ဆရာမ ဝင့်ပြုံးမြင့် ၏ စာအုပ်သစ် ထွက်ရှိခြင်း ….
အားလုံး သိကြတဲ ့
ဒီရွာသူဖြစ်နေတဲ ့
မကြာသေးခင်ကမှ သားသားလေးတစ်ယောက်ကို လောက လူ ရွာထဲ ခေါ်ဆောင် လာတဲ ့
စာရေးဆရာမ ဝင့်ပြုံးမြင့် ……။
ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန် ထားတဲ ့ စာအုပ်သစ် တစ်အုပ် ထွက်ရှိလာပါပြီ …ဆိုတဲ ့ အကြောင်းလေး….
ရွာသူရွာသားများနဲ ့ စာချစ်သူများ..ကို သတင်းကောင်းလေး..ပါးလိုက်ချင်လို ့…
ဒီ ပိုစ့်လေးကို ရေးလိုက်ပါတယ် ခင်ဗျ ။
=========================
စာအုပ်ကတော့….
ကံကောင်းလို ့…စာပေ လွတ်လပ်ခွင့် ရပြီး…
ကံကောင်းလို ့ ဖတ်ရတဲ ့ စာအုပ်အမျိုးအစားတစ်ခု လို ့ သိရပါတယ် ။
စာအုပ်က တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ် ။
တစ်ပါတီ အာဏာရှင်စနစ်ကို အကြီးအကျယ်သရော်ထားတဲ ့…စာအုပ်တစ်အုပ်လည်း…ဖြစ်ပြီး…
မူရင်းစာရေးသူ ဂျော့အော်ဝဲ (George Orwell ) ကို…
ကမ္ဘာကျော်စာရေးဆရာ အဖြစ်ကို တွန်းပို့ခဲ့တဲ ့…. စာအုပ်ပါ ။
ကမ္ဘာ့ အကောင်းဆုံး စာအုပ်တစ်ရာ ဆိုပြီး………
ဘယ် ပညာရှင် အဖွဲ ့က ရွေးရွေး….
ထိပ်ဆုံးက ပါတဲ ့… စာအုပ်တစ်အုပ်….လို့လည်း.သိရပါတယ် ။
အာဏာပိုင် နိုင်ငံတွေမှာ…..
မဖတ်ရ….လို ့..တားမြစ် ထားးတဲ ့ စာအုပ်..တဲ ့ ။
မြန်မာပြည်မှာလည်း…
ကြားသာ..ကြားဖူးပြီး….. မဖတ်ဖူးကြသေးတဲ ့ စာအုပ်…တဲ ့ ။
ဒါက စာအုပ် နောက်ကျော ဖုံးမှာ.. ညွှန်းထားတဲ ့ စကားလုံးလေးတွေပါ ။
အဲဒီ စာအုပ်ကို ကျွန်တော်.. မဖတ်ရသေးလို ့…
အသေးစိတ် မညွှန်းနိုင်သေးပါဘူး ။
ဖတ်ပြီးရင်လည်း.. ဝေဖန် လေကန်တာတွေ… လုပ်ဖို ့..ဆိုတာက….
သိပ်တော့မလွယ်ဘူး….ထင်ပါတယ် ။
ဘာလို ့လဲ..ဆိုတော့…..
ပထမ စာမျက်နှာတွေမှာထဲက….
အတော် မြင့်နေလို ့…
လိုက်မီ ဖို ့… ကြိုးစား ရဦးမှာမို့ပါ ။ :kwi:
အခု ……………………
……………..
ထွက်ရှိကြောင်း….
ဖတ်သင့်ကြောင်း……လောက် …..
သတင်းပို ့တာပါ …လို ့။
=================================================
စာအုပ်အမည် ။။။။ ။။။။ ၁၉၈၄
ဘာသာပြန်ဆိုသူအမည် ။။။ ။။။ ဝင့်ပြုံးမြင့်
——————————————–
မူရင်း စာအုပ်အမည် ။။။ ။။။။ 1984
မူရင်း စာရေးသူ အမည် ။။ ။။ George Orwell
————————————————
ပုံနှိပ်ခြင် း ။ ။ ပထမအကြိမ် ။ အုပ်ရေ 700 ။ နိုဝင်ဘာလ ။ 2012 ။
တန်ဖိုး ။ ။ 3600 ကျပ်
စာမျက်နှာ 375
13 . 3 x 20 . 9 စင်တီ ။
ထုတ်ဝေသည့် စာအုပ်တိုက် ။ ။ လောကသစ် စာပေ
မျက်နှာဖုံး ဒီဇိုင်း ။ ။ Totty swe
==========================================================================
အားးလုံးပဲ…..
ဖတ်ကြည့်ကြပါဦးလို ့…..
==========================================================================
ခင်မင်လေးစားစွာဖြင့်….
