Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Air Bagan Jet Crash at Heho Airport (Breaking News)

ကထူးဆန္းDecember 25, 20121min77824

ံဟဲဟိုး သို့ မန်းတလေး မှ ပျံသန်းလာသော Air Bagan ဂျက် လေယာဉ် သည် ယနေ့ နံနက် အဆင်းမှာ ထိခိုက် မီးလောင်ခဲ့တယ်လို့ သိရပါသည် ။။
နိုင်ငံသား လေးဆယ်ခန့် နှင့် နိုင်ငံခြားသား ၃ဝ ခန့် ပါဝင်ကြောင်းသိရပြီး အခြေအနေ ဆိုးဝါးကြောင်း ဖုန်းသတင်းများ အရ သိရှိရသော်လည်း တရားဝင် မည်မျှ အသက်ဆုံးရှုံးကြောင်း မသိရှိရသေးပါ ။အသက် ဆုံးရှုံး မှုများ ရှိကြောင်း လေယာဉ်တစ်စီးလုံး နီးပါး မီးလောင်ခဲ့ကြောင်း လေယာဥိ်မျက်မြင် သက်သေများက ဆိုခဲ့သော်လည်း လေကြောင်းမှမှု ခရီးသည်များ အသက်ဆုံးရှုံး မှုမရှိဟု ကြေညာထားကြောင်း လောလောဆယ် သိရှိရပါသည် ။

(update သတင်း ရရှိသူများ ကူညီတင်ပေးပါ ။ ကျွန်တော်လောလောဆယ် internet နဲ့ ဝေးကွာနေဦးမှာမို့လို့ပါ)

24 comments

  • aemoshu

    December 25, 2012 at 10:17 am

    Breaking news အတွက် ကျေးဇူးပါ။ CJ ကြီးပီသပါပေတယ်။

  • TheWinner

    December 25, 2012 at 10:18 am

    ဧရာဝတီမှာတော့ – ဒီလိုလေး update ထပ်တင်လာတယ်-

    အဲယားပုဂံလေယာဉ်ပျက်ကြမှုကို မျက်မြင်တွေ့မြင်လိုက်ရသော ဒေသခံတဦး၏ ပြောကြားချက်ဖြစ်သည်။

    “နှင်းထုက ထူတော့ ကွင်းမရောက်ခင် ကြိုဆင်းလိုက်သလိုဖြစ်သွားတယ်။ ကားလမ်း၊ ရထားလမ်း၊ ဓာတ်အားတိုင်တွေနဲ့ငြိပြီး အတောင်ပံနှစ်ခုစလုံးက မီးလောင်ပျက်စီးသွားတယ်။ လေယာဉ်ကိုယ်တည်ကြီးက ကွင်းထဲကို ဒီအတိုင်းကြီးဆင်းသွားပြီးတော့ မီးလောင်တယ်။ လူအသေအပျောက်က တော့ ကျနော်လည်းမသိဘူး။ ဖြစ်တာကတော့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တာ”

  • TheWinner

    December 25, 2012 at 10:19 am

    ‎(Air Bagan မှ ထုတ်ပြန်ချက်)

    ယနေ့မနက် (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂-မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရကြောင်း သတင်းရရှိပါသည်။ ခရီးသည် 65 ယောက်ပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း သိရှိရပါသည်။
    အဲပုဂံ Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက် ၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားပါမည်။

  • aemoshu

    December 25, 2012 at 10:56 am

    The Irrawaddy က …
    “ခရီးသည်များကို အားပေးကူညီရန် အဲယားပုဂံလေကြောင်းပိုင်ရှင်ဦးတေဇကိုယ်တိုင် ဟဲဟိုးလေဆိပ်သို့ လေယာဉ်တစ်စီးဖြင့်သွားရောက်နေကြောင်း သိရှိရသည်။” တဲ့ ….

