အပင်အတွက်မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုး
မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုး
မရှိမဖြစ်လိုအပ်သော ဒြပ်စင် ဟု ဖော်ပြထားသော်လည်း အပင်၏ အမှန်တကယ် စားသုံးမှုပုံစံမှာ ဓာတ်စင်ချည်းသက်သက်ကို သာ အသုံးပြုသည်မဟုတ်ဘဲ ၎င်းဒြပ်စင်အဓိကပါဝင်သော ဒြပ်ပေါင်းတချို့ကို အပင်၏ အသက်ရှင်သန်နေထိုင်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။
အပင်အတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုးကို အုပ်စု (၄)မျိုးဖြင့် ခွဲခြားဖော်ပြနိုင်သည်။ ၎င်းတို့မှာ-
(၁) ရေနှင့်လေမှ အဓိကရရှိသော ဒြပ်စင် (၃) မျိုး
(၂) အဓိက အများလို ဒြပ်စင် (၃) မျိုး
(၃) ဒုတိယ အများလို ဒြပ်စင် (၃) မျိုး
(၄) ပမာဏ အနည်းလို ဒြပ်စင် (၈) မျိုး တို့ဖြစ်သည်။
(၁) ရေနှင့်လေမှ အဓိကရရှိသော ဒြပ်စင် (၃) မျိုး
|
ကာဘွန် (Carbon)၊ ဟိုက်ဒရိုဂျင် (Hydrogen)၊ အောက်ဆီဂျင် (Oxygen) စသော ဒြပ်စင်သုံးမျိုးကို ရေနှင့်လေတို့မှ အဓိကရရှိသည်။ အများစုသော စိုက်ပျိူးရေးပညာရှင်တို့က ရေနှင့်လေကိုကောင်းစွာရရှိနေရုံဖြင့် ၎င်းတို့ကို ကျွေးရန်မလိုအပ်ဟု ယူဆကြသည်။ သို့သော် နေရောင်ဖြင့် အစာချက်လုပ်ခြင်း (Photosynthesis) လုပ်ငန်းစဉ်တွင် ရေ၊ နေ၊ လေ နှင့် သစ်ရွက်ပေါ် ရှိ Chlorophyll ခလိုရိုဖီး တို့ ဟန်ချက်ညီညီ ဆက်ယှက်လုပ်ဆောင်ရာမှ အပင်အတွက်လိုအပ်သည့်အစာကိုရရှိလေသည်။
6 CO2 + 6 H2O Light C6H12O6 + 6 O2
Carbon dioxide Water Chlorophyll Sugar Oxygen
အထက်ဖော်ပြပါ ဓာတုညီမျှခြင်းသည် Photosynthesis လုပ်ငန်းစဉ်ကြီးတခုလုံးကို အပေါ်ယံယှက်ဖော်ပြထားခြင်းမျှသာ။ တကယ်တမ်း အပင်နှင့် သဘာဝလောကကြား ဖြစ်စဉ်က ဤညီမျှခြင်းထက် များစွာနက်နဲကြောင်းကို နောက်ပိုင်းကျမှ သီအိုရီ၏ ဆန်ဆန် ရေးသားတင်ပြပါမည်။
ထိုကဲ့သို့ အပင်မှ နေရောင်အကူအညီဖြင့် အစာကိုချက်ယူရာတွင် အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- ရေ၊ နေ၊ လေ တခုခု လိုအပ်နေ၍သော်၎င်း၊ လိုအပ်သည်ထက်ပိုနေ၍သော်၎င်း၊ အဓိကဇာတ်ကောင် ခလိုရိုဖီးခမျာ နေမကောင်းဖြစ်ရှာ၍သော် ၎င်း) ဤအစာချက်လုပ်ခြင်း လုပ်ငန်းစဉ်ကို ရာနှုန်းပြည့် မစွမ်းဆောင်နိုင်ခြင်းမျိုးရှိတတ်ပါသည်။ ထိုအခြေအနေမျိုးတွင် ပြင်ပမှ အပင်အတွက် အဓိကလိုအပ်သော သကြားဓာတ်ကို အရွက်မှသော်၎င်း၊ အမြစ်မှသော်၎င်း၊ အမြန်ဆုံးအနေဖြင့် ပင်စည်၊ အကိုင်း တို့မှသော်၎င်း တဘက်စိမ့်ဝင်စေခြင်းဖြင့် ရွက်ဖျန်းမြေဩဇာပုံစံ ကျွေးရသည့်အခါလည်း ရှိပါသည်။
(၂) အဓိက အများလို ဒြပ်စင် (၃) မျိုး
