Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငှက်ပျောတုံးဖက်ကြသူများ

DEPARKO DEPARKOJanuary 30, 20131min986

ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ချစ်စနိုးနဲ့မခံချင်အောင်စရင် ငှက်ပျောပင်ဝယ်ပို့ပေးမယ်။ ငှက်ပျောတုံးပို့ပေးမယ်ဆိုပြီး စကြတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူပျိုကြီး အပျိုကြီးတွေများလာတာ စစ်တမ်းတွေအရ သိရပါတယ်၊ အဓိကများတာက အစိုးရဝန်ထမ်းနဲ့ လခစားလုပ်သူတွေမှာ ပိုများပါတယ် ကိုယ်တိုင်လဲ အခုအချိန်ထိ အိမ်ထောင်ပြုဘို့ဆိုတာ ရည်ရွယ်ချက်မရှိသေးတော့ ဒီအကြောင်းနဲ့ပါတ်သက်ပြီး နဲနဲလေ့လာတီးခေါက်ကြည့်မိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒုတိယကမာ္ဘစစ် အပြီးမှာ လူဦးရေ ၁၁ သန်းကျော်ရှိခဲ့တယ်လို့သိရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှ နဲ့ လူဦးရေ သိပ်မကွာခဲ့ပေမဲ့ အခုမြန်မာနိုင်ငံဟာ သန်း၅ဝကျော် ဘင်္ဂလားဟာ သန်း ၂၀ဝ ကျော် လူဦးရေ တိုးတက်နှုန်း အရမ်းကွာဟနေတာကို နိုင်ငံ တကာနဲ့ချိန်ရင် တွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်းတွေတစ်ပုံတစ်ပင်နဲ့ သံယံဇာတတွေပေါကြွယ်လှတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက မျက်စေ့ကျ တဖြေးဖြေး ပြောင်းရွှေ့ အခြေချလာကြတာ အခုဆိုရင်မြန်မာပြည်တနံ တစ်လျှားမှာ တိုင်းရင်းသားမဟုတ်တဲ့ မျက်နှာစိမ်း စကားခြင်းမတူသူတွေ တစ်စတစ်စ နေရာယူလာကြပါပြီ။
အဓိကကတော့ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုနောက်ကျခြင်းနဲ့ ဆင်းရဲမွဲတေမှု ပညာတတ်နဲပါးမှု လုပ်အားခ(သို့) လုပ်ခလစာနဲးပါးမှု အခွင့်ထူးခံလူတန်းစားများကြောင့်လို့ထင်မြင်ယူဆမိပါတယ်။
ကျွန်တော်တို့တွေ မိန်းမမရတဲ့ အကြာင်းရင်းထဲမှာ အိမ်ထောင်ပြုခဲ့ရင် အခုလက်ရှိရတဲ့ လစာငွေဟာ တစ်ယောက်အတွက်တောင် မနည်းလောက်အောင်သုံးနေရတော့ အိမ်ထောင်ရှင်ဖြစ်ခဲ့ရင် အထွေထွေ စားရိတ် သားသမီးများရခဲ့ရင် ကျောင်းစားရိတ် (အိမ်ထောင်ရှင်ဝန်ထမ်းများ ကိုကြည့်ပြီး သူတို့တွေလုံးလည်ချာလိုက် နေတာအမြဲမြင်နေရ) ကျောင်းသား သုံးလေးယောက်ရှိလို့ကတော့၊ ဘုရားဘုရား။
