ရွာထဲက တူ၊တူမလေးတို့တွက် လက်ဖွဲ့

padonmarFebruary 14, 20131min103460

တိုက်တိုက်နဲ့ အုပ်အုပ်၊

ဆူးနဲ့ သူ၏ကိုကို၊

လုလင်နဲ့ ချစ်ချစ်

ချာတူးလေးနဲ့ သူ၏မူပိုင်ရှင်

အာဂ နဲ့ နွယ်ပင်၊

ဖက်ဖက်ကက်နဲ့ အငယ်လေး

တုံတုံနဲ့ မောင်ကြေးအိုး၊ အပါအဝင်

တူတူမလေးတွေရေ

ဝါကျွတ်ကတည်းက ရွာထဲက အိမ်ထောင်ပြုမယ်လို့ သတင်းကြားတဲ့၊တစ်နေ့မှာ မျိုးဆက်သစ်မွေးထုတ်မယ့် တူတူမတွေကို

(ဦးကျောက်၊မောင်ဂီ၊မောင်ပေ၊ရှုံးလူ၊အလက်ဆင်း၊မောင်အံ၊စိန်ဗိုက်၊မောင်မတ်၊ကရင်စည်သူ၊နီပေပါ၊ကမ်းကြီး တို့နဲ့

ဝေဝေ၊သကြားလုံးကြော်၊မယ်ဆွိ၊မယ်ပု၊မွန်မွန်၊မိုးဇက်၊ပန်ပန်၊ရွှေအိ၊ငြိမ်းငြိမ်း၊လကဗျာ၊ရွှေကြည်၊Wow တို့လည်း ပါပါတယ်)

အန်တီသိတာလေး မျှဝေပေးမယ် စိတ်ကူးရင်း လက်နဲ့ ကီးဘုတ် မကပ်နိုင်တာရော၊

တစ်ခြား ရှေ့တန်းရောက်လာတဲ့ ရေးချင်စရာလေးတွေက နေရာယူသွားတာရောကြောင့် ဒီပို့စ်လေး မတင်နိုင်ဖြစ်နေပါတယ်။

ခုတော့ အကြွားသန်တဲ့ တိုက်တိုက် ကို ကွန်ကရစ် ကျူလိပ်ရှင်းရင်းနဲ့ သိမ်းထားရာက ဖုန်ခါ ထုတ်လိုက်ပါပြီ။

အခုရေးမယ့် ပို့စ်လေးက ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်းတရားတော်တွေ ထဲက ကောက် နှုတ်ချက်ပါ။

ရွှေ FM ကနေ တနင်္ဂနွေနေ့ နံနက်ခင်းတစ်ခုမှာ ကျောင်းအသွား ကားပေါ်မှာ အန်တီတို့ တူအရီး

ဒီတရားလေးနာခွင့်ရလိုက်တော့ သဘောကျလွန်းလို့ ကြုံတဲ့သူတိုင်းကို ပြန်ပြောပြဖြစ်ပါတယ်။

တူလေးကလည်း ၊ဒီတရားလေးကို လူအများသိအောင် share ပေးဖို့ အကြံပေးပါတယ်။

၁၅ မိနစ်စာ တရားတစ်ပုဒ်လုံးဆိုရင် ပို့စ်အနေနဲ့ ရှည်လွန်းမှာစိုးလို့ လိုရင်းလေးတွေ ဖြတ်ညှပ်လိုက်ပါတယ်။

အရှည်နာချင်ရင် တရားခွေ ဒါန လုပ်ပါမယ်။

အကျယ်ဖတ်ချင်ရင် Voice Journal ထဲလည်းပါဖူးတယ်။ ဆရာတော်ရဲ့ ဘဝဖြောင့်ကြောင်း တရားတော်များ စာအုပ်မှာလည်းပါပါတယ်။

ဆရာတော်က သူ့ကို သူ့အမေ ကိုယ်ဝန်ဆောင်ထားစဉ်

သူ့အဖေက ဖဲဝိုင်းတွေမှာ ဖဲလှည့်ရိုက်၊အမေက လိုက်ကြည့်ခဲ့တာကြောင့်

ဆရာတော် ဘုန်းကြီးမဝတ်ခင်ထိ ဖဲရိုက်တာကို မသင်ပဲတတ်ပြီး

ကျွမ်းကျင်နှစ်သက်နေခဲ့တဲ့ အကြောင်းနဲ့ ဆက်စပ်ပြီး အောက်က တရားကို ဟောပြပါတယ်။

လူဆိုတာ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသလို အမျိုးမျိုးရှိကြပါတယ်။

လူမျိုးမရွေး၊ ဘာသာမရွေး ၊ နေရာမရွေး များလိုက်တဲ့ လူတွေက ဘယ်လိုဒေသမှာနေနေ ၊ ဘယ်လိုနေရာမှာ နေနေ ၊ ဘယ်လိုအဆောက်အအုံမှာနေနေ ၊

လူတိုင်းလူတိုင်း နေခဲ့ကြရတဲ့ တူညီတဲ့ဒေသ ၊ တူညီတဲ့ နေရာ ၊ တူညီတဲ့အိမ်ဆိုတာတစ်ခုရှိတယ်။

အဲဒီအိမ်က ဘယ်အိ်မ်လဲဆိုရင် အမေ့ရဲ့ ဝမ်းဗိုက်လို့ ခေါ်တဲ့အိမ် ၊ ဝမ်းကြာတိုက်အိမ်ပဲပေါ့။

အဲဒီလူတိုင်း နေခဲ့ကြရတဲ့ အမိဝမ်းကြာတိုက်အိမ်နဲ့ ပက်သက်ပြီးပြောရရင် သဘာဝ တရားကြီးက တကယ့်အံ့ဩစရာပဲ။

မြတ်စွာဘုရားရှင်သော်မှ ဘုရားအဖြစ်ကို ရောက်တော်မူမယ့် နောက်ဆုံးဘဝမှာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော် မာယာဒေဝီတို့နှစ်ဦးရဲ့ သန္တာန်မှာ

မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ထဲမှာ ကိန်းဝပ်စံနေခဲ့ရသေးတာပဲ။

ဘုရားလောင်းဟာ အဖေ၊အမေတော်ရမယ့်သူကို ရွေးပြီးမှ လူ့ပြည်ကိုရောက်လာတယ်။

ကိုယ်ကရော လူ့ပြည်ဌာန လူ့လောကကို လာတုန်းက ကိုယ်နဲ့တော်စပ်ရမယ့် အဖေ အမေကို ရွေးပြီးမှလာတာလား။

အမေ့ဝမ်းကြာတိုက်ထဲက သားသမီးနဲ့အမေဆိုတာ ခန္ဓာကိုယ်ကသာ နှစ်ခုကွဲပြားလာပေမယ့် လောကသဘောနဲ့ပြောရင် တစ်ယောက်နဲ့တစ်ယောက်က ချက်ကြိုးနဲ့ဆက်နေတယ်။

အမေ့ဝမ်းကကျွတ်ပြီး ချက်ကြိုးကလေး ဖြတ်လိုက်တော့မှ ခန္ဓာကိုယ်က ကွဲသွားတာ။

စိတ်ဓာတ်ကလည်း အမေ့ရဲ့ စိတ်ဓာတ်ဟာ ဒီသား ဒီသမီး ဒီရင်သွေးမှာ ပါ၊မပါ စဉ်းစားကြည့်၊

ဒီအဖေ ဒီအမေရဲ့ ရုပ်ဓာတ်အဆက်ဆက်တွေမှာ ဒီအမေအဖေရဲ့ စိတ်ဓာတ်ပါ၊မပါ တွက်ကြည့်ပေါ့၊ပါတာပေါ့။

နောက်ထပ် အရေးကြီးတာ တစ်မျိုးအနေနဲ့ အိမ်ထောင်ပြုကြပြီဆိုရင်

သားသမီးရင်သွေးတွေ ကို လာချင်ရာလာ လက်ခံရမှာလား။

“ဒါမှမဟုတ် ကိုယ်ကရော သားသမီးကို ရွေးလို့မရဘူးလား” လို့မေးစရာ ပြောစရာ ရှိလာပါတယ်။

ကိုယ့်ဝမ်းကြာတိုက်ထဲကို နတ်ပြည်ကများ သားလေးသမီးလေးများ ရောက်လာပြီဆိုရင် အဲဒီ သားလေးသမီးလေးကြောင့်ကိုပဲ အောင်မြင်လို့တိုးတက်လို့ ၊

သူ့ဘုန်းသူ့ကံနဲ့ အမိအဖဖြစ်တဲ့ မိမိတို့မှာ စီးပွားတွေဖြစ်လို့ ၊ ကြီးပွားလို့ ၊ အောင်မြင်လို့ ၊ အိမ်တစ်လုံးပြီး တစ်လုံးရလို့ ၊ တိုက်တာ တွေရလို့ ၊

ဗြဟ္မာ့ပြည်ကလာတဲ့ သူတော်ကောင်းများဆိုရင် ပြောမနေနဲ့တော့ ။

ကလေးက ဝမ်းဗိုက် ထဲတင် ရှိသေးတယ် ၊ ဟိုဘက်အဘိုးအဘွားတွေ ၊ ဒီဘက်အဘိုးအဘွားတွေက သားသမီး မြေး အတွက် အသုံးအဆောင်တွေ ကစားစရာတွေကို အကုန်ဝယ်ပေးလို့ ။

