Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်လိုဆိုအဆင်ပြေမလဲမသိန်းကြည်

jullies cezerDecember 5, 20121min73929

ရွာသူရွာသားများအားလုံးမင်္ဂလာပါ

ဦးဦးပါလေရာရဲ့ သာဓုခေါ်ရမှာလားတရားစွဲရမှာလားမသိန်းကြည် ရဲ့နောက်ဆက်တွဲလေးပါ ။ ပထမတော့ comment ရေးမလို့ပဲ
comment က နဲနဲများတော့ Post တစ်ပုဒ်စာလောက်ဖြစ်သွားလို့ပါ ။
တိုက်ခန်းနေတဲ့ဒုက္ခတွေကိုပြောရမယ်ဆိုရင်ဖြင့် ပြောမဆုံးပေါင်တောသုံးတောင်ပါပဲ ။ အစကထင်ထားမိတာက အထပ်မြင့်ရင်
ရေပြသနာနဲ့ အခြားခြားသောပြဿနာတွေ များမယ်လို့ထင်ထားမိခဲ့တယ် ။ ဒါပေမဲ့တကယ့်လက်တွေ့မှာတော့ အောက်ထပ်လဲ
အောက်ထပ်အလျောက်ပြဿနာတွေရှိတာပဲ ။ ကြုံဖူးတာကိုပြောပြမယ် cezer ရဲ့အလုပ်ရှင် သူဌေးမက၁၂၄ လမ်းမြေညီထပ်မှာအထည်ဆိုင်ဖွင့်ပါတယ် ။ မိလ္လာပိုက်လဲပေါက်ရော ပြင်ဖို့ရာ ပိုက်ဆံလိုက်ကောက်တယ်တစ်တိုက်လုံး အိမ်ဌားမို့လို့ လက်လုပ်လက်စားမို့လို့ ဘယ်သူမှမထည့်ကြဘူး မိလ္လာဖတ်တွေကလဲ အောက်ထပ်ပဲစုပုံကျတာကို ပြီးတော့ အပေါ်ထပ်ကပစ်ချသမျှ အမှိုက်တွေကလည်း နောက်ဖေးမြောင်းထဲမှာစုံပုံပြီးမြောင်းပိတ်လို့
မပြစ်ချပါနဲ့လို့ ဘယ်လိုမှ ညှိုနှိုင်းလို့မရ နောက်ဆုံး မိလ္လာကန်လဲပြည့်ပိုက်ကလဲပေါက် အဆုံးသတ်မှာမခံနိုင်တဲ့သူကပဲအားလုံးအိတ်စိုက်ပြီး
ပြင်ဆင်ခဲ့ရပါတယ် ။ ဒါကကြုံဖူးတာတစ်ခု ။

နောက်တစ်ခုကျ cezer တို့ရုံးကလုပ်ဖော်ကိုင်ဖက်အစ်မ တစ်ကိုယ်တည်းအပျိုကြီး လွတ်လွတ်လပ်လပ်နားအေးပါးအေးသမား တစ်ယောက်ထဲဆိုတော့
ချက်ပြုတ်လဲ မစားဖြစ်တာကများတယ် ။ တိုက်ခန်းဝယ်တော့ ၅လွှာမှာ အောက်ထပ်မှာထမင်းဆိုင် အပျိုကြီးဆိုတော့ အေးဆေးပဲချက်မစားချင်လဲ ဝယ်စားရုံပဲ အဆင်ပြေလိုက်တာပေါ့အဲဒါနဲ့ဝယ်လိုက်တယ် ။ တကယ်တမ်းကျအထင်နဲ့အမြင်က တက်တက်စင်အောင်လွဲတာပဲဗျို့ ။ မနက်တိုင်း ထမင်းဆိုင်ကဟင်းချက်တဲ့ညှော်နံ့တွေနေ့တိုင်းခံရတယ် ။ ညှော်တွေဝပြီးစားချင်သောက်ချင်တဲ့စိတ်တွေလဲပျောက်ကုန်တယ်။ ထမင်းဆိုင်ဆိုတော့အလုပ်သမားကများ နေ့တိုင်းအလုပ်သမားတွေဆူဆဲအောက်ငေါက်တာတွေနေ့ဓဒူဝကြားရတယ်။ ရေတင်ရင်လည်း
အောက်ထပ်ကအခန်းတွေပြည့်မှအပေါ်ကိုတက်တယ်။ ကိုယ်ကတင်ချင်ပြန်လဲ အောက်ထပ်က ကန်မှာရေပြည့်မှတင်လို့ရတယ် ။
အဲလိုနဲ့ပဲ အကြောင်းကြောင်းသော စိတ်ပျက်ခြင်းများကြောင့်အစ်မလဲ တိုက်ခန်းကိုရတဲ့ဈေးနဲ့ရောင်းပြီး နားအေးမယ်ထင်တဲ့အရပ်ကိုပြောင်းရွေ့ခဲ့ရပါကြောင်း။

