တွေးတွေးပြီးရယ်
တွေးတွေးပြီးရယ်
(၁)
တစ်ခါက လူတစ်ယောက်ဟာ ဘဲကင်ဆိုင်တစ်ဆိုင်ထဲ ဝင်ပြီး ဘဲကင်ဝယ်ခဲ့တယ်။
ဘဲကင်မဝယ်ခင် ကောင်တာက အရောင်းစာရေးမကို ဘာဘဲအမျိုးအစားတွေ ရှိသလဲလို့
မေးလိုက်တယ်။
စာရေးမ….”ကျွန်မတို့မှာ ပီကင်းဘဲနဲ့ နန်ကျင်းဘဲဆိုပြီးရှိတယ်။
ဘယ်ဘဲမျိုးကို လိုချင်ပါသလဲ”
လူငယ်….. “အဲဒီဘဲနှစ်မျိုးကို ဘယ်လိုခွဲခြားပါသလဲ”
ဘဲအမျိုးအစားကို ခွဲခြားဖို့ စာရေးမက လူငယ်ကို မီးဖိုထဲခေါ်သွားခဲ့တယ်။
အဲဒီနောက် ဘဲလှောင်အိမ်ထဲက ဘဲတစ်ကောင်ကို ထုတ်ပြီး ဘဲဖင်ကို
လက်နဲ့နိုက်လိုက်တယ်။ ဘဲက “ဂွတ်.. ဂွတ်” နဲ့ ထအော်တယ်။
“ကြားလား.. ဒီလိုအော်တာက နန်ကျင်းဘဲ”
စာရေးမက နောက်ဘဲတစ်ကောင်ကို ထုတ်ပြီး ဖင်ကိုလက်နဲ့ နိုက်လိုက်ပြန်တယ်။
ဘဲက “ဂတ်.. ဂတ်.”နဲ့ ထအော်တယ်။
“ကြားလား .. ဒီလိုအော်တာ ပီကင်းဘဲ” လို့ လူငယ်ကိုရှင်းပြတယ်။ လူငယ်က
ဘဲကင်တစ်ကောင်ကိုဝယ်ပြီး ဆိုင်က လှည့်ထွက်ခါနီးမှာ စာရေးမကို
မေးလိုက်တယ်။
“ဒါနဲ့ ခင်ဗျားဘယ်မြို့ကလဲ.. ”
အရောင်းစာရေးမ ပြန်ဖြေလိုက်တာက.. “နောက်ဖေးခန်းကို လိုက်ခဲ့ပါ” ဟူတည်း။
(၂)
ဂျပန်တစ်ယောက်က ထိုင်ဝမ်ရောက်လာပြီး တရုတ်စာတွေ သင်ခဲ့တယ်။
နှစ်အတော်ကြာသင်ယူပြီးနောက် တရုတ်စကားကို သူပီပီသသပြောနိုင်ခဲ့တယ်။
ဒီအတွက် သူအရမ်းဂုဏ်ယူခဲ့တယ်။ တစ်နေ့မှာ ကမ်းစပ်တစ်နေရာကို
သူရောက်လာခဲ့တယ်။ ငါးကလေးတွေ ပိုက်ချဖမ်းနေတဲ့ အဘိုးအိုတစ်ဦးကို
တွေ့တာနဲ့ သူ့ကိုနိုင်ငံခြားသားမှန်း ခွဲနိုင်၊ မခွဲနိုင် သိရအောင်
စကားစပြောခဲ့တယ်။
“အဘိုး.. အဘိုး.. ကျွန်တော်ဘယ်ကလဲ သိလား”
“အင်း… လေသံနားထောင်ကြည့်တော့ ဘယ်ကလေသံမှန်း သေသေချာချာ ခွဲလို့မရဘူး”
အဘိုးအိုပြောတာကို နားထောင်ပြီး ဂျပန်လူမျိုးဟာ ကိုယ့်တရုတ်သံထွက်
ပီသတာကို ကြိတ်ပြီး ဝမ်းသာနေခဲ့တယ်။
အဘိုးအိုက ဆက်ပြီး “အင်း.. အဘိုးမျှားထားတဲ့ ငါးကလေးတွေ
ဘယ်နှစ်ကောင်ရှိလဲ ရေကြည့်.. ဒီလိုဆိုရင် မင်းဘယ်ကလဲလို့
မှန်းလို့ရနိုင်တယ်”
ဂျပန်လူမျိုးက ငါးတွေကို အသံထွက်ပြီး စရေတော့တယ်။ တအောင့်ကြာတော့…
“အဘိုး.. အဘိုး.. ငါးတွေ ၉၇၈ရ ကောင်ရှိတယ်။ ကျွန်တော်ဘယ်ကလဲဆိုတာ အဘိုး
မမှန်းနိုင်ဘူး မဟုတ်လား”
“မင်း.. ဒီနိုင်ငံသားမဟုတ်ဘူး။ ဒီနိုင်ငံသားတွေ ဒီလောက်မ,အကြဘူးကွဲ့”
(၃)
တစ်ခါက လူတစ်ဦးဟာ နောက်ဆုံးပေါ်လေယာဉ်တစ်စင်းပေါ် လိုက်ပါစီးနင်းခဲ့တယ်။
လေယာဉ်စီးရင်း ရုတ်တရက် သူ့ဗိုက်နာလာခဲ့တယ်။ အမျိုးသား အိမ်သာတွေ