“တို့မြေးလေးရလာပြီ” ဟေ့ဆိုပြီး အဘိုးအဘွားတွေက ပျော်လို့။

တစ်ချို့ဆိုရင် ဗိုက်ထဲမှာ သားသမီးရလိုက်တာနဲ့ကိုပဲ လင်မယားတွေ ကွဲကုန်တယ်။

စီးပွား တွေ ပျက်စီးကုန်တာလည်းရှိတယ်။ ဘယ်ကမှန်း ဘယ်လိုမှန်း မသိအောင် ပြဿနာတွေက ရောက်လာလိုက်တာ ၊

အခက်အခဲ မျိုးစုံတွေ ကြုံဆုံလိုက်တာ ငရဲကတက်လာတဲ့သူတွေ ၊ ပြိတ္တာဘဝက လူဖြစ်လာတဲ့သူတွေ ၊

ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် အပါယ်လေးဘုံက ကုသိုလ်ကံ အလွန်နည်းတဲ့သူတွေ ကိုယ့်ဗိုက်ထဲ ရောက်လာ သလားမှမသိ။

အဲဒီတော့ ကိုယ်ကသားသမီးရတနာကို ကိုယ့်ဝမ်းကြာတိုက်ထဲမှ ရောက်လာစေချင်ပြီ ၊ နေစေချင်ပြီဆိုရင်

ကိုယ့်သားသမီးကို ကိုယ်ကြိုက်တာ ခေါ်လို့ရတယ်။

သားသမီးတွေကလည်း ကိုယ်နဲ့တော်စပ်ရမည့် ဒီအဖေအမေကို ရွေးနိုင်တဲ့ အခွင့်အလမ်းရှိသလို ၊ မိဘကလည်း သားသမီး ရတနာတွေကို ရွေးနိုင်တဲ့အခွင့်အလမ်း ရှိပါတယ်။

လူမျိုးမရွေး ၊ ဘာသာမရွေး ကိုယ့်ဘာသာနဲ့ကိုယ် ယုံကြည်မှုဆိုတာ ရှိကြတာပဲ ၊ ကိုယ့်ကိုးကွယ်မှုဆိုတာ ရှိကြတာပဲ ၊

မိဘတွေက တကယ်လို့များ သားကောင်း သမီးကောင်းတွေကို ကိုယ့်ဗိုက်ထဲရောက်စေချင်တယ် ၊ ရစေချင်တယ်ဆိုရင်

ဘုန်းဘုန်းတို့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတိုင်း ပြောပြရရင်တော့ မင်္ဂလာဆောင်ပြီးကတည်းက ဥပုသ်စောင့်ကြပါလား ။

ဥပုသ်သီတင်းရက်တွေမှာ ရှစ်ပါးသီလတွေ ဆောက်တည်လို့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကောင်းတွေကို တတ်နိုင်သမျှမွေးလို့

ဟိုဘက်မိဘကိုလည်းချစ် ၊ ဒီဘက်မိဘကိုလည်းချစ်လို့ ၊ ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုးတွေ အပေါ်မှာလည်း ကိုယ်က စိတ်ကောင်းတွေ ထားပေးလို့။

အဲဒီလို နေရထိုင်ရ ဆက်ဆံရမယ်ဆိုတဲ့ အသိလေးများရှိသွားရင်ဘယ်လောက်ကောင်းမလဲ။

ကြားဖူးကြမှာပါ “ချင်ခြင်းတပ်တယ်” ဆိုတာဗိမ္ဗိသာရမင်းကြီးရဲ့သား အဇာတသတ်မင်း ကလေးဘဝက အမိဝမ်းထဲရောက်လာကတည်းကိုက “အဖေ့ရဲ့လက်မောင်းသွေးကိုဖောက်ပြီး သောက်ချင်တာ”တဲ့ ။

ဗိမ္ဗိသာရမင်းကြီးရဲ့ လက်မောင်းသွေးကို အမေဖြစ်တဲ့ ဇနီးမယားဖြစ်တဲ့ ဝိဒေဟီမိဖုရားကြီးက ဖောက်သောက်ချင်တာတဲ့။

အဲဒါကြောင့် အဲဒီလိုဆိုးတဲ့သူမျိုး ဘာလို့ ကိုယ့်ဝမ်းကြာတိုက်ထဲကို ပေးဝင်ခံမှာလဲ။

တချို့ကျတော့လည်း အမိရဲ့ ဝမ်းကြာတိုက်ထဲရောက်လာတာနဲ့ အမေက လှူချင်တန်းချင် စိတ်တွေ တဖွားဖွားပေါ်လာလိုက်တာ ၊

ပဏ္ဍိတသာမဏေရဲ့ အမေတို့ဆိုရင် ဒီသားဒီအမေရဲ့ ဝမ်းတိုက်ထဲ ရောက်လာတာနဲ့ တစ်ပြိုင်နက် လှူချင်တန်းချင်လိုက်တာ။

အရှင်သာရိပုတ္တရာ အမှူးရှိတဲ့ သံဃာတော်အရှင်မြတ် အပါးငါးရာကို ဆွမ်းတွေ လှူဒါန်းလို့ ဃနာနို့ဆွမ်းတွေ ခုနစ်ရက်၊ ခုနစ်လီ လှူဒါန်းလို့။ အဲဒါတွေက သာဓကသက်သေတွေပါပဲ။

အခုခေတ်မှာလည်း ဝမ်းဗိုက်ထဲမှာ လူတော်သားလေး ရောက်လာ ၊ လူလိမ္မာသမီးလေး ရောက်လာတာနဲ့ တစ်ပြိုင်နက်

အမေလုပ်တဲ့သူ အဖေလုပ်တဲ့သူမှာ အရင်က စိတ်ဓာတ်ဆိုးမျိုးတွေ “ဘယ်လို ပျောက်သွားမှန်းတောင် မသိကြပါဘူး” တဲ့ ။

စိတ်ဓာတ်တွေ ကောင်းသွားလိုက်ကြတာ ၊ မလှူဖူးခဲ့တဲ့ အလှူတွေလည်း လှူချင်နေကြတယ် ၊

လှူပြီးသားအလှူတွေလည်း လှူချင်နေကြတယ်၊ ဘုရားတွေ သွားဖူးချင်နေတယ် အမြဲတမ်း ဘုရားရှိခိုးချင်လာတယ်။

ဘုရားသောက်တော်ရေတွေ ကပ်ချင်နေတယ်။ ကုသိုလ်တွေကို အမျိုးစုံအောင်ကိုပဲ လုပ်ချင်နေလိုက်ကြတာ။

လောကမှာ မိဘနဲ့သားသမီးဆိုတာ ရှိတယ်။ တချိူ့က သားသမီးသာ မရှိရင်နေမယ်။

လူတို်င်းလူတိုင်းကတော့ မိဘဆိုတာ ရှိကြတယ်။

အမေဖြစ်မယ့် ပုဂ္ဂိုလ်တွေ ၊ အဖေဖြစ်မယ့်ပုဂ္ဂိုလ် တွေကလည်း သားသမီးကို အကောင်းဆုံးတွေထဲက ကြိုက်သလို ရွေးယူလို့ရတယ်။

သားသမီး ဖြစ်မယ့် သူတွေကလည်း အဖေအမေကို အကောင်းဆုံးဖြစ်အောင် ကြိုက်သလို ရွေးယူလို့ရတယ်။

အဲဒီအသိလေးသာရှိသွားရင် ဒီမိသားစုရဲ့ သားသမီးအစ ၊ ဒီမိသားစုရဲ့ဘဝအစ ဘယ်လောက်အထိများ

လောကကြီးမှာ အဆင်ပြေတိုးတက်အောင်မြင်အောင် ကြိုတင်စီမံလို့ရသလဲ ဆိုတာကို နားလည်လာမယ်။

အဲဒီလိုသိပြီး အဲဒီလိုနေရင် လူမျိုးမရွေး ဘာသာမရွေး

မိသားစုတွေ အားလုံးကောင်းရင် ၊

ရပ်ကွက်တွေ အားလုံးကောင်း ၊

ပြီးတော့ တစ်နိုင်ငံလုံး ၊

တစ်ကမ္ဘာလုံး ၊

တလောကလုံး ကောင်းလာမှာ သေချာပါတယ် ။

အဲသလို ကောင်းကျိုးချမ်းသာတွေရအောင်အထိ ဗုဒ္ဓမြတ်စွာရဲ့ တရားစာပေတွေက အားလုံးအတွက် ဆုံးမထားပါတယ်။

အဲဒီင်္ ဆုံးမချက်တွေကို တစ်ဆင့်ပြန်ပြီးတော့ အသုံးချနိုင်အောင် ပြောပေးထားပါတယ်။

လူတိုင်းလူတိုင်း ဘဝအစမှာကတည်းက ကောင်းလာပြီး ဘဝအသက်အရွယ် အပိုင်းအခြား တစ်လျှောက်လုံးမှာလည်း လမ်းကြောင်းတွေ ဖြောင့်မှန်လာပါလိမ့်မယ်။

60 comments

  • nozomi

    February 14, 2013 at 11:18 pm

    Voice မှာ အဲဒီဆောင်းပါးလေး ဖတ်မိပြီး
    ဘယ်အိမ်မှာနေချင်လဲ. ဆိုတဲ့ ပို ့လေး တင်ဖူးတယ်
    အရေးအသားကကောင်းတော့ ကိုကြောင်ကြီး ပေးတဲ့ ကွန်းမန် ့တစ်ခုပဲ ရတာလဲ အမှတ်တရပဲ

    အန်တီလေး ရေးတာ ဖတ်မိလိုက်မှ စဉ်းစားစရာတွေ ပို ရသွားပြီ
    ကျေးဇူးပါနော.
    ပေးတဲ့ လက်ဖွဲ ့လေး ယူသွားပါတယ်

