`Love story´ အပိုင်း ၁
7.12.2020 future city
မြို ့ပြရဲ ့လမ်းတွေကနက်မှောင်လှပြီး ပါတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်လေ။ အရာရာတိုင်းက ခြောက်သွေ ့ချင်းတွေနဲ ့ ပြည် ့စုံလှသည်လို ့ ပြောရလောက်အောင် ပါတ်ဝန်းကျင်က လူသူကင်းမဲ ့လှသည် မဟုတ်ပါလေ။ 2020ခုနှစ်ကို ရောက်လာခဲ ့တော့ အရာရာဟာလဲ တိုးတက်ပြောင်းလဲနေပြီလေ ။ လူတိုင်းကိုစီ ကိုယ်ပိုင်ကားတွေရှိနေကြပြီး ဒရိုင်ဘာတော့မရှိကြဘူးလေ ။ ဘာကြောင် ့လဲဆိုတော့ ဒရိုင်ဘာမလိုတော့သလို ဓါတ်ဆီ ဖြည် ့ပြီးမောင်းနှင်စရာ လဲ မလိုတော့ဘူးလေ။ နေရောင်ခြည်သုံးပြီ အလိုအလျှောက်မောင်းနှင်နိုင်သော ကားတွေရှနေကြလို ့ပေါ့။ အခကြေးငွေပေးဆောင်ရပေမဲ ့ တက္ကစီတွေကို သွားလိုသည် ့နေရာ နုတ်မှ အသံလေးဖြင် ့စေခိုင်းနိုင်ရုံမျှ သွားလိုရာကို ရောက်ရှိနိုင်သည် လေ။
`မောင်………´
ချိုမြသော အသံလေးက နားထဲကို စီးဝင်လာတော့ သူ အနောက်ကိုလှည် ့ကြည် ့မိလေသည်။ အနက်ရောင်အကျီင်္လေးကို ဖြူလွှလွှဂါဝန်လေးနဲ ့တွဲဝတ်ထားတဲ ့ သိပ်ချစ်ရတဲ ့ချစ်သူကိုတွေ ့ရလေသည်။
`ဇူး ဘယ်တုန်းက ရောက်နေတာလဲ………´
`ကြာပြီမောင်…….မောင်အလုပ်အရမ်းများနေလို ့ မခေါ်တာပါ………´
`ခေါ်လိုက်ရောပေါ့ မောင် ့အချစ်ရယ်………..မောင် ့အလုပ်က အရေးမကြီးပါဘူး……….´
`ဟုတ်ပါပြီမောင်ရယ်……….မောင် အားပြီလားဟင်………ဇူး အပြင်သွားချင်လို ့ ……..´
`အင်းလေ………မောာင်လိုက်ပို ့ပေးမယ်……..´
လုပ်လက်စ အလုပ်ကို ပစ်ထားခဲ ့ပြီး အရမ်းချစ်ရတဲ ့ ချစ်သူရဲ ့ဆန္ဒကိုဖြည် ့စည်းပေးဖို ့အတွက် ပြင်ဆင်လိုက်သည်။ နောက်မှ ခေါ်သံကြားရလို ့လှည် ့ကြည် ့လိုက်တော့ သူဧ။်ဦးလေး ဖြစ်နေသည်။
`ဦး ကျော်……..ကျွန်တော်ကိုခေါ်လိုက်လား………´
`အေး မင်းဘယ်သွားမလို ့လဲ……. ´
`ဇူး ကို အပြင်လိုက်ပို ့ပေးမလို ့……….ဦး ဘာခိုင်းမလို ့လဲ……..မှာစရာ ရှိလို ့လား……….´
`အေးကွ…………….စောစောပြန်ခဲ ့ဖို ့ပါ……….´
`အင်းပါ …….´
`ဦး နေကောင်းတယ်နော်……..´
`ကောင်းတယ်….သမီး……….ကားကို ဖြည်းဖြည်းမောင်ခိုင်းနော်…….´
`ဟုတ်ကဲ ့ဦး……….´
`သွားကြ….သွားကြ………..ဂရုစိုက်ကြနော်……´
`မင်္ဂလာပါ ခွန်းသစ်……..ဘယ်နေရာသို ့ ပို ့ဆောင်ပေးရမလဲ………´
`ဇူး…ပြောလိုက်လေ…..ဇူးသွားချင်တဲ ့နေရကို………´
`ဟုတ်ကဲ ့မောင်……..အနီးဆုံး ဆိုင်တစ်ဆိုင်ကို ပို ့ပေးပါ…………´
စကားသံအဆုံးတော့ ကားလေးက ညင်သာစွာ ထွက်ခွာသွားခဲ ့လေသည်။……………………………………..
6 comments
aung nainglin
January 6, 2013 at 9:15 pm
မဖြစ်နိုင်မှန်းသိပါတယ်။ စိတ်ကူးယဉ်ဆန်မှန်းလဲ သိပါတယ်။
ပုံပြင်တစ်ပုဒ်လို ထင်ရပေမဲ ့ အရမ်းချစ်တက်တဲ ့ သူတွေအတွက် တင်ပေးလိုက်ချင်းဖြစ်ပါတယ်။
ပြီးဆုံးသည်အထိ အားပေးကြပါလို ့ မေတ္တာရပ်ခံအပ်ပါသည်။ ခင်မင်လေးစားလျှက် ……ကျွန်တော်အောင်နိုင်လင်း။
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 10:47 pm
ဟုတ်ကဲ့ပါ.။
မိုက်လေး ကဒီလိုဝထ္ထုဆိုရင် အမြဲအားပေးမှာပါ.။
ဆက်လက်ရေးပါ.။လူငယ်ပီပီဝထ္ထုတော့ဝါသနာအရမ်းပါတယ်….။
padonmar
January 7, 2013 at 2:07 am
ဒီထက် နည်းနည်းပိုရှည်အောင်ရေးပြီး နောက်မှာ ဘာဖြစ်မှာပါလိမ့်လို့ သိချင်စိတ် ဝင်လောက်တဲ့နေရာရောက်မှ အခန်းဖြတ်ပေးဖို့ အကြံပေးချင်ပါတယ်။
(သိလို့ တတ်လို့ ဝေဖန်တာမဟုတ်ပါ။စာဖတ် ပရိသတ်အနေနဲ့ အကြံပေးချင်တာပါ)
mamanoyar
January 7, 2013 at 1:32 pm
ဟောတော့ တိုလိုက်တဲ့ဇာတ်လမ်း
အပိုင်းဆက်ဆိုတော့ မျှော်ပေဦးပေါ့
Mr. MarGa
January 7, 2013 at 1:51 pm
မျှော်ရဦးမှာပေါ့လေ
အကုန်ပြီးမှ သေချာဖတ်တော့မယ်
အခုတော့
ဆက်တင်ဗျို့
aung nainglin
January 7, 2013 at 9:33 pm
အခုလို အားလုံးက ခွင် ့လွှတ်နားလည်ပေးတဲ ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါသည်။
အားလုံးကိုလဲ ကျန်းမာ ချမ်းသာ ကြပါစေလို ့ကျွန်တော်အောင်နိုင်လင်းက ဆုတောင်မေတ္တာပို ့သ လိုက်ပါသည်။
ဆက်ပြီးအားပေးကြပါအုံးလို ့မေတ္တာရပ်ခံပါသည်။
စကားလုံးများ မှားနေခဲ ့ရင် ခွင် ့လွှတ်နားလည်ပေးပါလို ့ တောင်းဆိုပါသည်။