တို့အရေး…
အဝတ်အထည်လိုလို့….
အစားအသောက်လိုလို့…
နာရီလိုလို့…
ဆိုင်ကယ်လိုလို့…
အိုးအိမ်လိုလို့…
အိမ်လခလိုလို့…
……………လိုလို့…
……………………
…………………လိုလို့ဆိုပြီး…
ကလေးကြီးတွေ….
လူပြန်ပေးဆွဲခံနေရတယ်….
အခိုင်းအစေလိုလို့…
ဇနီးမယားလိုလို့…
ခိုင်းစားလိုလို့…
ခန္ဒာကိုယ်အစိတ်အပိုင်းလိုလို့…
အသွေးအသားရောင်းစားလိုလို့…
……………လိုလို့…
……………………
…………………လိုလို့ဆိုပြီး…
ကလေးကြီးတွေ….
လူပြန်ပေးဆွဲခံနေရတယ်….
စစ်ဖိနပ်အောက်မှာ…
.နှစ်ပေါင်း ၅ဝကျော်အကြာ…
တို့မြန်မာကလေးငယ်တွေရဲ့ဘဝ…
ရာနှုန်းမည်ရျ် မည်မျှ…
လုံခြုံရေးရနေပါပြီလဲ…
အမေစု ထိုင်းနယ်စပ်ရောက်ခိုက်…
အသည်းလှိုက်အောင် ခံစား…
ကလေးသူငယ်တွေ ကူးသန်းရောင်းဝယ်ရေး…
ကင်းဝေးပပျောက် ရန်အတွက်…
သတိပေးပြောကြားသွားတာက…
ဒီမိုကရေစီ လှည်းလမ်းကြောင်းပေါ်က…
.နွားကျောင်းသား ဘဝလို အေးချမ်းသာယာဖို့…
ငါတို့အားလုံး ဝိုင်းဝန်းလုပ်ကြရတော့မယ်….
တရားမယုတ်…
တရုတ်မယားမဖြစ်စေရေး…
ထားမရိုင်း…
ထိုင်းမယားမဖြစ်စေရေး…
ကလီးဇနား…
ကုလားဇနီး မဖြစ်စေရေး…
ဒါ…အားလုံး….တို့အရေး….။
…. မောင်ကြည်သော်(ကောလင်း)…..
ဆရာမောင်ကြည်သော်(ကောလင်း)ရဲ့ ဆန္ဒအရ တင်ပြပေးရခြင်း ဖြစ်ပါတယ်….
9 comments
kai
January 9, 2013 at 5:54 am
ဟိုမိန်းမတွေအရေး..
ဒီယောက်ျားက.. တို့အရေးအော်နေတာ
ဖတ်မိ.. သိမိ..
အော်..
စိတ်ထဲ.. ကလိကလိ…။
ပိုထိ ပိုမိသွားအောင်
အရေးတို့,ကြည့်မယ်
တလင်မ,ယုတ်ရေး
ထင်လိုင်းရေး
ကလင်ယားရေး
သူ့အရေး .. တို့(ဒို့)မတွေး…။ ။ :kwi:
Foreign Resident
January 9, 2013 at 6:30 am
” တရားမယုတ်…
တရုတ်မယား မဖြစ်စေရေး ”
အင်း သူရေးတဲ့ပုံက မြန်မာထီး က တရုတ်မ ကိုယူရင်တော့ ၊
ပြဿနာ မရှိမယ့် ပုံပဲ ။
မြန်မာ တွေရဲ့ ဘဝ ကိုတော့ စာနာမိပါတယ် ။
သူတို့ခမျာ ကိုယ့် နိုင်ငံမှာ ကိုယ် နေပြီး ၊
ဆင်းရဲသား ၊ အနှိမ်ခံ ဘဝ ရောက်နေရှာသလိုပဲကိုး ။
ဘယ်သူက ဒီ ဘဝ ကြိုက်မလဲလေ ။
အမှန်ကတော့ ၊ ဘယ်သူမပြု မိမိ မှုပါပဲ ။
မြန်မာတွေ ဆင်းရဲ ၊ ပျင်းရိ ၊ ဉာဏ်တုံး နေရင်တော့ ၊