    • padonmar

      February 14, 2013 at 11:32 pm

      ကိုနို
      ဘယ်အိမ်မှာနေချင်လဲ Link လေးပေးပါအုံး။
      ကျမလည်း မဖတ်မိလိုက်ဘူး။
      တွဲဖတ်ရရင် ပိုရှင်းမှာပါ။

  • ရဲစည်

    February 14, 2013 at 11:28 pm

    အဲ့ဒိကိစ္စ ပြောချင်တာကြာပီ …
    တီပဒုမ္မာ ..
    အနော့်ကို ကိုယ်ဝန်လွယ်စဉ်က အဖေက အသည်းရောင် အသားဝါဖြစ်လို့ အနော်မွေးပီး ၆လကျော်မှ တွေ့ခွင့်ရတယ် .. ဒီကြားထဲ ပါပါးဘာလုပ်နေလဲတော့မသိ .. အနော် ၁၆နှစ်ကျော်တော့ အရက်ကို မသင်ရဘဲနဲ့ အဲဗားဂလုတတ်နေပီ .. ပါရမီနဲ့ အထုံပြောဘာတယ် ဟိဟိ :harr:
    နောက်တာနော … အတည်ပြောကြည့်ပါ့မယ်
    ကျနော်လည်း အိမ်ထောင်ပြုချင်ပါတယ် … တပိုင်းကိုသေလို့
    နောင်ရေးကိုလည်း တွေးမိပါတယ် ခုအသက်က နှစ်ဆယ်ကျော်ဆိုတော့ စဉ်းစားတတ်ပါဘီ
    ဒါပေမဲ့ဗျာ ….
    ခုဒီပို့စ် ဖတ်ရတော့ ၃ဦး၃ဖလှယ်အတွက် အတွေးလေးတွေပေးထားတာ မြင်မိတယ်
    ဆိုတော့ …
    အနော့်အလှည့်က မရောက်သေးတော့ ဘာပြောရင်ကောင်းမတုန်း စဉ်းစားနေမိရဲ့
    ပြန်လာပါ့မယ် ….

    • ရဲစည်

      February 14, 2013 at 11:40 pm

      ဦးကျောက်၊မောင်ဂီ၊မောင်ပေ၊ရှုံးလူ၊အလက်ဆင်း၊မောင်အံ၊စိန်ဗိုက်၊မောင်မတ်၊ကရင်စည်သူ၊နီပေပါ၊ကမ်းကြီး
      ဝေဝေ၊သကြားလုံးကြော်၊မယ်ဆွိ၊မယ်ပု၊မွန်မွန်၊မိုးဇက်၊ပန်ပန်၊ရွှေအိ၊ငြိမ်းငြိမ်း၊လကဗျာ၊ရွှေကြည်၊Wow

      အစဉ်အတိုင်း ချတွဲကြည့်တော့ …
      အူးကျောက်နဲ့ မဝေ
      မောင်ဂီနဲ့သကြားလုံး
      မောင်ပေနဲ့ မယ်ဆွိ
      ရှုံးလူနဲ့မယ်ပုရှ်
      အလင်းဆက်နဲ့ မွန်မွန်
      အံကြီးနဲ့ မိုးZ
      ဆိန်ဗိုက်နဲ့ ပန်ပန်
      ကမတ်နဲ့ ယွှေအိ
      ကယင်စည်နဲ့ ညိမ်းညိမ်း
      အူးကြောင်နဲ့ လကဗျာ
      အူးမာဃနဲ့ ယွှေကြည်
      ကမ်းဂျီးနဲ့ ဝိုး … တန်..နန်..နန့်..တု..နန်
      အာဟိ .. :harr:
      ပြေးဘီဂျ .. စိတ်ဖောက်နေလို့ အတည်မန့်လို့ရသေးဘူး
      ပြန်လာပါ့မယ် .. တဂယ် :mrgreen:

      • padonmar

        February 15, 2013 at 12:13 am

        အမယ် သူက သူ့နာမည်တော့ ရှောင်ပြီး သူများတွေကို တွဲပေးသွားသေး။
        ကျုပ်က အတိတ်စိမ်းပေးတာကျနေတာပဲ။
        သွားမလုပ်နဲ့ ဒုသနသော တွေ ဖြစ်နေအုံးမယ်။

      • Ghi Ghi ThE KiD

        February 15, 2013 at 6:25 am

        ဟိုက် …ဘယ့်နှယ့် ပေါက်ကရ လာတွဲပေးထားတာဒုံး….
        တွဲချင်းတွဲရင် …အဟင်း…
        ပြောလော့ပါပူးလေ…
        စိတ်ထိခိယက်တွားဘီ

        :byae:

        • kai

          February 15, 2013 at 7:24 am

          hai (ဟိုက်) はい
          ‘Yes’ in Japanese..

      • Wow

        February 15, 2013 at 10:11 am

        အောင်မာ.. ကမ်းဂျီး နံရိုးလေး နာ့လာ ရန်တွေ့နေပါ့မယ်အေ…
        ငါ့မှာလဲ အခြောက်ယီးရှိသေးတယ်.. မဖြစ်ပါဝူး…
        မောင်ဂီက တော့ ဘာလာလာဆိုလား… :mrgreen:

      • ဦးကြောင်ကြီး

        February 15, 2013 at 11:17 am

        ဟုတ်ပူး…. လကဗျာနဲ့ သူ့အလုပ်က ဂျပွန်ဂျီး…။

      • ခိုင်ဇာ

        February 15, 2013 at 11:59 am

        အာတီ ဒုံ။
        သတိတယနဲ့ ပေးတဲ့ လက်ဖွဲ့(ခေါင်းစဉ်မို့ အဲ့ဂလို ပြောလိုက်တာ) အတွက် ကျေးဇူးတင်ပါဗျ။
        ဘဝမှာ ကြောက်ရတဲ့အထဲ ကလေးမွေးရခြင်းသည် ထိပ်ဆုံးကမို့ လယ်ဒီမိတ်ကိုပဲ ယူရမလား၊ Buy One Get One Free ကိုပဲ စဉ်းစားရမလားဖြစ်နေပါတယ်။
        :mrgreen:

        အော်မေ့ဂိုဏ်းထဲဝင်ဖို့တော့ ဒီ ဘဝဖြစ်နိုင်တော့ပါဘူးဗျာ။

        ကရဲစည်။
        မဒမ်ပေကြားရင် ………. ကျုပ်ပါးယားသတော့။

        :harr:

        • မောင်ပေ

          February 15, 2013 at 6:48 pm

          ဆွိလေးရယ်
          မဒမ်ပေ လုံးဝ မကြားစေ မသိစေရဖို ့
          ကိုကိုပေ တာဝန်ယူပါတယ်ကွယ်
          စိတ်ချလက်ချသာ တွဲလိုက်ကြရအောင်လား
          ဟီဟိ

  • padonmar

    February 14, 2013 at 11:36 pm

    နီပေပါရေ
    ကိုယ်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်သားသမီးလေးတွေကျရင် ဘဝလှလှပပလေးဖြစ်စေချင်တာချည်းပါပဲ။
    အဲတော့ မယူချင်လည်း ကျုပ်တို့လို အော်မေ့ဂိုဏ်းဝင်၊
    ယူချင်လည်း အဖေကောင်းအမေကောင်းဖြစ်အောင်နေကြပေါ့။
    အော် အမေ့တွက်လည်း သားလိမ္မာလေးဖြစ်ရင် ပိုကောင်းမှာပေါ့။
    (ကဲ ထုံးစံအတိုင်း လေရှည် မုန်းဟင်းခါး အကြော်စုံနဲ့ ကျွေးပြီ)

    • Foreign Resident

      February 15, 2013 at 6:13 am

      ” ယူချင်လည်း အဖေကောင်း အမေကောင်း ဖြစ်အောင် နေကြပေါ့ ”

      အဲဒီ အချက်ဟာ အရေးအကြီးဆုံး ပါပဲ ။

    • weiwei

      February 15, 2013 at 10:37 am

      အော်မေ့ဂိုဏ်းဝင်ဖို့ လျှောက်လွှာတင်ချင်ပါတယ် ..
      အရည်အချင်း ကြိုက်သလို စစ်ဆေးနိုင်ပါတယ် … :kwi:

      • MaMa

        February 15, 2013 at 8:24 pm

        ကိုယ့်ချင်းကိုယ့်ချင်းတွေမို့ လူကို ယုံကြည်ပြီးသား။
        ဒါပေမယ့် ကံကြမ္မာကို မယုံကြည်လို့ စောင့်ကြည့်ပါရစေအုံး။ :kwi:

  • ဦးဦးပါလေရာ

    February 15, 2013 at 12:21 am

    ကောင်းလိုက်တာ မပဒုမ္မာရေ-
    တကယ်တော့ ကျွန်တော်တို့ ဘာသာမှာ
    အဖြေ တွေ နည်းလမ်းတွေ အများကြီးရှိတယ်..။
    တကယ်တော့ အပြည့်အစုံရှိတယ်လို့တောင် ပြောနိုင်ပါတယ်။
    ကိုယ်က နားလည် သိမှတ်တတ်ဖို့ပဲ လိုတာပါ….။
    ကျွန်တော်တို့ဘာသာမှာ လူသားဟာ (သူများထင်သလို) ကံကြမ္မာရဲ့/တန်ခိုးရှင်ရဲ့/အခြားတစ်စုံတစ်ရာရဲ့ အစီအမံ အပြဌာန်းခံမဟုတ်ပါဘူး…
    ကိုယ်တိုင် ကိုယ့်ကံကြမ္မာကို စီစဉ်ဖန်တီးနိုင်တာပါ။
    ကိုယ်ကိုယ်တိုင်က ဖန်ဆင်းရှင်ပါ..