နောက်တစ်ခုက cezer တို့ တိုက် ဘယ်အခန်းကမှန်းမသိ ငရုတ်သီးထောင်းတယ် ငရုတ်ဆုံကိုအဝတ်အခံပဲနဲ တဒုန်းဒုန်းနဲ့ အသံကဆူတော့မခံနိုင်တဲ့သူကလူဝင်လူထွက်များတဲ့cezerအခန်းကိုလာပြီးကတ်ကတ်လန်အောင်ရန်တွေ့ပါလေရော မနက်မိုးလင်းခဏနဲ့ ညအလုပ်ပြန်ချိန်ပဲရှိတဲ့အိမ်ကိုလူဝင်လူထွက်များတာလေးနဲ့ မစုံစမ်းပဲလာစွပ်စွဲတယ်ခံပြင်းစရာကောင်းလိုက်တာ ။ အဲဒါနဲ့အိမ်ကလူတွေကလဲ မခံပြန်ပြောစကားများရ ။
နောက်ဆုံး ငရုတ်သီးထောင်းသံထပ်ကြားအောင်စောင့်ပြီး ထောင်းတဲ့အချိန်မှာ ခုနက ကတ်ကတ်လန်အောင်လာရန်တွေ့တဲ့ဟာတွေကိုတွေ့လားငါတို့မဟုတ်ဘူးဟေ့ဆိုပြီး ငရုတ်သီးကိုအသံမြည်အောင်ထောင်းတဲ့အခန်းကိုရှာပြီးသက်သေပြမှရန်ပွဲရပ်တော့တယ်။ ပြီးရင်ရှိသေးတယ်သူများခေါင်းလောင်းကြိုးကို အားမနာလျှာမကြိုးခြေထပ်နဲ့ညှပ်ဆော့ပြီးဖုန်းပြောတယ်။ တချိန်လုံးခေါင်းလောင်းကမြည်နေတော့လူလာတယ်မှတ်ပြီးအပြင်ထွက်ကြည့် လူမတွေ့တော့ဒေါသတွေဖြစ်ရ အကုသိုလ်တွေများရနဲ့ တိုက်ခန်းနေရတာဘာများကောင်းတာကျန်သေးလဲရွာသူရွာသားအပေါင်းတို့
တိုက်ခန်းဝယ်မယ်ဆို –
၁။ ဦးပါရဲ့ post ထဲမှာပါတဲ့ “ဒီလမ်းမှာ ခိုတွေကျီးတွေဘယ်လောက်များသလဲ၊ ခွေးလေခွေးလွင့် ခွေးချေးပုံတွေ ရှောင်လို့ရောလွတ်ပါ့မလားလို့ စဉ်းစားသင့်တာတစ်ချက်’’
၂။ အောက်ထပ်မှာထမင်းဆိုင်ရှိလား စားသောက်ဆိုင်ရှိလား ကြည့်ရမှာတစ်ချက်
၃။ တိုက်ခန်းမှာနေတဲ့သူတွေရဲ့အခြေအနေကိုစုံစမ်းသင့်တာတစ်ချက်
ကျန်တာများရှိရင် ရွာသူရွာသားများထပ်ဖြည့်စွက်ပေးကြပါလို့ ပြောကြားရင်း

