မြန်မာတွေ ဘာအတွက် လူလုပ်ကြမလဲ..
ဒီဆောင်းပါးလေးဟာ ၂၀၀၆ ခုနှစ်တုန်းက ခေတ်ပြိုင်ဂျာနယ်နဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးပါ။ ရေးခဲ့သူကတော့ ခု မြန်မာနိုင်ငံရေးလောကကနေ အနားယူမယ်လို့ပြောခဲ့တဲ့… အမျိုးသားရေးဦးဝင်းနိုင်ရေးခဲ့တဲ့တာပါ။ ခုထိ ဆန်းသစ်နေဆဲဖြစ်သလို မြန်မာလူမျိုး၊ မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသားလို့ ခံယူထားသူများ သေသေချာချာဖတ်ပြီး နဖူးပေါ်လက်တင်လို့ပဲဖြစ်ဖြစ်၊ လက်ပေါ်နဖူးတင်လို့ပဲဖြစ်ဖြစ် စဉ်းစားဆုံးဖြတ်စေဖို့အတွက် ရှာဖွေပြီးတင်ဆက်လိုက်ပါတယ်.. ဆောင်းပါးနာမည်က
မြန်မာတွေ ဘာအတွက် လူလုပ်ကြမလဲ..တဲ့
ကမ္ဘာပါ်မှာရှိတဲ့ လူသားတိုင်းမှာ အ မြတ်နိုးဆုံးအရာ၊ ဒါမှမဟုတ် တန်ဖိုးထား ဆုံးအရာဆိုတာရှိစမြဲပါ..။ ဥပမာ-တချို့က ပညာကိုတန်ဖိုးထား ကြတယ်၊ ပညာတတ်အောင် အားသွန်ခွန် စိုက်ကြိုးစားကြတယ်။ တချို့က ငွေကိုတန် ဖိုးထားကြတယ်၊ ချမ်းသာအောင်နည်းမျိုးစုံ နဲ့ ကြိုးစားကြတယ်။ တချို့ကတော့ အကျင့်သီလကို ဘဝ ရဲ့အမြတ်နိုးဆုံးအရာအဖြစ်နဲ့ တန်ဖိုးထား ကြတယ်။ တဦးနဲ့တဦး လူမျိုးတမျိုးနဲ့တ မျိုး မတူကြဘူး။ နောက်ပြီး တခေတ်နဲ့တ ခေတ် မတူကြဘူးပေါ့ဗျာ။ ကျနော်တို့မြန်မာတွေကော ဘာကို တန်ဖိုးအထားဆုံးလဲ…?။
ဒီမေးခွန်းကို ဒီကနေ့ ကျနော်တို့ အ လေးအနက်ထားပြီး မေးကြည့်၊ ဖြေကြည့် ဖို့လိုနေပြီလို့ ကျနော်ပြောချင်ပါတယ်။
အခု ကျနော့်အသက် ၇ဝ ထဲမှာ ရောက်နေပါပြီ။ ကျနော်ငယ်စဉ်ဆယ်နှစ်သားလောက်ဆိုရင် မြန်မာလူမျိုးတွေ မှာ ပြောရိုးထုံးစံတခုရှိခဲ့တာကတော့ “တို့ ဟာ အသက်နဲ့လူလုပ်တာမဟုတ်ဘူး၊ အရှက်နဲ့လူလုပ်တာ..”ဆိုတဲ့စကားပါပဲ။
ဒီစကားကဘာကိုပြသလဲဆိုတော့ မြန် မာတွေဟာ အကျင့်သီလကို အရှက်ထက် ပိုပြီး တန်ဖိုးထားတယ်။ ရှက်စရာကောင်း တာဆိုရင် အသေခံမယ်။ ရှေးကလူကြီး တွေ ရှက်စရာကောင်းတယ်လို့ သတ်မှတ် ခဲ့တာတွေထဲက ကျနော်ဆွဲထုတ်ပြချင်တဲ့ အဓိကျတဲ့ ကျင့်စဉ်တွေကတော့ လိမ်ခြင်း ညာခြင်း၊ ခိုးခြင်း၊ တပါးသူကို ည‡င်းပမ်းနှိပ် စက်အနိုင်ကျင့်ခြင်းဆိုတာတွေပေါ့ဗျာæ။
