ဖြစ်တတ်တဲ ့သဘာဝတရား..။

ရွှေအိမ်စည်October 25, 20121min48014

ဗီယက်နမ်စစ်ပွဲကြီးပြီးလို့ နေရပ်ပြန်ကျတဲ့ စစ်သားတွေထဲက ရော်ဘင် ဆိုတဲ့

စစ်သားပေါက်စလေးတစ်ယောက် အကြောင်းပါ။ သူ့မိဘတွေက ဆန်ဖရန်စစ်စကိုမြို့မှာ

နေကြတယ်။

သူမပြန်ခင် ဗီယက်နမ်ကနေ မိဘတွေဆီ ဖုန်းလှမ်းခေါ်တယ်။

”အမေနဲ့ အဖေ.. ကျွန်တော်တို့ စစ်ပြီးသွားပြီ.. ကျွန်တော်လည်း

သိပ်မကြာခင် ပြန်လာတော့မယ်..

ဒါပေမယ့် ကျွန်တော် တစ်ခုလောက် အမေတို့ဆီမှာ ခွင့်တောင်းချင်ပါတယ်..

ကျွန်တော်နဲ့အတူ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာခဲ့ပါရစေ ခင်ဗျာ.”။

 

”ရတာပေါ့သားရယ်.. ခေါ်လာခဲ့ပါ.. အမေတို့လည်း တွေ့ချင်ပါတယ်..”

 

”ဒါပေမယ့် အမေတို့ကို တစ်ခုလောက်တော့ ထပ်ခွင့်တောင်းပါရစေ.. သူက

ပြီးခဲ့တဲ့တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့ပါတယ်… သူ့မှာ

ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိတော့ဘူး.. သွားစရာ..နားခိုစရာ

အိမ်လည်းမရှိတဲ့အတွက်.. အိမ်ကို ခေါ်လာလို့ရမလား.. အဖေနဲ့အမေ..”

 

”ကြားရတာ စိတ်မကောင်းစရာပဲသားရယ်.. အမေတို့တွေ သူ့ကို နေစရာတစ်နေရာ

ရှာပေးကြတာပေါ့ကွယ်..”

 

သူပြာပြာသလဲ ပြန်ပြောလိုက်တယ်..”မဟုတ်ဘူး..

 

အမေ.. သူ့ကို သားတို့နဲ့တူတူ

တစ်အိမ်တည်း နေသွားစေချင်လို့ပါ..”

 

မိဘနှစ်ယောက်လုံးဘက် မိနစ်အနည်းငယ်လောက် စကားတိတ်သွားတယ်။

အဲ့ဒီအချိန်မှာ အဖေဖြစ်သူက.. သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး စကားစပြောတယ်..

 

”သား.. မင်းအခုမေးနေ..ခွင့်တောင်းနေတဲ့ ကိစ္စကို ရေရှည်ရော

တွေးမိရဲ့လားကွယ်.. မသန်မစွမ်းဖြစ်နေပြီဆိုတဲ့ လူတစ်ယောက်က

တို့မိသားစုအတွက် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်တယ်ဆိုတာ

မင်းတွေးမိရဲ့လား.. လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် နေကြရတာပဲ..

အဖေတို့မိသားစုဘဝလေး ကပျောက်ကသောက်ဖြစ်စေနိုင်တဲ့ ဘယ်သူ့ရဲ့

အနှောင့်အယှက်မှ မခံစေချင်ဘူးကွယ်.. သူ့အကြောင်း

သားကြိုးစားပြီးမေ့လိုက်ပါတော့.

. အိမ်ကိုသာ ပျော်ပျော်ရွှင်ရွှင်နဲ့

သားပြန်လာခဲ့ပါ.. သူ့ဘဝအတွက် သူ့ဖာသာ လမ်းကြောင်းရှာနိုင်သွားမှာပါ..”။

 

သားဖြစ်သူဘက်က တော်တော်ကြာအောင် ဘာသံမှ ထွက်မလာခဲ့ဘူး။ ပြီးတော့

စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဖုန်းချသွားခဲ့တယ်။

အဲ့ဒီနောက်မှာ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဘာသတင်းမှလည်း

မကြားခဲ့ကြရဘူး။

 