နိဂျုန်းခုပ် အဲလေ နိဂုံးချုပ်

အားလုံးကိုခင်တဲ့

julliescezer

29 comments

  • ဦးကြောင်ကြီး

    December 5, 2012 at 11:09 am

    ဂျူးလိယက်လေး ခင်တာထက် ဦးကြောင် ပိုခြစ်ပြမယ်…။

  • P chogyi

    December 5, 2012 at 11:09 am

    လူသူမနီး တောကြီးမြိုင်ဝယ်
    သစ်ရွက်အုပ်မိုး အရိုးထုတ်ပါကွယ်။

    • Mobile

      December 5, 2012 at 11:49 am

      အထက်က တနင်္ဂနွေသား ပြေားထားတဲ့
      ကဗျာလေးအတိုင်းပဲ သင့်တော်မယ်ထင်ပါတယ် . . . .

  • jullies cezer

    December 5, 2012 at 11:17 am

    julliescezer ကလဲကြောင်ဆိုအရမ်းခြစ်ပါကြောင်း :mrgreen:

    • မောင်ပေ

      December 6, 2012 at 9:28 pm

      အဲဒီလို ဆိုရင်တော့ မောင်ပေ့ အတွက် အဆင်မပြေဘူး ဂျူ ရယ်
      ဝိုင်ဝိုင်း ရဲ ့ အေးစက်စက်ဆောင်းညတွေမှာ ကို မဆိုပါရစေနဲ ့
      ဟီဟိ

  • surmi

    December 5, 2012 at 11:52 am

    မသိန်းကြည်ကိုရှောင်
    အို တောင်မဆင်းရဲ
    :harr:

  • jullies cezer

    December 5, 2012 at 11:59 am

    လူသူမနီး တောကြီးမြိုင်ဝယ်
    သစ်ရွက်အုပ်မိုး အရိုးထုတ်ပါကွယ်။
    ဒါဆိုတာဇံလုပ်ရမှာပေါ့ အင်းမလုပ်ချင်ဘူး :mrgreen:

  • kyeemite

    December 5, 2012 at 1:55 pm

    ဝမ်းနည်းရမှာလား ဝမ်းသာရမှာလားမိသိန်းကြည်။ :harr:

  • ကိုရင်စည်သူ

    December 5, 2012 at 2:15 pm

    ဆီဆာလေး.. အဲ့လောက် ကိတ်စများမြောင်နေဒဲ့ တိုက်ခန်းတွေမှာ
    မနေနေနဲ့ဒေါ့.. အူးလေးတို့ ဘောဘောပေါ်လာခဲ့
    နားအေပါအေးပေါ့… ပင်လယ်လေးလေး တဖြူးဖြူးနဲ့
    တိုက်တန်းနစ်ကြရအောင်နော့်… :gee:

  • TheWinner

    December 5, 2012 at 2:25 pm

    ဆီဆာရေ – အမကတော့ အောက်ထပ်က ထမင်းဆိုင်ကို အမြဲရှောင်ပါတယ်။ ဒါပေမယ့် အမလည်း ဝယ်ပြီးရော အမတို့ မြေညီထပ်ကလူတွေက လက်ဘက်ရည်ဆိုင်ဖွင့်တာနဲ့ အမြဲကြုံရပြန်ပါရော။။။
    အဲဒီတော့ ရွေးဖို့ကတော့ မလွယ်ရေးချ မလွယ်ပါ။ ဒါကြောင့်ခုတော့ တာဝတိသာမှာပဲ တက်နေတော့တယ်နော်။

    • Mr. MarGa

      December 6, 2012 at 12:44 pm

      ဦးမာဃဆီလဲ ဧည့်စာရင်း တိုင်တာမတွေ့ပါလား
      အင်းးးးးးးးးးးးးးးးရှောင်တခင် စစ်ဆေးချက်တွေ လုပ်ဦးမှ ထင်တယ်
      စစ်ဆေးတွေ့ရှိက ကြီးလေးသောအပြစ်ဒဏ် ခံရပါမည်