အချွေ အရံ မရှိခြင်းဟာ အတိတ်က ကုသိုလ်ကောင်းမှု ပြုလုပ်တာနည်းလို့ ဆိုပြီး နိပါတ်တော်ထဲ မှာဖတ်ရမှတ်ရပါတယ်။ အသက်အရွယ်ကြီးလာတဲ့အချိန် ဆေးပေးမီးယူ မရှိ ပြုစုမည့် သားထောက်သမီးခံမရှိ အိုမင်းမစွမ်းဖြစ်လို့ တွဲခေါ်မည့်မိသားစုမရှိမှာကို ဘယ်သူမှမလိုလားပါဘူး အပျိုကြီးလူပျိုကြီးတော့ ဘယ်သူမှမလုပ်ချင်ကြပါဘူး သူစိမ်းဆိုတာ ဘယ်သူကမှ ကြည်ကြည်ဖြူဖြူ ပြုစုစောင့်လျှောက်ကြမှာ မဟုတ်ပါဘူး ဆွေမျိုးအရင်းအချာတွေတောင်မှ ငွေမရှိရင်ဘယ်သူကမှ ကြာရှည်မစောင့်လျှောက်ကြပါဘူး။
ဒီတော့ ကျွန်တော်လည်းမိန်းမလိုချင်တာမှ တစ်ပိုင်းကိုသေနေတာပါ။ တဏှာကြောင့်တော့မဟုတ်ပါဘူး။ ဆေးပေးမီးယူနဲ့ အိုမင်မစွမ်းတဲ့ အချိန် ကယ်မည့် ကူမည့် ကောက်ရိုးမျှင်လေးတစ်မျှင်လောက်လိုချင်လို့ပါ။
အခုခေတ်မူလတန်းကျောင်းသားတစ်ယောက်အတွက် အထွေထွေကျောင်းစရိတ် ကျူရှင်ခ မုန့်ဘိုး အနည်းဆုံး တစ်လ ငါးသောင်းခန့် အလယ်တန်း ခွန်နှစ်သောင်း အထက်တန်း တစ်သိန်းကျော်ကျော် ကျွန်တော်တို့ရဲ့ လစာငွေက ကိုးသောင်းကျော်ကျော် ကုန်ဈေးနှုန်းကလည်း တိုးဘို့ပြင်နေကြပြီ ဘယ်လိုလုပ် မိန်းမယူဘို့နေနေသာသာ ရည်းစားတောင်မထားရဲပါဘူး၊ နိုင်ငံမှာ အခြေခံဝန်ထမ်းတွေ လစာနဲ့ မလောက်ပေမည့် စီမံကိန်းတွေချ အဝယ်တော်တွေက ပေါချောင်ကောင်းလုပ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေတွေ ကို အချိုးကျခွဲဝေယူ သားသမီးတွေကိုနိုင်ငံခြားပို့ ပညာသင် နိုင်ငံခြားမှာဈေးဝယ်ထွက် ဘုရားဖူးထွက် အဆင်ကိုပြေလို့ သားသမီးတွေအိမ်ထောင်ချရင်လည်း စိန်စီ ပန်းမွှေ့ရာခင်း လက်ဖွဲ့ဆိုလည်း သိန်းထောင်းသောင်းချီတဲ့ကား ကွန်ဒိုတိုက်ခန်းတွေ လက်ဖွဲ့(လာဘ် လာဘ ပေါလိုက်ကြတာ) ဝန်ထမ်းတွေလစာတိုးဘို့ဆိုတာ သူတို့အတွက်ထူးခြားမှုမှမရှိတာ သူတို့က လစာနဲ့စားတဲ့ သူမှမဟုတ်တာ သူတို့က အများမေတ္တာရည်သောက်စို့ပြီး နေကြတဲ့သူတွေဆိုတော့ အင်း
ငှက်ပျောတုံးတွေဈေးမတက်ခင် သေတာတောင်အရှက်မကွဲရအောင်ကြိုဝယ်ထားဦးမှပါဘဲ
အားလုံးကိုကျေးဇူးတင်လျှက်
ဒီပါကို