အလင်းဆက်
23 comments
Mr. MarGa
January 7, 2013 at 8:28 pm
လောလောဆယ်တော့ ဘဏ္ဏာရေး အခြေအနေက အဲဒီလောက် ခွင့်မပြုဘူး
မှတ်ထားလိုက်ဦးမယ်
နောက်မှ ဝယ်ဖတ်မယ်
:hee:
ဝင့်ပြုံးမြင့်
January 7, 2013 at 10:49 pm
ကိုသူရတို့များ မြန်လိုက်တာ။ ဂျော့အိုဝဲခြေရာကောက် ပို့စ်ကို တင်တုန်းက ၁၉၈၄ ကို ပြန်ပြီးကြောင်း ထည့်မပြော ဖြစ်တာက သူကြီးကို အားနာလို့ပါ။ ရွာအတွက် အကျိုးရှိတာတွေ မရေးပဲ ကိုယ့်စာအုပ် ပေါက်အောင် ပဲ လုပ်ရာကျမှာ စိုးလို့ တမင် မပြောပဲ ထားတာပါ။
—-
နိုင်ငံရေးစာပေကို ရေးလို့ဆိုပြီး အထင်မကြီးစေချင်ပါ။ နိုင်ငံရေးဆိုတာ ကိုယ်က တစ်လုံးမှ နားလည်တာ မဟုတ်ဘူးလေ။ အခု ရေးဖြစ်သွားတာက ဆရာဦးဝင်းတင် (EFA) ပြန်ခိုင်းလို့ပြန်တာပါ။ ကိုယ့်စိတ်နဲ့ကိုယ်ဆိုရင် လုံးဝမပြန်ပါဘူး။ အမြင့်စား စာအုပ်ကြီးပြန်လို့ဆိုပြီး စာထဲက နိုင်ငံရေးသဘောတရားတွေ နားလည်မယ်ထင်လို့ကတော့ အလွဲကြီးလွဲပါလိမ့်မယ်။ (ဘာသာစကားကျွမ်းကျင်တာကတစ်ပိုင်း၊ အသိပညာ အတတ်ပညာ က တစ်ပိုင်း။) ပြန်တာကတော့ လုံးဝ အတိအကျကို ပြန်တာပါ။ မြန်မာမှု မပြုပါ။ စာကို ဆရာဦးဝင်းတင် တစ်ကြောင်းချင်းစီ တိုက်စစ်တာကြောင့် အမှားအယွင်းနည်းမယ်ဆိုတာ အာမခံပါတယ်။
—–
အဲဒီ ၁၉၈၄ ကို ရိုက်ထားတာ ရှိပါတယ်။ pdf file မပြောင်းတတ်သေးတာကတစ်ကြောင်း၊ ခုမှထွက်ကာစ ဖြစ်နေတာကတစ်ကြောင်း ဒါကြောင့် မဝေသေးတာပါ။ အချိန်နည်းနည်းစောင့်ပြီးရင် ဝေပါ့မယ်ရှင်။
P chogyi
January 8, 2013 at 9:52 am
pdf ရရင်တော့ ကျေးဇူးတင်ပါတယ်
မြို့ထဲရောက်တဲ့အခါ
ဝယ်ဖြစ်အောင်လဲကြိုးစားပါမယ်။
မောင့်ကျက်သရေ ဂီ့
January 8, 2013 at 10:03 am
အင့် အင့် …
http://myanmargazette.net/159711/computers-technology/business-office-software-graphic-software-internet-software-utilities-operating-systems-software-web-development-software
:harr:
သကြားလုုံးကြော်
January 8, 2013 at 3:46 am
ဆရာမစာအုုပ်အသစ်ဆိုုလိုု့ ဖတ်ရတော့မယ်ဟေ့ဆိုုပြီး အားရပါးရဝင်ကြည့်လိုုက်တာ ၁၉၈၄ ဆိုုတော့ လက်မောကိုုကျသွားတာပဲ။ အရင်က ကောက်ကိုုင်ကြည့်ပြီး ကြောက်လိုု့ ချက်ချင်းပြန်ချထားလိုုက်တယ်။ နိုုင်ငံရေးဆိုုလိုု့ တိရိစ္ဆာန်လိုုအကောင်လိုုက်ပြမှ အရိပ်ရေးရေးမြင်ရုုံရှိတာ။
ဆရာမပြုံးကိုု အားတော့နာပါရဲ့ ၊ဒါပေမဲ့ ဖတ်ဖြစ်မယ်မထင်ဘူး။
အရီးခင်လတ်
January 8, 2013 at 3:54 am
ဒီ ဆွိတီဖရိုင်း လေးတော့ သူကြီးမင်း နဲ့ တွေ့တော့မယ်။ 😆
သကြားလုုံးကြော်
January 8, 2013 at 6:38 am
အရီးစကားတောင်မဆုုံးသေးဘူး အောက်မှာ သဂျီးက နိုုင်ငံရေးဩဝါဒကြိမ်လုုံးကြီးနဲ့လိုုက်လာပြီ။ ပြေးတော့မယ်။ ဒက်ဂလောက်၊ ဒက်ဂလောက်…
အရီးခင်လတ်
January 8, 2013 at 3:52 am
မပြုံးရေ
စာရေးဆရာကြီး George Orwell ရဲ့ နိုင်ငံရေးသရော်သံ အပိုင်းအစ လေးတွေကို ကြားဖူးပေမဲ့ စာအုပ်တွေကို မဖတ်ဖူးပါဘူး၊
အခုဒီစာအုပ်အကြောင်းကို ဝီကီလိုက်တော့
၁၉၄၉မှာ ထွက်တဲ့ စာအုပ်၊ ၁၉၄၄ မှာ အစပြုပြီး ၁၉၄ရ မှာ ရေးတာလို့ ပြောတာဘဲ။