ဒီလိုနဲ့.. နောက်ရက်အနည်းငယ်အကြာမှာ.. ရော်ဘင်ဆိုတဲ့ စစ်သားလေး တိုက်ပေါ်က

ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ မိဘနှစ်ပါး ရင်ထုမနာ

ကြားလိုက်ရတယ်။

 

သားအတွက် ရင်ကွဲမတတ် ယူကြုံးမရခံစားနေရတဲ့ မိဘတွေဟာ ဆန်ဖရန်စစ်စကို

မြို့ကနေ ဗီယက်နမ်ကို ချက်ခြင်း လေယာဉ်လက်မှတ်ဝယ်ပြီး လိုက်သွားကြတယ်။

သူတို့သား အလောင်းဟုတ်မဟုတ်ဆိုတာကိုလည်း သက်သေပြရဖို့အတွက်လည်း ပါတယ်။

 

အေးစက်နေတဲ့ ရေခဲတိုက်ထဲက သားအလောင်းကို သူတို့သွားကြည့်ကြတယ်။ ဟုတ်တယ်..

သူတို့သား အစစ်ပါပဲ။ ဒါပေမယ့် အမြင့်ကနေပြုတ်ကျထားတဲ့အတွက် ရုပ်တော့

နည်းနည်းပျက်စီးနေခဲ့တယ်။ ဒါပေမယ့် သားကို မှတ်မိကြတယ်။

 

အဲ့အချိန်မှာ

မိဘနှစ်ယောက်စလုံး ပုံလဲသွားစေနိုင်တဲ့ မြင်ကွင်းကတော့ သူတို့သားမှာ

လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ပဲ ရှိနေတော့တာပါပဲ။

 

ဇတ်လမ်းအဖြစ်အပျက်ကလေးကတော့….ဒီလောက်ပါဘဲ…ဒါပေမယ့်…ကျမတို ့တွေးကြည့်ရအောင်နော်….

 

ကျွန်မတို့လူသား တော်တော်များများဟာ ဒီအဖြစ်အပျက်ထဲက

မိဘနှစ်ပါးစိတ်နဲ့တူကြပါတယ်။

 

ရုပ်ကြည့်ကောင်းတဲ့သူ..

ကိုယ့်အတွက်ပျော်ရွှင်မှုပေးနိုင်တဲ့သူ တွေကိုပဲ မြင်ချင်.. ပေါင်းသင်းချင်..

လက်ခံချင်ကြတာ..

ကိုယ့်ကို ဝန်ပိစေတဲ့ ဘယ်အရာကိုမဆို မလိုချင်လို့..

အဝေးကို ရှောင်ပြေးသွားကြတာ ဒီလောကကြီးမှာ.. သဘာဝလို ဖြစ်နေခဲ့ပါတယ်။

ခုလဲ ဖြစ်နေဆဲပါ။

 

 

သုသုသွေး

14 comments

  • ကိုခင်ခ

    October 25, 2012 at 2:19 pm

    အော် care လုပ်တဲ့ ရင်တွင်းစကားလေးတွေတာ ပြောဖြစ်ခဲ့ကြမယ်ဆိုရင် ဒီလိုဖြစ်ပါအုံးမလား။
    ခုတော give ဆိုတဲ့ ပေးဆပ်မှု့ကို ရှေ့တန်းတင် စဉ်းစားပြောလိုက်တော့————။

  • ပြောရမယ်ဆိုရင်တော့ သားအရင်းနဲ့ သူစိမ်းနဲ့ ကွာမယ်ထင်ပါတယ်…သားအရင်းဆိုတာသိရင်တော့ ဒီလိုပြောမယ်မထင်ပါဘူး….

  • Khaing Zar Win

    October 25, 2012 at 2:48 pm

    သူ့စိတ်ထဲမှာလည်း သူသာပြန်လာခဲ့ရင် နောင်တစ်ချိန် သူ့မိဘတွေအတွက် ဝန် ဖြစ်မှာကို တွေးကြောက်သွားလားမသိ။
    သနားစရာ။ ဝမ်းနည်းစရာ။ 🙁

  • YE YINT HLAING

    October 25, 2012 at 6:04 pm

    ရုပ်ကြည့်ကောင်းတဲ့သူ..

    ကိုယ့်အတွက်ပျော်ရွှင်မှုပေးနိုင်တဲ့သူ တွေကိုပဲ မြင်ချင်.. ပေါင်းသင်းချင်..

