ငါကံကောင်းနေသေးတယ်အပိုင်း(၂)-ရေးသူ ဘုန်းသုခေ
ပိန္နဲ္နဲရွက်ကလေး နှစ်ရွက်
မရဏာနုဿတိ ကမ္မဋ္ဌာန်းအကြောင်းကို စိတ်ဝင်စားလို့ ဖတ်ရှုနေရင်း စိတ်ထဲမှာ သတိတစ်ခုရလိုက်မိတယ်။ မနက်စောစော ဘုန်းကြီးပျံပင့်ထားလို့ သွားရမယ့်ကိစ္စပါ။
ဒါနဲ့ ဖတ်နေတဲ့ စာအုပ်လေး ဘေးမှာ ချပြီးတော့ စောစောလေး အိပ်ယာဝင်လိုက်တယ်။
မနက်လေးနာရီခွဲလောက် အနောက်ဥယျာဉ်တိုက်က ဘုန်းကြီးပျံကို ကျောင်းက ကားနဲ့လိုက်ပို့ခိုင်းပြီးတော့ ကားကို ပြန်လွှတ်လိုက်တယ်။
ကျောင်းဝင်းထဲရောက်တော့ ပင်မကျောင်းဆောင်ကြီးရဲ့ အရှေ့ကွက်လပ်ထဲမှာ ယာယီစံကျောင်းပြုလုပ်ပြီး ပျံတော်မူသွားတဲ့ ဆရာတော်ရုပ်ကလာပ်အား အပူဇော်ခံထားရှိပါတယ်။
ဆရာတော်အရွယ်ကောင်းစဉ်က ရိုက်ကူးထားတဲ့ ခန့်ညားထည်ဝါတဲ့ မတ်ရပ်ဓာတ်ပုံကြီးက ရုပ်ကလာပ်ဦးခေါင်းပိုင်းကနေ ချိတ်ဆွဲထားတယ်။
မှန်အခေါင်းထဲမှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်က ငြိမ်သက်နေလျက်။
ဆရာတော်သက်တော်က (၇၆)နှစ်၊ ဝါတော်က(၅၆)ဝါလို့ မှန်အခေါင်းအပြင်မှာ ရေးထားတယ်။ဆရာတော်ကြီးရဲ့ သီလ သမာဓိ ပညာဂုဏ်များကို အာရုံပြုကာ ဦးညွှတ် ကန်တော့လိုက်ပါတယ်။
ဆရာတော်ကြီး ရုပ်ကလာပ်တော်ကို သေချာကြည့်ပြီးတော ့“ငါတို့လဲ တစ်နေ့ကျရင် ဆရာတော်ကြီးလိုဘဝတစ်ခုကို အဆုးံသတ် အနားသတ် ပေးရဦးမှာပါလား”လို့ တွေးတောဆင်ခြင်မိပါတယ်။
“ဆရာတော်များ အရုဏ်ဆွမ်း ဘုဉ်းပေးရန် ကျောင်းဆောင်ကြီး အပေါ်ထပ်သို့ ကြွတော်မူပါဘုရား”လို့ ပင့်လျောက်တဲ့အသံကြားတော့ ကျောင်းကြီးအပေါ်ထပ်သို့ တက်လိုက်ပါတယ်။
အပေါ်ထပ်ရောက်တော့ ပင့်သံဃာ တော်တော်များများပင့်ထားတာကို တွေ့ရတယ်။ဆရာတော်ကြီးသီတင်းသုံးတဲ့ကျောင်းကြးီ ဆိုတော့ ဆရာတောြ်ကီး ရဲ့အသုံးအဆောင်ပစ္စည်းများ၊
နိုင်ငံတော်က ဆက်ကပ်လှူဒါန်းထားတဲ့ ဘွဲ့တံဆိပ်တော်များ စသည်တို့ကိုစုံစုံလင်လင်တွေ့ရှိရတယ်။ ဒါ့အပြင် ဆရာတော်ကြီးစီးတဲ့ ကားကောင်းကောင်းကြီး တစ်စီးကိုလည်း တွေ့ခဲ့ရပါသေးတယ။်
ဘုန်းကံကြီးမားတ ဲ့ ဆရာတော်ကြီးဖြစ်လို့ အသုံးအဆောင် ပစ္စည်းတွေ ကလည်းအများအပြားပါပဲ။
မြတ်စွာဘုရား ဟောထားတဲ့ တရားတော်ကိုသတိရမိတယ်။
သဗ္ဗံ နာဒါယ ဂန္တဗံ္ဗံ္ဗ = သေရင ် ဘာမှ ယူမသွားနိုင်ဘူး။
သဗ္ဗံ္ဗ နိက္ခိပ ဂါမိနံ = သေရင် အကုန်ထားခဲ့ရမယ်။
တဉ္စဿ အနုဂံဟောတိ= ကိုယ်တိုင် ပြုလုပ်အားထုတ်ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကိုသာလျှင် ယူဆောင်သွားရမယ်။
ဆာယာဝအနုပါယိနီ = ကိုယ် ပြုလုပ်ထားတဲ့ကုသိုလ်ကံ၊ အကုသိုလ်ကံများက ထားခဲ့လို့မရဘူး၊ အရိပ်လိုပဲ နောက်ကနေ လိုက်ပါနေမယ်တဲ့။
အရုဏ်ဆွမ်းကပ်ပြီးတော့ ဆုတောင်း၊ ရေစက်ချအမျှဝေကြတယ်။ ပြီးတော့ လှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြတယ်။
ကျောင်းကို ကားနဲ့ပြန်ပို့ပေးမယ်ဆိုလို့ ဆရာတော်ကြီး ရုပ်ကလာပ် ထားရှိတဲ့ ယာယီစံကျောင်းဘေးက မြေကွက်လပ် လေးမှာ ထိုင်ခုံလေးယူပြီးတော့ ရုပ်ကလာပ်ဆီ မျက်နှာမူပြီး ထိုင်စောင့်နေလိုက်တယ်။
မိမိ ရှေ့တည့်တည့်မှာ ပိန္နဲရွက်ကလေးနှစ်ရွက်က ရှေ့ဆင့် နောက်ဆင့် ကြွေကျလာတယ်။
ပြောင်ရှင်းနေတဲ့ ကွင်း ပြင်မှာဆိုတော ့ ပိန္နဲရွက်လေးနှစ်ရွက်က ထင်ထင်ရှားရှား မြင်နေရတာပေါ့။
“တစ်ရွက်က ခပ်ခြောက်ခြောက်”
“တစ်ရွက်က ခပ်စိမ်းစိမ်း”
ဆရာတော်ကြီးရုပ်ကလာပ်ကို ကြည့်နေရာကနေ မိမိမျက်စိက ပိန္နဲရွက်ကလေးတွေပေါ် ရောက်သွားတယ်။
“ဪ ခြောက်နေတဲ့ ပိန္နဲရွက်လေးကတော့ကြွေချိန်ကျလို့ ကြွေကျလာတာမှန်ပေမယ့် ခပ်စိမ်းစိမ်းပိန္နဲရွက်လေးကတော့ ကြွေချိန်မကျသေးဘဲ ကြွေကျလာတာပါလား”။
အချိန်ကျလို့ ကြွေကျရသလို အချိန်မကျသေးဘဲနဲ့လည်း ကြွေကျရတယ်ဆိုတဲ့ ကြွေရခြင်းရဲ့သဘာဝနိယာမ ကို နားလည်သွားစေပါတယ် ။
