Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့ပြီ

DEPARKO DEPARKOSeptember 21, 20121min544

တစ်လောက ပျင်းပျင်းရှိတာနဲ့ ပြစ်မှုဂျာနယ်ဝယ်ဖတ်ကြည့်မိတယ်။ ဆက်မဖတ်ရဲတော့တာနဲ့ အောက်ချ (ငယ်စဉ် ကြောက်စရာကားများကြည့်ရသလိုခံစားရပါတယ်) ခေတ္တတွေးတော ပြီးမှဆက်ဖတ်ကြည့်မိပါတယ်။ မှုခင်းသတင်းတွေတော်တော်များများဟာ မကြားဝံ့မနာသာ ရက်စက် ယုတ်မာပုံတွေ ကိုယ့်သွေးသားရင်း ဖိုးအေက အရွယ်မရောက်သေးတဲ့မြေးငယ်ကို၊ အရက်သမားက၅နှစ်အောက်ကလေးငယ်ကိုလူမဆန်စွာ၊ MRTV4 မှအသက်နှစ်ဆယ်ကျော်ကောင်မလေးက အသက်၁၈နှစ်အရွယ် အိမ်ဖေါ်ကို ရက်စက်စွာအသက်သေအောင်နှိပ်စက်တာတွေ ဒီဘက်ခေတ်မှာ ကိုယ့်ကိုကိုယ် မြန်မာလူမျိုးလို့ ပြောရမှာရှက်စရာကောင်းအောင်ကို မှုခင်းတွေမှာတွေ့ရပါတယ်။ ဒီကြားထဲ မြောက်ပိုင်းကအဖြစ်အပျက် ကိုဖတ်လိုက်ရတော့။ သီပေါမင်းနန်းတက်ဘို့ မင်းညီမင်းသားတွေ ဝါးရင်းဒုတ်နဲ့လည်မျိုရိုက်သတ်တဲ့ ဖြစ်စဉ်တွေဟာ မြန်မာ့သမိုင်းမှာအမည်းစက်ကြီးထင်ကျန်ခဲ့ဘူးသလို အခု မှုခင်းတွေဟာလည်း မြန်မာလူမျိုးတွေရဲ့ ရက်စက်မှုသမိုင်းမှတ်တိုင်တွေဖြစ်ကျန်နေရစ်ခဲ့ပါပြီ။ ကျွန်တော်တို့ငယ်ရွယ်စဉ်က သွေးသံရဲရဲ ဆိုရင် ရုပ်ရှင်ကို ဆက်မကြည့်ရတော့ဘဲ အောက်ကိုငုံ့နေရတာ တစ်ခါတစ်လေ ဇါတ်ကားအရသာတောင်မသိလိုက်ရပါဘူး အခုခေတ် ကလေးငယ်တွေဟာ သူရဲကား၊ လူသတ်ကား၊(ရက်စက်စွာ အပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်ဖြတ်တောက်) လက်စားချေလူသတ် ကားတွေကို ခုံမင်စွာ ကြည့်နေကြတာကိုတွေ့ရပါတယ် တစ်ချိန်က နိုင်ငံခြားတိုင်းပြည်တွေမှာ family show / မိသားစုကလေးငယ်ပါကြည့်ခွင့်ရ၊ R အတန်းအစား ၁၆နှစ်အောက်မကြည့်ရ X အတန်းအစား ၁၈နှစ်အောက်မကြည့်ရ လို့ပိတ်ပင်ထားပြီး အရက်/ဆေးလိပ်ကို ၁၈နှစ်အောက်တွေကိုမရောင်းရဘူးလို့သိရပါတယ်။
အခု မြန်မာပြည်မှာ ဆယ်နှစ်သားလေးကလည်း လက်ကြားမှာ ဆေးလိပ်နဲ့ ဆယ်ကျော်သက်တွေ(၁၅နှစ်အောက်) တွေကလည်းမူးရစ်ဝေသီလို့ မိန်းကလေးတွေ ပိုဆိုးသေး ကိုရီးယားကားတွေကြည့် အဲဒီအထဲကဇါတ်ကောင်တွေအတိုင်း ဝတ်စားဆင်ယင် အတုခိုးလို့ မိန်းကလေးတွေကလည်းမူမူးနဲ့ ——အင်း—-
ဒီတော့ ရက်စက်ရိုင်းစိုင်းကြမ်းကြုပ်လာကြတာ လူမဆန်တဲ့မှုခင်းတွေ အင်တာနက်ပေါ်မှာလည်း နို်င်ငံခြားကအရှုံးပေးရလောက်တဲ့အပြာဇါတ်လမ်းတွေ —အင်း—-
သူကြီးရေ နောက်ဘဝကြရင် ဘာလူမျိုးအဖြစ်ဆုတောင်းရရင်ကောင်းမလည်း အကြံလေးပေးပါဦး