    လက်ခံချင်ကြတာ..

    ကိုယ့်ကို ဝန်ပိစေတဲ့ ဘယ်အရာကိုမဆို မလိုချင်လို့..

    အဝေးကို ရှောင်ပြေးသွားကြတာ ဒီလောကကြီးမှာ.. သဘာဝလို ဖြစ်နေခဲ့ပါတယ်။

    ခုလဲ ဖြစ်နေဆဲပါ။

  • aanyar thar

    October 25, 2012 at 6:44 pm

    အညာသားတို့ တစ်ခွန်းပဲပြောလိုက်ချင်တာ( အဲ့ဒီကောင် စစ်သားဖြစ်ဖြစ်ပြီး တော်တော်သူရဲဘောကြောင်တဲ့ လူမိုက်ပဲ..)ခြေထောက်၂ ခက် ပြတ် ခဲ့ရတဲ့ ကျုပ်အဖေ့ရဲ့ အဖေ ကျုပ်အဖိုး..အဲ့လိုပြတ်လို့သာ ရှေ့တန်းကပြန်မလာတော့ပဲ အဲ့ဒီ ငမိုက်သားလို သရဲဘောင်ကြောင်သွားခဲ့ရင်ကျုပ်အဖွါးလည်း ခု့ဆို မုဆိုးမပေါ့ ကျုပ်အဖေလည်း လူ့လော့က ရောက်မလာတော့ဘူး ထို့အတူ သူ့ရဲ့ သား..သမက် ..မြေး..မြေးသမက်.(အားလုံး ..ကျားကြီး.၃၂ ကျော်..အရွယ်မရောက်သေးတဲ့ ကျားပေါက်စတွေ မပါသေး.).ကျောင်းဆရာ သစ်တောအုပ် ဆရာဝန် (ကျုပ်လို သူ့မြေး ငပေငတေ) နောက်ကျုပ်အောက်က အင်ဂျီ င်္နီယာကောင် ပြည်ပကနေ သူအပါအဝင် ကျုုပ်အဖေ အမေ တွေကို ထောက်ပံ့နေတဲ့ သားသမီးတွေ မြေးတွေ သူဘယ်မွေးဖွါးနှိုင်တော့မလဲ ခု့ကျုပ်ကို ငွေကုန်ခံပြည်ပပို့ပေးတဲ့ အကိုအကြီးဆုံးမှာကို ခြေထောက် တစ်ဖက်ကားမှောက်လို့ပြတ်နေခဲ့တာ ကျုပ်၁၄ နှစ်သားကတည်းက ခြေလေးတစ်ချောင်းနဲ့ လက်လေးတစ်ဖက်ပြတ်တာ မိ့ဘစီပြန်မသွားနှိုင်လောက်အောင် ကို့ကိုယ်ကိုယ်ဝန်ထုပ် ဝန်ဖိုးလို့ သဘောထားတဲ့ကောင် မိ့ဘရဲ့မေတာ္တကို နားမလည်တဲ့ကောင် လူ့လောကကို ကျားပီပီရင်မဆိုင်ရဲပဲ ရှောင်ပြေးတဲ့ကောင် ကျုပ်ညီ.အကိုသာဆို အလောင်းကို တွင်းထဲကပြန်ဖော်ပြီး ပါးကြီး ၃ ချက်လောက်ဆင့်ရိုက်ပြစ်တယ်..

    • အရီးခင်လတ်

      October 25, 2012 at 9:21 pm

      အညာသားပြောတာလေးကို သဘောကျစွာ ထောက်ခံလိုက်ပါတယ်။
      သို့ပေသည့်
      အလောင်းကို တွင်းထဲကပြန်ဖော်ပြီး ပါးကြီး ၃ ချက်လောက်ဆင့် တော့ မရိုက်ချင်ပါနဲ့ ဟယ်။
      လူဆိုတာ စိတ်အားငယ်သူ၊ စိတ်တင်းတတ်သူ အမျိုးမျိုးပါဘဲ။
      တစ်ခါတစ်လေ မိသားစုထဲ ဆက်ဆံရေး မပွင့်လင်းရင် အဲဒါက ဒုက္ခပေးတတ်တယ်။
      သူ့မိဘ များကလဲ တစ်စိမ်းသူ ကိုတော့ ကရိကထခံဖို့ ခဲယဉ်းမှာ အမှန်ပါဘဲ။
      အရာရာမှာ ကန့်သတ်ချက်တွေ နဲ့မို့ ကိုယ်နဲ့ နီးရာကိုဘဲ ဂရုစိုက်နိုင်တာ သဘာဝပါဘဲ။
      ဒါဟာ အပြစ်မဟုတ်ပါဘူး။
      ဒါကြောင့် နီးရာလူအစုအဖွဲ့လေးတွေ၊ မိသားစုတွေဖြစ်လာတာပေါ့။
      ချစ်တာ အစွန်းရောက်ပြီး သူများ ကို အနှောက်အယှက်မဖြစ်အောင် ဂရုစိုက်ဖို့သာလိုမယ်။