ဒီပိန္နဲရွက်လေးနှစ်ရွက်လည်း အမှိုက်ပုံထဲ ရောက်ပြီး မကြာခင်မှာ မီးရှို့ခံရဦးမှာပါ။
နေ့လည် (၁၂)နာရီဆိုရင် ဆရာတော်ကြီးရုပ်ကလာပ်ကိုလဲ မီးရှု့ိ ကြတောမှာပ။ဲ
ဒါဟာ ဘဝတစ်ခုကို “ပြာနဲ့မီးခိုး”ကအဆုံးသတ်ပေးလိုက်တာပါပဲ။ အခုလို သက်ရှိ သက်မဲ့တို့ရဲ့ အဆုံးသတ်သွားပုံကို စဉ်းစားနေတုန်းမှာပဲ ပြန်ပို့မယ့် ကားရောက်လာလို့ ကျောင်းကိုပြန်လာခဲ့ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စိတ်ကူး တစြ်ခား လက်တွေ့တစ်မျိုး
ကျောင်းရောက်တော့ နံနက်(၆)နာရီခွဲရှိပါပြီ။ (၇)နာရီဆိုရင် အလတ်တန်း သဒ္ဒါစာဝါသင်ပေးရဦးမယ်။
နေ့(၁)နာရီ အကြီးတန်း ရူပသိဒိ္ဓ။
ညနေ(၃)နာရီ အကြီးတန်း အလင်္ကာ။
ညနေ(၅)နာရီ အကြီးတန်း ပဋ္ဌာန်း စသည့်
တစ်နေ့တာ သင်ပေးရမယ့် စာဝါတွေကို စဉ်းစားနေလိုက်တယ်။ ဖုန်းလာနေတယ်။ ကိုင်မယ့်သူမရှိဘူး သွားကိုင်မယ်လုပ်တော့ ဖုန်းကကျသွားတယ်။
နောက်တစ်ကြိမ်ဖုန်းက ထပ်မြည်လာတယ်။ ဖုန်းလက်ကိုင်လေးမယူပြီး နားထောင်လိုက်တယ်။
“ဟဲလို ဟဲလို”
“သာယာအေးက ပေါက်စပါ ဘုရား”
“ဪ ကိုပေါက်စလား”
“မှန်ပါ့ဘုရား”
“ဦးဇင်း ပြောနေတယ်လေ”
“မှန်ပါ၊ ဦးဇင်းအဖေကြီး ဘကြီးချို မနေ့ညနေ ပိုင်းက လေဖြတ်သွားတယ် သတိမရတော့ဘူး။အရှင်ဘုရား အမြန်ဆုံး ကြွခဲ့ပါဘုရား”။
“ဪ”ဆိုပြီး ခဏ ငေါင်သွားတယ်။ ပြီးမှ “ဟုတ်ပြီ၊ ဟုတ်ပြီ”ဆိုပြီး ဖုန်းချလိုက်တယ်။
အသံကြားလိုက်ရတော့ စိတ်တွေ ပူထူသွားတယ်။လေပူ၊ နေပူနဲ့ အတူ လွင့်မျောနေတ ဲ့ စိတ်အပူတွေကို ပြန်လည် ထိန်းချုပ်ပြီးတော့
(၇)နာရီမှာ သင်ပေးရဦးမယ့်စာဝါကို သင်ပေးလိုက်တယ်။
“မီး”ဆိုတာ “ပူ”ရမယ်။
“လောင်ကျွမ်း”ရမယ်။
ဒီနှစ်ခုဟာ သူ့ တာဝန်ပဲလေ၊ သူ့တာဝန်သူကျေပြွန်အောင်ထမ်းဆောင်မှ “မီး” ပီသတော့မယ်ပေါ့။
အပူခံရတော့လည်း “မီး”အကြောင်းတွေးမိပြန်တယ်။ တပည့် ဦးဇင်းတစ်ပါးကို ဒီနေ့ထွက်မယ့် မုံရွာ-မန္တလေး ရရာကားလက်မှတ်ကိုဖြတ်ခိုင်းလိုက်တယ်။
“ရွှေစင်စင်္ကြာ ကားလက်မှတ်၊ နေ့လည်(၃)နာရီ ရန်ကုန်ကနေ စတင်ထွက်ခွါမယ်”တဲ့။ ဒါနဲ့နေ့လယ်(၂)နာရီမှာ ကျောင်းကနေ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ထွက်ခဲ့တယ်။
ကားဂိတ်ရောက်တော့ ….
“လူမျိုးစုံ အသံမျိုးစုံ
ပျော်သူက ပျော် ရယ်သူက ရယ်
ပြုံးသူက ပြုံး မဲ့သူက မဲ့
ငိုသူက ငိုနဲ့ လူတွေရဲ့
မျက်နှာတွေကလည်း အမျိုးစုံပါပဲ”။
အခုချိန်မှာ ခရီးသွားကြမယ့် လူအုပ်လူခဲကြီးနဲ့ ပြည့်နှက်နေတဲ့ ကားဝင်းကြီးထဲမှာစည်ကားလို့နေပါတယ်။
သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွားနဲ့ မကြာခင် လမ်းခွဲကြရတော့မှာပါ။
ဒီလူတွေကို ကြည့်ပြီးတော့ အောက်ကကဗျာလေးကို ရွတ်လိုက်မိတယ်။
“ညနေချိန်မှာ ငှက်များစွာ၊
ရေလာသောက်ကြသည်။
ရေသောက်ပြီးကာ မကြာပါ၊
ထွက်ခွါသွားကြသည်။
ထိုနည်းတူစွာ လူ့ဘုံမှာ၊
ပေါင်းကာ ဆုံကြသည်။
ပေါင်းဆုံပြီးကာ မကြာပါ၊
ထွက်ခွါသွားကြသည် ”
အမျိုးမျိုးသော ငှက်များသည် အိပ်တန်းမတက်ခင် နေဝင်ဆည်းဆာအချိန် ရေကန်ကြီးတစ်ကန်မှာ ရေသောက်ကြရင်း ဆုံမိကြတယ်။
ရေသောက်ပြီးတော့ သူ့နေရာသူ ပြန်သွားကြလို့စုပြုံအုံခဲနေတဲ့ ငှက်အုပ်ကြီးလဲ ရေကန်ကြီးနားက ပျောက်ကွယ်သွားကြတယ်။
လူတွေကလည်း ခဏခေတ္တ ဒီနေရာလေးမှာ လာဆုံနေကြတာ။
တော်ကြာနေဆို ဒီနေရာကနေ ဒီ လူအုပ်ကြီးလည်းပျောက်ကွယ်သွားမှာ။
အဘိုး၊ အဖွား၊ အဖေ၊ အမေ၊ သားသမီး၊ညီအစ်ကိုမောင်နှမဆိုတဲ့ ငှက်မျိုးစုံက မိသားစုနဲ့တူတဲ့ရေကန်ကြီးမှာ လာရောက်ပေါင်းဆုံပြီး နေထိုင်နေကြတာ။
အချိန်ကျလာတော့ တစ်ယောက်ထွက်သွား၊ နှစ်ယောက် ထွက်သွားနဲ့ မိသားစု ရေကန်ကြီးမှာလည်း လူတွေ နည်းနည်းသွားတယ်။
………………………………………………………………….