17 comments

  • Mon Kit

    September 21, 2012 at 4:23 pm

    ဘယ်ဘုံဘဝ မှ မရောက်ချင်တော့ဘူးကွယ်…….
    :ha:

  • Shwe Ei

    September 21, 2012 at 4:54 pm

    မိမိအတွင်းစိတ်ငြိမ်းချမ်းမှုကိုကြိုးစားရှာဖွေခြင်းအားဖြင့်လောကကြီးရဲ့
    ငြိမ်းချမ်းမှုကိုပါ ရှာတွေ့နို်င်ပါစေဗျာ။

  • mayjuly

    September 21, 2012 at 5:03 pm

    ဘာမှမဖြစ်ချင်ပါတော့နဲ့ ..

    နိဗာန်ဆုကိုသာတောင်းရမှာပေါ့ … 😛

  • ရွှေ ကြည်

    September 21, 2012 at 5:05 pm

    တချို့မိန်းကလေးတွေလူသတ်ကားတအားကြိုက်ကြတယ် နားမလည်နိုင်ဘူး
    ရွှေကြည်တော့ သွေးအေးအေးနဲ့ရက်စက်တဲ့ဇာတ်ကားဆိုမကြည့်ရဲဘူး။

  • Shar Thet Man

    September 21, 2012 at 5:41 pm

    သူများတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုဆင်ဆင်ခြင်ခြင်နေရင် ဘာမှဆုတောင်းစရာမလိုပါဘူး

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 21, 2012 at 6:29 pm

    အဲ့သဟာကြောင့်ဖြစ်မယ်
    ဗုဒ္ဓမြတ်စွာက နျူကလီးယားမတီထွင်ဘဲ မမေ့မလျှောသောသတိနဲ့နေကြလို့ မှာခဲ့တာ ထင်တယ်
    ဗုဒ္ဓံသရဏံဂစ္ဆာမိ

  • ဒုတ်ထိုး

    September 21, 2012 at 9:05 pm

    ဖြစ်လေရာဘဝမှာ အဆင်ပြေသလိုသာနေထိုင်ကြရပေတော့မည် ။
    ဒါ တို့ပြည် ။

    :ha:

  • DEPARKO DEPARKO

    September 22, 2012 at 9:20 am

    အားလုံးကိုကျေးဇူးတင်ပါတယ် အခုတော့ ဂျာနယ်ဝယ်ရင်တာင် စိတ်ညစ်စရာတွေပါတဲ့ အကြောင်းအရာတွေပါမယ်လို့ထင်ရင်မဝယ်ဖြစ်တော့ပါဘူး

  • Min Latt

    September 22, 2012 at 9:33 pm

    ဘာလူမျိုးအဖြစ်မှဆုတောင်းမနေပါနဲ့တော့ဗျာ။ လူဖြစ်သမျှတော့ညစ်နေရဦးမှာပဲလေ။

  • kai

    September 23, 2012 at 3:27 am

    တယောက်ထဲ.. လောလောဆယ်အဖြစ်တွေ..ရှောင်ပြေးပြီး.. နောင်ဘဝလွှဲချ.. သုံးကိုယ်မခွဲလိုက်ပါနဲ့..
    လက်တွေ့ကျကျ..
    မြန်မာပြည်ထဲ.. Rating စနစ်တွေအသက်ဝင်လာအောင်လုပ်ပေးပါ..
    အဲဒါကို.. လူတွေလိုက်နာအောင်..နှိုးဆော်ပါ..
    တယောက်ထလုပ်လည်း.. တယောက်ပဲ..

    ကိုရင်မြန်မာပြည်ထဲ.. Rating အဆင့်တွေ.. မြန်မာ့ယဉ်ကျေးမှုနဲ့..ကိုက်ပြီး..ပြန်ဆွဲမယ်.. လုပ်မယ်ဆိုရင်.. ကျုပ်လည်းအားပေးတယ်..။
    တတပ်တအားဝင်ပါပေးမယ်..။

  • DEPARKO DEPARKO

    September 23, 2012 at 8:48 am

    သဂျီးရေ သူတို့(လူတတ်ကြီးများ)ပြောသလိုပေါ့ ဒီမိုကရေစီနဲ့မတန်သေးဘူးဆိုဘဲ အဓိကကျတဲ့ လွတ်လပ်တာနဲ့ စည်းကမ်းရှိတာ တစ်ခြားစီပါ ကိုယ့်လူမျိုးရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုနဲ့ မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ လောကပါလတရားတွေကို ကလေးဘဝကထဲက သင်ကြားပို့ချတဲ့ စနစ်တစ်ရပ်ပြန်အသက်သွင်းဘို့လိုတာပေါ့။ ဟိုဘက်ခေတ်က ကလေးတွေကို မနက်ဘုရားစာဆိုတာတို့ သားသမီးဝတ်။မိဘဝတ်။ဆရာဝတ်၊တပည့်ဝတ်လိုမျိုး ကလေးတွေစိတ်ထဲ တစ်ခါတည်းရိုက်သွင်းနို်င်မည့် စနစ်တစ်ရပ်ပြန်ပြဌာန်းဘို့လိုတယ်လေ။

