Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ပလေတိုကြီးရယ် ခင်ဗျား မှန်ပါပေတယ်”

+++++++++++++++++++++++++++++++++

ပလေတိုကြီးရယ် ခင်ဗျား မှန်ပါပေတယ်
“At a touch of love everyone becomes a poet” – Plato

+++++++++++++++++++++++++++++++++

 

ထူးတယ်လို့ မသတ်မှတ်ဘူး …

ရူးတယ်လို့လည်း မသတ်မှတ်ဘူး …

ဟူးးးးးးးးးးးးးးး

“ရင်မောမှု” တစ်ခုလို့ပဲ သတ်မှတ်မယ် …

ဟုတ်ပါတယ် …

ကျုပ် အတွက်တော့ …

ဒါဟာ ရင်မောမှု တစ်ခုပါပဲ ……။

 

ဖြစ်တတ်ပါတယ် …

မဖြစ်တတ်ပါဘူး …

ဆန့်ကျင်ဘက် ငြင်းခုန်မှုနဲ့

အတင်းပဲ ရင်ကို စုံလုနေတဲ့ အရာနှစ်ခု

ငါ အခု တစ်ခုကိုတော့ ရန်ပြုလိုက်မိပြီ …

ဟုတ်တယ် …

ဒါဟာ ဖြစ်တတ်တယ် …….။

 

မသိဘူး …

သိပါတယ် …

ဒီလို ဒွိဟတွေနဲ့ တယ် (ရန်ဖြစ်ခြင်း) လို့ …

ဘယ်သို့ .. ဘယ်ဝယ် …

ငါ ဘယ်လို နေရမလဲကွယ် …။

 

နားကြပ်ကို တပ်

ရော့ခ် သီချင်းကိုလည်း အကျယ်ကြီး ဖွင့်ထားတယ် …

ကွန်ပျူတာ တစ်လုံးကိုလည်း ရှေ့မှာချ …

ဟိုကြည့် ဒီကြည့်နဲ့ လုပ်နေမိတာတောင်

စိတ် ဆိုတဲ့ ကောင်က

ခဏ ခဏ ထထ သွားတယ် …

ဒီကောင် အတွက်နဲ့ ခက်ရချည်ရဲ့ …။

 

ကောင်းကင်ကို မော့ကြည့်တော့ လ သာနေတယ် …

ကြယ်ကလေးတွေကလည်း ပြိုးပြိုးပြက်ပြက်ပဲ …

ဒီလိုနဲ့ပဲ …

သန်းခေါင် ဆိုတာ

စောင်ခြုံထားတာပဲ ရှိပါသေးတယ် …

မျက်လုံးကတော့ဖြင့် ပြူးနေလျက်ပါပဲ ….။

 

နတ် ဆိုတဲ့ အမျိုးအစားနဲ့လည်း

မတင်စားတတ်ဘူး ….

အရာအားလုံးထက် လှရက်အားတယ်လို့လည်း

မသတ်မှတ်တတ်ဘူး …

ဒါပေမယ့် ….

မျက်လုံးကို ပိတ်လျက် ထားတာတောင်မှ

မြင်ယောင်နေတတ်တယ် …

ဒါကို ဘယ်လို ပြောရမလဲကွယ် ……။

 

လေထဲ တိုက်ဆောက်တာတော့ မဟုတ်ဘူး …

ဖြစ်ချင်မိတာရယ်ပါ …

စိတ်ကူးစိတ်သန်း ဆိုတာ …

သူ့ချည်းပဲ ရုပ်လုံး မကြွတတ်ဘူးလေ …

ရင်ထဲက တကယ့် ဖီလင်နဲ့ ပေါင်းမှ

ထ လှုပ်ရှားတတ်တာ မဟုတ်လား …..

 

ဒီလိုတော့ ထင်မိပါတယ် …

ကလေးဘဝ လိုချင်တာလေးအတွက်

အော်ငိုမိတာနဲ့ နှိုင်းယှဉ်ရင်

အခု ခံစားချက်က

ရတု ရကန် များကိုတောင် ဖြစ်စေတတ်တယ် …

ဒါပေမယ့် …..

