ယောကျင်္ားလေးများသိသင့်ပါတဲ့ အချက်…. 50

moesatrainJuly 20, 20101min660

> .၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောကျင်္ားလေးပီပီ
> အရင်လာချော့ပါ။
>
> ၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။
>
> ၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။
>
> ၄။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။
>
> ၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့
> ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
>
> ၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်လာမှပေါ့။
>
> ၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ်
> ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။
>
> ၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊
> ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။
>
> ၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။
>
> ၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ
> အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။
>
> ၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ
> မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။
>
> ၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့
> ကိုယ့်စတိုင်လ်နဲ့ ကိုယ် နေပါ။
>
> ၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။
>
> ၁၄။ ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကိ
ု မင်းပြင်တတ်တယ်
> ကျွမ်းကျင်တယ်လို့ ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့
> နေရာလေးတော့ လိုက်ပို့ပြီး အဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။
> တနည်းပြောရရင် အားကိုးတာပေါ့။
>
> ၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။
>
> ၁၆။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့
> အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင်
> မိန်းကလေးဆိုတဲ့အတိုင်းအားငယ်တယ် စိတ်ဆိုးတတ်တယ် ပြီးရင် ဝမ်းနည်းနေမယ်။
>
> ၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ……
>
> ၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မဝစေနဲ့။
> ငါ့ထက်လဲ မပိန်စေနဲ့။
>
> ၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။
> ရွံစရာကောင်းပါတယ်။
>
> ၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။
> သူတို့လို မင်းဆိုးမှာစိုးလို့ပါ။
>
> ၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။
>
> ၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့
> တခွန်းလောက်ပြောမှပေါ့။
>
> ၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို
> မင်းတခုလောက်တော့ တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး
> ကျန်တာတွေကို သိသင့်သလောက်သိရမယ်။
>
> ၂၄။ ငါ့အလုပ်ကို လေးစားရမယ်။
>
> ၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။
>
> ၂၆။ နူးညံ့သိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။
>
> ၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။
> ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။
>
> ၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုုံး။
>
> ၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။
> အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို
> ငါခံစားရလို့ပါ။
>
> ၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမဝဘူး အစားမလျော့နဲ့
> မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။
>
> ၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။
> ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က
> အရှက်သိက္ခာနဲ့ လူလုပ်နေတာပါ။
>
> ၃၂။ ငါမှာ ယောကျင်္ားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက
> အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။
>
> ၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး
> ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။
>
> ၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို
> သိချင်တာ။
>
> ၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့
> တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင်
> ချစ်သွားမှာက မင်းကို လေ။
>
> ၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့
> မင်းဆီကလိုချင်တာပါပဲ။
>
> ၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး
> တွေးနေတတ်လို့ပါ။
>
> ၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။
> မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။
>
> ၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။
> အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။
>
> ၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို
> ပိုးပန်းနေကြမှာပဲ။
>
> ၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက
> မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။
>
> ၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ က
> ငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင်
> ငါပဲလုပ်နိုင်တာပါ။ ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကို
> သိချင်နေလို့ပါ။
>
> ၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။
> ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။
>
> ၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။
> အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။
> မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါတယ်။
>
> ၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။
>
> ၄၆။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။
> မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။
>
> ၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး
> နားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။
>
> ၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။
> တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။
>
> ၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့။
> လုပ်တတ်တယ်လဲမပြောပါနဲ့။
>
> ၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့။