၁၉၈၄ ဆိုတဲ့ နှစ် ၄ဝလောက် အနာဂါတ် အချိန်ကို မှန်းရေးထားတာ။
ဒါကို ၂၀၁၃ – နှစ် ၃ဝနီးပါး အကွာ ကနေ ဖတ်ကြည့်ရင် အတော်စိတ်ဝင်စားစရာပါဘဲ။
သဘောက လွန်ခဲ့တဲ့ နှစ်၇ဝ က ဒီ စာရေးဆရာကြီး ရဲ့ အတွေးအခေါ်ဟာ ဒီနေ့ထိ လွတ်လပ်ရေးကို ချုပ်နှောင်ထားဆဲ မြန်မာပြည်အတွက် ကိုက်ညီ နေဆဲဘဲ ထင်ပါရဲ့။
လွှတ်ထားက ကာတွန်းထဲကလို လှောင်ချိုင့် ရဲ့ လှောင်ချိုင့် ကနေ လွှတ်တာ။
ဘာဘဲဖြစ်ဖြစ်ပေါ့။
မလွတ်တာထက်စာရင်တော်သေးတယ် ဆိုမှာဘဲ။
ဒီစာအုပ်ကို ဘာသာပေါင်း ၆၅ခု နဲ့ ဘာသာပြန်ပြီးပြီ ဆိုတော့ မြန်မာလို ပါတိုးလာယင်း ၆၆ ပေါ့နော်။
အားကျ စွာ ဂုဏ်ယူပါတယ် မပြုံးရေ။
ရွာထဲမှာ ဒီလို လူ ရှိနေတာလဲ ဝမ်းမြောက်မိပါတယ်။
သမီးလေး နဲ့ သားလေး ရော နေကောင်းကြလား။
သူတို့လဲကြီး ရင် သူတို့အမေ့လို တော်ကြမှာဘဲ။
:hee:
kai
January 8, 2013 at 5:52 am
” နိုင်ငံရေး ဆိုတာ ဘာလဲ … ။ “
ကျွန်ုပ်တို့နိုင်ငံတွင်ယခုအချိန်အခါ၌ခေတ်ပြောင်းခေတ်လွှဲရှိကြောင်းအငြင်းမထွက်ဘဲလျက်သဲသဲမဲမဲ ရှေးကအတွေးအဆရှိသူများ ရှိကြပေသေး၏။အချို့သောသူများသည် ယခုထက်ထိပင် ယုက်မာ ညစ်ထေး ရှေးကနိုင်ငံရေးမျိုးကို သိလျက်နှင့်ဖြစ်စေ ၊ မသိဘဲလျက်နှင့်ဖြစ်စေ လိုက်စားလျက်ရှိကြသေး၏ ။
နိုင်ငံရေးမည်သည် ယုတ်မာ ညစ်ထေးသည်ဟု ဆိုရမည်လော ။စင်စစ်မှာ နိုင်ငံရေးသာ ယုတ်မာ ညစ်ထေးသည် မဟုတ် ။နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဖွယ်ရာ ရှိပြန်၏။ ကျွန်ုပ်တို့သည် သာမန် ပုထုဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့် ၊ နိုင်ငံရေးသည် အလွန် မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟူ၍ ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့သော လူလိမ်လူညာတို့က တောအုံကနား ကျေးတောသားလူရိုးလူအတို့ကို အတိတ်၊တပေါင် ၊စနည်း၊ဘဝေါတို့ကိုတွင်တွင်ကြီးဟောပြော၍ထိုသူတို့၏မနောအကြိုက်ကိုလိုက်၍အငိုက်ကိုဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့်ကိစ္စဟု ဆိုရမည်လော။သို့တည်းမဟုတ် ၊ နိုင်ငံရေးသည် ကန္တာရခရီးပမာကြောက် မက်ဖွယ်သော၊ အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သော ကြောင့်ကျွန်ုပ်တို့သည်တတ်သာစွာ ရှောင်ရှားသင့်သည်ဟုဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထ ရှိသည့်အတိုင်းအမျိုးဘာသာ၊သာသနာရေးဟူ၍ပင်ဆိုရဦးမည်လော။
နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ် ၊ နိမ့်ကျလွန်း သည်လည်း မဟုတ် ၊ မျက်လှည့် ဗေဒင်လည်း မဟုတ် ၊ အဂ္ဂိရက်လည်း မဟုတ် ၊ ကြောက်မက် ဖွယ်ကောင်းသော ကနာ္တရခရီးလည်း မဟုတ် ၊ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်းမဟုတ်၊ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသောအခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရ မည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏ ။
အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေ ရသော ကိစ္စပင်ဖြစ်ပေသည်။တနည်းအားဖြင့် ဆိုသော် လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏ ။
ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ် ရုံး အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက်ရှိ၏ ။ ဤ ဌာန များ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကို လုပ်နေကြရပေသည် ။
အလုပ်သမားသည် အခကြေးငွေ အတွက် အလုပ်လုပ်ရ၏ ။ တောင်သူလယ်သမားသည် ဝမ်းစာတွက် လယ်ယာလုပ်ရ၏ ။ စာရေးစာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား စသည်တို့သည် အသီးသီးဝင်ငွေရရန် အလုပ်လုပ်ကြ၏။ အချုပ်မှာ စားသောက်နေထိုင် ရေးအတွက်ပင်ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ရပြီးလျှင် စားသာသောက်သာသော အခြေအနေကိုရလို၏။တောင်သူလယ်သမားသည်မိမိ၏လယ်မြေကိုတိုးတက်ကောင်းမွန်စေ၍သက်သာ ချောင်ချိလို၏ ။စာရေး စာချီ အမှုထမ်းတို့သည်လည်း ရုံး၌တကုပ်ကုပ်လုပ်နေရသော ဘဝထက် လွတ်လွတ်လပ်လပ်ချောင်ချောင်လည်လည်ရှိသောအခြေအနေသို့ရောက်လိုကြ၏။ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူတိုးချဲ့၍ကူးသန်းရောင်းဝယ်လိုကြ၏။ဤကဲ့သို့လူတိုင်းလူတိုင်းမိမိတို့၏အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေး ပင်ဖြစ်၏ ။
သို့ရာတွင်ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက် ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့ အားလုံး သက်သက် သာသာချောင်ချောင်ချိချိလူတန်းစေ့အောင်နေထိုင်ရန်အတွက်အခွင့်အရေးများပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင်းတကြပေသည် ။
လွတ်လပ်ရေးဆိုရာ၌နေရေးထိုင်ရေးလွတ်လပ်မှု၊လူတစ်ဦးခြင်းအနေနဲ့သော်၎င်း၊တမျိုးသားလုံးအနေနှင့်သော်၎င်း၊ တိုးတတ်ကြီးပွားအောင်စီမံဆောင်ရွက်နိုင်အောင်လွတ်လပ်မှု၊ကျွန်ုပ်တို့၏ကာယ၊ ဉာဏ၊စိတ္တအဆင့်အတန်း တိုးမြင့်အောင်ဆောင်ရွက်နိုင်ရန်လွတ်လပ်မှုစသည်တို့ကိုဆိုလိုပေသည်။ဤလွတ်လပ်မှုကို ရယူလိုမှုသည် ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှုလူရေးမျှသာ ဖြစ်၏။
နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ … ။
(ဦးအောင်ဆန်း –
၁၉၄၆ခုနှစ်ဇန်နဝါရီလ၂ဝရက်ဖဆပလပထမအကြိမ်ညီလာခံ အလယ်ပစ္စယံမိန့်ခွန်းမှကောက်နုတ်သည်။)
မောင့်ကျက်သရေ ဂီ့
January 8, 2013 at 7:08 am
နောင်နှစ်ပေါင်း ၆၅နှစ်လောက် အကြာမှာ သူ့ သမီးကလည်း အလားတူ မိန့်ခွန်းမျိုး ပြောခဲ့သေးသလားလို့ ….
စကားလုံးအတိအကျ ပြန်မရှာ (မမှတ်မိနိုင်ပေမယ့်)
မှတ်မိသလောက် ချရေးရရင်
အိမ်ရှင်မ ဟင်းချက်တာလည်း နိုင်ငံရေးပဲ
ဘာလို့လဲ ဆို သူ့ ရှိတဲ့ ပိုက်ဆံနဲ့ လုံလောက်အောင် စီမံရတာမို့ ..
ဆိုလားဗျာ..
kai
January 8, 2013 at 7:13 am
ဟုတ်မှာပေါ့..
ဒေါ်အောင်ဆန်းကြည်က.. ဦးအောင်ဆန်းနဲ့ ဂန္ဒီကြီးရဲ့.. နို်င်ငံရေးဒဿနတွေ..ရောသမမွှေထားပြီး.. သူ့ပညာအမြင်နဲ့.. ထုတ်သုံးတာကိုး..။ :harr:
weiwei
January 8, 2013 at 8:22 am
စာအုပ်ကို ဝယ်ပြီး နဲနဲချင်း ဖြည်းဖြည်းချင်း ဖတ်ချင်ပါတယ် … ဆရာမကို အားပေးချင်လို့ပါ ..