ရွေ့လျားနေတဲ့ခရီးသွားများ
“ရွှေစင်စင်္ကြာနဲ့ လိုက်ပါကြမယ့် မုံရွာခရီးသည်များ ကားပေါ်တက်လို့ရပါပြီ”ဆိုတဲ့ နှိုးဆော်လိုက်တဲ့အသံကြောင့် ကားပေါ်သို့ တက်ရောက်နေရာယူကြတယ်။
ထွက်ခွါရမယ့် အချိန်ကျရောက်လာပြီမို့ တစ်ရွေ့ရွေ့နဲ့ ကားဘီး ကြးီ များက လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။
ရွှေစင်စင်္ကြာကားကြီးက အောင်မင်္ဂလာ အဝေးပြေးကားဝင်းကြီးနဲ့ ဝေး ဝေး သွားပြီး မုံရွာဘက်ဆီသို့ တစ်ရိပ်ရိပ်နဲ့ ရွေ့လျား ပြေးလွှားနေတယ်။
ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းများနဲ့အတူ မိမိ စိတ်တွေကလည်း မငြိမ်မသက် ရောက်ယက်ခတ်ပြီး လိုက်ပါနေရတယ်။
“ဪ မနက်စောစောပိုင်း ဘုန်းကြီးပျံက ပြန်လာတော့ တစ်နေ့တာ မိမိသင်ပေးရမယ့် စာဝါတွေ စဉ်းစားထားတာ အခုတော့ စိတ်ကူးစဉ်းစားထားတာက တစ်ခြား၊ လက်တွေ့ လုပ်နေရ
တာကတစ်ခြား ဖြစ်နေပါပေါ့လား။
စိနိ္တတမိ္ပိ ဝိနဿတိ = ကြံတိုင်းလည်းမဖြစ။်
အစိနိ္တ္တတမိ္ပိ ဘဝတိ = မကြံစည်ထားလည်းပဲဖြစ်တတ်ပါ၏
ဆိုတာ တစ်ကယ့်ကိုမှန်တာပါလား။
……………………………………………………
နေ့ည
“နေ့ည”ဆိုတဲ့ ယာဉ်ကြီးနဲ့ သတ္တဝါတွေခရီးသွားနေကြတာ။
တစ်ချို့က“အိုတဲ့ရွာကြီး”နဲ့ နီးလာကြပြီ။
တစ်ချို့က“အိုတဲ့ရွာကြီး”ထဲ ရောက်နေကြပြီ။
တစ်ချို့က“အိုတဲ့ရွာကြီး”ကို ကျော်သွားကြပြီ။
တစ်ချို့က“နာတဲ့ရွာကြီး”နဲ့ နီးလာကြပြီ။
တစ်ချို့က“နာတဲ့ရွာကြီး”ထဲ ရောက်နေကြပြီ။
တစ်ချို့က“နာတဲ့ရွာကြီး”ကို ကျော်သွားပြီ။
တစ်ချို့က“သေတဲ့ရွာကြီး”နဲ့ နီးလာကြပြီ။
တစ်ချို့က“သေတဲ့ရွာကြီး”ထဲ ရောက်နေကြပြီ။
သေတဲ့ရွာကြီးထဲ ရောက်ရင်တော့ ခရီးစဉ်ပြီးဆုံးသွားပါပြီ။
ဒါပေမဲ့“နေ့ည”ဆိုတဲ့ယာဉ်ကြီးကတော့ ခေါက်တုန့်ခေါက်ပြန် သတ္တဝါတွေကို “ရွာကြီးသုံးရွာ”ရောက်အောင် ပို့ဆောင်ပေးနေဆဲပါပဲ။
…………………………………………
အိမ်အဝင်ခံစားချက်
အိမ်ရောက်တော့ လူမမာ လာမေးကြသူတွေရော၊ မိမိလာမယ်ဆိုတာသိနေကြလို့ ရောက်လာကြတဲ့သူတွေရော ဆွေမျိုးသားချင်းတွေ စုံစုံလင်လင်နဲ့ တွေ့ရပါတယ်။
ဒါပေမယ့် အားလုံးကစိတ်မကောင်းကြပါဘူး။
အိမ်ထဲက ကုတင်ပေါ်မှာပက်လက်ကလေးတင်ထားတ ဲ့ ဘကြီးချိုက ို မြင်တွေ့ရတော့စိတ်မကောင်း ဖြစ်ရတယ်။
မိမိရောက်လာပြီ ဖြစ်တဲ့အကြောင်း အတွင်တွင် ပြောပြနေပေမယ ့် ဘကြးီ ချိုဆီက စကားပြန်မရတော့ပေ။
အသက်ကတော့ ပုံမှန်ရှုနေတုန်း ပါပဲ။ “နေ့ည” ဆိုတဲ့ ယာဉ်ကြီးနဲ့အတူ ဘကြီးချိုက “နာတဲ့ရွာကြီး”ထဲကို ရောက်နေပါပြီ။
ဘကြီးချိုရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီးမျက်နှာလေးကို စိုက်ကြည့်နေလိုက်တယ်။ မျက်နှာလေးကကြည်လင်နေတယ်။
ဝေဒနာ တစ်စုံတစ်ရာခံစားနေရတဲ့ပုံလည်း မတွေ့ရဘူး။ မနှစ်က ဒီအချိန်မှာ ဘကြီးချိုနဲ့ အနီးကပ်ရှိနေလို့ စကားတွေပြောဖြစ်ကြသေးတယ်။
“ဘဘ ကျန်းမာရေးကောင်းလား”
“ကောင်းပါတယ်၊ ထမင်းလည်း စားလို့ကောင်းတယ်၊အိပ်လို့လည်းပျော်ပါတယ်”တဲ့။
မနှစ်ကဆို ဒီအချိန်မှာ ဘကြီးချို ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေဆဲပါ။ တောင်ဝှေးတစ်ချောင်းနဲ့ ရွာထဲကို လှည့်လည်သွားလာနေတုန်း ဖြစ်တယ်။
အဲ့ဒီနှစ်ကပဲရွာရောက်နေခိုက် “စုပေါင်း တရားထိုင်ပွဲလေးပြုလုပ်ပေးခဲ့ပါသေးတယ်”
နေ့ခင်း(၁၂)နာရီကနေ ညနေ(၆)နာရီအထိ။သုံးရက်တိတိ အချိန်ပိုင်း စခန်းလေး ပြုလုပ်ပေးခဲ့ပါတယ်။
