Hotel Life…1.2.3.4…
(1)အရင်တစ်နှစ်လောက်တုန်းကပေါ့…ဟိုတယ်ကို လူ ငါးယောက် တစ်ဖွဲ့လာတည်းတယ်…မှတ်ပုံတင်က သုံးခုပဲပေးတယ်…နှစ်ရက်လောက်တည်းပြီးတော့ Check Out လုပ်တယ်…ဘာပြသနာ တက်လဲဆိုတော့ သူတို့ပေးထားတာ မှတ်ပုံတင်က လေးခုပါတဲ့ ဇွတ်ငြင်းတယ်…ရီဆက်ရှင်တွေကလဲ သုံးခုပဲပေးကြောင်း…ဘယ်လိုမှပျောက်စရာမရှိကြောင်း…
သူတို့ကလဲ လေးခုပေးထားကြောင်း…ဘယ်လိုတာဝန်ယူဖြေရှင်းပေးမလဲ…ငြင်းခုန်ကြရင်း နံနက် ၈ နာရီက နေ ၁၂ နာရီထိုးတဲ့ အထိ ဒီပြသနာကို ရှင်းလို့လုံးဝမရဘူး…ည ဂျုတီသမားတွေလဲ နေ့လည် မွန်းတည့်ချိန်ထိ အိမ်မပြန်ရသေး…ဧည့်သည်တွေကလဲ ဒီမှတ်ပုံတင် မရလို့ကတော့ လုံးဝမပြန်ဘူးဆိုကြောင်း ဒေါသတကြီး ဇွတ် ပြောဆို…
ကိုင်း..ဘယ့်နှယ်လုပ်ကြမလဲ…စဉ်းစား…စဉ်းစား…နောက်ဆုံး..ကြံရာမရ…သူတို့ Check Out လုပ်ထားတဲ့ အခန်းတွေကို သူတို့ ခေါ်ပြီး တတိယတစ်ကြိမ် သေချာပြန်စစ် ဆိုပြီး ခိုင်းလိုက်မှ…ရှေ့ကလဲ နှစ်ကြိမ် စစ်ပြီးသား…သူတို့ မှတ်ပုံတင်က ကုတင်ကြားထဲကျ ပြီးကုတင်နဲ့နံရံနဲ့ကြားညှပ်နေပါလား…အဲ့ဒီတော့မှ ဆော်ရီးနော် ဆိုပြီး အလောတကြီး ထွက်သွားကြလေရဲ့…တမနက်ခင်းလုံး အလုပ်ပျက် အကိုင်ပျက် ဒေါသတကြီး ရန်တွေ့ခံ…စိတ်ပျက်စရာကောင်းလိုက်တာများ…ကိုင်း…ဘာပဲဖြစ်ဖြစ် သည်းခံသည်းခံ….အဲ့ဒီအချိန်ကစပြီး ဟိုတယ်မှာ ဧည့်သည်ဝင်တာနဲ့ မှတ်ပုံတင် ဘယ်နှကဒ်..လိုင်စင် ဘယ်နှစ်ခု…ကြိုတင်ငွေ ဘယ်လောက် လက်ခံ ဘောက်ချာအသစ် ရိုက်ပြီး ဝင်လာတဲ့ ဧည့်သည်တိုင်းကို ဖြတ်ပေးရပါတော့တယ်…အော်…တကယ့် ဟိုတယ် ကြုံလေ…ဘုံဗွေပါပဲ…
(2)အော်..ဒုက္ခော…နှစ်ယောက်ခန်းတစ်ခန်းယူပြီး လေးယောက်ဝင်အိပ်တယ်တဲ့…Extra ထိုးမလား မေးတော့လဲ မထိုးဘူးတဲ့…မထိုးဘူးဆိုရင်လဲ Extra ဖိုးပေးရမယ်လို့ပြောလိုက်တော့ လဲ မပေးနိုင်ဘူးတဲ့…ဒီအခန်းယူထားတာပဲ ဘယ်နှစ်ယောက် အိပ်အိပ် ပေါ့တဲ့…ဘယ်လို လူတွေနဲ့ လာတွေ့နေလဲ မသိပါဘူး…တကယ့် ဟိုတယ် ကြုံလေ ဘုံဗွေပါပဲ…