  • padonmar

    February 15, 2013 at 12:33 am

    ငှက်ကထကြီး ပျောက်နေတာကြာပေါ့။

    ဟုတ်တယ်ဦးပါရေ။
    ကျမတို့ ဗုဒ္ဓဘာသာက ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင် ပါ။
    ကိုယ်လုပ်ကိုယ်ခံ ၊ကိုယ်လုပ်ကိုယ်စံပါပဲ။

    • kai

      February 15, 2013 at 4:23 am

      ရှေ့ဘဝကကိုယ်လုပ်သမျှ.. ဒီဘဝကိုယ်ခံရသတည်းဆိုတဲ့.. အတွေးဖယ်လိုက်နို်င်တော့.. တခြားဘာသာကြီးတွေနဲ့.. သဘောတရားအရ.. မတူဘူးဖြစ်သွားမှာပါ…..
      ကိုယ်ကဘာမှလုပ်မရ..ဖန်တီးလို့မရ.. ထိမ်းချုပ်မရတဲ့.. ဘာမှန်းမသိတဲ့ ရှေးဘဝကံဆိုတာကြီး.. လွှဲချလက်ညိုးထိုးတတ်နေရင်တော့.. တခြားဘာသာတွေနဲ့ နာမယ်တတ်ထားတာသာမတူမယ်.. သဘောတူတူဖြစ်မှာပါပဲ..။ :harr:
      =
      ဆိုတော့…
      အောက်ကဆောင်းပါးလေး. ဖတ်ပါနော..
      ကိုယ်ဝန်ရှိပြီဆိုရင်.. ဗိုက်ကို (သေချာပေါက်) ဆရာဝန်ဆီအပ်ပါ..။
      ဆရာဝန်ပြောတာနားထောင်လိုက်နာပါလို့ပဲ.. အမေရိကားကနေ.. လက်ဖွဲ့.. လက်ဆောင်ပေးချင်ကြောင်း… ဆရာဝန်အမတော်ပဒုမ္မာကို ကျော်ပြီး.. ပြောလိုက်ရပါကြောင်း…။ :kwi:

      =
      Women’s Health During Pregnancy
      Giving good prenatal care

      Taking care of your baby’s health during pregnancy is just as important as taking care of your child after she’s born. Schedule regular prenatal checkups throughout your pregnancy.

      Follow your doctor’s guidance on diet, exercise and wellness. General guidelines include:

      Take your prenatal vitamins every day. They can help prevent birth defects and nourish your baby.
      Maintain a healthy weight. Talk to your doctor about how much weight you should gain during your pregnancy.
      Don’t use drugs, drink alcohol or smoke. It’s best for your baby.
      Be careful with medicine. Consult your doctor about prescriptions and over-the-counter medications.
      Get plenty of rest and sleep. If you feel tired, get some rest. Don’t push yourself to maintain your usual pace.

      Eating healthfully for your baby

      When you’re pregnant, what you eat affects you and your baby. You provide the vitamins and minerals that help your baby grow and develop. Get off to a good start by taking in the right nutrients.

      Folic acid helps prevent birth defects. Get it from:

      Green leafy vegetables, such as spinach
      Orange juice
      Fortified foods, including cereals and breads
      Black beans
      Nuts
      Black-eyed peas

      You also need 1,000 mg of calcium each day – equal to two to four servings of dairy. Ask your doctor if you plan on taking calcium supplements.
      ..
      http://www.uhc.com/source4women/health_topics/pregnancy.htm

  • သကြားလုုံးကြော်

    February 15, 2013 at 7:13 am

    ဟင်းနော် ဟင်းနော်… သူများကိုု အဲသည်လိုု ရွေးကျန်ကြီး ဥကျောက်တိုု့၊ အသီးကွဲ ဂီဂီတိုု့ နဲ့ တဂိုုဏ်းထဲ မထည့်ရဘူးနော်။ မီးမီးက ဗယ်လင်တိုုင်းဒေးမှာ အားကျမခံ စုုံတွဲခုုတ်လိုု့ရတယ်။

    တရားလေးကကောင်းပါရဲ့။ ဒါပေမဲ့ မကျွေးနိုုင်ဘဲမွေးထားတဲ့ (ခရက်ဒစ်တူ ကိုုအာဂ) သူများကလေးတွေကိုု အန်ဂျလီးနားဂျိုလီလိုု မွေးစားရင်ရော ဒီတရားက ဘယ်လိုုသက်ရောက်ပါသလဲ။ မိဘ မရှိတော့လိုု့၊ မကျွေးနိုုင်တော့လိုု့၊ မလိုုချင်လိုု့ ပစ်ခံရတဲ့ ကံမကောင်းတဲ့ ကလေးတွေဟာ နတ်မျက်စိနဲ့ ကြိုကြည့်ပြီး မိဘရွေးလာပုုံ မပေါ်ဘူး။ သူတိုု့ကိုု သနားလိုု့ လူသားချင်းစာနာတဲ့ စိတ်နဲ့ မွေးစားချင်တဲ့ သူတွေက ကိုုယ့်ဒုုက္ခကိုုယ်ရှာပြီး ငရဲကလေးတွေကိုု မှ တမင် ရွေးယူလိုုက်သလိုုဖြစ်မနေဘူးလား။ ဒါဆိုု သူတိုု့ကိုု ဒီလိုုစိတ်ကောင်းမျိုးတော့ ချွင်းချက်အနေနဲ့ မထားပါနဲ့လိုု့ ပြောရမလား။

    • padonmar

      February 15, 2013 at 9:07 pm

      ချိချိုကြွပ်ကြွပ်လေးရေ(အန်ကယ်ဂျီးလို လုံးလုံးပဲခေါ်လိုက်ရမလား)
      သူများကလေးဒုက္ခသည်တွေကို မွေးစားတာ ကိုယ့်ဒုက္ခကိုယ်ရှာတယ်လို့ မပြောပါဘူး။
      အပါယ်ဘုံကလာတဲ့ ကလေးတွေဟာ ကြုံရာမိဘဝမ်းကြာတိုက်ကို ဝင်တတ်တယ် ဆိုတော့ မိဘကလည်း အကုသိုလ်တွေ လုပ်နေမယ်။ကလေးရဲ့ အကုသိုလ်ကံအကျိုးပေးကလည်း မိဘတွေ တကွဲစီကြားမှာ စိတ်ဒုက္ခ လူဒုက္ခ ခံရစရာ ရှိမယ်ဆိုရင်
      အာဂ ပြောထားတဲ့ အမေနှိပ်စက်တာခံရတဲ့ ကလေးလိုဖြစ်နေမှာပေါ့။

      မိဘရော သားသမီးရော ဆင်းရဲတွင်းက မထွက်နိုင်ကြတာ သူတို့ရဲ့ ပစ္စုပ္ပန်ကံတွေ ကလည်း ကောင်းတာ မလုပ်ကြလို့ပါ။
      အကုသိုလ်ချင်းထပ်နေကြတယ်လို့ ပြောချင်ပါတယ်။

      လူဖြစ်တယ်ဆိုတာကိုက ကုသိုလ်ရဲ့ အကျိုးပါ။
      အစမထင် သံသရာမှာ ပြုဖူးတဲ့ ကံတွေက အကြောင်းတိုက်ဆိုင်ရင် အကျိုးပေးတတ်ကြပါတယ်။
      သူပြုဖူးတဲ့ ကုသိုလ်ကံတစ်ခုခုရဲ့ အကျိုးပေးချိန်တန်တဲ့အခါ ကောင်းကောင်းမွန်မွန်မွေးစားမယ့် ဂျိုလီတို့လို မွေးစားမိဘလက်ထဲရောက်ရတတ်တာပေါ့။

      ပန်းသီးဖခင်ကြီး စတိဗ်ဂျော့ကြည့်ပါလား။
      ကောင်းတဲ့ မွေးစားမိဘလက်ကိုရောက်တယ်။
      အဲဒီမွေးစားမိဘတွေရဲ့ ကျေးဇူးကြောင့် ပညာတတ်ဖြစ်တယ်။
      သူ့ရဲ့ ပစ္စုပ္ပန်ကြိုးစားမှုကံကြောင့် ကမာ္ဘကျော်ဖြစ်ရတယ်။
      (ပစ္စုပ္ပန်အလုပ်က အဓိကပါလို့ ပြောချင်ပါတယ်။)

  • အလင်းဆက်

    February 15, 2013 at 7:51 am

    ဝိုးးးးးးးးးးးးးးးးးးးးးးးး

    သိပ်ကောင်းတဲ ့ လက်ဖွဲ ့…

    အန်တီရေ….
    သားသား.အလက်ဆင်း
    ချစ်တုဝေ.လေးနဲ ့……မင်ဂါဆောင်ပြီးရင်လည်း..
    အဲဒလို…လက်ဖွဲ ့လေး..ထပ်ပေးဦးနော် .။
    :kwi:.

  • Ghi Ghi ThE KiD

    February 15, 2013 at 7:57 am

    ၂၀၁၃ နိုဝင်ဘာ ၁၄ နှင့် ဒီဇင်ဘာ ၁၄ကြားတွင် အိုဂျီများ သားဖွားခန်းများ
    အလုပ်များ လတ္တံ့ ။

    ဤကား မြားနတ်မောင် ၏ အလိုတော် တည်း။

    Copied..