    • kai

      September 24, 2012 at 3:41 pm

      ကွန်ဆာဗေးတစ်ဖြစ်ကြ.. ရှေစွန်းစွဲလွန့်လွန်လွန်းနေပါတယ်ဆိုမှ… နောက်လာမယ့်မျိုးဆက်တွေပါ.. အစ္စလမ်မစ်တိုင်းပြည်ကလူတွေလို ဖြစ်အောင်.. လုပ်နေပြန်ပါပြီ…
      ကဲ..
      မနက်ဘုရားစာတခါဆို..
      နေ့လည်တခါဆို..
      ညအိပ်ယာဝင်ကာနီးတခါဆို..

      ရွှေတိဂုံစေတီအထက်ပစ္စယံပေါ်ပါတက်ရရင်.. “သိဒ္ဓိမဟိ” ဘွဲ့ကိုနာမယ်ရှေ့မှာ ခံပေးမယ်ပါလုပ်လိုက်…
      မကောင်းလား…. ” သိဒ္ဓိမဟိဒီပါကို”ခင်ဗျ… :kwi:
      (မှတ်ချက်… မိန်းမ, ရှေးကထဲက..အထက်ပစ္စယံတက်ခွင့်မရသဖြင့်… ဘွဲ့ခံရမည်စာရင်းတွင်.. မပါ… )

  • Thu Wai

    September 24, 2012 at 1:23 pm

    တရားရှာရင်ကိုယ်မှာတွေ့ပါတယ်

  • DEPARKO DEPARKO

    September 24, 2012 at 6:40 pm

    ကိုယ်ဖြစ်ချင်တာကိုပြောတာလေ ဒါလဲဒီမိုကရေစီဘဲ ဟာဘဲဟာဘဲကို

    • kai

      September 24, 2012 at 10:58 pm

      ပြောလေ.. ပြောခွင့်အပြင်..
      ကျုပ်ကိုဆို.. ပြန်ပြောခွင့်သာမက.. ဆဲခွင့်ပါပေးထားတာပဲ..ဟာပဲ..ဟာကို..

      ( ဘလိုင်းကြီးတော့. .မဆဲနဲ့ပေါ့နော.. လိမ်မာပါတယ်.. နော..နော… ) :kwi:

  • uncle gyi

    September 24, 2012 at 11:36 pm

    ဒီကိစ္စတွေဆိုတာဥပဒေအားနည်းချက်တွေအများကြီးဖြစ်နေတာလည်းပါပါတယ်
    ဟိုတချိန်တုန်းကသတ်မှတ်ထားတဲ့ဥပဒေတွေနဲ့ဟိုတချိန်ကလူတွေကို်က်ညီပေသိ
    ယခုခေတ်လူတွေနဲ့ယခုခေတ်ဥပဒေတွေမကိုက်ညီတာတွေကြောင့်လို့မြင်ပါတယ်
    ဥပဒေကိုဒီလိုပြင်ကြည့်ရအောင်
    ၁၂နှစ်နဲ့အောက်ကိုအဓမကျင့်ကြံရင်ထောင်ဒါဏ်တသက်
    ကျင့်ကြံမှုအပြင်အသက်သေစေလို့ရှိရင်တလကိုကြိမ်ဒါဏ်အချက်၅ဝနဲ့
    ၁နှစ်ရိုက်ပြီးမှသေဒါဏ်
    မိဘအုပ်ထိမ်းမှုမလွတ်သေးတဲ့၁၈နှစ်အောက်ကိုကျင့်ကြံရင်ထောင်၁ဝနှစ်အနည်းဆုံးကြိမ်ဒါဏ်ပါပူးတွဲ
    အဲသလိုလေးများပြင်လိုက်ရင်..

  • DEPARKO DEPARKO

    September 25, 2012 at 9:16 am

    လူဆို အသိဉာဏ်အမြင့်ဆုံးသတ္တဝါပါ ဒီလိုရိုင်းစိုင်း ရက်စက်ကြမ်းကြုပ်လာတာဟာ ဆင်ခြင်တုံ့တရား နဲ့ဘာသာရေးကိုင်ရှိုင်းမှုနည်းလာတာရယ် ဥပဒေဆိုတာကို ကြောက်ရမှန်းမသိတာရယ်ကြောင့်လို့ ထင်ပါတယ်

Comments are closed.