ဒီတရားထိုင်ပွဲလေးမှာ ဘကြီးချိုက(၁၂)နာရီမထိုးခင် ကြိုတင်ပြီး ရောက်လာတတ်တယ်။
တစ်ခါတစ်လေ ဆိုင်ကယ်နောက်ကနေ ခွထိုင်ပြီးကျောင်းကိုရောက်လာတတ်တယ်။
တစ်ခါတစ်ရံ တောင်ဝှေးတုတ်ကောက်လေး ဆွဲကိုင်ပြီး လမ်းလျှောက်လာတတ်တယ်။ ဘယ်လိုပဲလာလာ ဘကြီးချိုက နောက်မကျပေ။
တရားထိုင်ကြတဲ့ အချိန်မှာလဲ မလှုပ်မယှက်ငြိမ်သက်နေအောင် ဘကြီးချို ထိုင်နိုင်တာကိုလဲ တွေ့ရတယ်။
အဲ့ဒီအချိန်တုန်းက ဘကြီးချို အသက်က“၈၅”နှစ်ရှိပါပြီ။
ဘကြီးချိုက စကား အလွန်နည်းပါတယ်။ဆူတယ်၊ ဆဲတယ်ဆိုတာလဲ မကြားဘူးသလောက်ပါပဲ။ ဒေါသလဲ အလွန်နည်းတယ်။
အေးအေးချမ်ချမ်းနဲ့တည်ကြည်ငြိမ်သက်စွာ နေတတ်ပါတယ်။
တစ်ညမှာ ဘကြီးချို အိပ်နေကျကုတင်ဘေးကတန်းလျားလေးပေါ်မှာ မိမိအိပ်နေလိုက်တယ်။
ဘကြီးချိုအိပ်ယာဝင်တော့မှာဆိုတော့ ဘုရားရှိခိုးနေတဲ့အသံကို ကြားနေရပါတယ်။ ဩကာသ ကန်တော့ခန်းမှစလို့ ငါးပါးသီလခံယူ၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ အမျှဝေ
ပီးတော့ နာရီဝက်ခန့် တရားထိုင်ပြီးမှ အိပ်ယာပေါ်လှဲအိပ်လိုက်ပါတယ်။
မိမိကဘကြီးချိုကို“ဘဘ အိပ်ယာဝင်တိုင်းအခုလို ဝတ္တရားတွေ အမြဲတန်း ပြုလုပ်ပြီးမှအိပ်တာလား”လို့ မေးလိုက်ပါတယ်။
“ကြိုးစားရတာပါပဲ”လို့ တိုတိုပဲ ဘဘကဖြေကြားလိုက်ပါတယ်။ မနှစ်ကဆို အခု ဘကြီးချိုအိပ်နေတဲ့ နေရာလေးမှာ-
ဘကြီးချို ရဲ့ ဘုရားရှိခိုးတဲ့အသ၊ံ ပရိတ်ရွတ၊်မေတ္တာပို့အမျှဝေတဲ့အသံတွေနဲ့ ဝေဝေဆာဆာကြည်နူးဘွယ်ရာ ကြားခဲ့ရပေမယ့်လို့
အခုတော့ဘကြီးချိုက စကားတစ်လုံးမှ မပြောနိုင်တော့ဘဲ ငြိမ်သက်နေပါတယ်။
ဒီနေရာလေးမှာပဲ ဘကြီးကြီးချိုကို အကြောင်းပြုပြီးတော့ ကြည်နူးဖွယ်ရာ၊ ကြေကွဲဖွယ်ရာတွေကိုတွေ့ကြုံခံစားလိုက်ရတယ်။
“နေ့ည”ဆိုတဲ့ ယာဉ်ကြီးကဘကြီးချိုကိုနာတဲ့ရွာကြီးမှာမထားတော့ပဲ သေတဲ့ရွာကြ ီးထဲ ရောက်အောင် နောက်တစ်နေ့မနက် (၉)နာရီကျော်လောက်မှာ ခေါ်ဆောင်သွားပါတော့တယ်။
အဲ့ဒီ“နေ့ည”ဆိုတဲ့ယာဉ်ကြီးက သေတဲ့ရွာကြီးရောက်အောင်ခေါ်ဆောင်သွားတော့လည်း ဘကြီးချို မျက်နှာလေးက ကြည်လင်ရွှငြ်ပစွာနဲ့ သက်တောင့်သက်သာလိုက်ပါသွားပါတယ်။
“ဘကြီးချို သက်သက်သာသာကွယ်လွန်သွားတာကို ကြည့်ပြီးတော့ မိမိမှာ ဆုတောင်းတစ်ခု ပိုလာပါတယ်”။ အဲဒီဆုတောင်းကတော့ ….
“ဒီဘဝ အသက်ဝိညာဉ် ချုပ်တဲ့အခါ သက်တောင့်သက်သာနဲ့ အသက်ဝိညာဉ်ချုပ်နိုင်ရပါလို၏”လို့ ဆုတောင်းမိတယ်။
“ကိုယ်လုပ်တာ ကိုယ်ယူသွားရမယ်” ဆိုတဲ့ အတိုင်း ဘကြီးချိုက သူလုပ်တာကို သူ ကောင်းကောင်းယူသွားနိုင်ပါတယ်။
ဒါကြောင့်မို့ ဘကြီးချို(ဘဘ)အတွက်စိတ်မပူမိပါဘူး။ ချမ်းသာသုခနဲ့ ပြည့်စုံတဲ့ဘုံဘဝမှာ ခံစား စံစားနေရမှာပါ။
အိုရွာကိုသွား ၊ နေ့ညဆိုတဲ့ကား၊ လိုက်ကြဦးမှာလား။
နာရွာကိုသွား ၊ နေ့ညဆိုတဲ့ကား၊လိုက်ကြဦးမှာလား။
သေရွာကိုသွား ၊ နေ့ညဆိုတဲ့ကား၊လိုက်ကြဦးမှာလား။
မလိုက်ချင်ဘူး ၊ တွင်တွင်ငြင်း၊နေ့ညဆိုတဲ့ကားတစ်စင်း။
ရှောင်ကွင်းမရ ၊ နေ့ညဆိုတဲ့ကားက၊ခေါ်နေတာဗျ။
22 comments
Hnin Hnin
October 1, 2012 at 11:58 pm
‘တစ်ရွက်က ခပ်ခြောက်ခြောက်’ ‘တစ်ရွက်က ခပ်စိမ်းစိမ်း’
အရွယ်မတိုင်ခင် အရွယ်ကောင်းတုန်း ကြွေလင့်ရရှာတဲ့ သဘောနဲ့
အိုမင်းလို့ မီးစာကုန်ဆီခမ်း နာရသေရတဲ့သဘောနှစ်ခုကို ဆင်ခြင်မိပါတယ်….
