စား/သုံး သူပြည်သူလူထုတွေဖက်က ဘယ်သူရပ် မှာလဲ
post from: http://presidentutheinsein.blogspot.com/2012/11/blog-post_17.html
စာမျက်နှာ ၈ မှာပါတဲ့ အောက်က သတင်းတပုဒ် ကိုဖတ်လိုက်တော့ တော်တော်တုန်လှုပ်မိ ပါတယ်၊
သတင်းခေါင်းစဉ်ကို ပေါ့ပေါတန်တန်ဖတ်လိုက်ရင် သုံးစွဲသူတွေ ရဲ့ အကျိုး အတွက် စီးနင်းခကို တစ်ပြေး ညီသတ်မှတ်ပေးတယ်လို ့အမှုမဲ့အမှတ်မဲ့ ယူဆလိုက်မှာပဲ၊
ဒါပေမဲ့ နဲနဲ စေ့စေ့စပ်စပ်ကြည့်လိုက်ရင်တော့ ဒီခေတ် စီးပွားရေး စနစ်မှာဘယ်လိုမှ လက်မခံနိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ ဖွဲ ့ထားတဲ့ အဖွဲ ့တစ်ခုက သုံးစွဲသူတွေရဲ့မျက်နှာမှ မထောက် စီးပွားရေး လုပ်ငန်း ရှင်တွေကို ကာကွယ်ပေးတဲ့ဆုံဖြတ်ချက်တွေ သတ်မှတ်ချက်တွေကို တဖက်သတ်ပြောင်ပြောင် တင်းတင်းလုပ်တာကို သတင်းအနေနဲ့ ဖတ်လိုက်ရတာဖြစ်တယ်။
သူများနိုင်ငံတွေမှာ ဒီလို စီးပွားရေးလုပ်ငန်းရှင်တွေ က ပူးပေါင်းပြီး ဈေးနှုန်းကိုသူတို ့အကြိုက် သတ်မှတ် တာကို (price fixing) ဈေးနှုန်းကိုညှိပြီး မလုပ်နိုင်အောင်ကာကွယ်တဲ့ ဥပဒေတွေ ရှိပါတယ်၊ ဥပဒေတွေရှိ နေတောင်မှ လုပ်ငန်းရှင်တွေ လူမသိအောင်လျှိ ့ဝှက်ပြီး ဈေးကို ညှိကြလို ့အစိုးရတွေက စုံစမ်း အရေးယူ ကြပါတယ်၊ ဒီလိုလုပ်နိုင်ဖို ့စား/သုံးသူတွေကို ကာကွယ်တဲ့ အေဂျင်စီတွေ (consumer protection agency) ဥပဒေ အရ ထားရှိပါတယ်၊
ဝယ်လိုအားနဲ ့ရောင်းလိုအား ပေါ်မူတည်ပြီး ကုန်ပစ္စည်းနဲ ့ဝန်ဆောင်မှု တွေရဲ့ ကာလပေါက်ဈေးကို ဖြစ်စေ တဲ့ လွတ်လပ်တဲ့ ဈေးကွက်နဲ့ အပြိုင်အဆိုင်ဈေးကွက်မှာ လုပ်ငန်းရှင်တစ်ဦးနဲ ့တစ်ဦး ဟာ အပြိုင်အဆိုင် သူတို ့ရဲ့ ဝန်ဆောင်မှုကို ကောင်းသည်ထက်ကောင်းအောင်ဈေးနှုန်းသက်သာသည်ထက်သက်သာအောင် စားသုံးသူ တွေကို စွဲဆောင်ကြရပါတယ်၊ အပြိုင်အဆိုင်ရှိမှ စားသုံးသူတွေအသုံးပြုသူတွေ အတွက် အကျိုး ရှိမှာဖြစ်ပါတယ်၊
အခုတော့ မုံရွာမြို ့က ခေတ်မှီရှပ်ပြေးအမြန်ယာဉ် လုပ်ငန်းရှင်တွေ ပေါင်းပြီး သူတို ့လိုချင်တဲ့ဈေးကို သူတို ့ကိုယ် တိုင်ညှိ ပြီး တောင်းချင်သလိုတောင်းနိုင်တယ်လို ့ပြလိုက်တာဖြစ်ပါတယ်၊ ခရီးသည်တွေ ကို ဒီဈေးပေးနိုင်မှ စီး မပေးနိုင်ရင်မစီးကြနဲ ့တခြား ရေယာဉ်အသင်းကို သွားလည်း ဒီဈေးပဲ လို ့ဈေးကိုင် လိုက်တာဖြစ်ပါတယ်၊
ဒီနေရာမှာ မေးချင်စရာတခုရှိပါတယ်၊ တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေ ဖက်ကရပ်တည်ပေးတော့
ခရီးသည်တွေဖက်က ဘယ်သူရပ်တည်ပေးမှာလဲ၊