  • TheWinner

    December 25, 2012 at 11:29 am

    မီးလောင်ထားသည့် လူသေလောင်း တခု ထွက်လာကြောင်း။ မြန်မာလား၊ နိုင်ငံခြားသားလားတော့ မသိရသေးကြောင်း ဟဲဟိုးကွင်းမှ ဖုန်းဆက်လာပါသည်။

  • TheWinner

    December 25, 2012 at 11:48 am

    Air Bagan

    ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။

    လေယာဉ်မှူးများအပါအဝင် လေယာဉ်ဝန်ထမ်း ရ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

    ယင်းအတွက် ဆေးရုံသို့ ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

    ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး၊ ၎င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ် သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

    ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။

  • mobile (mandalay)

    December 25, 2012 at 12:57 pm

    သတင်းလေးအတွက် ကျေးဇူးပါဗျာ။ ဖတ်ရှု့သွားပါကြောင်းးးးးးးးးးးးးးးးးး

  • TheWinner

    December 25, 2012 at 3:01 pm

    ***W9-011 HEHO လေယာဉ်ပျက်ကျသော ခရီးစဉ်တွင် ပါဝင်သော
    မနွယ်လင်းရှိန် (အင်္ဂလိပ်-စပိန်) ဧည့်လမ်းညွှန်သည် သေဆုံးသွားပြီးဖြစ်ကြောင်း
    တောင်ကြီး ထောက်လှမ်းရေးမှ တစ်ဆင့် သိရှိရပါသည်။

    *** နောက်ဆုံးရသတင်း။

    မတိုးတိုးခင်- အခြေအနေမကောင်း၊ ခါးကျိုးသည်ဟု ယူဆရ၊ ခြေထောက်မထောက်နိုင်၊ မီးလောင်ခံရထား၊

    မနွယ်လေးစိန် ( အင်္ဂလိပ် ဧည့်လမ်းညွှန်) – ပျောက်ဆုံးနေ

    *** ၁၁ နှစ်ကလေးတစ်ဦးလေယဉ်ပေါ်တွင် သေဆုံးနေပြီး၊ ကားလမ်းပေါ်မှ ဆိုင်ကယ်သမား နှစ်ဦးအနက် တစ်ဦး သေဆုံး။

  • koyinmaung

    December 25, 2012 at 3:24 pm

    ……..eleven မှာပါတဲ့သတင်းလေး တင်ပေးလိုက်ပါတယ်…..
    ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) မနက် ရနာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ်အမှတ်(W-9011)သည် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းနှင့် ၂-မိုင်အကွာခန့်တွင် ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ လေယာဉ်မှာ ဟဲဟိုးလေဆိပ်သို့အဆင်းတွင် လေယာဉ်ဘီး ထုတ်နိုင်ခြင်းမရှိဘဲ ဆင်းသက်ခဲ့ရမှု ကြောင့် လေယာဉ်ခါးကျိုးပြီး မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    “လေယာဉ်ကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းအနီးမှာဖြစ်တာပါ။ လောပိတ ဓါတ်အားလိုင်းကိုဝင်တိုက်တယ်။ ပြီးတော့ အောက်က သစ်ပင်တွေ လျှပ်စစ်ကြိုးတွေကို ထပ်တိုက်တယ်။ ကားလမ်းပေါ်က ဖြတ်သွားပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကိုပါ ထပ်တိုက်တာ တစ်ဦးသေသွားတယ်။လေယာဉ်က စိုက်ပျိုးရေး မျိုးသန့်ခြံကို အရောက်မှာ ပျက်ကျပြီး ခါးထပ်ပိုင်း ကျိုးသွားတယ်။ လောလောဆယ်တော့ ဒဏ်ရာမရတဲ့သူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူအချို့ကိုတော့ ဆေးရုံကိုပို့တာတွေ့ရတယ်။ ကနဦး စစ်ဆေးမှုအရ ရယောက်ပျောက်တယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် အပြီးသတ် စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မှာပါ။ အခုနောက်ဆုံးသတင်းအရတော့ လေယာဉ်ထဲမှာ တစ်ဦး ပြန်တွေ့တယ်။ဒါပေမယ့် သေဆုံးပြီလို့ သိရတယ်။သူ့ကိုတော့ လေယာဉ်ထဲက သယ်ထုတ်သွားပါပြီ”ဟု ဟဲဟိုး ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

    “လေယာဉ်ကွင်းနားကို ထိုးကျပြီး လေယာဉ်ခါးကျိုးသွားတယ်။ လူအသေအပျောက်မရှိဘူးလို့တော့ ကနဦးသတင်းအရ သိရတယ်၊လေယာဉ်မှူး နှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ကြားတယ်”ဟု ဟဲဟိုး ရှိ ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါခရီးစဉ်တွင် ခရီးသည် စုစုပေါင်း ၆၅ ဦးပါရှိပြီး ၄၈ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရှိရသည်။ယခုလက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရပါသည်။