ဘယ်ဆိုင်မှာ ဝယ်ရမလဲဆိုတာ သိချင်ပါတယ် …
အရင်တုန်းက အလင်းဆက်ကြော်ငြာကောင်းလို့ ဆရာမစာအုပ်တွေကို ဝယ်ဖို့ လိုက်ရှာခဲ့ပေမယ့် စာအုပ်ဆိုင်တွေမှာ မတွေ့တာနဲ့ မဝယ်ခဲ့ရဘူး …
MaMa
January 8, 2013 at 8:51 am
စာအုပ်နာမည်နဲ့ အကျိုးအကြောင်းလေးတော့ ကြားဖူးပါရဲ့။
ဆရာမဘာသာပြန်ထားတာကို ဖတ်ကြည့်ဖို့တောင် မဝံ့မရဲ။
ဦးကြောင်ကြီး
January 8, 2013 at 10:24 am
ဘာဓုမ်း..ဗျ အာဏာပိုင်နိုင်ငံဆိုဒါ… လုပ်စမ်းပါ ရဲရဲဝံ့ဝံ့ စစ်တဗိုင်းအာဏာရှင်နိုင်ငံ….။
ဦးဝင်တင် (အီးအက်ဖ်အေ) ဆိုတာ အန်အယ်လ်ဒီခေါင်းဆောင် ဆရာကြီး ဦးဝင်းတင်လား.. ပြောပေးပါ ကြောင်ကြီးက ယူအက်ဖ်အို…လို့..။
ဂုဏ်ယူဝမ်းမြောက်ပါတယ် ဆြာမ… အကယ်၍ နောင်ကို ဘာသာပြန်စာလုံး အခက်အခဲရှိရင် အချိန်မရွေး ကျနော်ကို ဆက်သွယ်ပါ…
စာမြည်း။ cat ကက် နတ်၊ devil ဒvဲလ် ကြေးမုံဂျီး 👿
ဝင့်ပြုံးမြင့်
January 8, 2013 at 3:06 pm
ကိုကြီးကြောင်ရေ့ – ဟံသာဝတီ ဦးဝင်းတင် မဟုတ်ပါဘူး။ နိုင်ငံရေးစာပေ တစ်မျိုးတည်းကို စိုက်လိုက်မတ် လိုက် ရေးတဲ့ ၊ ထုတ်ဝေတဲ့ တကယ့်ဝါရင့် ဆရာဦးဝင်းတင်ပါ။
——
၁၉၈၄ ကိုဘာသာပြန်လိုက်နိုင်ခြင်းအတွက် ပထမဦးဆုံး ကျေးဇူးတင်ထိုက်သူက ဆရာဦးဝင်းတင် ဖြစ်ပါ တယ်ရှင်။ ဆရာက ကျွန်မကို ဘာသာပြန်ုခိုင်းချိန်မှာ စာပေစိစစ်ရေးရှိနေဆဲဖြစ်လို့ ဒီစာအုပ်ကို ပြန်လည်း စိစစ်ရေးရုံးကျဖို့ မလွယ်ကြောင်း ပြောခဲ့ပါတယ်။ သူ့စာအုပ် နယ်လ်ဆင်မင်ဒဲလား ဆိုရင် စိစစ်ရေးရုံးမှာ ၁ဝ နှစ်ကြာအောင် စောင့်ခဲ့ရတာပါ။ ယခုစာအုပ် ၁၉၈၄ ဆိုရင် စာအုပ်ရဲ့တန်ဘိုးကို တကယ်သိသူက ကျွန်မ မဟုတ်ဘဲ ဆရာဦးဝင်းတင် သာဖြစ်ပါတယ်။ ဒါဆို ကျွန်မ ဘာဖြစ်လို့ပြန်သလဲ။
—-
မြန်မာပြည်က ဘာသာပြန်အကျော်အမော်တွေ ဥပမာ ဆရာမြတို့၊ ဘဘနတ်နွယ် တို့ဟာ စာပေသစ္စာကြီး မားခဲ့တာကြောင့် ကိုယ်မကြိုက်တဲ့စာကို ဘာသာမပြန်တဲ့အကြောင်း မိန့်ခဲ့ကြပါတယ်။ ဒါဟာ ဂုဏ်ယူစရာပါ။ ကျွန်မကတော့ ၁၉၈၄ ကိုမကြိုက်ဘဲ၊ နိုင်ငံရေးသဘောကို ထဲထဲဝင်ဝင် မသိဘဲ ဒီစာအုပ်ကို ပြန်ခဲ့တဲ့လုပ်ရပ်ဟာ ကျွန်မ ကြေးစားဆန်တာလားလို့ မေးစရာရှိပါတယ်။
ပထမအချက်အနေနဲ့ ဒီစာအုပ်ကိုပြန်တုန်းက စိစစ်ရေးရုံးကျဖို့ မလွယ်တာကို ကြိုသိထားတဲ့အတွက် ငွေကိစ္စမဟုတ်တာ ရှင်းလင်းပါတယ်။