30 comments

  • ဦး ကျောက်ခဲ

    January 30, 2013 at 9:59 am

    ” ကျွန်တော်လည်းမိန်းမလိုချင်တာမှ တစ်ပိုင်းကိုသေနေတာပါ။ တဏှာကြောင့်တော့မဟုတ်ပါဘူး။ ဆေးပေးမီးယူနဲ့ အိုမင်မစွမ်းတဲ့ အချိန် ကယ်မည့် ကူမည့် ကောက်ရိုးမျှင်လေးတစ်မျှင်လောက်လိုချင်လို့ပါ။ ”

    အကြီးအကျယ် ပိုးစိုးပက်စက် ထောက်ခံသွားပါ၏….
    :harr:

    • P chogyi

      January 30, 2013 at 10:47 am

      ဦးကျောက်ရေ
      စကားမစပ် အင်တာနက်မြန်နှုန်းအမြင့်ဆုံး HK လို့
      TV မှာသတင်းတိုတွေ့လိုက်တယ်။
      ဦးကျောက်တို့က ကံကောင်းတာပေါ့။

  • Mobile

    January 30, 2013 at 10:02 am

    အိမ်ထောင်ပြု့မှု မပြု့မှုနဲ့ ပတ်သတ်လို့ ဖတ်ရတာ ဗဟုသုတရစေ၏
    ငှက်ပျောတုံးဝယ်ထားမယ်ဆိုတာနဲ့ ပတ်သတ်လို့ ငှက်ပျောတုံးထက်စာရင်ဗျာ
    ငှက်ပျောတုံးထက်ပို အဆင်ပြေနိုင်မယ့် လေထိုးအရုပ်လေးဘာလေး ဝယ်ထားရင်ပိုမကောင်း
    လောက်ဘူးလားလို့ပါ။ ငှက်ပြောတုံးကကြာလာရင် ပျက်စီးသွားဖြစ်ပြီး လေထိုးအရုပ်ကတော့
    မိမိအသက်တစ်လျှောက် အဆင်ပြေနိုင်တယ်လို့ မြင်မိလို့ပါ…………………..
    http://www.မဟာဘာဂျာ.ကွန် မှာလေထိုးအရုပ်များအကြောင်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
    အဲ့ဒီလူဆီမှာ အနေအထားဆိုလားဘာလား အဲ့ဒါတွေလဲ လေ့လာနိုင်ပါကြောင်းးးးးးးးးးးးးးးးး

    • နွေဦး

      January 30, 2013 at 11:42 am

      အဲ….
      မြန်မာစကားက ငှက်ပျောတုံး ဖက်ရမယ် ဆိုတဲ့ အဓိပ္ပါယ် က ဒီလိုပါ ..။
      အပျိုကြီးလူပျိုကြီးများသေဆုံးတဲ့အခါ နောက်ဘဝများမှာ အပျိုကြီးလူပျိုကြီး မဖြစ်ရလေအောင် ငှက်ပျောတုံးကို စတိ အနေနဲ့ ထည့်ပေးတဲ့ ဓလေ့ရှိလို့ပါ ။ မသေခင်အဖေါ်အဖြစ် ငှက်ပျောတုံး ဖက်ပြီးအိပ်ကြတာကို ဆိုလိုရင်းမဟုတ်ကြောင်း…
      ကြားက ဝင်ပြီး ရှာရှည်လိုက်ပါကြောင်း…

    • ဟိုက်စ် …….
      ဒီ မိုဘိုင်း ပြောနေတာ ငါ မတွေ့လိုက်ရဘူး …
      ငါ့ကို ဆော်ပလော်တီးထားတာပဲ …
      တွေ့မယ် .. တွေ့မယ် …
      ဒီမိုဘိုင်းတော့လား .. တစ်ကွေ့ကွေ့တော့ ပြန်ဆော်ပလိုက်အုံးမယ် .. :mrgreen:

  • DEPARKO DEPARKO

    January 30, 2013 at 10:03 am

    တကယ်ပြောတာပါ

  • DEPARKO DEPARKO

    January 30, 2013 at 10:05 am

    လေထိုးအရုပ်တော့မဝယ်ပါရစေနဲ့တော့

  • P chogyi

    January 30, 2013 at 10:49 am

    ဖက်ခေါင်းအုံးတွေလဲဈေးပေါပါတယ်။

  • Mon Kit

    January 30, 2013 at 11:31 am

    ကိုဒီပါကိုရေ….
    ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး..တဲ့
    အဆိုတော် ကိုင်စရာ ဆိုထားဒယ်…
    :hee:

  • kai

    January 30, 2013 at 11:59 am

    အပျိုကြီးတွေအချိုးကျများမယ်ထင်မိတယ်..
    တာဝန်ယူရမယ့်.. ယောကျာ်းတွေ.. . ဘုန်းကြီး..ကိုရင်ကြီးနဲ့.. ကပ္ပိယတွေဖြစ်ကုန်လို့လို့.. ယူဆမိတယ်..။
    အင်အားမနည်းဘူးနော..
    လူပျိုကြီး.. လူုပိုကြီးတွေ.. တသန်းလောက်အသာလေးလို့.. ထင်တယ်..။
    သူတို့က.. မယူတော့.. အပျိုလေးတွေမှာ..အပျိုကြီးတွေဖြစ်.. ကျန်ရစ်တာက.. ၁သန်းပေါ့..။

    ဆိုတော့…
    တိုင်းပြည်တည်ထောင်ရာမှာ.. အလွန်အရေးကြီးတဲ့လုပ်အားတွေ…
    အနာဂါတ်မြန်မာပြည်အတွက်.. မျိုးဆက်သစ်ကလေးတွေ..

    အင်း..
    အင်မတန် ဝန်လေးစရာ.. :buu:

    • နွေဦး

      January 30, 2013 at 2:46 pm

      သူကြီးရေ..
      ရိပ်သာေတွေမှာ သီလရှင်တွေ ယောဂီ တွေ ပမာဏ ကလည်းမနည်းဘူးထင်ပါရဲ့..
      လူပြိုကြီးတွေ လူပိုကြီးတွေက လူ ထပ်မပွါးလို့ ပြသနာ လို့ မပြောနိုင်ပေမဲ့
      အပျိုကြီး တယောက်ဖြစ်သွားရင် နောက်တယောက် မကထပ်မပွါးနိုင်တော့လို့ …

      သကြီးပြောသလို….ရင်လေးစရာ….။

    • ဦး ကျောက်ခဲ

      January 30, 2013 at 5:04 pm

      တဂျီးရယ်

      မောင်ကျောက် တဂျီးအဆိုကို ထောက်ခံတာပေါ့ဗျာ…
      တိုင်းပြည့်သားကောင်း အနာဂတ်ခေါင်းဆောင်လောင်းလေးတွေကို အရွယ်ရှိတုံး မွေးပေးချင်တာပေါ့….
      ဒါပေမယ့် ကုသိုလ်ကြမ္မာ မမှီရှာလို့…
      ချစ်သူကမုန်း ဖဲကရှုံး တဲ့ဒီဘဝမှာ…
      တစ်ယောက်လောက် စပ်ဟပ်ပေးပါလားလို့…
      အရွယ်ကောင်း အသက်သုံးဆယ်အောက်ဆို ဖြစ်ပါတယ်ဗျာ…
      အ ဟဲ ချောချောလှလှ ရေးဆေးငါးလေးတော့ ရှာပေးရမယ်နော်…
      :harr:

    • Mobile

      January 30, 2013 at 5:34 pm

      ထိုကဲ့သို့ ဝန်လေးမည်ကို စိုရိမ်မှုရှိသည်စိုပါက လွယ်ပါကြောင်း သူကြီးရေ
      အရင်ဆုံးဈေးဦးပေါက် အနေဖြင့် မန်းဂေဇတ်ရွာအတွင်မှာရှိသည့် အပျိုချောချောလေး
      တစ်ယောက်နှင့် ကျွန်ုပ်မောင်မိုဘိုင်းကို စေ့စပ်ကြောင်းလမ်း မင်္ဂလာသွင်းပေးခြင်းဖြင့်ပင်
      ကူညီနိုင်ပါကြောင်း(တစ်တပ်တစ်အားပေါ့ဗျာ ကူညီနိုင်သလောက်ကူညီတာပါ)

