တွေး

ကာရံNovember 26, 20121min1504

နေကွယ်ချိန်ရောက်လုနီးတော့မယ်နော် ပြန်ပြောင်းလို့မရတဲ့နာရီလက်တံတွေအောက်မှာ

ဘယ်အချိန်ထိများ ဆက်လက်ပြီးရှင်သန်နေဦးမလဲလေ လူကအချိန်ကိုစောင့်နေတာလား

အချိန်ကဘဲလူကိုပြန်ခေါ်နေတာများလား မေးခွန်းများနဲ့ပြည့်နှက်နေတဲ့ လောကကြီးအလည်မှာ

ငါလေ သောကတွေဝေနေတုန်းဘဲလား ပျော်ရွှင်မှုတွေတောင်ငါ့အနားကို အလည်တစ်ခေါက်တောင်

ရောက်မလာခဲ့ဘူးနော် ဘာကြောင့်များလဲ အများတွေပျော်နေတဲ့အချိန်မှာ ငါတစ်ယောက်ထဲ

အထီးကျန်ဆန်နေခဲ့တာ အဆွေးကိုဘဲနှစ်ခြိုက်မိနေလို့လား မဟုတ်ပါဘူးကွာ

စမ်းချောင်းလေးရဲ့တစ်နေရာမှာ ငါအနားယူချင်မိပါရဲ့ ဒါပေမယ့် ရောက်နေတာက

သဲကန္ဒာရ အလည်မှာပေါ့ ကူမဲ့သူမရှိ အဖော်ဆိုတာ လွန်စွာဝေးပေါ့ အားတင်းထားပါတယ်

ရောင်ခြည်သန်းလာတဲ့တစ်နေ့ မျှော်လင့်ချက်ပန်းတိုင်ကို အပြေးလှန်းလျှောက်ရင်း

ပိတောက်မိုး

4 comments

  • Nay Chi

    November 26, 2012 at 8:42 pm

    အခွင့်ရတုန်း တိတ်ဆိတ်ခြင်းကို ကျေကျေနပ်နပ်စားသုံးကြည့်ပါ..။
    တချိန်ကျရင် အထီးကျန်ခြင်းရဲ့ ငြိမ့်ညောင်းမှုကို ပြန်တမ်းတကောင်း တမ်းတလာလိမ့်ဦးမယ်..။ 🙂 ခံစားအားပေးသွားပါတယ်..။

  • padauk moe

    November 26, 2012 at 8:45 pm

    အားပေးနားလည်မှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

  • jullies cezer

    November 27, 2012 at 10:33 am

    အထီးမကျန်ပါဘူး အစ်ကိုရဲ့ အစ်ကို့မှာလည်စရာဂေဇက်ရွာကြီး ၁ ရွာလုံး
    ရှိပါသေးတယ် ခံစားရသမျှတွေဖွင့်ချလိုက်လဲ မျှဝေမဲ့သူတွေရှိနေပါတယ်
    Ajar Ajar Fighting :harr:

Leave a Reply