အော်ချင်သလောက်အော် ၊ အော်ချင်တာအော် ၊
ဘာမှ ထူးလာမယ် ၊ အကျိုးရှိလှမယ် မထင်ပါဘူး ။
အရင်ဆုံး မပျင်းအောင်လုပ်ပါ ၊
မပျင်းရင် အသိဉာဏ်ထက်လာ ချမ်းသာလာပါမယ် ။
စိတ်ချပါ ချမ်းသာလာရင် ကျွဲကူးရေပါ အကုန် တဖြေးဖြေး မြင့်လာမှာပါ ။
ဥပမာ ။
စင်္ကာပူ မ တွေဟာ ဒုတိယ ကမာ္ဘစစ် ပြီးခါစက
ဆပ်ပြာတစ်ခဲ အတွက် ညအိပ်ခဲ့ရတာပါ ။
အခု စ လုံးမတွေ မြန်မာတွေကို ဘယ်လို ဆက်ဆံလည်း အသိသာကြီးပါ ။
နောက်တစ်ခုက ၊
တရုတ်မ တွေ ဗမာထီး တွေကို ယူခဲတယ် ဆိုတာက ၊
လူမျိုးရေးကြောင့် နဲ ပါတယ် ။
အဓိက က ဆင်းရဲမှာ ကြောက်လို့ပါ ။
ဥပမာ ပေးရရင် အဘ ကိုယ်တိုင်ကိုပဲ ပေးရမှာပဲ ၊
အဘ လည်း တရုတ် ၇၅ % ပါပါတယ် ။
ဒါပေမယ့် အဘ ထက် အသိဉာဏ်လဲသာ ပိုလဲချမ်းသာတော့လည်း ၊
အဘ မိန်းမ မြန်မာမ စစ်စစ်ကြီးကို အဘ လည်း ယူတာပါပဲကွယ် ။
myanmarcitizen
January 9, 2013 at 2:15 pm
“ဥပမာ ပေးရရင် အဘ ကိုယ်တိုင်ကိုပဲ ပေးရမှာပဲ ၊
အဘ လည်း တရုတ် ၇၅ % ပါပါတယ် ။
ဒါပေမယ့် အဘ ထက် အသိဉာဏ်လဲသာ ပိုလဲချမ်းသာတော့လည်း ၊
အဘ မိန်းမ မြန်မာမ စစ်စစ်ကြီးကို အဘ လည်း ယူတာပါပဲကွယ်”
ကဲ… တိုင်ပြောလိုက်တော့မယ်။ အဘ ပြောတဲ့အထဲမှာ အချစ်ဆိုတာမပါဘူးဆိုပြီး 🙂
(အတည်ပေါက်နှင့်ဝင်နောက်သွားပါကြောင်း)
အရီးခင်လတ်
January 9, 2013 at 7:37 pm
အဘဖော ဖက်က ရှေ့နေ လုပ်တာ လုံးဝ(လုံးဝ) မဟုတ်ရပါ။
ဆယ်ကျော်သက် အရွယ်မှာ ရည်းစားထားဖို့ စိတ်မဝင်စားဘဲ အလုပ်၊ ပညာ လိုမျိုး ကို ပိုပြီး အားသန် နေတဲ့ သူမျိုး ဆိုရင်တော့ “အချစ် ဆိုတာ ဘာလဲ”လို့ ပြန်မေးကြလိမ့်မယ်။
တကယ်တော့ အိမ်ထောင်သည် ဆိုရာမှာ သည်းသည်းလှုပ် ချစ်ပြ ရည်းစားဖြစ်ပြီး ယူမှ အချစ် ဆိုတာ ရှိတာ မဟုတ်ပါ။
သမီးရည်းစားအချစ် ဆိုတာကို ဂရုမစိုက်ဘဲ / မသိဘဲ လက်ထပ်တာနဲ့
ဂုဏ် နဲ့ ချမ်းသာမှု အတွက် ရှိပြီသား ရည်းစားကို ထားခဲ့တာ နဲ့ မတူပါဘူး နော။ 😉
မန့်ချင်လွန်းလို့ ဝင်မန့်တာ။ Post နဲ့ မဆိုင်ဖြစ်ရင် စောဒီး။
ဆိုင်တာ ပြောရရင်တော့
အချစ် ပါခဲ့တဲ့ ဆိုရင်-လဲ ဘယ်သူ့လင်၊ ဘယ်သူ့ မယား ဖြစ်ဖြစ် အရေးမကြီးပါဘူး။