(3)တခါတုန်းက ဟိုတယ်ကို အမျိုးသားတစ်ယောက်လာတည်းတယ်…အသက်က ၄ဝ လောက်ရှိမယ်ထင်တယ်…တရက်တည်း နှစ်ရက်တည်း…အဲ..သုံးရက်မြောက်နေ့ကျတော့ အဲ့လူက ကောင်တာနားလာပြီး ကောင်တာက ကောင်လေးတွေကို ညီလေး..တဲ့…အကို့ကို နှစ်ရာလောက်ချီးစမ်းပါကွာ…တဲ့…အကို ကွမ်းစားချင်လို့ပါကွာ..တဲ့…ကလေးတွေကလဲ ကျွန်တော့်ကိုလာပြောကြတယ်…အကို..အဲ့ဒီ အခန်းက အကိုက သိပ်မဟုတ်ဖူး..အကိုတဲ့…နှစ်ရာ လာချီးနေတယ်တဲ့…အော်…စတာနေမှပါကွာဆိုတော့ မဟုတ်ဖူး အကိုတဲ့ အတည်ကြီးပြောနေလို့ ကျွန်တော်တို့ ထုတ်ပေးလိုက်ရသေးတယ်တဲ့….အေး..အေး..သတိတော့ထားကြည့်ပေါ့…တော်ကြာ အခန်းထဲ တခုခု ဖြစ်နေဦးမယ်လို့ပဲပြောလိုက်တယ်…နောက်နေ့ကျတော့ ကောင်တာနားထပ်ရောက်လာပြန်ရော…အကိုကတော့ အခန်းခပေးစရာ မရှိတော့ဘူးတဲ့…ဟိုတယ်မှာ ဘာခိုင်းစရာရှိလဲတဲ့…ခိုင်းချင်ရာသာ ခိုင်းတော့တဲ့…ကိုင်း …ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ….ဦးနှောက်ကို တော်တော်ခြောက်သွားတယ်…နောက်နေ့ မှ ဘယ်ကနေ ဘယ်လို ဆက်သွယ်မိသွားလဲ မသိဘူး…ဟိုတယ်ကို ဖုန်းတကော ဝင်လာတယ်…အဲ့ဒီ အကိုရဲ့ တပည့်ပါတဲ့…အဲ့ဒီအကို ကို ကျွန်တော်တို့ လာခေါ်ပါမယ်တဲ့…မိန်းမနဲ့စိတ်ဆိုးပြီး ထွက်သွားလို့တဲ့…သူက အဲ့လိုပဲ မိန်းမနဲ့စိတ်ဆိုးရင် အဝတ်တထည် ကိုယ်တခုနဲ့ သွားချင်ရာ သွားတတ်လို့တဲ့…ကဲ..ပြောတော့ပါဘူးပေါ့…ဘာမှတာမဟုတ်တာ…ကျွန်တော်တို့တော့ စိတ္တဇဝေဒနာရှင်လား…ဂေါက်နေတာလား…ဘာလားနဲ့ သို့လောသို့လော ဖြစ်ပြီး တော်တော် ဦးနှောက်ခြောက်သွားတယ်…စိတ်ပျက်လို့ ရေးတာမဟုတ်ပါဘူး…ကြုံရတာလေးတွေ ရေးပြတာပါ…ဟိုတယ် ဘဝ ကြုံလေဘုံဗွေပေါ့…
(4)တခါတလေကျတော့လဲ ကိုယ်က စေတနာထားပြီးလုပ်ပေးတဲ့ ကိစ္စက စေတနာဖြစ်မလာပဲ ဝေဒနာဖြစ်လာတဲ့အခါကျတော့ ကိုယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်…ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့တုန်းကပေါ့…တရုတ်ပြည်သွားလည်တဲ့ အဖွဲ့ ရှစ်ယောက်လောက်ရှိမယ်ထင်တယ်…အသွားတုန်းကလဲ ဟိုတယ်မှာပဲ တည်းတယ်…အပြန်ကျရင်လဲ ဖုန်းဆက်လိုက်မယ်တဲ့…အခန်းချန်ထားပေးဦးတဲ့ ဆိုတော့ ဟုတ်ကဲ့ ခင်ဗျ….ဘယ်တော့လောက်ပြန်ဆင်းလာမလဲ ဆိုတော့ လပြည့်နေ့ဖြစ်မလား…နောက်နေ့ဖြစ်မလား မသိဘူးတဲ့…ဟုတ်ကဲ့..