ဒုတိယအချက်အနေနဲ့က ကျွန်မမှာ ကွဲလွဲတဲ့အတွေးရှိပါတယ်။ ဒီလိုပါ – ဟိုခေတ်တုန်းက ဘာသာပြန်ဆရာကြီးတွေ မနည်းမနောရှိခဲ့ပါတယ်။ ဒီခေတ်ကျတော့ ဘာသာပြန်ဆရာဆိုတာ လက်ချိုးရေ လို့ ရနေပြီလေ။ အမာခံဆိုလို့ ဆရာတင်မောင်မြင့် တို့လောက်ပဲရှိတော့တယ်။ ဆရာတောင် အသက်တော်တော်ရနေပါပြီ။ ကျွန်မက ဘာသာပြန်တာကို အနုပညာလို့လည်း မြင်တယ်။ လုပ်ငန်းတစ်ခု လို့လည်း မြင်တယ်။ တိုင်းပြည်ရဲ့ eye-opener လို့လည်း မြင်ထားမိပါတယ်။
ကျွန်မက အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ချင်တဲ့သဘောရှိတယ်။ တာဝန်ပေးမှု၊ တာဝန်ယူမှု အဲဒါမျိုးပါ။ တိုင်းပြည်အတွက် (ဒီစကားပြောရတာ နည်းနည်းတော့ခေါင်းကျိန်း) မပြန်မဖြစ်တဲ့ စာအုပ်တွေ၊ အကျိုးရှိတဲ့စာအုပ်တွေမှ အများကြီး။ ဒါတွေကို ဝါရင့်သမာ္ဘရင့် စာဖတ်နာတဲ့လူကြီးတွေက ဘာသာပြန်လူငယ်တွေကို တာဝန်ပေးပြီး စေ့စပ်အောင်လုပ်ခိုင်းတာ၊ အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်ခိုင်းတာမျိုးကို သဘောကျပါတယ်။ ပြောရရင် အဖွဲ့အစည်းဖွဲ့ပြီးတော့ကို (တာဝန်ပေးတဲ့အဖွဲ့၊ တာဝန်ယူတဲ့အဖွဲ့) အင်တိုက်အားတိုက် လုပ်သင့်တယ်လို့ ထင်ပါတယ်။ ပြန်ကိုပြန်သင့်တဲ့ စာအုပ်တွေ ဒီလောက်များပါလျက် ဘာသာပြန်တဲ့လူက မဆိုစလောက်ကလေး ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်ထက် တတ်သိတဲ့လူက တာဝန်ပေးပြီး ဘာသာပြန်ခိုင်းတာမျိုးကို သိပ်မှန်တဲ့လုပ်ရပ်လို့ ကျွန်မခံယူထားပါတယ်။
(အခုလည်း မှန်သွားတာပဲလေ။ စာပေသက်တမ်းမှာ တကယ့်အလုပ်ကို လုပ်လိုက်နိုင်တယ်)
—-
၁၉၈၄ နဲ့ပတ်သက်ပြီး တွေးယူပုံလမ်းကြောင်းလေး ဖောက်ပေးဖို့ ကျွန်မ ပို့စ်တစ်ပုဒ် တင်မှဖြစ်မယ်။ ရေးစရာကများတော့ တိုတိုတုတ်တုတ်ဖြစ်အောင် ဘယ်လိုရေးရမလဲ မသိဘူး။
အလင်းဆက်ကိုလည်း ကျေးဇူးတင်တယ်။ ဒီပို့စ်ကို သူတင်လိုက်လို့ ကျွန်မလည်း အူရားဖားရား အခုလို ကွန်မင့်ဝင်ပေးဖြစ်တာ။ မဟုတ်ရင် ဒီစာအုပ်နဲ့ပတ်သက်ပြီး ဘာမှပြောဖြစ်မှာ မဟုတ်ဘူး။
kai
January 8, 2013 at 3:13 pm
စာအုပ်ကို.. ရန်ကုန်ကလူကြုံမှာဦးမလို့.. တွေးထားပြန်ပါတယ်..
မြန်မာ့စာပေစစ်စစ်တွေက… ဘာသာပြန်က..စတာပါ..
ဆရာကြီးယုဒဿန်၊ ဦးဖေမောင်တင်..။သခင်ဘသောင်း.. တို့ကြည့်ပါလားပေါ့နော..။ :kwi:
pooch
January 8, 2013 at 11:55 pm
ရေးပါအုန်း မ မျှော်နေပါ့မယ် ။ ခုစာအုပ်လည်း သေချာပေါက် ဝယ်ဖတ်မှာပါ။ ကလောင်စွမ်းကိုလည်း ယုံတယ်။ အကြောင်းအရာကိုလည်း စိတ်ဝင်စားတယ်။
အလင်းဆက်
January 8, 2013 at 7:19 pm
ကဲ.. ။
မထင်မှတ်ပဲ..ဆရာမဝင့်ပြုံးမြင့် တို့…
သဂျိီးတို ့.. ဝင်လာပြီး.ပြောကြ ဆိုကြ ဆွေးနွေးသွားကြပြီ ဆိုတော့….
