တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၃)

kaiOctober 1, 201235min44761

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း)

အပြိုင်အဆိုင် အဆိုပြုချက်များ (competing claims)

Spratlys ကျွန်းစုမှာ အနည်းဆုံး (၁၉၀) barren islets တွေ ရှိပြီး၊ အကျယ်အဝန်းအားဖြင့် ခန့်မှန်း 150,000 square mile ရှိပါတယ်။ အချို့ကျွန်းတွေဟာ ရံဖန်ရံခါမှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်နေတာကြောင့် အကျယ်အဝန်းတိုင်းတာချက်တွေမှာ ကွဲလွဲမှုတွေလဲ ရှိနိုင်ပါတယ်။ Spratlys ကျွန်းစုတည်ရှိရာနေရာဟာ ဗီယက်နမ်ကမ်းရိုးတန်းနဲ့ မိုင် (၃၀၀) အကွာမှာ ရှိပြီး၊ ဟိုင်နန်ကျွန်းနဲ့ မိုင် (၆၀၀) အကွာမှာ ရှိပါတယ်။ ဖိလစ်ပိုင်ရဲ့ Palawan ကျွန်းနဲ့ မိုင် (၅၀၉၀) အကွာမှာ ရှိပြီး၊ မလေးရှား state of Sabah နဲ့ မိုင် (၁၆၀) အကွာမှာ ရှိပါတယ်။ ဒီဒေသနဲ့ပတ်သက်ပြီး စနစ်တကျ တိုင်းတာသတ်မှတ်မှုတွေမရှိပဲ navigation charts တွေပေါ်မှာ “Dangerous Ground” အဖြစ် သတ်မှတ်ခံထားရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့က ဒေသတခုလုံးကို ပိုင်ဆိုင်ကြောင်း အဆိုပြု ထားကြပြီး၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူးနိုင်း နိုင်ငံတို့ကတော့ တစိတ်တပိုင်း ပိုင်ဆိုင်ကြောင်း အဆိုပြုထားကြပါတယ်။ ဘရူးနိုင်ကလွဲရင် ကျန်တဲ့ နိုင်ငံတွေက သူတို့အဆိုပြုချက်ကို သက်သေပြနိုင်မယ့် islets တွေကို သိမ်းပိုက်ထားနိုင်ကြပါတယ်။

(ပုံ၅။ အပြိုင်အဆိုင်အငြင်းပွားမှုများ ပြ မြေပုံ။ Source: Joe Burgess,”Territorial Claims

in the South China Sea,” New York Times, May 31, 2012)

အကြီးဆုံးကျွန်းဖြစ်တဲ့ Thitu ကျွန်းကို ဖိလစ်ပိုင်က သိမ်းယူထားပြီး၊ (.) square miles ရှိပါတယ်။ နောက်ထပ် အကြီးဆုံးကျွန်းဖြစ်တဲ့ Itu Aba ကိုတော့ ထိုင်ဝမ်က သိမ်းယူထားပြီး 0.15 square miles ရှိပါတယ်။ ကျန်တဲ့ကျွန်းတွေကတော့ အကြီးဆုံးကျွန်းကတောင် 0.1 square miles ပဲ ကျယ်ဝန်းပါတယ်။ နိုင်ငံတနိုင်ငံချင်းဆီရဲ့ နယ်မြေပိုင်ဆိုင်မှုအဆိုပြုချက်များကို ဆက်လက်ဖော်ပြပါမယ်။