သေတဲ့အချိန်မှာ ဘကြီးချိုက အသက်ထွက်ညင်သာပြီး ရုပ်ကြည်တာ ဒေါသ၊မောဟ
နည်းပြီး တရားပြည့်ဝလို့ထင်ပါတယ်…
surmi
October 2, 2012 at 12:33 am
ကျနော်တို့တစ်တွေလို အတိတ် ပစ္စုပ္ပန် အနာဂါတ် နဲ့ ကံ က ံ၏အကျိုးကို ယုံတဲ့သူတွေအဖို့ သေခါနီးမှာ
ဂတိ မြဲစေဖို့ သတိမြဲပြီး ရှုမှတ်နေနိုင်ဖို့လိုတာပါပဲ ။ ဝေဒနာဖိစိးနေတဲ့ အချိန်မှာ သတိမြဲဖို့ဆိုတာ
အလေ့အကျင့် အရမ်းကောင်းဖို့ လိုပါတယ် ။ သေသေချာချာ အားထုတ်ရှုမှတ်ခဲ့ဖို့လိုတာပါပဲ ။
ဒီလိုပို့စ်လေးတွေများများဖတ်ရရင် တရားအားထုတ်ဖို့ သတိပေးနေသလိုဖြစ်တဲ့အတွက် အလွန်ပဲအကျိုးများ
လှပါတယ် ။ တရားရှုမှတ် အားထုတ်တာကို ဆန့်ကျင် တဲ့သူတွေအော်ဟစ်နေစဉ်မှာ အချိန်ကိုက်သတိပေး
သလိုဖြစ်ရတဲ့ အတွက် သံသရာခရီးအတွက် ပြင်ဆင်ချိန်လဲ ရနိုင်ကြမှာပါ ။ တကယ်တော့ ဒီခရီးက
နီးနီးလေးပါ ။မဖြစ်မနေ သွားရမှာဖြစ်လို့ လာခေါ်တဲ့အချိန်မှာ ပြုံးပြုံးလေးလိုက်နိုင်ဖို့ အထုပ်ပြင်ထားကြပါတော့
လို့ ဆိုနေတာပါ ကလား…..။
padonmar
October 2, 2012 at 8:53 pm
ကိုဆာမိရေ
ခဏသွားပြီးပြန်လာရမယ့် ခရီးတိုလေးတွေအတွက်တော့ လူတွေက အထုပ်အပိုးကြိုပြင်တတ်ကြပါတယ်။
ဘယ်တော့မှပြန်မလာရမယ့် ခရီးတွက်တော့ အထုပ်ပြင်ဖို့မေ့တတ်ကြပါတယ်။
မောင်ပေ
October 2, 2012 at 11:34 am
လူတိုင်းမဖြစ်မနေသွားရမယ့် ခရီး ကို ကိုယ့်အလှည့်ကျရင် သက်တောင့်သက်သာနဲ ့သွားနိုင်ဖို ့… ဟူး
အန်တီမာရေ…. မတွေးရဲသေးဘူးဗျာ
လုပ်စရာတွေ အများကြီးရှိသေးတယ်လို ့ခေါင်းထဲကနေ အချက်ပြ သတိပေးလာတယ်ဗျို ့
padonmar
October 2, 2012 at 8:55 pm
မောင်ပေရေ
အဲဒါ မရဏာနုဿတိရဲ့ကျေးဇူးပါ။
လုပ်စရာရှိတာတွေကို အချိန်မဆွဲပဲ လုပ်တတ်တဲ့ အကျင့်ကောင်းလေးရလာရင် နေနေရသေးတဲ့ ဘဝတွက်လည်းကောင်း မနေရလို့ သေရမယ့် ဘဝတွက်လည်းကောင်းပါလိမ့်မယ်။
kyeemite
October 2, 2012 at 11:47 am
“နေ့ည” ဆိုတဲ့ ယာဉ်ကြီးနဲ့အတူ ကျနော့အဖေလည်း “နာတဲ့ရွာကြီး”ထဲကို ရောက်နေပါပြီ။
ဒါပေမဲ့သူက…“ခပ်ခြောက်ခြောက်သစ်ရွက်”ပါ…
ဒါကြောင့် အသက်ဝိညာဉ် ချုပ်တဲ့အခါ သက်တောင့်သက်သာနဲ့ အသက်ဝိညာဉ်ချုပ်နိုင်
ပါစေလို့ ဆုတောင်းပေးနေမိပါတယ်….
နဲနဲစိမ်းနေသေးတယ်ထင်ရတဲ့…ကျနော်တို့ကိုယ်တိုင်လည်း…“ သေတဲ့ရွာကြီး”
ကို အေးဆေးတည်ငြိမ်စွာ လိုက်တတ်အောင် လေ့ကျင့်ထားဖို့သတိဝင်မိပါတယ်….
ကျေးဇူးပါအရှင်ဘုရား(စာရေးသူ)
တင်ပေးသူကိုလဲကျေးဇူးပါဗျာ…
padonmar
October 2, 2012 at 8:58 pm
ဦးကြီးမိုက်ရေ
တစ်နေ့ေ့န့မှာတော့ ချစ်သောသူတွေကအရင် ကိုယ့်ကိုခွဲရင်ခွဲ၊
ကိုယ်ကအရင် သူတို့ကိုခွဲရင်ခွဲ။
ခွဲရမှာပါ။
အဲဒီတော့ တကယ်ချစ်ရင် နောက်ဆုံးအချိန်အတွက် ကြိုတင်ပြင်ဆင်ဖို့ကို အားမနာတမ်း သတိပေးရပါမယ်။
ကြုံကြိုက်ရင် ကျမအဖေရဲ့ နောက်ဆုံးအချိန်တွေ အကြောင်းပြောပြချင်ပါတယ်။
kai
October 2, 2012 at 12:04 pm
ပြီးခဲ့တဲ့.. ၂လကျော်ကပေါ့..
.. မေမေဆေးရုံတက်ရပြီး.. တပါတ်လုံးလုံးအမျိုးစုံစစ်ဆေးပြီး.. ဆေးရုံကမရတေ့ာဘူးပြောတယ်..
