ပေးဆပ်ခြင်း (ဖေမြင့်)
ပေါလ် သည် သူ ့အစ်ကိုထံမှ ခရစ္စမတ်လက်ဆောင်အဖြစ် ကားတစ်စီးလက်ဆောင်ရလိုက်သည်။
ခရစ္စမတ်အကြိုနေ ့မှာ သူ ့ရုံးခန်းမှထွက်လာတော ့ လမ်းဘေးမှာကောင်
လေးတစ်ယောက်က တောက်ပသော သူ ့ကားသစ်ကြီးကို သဘောကျစွာ လှည် ့
ပတ်ကြည် ့နေတာ မြင်ရသည်။ ကြည် ့ရုံနဲ ့ အားမရသေးဟန်ဖြင် ့ ကောင်လေးက
မေးသည် ။
“ ဒါ အကို ့ကားလား “ တဲ ့၊ ပေါလ်က ခေါင်းညိတ်ပြီး …
“ အေးကွ.. ငါ ့အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးတာ ´´ ဆိုတော ့
ကောင်လေးက အံ ့အားသင် ့သွားပြီး …
“ ဟာ… ခင်ဗျား အစ်ကိုက ခင်ဗျားကို အလကားပေးတာ ဟုတ်လား ၊ ခင်ဗျား
ပိုက်ဆံ တစ်ပြားမှမကုန်ဘူးပေါ ့၊ ဟာဗျာ … ကျွန်တော်သာ ဆုတောင်းလို ့ရရင်´´
ဆိုပြီး ဆက်မပြောတော ့ပဲ ကောင်းလေးရပ်နေသည် ။
ဆုတောင်းလို ့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေး
နေမိသည် ။ သူ ့မှာလည်း အဲဒီလို အစ်ကိုမျိုး တစ်ယောက် ရပါစေလို ့ ဆုတောင်း
မှာပဲပေါ ့ ။
သို ့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့်
ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ ´´ တဲ ့
ကောင်လေးကို အံ ့အားသင် ့စွာ ငေးကြည် ့နေမိသည်။ ထို ့နောက်မှ ရုတ်
တရက် ဘယ်လိုဖြစ်သွားသည်မသိ ။
“ မင်း ငါ ့ကားကို စီးကြည် ့မလား ´´ ဟုမေးမိသည် ။
“ ဟုတ်ကဲ ့ စီးချင်တာပေါ ့ခင်ဗျ ´´ အဲဒါနဲ ့ ကားလိုက်စီးရင်း ခဏကြာတော ့
ကောင်းလေးက …..
“ အစ်ကိုရေ ကျွန်တော်တို ့အိမ်ဘက် လှည် ့မောင်းပေးလို ့ ရမလားဗျ ´´
ဟုမေးသည်။ သူ ့မျက်လုံးတွေ တောက်ပနေတာကြည် ့ပြီး ပေါလ် ပြုံးမိသည်။
ကောင်လေးစိတ်ထဲ ဘာရှိနေသလဲဟု သူထင်တွေးမိနေသည် ။ “ အင် သူ ့ကား
သစ်ကြီးစီးပြီး အိမ်ပြန်လာတာကို အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ ´´ ….။
ဟု ထင်မိရင်းက
“ ဟို လှေကားနှစ်ဆင် ့နဲ ့ အိမ်ရှေ ့ ရပ်ပေးပါဗျာ ´´ ကောင်လေးက ဆိုသည် ။
လှေကားထစ်ပေါ် သူပြေးတက်သွားသည်။ ခဏကြာတော ့ ပြန်လာနေသံ
ကြားနေရသည် ။ တက်သွားတုန်းကလို မမြန် ၊ သူက ကလေးတစ်ယောက်ကို ချီ
ယူလာချင်းဖြစ်သည် ။ ခြေမသန်သော သူ ့ညီလေး ၊
သူ ့ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းပြီး သူ ့လက်တစ်
ဘက်က ညီလေးကို တင်းတင်းဖတ်ထားပြီး ကားကိုပြသည် ။
“ ဟောဒီမှာ တွေ ့လားညီလေး ၊ အပေါ်မှာတုန်းက ကိုကြီးပြောတာလေ ၊ဒါ သူ
့
အစ်ကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ ့ ၊ သူ ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး
၊ နောက်ဆို အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုးကားတစ်စီး ဝယ်ပေးမယ် ၊ အဲဒီ