အခုကိစ္စ မုံရွာမြို့က ရေယာဉ်လုပ်ငန်းရှင်တွေ ဗြောင်ဈေးညှိ တာ က မြန်မာတစ်ပြည်လုံးနဲ ့ စာလိုက်ရင် အလွန်သေးငယ်တဲ့ အပိုင်းလေးတစ်ပိုင်းသာဖြစ်တယ်၊
တစ်နိုင်ငံလုံးရဲ့ အတိုင်းအတာနဲ ့ဘယ်လောက်များ ဖြစ်နေမယ်ဆိုတာ စာရင်းမရှိလို ့မသိနိုင်ပါ၊
ဒါပေမဲ့တစ်နိုင်ငံလုံးမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းအားလုံး အခုလိုပဲ လုပ်ငန်းရှင်အသင်းတွေက အချင်းချင်း ဈေးနှုန်းကို ညှိပြီး သတ်မှတ်နေမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ အနေနဲ့ တစ်ခုခု တော့ လုပ်သင့် ပြီဖြစ်ပါတယ်၊ အများပြည်သူတွေ ဘယ်လောက်နစ်နာတယ်ဆိုတာ လည်းစာရင်း မရှိ လို ့ မသိ နိုင်ပါ၊
စားသုံးသူပြည်သူတွေရဲ့အခွင့်အရေးကို မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ရန်က အကာအကွယ် ပေးနိုင် ဖို ့နိုင်ငံတော်အ စိုးရရဲ့ ဦးစီးဌာန တစ်ခုလိုအပ်နေပြီ ဖြစ်ပါတယ်၊
2 comments
ဦးဦးပါလေရာ
November 19, 2012 at 9:03 am
တရားမျှတမှု့ ဥပဒေနဲ့အညီဖြစ်မှု့ နဲ့ အများပြည်သူအကျိုး မထိခိုက်မှု့ အပေါ်အခြေခံတဲ့ ဥပဒေ၊စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဖွဲ့စည်းပုံ တွေ ရှိလာတဲ့တနေ့မှာ အခွင့်ထူးရသူ အားကြီးသူတွေရဲ့ တဖက်စောင်းနင်း ကိုယ်ကျိုးရှာမှု့တွေကိုတားဆီးနိုင်မှာဖြစ်ပါတယ်..။
အခုကတော့ အဲဒီအချက်တွေ အဆင်သင့်မဖြစ်သေးပါဘူး…။
ဒါထက် မုံရွာ-ကလေးဝ ရိုးရိုးတန်း ၆၀၀ဝ ကျပ်ဆိုတာ မများလှဘူးလို့ထင်ပါတယ်။
ရေယာဉ်တန်ဘိုးရင်းထားရတာနဲ့စာရင်ပေါ့….
တိမ်မည်း (ခရီးသွားနေည်)
November 19, 2012 at 10:56 am
ဇာတိုအီချီ……
နာမည်က တခါမှမကြားဖူးဘူး….. ဘယ်ကာတွန်းက ဇာတ်ကောင်လဲဟင်………….
ပထမပြောချင်တာကတော့ စာသုံးသူ အခွင့်အရေးပေါ့နော်……..
စားသုံးသူ ဆိုတာ ဈေးပေါပီး ပစ္စည်းကောင်းတာကို အမြဲလိုချင်ပါတယ်……
ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်နိုင်ငံဖြစ်ဖြစ် အတူတူပါပဲ…………
ဒါပေမယ့် နေရာတကာ မှာ မဖြစ်နိုင်ဖူးဆိုတာတော့ စာရေးသူ သတိထားမိစေချင်ပါတယ်……
ဘယ်နိုင်ငံဖြစ်ဖြစ်နော်…..
မတရားမှူတွေရှိတုန်းပဲ… အနိုင်ကျင့်တာတွေ ရှိတုန်းပဲ….. ဂျပန်ကာတွန်းရင်းနှီးတဲ့သူလို ့ထင်လို ့ အကောင်းဆုံး ဥပမာတခုပြောမယ်…..
Death Note တော့သိတယ်ဟုတ်…..
မကောင်းတဲ့သူတွေ ကို လိုက်သတ်ရင်း ကိုယ်ကိုတိုင် မကောင်းဆိုးဝါးကြီး ဖြစ်မှန်းမသိဖြစ်သွားတဲ့သူလေ….
စာအုပ်တအုပ်နဲ ့ လူလိုက်သတ်တာ……..