ပို့စ်လေးက ပြည့်စုံသွားပါပြီ ။
ကျွန်တော်..ပြောချင်တာလေးက နည်းနည်းပဲ..ရှိပါတော့တယ် ။
အလင်းဆက် ကြော်ငြာ ကောင်းလို ့…..ဆရာမ ဝင့်ပြုံးမြင့်..စာအုပ်တွေကို စိတ်ဝင်စား……
ဆိုတာလေး…..
ကျွန်တော်… ကြိုက်နှစ်သက်မိတဲ ့ စာအုပ်တော်တော်များများကို..
ကျွန်တော်.. ဝေဖန်တာတွေ / ခံစားတာတွေ..လုပ်လေ့ရှိပါတယ် ။
အထူးသဖြင့်..ဆရာ တာရာမင်းဝေ..တို ့ ဂျူး.တို ့စာတွေပေါ့ ။
ခံစားချက်တွေ ….ဝေဖန်တာတွေ..ရေးပြီးတိုင်းလည်း…ဘယ်သူ ့ကိုမှမပြဖြစ်ပဲ..
တိတ်တိ်တ်ကလေး.သိမ်းထားလိုက်မိတာတွေ ပါ ။
ကိုယ့် ဉာဏ်လေးတစ်ထွာ တစ်မိုက်လောက်နဲ ့..ဆရာကြီးတွေရဲ ့ စာတွေ..ကို
မပြောရဲ မဆိုရဲလို့လည်း.ပါတာပေါ့ ။
အဲဒီ ဖတ်မိလို ့ကြိုက်မိ ခံစားမိတဲ့… စာအုပ်တွေထဲကမှ…
ဆရာမ ဝင့်ပြုံးမြင့်ရဲ ့ဆောင်းည ရှိုက်သံ နဲ ့ တိမ်ယံသစ္စာ ကိုတော့..
ခံစားတာတွေ / ညွှန်းတာတွေ../ ဝေဖန်တာလေးတွေ.. ရေးမိ ..ပါတယ် ။
ရေးမိတာလေးတွေကိုလည်း… ဂဇက်မှာ.တင်ပြ မိပါတယ် ။
အဲဒါ..ဘယ်သူ ့တိုက်တွန်းချက်မှ မပါပဲ..
ဘာ..နောက်ခံ အကြောင်း..တစ်ခုခုမှ မပါပဲ…
ရေးမိ / တင်ပြ မိတာပါ ။
ကြော်ငြာတယ်..ဆိုတဲ ့သဘောမျိုုးမဟုတ်ပါဘူး။
လုံးဝ မဟုတ်ပါဘူး ။
ကြော်ငြာခလည်း..တစ်ပြားမှ မရပါဘူး ။
(( ( ရရင်တော့..ကောင်းတာပေါ့နော့် :kwi: )))
ဒါဖြင့်..ဘာသဘောနဲ ့.. ဆရာမဝင့်ပြုံးမြင့် ရဲ ့ စာအုပ်တွေကိ်ု..
ဆွဲ ထုတ်ပြနေတာလဲ..လို့မေးရင်…
ဖြေရမှာက….
ဖတ်ကြည့်စေချင်လို့ပါ……
ဘာလို့..ဖတ်ကြည့်စေချင်သလဲ.ဆိုတော့…
ဖတ်ကြည့်စေချင်လို့ပါ ။
ပြီးတော့…
ဆရာမဝင့်ပြုံးမြင့် ဆိုတာက…
ဒီရွာမှာ..ရွာသူတစ်ယောက် အဖြစ်..ရှိနေတာဆိုတော့
ရွာသူ ရွာသားအချင်းချင်း… ဂုဏ်ယူ ဝမ်းမြောက်စွာ.. ဖော်ပြ ပေးတာပါ ။
ဆရာမ ဝင့်ပြုံးမြင့် ရဲ ့အောင်မြင်မှု ဆိုတာ..
ဒီ ဂဇက်ရွာရဲ ့ အောင်မြင်မှုု တစ်ခုလည်း…ဖြစ်နေတယ်..ထင်တယ်လေ ။
ဘက်လိုက်မှု မပါတဲ ့
သာမန် ဂုဏ်ပြု လို မှု..လေးပါ..လို ့။
————————–
တစ်ခုတော ့ရှိပါတယ် ။
ကျွန်တော်က… ဆရာမဝင့်ပြုံးမြင့် စာအုပ်တွေကိုချည်းပဲ…
တင်ပြ လာတော့…
ဆရာမ ကို ကျွန်တော်က ပုဂိ္ဂုလ်စွဲ ထားပြီး.. တင်ပြ နေတယ် ။ ကြော်ငြာနေတယ်..လို ့..
