မတိကျတဲ့..စာပိုဒ်..
အလုပ်လုပ်ဖို့အတွက် ထမင်းစားတာလား?
ထမင်းစားဖို့အတွက် အလုပ်လုပ်တာလား?
လောလောဆယ်တော့…
ထမင်းစားရင်း အလုပ်လုပ်နေတယ်..
ဘဝက ခါးတာလား?
ဒါမှမဟုတ်ခါးတာကိုမှသွားစားမိတဲ့ဘဝကမှားတာလား?
အခုသိတာကတော့…
ဘဝမှန်ရင်ခါးရမယ်လို့ တော့..နားလည်ထားတယ်…
ထမင်းစားတဲ့ ဘဝက ခါးတယ်..
အလုပ်လုပ်ပြီး နေရတဲ့ ဘဝကခါးတယ်…
တစ်ချို့ဆို ခါးတဲ့ဘဝကို လွမ်းလို့တဲ့..
တစ်ချို့ကတော့ ..ခါးတဲ့ ဘဝကို….
ငါကတော့…..ဘဝခါးကို…
10 comments
မောင်ပေ
January 23, 2013 at 7:27 pm
ဘဝခါး
လဒနား
အမရှား
မလှသွား
တညစား
Mr. MarGa
January 23, 2013 at 8:17 pm
ဘဝခါးကို ခါးစည်းခံမှ
နောင်တစ်ချိန်မှာ ချိုလာမယ် ထင်မိပါကြောင်းးးးးးးး
ကိုပေါက်(မန္တလေး)
January 23, 2013 at 10:21 pm
ကြာကြာခါးတာ ကြာရင်ချိုမယ်လို့ မင်းကိုဘယ်သူပြောသတုံးသကြားမင်းလေးရဲ့
Mr. MarGa
January 24, 2013 at 8:52 pm
လေးပေါက်ကလဲ
အမြဲတော့ မခါးနိုင်ဘူးလေဗျာ
တစ်ချိန်မှာတော့ ချိုလာမှာပေါ့ :hee:
kai
January 24, 2013 at 5:42 am
တကယ်တော့ ခါးတယ်ဆိုတာ
အချိုပြင်းတာပါ
အခါးပေါ့ရင် အချိုလာမယ်
တစိမ့်စိမ့် ငြိမ့်ြိငိမ့်လေးလာမယ်
ဘဝခါးကို သကာဖုံး
အကာတုံးတာတောင်
အချိုလုံးကျအောင် ကျင့်ပါလေ..။ ။
ခင်ခ
January 24, 2013 at 9:14 am
ဘဝသည် ခါးရုံဘဲလား။
နှစ်တွေကြာလို့ အရွယ်တွေရလာတဲ့အခါ
ဘဝသည် ခါး သက် ချို စိမ့် လေး တော့ဖြစ်လာသလားလို့။
Mon Kit
January 24, 2013 at 9:46 am
ဘဝခါးတာတော့ မကြိုက်ဝူးးးး
ကော်ဖီခါးခါးတော့ ကြိုက်လယ်…….
:hee:
kyeemite
January 24, 2013 at 11:50 am
အသက်ရှင်ဖို့ထမင်းစား
ထမင်းစားဖို့အလုပ်လုပ်
အလုပ်လုပ်ဖို့ပညာသင်
ပညာသင်ရာဝိရိယထား
ဒါဆိုဘဝဟာ မခါးလှပါ။ :hee:
ရွာသူ jujuma .
January 24, 2013 at 12:08 pm
အခါး ဆို တာ များသောအားဖြင့် လူနဲ့ တည့်တယ်လို့ သိရပါတယ် ..
အချို ဆိုတာ သာ ကျမ်းမာရေးထိခိုက်တဲ့သဘောရှိပါသတဲ့ ..
အဲတော့ အချို ကို နှစ်သက်မလား … အခါး ကို သုံးဆောင်မလား … :hee:
Thu Wai
January 25, 2013 at 12:24 pm
ကျွန်တော်ကတော့ ခါးတဲ့အရည်ကိုသောက်တယ် ဥပမာ- ABC Stout
ခါးတဲ့ အစားအစာ စားတယ် – ကြက်ဟင်းခါးသီး ဂွေးတောက်ရွက်
ခါးတဲ့ အမှုန်ကိုတော့ မရှူပါ – ဥပမာ ဘိန်း