အဲဒါကြောင့် ကျနော်တို့ငယ်ငယ်က လူတွေဟာ မလိမ်ညာဘူးဗျာ၊ မခိုးဘူးဗျာ၊ တခြားသူတွေကိုမနှိပ်စက်ဘူးဗျာ။ အဲဒီအ ရာတွေကို ရှက်စရာကောင်းတဲ့အလုပ် တွေ၊ အသီလ အကျင့်ယုတ်တွေလို့ ကျ နော်မွေးကာစ ခေတ်က မြန်မာလူမျိုးအား လုံးက သတ်မှတ်ရှောင်ကျဉ်ခဲ့ကြပါတယ်။
မြန်မာတဦးတယောက်တလေကရှောင် ခဲ့တာမဟုတ်ဘူး။ မြန်မာအများစုကရှောင် ခဲ့ကြပါတယ်။ လူကြီးတွေရော လူလတ် တွေရော လူငယ်တွေရော ရှက်စရာလုပ်ဖို့ အလွန်ဝန်လေးခဲ့ကြသလို အစိုးရအမှု ထမ်းတွေ သာသနာ့ဝန်ထမ်းတွေ အားလုံး ကလည်း ခိုးတာလိမ်တာ သူများကိုနှိပ် စက်တာတွေမလုပ်ကြဘဲ အတင်းလုပ်ခိုင်း ရင်လည်း မလုပ်ဘဲ ဒါမျိုးလုပ်မှ ကိုယ်ချမ်း သာမယ်တိုရင်လည်း မလုပ်ကြပါဘူး။ ဒါ မျိုးလုပ်မှ ကိုယ်ချမ်းသာမယ်ဆိုရင်လည်း မလုပ်ကြပါဘူး၊ ဒါမျိုးလုပ်မှ အသက်ရှင် မယ်ဆိုရင်တောင် မလုပ်ကြပါဘူး၊ အသေ ခံကြပါတယ်။
ဒီကနေ့ ကျနော်အသက် ၇ဝ ထဲ ရောက်တဲ့အချိန်မှာ ခေတ်ပြောင်းသွားပါ တယ်။ အရင်တုန်းက ရှက်စရာလို့သတ် မှတ်ခဲ့တာတွေကို ဒီကနေ့မြန်မာတွေ ရှက် စရာလို့မထင်ကြတော့ဘူးဗျာ..။
ဒီကနေ့မြန်မာတွေက ခိုးရမှာကို ဘယ်သူမှမရှက်ကြတော့ဘူး။ အစိုးရဆီက လည်းခိုးတယ်။ အရပ်သားတွေအချင်းချင်း ဆီကလည်းခိုးတယ်၊ လိမ်ရတာကို မရှက် ကြတော့ဘူး။ ပိုက်ဆံရမယ်ဆိုရင် အမျိုးမျိုးလိမ်နေ ကြတယ်။ တစိမ်းဆီကလည်း လိမ်ပြီးယူ တယ်။ မိဘဆရာသမား တို့ကိုတောင် ချမ်းသာမပေးဘူး။ လိမ်ကြ၊ ခိုးကြ၊ ခိုးယူတဲ့ ပိုက်ဆံတွေနဲ့ ကားတွေဝယ်စီး၊ အိမ်တွေ ဝယ်ကြတယ်။ ရှက်ရကောင်းမှန်းမသိတဲ့ အပြင် ဂုဏ်တောင်ယူနေကြသေးတယ်။ အဲဒီလိုလိမ်ညာပြီး ချမ်းသာလာကြတဲ့ သူတွေကို မြှောက်ပင့်ပေးကြတယ်။ သူတို့ စွန့်ကြဲတာ ကို ဈေးပေါပေါနဲ့ယူပြီး ရောင်းစားကြတယ်။ သူတို့သခင်တွေနဲ့အတူ (အသီလ)သမားတွေဖြစ်ကုန်တယ်။ ဆွေ မျိုးသားချင်းတွေက လည်း အားပေးကြ တယ်။ သူတို့ကိုယ်တိုင်ကလည်း ဝိုင်းခိုး စားကြတယ်။
ဒီကနေ့မြန်မာတွေဟာ ခိုးထားတဲ့ ပိုက်ဆံ လိမ်ယူထားတဲ့ပိုက်ဆံတွေနဲ့ အ လှူကြီး အတန်းကြီးပေးနေတာကို ရှက်ရကောင်းမှန်းမသိကြတော့ ဘူး။ သူတပါးကိုနှိပ်စက်ဖို့လည်း မရှက်တော့ဘူး။ အားနည်းတဲ့သူ အခွင့်အာဏာ မရှိတဲ့သူတွေကို နှိပ်စက်ပြီး ကိုယ်ကျိုးကောင်းစားရေးအ တွက် လုပ်နေကြပြီ။ဘယ်သူ့ကိုရိုက်ရမလဲ-ရိုက်ပစ်လိုက်၊ ဘယ်သူ့ကိုထောင်ချမလဲ-ချပစ်လိုက်၊ ဘယ်သူ့ကိုသတ်ပစ်ရမလဲ- သတ်ပစ် လိုက်။ ဒါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ လားလို့တောင် မေးရမလိုဖြစ်နေပြီဗျာ။