() ဘရူနိုင်း

ဘရူနိုင်းနိုင်ငံရဲ့ ရေပိုင်နက်အဆိုပြုချက်က continental shelf တလျှောက်မှာရှိတဲ့ ကမ်းရိုးတန်းကို တိုးချဲ့ပြီး အဆိုပြုထားတာ ဖြစ်ပါတယ်။ ဒါက တရုတ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ရဲ့ အဆိုပြုထားတဲ့ ရေပိုင်နက်နဲ့ overlap ဖြစ်နေပါတယ်။ ဘရူနိုင်းရဲ့ ရေပိုင်နက်အဆိုပြုချက်က (၁၉၅၄) ခုနှစ်မှာ ဗြိတိန်အစိုးရက သတ်မှတ်ချက်ဖြစ်တဲ့ 100-fathom line မှာ အဆုံးသတ်မှုကနေ ကျော်လွန်ပြီး Rifleman Bank အထိ တိုးချဲ့ အဆိုပြုထားတာ ဖြစ်ပါတယ်။ ဘရူနိုင်းအဆိုပြုချက်က UN Convention on the Law of the Sea (UNCLOS) မှာ ဖော်ပြထားတဲ့ continental shelf ဆိုင်ရာ Articles 76 နဲ့ 77 ကို အခြေပြုထားပါတယ်။ သူ့တောင်းဆိုချက်မှာ Louisa Reef (မလေးရှားအဆိုပြုထားသော နေရာ) နဲ့ Rifleman Bank တို့ပါဝင်ပါတယ်။

() တရုတ်ပြည်သူ့သမ္မတနိုင်ငံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အဆိုပြုချက်ကတော့ သမိုင်းနောက်ခံ အခြေအနေတွေကို အခြေပြုထားပါတယ်။ ဟန်မင်းဆက်လက်ထက် (206 B.C. to 220 A.D.) ကတည်းက တောင်တရုတ်ပင်လယ်ကို တရုတ်ငါးဖမ်းသမားတွေက အသုံးပြုခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။ ပထမဦးဆုံး တရားဝင်နယ်မြေပိုင်နက် အဆိုပြုချက်က (၁၈၈၇)ခုနှစ်မှာ ပြင်သစ်နဲ့ချုပ်ဆိုခဲ့တဲ့ treaty နဲ့ သက်ဆိုင်ပါတယ်။ အဲဒီမှာ Tonkin ပင်လယ်ကွေ့နဲ့ ပတ်သက်ပြီး နယ်မြေခွဲဝေရေး အချက်အလက်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက ဒီ treaty အရ Tonkin Gulf ပင်လယ်ကွေ့အပါအဝင် တောင်တရုတ်ပင်လယ်အတွင်းက ကျွန်းစုတွေ ကိုပါ ပိုင်ဆိုင်ခွင့်ရှိကြောင်း အဆိုပြုပါတယ်။

(၁၉၄၇)ခုနှစ်မှာ တရုတ်အစိုးရပြည်ထဲရေးဌာနက ထုတ်တဲ့ မြေပုံထဲမှာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေကို ထည့်သွင်းဖော်ပြထားတဲ့ လိုင်းတွေ ပါဝင်ပါတယ်။ ဒီမြေပုံနဲ့ပတ်သက်လို့ တရားဝင်ကြေငြာချက်တွေ မပြုလုပ်ခဲ့ပေမယ့် တရုတ်နဲ့ ထိုင်ဝမ်တို့က ဒီမြေပုံပေါ်မှာ အခြေပြုပြီး ရေမြေပိုင်နက် အဆိုပြုချက်ကို ပြုလုပ်နေကြပါတယ်။ အဲဒီမြေပုံမှာ eleven dotted lines တွေ ပါဝင်ပြီး၊ ဒီလိုင်းတွေထဲက ကျွန်းတွေအားလုံးက တရုတ်ပိုင်နက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ nine dotted lines အဖြစ် ပြန်ပြီးပြင်ဆင်ခဲ့ပါတယ်။


(၁၉၅၈) ခုနှစ်မှာ တရုတ်နိုင်ငံက “Declaration of Territorial Sea” ကို ထုတ်ပြန်ကြေငြာပါတယ်။ အဲဒီမှာ တရုတ်ရဲ့ territorial sea ကို ရေမိုင် (၁၂) မိုင်ထပ်ချဲ့ထားပြီး၊ Spratly (Nansha) Islands, Taiwan, the Paracels, Macclesfield Bank, and the Pescadores တို့ကို တရုတ်ပိုင်နက်အဖြစ် ကြေငြာထားပါတယ်။ (၁၉၉၂) ခနှစ်မှာ ထုတ်ပြန်တဲ့ “Law on the Territorial Waters and their Contiguous Areas” မှာ ရေမိုင် (၂၄) မိုင်ရှိတဲ့ Contiguous Zones ကို ထပ်မံဖြည့်စွက်ပြီး၊ (၁၉၅၈) ခုနှစ် ကြေငြာချက်ကို အတည်ပြု ထားပါတယ်။ ထိုင်ဝမ်အရှေ့ဘက်က Senkaku islands တွေကိုလဲ ထပ်မံထည့်သွင်းထားပါတယ်။ ဒီလို အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး လိုအပ်လာရင် စစ်အင်အားသုံးဖို့ကိုလဲ ဥပဒေအရ ခွင့်ပြုထားပါတယ်။