    :harr:

    • padonmar

      February 15, 2013 at 10:30 pm

      သကြားလုံးကြော်ရဲ့ မေးလိုရင်းကို ဖြေတာ မထိရောက်ဘူးထင်တယ်။
      လိုရင်းပြောရရင် ကလေးမွေးစားလို့ /ကလေးလေး မွေးလာလို့ ဂြိုလ်ကောင်လေးကြောင့် စီးပွားပျက်ရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။
      ကလေးရဲ့ ရွေးချယ်ခွင့်မရှိတဲ့ အတွက်ကြောင့် ကောင်းတဲ့ မိဘဆီမရောက်ပဲ၊ကွဲမယ့် ကွာမယ့် စီးပွားပျက်မယ့်ဆီပဲရောက်ရတယ်လို့ ပြောချင်တာပါ။
      မိဘစီးပွားပျက်တာ မိဘကံရော မိဘလုပ်စာပဲစားရမယ့် သားသမီးကံနဲ့ရော ဆိုင်ပါတယ်။

  • အလင်းဆက်

    February 15, 2013 at 8:20 am

    အမ်…
    ကျွန်တော်..စောစောက ပေးထားတဲ ့ ကွန်မန် ့ ဘယ်ရောက်သွားလဲ

  • weiwei

    February 15, 2013 at 8:35 am

    တရုတ်လူမျိုးတွေက သူတို့ရဲ့မျိုးဆက်သစ်အတွက် အကောင်းဆုံးပြင်ဆင်ကြတယ် … တစ်ယောက်ထဲမွေးမှာဆိုတော့ အချိန်ယူပြီး သေချာပြင်ဆင်တယ် … ကလေးမွေးတော့မယ် ဆုံးဖြတ်ပြီးတာနဲ့ အမျိုးသမီးက သားအိမ်ကိုစစ်ဆေးပြီး သန့်ရှင်းအောင်လုပ်တယ် … အမျိုးသားက အရက် ဆေးလိပ်စတာတွေကို ဖြတ်တယ် … တတ်နိုင်သလောက် အကောင်းဆုံးစောင့်ရှောက်မှုပေးထားတော့ ကလေးလေးတွေက ဝဝကစ်ကစ်နဲ့ကျန်းမာရေးကောင်းကြတယ် …

  • ဦး ကျောက်ခဲ

    February 15, 2013 at 8:43 am

    ဇာတိပိသဍေဆိုတာ ဟုတ်မယ် အန်တီပဒုမ္မာရေ

    မောင်ကျောက်အဖွားက အဖေ့ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဗိုက်နာနေတာကို ပိုကာဝိုင်းမှာဖဲကောင်းလို့ဆိုပြီး မထတန်းရိုက်ပါသတဲ့…
    အဲ… နောက်ဆုံးတော့ မွေးခန်းထဲဝင် အဖေ့ကိုမွေးပြီး မီးတွင်းထဲမှာတင် ကွယ်လွန်သွားတာပါ…
    အဖေ့ကို သူ့ရွာက ငယ်နာမည် “ဖိုးကတ်” လို့ခေါ်ကြသလို၊ အဖေက ဖဲရိုက်တာ မသင်ပဲတတ်ပါတယ်…
    အဖေက ဖဲရိုက်တာဝါသနာလည်းမပါသလို စိတ်နာလို့နဲ့တူပါရဲ့ ဖဲဝိုင်းဘေးတောင်မထိုင်ပါဘူး…
    အဟီး… မှတ်မှတ်ရရကတော့ အဖေ့ပိုက်ဆံနှိုက် အရင်းထောင်ပြီးရိုက်ရင် အမြဲနိုင်တတ်တာပါ…

    အဲ… သားသမီးရတနာကတော့ ပွါးစည်းစရာမရှိလို့ တူမများကိုပဲ စောင့်ရှောက်ရမှာပါ…
    ကျေးဇူးတင်ပါတယ် အန်တီပဒုမ္မာခင်ဗျာ။

    စာကြွင်း။ ။ ကရဲစည် ခင်ဗျား ကျုပ်ကိုပြေးပေါက်မှားအောင် လာလုပ်နေပြန်ပြီ…
    တူမ သကြားလုုံးကြော်ကိုလည်း ဂိုဏ်းဝင်ဖို့ ဖိတ်ပါရစေ… ဟီ ဟိ

  • moonpoem

    February 15, 2013 at 8:48 am

    အန်တီပဒုမာရဲ ့ပိုစ့်လေးကို ဖတ်ရချိန်မှာ ဪ..အခု ငါ့မိဘနဲ ့တွေ ့ခွင့်ရတာ ကံကောင်းလို ့ပဲ လို ့တွေးမိပါတယ်။ သူတို ့တွေ သားသမီးကို ရွေးခဲ့တာ မှန်မမှန် မသိပေမယ့် ကျွန်မကတော့ အတိတ်ကံကောင်းခဲ့လို ့မိကောင်းဖကောင်းဆီမှာ ဝင်စားရတယ်လို ့ပဲ မှတ်ယူပါတယ်။

    • padonmar

      February 15, 2013 at 10:54 pm

      ကိုယ်တွေ့တွေနဲ့ အားဖြည့်ပေးတဲ့
      ဝေဝေ၊ဦးကျောက်၊လကဗျာ တို့ကို ကျေးကျေးပါ။

  • ရွှေတိုက်စိုး

    February 15, 2013 at 8:51 am

    အန်တီရေ..
    အခုပို.စ်လေးက အရမ်းကို ကောင်းပါတယ်ဗျာ….
    ကျွန်တော်အတွက်လဲ စဉ်းစားဆင်ခြင် ကြိုတင်ပြင်ဆင်စရာတွေ အများကြီး သိလိုက်ရတယ်..
    ဒီလက်ဖွဲ.လေးကို အမြတ်တနိုးနဲ. လေးလေးစားစားဖတ်သွားပါတယ်ခင်ဗျ……

    • ရဲစည်

      February 15, 2013 at 11:28 am

      ယွှေတိုက်
      နင်မွေးတဲ့ ကလေးက ယောင်္ကျားလေးဆို ဘုန်းကြီးဖြစ်မှာ ….
      မိန်းကလေးဆိုရင်လဲ မယ်သီလရှင်လေး ဖြစ်မှာ ….
      ဘာလို့လဲ ဆိုတော့ …….
      မပြောတော့ဘူး ကွိကွိ :harr:

      • ရွှေတိုက်စိုး

        February 15, 2013 at 1:35 pm

        အောင်မာ အောင်မာ……
        သများသားသမီးကို ဘုန်းကြီးလေး ဘာလေးနဲ…
        ဖြစ်ဖြစ်အေ……… ညည်းလို ရဲရဲတောက်စည်ဖက် ပြီး တကိုယ်တည်း လဗျိုဂျီး မဖစ်ပီးဒါပဲ..ဟွန်.
        မုန်းထာအေ………

  • kyeemite

    February 15, 2013 at 8:59 am

    စိတ်ကောင်းနှလုံးကောင်းရှိတဲ့ မိဘတွေဆီတော့
    သားကောင်းသမီးကောင်းလေးတွေလာမှာအသေအခြာပါပဲ…
    ပီးတော့ ငယ်စဉ်ကပင် အပြုစုမှန်ပါမှ အပင်လေးတွေ
    ထူးထူးခြားခြား ရှင်သန်နိုင်မှပါ…မိဘဆိုတာက လက်ဦးဆရာတွေမဟုတ်ပါလား..
    အားပေးသွားပါတယ် ငှက္ကဋ္ဌကြီးခင်ဗျ.. :hee:

  • weiwei

    February 15, 2013 at 9:14 am

    ကိုယ်ဝန်ဆောင်ချိန်မှာ ထပ်ခါထပ်ခါပြုခဲ့တဲ့ မိခင်ရဲ့အပြုအမူတွေဟာ သားသမီးဆီ ကူးစက်တယ်ဆိုတာ သေချာပါတယ် … ကျွန်မသူငယ်ချင်းတစ်ယောက်အမေက သူ့ကိုယ်ဝန်ရှိတုန်းက ပဌာန်း၊ ပရိတ်ကြီး ၁၁ သုတ် စတဲ့ ဘုရားစာတွေကို အချိန်တိုင်းရွတ်ဖတ်တယ်တဲ့ … အဲဒါကြောင့် သူက ဘုရားစာတွေကို အလိုလိုရပြီးသားဖြစ်နေတယ် …
    ကျွန်မအမေတုုန်းကတော့ ကျွန်မကိုကိုယ်ဝန်ဆောင်ထားစဉ် တစ်ရက်မပြတ် ငိုခဲ့ရပါတယ်တဲ့ … ၂ ဖက် မိဘ သဘောမတူတာကို ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းဇွတ်ယူခဲ့မိတဲ့ဒုက္ခပေါ့ … အဲဒါ … ကျွန်မက အခုအရွယ်အထိ ထစ်ကနဲရှိရင် မျက်ရည်အရင်ကျတတ်ပြီး အလွန်အားငယ်တတ်တဲ့စိတ် မွေးရာပါ ပါလာခဲ့တယ် …