ပြီးတော့.. အိမ်ပြန်လာခဲ့ကြတယ်ပေါ့..။
Hospice care ကနောက်ကလိုက်လာပြီး.. လိုအပ်မယ်ထင်တဲ့ဆေးတွေ.. အောက်ဆီဂျင်ကအစ.. အကုန်ပြင်ဆင်ပေးပါတယ်..။
နောက်ဆုံးအချိန်ကို သက်သာနိုင်သမျှသက်သာစွာနဲ့ ဖြတ်သွားလို့ရအောင် အိပ်ရမယ့်(အတင်အချမော်တာနဲ့လုပ်တဲ့)ကုတင်ကအစ.. လိုအပ်မယ့်ဆေးတွေ..စက်ကရိယာတွေအကုန်ပြင်ဆင်ထားပါတယ်..။
အသည်းကင်ဆာဆိုတာက.. ကင်ဆာပြန့်ရင်ပြန့်သလောက်.. အာရုံကြောထိရင်ထိသလောက်.. အရမ်းနာတတ်တယ်ကြားဖူးတာမို့..အနာသက်သာ မိန်းမူးစေတဲ့.. မော်ဖင်းတွေလည်းပြင်ပေးပါမယ်တဲ့..။
ကြားဖူးတာတွေထဲ.. မော်ဖင်းထိုးရက်ကတောင်.. ကင်ဆာကကျောရိုးထိကိုက်စားသွားတတ်တာမို့.. ခန္ဓာကိုယ်ကအလိုအလျှောက်. တုံ့ပြန်တာတို့ဖြစ်တာမို့.. လက်ခြေထောက်တွေ ကြိုးနဲ့ချည်ခံရပြီးမှ အပြင်းအထန်.. ရုံးကန်ခံစားရပြီး.. ဆုံးတာလည်း ရှိကြတယ်တဲ့..
အဲလိုနဲ့ ဆေးရုံကဆင်းပြီး.. တပါတ်လောက်အကြာ.. နောက်ဆုံးအချိန်ရောက်တော့.. မေမေကအေးအေးဆေးဆေးပဲ ကွယ်လွန်သွားခဲ့ပါတယ်..။
ဖြစ်ပုံက.. ဆေးရုံမှာကထဲက.. အစာအိမ်လည်ပြွန်အထဲကသွေးကြောထုံးတွေကို ပိတ်ပစ်ဖို့လုပ်တာမှာ မေမေကိုယ်တိုင်.. ဆရာဝန်ကို.. “ငါတရားမှတ်ပြီးသေမယ်” ဆိုပြောပြီး.. သဘောမတူတာမို့.. အဲဒီသွေးကြောထုံးတွေကို ဒီအတိုင်း ဘာမှမလုပ်ပဲထားခဲ့တာပါ..။
အဲဒါလေးတွေပေါက်ထွက်ပြီး.. (စကားတွေပြော.. ထမင်းစားပြီး..) ၅မိနစ်အတွင်း..နာခြင်း ရုန်းကန်ခြင်းမရှိ.. မျက်စိမှိတ်..ငြိမ်းချမ်းစွာ ကွယ်လွန်တာပါ..
ဆိုတော့..
အို-နာကနေ.. တမလွန်သွားသူတွေအတွက်.. သက်တောင့်သက်သာ သွားရအောင် လုပ်ပေးတဲ့.. Hospice care လိုမျိုး မြန်မာပြည်မှာလုပ်သင့်ကြောင်းပြောဖြစ်ကြတယ်..
တနေ့တော့.. ဖြစ်လာမယ်ပေါ့…
မြန်မာပြည် ပြန်လာဖြစ်ရင်.. အဲဒါမျိုးလုပ်ဖို့အတွက်.. ကူညီပေးချင်မိတယ်..
ကိုကျော်သူတို့ရှေ့က.. လုပ်သင့်..လုပ်ရမယ့်.. အလုပ်ကြီးတခုလို့ထင်မိပါကြောင်း…
http://en.wikipedia.org/wiki/Hospice
Moe Z
October 2, 2012 at 2:59 pm
တကယ်လားသဂျီး ..
ဘယ်တော့ပျံလာမှာလဲပြော ဦးကျော်သူဆီဖုန်းဆက်ပေးမယ်
Hnin Hnin
October 2, 2012 at 8:49 pm
ဦးကျော်သူဆီမှာ တစ်နေ့နေ့တော့ နိဗ္ဗာန်ယာဉ် မောင်းချင်တယ်….
မန္တလေးက အမျိုးသမီးနိဗ္ဗာန်ယာဉ်မောင်းကိုလည်း အားကျလေးစားတယ်…
အခုလောလောဆယ်တော့ အိမ်ကကားတောင် မောင်းခွင့်မရှိတော့
ကြီးကြီးကျယ်ကျယ်ပြောသလို ဖြစ်နေတယ်…
padonmar
October 2, 2012 at 9:01 pm
နှင်းနှင်းရေ
နာကူမှာ ပုံမှန်လခစားယာဉ်မောင်းပဲ မောင်းရပါတော့တယ်။
လုပ်အားပေးတွေ ပေးမမောင်းတော့ဘူးလို့ ကြားပါတယ်။
ဆိုတော့ ကျမတို့ အဲဒီလို ကုသိုလ်လုပ်ခွင့်မရတော့ဘူးပေါ့။
ဒါကြောင့် ဒါနဆိုတာ လုပ်ချင်တိုင်းလုပ်ခွင့်မရနိုင်တာဖြစ်လို့ အခွင့်အရေးရတိုင်း ယူတတ်ကြဖို့လိုပါတယ်။
Hnin Hnin
October 2, 2012 at 9:31 pm
ဟုတ်လား…t don ရေ..အဲဒါကို မသိဘူးရယ်… း( …
အဲဒီလိုမောင်းရတာကို ကိုယ့်ဆန္ဒအရဆိုရင် ငွေကြေးယူပြီး မလုပ်ချင်ဘူး..
မျှော်လင့်ထားသမျှတော့ သွားပါပြီ…. း(
မန္တလေးကယာဉ်မောင်းအမျိုးသမီးနာမည်က ဖတ်ဖူးတာမေ့နေတာ….
သူက သူ့အမျိုးသားဆုံးသွားတာ ကိုယ်တိုင်မောင်းပို့ရင်းကနေ နောက်ပိုင်း
အဲဒီလိုမောင်းပို့ဖြစ်သွားတာလို့ ဖတ်ရတယ်…သူကတော့ သူ့သက်သက်ပဲ
မောင်းပို့နေတာလား..အသင်းအဖွဲ့နဲ့လား မသိ..သေချာမမှတ်မိတော့ဘူး….