ကျုပ်အတွက် ကဗျာပဲ ဖြစ်လာတယ် ….

ပလေတို ဆိုတဲ့ လူကြီးရယ်

ခင်ဗျား … မှန်ပါပေတယ် ………။

 

“At a touch of love everyone becomes a poet” – Plato

 

++++++++++++++++++++++++++++++

Reply မလုပ်နိုင်ပါက ခွင့်လွှတ်တော် မူကြပါရန် တောင်းပန်အပ်ပါကြောင်း …။

ဖတ်ရှုသွားသူ အပေါင်းကို ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …။

++++++++++++++++++++++++++++++

 

ချစ်တဲ့ ..

အံစာတုံး

20 comments

  • Mobile

    January 25, 2013 at 5:59 pm

    ဖတ်ရှု့အားပေး ကူးယူ မှတ်သားထားလိုက်ပါတယ် ဖလားးးးးးးးးးးးးးး
    ရီပလိုင်း မပြန်ပါက ခွင့်မလွှတ်ပါကြောင်းးးးးးးးးးး
    ပုံ/မိုဘိုင်းးးးးးးးးးးးးးးးးးးးးးးးးးး
    :harr:

  • မောင်တင့် တယ်

    January 25, 2013 at 6:10 pm

    အော် ကိုအံစာရယ်.. လူနဲ့အရေးနဲ့မလိုက် လိုက်တာဗျာ
    မထင်ရဘူးနော်

    • ဘဲဥ

      January 25, 2013 at 6:46 pm

      ဟေ………
      မှတ်ပလားဟ ကိုကိုအံ
      ဒင်းတော့ ခံလိုက်ရဘီ
      ဝမ်းသာထှာအေ
      :harr:

  • Mr. MarGa

    January 25, 2013 at 7:07 pm

    အဲဒီလူကြီး ပြောခဲ့တာကို ဆန့်ကျင်ပါတယ်
    ဦးမာဃ နတ်သမီး တစ်ဖက်တစ်ထောင်သာရှိတာ
    အခုထိ ကဗျာကို မခံစားတတ်သေးဘူး
    အဲဒီလူကြီးက တစ်ယောက်တည်းကိုပဲ ပြောသွားတာ
    ဒါကြောင့် ဆန့်ကျင်ပါတယ်ဗျို့
    :harr: :harr:

  • မောင်ပေ

    January 25, 2013 at 7:54 pm

    ပလေတို
    ထရေဆို
    အသေမြို
    စလေအပျို
    ငပေကြို
    သွားရည်ယို

  • garuda

    January 25, 2013 at 8:58 pm

    “At a touch of love everyone becomes a poet” – Plato
    အဲဗျာ ပလေတိုက အဂုလိ လိုပြောသွားတယ်ဟုတ်လား။ သိဘူးဗျာ… :kwi:

  • ရွှေ ကြည်

    January 25, 2013 at 10:51 pm

    မိုက်တယ်ဟ လန်းတယ်ဟေ့ ဂွတ်တယ်ကွာ နောက်ဘာပြောရင်ကောင်းမလဲ :mrgreen:

    ကောင်းကင်ကို မော့ကြည့်တော့ လ သာနေတယ် …

    ကြယ်ကလေးတွေကလည်း ပြိုးပြိုးပြက်ပြက်ပဲ …

    ဒီလိုနဲ့ပဲ …

    သန်းခေါင် ဆိုတာ

    စောင်ခြုံထားတာပဲ ရှိပါသေးတယ် …

    မျက်လုံးကတော့ဖြင့် ပြူးနေလျက်ပါပဲ ….။

  • ဗုံဗုံ

    January 26, 2013 at 9:25 am

    အံမပါတုံးကြီးရယ် ခင်ဗျား မှန်ပါတယ် :harr:

  • ခင်ခ

    January 26, 2013 at 10:36 am

    ကောင်းကင်ကို မော့ကြည့်တော့ လ သာနေတယ် …
    ကြယ်ကလေးတွေကလည်း ပြိုးပြိုးပြက်ပြက်ပဲ …
    ဒီလိုနဲ့ပဲ …
    သန်းခေါင် ဆိုတာ
    စောင်ခြုံထားတာပဲ ရှိပါသေးတယ် …
    မျက်လုံးကတော့ဖြင့် ပြူးနေလျက်ပါပဲ ….။

    ပြူးတဲ့မျက်လုံး မှိတ်ခါသွားလည်း
    ကြယ်လေးတွေလည်း ပြိုးပြက်လျှက်ဘဲ
    ကောင်ကင် လ က သာ လို့ဘဲမို့
    ငါ အိပ်တာလား မအိပ်တာလား
    စဉ်စားမရ ထို တစ်ည။

    • ဗုံဗုံ

      January 26, 2013 at 10:52 am

      ပလေတိုကြီးထက် လေးခက မှန်သွားပြန်ပြီ အဲ့ဂလို လူကြီးတွေရဲ့ ရင်တွင်းဖြစ်တွေ ဖတ်ချင်နေတာ :mrgreen:

  • ရွှေတိုက်စိုး

    January 26, 2013 at 11:58 am

    အံစာဒုံးဒဲ့…..နာမယ်ဂျီးက ဒေါင့်မကျိုးပေမယ့်….ကဗျာလေးက တော့ အချိုးကိုပြေလို………
    ကြိုက်တယ်ဗျာ……… ပလေဒုံးကြီးရာာာာာာာာာာာာာာာာ

  • ဟုတ်ကဲ့ ..
    ကျုပ် ပို့စ်ကဗျာလေးကို
    လာရောက် အားပေးသွားကြပါကုန်သော
    ချစ်စွာသော ဘောတို့အား
    ကျေးဇူး အကြီးကြီး တင်ပါကြောင်း ……။

    • pooch

      January 26, 2013 at 11:02 pm

      သူငယ်အံ အဲ့ဓာတ်ပုံက ဂျီးဒေါ်ရဲ့ avatar ပုံနဲ့ တူနေသလားလို့ ဘယ်အချိန်က လာမသွားတာလဲ 😆
      နောက်တာပါ ငါလည်း ဘယ်နားက ယူထားမိမှန်း မမှတ်မိတော့ဘူး :mrgreen:

      • ဂျီးဒေါ် …
        ဂျီးဒေါ် ပန်းက ဒီဘက် လှည့်နေတာ
        ကျုပ် ပန်းက ဟိုဘက် လှည့်နေတာ ..
        တူဘူးးး ဒါဗျဲ … :mrgreen:

  • Thu Wai

    January 26, 2013 at 8:29 pm

    ဟမ်မလေး ကိုဘာဂျာ အဲယောင်လို့ ကိုအံဂျာ ရယ် လူကမြုံစိစိ မပွင့်တပွင့်နဲ့ အဲလောက်ထိ ခံဂျားဂျက်တွေ ဖွင့်ချနိုင်လိမ့်မယ်လို့ တောင်မထင်ထားဘူးဗျ အံ့ဩ ထှာ

  • လူကလေး

    January 29, 2013 at 10:36 am

    စာအရေးအသားတုန်း က ဘယ်လိုကြီးမှန်း လဲမသိဘူးဆိုပေမယ့်
    ကဗျာလေးက တော့ လွှတ်ကောင်း.. အံစာအတုံးကြီးရေ…

  • Shwe Ei

    January 29, 2013 at 2:24 pm

    အပိုတေပါအေ…ဒါညိုးတေ ရိုးးဟိုးးးဟိုးးးနေဘီ။
    ညီးအရင်ကောင်မလေးကိုလဲ ဂလိုဘဲကျူဒါမို့လား။ အခု နောက်တျောက်ကျလဲ
    နောက်တညိုးနဲ့ကျူပြန်ဘီ….။ မဟာဘာဂျာ ကျူဇာဒုံးရီး… :harr:

Leave a Reply