လပြည့်နေ့ကတော့ ဧည့်သည်များတယ်ခင်ဗျ..ဒါပေမယ့် ဖုန်းသာ ကြိုဆက်ပေးပါ…အတတ်နိုင်ဆုံး ကြိုးစားပြီး ချန်ထားပေးပါ့မယ်ခင်ဗျပေါ့…တကယ့်ကို အဆင်ပြေပြေပါပဲ…အပြန် လပြည့်နေ့ပြန်လာမယ်ဆိုပြီး ဖုန်းဆက်လို့ သေသေချာချာ ချန်ထားပေးတယ်…တဖွဲ့ထဲဆိုတော့ စုစုစည်းစည်းလေး ဖြစ်သွားအောင် အပေါ်ထပ်ကပ်လျှက်အခန်းတွေ ချန်ထားပေးလိုက်တယ်…အဲ့ဒီနေ့က ဧည့်တအားများတယ်…မနက် ၉ နာရီလောက်ထဲက ဟိုတယ်မှာ ပြည့်နေပြီ…တရုတ်ပြည်က လာမှာဆိုတော့ ည မိုးချုပ်မှာပေါ့ ဆိုတော့ တမျှော်မျှော်ပေါ့…ည ဆယ်နာရီခွဲလောက်ကျတော့ ရောက်လာကြတယ်…အိပ်တွေချ…အခန်းထဲ လိုက်ပို့တော့မယ်ဆိုမှ…ဘယ်အထပ်မှာလဲတဲ့…အပေါ်ထပ်မှာပါဗျ ဆိုတော့ မတက်နိုင်ဘူးတဲ့..ငါတို့အဖေက အသက်ကြီးပြီတဲ့..သူမတက်နိုင်ဘူးတဲ့..မဟုတ်ပါဘူး…ကျွန်တော်တို့က စေတနာနဲ့ တစုတစည်းထဲ ဖြစ်အောင် ချန်ထားပေးတာပါ…အပေါ်ထပ်ဆိုပေမယ့်လဲ လှေကားထစ် ၁၅ ထစ်လောက်ပဲ ရှိတာပါ…တကယ်လို့ အဘ က မတက်နိုင်ရင်ကျွန်တော်တို့ပွေ့တင်ပေးပါ့မယ် ဆိုတော့လဲ မဟုတ်ဘူး….မင်းတို့ စောက်သုံးမကျဘူးတဲ့…အောက်ထပ်မှာဘာလို့ ချန်မထားတာလဲ တဲ့..ည ဂျုတီသမားတွေက.သေသေချာချာ ပြေပြေလည်လည် ရှင်းပြကြရှာပါတယ်……ဒီနေ့က ဧည့်တအားများလို့ မနည်းချန်ထားပေးကြောင်း…အောက်ထပ်က တည်းတဲ့ ဧည့်သည်တွေက မထွက်လို့ အပေါ်ထပ် ချန်ထားပေးကြောင်း…ဘယ်လိုပြောပြော ဘယ်လိုမှ မရပါဘူး…မင်းတို့ အလုပ်လုပ်တာ စောက်သုံးမကျဘူး…ဘာဘူး နဲ့ ညဂျုတီသမားတွေ လှိမ့်ဟောက်နေတာနဲ့ကိုယ်လဲ မနေနိုင်တာနဲ့ပြေရာပြေကြောင်း ဘယ်လို အခက်အခဲကြားထဲက စေတနာနဲ့ ဘယ်လိုချန်ထားပေးရတယ်ဆိုတဲ့အကြောင်း…အကိုတို့နဲ့ ဖုန်းပြောထားသူများက နေ့လည်ဂျုတီသမားများဖြစ်လို့ ညဂျုတီသမားများ ဘာမှမသိတဲ့အကြောင်း…အကယ်လို့ မကျေနပ်လို့ရှိရင်လဲ မနက်ရောက်မှ နေ့သမားများနှင့်ရှင်းလင်းစေလိုကြောင်း ဝင်ပြောတာလဲ မရပါဘူး…အလုပ်လုပ်တယ်ဆိုတာ..ဘယ်လို…Hannover လုပ်တယ်ဆိုတာ…ဘယ်လို ပြောချင်ရာပြောပြီး မင်းတို့ စောက်သုံးမကျဘူး…မတည်းဘူးကွာ..