  • DEPARKO DEPARKO

    January 30, 2013 at 12:41 pm

    သဂျီးရေ ဝန်ထမ်းတော်တော်များများတော့ အိမ်ထောင်မကျကြတာတွေ့ရတယ် ကျွန်တော့်သူငယ်ချင်း အများစုလည်း အိမ်ထောင်မကျကြဘူး အဓိကကတော့ ဘဝဆိုတာကိုရင်မဆိုင်ရဲတာရယ် ရတဲ့လခက အပိုဝင်ငွေမရှိတဲ့ ကျွန်တော်တို့လိုဝန်ထမ်းတွေအဘို့ အိမ်ထောင်ပြုဘို့ဆိုတာ ကျားအကောင်တစ်ရာနဲ့ ဖက်ကိုက်ပလိုက်ချင်တယ် ကိုယ့်မျိုးဆက်ကိုချို့ချို့ တဲ့တဲ့နဲ့ ဘယ်လိုပြုစုပျိုးထောင်မလည်း

    • kai

      January 30, 2013 at 2:57 pm

      တယောက်လစာနဲ့မလောက်ငှတဲ့..အိမ်လခ..အိမ်တွင်းကုန်ကျစရိပ်.. ၂ယောက်ပေါင်းရှာ..တအိမ်ထဲနေရင်.. သက်သာသွားမယ်ဆိုတာ.. တွက်လွယ်တဲ့ပုံသေနည်းပါ…။
      အေးအတူပူအမျှ.. ဘဝကို၂ယောက်ပေါင်းရင်ဆိုင်တာက.. တယောက်ထဲထက်.. တာသွားတယ်.. သက်သာတယ်ဆိုတာလည်း.. လူသားလူနေမှုစနစ်ထဲ .. ပုံသေနည်းပါ..။
      ပုံသေနည်းတွေဖေါက်.. ဓလေ့တွေပျက်… အတ္တတွေကြီး.. တရားခံဘယ်သူလို့ထင်သလည်း..

      နောက်ဆို..ကျားအကောင်တစ်ရာနဲ့ ဖက်မကိုက်နဲ့..
      .. အဲဒီလိုဖြစ်အောင်လုပ်တဲ့.. “ဟာကြီး”ကိုသာ.. ဖက်ကိုက်လိုက်နော..
      နောင်လာနောက်သားတွေအတွက်ပါ..ကောင်းသွားမယ်..။ :kwi:

      • ဟဲ … ဟဲ …
        ဒီတစ်ခါ နာ့ဘဂျီး ပေါဒါ …
        နည်းလမ်းကျဒယ် … မိုက်ဒလယ် …
        ဒါပေသိ …
        ဟာကြီး ကိုတော့ဖြင့် ဖက် မကိုက်ပါရစေနဲ့လို့ .. အဟီးး
        :mrgreen:

  • Myo Thant

    January 30, 2013 at 4:08 pm

    အနော်လည်း ဒုတိယအကြိမ်မြောက်အတွက် ကြိုးစားနေပါတယ် ၊
    သရဲကြောက်တတ်လို့ပါ ၊

    🙂

  • ခင်ခ

    January 30, 2013 at 4:23 pm

    ကိုယ်စွမ်း ကိုယ်စ ရှိကြပါစေဗျာ။

  • မောင်ပေ

    January 30, 2013 at 9:34 pm

    ယောက်ျားတစ်ယောက်အတွက်တော့ ဘယ်အရွယ်ရောက်ရောက်
    မိန်းမ ယူတာ မနောက်ကျပါဘူး
    ဒါပေသည့် ယူမယ့်မိန်းမကတော့ အသက်အရမ်းမကြီးဖို ့တော့ လိုပါတယ်
    အဲဒါအဲဒါ

    • Mobile

      January 30, 2013 at 10:15 pm

      ကိုးဆယ်ငါးနှစ်လောက်ရောက်မှ မလှုပ်နိုင်မရှားနိုင်
      မဖြောင့်တန်းနိုင်တော့မှ(ခါး) မိန်းမယူရင်ဘာလုပ်မလဲမောင်ရယ်
      သန်တုန်းမာတုန်း ငယ်ရွယ်တုန်းမှာ မိန်းမဆိုတာယူရတာပါ။

  • DEPARKO DEPARKO

    January 31, 2013 at 8:25 am

    OK သဂျီးပြောတာသဘောကျလို့ ကျွန်တော်လူပျိုကြီး တကိုယ်တည်းမနေရအောင် သနားသူအရွယ်ကောင်း ဇနီးလောင်းများရှိက လိုင်းပေါ်ကတက် မိတ်ဆက်ကြပါဦး
    အသက်၄၆နှစ် လစာ ၁၀၀၀၀ဝ လိုင်းခန်းရမည်