အခါကျတော ့ ညီလေးကို အစ်ကိုကြီးပြောတဲ ့ ခရစ္စမတ်အရောင်းဆိုင်တွေမှာ ပြ
ထားတဲ ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည် ့နိုင်တာပေါ ့ ကွ ´´ တဲ ့
သူက အားပါးတရ ပြောနေသည် ။
ပေါလ် ကားထဲကထွက်လာပြီး ခြေမသန်သော ကလေးငယ်ကိုချီကာ ၊
ကားရှေ ့ခန်းထဲထည် ့သည် ။ အစ်ကိုလုပ်သူ ကောင်လေးက ဝမ်းသာအားရသူ ့
ညီလေးဘေးမှာ ဝင်ထိုင်သည် ။
အဲသည် ့နေ ့က သူတို ့သုံးယောက်လျှောက်လည်ကြသည် ။ အတွေ ့အကြုံ
မှာ သုံးယောက်လုံးအတွက် တစ်သက်မမေ ့နိုင်စရာဖြစ်ခဲ ့သည်။
အထူးသဖြင် ့ ပေါလ်အဖို ့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ ့သည်။
( ယူရခြင်း အရသာထက် ပေးရခြင်းကြောင် ့ဖြစ်သော ၊ ပီတိက ပို၍ နှစ်သက်ဖွယ်
ချိုမြိန်လှ၏ ) ဟူသော အသိတရား ။ ။
Dan Clark ၏ A Brother Like That
ဖေမြင် ့ – ဘာသာပြန်သည် ။
နှစ်သက်မိလို ့ပြန်လည်ကူးယူဝေမျှပါတယ်
7 comments
သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)
October 30, 2012 at 1:20 pm
အဲဒါကြောင့် အမြဲဆုတောင်းပါတယ်…. ပေးနိုင်ကမ်းနိုင်သော သူဖြစ်ရပါလိုဧ။် ဆိုပီး……….
အရီးခင်လတ်
October 31, 2012 at 6:03 am
အရမ်းချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပါ။
ပြန်ဖတ်ရလို့ ကျေးဇူးပါ ရွှေအိမ်စည်ရေ့။
Yan Shin
October 31, 2012 at 9:41 am
ဟုတ်ပါရဲ့ဗျာ……
ကျုပ်တို့က လောဘ ဒေါသ မောဟ တွေနဲ့
အမြဲပဲ ယူခြင်သူပဲ ဖြစ်နေခဲ့တာ။
ဘယ်တုန်းကမှ အားမရခဲ့ဘူး…..
ခုတော့ အားရစရာ
ပေးခြင်သူတဲ့……
ဆရာဖေမြင့်ကို ကျေးဇူးတင်ပါတယ် (ရွှေအိမ်စည်ကို လည်းပဲပေါ့)
နှလုံးသားမှာ အဟာရ ဖြစ်စေလို့ပါ။
kyeemite
October 31, 2012 at 10:13 am
ဆရာဖေမြင့်ရဲ့ ကိုယ်တိုင်ရေးစာတွေရော
ဘာသာပြန်တွေရော..အားလုံးကိုသိပ်ကြိုက်လို့
ဝယ်စုထားပါတယ်…မဖတ်ဖူးသူတွေအတွက်မျှဝေပေးတာ
ကျေးကျေးပါဗျာ.. :528:
ဦးကြောင်ကြီး
October 31, 2012 at 10:58 am
ဦးကြောင်ကြီးလည်း အကြွေးကလွဲရင် ပေးဆပ်ခြင်းကို ယုံကြည်ပါတယ်။ အခြစ်ဆိုတာ ရယူခြင်းထက် ပေးဆပ်ခြင်းမို့ ပေးဖို့လူလိုက်ရှာနေတာ တွေ့သေးဘူး။ ရွှေအိမ်စည်ဂလေးရယ် ဦးကြောင်အခြစ်ကို လက်ခံပါကွယ်…။ မယူလည်း ခြစ်မှာပဲ ဂျစ် ဂျစ် ဂျစ်… 😛
ကြည်ဆောင်း
October 31, 2012 at 12:53 pm
ဆရာဖေမြင့်ရေးတဲ့ နှလုံးသားစာအဟာရတွေကိုသိပ်ကြိုက်လို့ အမြဲဝယ်ပြီးအမြဲဖတ်ဖြစ်တယ်….
ဖတ်ပြီးတိုင်းလဲ ငါလိုသေးတယ် …ငါလိုသေးတယ် လို့အမြဲတွေးဖြစ်တယ်…
P chogyi
October 31, 2012 at 2:40 pm
ဆရာဖေမြင့်ရဲ့အရေးအသားကောင်းသလို
ဖော်ပြပေးသူကိုလည်းကျေးဇူးတင်ပါတယ်။
အသိပညာတစ်ခုတိုးတာပေါ့။