ကျနော်ငယ်ငယ်က မြန်မာတွေ ကျင့် ကြံနေထိုင်ပုံ၊ တန်ဖိုးထားပုံတွေနဲ့တော့ အားလုံးပြောင်းပြန်ဖြစ်ကုန်ကြပြီပေါ့ဗျာ..။မြန်မာနိုင်ငံ မှာ နောက်တခု အရေးကြီး တဲ့ လူမှုရေးကျင့်ကြံနေထိုင်မှုနဲ့ဆိုင်တဲ့ ဓ လေ့ထုံးစံကလေးဟာလည်း မြန်မာအမျိုး သားတွေအတွက် အရေးပါတဲ့ အကျင့်က လေးတခုလို့ ကျနော်ပြောပြချင်ပါတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာရပ် ကွက်တွေမှာ ရပ်ကွက်နေလူထုဟာ မြန် မာ့ယဉ်ကျေးမှု ကို စုပေါင်းထိမ်းသိမ်းကြတဲ့ ပုံစံကလေးပဲဗျ။ရပ်ကွက်ထဲမှာ မကောင်းတဲ့အမျိုးသ မီးတွေနေတဲ့ အိမ်တအိမ်ရောက်လာရင် အဲဒီအိမ်ကို ရဲကဖမ်းတာမဖမ်းတာအသာ ထား၊ ရပ်ကွက်ကလက်မခံဘဲ ညဘက် ရောက်လာတာနဲ့ အဲဒီအိမ်ကို ခဲမိုးရွာ တော့တာပါဘဲ။
ပြောရမယ်ဆိုရင် ကြေးစားအမျိုးသမီး တွေကိုမပြောနဲ့၊ ရည်းစားများတဲ့ ခလေးမ လေးတွေနေတဲ့အိမ်တောင် ရပ်ကွက်က လက်မခံဘဲ ညရောက်လာတာနဲ့ ဘယ် သူကမှ မစည်းရုံးရဘဲနဲ့ ရပ်ကွက်ထဲက အ ထူးသဖြင့် လူငယ်လူတ်တွေ ထွက်လာပြီး တော့ ခဲမိုးရွာတာ့တာပါဘဲ။
အဲဒီတော့ ရပ်ကွက်ထဲမှာ မကောင်းမှု လာလုပ်လို့မရဘူး။ မြန်မာ့ယဉ်ကျေးမှုကို ရပ်ကွက်လူထုက ကိုယ်ပိုင်အသိဉာဏ်နဲ့ ဝိုင်းထိမ်းလေ့ရှိတဲ့ အကျင့်လေးပါဘဲ။
အခုဆို ဒါမျိုးလုံးဝမရှိတော့ဘူး။ လူ တွေက မသိချင်ယောင်ဆောင်ပြီး နေ,နေ လိုက်တာပါဘဲ။ ရဲကဖမ်းရင်ဖမ်း၊ မဖမ်းရင် နေဘဲ။နောက်တခု- အင်မတန်မွန်မြတ်ပြီး အခုပျောက်သွားပြီဖြစ်တဲ့ မြန်မာ့ယဉ်ကျေး မှုစရိုက်တခုကတော့ ရပ်ကွက်ထဲမှာရှိတဲ့ ကလေးလူငယ်တွေ ကို ဒီရပ်ကွက် ထဲမှာရှိ တဲ့ လူကြီးတွေက သိသိမသိသိ ဆုံးမပိုင် ခွင့်ရှိတဲ့ အကျင့်ကလေးပါဘဲ။ကျနော်တို့ငယ်ငယ်က လမ်းပေါ်တက် ပြီး ကလေးဘဝ ကစား ကြရင်း တဦးနဲ့တဦး ရန်ဖြစ်တာကို ဘေးကလမ်းသွားတဲ့လူကြီး တဦးကမြင်ရင် ဝင်ဆုံးမတာပါဘဲ။ တော်ကြ၊ တန်ကြပေါ့ဗျာ..၊ ပြောလို့မရရင် ရိုက်တန်ရိုက်ပြီး တားတာပဲ။