  • surmi

    February 15, 2013 at 10:04 am

    အင်းးးး ကျနော်ကတော့အိုဗာဒိတ်ကြီးဖြစ်သွားတော ့ လက်ဖွဲ ့မရတော ့ဘူးပေါ ့နော် ….
    ကဲဗျာ ကိုယ်ကပဲ ရောယောင်ပြီး လက်ဖွဲ ့ပေးလိုက်တော ့မယ် 🙂
    ကိုယ်ဝန်ဆောင်စဉ်မှာပြောသွားတာလေးတွေက မှတ်သားဖွယ်မို ့မှတ်ယူရင်း
    နောင်လာနောက်သားများအတွက် ကူးသွားပါတယ်
    အခု သူများပြောလို ့ကြားဖူးထားတာလေးက ဒီလိုပါ …..
    မွေးပြီးစမှ အရွယ်ရောက်တဲ ့ထိတိုင်အောင် ကလေးတွေရှေ ့မှာ
    မသင် ့တော်တဲ ့အပြုအမူ အပြောအဆို တွေကိုရှောင်ဖို့ ့ပါ တဲ ့
    ကလေးက အတုယူလွယ်လို ့ဖြစ်ကြောင်းဆိုပါတယ် ။
    တနည်းအားဖြင် ့ သက်ဆိုင်ရာ ကိုယ်ကိုးကွယ်တဲ ့ ဘာသာအယူအဆနဲ ့
    ပြုကျင့်ဖွယ် အလေ ့အကျင် ့တွေကိုလုပ်ပြ ရင်လည်း ကလေးမှာ
    အဲဒီသဘောတရားနဲ ့ အလေ ့အထတွေ အတုယူကူးစက်တတ်ပါတယ် ။
    ဒါတွေဟာ ဘယ်လိုကိုးကွယ်မှု ဘာသာဖြစ်စေ ပြုအပ်ပါတယ် ။
    ဒီနေရာမှာပြောချင်တာလေးက…..
    ကျနော်တို ့ ဗုဒ္ဓဘာသာ ထက်စာရင် အခြားဘာသာများက သူတို ့ရဲ ့မျိုးဆက်ကို
    ဆင် ့ပွားပုံသွင်း လမ်းကြောင်းပြတဲ့နေရာမှာ ပိုသာပါတယ် ။
    ကျနော်တို ့အတုယူ ရမှာပါ ။
    လက်ဆင် ့ကမ်းအယူသည်းမှုတွေကင်းတဲ ့ ဗုဒ္ဓရဲ ့ ဓမ္မ စစ်စစ်ကိုပေါ ့ ။
    တကယ်တော ့ မိဘဆိုတာ ကလေးရဲ ့ ဦးနှောက်ထဲက ဆော ့ဖ်ဝဲတွေရဲ ့
    ပထမဆုံး ပရိုဂရမ်မာ ပဲမဟုတ်လား …….

    • padonmar

      February 15, 2013 at 11:07 pm

      ကိုယ်တွေ့တွေနဲ့ အားဖြည့်ပေးတဲ့
      ဝေဝေ၊ဦးကျောက်၊လကဗျာ တို့ကို ကျေးကျေးပါ။

      ဦးကြီးမိုက်၊ကိုဆာမိ
      မိဘဆိုတာ လက်ဦးဆရာ၊
      ကိုယ့်သားသမီးရဲ့ အသိအလိမ္မာတိုးဖို့ မိဘတာဝန် ဆိုတာတွေ သဘောတူပါတယ်။
      သူများဘာသာတွေရဲ့ သင်ကြားပုံနည်းစနစ်တွေကို အတုခိုးရမယ်ဆိုတာ အမှန်ပါပဲ။
      ကျမတို့ ဘာသာမှာတော့ ဘုန်းကြီးနဲ့ စကားမပြောတတ်တာ ဂုဏ်ယူစရာလိုဖြစ်နေတယ်။
      မိဘတွေကိုယ်၌က ဘာသာရေးအသိမှာ နတ်အုန်းကြောက်တဲ့ အသိလောက်ပဲ ရှိတော့ ကလေးတွေကနေပြန်စပြီး သင်ပေးနေကြရပါတယ်။
      နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွေမှာလည်း အမည်ခံမဟုတ်ပဲ ကလေးတွေကို စိတ်ကောင်းစေတနာကောင်းမွေးတတ်ဖို့ သင်ပေးကြဖို့လိုပါတယ်။
      အရွတ်သာသင်နေရင် အသားမပါဘူးဖြစ်ပါမယ်။
      အဲ လမ်းလွဲကုန်ပလားမသိဘူး။

  • Wow

    February 15, 2013 at 10:19 am

    အန်ကယ်ဒုံရဲ့ လက်ဖွဲ့လေးကို တလေးတစားမှတ်သွားပါတယ်ရှင့်…
    ကိုယ် ၂ နှစ်လောက်ထဲက အမေနဲ့ အမေက ကွာရှင်းကြတာမို့… Wow ကတော့ နတ်ပြည်တို့ ဘာတို့က လာတာတော့ မဖြစ်နိုင်လောက်ဘူးနော်…
    ဖြစ်ချင်းဖြစ် ခွေးဖြစ်လောက်တယ်.. ရပ်ကွက်ထဲ အသံချဲ့စက်သံတွေကြားရင် အသကုန်အော်ဆဲချင်တာ :mrgreen:

    • padonmar

      February 15, 2013 at 9:17 pm

      Wow လေးရေ
      ဘယ်ကလာတယ်ဆိုတာက တကယ်တော့ အရေးမကြီးပါဘူးကွယ်။
      ကိုယ်ဘယ်ကို သွားမှာလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
      သက်ရှိသတ္တဝါတိုင်း အစမထင် သံသရာ တစ်ခွင်မှာ ၂၆ဘုံ ကျင်လည်နေကြရတာဆိုတော့ ငရဲမရောက်ဖူးတဲ့သူမရှိပါဘူး၊
      လူ၄မျိုးရှိပါတယ်
      အမှောင်ကလာ-အမှောင်ကိုသွား
      အမှောင်ကလာ xအလင်းကိုသွား
      အလင်းကလာ -အလင်းကိုသွား
      အလင်းကလာ- အမှောင်ကိုသွား
      အရေးကြီးတာ ဘယ်ကလာလာ အလင်းကိုသွားအောင် လုပ်လို့ရပါတယ်။
      လူ့ဘဝဆိုတာ ဘဝပဒေသာကြီးပါတဲ့ ၊ကိုယ်သွားချင်ရာကိုရောက်အောင် လုပ်ယူလို့ရပါတယ်။
      အဲဒါ ဗုဒ္ဓဘာသာရဲ့ အနှစ်ပါ။

  • Moe Z

    February 15, 2013 at 10:21 am

    လူကြီးတွေပြောတတ်တဲ့စကားလေး “‘ဒီအမေကမွေးရင် ဒီသမီးပဲထွက်မှာပေါ့တဲ့” မှန်တယ်ထင်တယ် မိုးစက်ကမေမေနဲ့သိပ်တူတယ် ရုပ်ရောစိတ်ရော …
    နောက်မျိုးဆက်အတွက်လည်း အတတ်နိုင်ဆုံး အကောင်းဆုံးပုံဖော်ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်
    အန်တီပဒုမ္မာရေ တန်ဖိုးရှိတဲ့လက်ဆောင်(လက်ဖွဲ့လို့ပြောလို့မရသေးလို့)လေးအတွက် ကျေးဇူးပါရှင့်..

  • ဦးကြောင်ကြီး

    February 15, 2013 at 10:24 am

    သဂျီးဦးခိုင် ဘယ်ပြည်က လာလဲသိဝူနော်…. :eee:

    • padonmar

      February 15, 2013 at 9:20 pm

      သူကြီးမိဘတွေက
      သူ့အမေနာရေးမှာရေးတဲ့ ကဗျာတွေအရ
      ကြင်နာတတ်တဲ့ တစ်ဦးနဲ့ တစ်ဦးဖေးကူတတ်တဲ့ ဇနီးမောင်နှံဆိုတော့
      သူကြီးဘယ်ကလာမလဲ မှန်းလို့ရပါတယ်။
      သူဘယ်သွားမလဲတော့ သူ့မေးမှသိမယ်။

  • ဆူး

    February 15, 2013 at 10:33 am

    ဒီတရားကို ဆူး ရွှေFM က တဆင့် ကြားဖူး နာဖူးပါတယ်။
    သဘောကျ နှစ်သက်မိပါတယ်။ အန်တီ ရဲ့ စေတနာ ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စွာ လက်ခံရရှိပါတယ်။

    ၁၉၈၂ မှာ ဆူး ရဲ့ အဘွား (အဖေ ရဲ့ အမေ) ဆုံးသွားပါတယ်။
    ဆူး ကို ၁၉၈၃ နှစ်ကုန်ပိုင်းမှာ မွေးပါတယ်။
    အဘွားဆုံးပြီး မကြာခင်မှာ အဖေ က ထူးဆန်းတဲ့ အိပ်မက် တခု မက်ခဲ့တယ်။ အဖေ နဲ့ အမေ ထမင်းစားတဲ့ ထမင်းဝိုင်း ကို အဘွားက အတင်းတိုးဝင်ပြီး ငါလည်း စားမယ် ဆိုပြီး နေရာ ဝင်လုထိုင်ပါတယ်။ ဘေးနားက တယောက်ယောက်က ဆင်လေး ရမှာ ဆိုပြီး ပြောသံကြားလိုက်ပါတယ်။ အဲ့လို အိပ်မက် မက်တဲ့အတွက် အဘွားလာတော့မယ် ထင်တယ်လို့ အဖေ က ပြောပြီး မကြာခင်မှာ အမေ ကိုယ်ဝန် ရှိလာခဲ့ပါတယ်။ မွေးလာတော့လည်း ဗုဒ္ဓဟူး သမီး ဖြစ်နေတော့ အဖေ ကလည်း အဘွား ဝင်စားတယ်ဆိုပြီး အရမ်းကို ယုံကြည်တယ်။ ဖခင် ရဲ့ ချစ်ခြင်း အပြည့်အဝ ရရှိခဲ့ပါတယ်။

    သားသမီးနဲ့ မိဘ ဆိုတာ အတိတ်က ရေစက်ရှိလို့ ရောက်လာကြတာပါ။
    မိဘ နဲ့ သားသမီး ဖြစ်နိုင်လောက်တဲ့ ကုသိုလ် အကုသိုလ်တွေ ရဲ့ အကျိုးဆက်ကြောင့် သက်တမ်း တခုပြီး တခု အရှေ့လူ သွားလိုက် နောက်လူ လာလိုက်နဲ့ သံသရာကြီး လည်ပတ်နေကြရပါတယ်။
    စာထဲတွေမှာတော့ မြတ်စွာဘုရား တရားသွားဟောတဲ့ အဘိုးကြိး အဘွားကြီးက တရားတိုတိုဟောပါ ဆိုပြီး တိုတို ဟောခိုင်းတဲ့ အဘိုးကြီး အဘွားကြီး လင်မယားနဲ့ ဘဝ ၅၀ဝ မိဘ နဲ့ သားသမီး တော်ဖူးတယ် ဘာညာနဲ့ ဖတ်ဖူး ကြားဖူးတာတွေ ရှိပါတယ်။ တရားတိုလွန်းလို့ ရှင်သာလိပုတ္တရာ အရှင်မြတ်က လိုက်ပြီး ရှင်းပြယူရတဲ့ တယ် ဆိုပြီး တရားမှာ ကြားဖူးပါတယ်။

    လေပေါတာ များသွားပြီနော်..