      ပုံ
      ဦးမာဃ
      နတ်ပြည် သမ္မတ
      တာဝတိံသာ

  • jullies cezer

    December 5, 2012 at 2:31 pm

    ဒါဆို အစ်မ winner က တာဝတိသာမှ ဦးမာဃ နဲ့ တစ်ရပ်ကွက်ထဲပေါ့
    ကိုရင်စည်သူရယ် ပင်လယ်လေလေး တဖြူးဖြူးခံစားချင်ပါသော်ငြားလဲ
    တိုက်တန်းနစ်ဆိုတော့ တိုက်တာနဲ့တန်းနစ်မှာမဖြစ်သေးဘူးဗျို့ …..

  • MaMa

    December 5, 2012 at 3:02 pm

    ပိုစ့်နဲ့ မဆိုင်တာ ဝင်ပြောလိုက်အုံးမယ်။
    နိုဝင်ဘာအတွက် ဖတ်ကူပေးမယ်ပြောထားလို့ ..
    အဲဒါလေး ရရင် BestWebAwards@myanmargazette.net ကို ပို့ပေးစေချင်ပါတယ်။
    ပုံမှန်ဆိုရင် ရွေးချယ်တဲ့စာမူစာရင်းကို ၅ ရက်နေ့ နောက်ဆုံးထားပြီး ပို့ရတာမို့ လိပ်စာမှားနေမှာစိုးလို့။
    တဆက်တည်း ဦးမာဃကိုလည်း ရွေးချယ်တဲ့စာမူစာရင်းပို့ဖို့ ပြောချင်ပါတယ်။
    မေးလ်လိပ်စာမသိလို့ ဒီမှာလာရေးလိုက်တာပါ။

    • Mr. MarGa

      December 6, 2012 at 12:46 pm

      အစ်မရေ
      ၃ ရက်နေ့က ပို့တယ်ဗျ မရောက်တာ
      ဘယ်က ဖောက်တာလဲတော့ မသိဘူး

  • jullies cezer

    December 5, 2012 at 3:16 pm

    အစ်မ 4 ရက်နေ့ထဲက ပို့လိုက်ပြီလေအစ်မ မေး address က
    julliescezer12 ကနေပို့လိုက်တာ …….

  • MaMa

    December 5, 2012 at 3:50 pm

    ရပါပြီ။
    ကျေးဇူးတင်ပါတယ်။
    :hee:

  • ရဲစည်

    December 5, 2012 at 6:01 pm

    ဘယ်လိုမှ အဆင်မပြေပါဘူး မသိန်းကြည်
    အဆင်ပြေသလို နေလိုက်ပါ မသိန်းကြည်
    ဝမ်းနည်းမနေပါနဲ့တော့ မသိန်းကြည်
    စိတ်မကောင်းပါဘူး မသိန်းကြည်
    အတူတူပါဘဲ မသိန်းကြည်
    ………..မသိန်းကြည်
    မသိန်းကြည်
    သိန်းကြည်
    ကြည်
    ………………….မသိန်းကြည်ကို ဂျစ်တယ်………………
    :mrgreen:

    • kai

      December 6, 2012 at 4:25 pm

      ဂျပန်ခေတ်က.. စိန်ကြည်
      မဆလခေတ်မှာ .. မသိန်းရှင်
      ဆိုတော့..
      မသိန်းကြည်က.. ဘယ်သူလည်းသိလား…

      အဟမ်း..
      မိသိန်းကြည်… :kwi:

      • ဦးဦးပါလေရာ

        December 6, 2012 at 10:09 pm

        လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က စံရွှေမြင့်ကာတွန်းကို ဒီခေတ် ဘယ်သိတော့မှာလဲ သူကြီးရဲ့

        လူမသိအောင်ထည့်ကာမှ …

        ဒုက္ခနော်….