အဲဒီလိုအမြင်မတော်လို့ ဝင်ဆုံးမတား ဆီးတာမျိုးကို ကလေးမိဘတွေမြင်ရင် ထွက်လာပြီးတော့ ဘာပြောတယ်မှတ်လဲ၊ “ကျေးဇူးတင်ပါ တယ်..၊ နောင်လဲအမြင်မ တော်ရင် ဆုံးမပါ..”လို့ပြောလေ့ရှိတယ်။ ခင်ဗျားတို့ကိုပြောရင်ယုံမှာမဟုတ်ဘူး..။ ဒါပေမယ့် ကျနော်တို့ငယ်ငယ်တုံး ကတော့ အဲဒီအတိုင်းဘဲ။ အခုခေတ်မှာ ဒါမျိုးသွား ဆုံးမရင် ကလေးမိဘတွေထွက်ရိုက်လို့ ပြေးပေါက်မှားနေမယ်နော်။အဲဒီလိုတန်ဖိုးရှိ တဲ့ မြန်မာ့ဓလေ့စရိုက် ကလေးတွေပျောက်ကုန်တော့ ဘာဖြစ်သလဲ..?။
မြန်မာ့လူနေမှုအသိုင်းအဝိုင်းဟာ အ ထိန်းအကွပ်မဲ့လာတာပေါ့ဗျာ..။
အထိန်းအကွပ်မဲ့လာတော့ ဘာဖြစ်သလဲ..လို့ မေးရင်တော့ ဥပမာကလေးတ ခုနဲ့ ပြောချင်ပါတယ်။
ဥပမာဖြစ်ရပ်ကတော့ မကြာခင်လပိုင်း ကလေးကဘဲ ရန်ကုန်မြို့ အလုံရပ်ကွက်ဘက်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နိုင်ဦးကို လူတစုက ဝိုင်းရိုက်ကြ တာကို အမြင်မတော်သူတွေက မတားကြ မဆီးကြတော့ အသက်ဆုံးရှုံးရတဲ့ဖြစ်ရပ် မျိုးတွေဖြစ်လာတာပေါ့ဗျာ။
အဲဒီလို မြန်မာ့ယဉ်ကျေးမှုတွေ ဓလေ့ ထုံးစံတွေ တန်ဖိုးထားမှုတွေပြောင်းလာ တာဟာ လူမျိုးတုံးဘို့ဖြစ်လာတယ်လို့ ကျနော်တော့မြင်ပါတယ်။
မြန်မာလူမျိုးတွေ တဖြည်းဖြည်းနဲ့ အကျင့်သီလပျက်ရာက ပညာမဲ့လာမယ်။ အ ဆင့်အတန်းကျလာမယ်။ နောက်လူမျိုးတုံး ပြီး တခြားလူမျိုးတွေက မျိုသွားတာကိုခံရ ပါလိမ့်မယ်။
အခုလိုအကျင့်ပျက်နေကြပုံမျိုးနဲ့ဆက် သွားကြမယ်ဆိုရင် နောက် အနှစ် ၂ဝဝ ကနေ အနှစ် ၃ဝဝ အတွင်းမှာ မြန်မာလူ မျိုးတွေဟာ လူနည်းစု အဖြစ်နဲ့ တိမ်ကော သွားနိုင်ပါတယ်။မြန်မာတွေအရှက်မရှိကြတော့တဲ့အ တွက် တဖက်က မြန်မာ့ရိုးရာဓလေ့တွေ ပျောက်ကုန်တယ်။ လူနေမှုပုံ စံ၊ လူမှုရေးယဉ်ကျေးမှုပုံစံတွေပျောက်သွားနိုင်ပါတယ်။နောက်တဖက်ကတော့ နိုင်ငံခြားသွေး တွေနှောလာမယ်။ ဒီသွေးနှောတဲ့နှုန်း ဟာ တနှစ်ထက်တနှစ် ပိုအရှိန်မြန်လာပြီး မြန် မာနိုင်ငံမှာ တနှစ်ကို မြန်မာသွေးမစစ်တဲ့ သူ တသိန်းကနေ ငါးသိန်းအထိမွေးလာ ကြပါလိမ့်မယ်။