ဆိုပြီး ဒေါကြီးမောကြီးနဲ့ ထွက်သွားကြလေရဲ့…တကယ့် ဘုရားပေးပေး ကျမ်းပေးပေးပါ…တကယ်ကြီး စေတနာထားလုပ်ပေးတဲ့ ကိစ္စပါ…စိတ်မကောင်းလဲ ဖြစ်ရပါတယ်…စေတနာက အသိအမှတ်မပြုခံရပဲ ဝေဒနာဖြစ်သွားတဲ့အတွက်ပါ….စိတ်ပျက်လို့တော့ မဟုတ်ပါဘူး…ကြုံရတာလေး ပြောပြတာပါ…ဟိုတယ် ဘဝ ကြုံလေဘုံဗွေပေါ့ဗျာ…(မြသန်းတင့်ရဲ့ အညတရရုပ်ပုံလွှာတို့…ရန်အောင်မောင်မောင်ရဲ့ ထောင့်တသက်အတွေ့အကြုံများတို့…ချစ်ဦးညိုရဲ့ မှုးမတ်များနှင့် တွေ့ဆုံခြင်းတို့ ဖတ်ပြီး အားကျလို့ရေးထားတာပါ)
12 comments
ကထူးဆန်း
February 11, 2013 at 6:37 am
:hee: ။။ ဒါ ပါးပါးလေးဘဲ ရှိဦးမယ်ထင်ပါတယ် ..
(၅)မင်းတို့ကို ငါ တို့ ပေးထားတဲ့ ပိုက်ဆံက တစ်နေ့စာ ဘိုးပေးထားတာ.. ငါရောက်တာညနေ ၅ နာရီမှ ရောက်တာ ။ နောက်နေ့ ငါးနာရီ အထိ နေမယ် ဆိုတယ့် ဧည့်သည် …
(၆) booking လုပ်ထားလို့ တစ်ညလုံး ချန်ထားရပြီး သူတို့ အကြောင်းနဲ့ သူတို့ မနက် ခြောက်နာရီလောက်မှ ရောက်လာပြီး တစ်ရက်စာ မပေးနိုင်ဘူး ဆိုတဲ့ ဧည့်သည်..
:harr:
johnnydeer
February 11, 2013 at 9:21 am
ဒါ့ထက်တောင်ပိုသေး လို့ပဲပြောရမှာပဲ ကထူးဆန်းရေ…ည နှစ်နာရီဝင်လာတယ်…တစ်ညအိပ်တယ်…နောက်တည ဆက်အိပ်တယ်….တတိယမြောက်နေ့ ၁၂ နာရီထိုးခါနီးမှ ကောင်တာနား အငြင်းပွားနေလို့ ဘာဖြစ်တာလဲလို့ သွားမေးကြည့်တော့ ငါတည်းတာ တစ်ရက်ထဲပါဆိုပြီး ဇွတ်ငြင်းနေပြန်ရော…ငါ မနက် ၆ နာရီဝင်ရင် နေ့လည် ၁၂ နာရီဆို တစ်ရက်ပြည့်လားတဲ့…ဟုတ်ကဲ့ မပြည့်ပါဘူး…လို့..နောက်နေ့ ၁၂ နာရီမှ တစ်ရက်ပြည့်တာပါ…အေးးး…ငါက ညနှစ်နာရီ ဝင်တာဆိုတော့ မနက် ၆ နာရီနဲ့ ဆို လေးနာရီပဲကွာတာ…မပေးနိုင်ဘူးတဲ့…CHECK OUT TIME တင်မကဘူး… CHECK IN TIME ကော ရေးထားရတော့မယ်နဲ့တူတယ်…တကယ့် လူစုံပါပဲ..တခါမှ မဖြစ်ဖူးတဲ့ အထူးအဆန်းတွေချည်းပါပဲ…ထပ်ရေးပါဦးမယ်…၅၆၇၈၉တွေကို…ပထမဆုံးကောမန့်အတွက်လဲ ကျေးဇူးပါ…
ကထူးဆန်း
February 11, 2013 at 10:33 pm