(၁၉၇၄) ခုနှစ်မှာ ဗီယက်နမ်တွေဆီကနေ Paracel Islands ကို တရုတ်ရေတပ်က သိမ်းယူခဲ့ပါတယ်။ တရုတ်နိုင်ငံကParacel Islands တွေကို Xisha Islands လို့ခေါ်တွင်ပြီး (၁၉၈၈) ခုနှစ်မှာ Hainan Island province ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ Spratlys က ကျွန်းတွေကို တရုတ်ရဲ့ ပထမဦးဆုံး သိမ်းပိုက်မှုက (၁၉၈၈) မှာ စတင်ခဲ့ပါတယ်။ (၁၉၈၈) မှာ Spratlys ထဲက reefs တွေကို သိမ်းယူပြီး၊ Fiery Cross Reef မှာ စစ်အခြေစိုက်စခန်း တည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြား reefs တွေကိုလဲ ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ (၁၉၉၅) အစောပိုင်းမှာတော့ ဖိလစ်ပိုင်က သူ့ရေပိုင်နက်အဖြစ် ကြေငြာထားတဲ့ Mischief Reef မှာ “fisherman’s structures” တည်ဆောက်မှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်အကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

() မလေးရှား

မလေးရှားရဲ့ အဆိုပြုချက်ကတော့ continental shelf ပေါ်မှာ အခြေပြုထားပြီး၊ Spratly ရဲ့ အရှေ့ပိုင်း၊ တောင်ပိုင်းကျွန်းစုတွေ ပါဝင်ပါတယ်။ ဒီအဆိုပြုချက်က တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ရဲ့ အဆိုပြုထားတဲ့နေရာတွေနဲ့ ထပ်တူဖြစ်နေပြီး၊ ဖိလစ်ပိုင်က အဆိုပြုထားတဲ့ reefs တွေနဲ့လဲ ထိစပ်နေပါတယ်။ (၁၉၇၉) ခုနှစ်မှာ တရားဝင်မြေပုံထုတ်ပြန်ပြီး၊ အဆိုပြုချက်ကို စတင်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၃) ခုနှစ်မှာ အခြေချစစ်စခန်းတခုကို Swallow Reef မှာ တည်ထောင်ခဲ့ပြီး၊ (၁၉၉၁) ခုနှစ်မှာတော့ airstrip တခုကိုပါ ထပ်မံအင်အားဖြည့်ခဲ့ပါတယ်။ ကျွန်းပေါ်မှာ ကမ္ဘာလှည့်ခရီးသွားစင်တာတခုကိုပါ ထပ်မံတည်ထောင်ခဲ့ပါတယ်။ Mariveles နဲ့ Ardasier Reefs တွေကိုလဲ (၁၉၈၆) ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။

() ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံရဲ့ အဆိုပြုချက်ကတော့ ဖိလစ်ပိုင်နဲ့ နီးစပ်တဲ့ Kalayaan Islands တွေကို ပိုင်ဆိုင်ကြောင်း အဆိုပြုချက်ဖြစ်ပါတယ်။ မနီလာက တာဝန်ရှိသူများက Kalayaans ကျွန်းတွေဟာ Spratlys နဲ့ သီးခြားဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအဆိုပြုချက်တွေက တရုတ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ရဲ့ အဆိုပြုချက်တွေနဲ့ overlap ဖြစ်နေပါတယ်။ ဖိလစ်ပိုင်တပ်တွေက ကျွန်းအချို့ကို (၁၉၆၈) ခုနှစ်ကတည်းက စတင်သိမ်းပိုက်ခဲ့ပါတယ်။ (၁၉၇၁) ခုနှစ်မှာတော့ Kalayaan Islands ကျွန်းတွေလို့ အမည်သတ်မှတ်ခဲ့ပါတယ်။ (၁၉၇၈) ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတ ခွင့်ပြုချက်နဲ့ ဖိလစ်ပိုင်နယ်မြေပိုင်နက်ဖြစ်လာပြီး၊ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေ တည်တံ့ရေးအတွက် အရေးကြီးတဲ့ ကျွန်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းအဆိုပြုချက်တွေဟာ လက်ရှိခေတ်နဲ့ မကိုက်ညီတော့ကြောင်း ဖိလစ်ပိုင်က ဝေဖန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးခေတ်သမိုင်းကြောင်းအခြေပြု အဆိုပြုချက်တွေအရကြည့်မယ်ဆိုရင် ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာလဲ ရှေးခေတ်အခါက တရုတ်ငါးဖမ်းသမားတွေက ဒီကျွန်းတွေအားလုံးကို ယာယီစခန်းချတဲ့ နေရာတွေအဖြစ် အသုံးပြုခဲ့ကြလို့ ဖြစ်ပါတယ်။