        :harr:

  • အလင်းဆက်

    December 5, 2012 at 8:29 pm

    တားတားတို့
    ဝင်ငွေနဲ ့ကတော့
    တိုက်ခန်းမပြောနဲ ့
    တဲစုတ်တောင် မဝယ်နိုင်သေး….
    ( လူပျိုကြီးဖြစ်မယ့်အတူတူတော့..ပြောလိုက်ပါတော့မယ်လေ.. )

    :kwi:

  • Foreign Resident

    December 6, 2012 at 3:50 am

    ” လူဝင် လူထွက်များတဲ့ cezer အခန်းကို ”

    ဟီ ဟိ ။ 😛

  • ဦးဦးပါလေရာ

    December 6, 2012 at 6:38 am

    တစိမ်းမိသားစုတွေတွဲနေကြရတဲ့
    အရင်ခေတ်ကဆို တန်းလျားတွေ
    အခုခေတ်မှာဆို စုပေါင်းတိုက်ခန်းတွဲတွေအတွက်
    အစိုးရက ဘာတခုမှ (ဘာတခုမှ..- တကယ့်ကို ဘာတခုမှ) စီစဉ်မထားဘူး
    ဘာတွေစီစဉ်ရမှာလဲဆိုတော့ -နေထိုင်မှု့စည်းကမ်းဥပဒေ၊ သုံးစွဲမှု့စည်းကမ်းဥပဒေ၊ ပိုင်ဆိုင်မှု့စည်းကမ်းဥပဒေ တွေပေါ့…
    အနီးဆုံးဥပမာကတော့ စင်္ကာပူပဲ
    စင်္ကာပူမှာ မြေမရှိလို့ အားလုံးနီးပါး စုပေါင်းတိုက်ခန်းတွေမှာပဲ နေကြရတယ်
    အဲသလိုနေထိုင်ကြသူတွေအတွက် အစိုးရက
    -နေထိုင်မှု့စည်းကမ်းဥပဒေ၊ သုံးစွဲမှု့စည်းကမ်းဥပဒေ၊ ပိုင်ဆိုင်မှု့စည်းကမ်းဥပဒေတွေ ပြဌာန်းထားတယ်
    အသေအခြာ စိစစ် အရေးယူတယ်
    လိုအပ်သလို အမြဲပြင်ဆင်တယ်

    အစိုးရဆိုတာ အစိုးရဖြစ်လာပြီးရင် ဘာလုပ်ရမှာလဲဆိုတော့
    ဖေါ်လံဖားခရိုနီတွေကို ကျေးဇူးဆပ်ရမှာ
    မြင်မြင်သမျှ လက်ညှိုးထိုးရောင်းစား အိပ်ထဲထည့်ရမှာ မဟုတ်ဘူး
    ကိုယ်အုပ်ချုပ်ရတဲ့နေရာမှာ လိုအပ်ချက်တွေကို ရှာဖွေဖြည့်ဆည်းရမှာ….

    အဲဒါ အရင်အစိုးရ/အစိုးရဝန်ထမ်း အုပ်ချုပ်ရေးအရာရှိတွေတော့ ထားပါတော့
    သူတို့ထဲက အစိုးရဆိုတာ တရားဝင်ဓါးပြတိုက်ခွင့်ရှိသူလို့ ထင်သူက ထင်ကြသေး….

    နောင် အစိုးရလုပ်ချင်သူများ
    ဝတ်ကျေတန်းကျေလောက် အစိုးရနဲ့တူအောင်လုပ်ချင်စိတ်ရှိရင်
    ကိုယ့်တိုင်းပြည် ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို လေ့လာဖြေရှင်းသင့်ကြောင်း..
    အရည်အချင်းကြောင့် အစိုးရဖြစ်လာတာမဟုတ်လို့ ဘာမှမလုပ်တတ်ရင်လဲ
    သူများဆီက အလွယ်တကူခိုးချလို့ဖြစ်ပါကြောင်း
    (ကျုပ်ဆီမှာလဲ ကျူရှင်လာတက်နိုင်ကြောင်း…)

  • jullies cezer

    December 6, 2012 at 10:00 am

    အဘဖောက လဲ သူများတကာ စာမရေးတတ်ပါဘူးဆိုမှ ငိုချင်လာပြီနော် :byae:

  • ခင်ခ

    December 6, 2012 at 10:28 am

    မနေ့ကဖတ်ပြီး ကွန်ကမြေကြီးနားကဘဲသွားနေတာ တက်ကိုမလာလို့ ဒီနေ့မှမန့်ရတာဗျာ။
    အင်း ရန်ကုန်မှာတိုက်ခန်းဝယ်နေဖို့ကလည်း တွေးစရာ မေးစရာတွေ အတော်များတာပါဘဲနော်။
    ကျန်တာတွေထက် ထမင်းဆိုင် စားသောက်ဆိုင်နီးလို့ ညှော်နံတွေအများဆုံးရတာတော့ သိပ်မနိပ်ဖူးဗျ။
    တစ်ခါတလေ ကိုယ့်မှ ညှော်ရှောင်သင့်တဲ့ မကျန်းမာမှု့မျိုးဆိုရင် ဘယ်လိုများနေရမလဲလို့တွေးမိတယ်။

  • ဦးကြောင်ကြီး

    December 6, 2012 at 11:55 am

    ဂျူးလိယက်နဲ့ဦးကြောင် တဦးအပေါ်တဦး နားလည်မှုရှိနေပြီမို့ မကြာခင် အာဝါဟဝိဝါဟ လုပ်တော့မည်ဖြစ်ပါ၍ မိတ်ဆွေများ ၁၀%ဒစ်စကောင့်ဖြင့် ကြိုတင်လက်ဖွဲ့ထားနိုင်ပါဂျောင်း…။ ထရေးဒါးဟိုတယ် အပေါ်ဆုံး တာဝါတိုင်တွင် မင်္ဂလာပွဲ ကျင်းပရန်ရှိ၍ ဧည့်သည်အရေအတွက်အား ဦးရာလူစနစ်ဖြင့် ကန့်သတ်ဖိတ်ကြားပါမည်။ :harr:

    • Mr. MarGa

      December 6, 2012 at 12:48 pm

      ဦးကြောင်ကလဲ
      တာဝတိံသာမှာ ခန်းမလာငှားတာတော့ မဟုတ်ဘူး
      အဆင့်မြင့်မြင့် ဖြစ်သွားအောင်

  • jullies cezer

    December 6, 2012 at 12:49 pm

    အိုး ဒါတော့မဖြစ်နိုင်ပါဦးကြောင် စိတ်လျော့ စိတ်လျော့ ဦးကြောင်ကသူကြီးသမက်လေ
    ”ဦးရာလူစနစ်ဖြင့် ကန့်သတ်ဖိတ်ကြားပါမည်”
    လူကြီးမင်းထက်အဖြစ်ဆိုးမဲ့အဖြစ်တွေ မဖန်တီးချင်ပါနဲ့ ဦးကြောင်ရယ်
    ဦးဗိုက်က အမေအားငါကြောက်သလို
    ဂျူးလိယက်လဲ သူကြီးအားတို့ကြောက်သည် ခွိခွိ 🙂
    အပျိုကြီးတစ်ကိုယ်တည်း အေးအေးပဲနေပါရစေကွယ်
    အပျိုကြီးဆိုတာအများစုကကြောင်ချစ်တတ်တယ်လေ
    ဂျူးလိယက်ရဲ့အခြစ်ကို အထင်မလွဲစေလိုကြောင်း
    ဒါပေမဲဇီဇာကြောင်သောအပျိုကြီးလို့တော့မထင်စေချင်ကြောင်း

  • ရှိသေးတယ်အေ့
    အရက်သမားရှိတဲ့အခန်းအောက်နေမိပြန်ရင်လဲ တဒုက္ခ။
    နေ့ဆို ကြည်နူးလို့
    ညရောက်လို့အရက်သောက်ပြီးတာနဲ့ ဝုန်းဒိုင်းကြဲ
    မနက်တော့ သူမဟုတ်သလိုဘဲ
    ဂလို အေ့ ဂလို

  • jullies cezer

    December 7, 2012 at 9:34 am

    ဟုတ်တယ်လေးပေါက်
    ဒါလဲစဉ်းစားမဲ့အချက်ထဲထပ်ထည့်ရမယ် :mrgreen:

Leave a Reply