    • padonmar

      February 15, 2013 at 9:24 pm

      ဆူးပြောတာ နကုလပီတာ နကုလမာတာ ဖြစ်မယ်။
      မြတ်စွာဘုရားနဲ့ ဘဝ ၅၀ဝ မိဘ၊ဘဝ ၅၀ဝ ဘကြီးမိဒွေး တော်ခဲ့တယ်လို့ ဆိုပါတယ်။
      ဒါကြောင့် မြတ်စွာဘုရားကိုမြင်မြင်ချင်း သားကြီးကို မတွေ့ရတာ ကြာပြီဆိုပြီး ဖက်ငိုကြတယ်လို့ ဆိုပါတယ်။

  • မိုချို

    February 15, 2013 at 11:36 am

    အိမ်က သားတော်မောင်ကို ကိုယ် ဝန် ရှိတော့ ကိုယ့် ကိုယ် ကို ဘဝ အတွက် အဆင်သင့် မဖြစ်သေးဘူး ထင် လို့ သိပ် မလိုချင် ခဲ့ မိဘူး။ ကိုယ် ထိ လက်ရောက် မပြစ်မှား ပေမဲ့ စိတ်ထဲက အကြိမ်ကြိမ် ငြိုငြင် မိတယ်။ မွေး လာတော့ ကျမ ရဲ့ အကုသိုလ် ကြောင့် ပဲ ဂေါက်သီး လေး (autism) ဖြစ်နေတယ်။ သူက ပုံမှန်သာ မဟုတ်သာ သူ့ မွေး ပြီး မှ စီးပွား တော့ အဖြစ်သား။ သူ့ အတွက် ရည်ရွယ် လိုက်ရင် ဘာ မဆို ဖြစ်တယ်။ သူက အဖေနဲ့ မခွဲ နိုင်တော့ သူ့ အဖေ က မိသားစု ပါ ခေါ် ထားလို့ ရတဲ့ pass ရပြီး မိသားစု မခွဲ မခွာ လိုက် နေခွင့် ရတယ်။ ကျမ အလုပ် မလုပ် နိုင် ပေမယ့် ကြပ်ကြပ်တည်း တည်း မရှိလှ ပဲ သူ လိုချင် တာ ၊လုပ်ချင်တာ မှန် သမျှ ဖြည့် ဆည်း ပေး နိုင် တယ်။ ဘာ ပဲပြောပြော ကလေး တွေ ရဲ့ ကံ ကြမ္မာ ဆိုတာ ကို ယုံ တယ်။

    ဒီက ဆေးရုံ မှာ check up သွား လုပ်ရင်း နောက်ကလေး ယူ ဖို့ အတွက် တိုင်ပင် ကြည့် ကြတယ်။ ဒီ လို ကလေး မျိုး ထပ် မဖြစ်အောင် ဘယ်လို ကာကွယ် ရမလဲ ဆိုတော့ no ပါတဲ့ ။ အမျိုး သမီး ကော အမျိုး သားပါ အဖက်ဖက် က ချွတ်ယွင်း ချက် မရှိ ပေမယ့် autism ကလေး တစ်ယောက် ဖြစ်နိုင် မဖြစ် နိုင် ဆို တာ ကတော့ ကုလိုလ် ကံ အတိုင်း ပါပဲ တဲ့ ။ နောက်ပြီး Down syndrome ( မွန်ဂို ကလေး) မျိုး ကို ကိုယ် ဝန် နု တုန်း မှာ စစ်လို့ ရပြီး မလို ချင်ရင် (ဒီမှာ) ဖျက်လို့ ရပေမယ့် autism ကတော့ ဘယ်လို နည်း နဲ့ မှ ကြို မသိ နိုင်ပါဘူး။

    ဒီတော့ မိခင် ဖခင် ဖြစ်လိုသူ တို့ ဟာ ကိုယ် ကျမ်း မာရေး ကို ဂရု စိုက်( လို အပ်မယ် ထင်ရင် ကလေး မရ ခင်တည်းက ၂ ယောက်လုံး ဆေးစစ်) ပြီး စိတ်ကောင်း နှလုံး ကောင်း နဲ့ သားသမီး ရတနာကောင်းလေးတွေ ရစေကြာင်း ကို စိတ်မှာ ညွတ်လို့ မိမိ သက် ဆိုင် ရာ ဘာ သာ တရား ယုံကြည်မှု အတိုင်း ကုသိုလ် တရား ကို လက် ကိုင် ထား သင့် ပါကြောင်းကိုယ်တွေ့ နဲ့ ယှဉ်ကာ အကြံ ပြု လို့ အန်တီ ပဒုမ္မာ ရဲ့ ပိုစ့် ကို ထပ်ဆင့် ထောက်ခံ လိုက် ပါတယ်။

    • padonmar

      February 15, 2013 at 9:34 pm

      မိုချိုရေ
      Autism လေးဆိုတာတော်ပါသေးတယ်ကွယ်။
      ပြုပြင်စာသင်ပေးလို့ ရပါသေးတယ်။
      အန်တီနဲ့ ၅ နှစ်လုံးလုံး အဘိဓမ္မာသင်တန်းတူတူတက်လာတဲ့ Mongo ကလေးမလေးနဲ့ သူ့အမေ ရှိပါတယ်။
      ကလေးမလေးက စကားတောင်ပီအောင် မပြောတတ်ပေမယ့် သင်တန်းတက်ပါများတော့
      ကုသိုလ်စိတ်အဖြစ်များပြီး တကယ့်ကို လိမ္မာယဉ်ကျေးပါတယ်။
      သင်တန်းထဲ သာမာန်ကလေးတွေထက်တောင် ငြိမ်သက် ဝီရိယကောင်းပြီး ချစ်ဖို့ကောင်းလွန်းလို့ ဆရာမကြီးနဲ့ တစ်ကျောင်းလုံးရဲ့ အချစ်တော်လေးပါ။
      အမေက ဒီ ကလေးမလေးရဲ့ အနွံအတာခံပြီး ကလေး သံသရာကောင်းစားရေးတွက်ပဲ ပြုစုနေတာချီးကျူးစရာပါ။
      မိုချိုလည်း သားလေးကို ကိုယ့်ဆီရောက်လာလို့ ၊ကိုယ့်သားမို့၊ အကျိုးပေးလို့ ဆိုတာထက်
      သူကလေးရဲ့ ခုဘဝ နောင်ဘဝ သံသရာတွက်ပါ မေတ္တာထားပြီး ပြင်ဆင်ပေးရင်
      အမေရော သားလေးပါ စိတ်ချမ်းသာရပါလိမ့်မယ်လို့ တိုက်တွန်းချင်ပါတယ်။

  • etone

    February 15, 2013 at 3:02 pm

    မင်္ဂလာပါ အန်တီ ပဒုံမ္မာရေ

    ဖတ်လိုက်တာနဲ့ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့အပြင် ၊ အသိတရား ရင့်သန်မှုကို လှုံဆော်ပေးတဲ့ ပို့စ်လေးမို့ သဘောကျ နှစ်သက်မိပါတယ် ။
    မိခင်ဆိုတဲ့ နေရာကိုတော့ တသက်နဲ့ တကိုယ် ဝင်ပြီး မခံစားရဲခဲ့ဘူး … အမေ မဖြစ်ချင်ဘူးလားဆိုတော့လည်း .. ဒါလည်း မဟုတ်ဘူး .. ။ အမေတော့ဖြစ်ချင်ပါတယ် .. ဒါပေမယ့်အဲ့ဒီ ဗိုက်ကြီး ကားယား ထိုင်မရ ထမရ အခြေနေကြီးကို … လုံးဝ လုံးဝကို မလိုချင်တာ ။ ကိုယ်တိုင်မကြုံရသေးလို့လား ဘာလားတော့မသိဘူး …. မွေးကင်းစ ကလေးတွေဆို အသည်းယားတာပဲ သိတယ် … ချစ်ဖို့ကောင်းတယ်လို့ မမြင်တတ်ဘူး ..လိုချင်စိတ်လည်း မရှိသလိုပဲ .. ။ အဲ … ကလေး အစား .. ခွေးတွေ ၊ ကြောင်တွေဆိုလျှင်တော့ .. မွေးခါစပိစိကွေးလေးကနေ … အရွယ်စုံ ဆိုဒ်စုံထိ ချစ်ပါတယ် ။သူတို့ ဝေယျာဝစ္စလည်းလုပ်နိုင်၊ အနွံနာလည်း ခံနိုင်ပါတယ် ကာကွယ်စောင့်ရှောက်လိုစိတ်လဲ အမြဲဖြစ်မိတယ် … ဘယ်တော့မှလည်း အပြစ်မမြင်မိခဲ့ဘူး ။

