အတူတူပျော်လိုက်ရအောင်
ဟေးသူငယ်ချင်း ညစ်နေတဲ့စိတ်ကို ခဏလောက်မေ့ထားလိုက်ပါ
မြူးကြွနေတဲ့ တီးကွက်တွေကြားမှာ ငါတို့ ကခုန်ရအောင်လေ
လှပတဲ့ မိုးကောင်းကင်အောက်မှာ ကြယ်လေးတွေကိုရည်တွက်ရင်း
ဖိုးရွှေလမင်းကလည်း တူတူကခုန်နေရော့မယ်
ကြည့်စမ်းပါဦး ပိုးစုန်းကြူးလေးတောင် သူတို့ရဲ့ အလင်းစက်တွေနဲ့
ဖန်းဆင်းပေးထားတဲ့ ပတ်ဝန်းကျင်မှာ ငါတို့တွေဘယ်လောက်ပျော်လိုက်မလဲလေ
အေးချမ်းမှုကို ငါတို့ခဏတော့ ပိုင်ဆိုင်နေပြီနော်
ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ ဖန်ဆင်းထားတဲ့ ဒီဇာတ်ခုံလေးကို မင်းလေးတစ်ယောက်
ဘယ်တော့မှမမေ့ပါနဲ့နော်
ပိတောက်မိုး
7 comments
ချာရာဏသီ ဝန်မင်း တိမ်မည်း
November 24, 2012 at 10:14 pm
လေတွေတိုက် တိမ်တွေရွေ ့
သက်လေညင်း ဖြည်းဖြည်းလေး
ကောင်းကင်မော့ မျက်နှာပေး
ကျပါတော့ မိုးလေးရယ်
လာမှာဖြင့် လာပါကွယ်
တိုတွေ ့များ ဘောလုံးကန်ဖို ့
ရွာလိုက်ပါလေး……
ရွာသာရွာ မိုးထဲမှာ
အားကုန်စေ မာန်ပြင်းထုတ်
ကန်လိုက်စို ့ ဒို ့ဘောလုံး
ခေါ်ကာကွယ် ရောင်းရင်းတို ့
တူပျော်စို ့လေး…………
ရွှေ ကြည်
November 24, 2012 at 10:23 pm
ကဗျာထဲမှာအလင်းစက်ပါတယ် အလင်းဆက်ရေ..။
padauk moe
November 24, 2012 at 10:45 pm
ကောင်းလိုက်တဲ့ကာရံလေးဗျာ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
အလင်းဆက်
November 25, 2012 at 7:58 pm
သီချင်းလား…။
မောင်ပေ
November 25, 2012 at 9:00 pm
အတူတူပျော်
အလှူသူမျှော်
ငါးခူယူကြော်
မကူသူလျှော်
ဆူပူဖလော်
padauk moe
November 25, 2012 at 9:02 pm
ကိုပေ ဆူပူဖလော် ဆိုတာဘာလဲဗျ အလန်းကြီးထင်တယ်နော်
cobra
November 26, 2012 at 12:06 pm
ဘာ……………
ဘာလဲဟင်
RAP သီချင်းလား