ငြိမ်းချမ်းမှု
ငြိမ်းချမ်းမှု
သန်လွင်ရွက်သယ် ၊ ချိုးငှက်ငယ်
ဘယ်သောင်ဘယ်ကမ်း ၊ မြန်းပါမည် ။
မီးခိုးငွေ့ကြား ၊ အိုပြေးလွှား
များစွာလူတို့ ၊ ရှိနေသည် ။
အမုန်း၏ရလဒ် ၊ ထိုစစ်မက်
ရပ်တံ့သွားလျှင် ၊ ကောင်းလိမ့်မည် ။
သဘာဝဘေးဒဏ် ၊ ခံနိုင်ရန်
သံမဏိစိတ်ဓာတ် ၊ လိုချင်သည် ။
ငိုယိုသံဆုံး ၊ အပျော်များဖုံး
ပြုံးရွှင်မျက်နှာ ၊ တည်စေမည် ။
အိုဘယ့်ကလေးငယ် ၊ အနာဂါတ်မယ်
မပျယ်အလင်းတန်း ၊ ရပေမည် ။
အမှောင်ကိုခွင်း ၊ ရောင်နီလင်း
ဝင်းပမှုကို ၊ ပေးလိမ့်မည် ။
သန်လွင်သယ်ပေး ၊ ချိုးငှက်လေး
အေးငြိမ်းမှုကို ၊ ပိုစေမည် ။ ။
Courage
5 comments
မဟာရာဇာ အံစာတုံး
November 25, 2012 at 1:46 am
သဘာဝ ဘေးဒဏ်ကို ခံနိုင်ဖို့
သံမဏိ စိတ်ဓါတ် ဆိုတာထက်
အဲဒီ သဘာဝ ဘေးဒဏ် ဖြစ်မှာတွေကို
ကြိုတင် ခန့်မှန်းနိုင်တဲ့ စက်ကိရိယာတွေကို ပိုလိုချင်မိတယ်ဗျာ …
ကျနော် လိုချင်တာကို ပြောတာပါ ..
ကဗျာလေး စပ်ထားပုံက ကောင်းတယ် …
နှုတ်တိုက် ဆိုလို့ ကောင်းမယ့် ကဗျာမျိုးလေးလို့ ထင်မိပါတယ် ..
ရွှေ ကြည်
November 25, 2012 at 11:01 am
ရေးသူနဲ့အတူ သံပြိုင်ရွတ်ဆိုခံစားသွားပါတယ် (စိတ်ဖြင့် :lol:)
တိမ်မည်း
November 25, 2012 at 11:38 am
ဖြစ်ချင်တာတွေများနေလို ့ ဘယ်တခုကနေ စပြောရမလဲ မသိတော့ပါဖူးဗျာ………
စပ်ထားတာလေးက တကယ်ကောင်းပါတယ်…………..
Nay Chi
November 25, 2012 at 4:52 pm
စစ်ဘေးဒဏ်ကြောင့် ပေးဆပ်ခဲ့ရတဲ့အသက်တွေ..စတေးခဲ့ရတဲ့အနာဂတ်မျှော်လင့်ချက်တွေ…နာကျင်ကြေမွနေကြတဲ့ နှလုံးသားတွေအတွက် ငြိမ်းချမ်းရေး ချိုးငှက်ငယ်လေးရေ………ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘယ်ဆီထိများ ခရီးဆန့်နေခဲ့ပါသလဲ….။ ကိုယ်တို့ တိုင်းပြည်ထဲကို အမြန်ဆုံးပဲ ပျံသန်းခဲ့ပါတော့..။ 🙁
အလင်းဆက်
November 25, 2012 at 7:42 pm
အမုန်း၏ရလဒ် ၊ ထိုစစ်မက်
ရပ်တံ့သွားလျှင် ၊ ကောင်းလိမ့်မည် ။
——————
စာသားတွေက..ရင်ဘတ်ကို.. လာ..ထိတယ်ဗျ ။
==========
ဆရာရေ…
ကဗျာမှာလည်း…
တော်တော်လေး.ကောင်းနေပြန်ပါပြီ။
ဆရာ့ကို.တော့..တဖြည်းဖြည်း လန် ့လာတယ် ။
==============
လေးစားခင်မင်လျက် ။