခွန်ထွန်းဦးက ဝါရှင်တန်ရှိ သတင်းစာရှင်းလင်း ပွဲ တခုတွင် ပြောဆိုသည်။

    ဦးခွန်ထွန်းဦးသည် သမ္မတ ဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် ကမ်းလှမ်းမှုကိုလက်ခံ၍ နယူးယောက်မြို့တွင် ယခု လကုန်ပိုင်း၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မည် ဖြစ်သည်။

Leave a Reply