(က) အပင်၏ ပင်စည်၊ အကိုင်း၊ ခက်မ စသည့်အင်္ဂါရပ်တို့ ကြီးထွာစေခြင်းအလို့ငှာ အသုံးပြုရသော နိုက်ထရိုဂျင်ဒြပ် (Nitrogen)၊
(ခ) အပင်၏ မျိုးပွားစနစ်ဖြစ်သော အပွင့်၊ အသီး၊ အစေ့စသောအင်္ဂါရပ်များနှင့် အမြစ်ဖွံ့ဖြိုးစေခြင်း၊ ဇီဝကိစ္စများ ဖွံ့ဖြိုးစေခြင်းစသော ကိစ္စရပ်များအတွက် အသုံးပြုရသော် မီးစုန်းဓာတ် (သို့မဟုတ်) ဖော့စရပ်စ် (Phosphorous)၊
(ဂ) အပင်၏ ကျန်းမာရေးဆိုင်ရာ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းကဲ့သို့ ကိစ္စရပ်နှင့် အရည်အသွေးပိုင်းဆိုင်ရာ အနံ့၊ အရသာ၊ အရောင်အဆင်း၊ အထွက်နှုန်းကဲ့သို့ ကိစ္စရပ်များအတွက် အသုံးပြုရသော ပြာဓာတ်ခေါ် ပိုတက်စီယမ် (Potassium)၊
ထိုဒြပ်သုံးမျိုးကို အပင်၏ လိုအပ်ချက်ပေါ်မူတည်၍ အနည်းအများပမာဏအလိုက် ကျွေးရသည်။ ဘာမှနားမလည်မသိဘဲ အများက N,P,K ၁၅ ပတ်လည်၊ ၁၅၊ ၇၊ ၈ ဆိုတိုင်း လိုက်၍ မသုံးသင့်ပေ။ မိမိ စိုက်ပျိုးသည့်အပင်၊ အချိန်၊ အခြေအနေ၊ လိုအပ်ချက်တို့ပေါ်မူတည်၍ အနည်းအများပမာဏအလိုက် ကျွေးရသည်။ ဒြပ်တမျိုးခြင်းစီ၏ အသေးစိတ် အာနိသင်ဂုဏ်သတ္တိ များကို နောက်ပိုင်းကဏ္ဍများတွင် ဆက်လက်ဖော်ပြသွားမည်။
(၃) ဒုတိယ အများလို ဒြပ်စင် (၃) မျိုး
ထုံးဓာတ် ခေါ် ကယ်စီယမ် (Calcium)၊ မဂ္ဂနီစီယမ် (Magnesium)၊ ကန့်ဓာတ်ခေါ် ဆာလ်ဖာ (Sulfur) တို့ဖြစ်ပြီး ဒြပ်တမျိုးခြင်းစီ၏ အသေးစိတ် အာနိသင်ဂုဏ်သတ္တိ များကို နောက်ပိုင်းကဏ္ဍများတွင် ဆက်လက်ဖော်ပြသွားမည်။
(၄) ပမာဏ အနည်းလို ဒြပ်စင် (၈) မျိုး
ဘိုရွန် (Boron)
ကလိုရင်း (Chlorine)
ကော့ပါး (Copper)
သံဓာတ်ခေါ် အိုင်းရင်း (Iron)
မန်းဂနီးစ် (Manganese)
မော်လ်ဒီနမ် (Molybdenum)
သွပ်ဓာတ်ခေါ် သံဓာတ် (Zinc) တို့ဖြစ်ပြီး ဒြပ်တမျိုးခြင်းစီ၏ အသေးစိတ် အာနိသင်ဂုဏ်သတ္တိ များကို နောက်ပိုင်းကဏ္ဍများတွင် ဆက်လက်ဖော်ပြသွားမည်။
4 comments
မဟာရာဇာ အံစာတုံး
February 1, 2013 at 10:59 am
ဘာမှဒေါ့ သိဝူးးး
ဖတ်တော့ ဖတ်ကျိသွားဒယ် ခည …
ဗဟုသုတ ပေါ့ ခညာ …
Mobile
February 1, 2013 at 12:43 pm
လေ့လာထားလိုက်ပါတယ်ခင်ဗျ။
လိုအပ်ရင် ပြန်ကြည့်ဖို့ ဆေ့ဗ်ထားလိုက်ပါတယ်။
ကျနော်ကလည်း သစ်ပင်စိုက်ရတာ ဝါသနာပါလို့ပါခင်ဗျ။
နောက်လည်း အပင်နဲပတ်သတ်တဲ့ ဗဟုသုတတွေကို
ဝေမျှပါဦးခင်ဗျ။
မောင်ပေ
February 1, 2013 at 12:58 pm
ကိုဝေအောင်ရေ
ထုံးစံအတိုင်း ကူးသွားပါပြီဗျို ့
စေတနာနဲ ့ဝေမျှပေးတဲ့အတွက်
ကျေးကျေးပါနော
Wai Aung
February 2, 2013 at 9:04 am
ဟုတ်ကဲ့ပါ
မိမိတို့ဝန်းကျင် တတ်နိုင်သလောက် စိုက်ပျိုးသူတောင်သူများကို ဝေငှပေးကြပါ။