    Air Bagan facebook စာမျက်နှာတွင်မူ ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း နှင့် Air Bagan Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

  • MaMa

    December 25, 2012 at 3:39 pm

    တော်လိုက်ကြတဲ့ မန်းဂဇက် စီဂျေတွေ။
    အပ်ပ်ဒိတ် သတင်းတွေကို သိရလို့ ကျေးဇူးပါ။ :hee:

  • kai

    December 25, 2012 at 3:47 pm

    လေယာဉ်ပျံပျက်ကျပြီး.. လူအဲဒီလောက်အသေအပျောက်နည်းတာ.. အင်မတန်ကံကြီးတယ်အောက်မေ့တာပဲ..
    ကမ္ဘာတန်းဝင်.. ကံကောင်းသူများစာရင်းဝင်ဖြစ်သွားလောက်တယ်..
    လေယာဉ်မှုးပဲအင်မတန်တော်သလား… မသိ…
    ပရိုတန်းကို.. ..အသိအမှတ်ပြုပါကြောင်းနဲ့.. ဆိုင်ရာလေယဉ်ကုမ္ပဏီအပါအဝင်.. အာမခံများရှိခဲ့ရင်.. တာဝန်ယူ..တာဝန်ကျေကြစေလိုပါကြောင်း… ရယ်..။ :528:

    ရွာထဲသတင်းတက်တာလည်း.. တော်တော်စောတယ်ထင်မိတယ်..
    ကျေးကျေးပါနော…။

  • padonmar

    December 25, 2012 at 10:02 pm

    လေယာဉ်ပေါ်စီးနင်းလိုက်ပါလာတဲ့သူတွေ ထိခိုက်တာ သေဆုံးတာဟာ ဖြစ်နိုင်ခြေတော်တော်များတာဖြစ်လို့ မဆန်းပေမယ့်
    မြေပြင်မှာမော်တော်ဆိုင်ကယ်စီးလာတဲ့သူ လေယာဉ်ပျံတိုက်ခံရတာကတော့ သာမာန်ဘေးလူမသိနိုင်တဲ့(သူကိုယ်တိုင်နဲ့ အလွန်ရင်းနှီးသူမှသိနိုင်မယ့်) ကံ-ကံ၏အကျိုးပေးတစ်ခုခုတော့ ရှိမယ်လို့မြင်မိပါတယ်။
    ……….
    အလုပ်တွေပူနေတဲ့ကြားက CJပီသတဲ့ ကထူးဆန်းနဲ့ ရွာ့သတင်းထောက်များကိုကျေးဇူးပါ။

  • kai

    December 26, 2012 at 4:23 am

    List of the injured passengers

    1. U MYINT HTWE
    MYANMAR-Male

    2. GERARD/ BODET MR
    FRANCE-Male

    3. LOKOS/ ALLAN MR
    USA-Male

    4. WEISS/SUSANNA CHOJNIC
    USA-Female

    5. KO SOE MOE THU
    MYANMAR-Male

    6. EVELYNE/MOR MS
    UK-Female

    7. MA TOE TOE KHIN
    MYANMAR-Female

    8. MA KHIN AYE HLAING
    MYANMAR-Female

    9. LU/HANCAUN MR
    KOREAN-Male

    (2 Pilots)

    10. Capt. Maung Maung Htwe
    11. F/O Nay Lin Tun

  • တေလေငှက်

    December 26, 2012 at 5:37 am

    So sorry to hear about the News. As per the News, they already found the BLACK BOX. So will know soon what happen. Per most of the news, because of the foggy, the PILOT could not find the Airport and he just landed blindly. If it is the case, he should try to land on other airport. Then, he is the one who is responsible.

    But if it is because of the mechanical problem with the plane, then the PILOT is a HERO!!! who save most of the PASSENGERS .

    Anyway, we will know soon if they release the information from the BLACKBOX.