လူမျိုး အချင်းချင်းမှ ယူရမယ် ဆိုရင်လဲ ရွာလို ဖြစ်နေပြီ ဖြစ်တဲ့ ကမ္ဘာကြီးမှာ လူ့အခွင့်အရေးပိတ်ပင်တာဘဲ။
:kwi:
ခင်ခ
January 9, 2013 at 9:16 am
တို့အရေး တို့အရေး
အော် ကာပေးလို့
ဝင်ဖတ်ကြည့်ရာ သိလာတာက
ကိုယ့်အရေးတွေဘဲ ပြုပြင်ပေးဖို့
ဆိုတာလေးဘဲ တွေ့သဗျ။
johnnydeer
January 9, 2013 at 4:05 pm
ကဗျာရေးတဲ့ ဆရာကြီးမောင်ကြည်သော်ကတော့ အသက်တော်တော်ကြီးပါပြီ…သူ့ကဗျာလေးတွေ တင်ပေးစမ်းပါကွာ ဆိုလို့ တင်ပေးတာပါ…ကဗျာပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘာမှ မပြောလိုပါဘူး…ဒါပေမယ့်…
အမှန်ကတော့ ၊ ဘယ်သူမပြု မိမိ မှုပါပဲ ။
မြန်မာတွေ ဆင်းရဲ ၊ ပျင်းရိ ၊ ဉာဏ်တုံး နေရင်တော့ ၊
အော်ချင်သလောက်အော် ၊ အော်ချင်တာအော် ၊
ဘာမှ ထူးလာမယ် ၊ အကျိုးရှိလှမယ် မထင်ပါဘူး ။………လို့ရေးထားတဲ့ကောမန့်နဲ့ပတ်သက်ပြီးတော့ ဗမာတစ်ယောက်အနေနဲကတော့ ရှင်းရပါမယ်…ဆိုးဝါးလှတဲ့ဦးနေဝင်း..ဦးသန်းရွှေ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ အတွင်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ညံ့အောင်တုံးအောင် အ အောင် လုပ်ထားခံခဲ့ရတဲ့ ဗမာတွေ ကို တဖက်သတ်တော့ အပြစ်မတင်သင့်ဘူးထင်တယ်…ဒီလိုပြောစတမ်းဆို တရုတ်တွေကော အင်္ဂလိပ်နဲ့ ဂျပန် အုပ်ချုပ်ခဲ့တဲ့ နှစ် ဘာမှမကြာတဲ့ ကာလ တွင်းမှာ တရုတ်ဘိန်းစားတွေ ဖြစ်သွားတာ ဘာပြောဦးမှာလဲ…ဗမာပြည်ကိုငတ်လို့ ခွေးပြေး ဝက်ပြေး ပြေးလာကြတာကော ဘယ်သူတွေပါလဲ…ကျန်တာတော့ ပြောမနေနဲ့..ခင်ဗျားတို့ တရုတ်ပြည် ဦးနေဝင်းနဲ့ ဦးသန်းရွှေ အုပ်ချုပ်ခိုင်းလိုက် …နှစ် ၅ဝ မပြောနဲ့…၁ဝနှစ်အတွင်း ဖျာလိပ်ပတ်နေရလိမ့်မယ်…
kai
January 9, 2013 at 4:20 pm
ကဗျာဆရာကြီးမောင်ကြည်သော်..ကဗျာတွေဆက်တင်ပေးပါနော…
(အခုတင်ပေးတဲ့အတွက်လည်း.. ကျေးဇူးပါ)
ဒီလိုပဲ.. အပြန်အလှန်ဝေဖန်ရင်း.. Brainstorming လုပ်ယူသွားမှာမို့ပါ..
အွန်လိုင်းအားသာချက်က.. ကဗျာအပေါ်.. စာအပေါ်.. တိုက်ရိုက်…ဆွေးနွေးဝေဖန်လို့ရတာပါပဲ..