padonmar
October 2, 2012 at 9:45 pm
ကိုခိုင်ရေ
ကိုခိုင်မေမေကွယ်လွန်ပုံလေးအားကျပါတယ်။
Hospice care ကအိမ်ထိလိုက် စီစဉ်ပေးတာလေးလည်း သွားရေကျမိပါတယ်။
မြန်မာပြည်မှာတော့ ဦးလှထွန်း Hospice က သူ့နေရာမှာတင် Limited patients တွေကို စောင့်ရှောက်ပေးနေပါတယ်။
ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရှိစေချင်မိတာတော့ အမှန်ပါပဲ။
ကျမလည်း ကိုယ်တစ်နိုင်တော့လုပ်နေခဲ့ပါတယ်။
နယ်မှာနေတုံးက ကျမတို့ညီအမတွေ ဆရာဝန်မဖြစ်ခင်ကတည်းက ကျမအဖေက အိမ်မှာ အောက်ဆီဂျင်အိုးဆောင်ထားပါတယ်။(အမေကလည်း ဆေးလိပ်အသောက်လွန်လို့ အဆုပ်ပွတဲ့ Chronic Bronchitis+Cor Pulmonale ရှိတာကြောင့်ပါ)
ဒါ့အပြင် အဖေ့ဝါသနာအရပဲ Solu-Cortef တစ်လုံးအမြဲဆောင်ထားပါတယ်၊အရေးပေါ်ဆေးရှာမရတဲ့ လူနာတွေအတွက်ပါ။တကယ်လိုအပ်တဲ့လူနာအတွက်လည်းကူပေးလိုက်နိုင်ပြီး အသက်ရှင်ခွင့်ရဖူးပါတယ်။
ကျမတို့ ဆရာဝန်ဖြစ်ချိန်မှာ Pethidine,Morphine တွေ(ဆေးဆိုင်က ခွဲတမ်းပေးတဲ့ခေတ်မီလိုက်တော့)ရောင်းမစားပဲ သိမ်းထားပြီး ကင်ဆာဝေဒနာရှင်တွေ လိုအပ်တဲ့သူတွေကို အခမဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။
အဖေဆုံးတော့ ရက်လည်တဲ့နေ့ကစပြီး အဖေသုံးခဲ့တဲ့ Hospital bed,air mattress, Oxygen concentrator,Nebulizer,Pulse Oxymeter,အောက်ဆီဂျင်ဆလင်ဒါ်အိုး၊Wheel chair ,Walking aid ချိုင်းထောက်၊အိမ်သာခုံ စတာတွေကို လိုအပ်သူတွေကို သိသိမသိသိ အခမဲ့ငှားပေးခဲ့ပါတယ်။ခုထိလည်း သတင်းကြားနဲ့လာငှားသွားကြ၊မလိုအပ်တော့ရင် (လူနာကောင်းသွားတာဖြစ်စေ၊သေသွားတာဖြစ်စေ)ပြန်လာပို့ကြနဲ့ လည်ပတ်နေဆဲပါ။ကျမအဖေက
ရွှေဝါရောင်တော်လှန်ရေးကာလ 2007 အောက်တိုဘာ ၁ ရက်မှာ ဆုံးပါတယ်။
မနေ့က ၅နှစ်ပြည့်ပါတယ်။
ပျက်စီးတာရှိလည်း ပြင်တတ်တဲ့သူကပြင်ပြီးမှပြန်ပေးတယ်။မပြင်တတ်ရင် ကိုယ့်ဖာသာပဲပြင်ပါတယ်။
လုံးဝ အခမဲ့ပါ။ရည်ရွယ်ချက်ကတော့ မိဘ/လူနာကို ပြုစုရာမှာ ငွေရေးကြေးရေးနောက်ဆံမတင်းရအောင်လို့ရယ်(၊သေမှာဆိုတာသိတော ့တတ်နိုင်တဲ့လူတွေကလည်း သေသွားရင် အလကားဖြစ်မှာလို့တွေးပြီး ဒီလိုပစ္စည်းတွေ
ဝယ်ဖို့ လက်တွန့်တတ်ကြပါတယ်)လူနာတွေရဲ့ နောက်ဆုံးအချိန်တွေမှာ သက်သက်သာသာနေသွားရဖို့ရယ်ပါ။
ကျမ မိတ်ဆွေတွေကလည်း သူတို့အမျိုးတွေ ဆုံးပါးသွားလို့ မသုံးတော့တဲ့ ကုတင်နဲ့ မွေ့ရာ ကိုဒီလိုပဲငှားပေးဖို့ ကျမကို အပ်ကြပါတယ်။(ဂဇက်က မိတ်ဆွေတွေလည်း အမျိုးတွေအတွက်လိုအပ်ရင် ကျမဆီမှာလာယူနိုင်ပါတယ်)
ဇီဝိတဒါနဆေးရုံကြီးမှာလည်း ဒီလိုပစ္စည်းတွေ ငှားပေးနေပါတယ်။သူတို့ဆီမှာတော့ အလှူငွေထည့်ရမယ်ထင်ပါတယ်။နာကူကလည်း အောက်ဆီဂျင်အိုးနဲ့ Wheel Chair တွေငှားပေးတယ်လို့သိရပါတယ်။
ကိုခိုင်တို့လို အမြင်ကျယ်တဲ့လူတွေဦးဆောင်လုပ်ပေးနိုင်ရင်တော့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက်ရှိမှာပါ။အားကိုးပါရစေ။
Khaing Khaing
October 2, 2012 at 3:10 pm
တရားစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏ ဆိုတဲ့အတိုင်း …… ဒီစာလေးကို ဖတ်မိပြီး ကိုယ့်အတွက် ဘာမှမပြင်ဆင်ရသေးဘူးဆိုတာသိလာတယ် …. အရေးကြီးအချိန်ဖြစ်တဲ့ သေခါနီး အချိန်လေးမှာ ဝေဒနာကို ကျော်လွှားနိုင်အောင်တော့ တရားလေးဖက်ပြီး သေသွားချင်တယ် ….
padonmar
October 2, 2012 at 9:04 pm
ခိုင်ခို်င်ရေ
ကိုယ့်ရဲ့စိတ်ကို စိတ်ဆိုးစိတ်ညစ်တွေ မဝင်အောင် သတိလေးထားပေးတဲ့ သတိပဋ္ဌာန်အလုပ်ဟာ သေခါနီးတွက်သာမက ရှင်စဉ်ရော သားကောင်းသမီးကောင်းလေးတွေရဖို့ပါ အသုံးတဲ့ပါတယ်။
အဲဒီအကြောင်း သီတင်းကျွတ်နားနီးလို့ အားလပ်ပြီး မသေသေးရင် ပို့စ်လေးတစ်ခုရေးတင်ဖို့ စိတ်ကူးထားပါတယ်။
Moe Z
October 2, 2012 at 3:27 pm
အန်တီပဒုမ္မာရေ သံဝေဂပို့စ်လေးအတွက် သာဓုပါရှင့်
အဖိုး အဖွားနဲ့ ဆွေမျိုးအရင်းခေါက်ခေါက်ထဲက ၁ ယောက် မျက်စိရှေ့မှာတင်ဆုံးသွားခဲ့ကြတာ