  • တေလေငှက်

    December 26, 2012 at 8:34 am

    ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် မတော်တဆမှုဖြစ်စဉ်များ

    နေ့စွဲ လေယာဉ်အမျိုးအစား လေကြောင်းလိုင်း လေဆိပ် သေဆုံးသူဦးရေ
    ၁၆/၆/၁၉၈၈ Fokker F-27 မြန်မာ့လေကြောင်း ပူတာအို ၄
    ၀၃/၀၂/၁၉၈၉ Fokker F-27 မြန်မာ့လေကြောင်း မင်္ဂလာဒုံ ၂၆
    ၀၆/၁၀/၁၉၉၃ Fokker F-27 မြန်မာ့လေကြောင်း ကော့သောင်း –
    ၂၄/၇/၁၉၉၆ Fokker F-27 မြန်မာ့လေကြောင်း မြိတ် ၈
    ၂၇/၁/၁၉၉၈ Fokker F-27 မြန်မာ့လေကြောင်း သံတွဲ ၁၆
    ၂၄/၈/၁၉၉၈ Fokker F-27 မြန်မာ့လေကြောင်း တာချီလိတ် ၃၆
    ၀၂/၀၇/၁၉၉၉ Fokker F-27 မြန်မာ့လေကြောင်း စစ်တွေ ၈
    ၁၃/၈/၁၉၉၉ Fokker F-28 မြန်မာ့လေကြောင်း မင်္ဂလာဒုံ –
    ၂၉/၈/၂၀၀ရ Fokker F-28 မြန်မာ့လေကြောင်း ထားဝယ် –
    ၁၉/၂/၂၀၀၈ ATR-72-212 Air Bagan ပူတာအို –
    ၀၆/၀၆/၂၀၀၉ Fokker F-28 မြန်မာ့လေကြောင်း စစ်တွေ –
    ၁၇/၂/၂၀၁၂ ATR-72-212A Air KBZ သံတွဲ –
    ၂၅/၁၂/၂၀၁၂ Fokker 100 Air Bagan ဟဲဟိုး ၁+၁

    These datas are from First-eleven. After looking at these data, the accidents of plane crash are very frequent in Burma. Who dare to take flight in Burma?????

    • P chogyi

      December 26, 2012 at 9:44 am

      ၂၇/၁/၉၈ သံတွဲတွင် ကျွန်တော် ထိုလေယာဉ်ပေါ်မှ ဆင်းပြီးပြန်အတက်ဖြစ်ပါသည်။ ကျွန်တော်လေယာဉ် အနီးသွားရောက်ပြီးလေယာဉ်ပေါ်မှ ဆွဲထုတ်နိုင်သလောက်ကူညီဆွဲထုတ်ပေးခဲ့ပြီး မထွက်နိုင်သူ/ဆွဲမထုတ်နိုင်သူများ လေယာဉ်မီးလောင်ရာတွင်ပါသွားကြောင်း တွေ့ခဲ့ဖူးပါသည်။
      ၂/၇/၉၉ စစ်တွေတွင် ကျွန်တော်ထိုလေယာဉ်စီးရန် လေဆိပ်တွင်စောင့်ဆိုင်းနေစဉ်ဖြစ်ပါသည်။ လေယာဉ် ရှာဖွေရာတွင်လိုက်ပါခဲ့ပြီး လေယာဉ်ဆိုးဆိုးရွာရွာပျက်စီးနေသည်ကို တွေ့ခဲ့ဖူးပါသည်။

      • kai

        December 26, 2012 at 10:54 am

        ကိုရင့်ဘဝက..တော်တော်ထူးဆန်းတာပဲ..။
        အင်တာဗျူးလုပ်ယူဖို့တောင်ကောင်းတယ်..။
        ၂၄နှစ်အတွင်း.. ၁၃ခါမှာ.. ၂ခါတောင်နီးစပ်နေတာကိုး… :harr:

        • nozomi

          December 26, 2012 at 11:38 am

          သူကြီးက ကြမ္မာတွေ ဝဋ် တွေ မယုံတာမို့
          တိုက်ဆိုင်မှုလို့ ဆိုကြပါစို့ရဲ့

          ညီ အကို သုံးယောက်ရှိတယ် သုံးယောက်လုံး လေတပ်ထဲရောက်တယ်
          အကို အကြီးဆုံးက လေ့ကျင့်ရင်း ဧရာဝတီတိုင်းထဲက မြစ်တစ်စင်းထဲ ပျက်ကျ သေသွားတယ် ( ၁၉၉၂ ပတ်ဝန်းကျင်လောက်ပဲ)
          ညီ အငယ်ဆုံးက အတွင်းရေးမှူး ၂ ရဟတ်ယာဉ် ပျက်ကျတော့ တွဲဘက်လေယာဉ်မှူး ၊ သေသွားတယ်
          သူတို့ အမေက စိတ်ပူတာနဲ့ အဲဒီတုန်းက လူကြီးတွေကို ပြောပြီး သား အလတ်ကို လေတပ်ထဲကနေ အရပ်ဘက် ဌာန တစ်ခုကို ရွှေ့ပေးတယ် ၊ အဲဒီ ဌာနမှာ အဆင်ပြေနေတာ ကို ဆက်မနေပဲ အလုပ်ကထွက် နိုင်ငံခြားကို သွားလေယာဉ်ပြန်မောင်းတယ် ၊သူလဲ အင်ဒိုနီးရှားမှာ မောင်းရင်း နဲ့ လေယာဉ် ပျက်ကျပြီး သေသွားတယ် ( တော်တော် ထူးဆန်းတဲ့ တိုက်ဆိုင်မှုလို့ ပြောရ မှာလား )

          ကို p chogyi စောင့်နေတဲ့ စစ်တွေ လေယာဉ် ပျက်ကျတာမှာ ပါသွားတဲ့ လေယာဉ်မှူး ကြီ်း ရဲ့ သားက မနေ့ က ဟဲဟိုးမှာ ပျက်သွားတဲ့ တွဲဖက်လေယာဉ်မှူး ကံကောင်းလို့ မသေမပျောက်တယ် ဒါ လဲ တိုက်ဆိုင်မှု တစ်ခုပဲလား

        • မောင့်ကျက်သရေ ဂီ့

          December 26, 2012 at 11:57 am

          တိုက်ဆိုင်လိုက်ကြတာဗျာ ….
          အံ့ဩမိပါရဲ့..

  • မဟာရာဇာ အံစာတုံး

    December 26, 2012 at 11:16 am

    မနေ့က တောင်ကြီးက အပြန်မှာပေါ့ ..
    အဲဒီ ဟဲဟိုးလေဆိပ်နားက ဖြတ်ပြန်ခဲ့ရတယ် ..
    ဒါပေမယ့် ညနေပိုင်းမှပါ …
    ကားနဲ့ ဖြတ်သွားတုန်း ခပ်မြန်မြန် လှမ်းရိုက်လာခဲ့တဲ့ ပုံလေးတော့ ပါခဲ့တယ် …

    https://myanmargazette.net/wp-content/uploads/2012/12/AirBagan.jpg

    လေယာဉ် တောင်ပံ ထင်ပါရဲ့ ….
    လှမ်းနဲ့ ခပ်လှမ်းလှမ်းမှာလည်း
    မီးခိုးတွေ အူထွက်နေတာကိုတော့ လှမ်းမြင်ခဲ့ရသေးတယ် ..

    • kai

      December 26, 2012 at 11:22 am

      ကိုရင်အံဇာက.. ခပ်လှမ်းလှမ်းအထိတောင်ရောက်ခဲ့သေးသကိုး..
      ဘေးကင်းချမ်းသာ ပြန်ရောက်တာကိုပဲ.. ကျုပ်ရဲ့ဘုရားသခင်တော်ကို.. ကျေးဇူးတင်လိုက်ရပါကြောင်း.. :kwi:

      • မဟာရာဇာ အံစာတုံး

        December 26, 2012 at 11:36 am

        ရောက်ခဲ့တာပေါ့ ဘဂျီးရယ် ….
        လမ်းတွေများ ပိတ်နေမလားလို့တောင် စိတ်ပူလိုက်ရသေးတယ် …
        ဒါပေမယ့် ဖြစ်တာက မနက် …
        ရောက်တာက ညနေပိုင်းမို့ …. လမ်း မပိတ်ခဲ့ပါဘူးးး
        မော်တော်ပီကယ်တော့ တွေ့ခဲ့သား းးး
        ခုလို စိတ်ပူပေးဒါ .. ကျေးကျေးဘာ ဘဂျီးရေ … :kwi:

Leave a Reply