ပြည့်နေခဲ့လို့ အမျိုးသမီး အိမ်သာမှာ သုံးခွင့်ပေးဖို့ လေယာဉ်မယ်ဆီ
သူခွင့်တောင်းလိုက်တယ်။ လေယာဉ်မယ်က စစချင်းမှာ ခွင့်မပြုပေမယ့်
နောက်ဆုံးမှာ ဝေဒနာခံစားနေတဲ့ သူ့ကို မကြည့်ရက်လို့ အသုံးပြုခွင့်
ပေးလိုက်တယ်။ ဒါပေမယ့် အိမ်သာထဲမှာရှိတဲ့ ခလုတ်တွေကို လျှောက်မနှိပ်ဖို့
သူ့ကိုသေသေချာချာ မှာလိုက်တယ်။
ဗိုက်နာတဲ့လူက အိမ်သာထဲ အပြေးဝင်သွားတယ်။ ပြဿနာကို ဖြေရှင်းပြီး
နေသာထိုင်သာရှိသွားတာနဲ့ အိမ်သာပတ်ဝန်းကျင်ကို သူစူးစမ်းမိတယ်။
အိမ်သာအိုးရဲ့ ဘေးမှာ ခလုတ်သုံးခု ရှိပြီး ခလုတ်ပေါ်မှာ HW၊ HA၊ ART လို့
ရေးထားတာကို သူတအံ့တဩတွေ့လိုက်မိတယ်။ နောက်ဆုံးပေါ် လေယာဉ်ဖြစ်တဲ့အတွက်
တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲဆိုပြီး လေယာဉ်မယ်ရဲ့ သတိစကားကို
အမှုမထားတော့ဘဲ HW ကို သူနှိပ်ကြည့်လိုက်တယ်။ ခလုတ်နှိပ်လိုက်တာနဲ့
အိမ်သာအိုးအနောက်ကနေ ရေနွေးတွေ ပန်းထွက်လာခဲ့တယ်။ HW ဆိုတာ Hot Water
လို့ သူသိလိုက်တယ်။
အဲဒီနောက် ဆက်ပြီး ဒုတိယခလုတ် HA ကို သူနှိပ်လိုက်တယ်။
သူ့တင်းပါးတစ်ခုလုံး နွေးခနဲ့ ခံစားလိုက်မိတယ်။ HA ဆိုတာ Hot Air လို့
သူသိလိုက်တယ်။
အဲဒီလိုနဲ့ တတိယခလုတ် ATR ရဲ့ အဓိပ္ပါယ်ကို သူသိချင်လာမိတာနဲ့ ခလုတ်ကို
နှိပ်ချလိုက်တယ်။ ရုတ်တရက် သူ့အောက်ပိုင်းတစ်ခုလုံး ထုံကျင်လာပြီး
နေရာမှာပဲ သူမေ့လဲသွားခဲ့တယ်။ သူသတိရလာချိန် လူနာကုတင်ပေါ်
သူလဲလျောင်းနေခဲ့တယ်။ နပ်စ်မက စိတ်မကောင်းတဲ့ပုံစံနဲ့
“ရှင် သတိရလာပြီလား… အနာသက်သာရဲ့လား”
“ကျွန်တော် ဘယ်လိုဖြစ်ရတာလဲဗျာ.. အိမ်သာတက်ရာကနေ ကျွန်တော်ဘယ်လိုလုပ်
ဒီရောက်လာခဲ့ရတာလဲ”
ယောင်အမ်းနေတဲ့ ကိုယ်အောက်ပိုင်းကိုကိုင်ပြီး အဲဒီလူ နားမလည်စွာမေးတယ်။
လေယာဉ်မယ်က ဝင်ပြီး ရှင်းပြလိုက်ပါတယ်။
“ရှင် ART ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့လေ.. အဲဒီခလုတ်က Automatic
Tampon Remover ခလုတ်ပါ”
Automatic Tampon Remover – မိန်းကလေး အသုံးအဆောင်ပစ္စည်းအား အလိုအလျောက်
ဖယ်ရှားပေးသောစက်
အင်တာနက်ပေါ်မှာ ဖတ်ရတဲ့ ဟာသတွေပါ.. ဘာသာပြန် မျှဝေပါတယ်။
One comment
kopauk mandalay
July 19, 2010 at 9:27 am
ဒီအသံထွက်က မြန်မာပြည်မှာလဲရှိတယ်လေ။
မြင်းခြံနယ်က လူတွေက (7)ဆိုရင် ခွင်လို့ထွက်တယ်။
ဇွန်းဆိုရင် ဇွင်းလို့ထွက်တယ်။
မတူတာလေးက လဲ အပြစ်ကင်းသော ရီစရာတစ်မျိုးပါ။