အဲ့လို ဇာတ်ကားမျိုးတွေရှိတယ်ဆိုတာ ဘာကိုပြလဲဆိုရင် ဂျပန်လို အင်မတန်မှ စည်းကမ်း ပြည့်ဝတယ်လို ့ ယူဆရတဲ့ နိုင်ငံမှာတောင် မတရားမှူဆိုတာ ရှိသေးတယ်လို ့ပြနေတာပါ…….
နောက်တခုပြောချင်တာက…………..
စားသုံးသူ တခုထဲ Right ရှိတာ မဟုတ်ပါဖူး…. ရောင်းဝယ်တဲ့သူတွေလည်း Right ရှိပါတယ်……….
သူတို ့က ဈေးညှိပီး ဈေးအဆမတန်တောင်းတယ်လို ့ ထင်ရင် မစီးနဲ ့ပေါ့………..
ဒါစီးပွားရေးလုပ်နေတာ… လူသားချင်း စာနာထောက်ထားမှူလုပ်နေတာ မဟုတ်ပါဖူး……
သတင်းစာထဲရေးလေ…. ဂျာနယ်ကိုရင်ဖွင့်… တက်နိုင်ရင် ဆန္ဒပြ………
သူတို ့ ဘာလို ့ညှိလဲ အဖြေကရှင်းပါတယ်……
အင်္ဂလိပ်လက်ထပ်က သဘောင်္ပိုင်ရှင်ကြီး ဦးနာအုပ် ငယ်ငယ်တုန်းက သင်ဖူးပါတယ်…..
သူနာမည် မှားရေးမိရင် ပြင်ပေးကြပါနော်…. ဇာတ်လမ်းလေးပဲမှတ်မိလို ့ပါ…..
အင်္ဂလိပ်ရေကြောင်းနဲ ့ဈေးကွက် အပြိုင်လုရင်း ဈေးတွေ ပြိုင်လျော့ရင်း နောက်ဆုံး သူ ့ဘဝပါ လုံးပါးပါးသွားတယ်လေ……..
အဲ့လို ဥပမာမျိုးတွေရှိလေတော့ စီးပွားရေးသမားတွေလဲ မြတ်မှ လုပ်တဲ့သူတွေပဲ……
ရေယာဉ်တခု ထောင်ပီဟေ့ ဆိုရင် မောင်းတဲ့သူရှိမယ်…. ပြင်တဲ့သူရှိမယ်….. စပယ်ယာရှိမယ်….
ကုန်တင်ကုန်ချသမားရှိမယ်…. စာရင်းအင်းကိုင်တဲ့သူရှိမယ်…. စသဖြင့် အဲ့ဒါကို မှီခိုနေတဲ့ လူတွေ ဒုနဲ ့ဒေးပါ……
တကယ်လို ့ စာရေးသူ ပြောသလို စီးပွားရေး သမားတွေ အပြိုင်အဆိုင် ဈေးလျော့လို ယာဉ်ကြောင်း သုံး ကြောင်း မှာ နှစ်ကြောင်း ကပြုတ် ကျန်တဲ့ တကြောင်း ကဗိုလ်စွဲ….
ပထမဆုံး ပြုတ်တဲ့ ယာဉ်ကြောင်း နှစ်ကြောင်းက အလုပ်သမားလူတန်းစား ဒုတ်ခရောက်မယ်…..
နောက်ပိုင်း နိုင်တဲ့ ယာဉ်ကြောင်းက ဘောစိက ကြိုက်တဲ့ဈေးသတ်မှတ်မယ်…..
သူမှာ ယှဉ်မယ့်သူမှ မရှိတော့တာ……
ရေကြောင်း တခုလုံးကို ချယ်လှယ်မယ်…….
ဒါဆို ဘယ်သူ နစ်နာမလဲ……
အစိုးရဆိုတာ တခါတလေ တရုတ်ကားတွေထဲက မိုးနတ်မင်းလို ့ပါ…..
လူတိုင်းကတော့ မိုးနတ်မင်း ကယ်တော်မူကြပါလို ့အော်နေတာပဲ…..
မိုးနတ်မင်းကတော့ လူတိုင်း မကယ်နိုင်ပါဖူး…………
တခါတလေ မိုးနတ်မင်း ကို မစောင့်ပါနဲ ့………………………
လူတိုင်း မကယ်နိုင်ပါဖူး……………………….
အစိုးရက ရှိတဲ့ ဝန်ထမ်းတောင် ကျေနပ်လောက်တဲ့ လစာမပေးနိုင်သေးတာ……….
နောက်ထပ် Department တွေ တိုးချဲ ့ဖို ့ ဆိုတာ မဖြစ်နိုင်သေးပါဖူး………….
လာတော့ လာမှာပေါ့နော်… ဒါပေမယ့် ကြာဦးမည်… မျှော် ဆက်ရန်………………
လေးစားလျက်
တိမ်မည်း