Check In Time က ရေးရပြီလေ .. 2 pm ဆိုတာ ရေးရပြီ။ ကိုယ့်မှာ အခန်းရှိလို့ early check in ပေးတာ က သပ်သပ် ။ အခုလို အခန်းပြည့်နေတယ်ဆိုရင် Check out time 12:00 noon သာမက check in time 2:00 pm ဆိုတာ ရေးထားရတယ်လေ.. နိုင်ငံတစ်ကာ ဒီလိုဘဲလေ.. အရင် က လူ မရှိလို့ အလိုလိုက်ထားသမျှ အခု မပေးနိုင်တော့ greedy hotelier တွေပိုဖြစ်ကုန်တာပေါ့ .. .. :harr:
လုံမလေးမွန်မွန်
February 11, 2013 at 10:59 pm
အဲ့ဒါ တစ်ခါတစ်လေ ပေါက်ကွဲချင်တယ်… မြန်မာနိုင်ငံများ သိပ်အလိုလိုက်တယ်… group လေးများ ဖြစ်လိုက်တာနဲ့ တောင်းပေးပြီ.. early check-in / late check-out .. ရမှန်းသိတော့ မရရင် ဧည့်သည်တွေက အီလည်လည်လုပ်ကြ … သူတို့လည်း ကမ္ဘာပတ်လာတာပဲ.. international မှာ official check-in / check-out အတိုင်းလိုက်နာလာတာ.. ဒီကျမှ ရမှန်းသိလို့ လုပ်ချင်တာ.. မွန်မွန်တော့ အခုချိန်ထိ တစ်ခါမှ တောင်းမပေးဘူး.. သိပ်တောင်းဆိုလွန်းရင်တော့ ဖုန်းဆက်ပေးလိုက်တယ်.. လာလို့ ရပြီလား..မရသေးရင်လည်း ထပ်မမေးဘူး.. မရဘူးလို့ပဲ ပြန်ပြောပေးလိုက်တယ်…
service က သိပ်ကောင်းတယ်နော်.. ဟီး…
kyeemite
February 11, 2013 at 10:09 am
နိုင်ငံခြားဟိုတယ်တွေကတော့ ချက်အင်လုပ်တာနဲ့
ဒပို့စစ်မန်းနီးတင်ထားရတာပဲ.. :hee:
johnnydeer
February 11, 2013 at 11:08 am
ဟုတ်ပါ့…နိုင်ဂျံဂါးမှာတော့…ဒီမှာတော့ ဘွတ်ကင်လုပ်ထားရင် ဧည့်သည်က အသာစီးချည်းပဲ…ဟိုတယ်ကတော့ တမျှော်မျှော်ပေါ့…မလာဖြစ်တော့လဲ ဟုတ်တယ်..ဘာဖြစ်လို့…ညာဖြစ်လို့နဲ့ပဲ ပြီးသွားတာပါပဲ…ညံ့ဖျင်းလှတဲ့ ဘဏ်စနစ်ကိုပဲ အပြစ်တင်ရမလားတောင် မသိတော့ဘူး…
TheWinner
February 11, 2013 at 11:10 am
ရွာထဲမှာ ဟိုတယ်အင်အားတိုးပွားလာလို့ ဂုဏ်ယူမိပါတယ် ဂျွန်နီရယ်။
ကျွန်မတို့ဟိုတယ်မှာလည်း ဧည့်သည်က စိန်လက်စွပ်ပျောက်တယ်ဆိုပြီး အတင်းစွပ်စွဲ အတင်းရှာခိုင်း၊ အမှုဖွင့်ပေးပါမယ်ပြောတော့လည်း မဟုတ်။ နောက်တော့မှ သူထီးတင်တဲ့ ဘုရားဝင်းထဲမှာ ပြန်တွေ့တယ်တဲ့။။။
မရိုးနိုင်တဲ့ အဖြစ်အပျက်တွေ အများအပြားပါနော်။
လုံမလေးမွန်မွန်
February 11, 2013 at 10:52 pm
ဟီးး…ဘာရယ်မဟုတ်ပါဝူး.. agent side ဘက်က နည်းနည်းလောက် လျှာဝင်ရှည်မို့.. ဆဲတော့ မဆဲနဲ့နော်…