တချို ့ ထင်နိုင်ပါတယ် ။
ထင်တဲ ့သူ…မလွန်ပါဘူး ။
တကယ်လည်း..ကျွန်တော်က ဆရာမဝင့်ပြုံးမြင့်..စာအုပ်လောက်ပဲ..တင်ပြ ဖြစ်သေးတာကိုူး.။ ။
အဲဒီ အတွက်တော့… ဝေဖန်ရေးတို ့ခံစားချက်တို ့..အရေးကျဲတဲ ့ ကျွန်တော့် တာဝန်ပါ ။
တကယ်ဆို… တခြားစာအုပ်တွေ ကိုပါ…
ဒီလို.ဖတ်ညွှန်းလေးတွေ..လုပ်သင့်ပါတယ် ။
နောက်ဆို… အကြောင်းညီညွတ်တဲ ့အခါတိုင်း…
အခြားစာအုပ်ကောင်းလေးတွေကိုပါ….ဝေမျှ ညွှန်းဆိုပါမယ်….လို ့…လည်း.ပြောပါရစေ ။
————————————-
ဒီစာအုပ်ကလေးကို…
အခုလို…
သတင်းပေးလိုက်တာဆို….
ဆရာမဝင့်ပြုံးမြင့်တောင် …တကယ် မသိလိုက်ပါဘူး ။
သူ ့ကိုအသိမပေးပဲ… ဒီလို တင်ပြ လိုက်လို ့..
ကျွန်တော်..သူ ့ကို အားနာနေမိပါသေးတယ် ။
ဒါက…
မပြောမပြီး.မတီးမမည်…ဆိုသလို..
ဖွင့်ဟ ဝန်ခံချက်ကလေးသာ..ဖြစ်ပါကြောင်း…..
အားလုံးကို…
ကျေးဇူးလည်းတင်ပါတယ်…။ ချစ်လည်း.ချစ်ပါတယ် ခည ။
padonmar
January 8, 2013 at 10:19 pm
အလင်းဆက်ရေ
ပြုံးရဲ့ လက်ရာကိုတိမ်ယံသစ္စာကနေ မြည်းစမ်းခွင့်ရပြီးသားဆိုတော့ ကောင်းမယ်ဆိုတာ မှန်းလို့ရပါတယ်။
စာအုပ်ဆိုင်ရောက်နိုင်မယ့် အနီးဆုံးအားလပ်ရက်ကျရင် ပြေးဝယ်လိုက်ပါမယ်။
ကျေးကျေးပါ။
အလင်းဆက်
January 9, 2013 at 6:38 pm
အန်တီပုမ္မာရေ…
အခု 1984 ကို..
ကျွန်တော်.. စ ဖတ်နေပြီ.။
စ…ဖျား..နေပြီ ။
:kwi:
weiwei
January 24, 2013 at 6:21 pm
၁၉၈၄ စာအုပ် မနေ့ကပဲ ဝယ်လိုက်ပါပြီ …
နဲနဲဖတ်ကြည့်တာတော့ ဘာမှန်းနားမလည်သေးဘူး ..
အေးအေးဆေးဆေး အချိန်ယူပြီး သေချာဖတ်ရမယ့် စာအုပ်တစ်အုပ်ပါ …
ဝယ်ယူအားပေးလိုက်ပါပြီဆိုတာလေး …
မောင့်ကျက်သရေ ဂီ့
January 24, 2013 at 6:36 pm
ကျနော်လည်း လူကြုံနဲ့ ရန်ကုန်မှာထားပါကြောင်း.
လူကြုံပြန်ရောက်ပြီး သွားမယူနိုင်ဆသးခင်အချိန်တွင်း
. ဖတ်ကြည့်ကောင်းမှာပဲ အာချောင်မိလို့
လူကြုံဖတ်နေကြောင်း
သူဖတ်မပီးသေးလို့ စာအုပ်လက်ထဲမရောက်သေးကြောင်းးး
:byae:
အလင်းဆက်
January 24, 2013 at 7:29 pm
အန်တီဝေဝေ..ရေ.
အဲဒီ စာအုပ်က ကျွန်တော်လည်း.. အခန် း 5 ထိသာ ပြီးသွားတယ် ။
ရေးရေးလေးပဲ.. ထင်တယ် ။
နောက်ပိုင်းမှတော့..ဆိုလိုချင်တာတွေကို.ပီပီပြင်ပြင်.. မှန်း ဆ နိုင်မယ်..ထင်ပါတယ် ။
1984 က နည်းနည်းတော့.. မြင့်တယ်ဗျ ။ လိုက်မမီတဲ ့စာသားတွေ ပါနေတယ် ။
အခု ကျွန်တော်က အဲဒီ 1984 ကို အသာ ချ ထားပြီး..
အဲဒီ
ီထက် ပို မြန်မြန် ဖတ်ရမယ့် စာအုပ်တစ်အုပ်ကို ကောက်ကိုင်..နေမိလို ့…
အဲဒီ စာအုပ် ကလေး. အကြောင်းပြောဖို့က…
ကြာဦးမယ်….
🙂
xxxxxxxxxxxxxxx
ဂီ..ရေ….
မကြာမီ..လာမည်.မျှော်နေတာပေါ့နော် ။
🙂