  • Onyx

    October 25, 2012 at 7:30 pm

    အဖြစ်တွေကလဲ ရင်နင့် စရာပါပဲ…

  • candle .

    October 25, 2012 at 9:01 pm

    မိဘတွေဘက်ကကြည့်တော့လည်း မမှားပါဘူးလေ..
    လက်တွေ ့ဆန်စွာ ဆုံးဖြတ်ခဲ့တာဘဲ..မဟုတ်လား..

  • မောင်ပေ

    October 25, 2012 at 9:14 pm

    ဘယ်ဘက်ကကြည့်ကြည့်မှန်တဲ့လို ့ထင်ရမယ့် ဇါတ်လမ်းများလားဗျို ့

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 26, 2012 at 10:29 am

    သုသုသွေး
    ပြုစုပေး
    ယုဥဖွေး
    လူ့မှုနွေး..။

    • နွေးတဲ့လူ
      ဖွေးတဲ့သူ
      ပေးမှယူ
      သုသုရဲ့သွေးကို လိုတဲ့နေရာလှူ
      စိတ်ထားမြင့်မြတ်သူ……………………..

  • P chogyi

    October 26, 2012 at 11:10 am

    ပွင့်ပွင့်လင်းလင်းမပြောဘဲ ကိုယ်ထင်ရာကိုယ်လုပ်တာတော့ မှားတယ်ထင်ပါတယ်။
    အပေါ်မှာပြောထားကြသလိုပါပဲ၊
    သူစိမ်းနဲ့သားသမီးကတော့ကွာခြားပါတယ်။
    လက်တစ်ဖက်ခြေတစ်ဖက်မပြောနဲ့
    ကိုယ်လက်အင်္ဂါပြည့်စုံပါလျှက်နဲ့၊ မိဘလုပ်စားထိုင်စားနေတဲ့သူတွေ
    မိဘအိမ်ပြန်ပြီးလက်ဖြန့်တောင်းနေသူတွေ အများကြီးပါ
    ဘယ်မိဘကမှ သားသမီးအပေါ် မငြိုငြင်ကြပါဘူး။

  • ဒါကပွင့်လင်းစွာမပြောတာကြောင့်ရလာတဲ့ ရလာဒ်ဆိုးပေါ့။
    စကတည်း က ထင်သာမြင်သာရှိအောင်ပြောခဲ့ရင်ဒီလိုအဖြစ်ဆိုးမျိုးကြုံမယ်မထင်ဘူးနော်
    အဲတော့ ပွင့်လင်းကြပါနော်.

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 26, 2012 at 1:09 pm

    တကယ်ဆို ကို့သားနဲ့ဘွတူ စစ်သား မိသားစုမရှိတော့တဲ့ မသန်မစွမ်းစစ်သားလေးတယောက်ကို အိမ်ခေါ်လာချင်လွန်းလို့ ခွင့်တောင်းရှာတာ စင်းစားပေးမယ်ဆိုတာလေးလောက်တော့ ပြောသင့်ဘာဒယ်။ မိဘနဲ့ သားသမီးကြား အပြန်အလှန်နားလည်မှုမယူလိုက်နိုင်ကျတာမြင်တော့ စိတ်မကောင်းဖြစ်မိဒယ်။
    ကိုယ်ချင်းစာတရားဆိုတာ အိုက်ဒါဘဲဗျ။ ကို့သားသမီးမှ လူထင်တယ်။ သူများသားသမီးကျ တော်ရာသွားဘာလိမ့်မယ်လို့ တွေးလိုက်ကထဲက စ မှားတာလို့မြင်မိဒယ်။

Leave a Reply