အခုတလော walk-in clients တွေရောက်လာတတ်တယ်.. ဒီက Sales ကလည်း သိပ်ရောင်းချင်ရှာပါတယ်..ပြောပေးလိုက်တယ်… ငါတု့ိနဲ့ Contract ချုပ်ထားတဲ့ 3*-4* ဟိုတယ်တွေက ဒီအချိန်ဆို အပြည့်ပါပဲလို့… 2* ဟိုတယ်တို့ ဟိုတယ်အသေးတို့ guesthouse တို့မှာတော့ အခန်းတွေရှိပါတယ်လို့..ဒါပေမယ့် သူတို့တွေက ငါတို့ကို contract မပေးသလို အခန်းတင်ရင်လည်း လက်မခံပါဘူးလို့.. ဒါပေမယ့် on the spot မှာဆိုရင်တော့ direct clients အတွက် အခန်းတွေရှိပါတယ်လို့… မင်းတို့တွေ ကိုယ့်ဘာသာအခန်းတင်တာက ပိုအဆင်ပြေမယ်ထင်ပါတယ်လို့..
ကိုဂျွန်နီရေ… ဟိုတယ်တွေကိုလည်း ကိုယ်ချင်းစာပါတယ်… direct service ဖြစ်တဲ့အတွက် ပြဿနာပေါင်းစုံကို အချိန်ပြည့် ဖြေရှင်းနေရမှာပါ… Tourism life ထက် hotel life က ပိုကျယ်ပြန့်ပြီး ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်.. နောင်ကျရင်လည်း အတွေ့အကြုံလေးတွေကို ဖတ်ချင်ပါတယ်လို့…
မောင်ပေ
February 12, 2013 at 12:26 pm
မြန်မာနိုင်ငံက ဟိုတယ်တစ်ဝက်ကျော်လောက်ရဲ ့လုပ်ပုံကိုင်ပုံ ဆက်ဆံရေးနဲ ့ပတ်သက်ပြီး
အီးဂဲလ်အဖွဲ ့ရဲ ့ ဟိုတယ်ကယ်လီဖိုးနီးယား သီချင်းလေးကို ကော်ပီလုပ်ဆိုလို ့ရပါတယ်
“ ဝဲကမ်းတူဒါ ဟိုတယ်ဗယုတ်သုတ်ခ ” ဆိုပြီး
kai
February 12, 2013 at 1:15 pm
အဲဒါမျိုးလေးတွေဖတ်ချင်သဗျာ…
လူနေမှုဘဝလေးတွေ.. ဟတ်ထင်နေတာမို့ပါ… :harr:
Mr. MarGa
February 12, 2013 at 6:06 pm
ဟူးးးးးးးးးးးဖတ်ပြီးမောသွားပြီဗျာ
ဟိုတယ် ဆိုတာက ဝန်ဆောင်မှု ပေးရတာမို့ ဧည့်သည် မကျေနပ်ရင် ရှင်းရတာ လွယ်ဘူးနော်
ဖတ်ကာ လေ မှတ်သွားပါတယ်ဗျာ
padonmar
February 12, 2013 at 11:27 pm
သိဖူးသမျှ ဂျပန်ဧည့်သည်တွေကတော့ Late Check out တောင်းဖို့ မပြောနဲ့၊ မနက် ဘရိတ်ဖတ်စ်စားပြီးကတည်းက အထုပ်ဆွဲပြီး ဟိုတယ်ကထွက် အလုပ်လုပ်၊အလုပ်ကနေ လေယာဉ်ကွင်းတန်းဆင်းကြတယ်။
လူမျိုး စရိုက်နဲ့ပဲ ဆိုင်မယ်ထင်ရဲ့။
…
ရန်ကုန်မှာလည်း ဧည့်သည်တွက် ဘွတ်ကင်လုပ်တာ ကိုယ်နဲ့ မသိတဲ့ ဟိုတယ်ဆို Deposit ပေးထားရပါတယ်။