အခုလောလောဆယ်မှာကို မြန်မာပြည်တွင်းမှာ နိုင်ငံခြားသားစစ်စစ်တွေ သန်းချီပြီးဝင်နေကြပြီ။ မြန်မာစကားမပြော တတ်တဲ့သူတွေ သိန်းချီ ၍ အထက်မြန်မာ ပြည်မှာ နေ,နေကြပြီ။ သူတို့ကို မြန်မာနိုင် ငံသားလို့ပြောနေကြပြီ။ မြန်မာ့စီးပွါးရေးကို လက်ဝါးကြီးအုပ်နေကြပြီ။ ဒါကို မတားနိုင်ဘူးလားလို့မေးရင် ကျနော်ဉာဏ်ရှိသလောက်ပြောရရင် မတားနိုင်တော့ဘူးလို့ ထင်ပါတယ်။လက်တွေ့ဥပမာဖြစ်ရပ်ကိုကြည့်ဗျာ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က မြန်မာပြည် အနောက်ဘက် ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်ထဲကို ဘင်္ဂလားဒေ့ရှ်ဘက်က နေပြီး ကုလားတွေဝင်လာကြတာကို ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ မြန်မာပြည်သား တွေမဟုတ်ဘူးဆိုပြီး နှင်ထုတ်ခဲ့တယ်။ ဘင်္ဂလားဘက်ပြေး တဲ့ကုလားတွေကို သူတို့ နိုင်ငံကလည်း လက်မခံဘူး၊ သူတို့လူမျိုး မဟုတ်ဘူးလို့ငြင်းတယ်။ နောက်ဦးနေဝင်းက ရှက်ရှက်နဲ့လက်ခံရတယ်။ လက်ခံ ရတာမှ အိုးစည်ဗုံမောင်းတွေတီးပြီး ပြန်óက ရတယ်။ ရခိုင်မလေးတွေက ပန်းကုံးတွေ ဘာတွေတောင် ဆက်ရသေးတယ်။
အဲဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် နောက်အနှစ် ၃ဝဝ လောက်ဆိုရင် မြန်မာ နိုင်ငံဟာ ကမ္ဘာပါ်မှာ နာမည်အားဖြင့် ဆက်ရှိနေနိုင်ပေမဲ့ တိုင်းပြည်မှာနေထိုင် ကြသူများဟာ မြန်မာစစ်စစ်တွေမဖြစ်နိုင် ကြတော့ပါဘူး။ တရုတ်သွေး ကုလားသွေး နဲ့ တခြားနိုင်ငံခြားသားတွေသွေးေ တွရောပြီး ပေါက်ဖွားလာသူတွေကိုဘဲ‘မြန်မာ’လို့ခေါ်ပြီး မြန်မာလုပ်ကြပါလိမ့်မယ်။ပြောရမယ်ဆိုရင် မြန်မာနိုင်ငံတောင် နေရာသာကျန်ပြီး မြန်မာအစား နောက် နာမည်တခုနဲ့ တိုင်းပြည်အသစ်တခုဖြစ် လာပါလိမ့်မယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံသားများ ဝိုင်းစဉ်းစားနိုင်အောင် တင်ပြလိုက်ရပါတယ် ခင်ဗျား…။
4 comments
jullies cezer
October 11, 2012 at 12:12 pm
အလေးအနက်ထား ဆင်ခြင်စရာကောင်းတဲ့ post လေးပါပဲ ရုပ်ဝတ္တုတွေသာတိုးတက်ပြီး စိတ်ဓါတ်အခြေခံတွေနိမ့်ကျလာတဲ့သဘောပါ………
Passing By
October 11, 2012 at 12:31 pm
အရေးအသားကထိတယ်ဗျ။ ဒါပေမယ့် Survival of the fittest ဆိုတာလည်းရှိသေးတယ်လေ ဟီး။
Thu Wai
October 11, 2012 at 1:55 pm
အဲဒါကို မသိသေးတဲ့သူထက် သိပြီး ငြိမ်နေတဲ့သူကပိုများတယ်
Ma Ei
October 11, 2012 at 4:55 pm
ဝေါ်ပုကျိတောက်( ငါ မသိပါ ) စာပေတိုက်တဲ့
မိုက်လိုက်တဲ့ ကာတွန်း….
တော်လိုက်တဲ့ ဆရာ…