အဲဒီအပေါ်.. ဆွေးနွေးသူတွေအပေါ်.. သူတို့ပြောတာတွေအပေါ်..အမှန်/အမှားရယ်လို့.. မယူစေချင်ပါ..
ကျုပ်က..” ငြင်းခုန်ခြင်းအနုပညာလို့..” ပြောခဲ့ဖူးပါတယ်..
အနုပညာမြောက်ပါစေ…
(အောက်မှာ..အင်တာနက်ထဲက တွေ့တဲ့.. ဆရာ့ကဗျာတပုဒ်ထပ်တင်ပေးလိုက်တယ်.. )
=
“ကျောင်းတော်ကြီးသို.သမင်လည်ပြန်”
*လုပ်သက် လေးဆယ်
အသက် ခြောက်ဆယ်မှာ
ငါ ပင်စင်ယူခဲ.တယ်။
*အလွမ်းဓာတ်ခံကြီးသူမို.
ကျောင်းကြီး-လုပ်ဖော်ကိုင်ဖက်များနဲ.
ကျောင်းတော်သူ ကျောင်းတော်သားတွေကိုပါ
ငါ တစ်ခါမှ လှည်.စောင်းမကြည်.ဘဲ
ကျောင်းထဲက ငါထွက်လာခဲ.တယ်။
*နောက်တစ်နေ. နံနက် “နေ” အထွက်
အိပ်ရာထက်က ဆတ်ကနဲထ
နှိုးစက်က တစ်ပြိုင်နက်မြည်
နောက်ဖေးနောက်ဖီသွား
မျက်နှာသစ် သွားတိုက်
ထမင်းကြမ်း နှိုက်ခါစား
အဝတ် အစား အမြန်လဲ
လက်စွဲတော် လွယ်အိပ်လွယ်ပြီး
စက်ဘီးကို အသာနင်းခဲ.တယ်။
*လမ်းတစ်လျှောက်လုံးမှာ
“မင်္ဂလာပါဆရာ” ပျားရည်စကား
မကြာခဏကြားရ
ကိုယ်ကလည်း ပြန်ပြီး အစဉ်အလာ နှုက်ဆက်
“မင်္ဂလာပါတပည်.တို.” ……။
*ကျောင်းဝင်တံခါးမကြီးအနီး
ကျောင်းဆိုင်းဘုတ်ကြီးမြင်မှ
ငါ.ဘဝမှန် ငါပြန်သတိရ
ငါ.အဝတ် အစား ငါပြန်ကြည်.မိ
“အဟိ”—“အဟိ”
ဖြူစိမ်းဝတ်စုံ ဝတ်ခဲ.မိသကိုး ……။
မောင်ကြည်သော်(ကောလင်း)
မောင်ထက်ကြီး(မုံရွာ)
January 9, 2013 at 4:45 pm
ဒို့အရေး..ဒို့အရေး..ဝုန်း(ပေါက်ကွဲးသံ)။။။။။။။။။
johnnydeer
January 10, 2013 at 7:38 am
ဝန်ခံပါတယ်…ဗမာပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ် နှိမ့်ချတဲ့လေသံတွေ..စော်ကားတဲ့ အသုံးအနှုန်းတွေ ကြားရတိုင်း မြင်ရတိုင်း စိတ်ထဲ ထောင်းကနဲ ဒေါသထွက်သွားတတ်ပါတယ်…
ဒီ့ပြင်တိုင်းပြည်မှာ မြန်မာတွေ ဒုက္ခတွေ ရောက်နေကြတာတွေ ကြားရတော့လဲ စိတ်မကောင်းဖြစ်မိပါတယ်…ကန်တိုင်းရှုံးတဲ့ မြန်မာ ဘော့လုံးအသင်းတောင် တခါတလေ ရှုံးမယ်ဆိုတာ သိစိတ်က သေချာပေါက်သိနေပေမယ့် မသိစိတ်ကနေ နိုင်စေချင်နေတာ….ဒါတွေ အားလုံးပေါင်းလိုက်တော့ မျိုးချစ်စိတ်လို့ပဲ ပြောရမလားမသိဘူးနော…