  • ဦးကြောင်ကြီး

    January 31, 2013 at 10:30 am

    ဘဝကို နှစ်ယောက်ပေါင်း မရင်ဆိုင်ရဲရင် သုံးလေးယောက်ရှာပြီး တွန်းလှန်ပါ။ :kwi:

  • လုံမလေးမွန်မွန်

    February 3, 2013 at 12:12 pm

    ပြောနေကျ စကားလေးပေါ့နော်..
    “တစ်ယောက်တည်းတောင် မနည်းနေနေရတာ.. နှစ်ယောက်ပေါင်းတစ်ဘဝနဲ့ အပူမရှာချင်ပါဘူး” ဆိုပြီး.. :mrgreen:

    တကယ်တော့ နှစ်ယောက်ပေါင်းတယ်ဆိုတာထက် အမှီခိုခံဘဝတွေဆိုတာလည်း ရှိသေးတယ်မို့လား..ကိုယ်လွတ်ရုန်းလို့လည်း မရဘူးဆိုတော့…
    တြောက်တည်းက ပိုကောင်းမားလို့.. :kwi:

    • panpan

      February 3, 2013 at 3:02 pm

      အွင်းးးးး
      မမမွန်အဆိုဟာ သဘာဝကျတဲ့အတွက် ထောက်ခံပါတယ်
      အပျိုကြီးဂိုဏ်း ရေရှည်တည်တံ့ခိုင်မြဲပါစေ
      အပျိုကြီး အပျိုလတ် အပျိုပေါက်စ အပျိုပိစိကွေးတွေ အကုန်အသင်းဝင်ဖြစ်ပါစေ
      😆

      • ပန် … ပန် … ချစ် …. !!!!!!!!!
        ကိုယ့်ဟာကိုယ် အပိုဂျီးဘဲ လုပ်လုပ်၊ အပိုလေးဘဲ လုပ်လုပ် …
        ကျိုက်ဒါ လုပ်ပေါ့ …
        ဘယ့်နှယ် … အဖော် လာညှိနေရဒယ်လို့ …
        ဒဂယ်ဘာဘဲ ….
        နောက်ခါ … ကျန်တဲ့လူဒွေ အဖော်သွားညှိဘာ .. ဒါဗျဲ … :mrgreen:

        • panpan

          February 3, 2013 at 8:17 pm

          အမယ်
          ရွာထဲမှာအဖော်ညှိတာ မကြိုက်ဘူးပေ့ါ
          အကြောင်းလေးတွေသိပါဘီ ဟွင်း ဟွင်း 😆

  • Mr. MarGa

    February 3, 2013 at 5:08 pm

    လူနေမှု စရိတ်ကြောင့် မယူနိုင်ကြသေးတာတွေက များနေတော့
    တစ်ခါတစ်လေ
    living together ကို သွားတွေးမိတယ်
    (မကောင်းမှန်းတော့ သိပါတယ် ကိုယ်တိုင်လဲ လုံးဝ မထောက်ခံပါဘူး)

  • cobra

    February 3, 2013 at 5:19 pm

    သားလိုအသက်ငယ်ငယ် ကောင်လေးတောင် ရည်းစားမရှိတာ
    ဦးလေး တို့ဆိုရင်တော့ ဟီးးးဟီးးး

  • DEPARKO DEPARKO

    February 5, 2013 at 10:42 am

    မွန်မွန်ရေ ဆင်ဝှေ့ရန်ရှောင်မလုပ်နဲ့လေ ကိုယ်တိုင်မီးမလောင် မီးလောင်ခြင်းကိုလည်းအားမပေးတော့မလုပ်နဲ့ ကိုယ်တိုင်မီးမလောင်ချင်ရင်လည်း မီးလောင်ချင်တဲ့သူကို နဲနဲပါးပါးမျှဝေပေးဦးမှပေါ့

Comments are closed.