() ထိုင်ဝမ်

ထိုင်ဝမ်ကတော့ တောင်တရုတ်ပင်လယ်အတွင်းက U-shaped line အတွင်းမှာရှိတဲ့ Spratly Islands အပါအဝင် ကျွန်းအားလုံးကို သူ့ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် အဆိုပြုထားပါတယ်။ ဒီကျွန်းတွေအားလုံးကို Itu Aba (Taiping) ကျွန်းကနေ ထိန်းချုပ်မယ်လို့ ဆိုထားပါတယ်။ Itu Aba ကျွန်းပေါ်မှာ မရင်းစစ်သည် (၁၀၀) ကျော် စခန်းချတပ်စွဲထားပြီး၊ ရေဒါ စခန်း၊ မိုးလေဝသဌာနနဲ့ power plant တခုပါရှိပါတယ်။ ကျွန်းပေါ်မှာ ဆက်သွယ်ရေးဌာနတခုကို ထပ်မံတည်ဆောက်နေပြီး airstrip တခုကိုပါ ထပ်ဖြည့်မယ့် အစီအစဉ်ရှိပါတယ်။

() ဗီယက်နမ်

ဗီယက်နမ်ရဲ့ အဆိုပြုချက်ကတော့ ပြင်သစ်ဆီကနေ လွတ်လပ်ရေးရယူပြီးကတည်းက Spratlys နဲ့ Paracels ကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုပါ ရရှိပြီးဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားပါတယ်။ ပြင်သစ်က Spratly ကျွန်းစုကို (၁၉၂၉) ခုနှစ်ကတည်းက အုပ်ချုပ်ခံနယ်မြေအဖြစ်

ကြေငြာခဲ့ပြီး၊ (၁၉၃၀) ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။ (၁၉၃၃) ခုနှစ်မှာ Spratly ကျွန်းစုထဲက ကျွန်းကိုးကျွန်းကို တရားဝင်သိမ်းယူပြီးကြောင်း ပြင်သစ်က ကြေငြာပါတယ်။ (၁၉၅၁) ခုနှစ်မှာ Spratly Islands ကိုပိုင်ဆိုင်ကြောင်း ဗီယက်နမ်က ကြေငြာခဲ့ပြီး၊ (၁၉၅၆) ခုနှစ်မှာ တောင်ဗီယက်နမ်က ထပ်မံအတည်ပြုခဲ့ပါတယ်။ (၁၉၆၁) ခုနှစ်မှာ တောင်ဗီယက်နမ်က ကျွန်းတွေကို ဗီယက်နမ်နယ်မြေပိုင်နက်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ဒါဟာ တောင်ဗီယက်နမ်ရဲ့ ကြောငြာချက်သာဖြစ်ပြီး၊ မြောက်ဗီယက်နမ်ကတော့ (၁၉၅၆) ခုနှစ်ကနေ (၁၉၇၅) ခုနှစ် ကာလအတွင်းမှာ တရုတ်ရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ကြောင်း ဆိုထားပါတယ်။ မြောက်ဗီယက်နမ်က ထုတ်ဝေတဲ့ မြေပုံတွေနဲ့ ကျောင်းသုံးသင်ခန်းစာတွေမှာ တရုတ်ရဲ့ အဆိုပြုချက်အတိုင်း တောင်တရုတ်ပင်လယ်က ကျွန်းတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း ထည့်သွင်းတာတယ်လို့ တရုတ်နိုင်ငံက ကြေငြာထားပါတယ်။

() အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံက UNCLOS က ခွင့်ပြုထားတဲ့ 200‐mile EEZ ကို အဆိုမပြုထားပါဘူး။ သို့ပေမယ့် တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နဲ့ ထိုင်ဝမ်တို့က အဆိုပြုထားတဲ့ ရေပိုင်နက်တွေက အင်ဒိုနီးရှားရဲ့ EEZ နဲ့continental shelf တွေထဲအထိ ရောက်ရှိနေပါတယ်။ အဲဒီထဲမှာ အင်ဒိုနီးရှားရဲ့ Natuna gas field ပါ ပါဝင်နေတာကြောင့် အင်ဒိုနီးရှားက ရေပိုင်နက် အငြင်းပွားမှုထဲမှာ အဆိုပြုချက်မလုပ်ပဲ ပါဝင်လာရတာ ဖြစ်ပါတယ်။

ဒီလိုအပြိုင်အဆိုင် အဆိုပြုချက်တွေနဲ့အတူ အဆိုပြုချက်တွေ ခိုင်မာစေဖို့အတွက် စစ်အင်အားတိုးချဲ့မှုတွေ၊ သိမ်းပိုက်ထားတဲ့ ကျွန်းတွေပေါ်မှာ infrastructure တည်ဆောက်မှုတွေကလဲ ပေါ်ထွက်လာပါတယ်။ အရှေ့တောင် အာရှနိုင်ငံများရဲ့ စစ်အင်အားတိုးချဲ့မှု (အထူးသဖြင့် ရေတပ်အင်အားတိုးချဲ့မှု) ကလဲ တစထက်တစ ကြီးထွားလာပါတယ်။  ဗီယက်နမ်က Ho Chi Mihn Trail နှစ်ငါးဆယ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ရုရှားကဝယ်ယူထားတဲ့ စစ်သင်္ဘောတွေကို ထည့်သွင်းပြသထားပြီး၊ Spratlys ကို ကာကွယ်နေတဲ့ ရေတပ်သားရဲ့ ပိုစတာကို ချိတ်ဆွဲပြသခဲ့ပါတယ်။ ရုရှားကနေ Gepard class frigates တွေ ထပ်မံဝယ်ယူပြီး ရေတပ်အင်အားကို ထပ်မံဖြည့်တင်းထားပါတယ်။

မလေးရှားနိုင်ငံကလဲ Scorpene Class submarines တွေ ထပ်မံဝယ်ယူပြီး ရေတပ်အင်အားဖြည့်တင်းထားသလို၊ အင်ဒိုနီးရှားနိုင်ငံကလဲ တောင်ကိုးရီးယားကနေ Chanbogo Class submarines တွေနဲ့ ရုရှားထုတ် Kilo Class submarines တွေကို ထပ်မံဝယ်ယူပြီး အင်အားဖြည့်တင်းထားပါတယ်။ ဖိလစ်ပိုင်ရေတပ်ကတော့ ဖိလစ်ပိုင်ရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အမေရိကန်ပြည်ထောင်စုနဲ့ ချုပ်ဆိုထားတဲ့ Mutual defence Treaty ကို အားပြုထားပြီး၊ စစ်ရေးပူးတွဲလေ့ကျင့်ခန်းတွေကို တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန် ရေတပ်နဲ့အတူ  ပြုလုပ်လျက်ရှိပါတယ်။ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုပြဿနာေတွကြောင့် မဟာဗျူဟာအကျိုးဆက် (Strategic implications) များစွာ ရှိနိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၃၀၊ ၉၊ ၂၀၁၂)

One comment

  • ပန်းစံပါယ်

    October 1, 2012 at 4:14 pm

    အပိုင်း (၃)ပိုင်းလုံးကို အေးအေးဆေးဆေး ဖတ်ဖို့ ကူးယူသွားပါပြီရှင်…အခုလိုသိခွင့်ရတာ ကျေးဇူးပါရှင်။

Leave a Reply