ပြောရရင် သေခြင်းတရားကို ငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့ဖူးတယ်
နောက်တော့လည်း ပညာရေး လူမှုရေး …ရေးပေါင်းများစွာထဲမျောပြီး မေ့ထားမိပြန်ရော
သတိရတဲ့နေ့ဆိုရင်တော့ မအိပ်ခင် မရဏာနုဿတိကိုပွါးဖြစ်တယ်
ဒါပေမယ့် စာဖတ်ရင်းအိပ်ပျော်သွားတာကများတယ် 🙁
padonmar
October 2, 2012 at 9:14 pm
ဇက်ကလေးရေ
ညအိပ်ရာဝင်ကတော့ တော်တော်လုပ်ရခက်ပါတယ်။
အကောင်းဆုံးနည်းက မေတ္တာဝါဒီဆရာတော်ကြီးရဲ့ မျက်နှာသစ်နည်းပါ။
မျက်နှာမသစ်မီ ရေဖလားလေးကိုင်ပြီး
ဘုရားအာရုံပြု မျက်နှာသစ်ရေ ဆက်ကပ်ပါ(ဒါန)
ဒီရေလိုပဲ သတ္တဝါတွေ ဘေးရန်ကင်းလို့ အေးမြချမ်းသာရှိကြပါစေ(မေတ္တာ)
ငါရဲ့ခန္ဓာကိုယ်ကြီးဟာ အပုပ်ကောင်ကြီးပါလား၊အမြဲဆေးကြောပေးနေရပါလား(ကာယဂတာသတိ-သမထ)
ငါဟာတစ်နေ့မလွဲမသေသေရမှာပါလား(မရဏာနုဿတိ-သမထ)
ငါပြုသမျှကုသိုလ်တွေ အမျှဝေပါတယ်(ပတ္တိဒါန-ဒါန)
သူတစ်ပါးတွေပြုတဲ့ကုသိုလ်တွေသာဓုခေါ်ပါတယ်(ပတ္တာနုမောဒနာ-ဒါန)
မျက်နှာသစ်တဲ့ရေရဲ့အေးမြမှု၊ကိုယ့်ရဲ့ လှုပ်ရှားမှုကိုသတိကပ်ပြီးသိသိနေပါ။(ကာယာနုပဿနာ သတိပဋ္ဌာန်)
၅မိနစ်တောင်မကြာတဲ့အပြင် နံနက်ခင်းကို မင်္ဂလာရှိစွာစလိုက်တာနဲ့တူပါတယ်။
Ma Ei
October 3, 2012 at 2:04 pm
အမ ပဒုမ္မာရေ …
မအိ အဖေလည်း အသည်းကင်ဆာနဲ့ 1986 မှာဆုံးပါးခဲ့တာပါ…
ခုထိနံမည်ကြီးနေဆဲ အသည်းအထူးကု ဆရာဝန်ကြီးနဲ့ပြပြီး၊ အသည်းနမူနာယူ
စစ်ဆေး၊ ဓါတ်ကင် ဆေးထိုးဆေးသောက်တွေ လုပ်ရင်းနဲ့ပါဘဲ…
နောက်ဆုံးနှစ်စာမေးပွဲ ဖြေနေဆဲ စာကျက်နေတဲ့ ကျမကို ပြုံးကြည့်နေရင်း
စကားပြောစရာ ရှိလို့ဆိုပြီး အဖိုးကိုခေါ်ခိုင်းပါတယ်၊အဖိုးက အဖေနေမကောင်းလို့
ရန်ကုန်ကို ရောက်နေတာပါ၊အဖေ့ကို ထိုင်ကြည့်နေပြီး အိပ်သွားတာမကြာသေးတာမို့
နှိုးရမှာ သနားတာနဲ့ အဖေ ဘာပြောမလို့လဲ သမီးကိုပြောပါလား၊ ဖိုးဖိုးကြီးကို သမီး
သွားပြောပေးမယ်လေ ဆိုတော့ ရပါတယ်သမီးရယ် ဆိုပြီး ညာဖက်ကိုခေါင်းလေးစောင်းကျသွားခဲ့ပါတယ်။
ကင်ဆာရောဂါရှင်တွေ ဆုံးကာနီးမှာ အပြင်းအထန်နာကျင်ခံစားရတယ်လို့
ကြားဖူးပေမဲ့ အဖေကတော့ စကားပြောရင်းနဲ့ ဘဝကူးခဲ့ပါတယ်…
ကျမ အလှည့်ရောက်ရင်လဲ အဖေ့လို သွားချင်ခဲ့ပါတယ်…
padonmar
October 4, 2012 at 5:32 am
မအိ အဖေရဲ့ သေနည်းကိုလည်း အားကျပါတယ်။သာဓုပါမအိရေ။
ကြောင်ကြီး
October 4, 2012 at 10:15 am
သဂျီးက သွားချင်သေးဘူးတဲ့…။ ကိုဘေးနွားကင်ကြီး စားလို့ကောင်းတုန်းတဲ့၊ သူသေရင် ကိုဘေးနွားရုပ်ကြီး တထောင်တိတိ မီးရှို့ပေးပါလို့ မှာထားတယ်တဲ့..။ တော်တော် လောဘကြီးတဲ့သဂျီး သူတယောက်ထဲ စားလို့ကုန်မှာကြနေတာပဲ…။ :gee:
pooch
October 4, 2012 at 2:32 pm
ဒေါ်ဒေါ်ရေ မနေ့က မှ ဇာတိမြို့က ပြန်ရောက်ပါတယ်။ အမေရယ် ကြီးမေရယ်ကို အဖော်လိုက်သွားပေးရတာပါ။ ကိုးကွယ်တဲ့ ဆရာတော်ဘုရားရဲ့ သက်တော် ၉၁ နှစ်ပြည့်ပူဇော်ပွဲပါ။ဘွဲ့တံဆိပ်တော်တွေအများကြီးနဲ့ တချိန်က စာချ စာစစ် စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သူ ဆရာတော် တပါးဖြစ်ခဲ့ပြီး ခုချိန်ထိတိုင် မျက်မှန်မပါပဲ လက်နှိပ်စက် တချောက်ချောက်နှိပ်လို့ စာရေးနေနိုင်ပါသေးတယ်။
အသားအရေ ကြည်လင်စိုပြေပြီး ညှိုးနွမ်းခြင်းမရှိတဲ့ မျက်နှာတော်ကို ပိုင်ဆိုင်ထားတာမို့ သက်တော်ကြားရင် မယုံနိုင်တဲ့သူတွေ ရှိပါတယ်။ နားလေး မစိုစလောက်လေးတဲ့ ကျန်းမာရေးချို့ယွင်းမှုှုပဲ ရှိပါတယ်။ တောကျောင်းမှာ ပက်လက်ကုလားထိုုင်လေး တလုံးနဲ့ပဲ ရောင့်ရဲပြီး စာဖတ်နေတတ်ပါတယ်။
စကားလည်း သိပ်မပြောသလို လူရှုပ်ကျောင်းရှုပ်မနှစ်သက်ပဲ ပကာသန မဖက်တဲ့ ဆရာတော်ပါ။ သက်တော် ထင်ရှားရှိတုန်း ဒကာဒကာမများက ပူဇော်ကြတာပါ။
အိုရနာရမဲ့ အရွယ်မှာတောင် သတိမပြတ်ပဲ ကြည်လင်ရွှင်ပြစွာရှိနေနိုင်တဲ့သီလ သမာဓိကို အလွန်ကြည်ညိုမိပါတယ်။
ကိုယ်တိုင်လည်း သေတတ်နေတတ်အောင် အချိန်လေးရတုန်း ကြိုးစားပါ့မယ်ဒေါ်ဒေါ်။
padonmar
October 7, 2012 at 11:29 pm
မယ်ပုချ်ရေ
ခုလို ဖတ်ရတာ ဆရာတော်အကြောင်းသိရတာ သာဓုပါနော်။