    လတ်တလော အခြေနေတော့ အကြောင်းပြချက် ရေရေရာရာမရှိပဲ အပိုရီး ဖြစ်ချင်စိတ်တွေ ရာခိုင်နှုန်း ပိုများနေပါတယ် ။ 70%လောက်ရှိမယ် ။ :mrgreen:

    • padonmar

      February 15, 2013 at 9:40 pm

      တေးကလုံရေ
      အန်တီတို့ ကလေးဆေးရုံမှာ ဟောက်ဆာဂျင်ဆင်းတုံးက
      ဒေါက်တာ ဦးအောင်မြင့် ဆိုတဲ့ ဆရာ(ကလေး အထူးကု)က မှာတယ်။
      မင်းတို့ မိဘကျေးဇူးဆိုတာကို သိအောင် သားသမီးလေးတွေ မွေးမယ် ပြုစုမယ်ဆိုတဲ့ စိတ်နဲ့သာ အိမ်ထောင်ပြုကြပါ တဲ့။
      တေးကလုံ ဒီလို ကိုယ်ဝန်မဆောင်ချင်ရင် Surrogate mother ရှာထားလေ။

    • အရီးခင်လတ်

      February 16, 2013 at 8:54 pm

      အရီးလဲ အပိုရီး လို့ ပြောရင်း ဘဲ ဇာတ်ရှုပ် သွားတာ။
      ဒီတော့ နောင်မှရှုပ် မဲ့အစား စောစောသာ ရှုပ်လိုက် တုံတုံရေ့။ 😆

  • panpan

    February 15, 2013 at 3:22 pm

    မိဘနဲ့ သားသမီးဆိုတာ ကံစပ်လို့ အကျိုးပေးတူလို့ တွေ့ကြရတယ်လို့ထင်ပါတယ်
    မိဘအနေနဲ့ကလည်း ကိုယ်ရတဲ့သာသမီးက ကိုယ်နဲ့ထိုက်လို့ရတဲ့ရတနာပဲပေ့ါ
    ကိုယ်လုပ်တဲ့ကုသိုလ်ကံ အကုသိုလ်ကံကပဲ ကိုယ့်ရဲ့ရွေးချယ်ရာဖြစ်သွားတာပါပဲ
    ဘယ်သူမဆို ကောင်းတာကိုလိုချင်တယ် ကောင်းတာကိုရွေးချင်တယ်ဆိုရင် ကောင်းတာကိုများများလုပ်ရမှာပါ

    ပန်ပန်တော့ အဲ့လိုထင်တာပဲအန်တီရယ် 🙄

  • ခင်ခ

    February 15, 2013 at 3:50 pm

    ( အမေ့ဝမ်းကြာတိုက်ထဲက သားသမီးနဲ့အမေဆိုတာ ခန္ဓာကိုယ်ကသာ နှစ်ခုကွဲပြားလာပေမယ့် လောက သဘောနဲ့ပြောရင် တစ်ယောက်နဲ့တစ်ယောက်က ချက်ကြိုးနဲ့ဆက်နေတယ်။
    အမေ့ဝမ်းကကျွတ်ပြီး ချက်ကြိုးကလေး ဖြတ်လိုက်တော့မှ ခန္ဓာကိုယ်က ကွဲသွားတာ။)
    အမေ့ဝမ်းကြာတိုက်မှာရှိစဉ် သန္ဓေသားရဲ့အသက်ရှင်ဖို့ အဟာရကို အဲ ချက်ကြိုးကနေ ရယူတာလို့ သိရပါတယ်။ အမေ့ဝမ်းကကျွတ်လို့ ချက်ကြိုးလေးဖြတ်လိုက်တော့ ကလေးဟာ အမေ့ဆီက အဟာရကို မရတော့ဘူးမထင်လေနဲ့ နို့ချိုတိုက်ကျွေးတာတို့ ဆက်လုပ်ကြတဲ့ အမေတွေလေ။
    ဒါကြောင့် အမေတွေအတွက် လိမ္မာသော သား၊သမီးတွေ ဖြစ်ကြရင်ဖြင့် ကောင်းတဲ့ မင်္ဂလာပါဘဲလို့။

  • MaMa

    February 15, 2013 at 8:52 pm

    ဘဝဖြောင့်ကြောင်း တစေ့တစောင်း တရားတော်တွေ ခုနောက်ပိုင်းလည်း လွှင့်နေတုန်းပဲ ထင်တယ်။
    အပိုင်းဘယ်လောက် ရောက်သွားပြီလဲတော့ မသိဘူး။
    ၁၅မိနစ်စာ အပိုင်းတွေ အများကြီးပဲ။
    ဆရာတော်က သူ့ရဲ့ ဘဝနဲ့ယှဉ်ပြီး တရားဟောသွားတာ တမျိုးမှတ်သားစရာကောင်းသလို၊ အသိအလိမ္မာလည်း တိုးစေတယ်။ :hee:
    ဒီပိုစ့်တစ်ပုဒ်ကြောင့် ကိုနိုရဲ့ ပိုစ့်တစ်ပုဒ်ပါ အဆစ် ဖတ်လိုက်ရတယ်။

  • Mr. MarGa

    February 15, 2013 at 9:05 pm

    မနက်မနက် ဦးမာဃ အိပ်ယာထချိန်ဟာ အဲဒီတရားလာတဲ့အချိန်ပါပဲဗျာ
    ဆိုတော့
    နားထဲ ရောက်တဲ့အခါလဲရောက် ပျောက်တဲ့အခါလဲ ပျောက်ပေါ့လေ
    ရောက်သမျှ တရားတွေကတော့ နားထဲကို စွဲနေအောင် ဝင်သွားတတ်ပါတယ်။
    အခု ရေးပြထားတဲ့ တရားကတော့ ပျောက်တဲ့အထဲမှာ ပါတယ်။
    ပြန် နာလို့ အတွေးလေးတွေ ထွက်လာအောင် လုပ်ပေးလို့ ဒေါ်လေးကို ကျေးဇူးတင်ပါတယ်ဗျာ
    လက်ဆောင်ကိုလဲ ကျေကျေနပ်နပ်နဲ့ ယူသွားပါတယ်။
    နတ်သမီးတွေကိုလဲ ပြန် မျှဝေလိုက်ပါမယ်နော်

  • လုံမလေးမွန်မွန်

    February 15, 2013 at 11:05 pm

    ဟိုလေ..
    ရွာထဲမှာလေ..(ရွာသူတော့ မဟုတ်ဝူး..) တစ်ယောက်ကလေ.. မင်ဂါဆောင်ပြီးလေ… တရားစခန်းဝင်သွားတယ်သိလား.. တီတီ သိတယ်မို့လားဟင်… :mrgreen:

    သမီးတို့ အော်မေ့ဂိုဏ်းဝင်အတွက် လက်ဖွဲ့မဟုတ်သေးပေမယ့်လည်း 🙂 လက်ဆောင်အနေနဲ့ မှတ်ယူသွားပါတယ်..တီတီ…
    ကံနဲ့ ကံ၏အကျိုးကို ပိုပြီး ယုံကြည်မိပါတယ်..

    • etone

      February 16, 2013 at 11:42 am

      မင်္ဂလာဆောင် ၊ တရားစခန်းဝင်ပြီး အဓိဌာန်အောင်တဲ့ အထိမ်းမှတ်နဲ့ သားဆုပန်ခဲ့တာဖြစ်မယ် ……. ။
      ထူးခြားပြီလေ မွန်မွန်ရယ် ..တိဘူးယား …. ။
      ယောက္ခမခေါ်ရမယ့် လူ တစ်ယောက်တိုးလာတာ .. ပျော်ထှာအေ ..ခစ်ခစ် … ။ :kwi:

  • padonmar

    February 15, 2013 at 11:16 pm

    ပန်ပန်၊ခခ၊မမ၊မွန်မွန်၊မိုးဇက်၊ဦးမာဃ
    အားဖြည့်ပေးကြတာ ကျေးဇူးပါ။

    မွန်လေးရေ
    အဲဒီ တစ်ယောက်က အန်တီ ဒီလိုမရေးခင်ကတည်းက ဒီတရားနာမိလို့ ကြိုတင်ပြင်ဆင်တာဖြစ်မှာပေါ့ကွယ်။
    တီတီ့မှာ သက်သေ ဒါ့ပုံရှိပါတယ်။
    ဒါကြောင့် သူကလေးကို ချီးကျူးဂုဏ်ပြုတာပေါ့ကွယ်။
    ပြောပါပကော၊ကွန်ကရစ် ကျူလိပ်ရှင်းပါတယ်လို့။
    …………………
    ကျမ ဒီကွန်မန့်တွေရေးရင်း သတိရမိတာတော့ သူကြီးရဲ့ လက်ဆောင် ဖောင်းဖောင်းကားကား ဓာတ်ပုံလေးနဲ့ ဆုတောင်းပေးခံထားရတဲ့ ကျမတို့ရဲ့ ကိုသစ်ကိုလည်း ဒက်ဒီကိတ်(ခရက်ဒစ်တူ မရွှေတုတ်) လုပ်ပါတယ်။

  • Nyein Nyein

    February 16, 2013 at 5:23 pm

    အန်တီပဒုမ္မာပြန်လည်ဟောပေးတဲ့ တရားကိုနာလိုက်ရတော့…….. ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ပဲ သတ်မှတ်မိပါတယ်။ အဘိုးအဘွားကောင်း၊ မိဘကောင်းတွေနဲ့တွေ့ရလို့ပါ။ တရားလက်ဆောင်အတွက် ကျေးကျေးပါ……… အခြားသူတွေကိုလည်း ပြန်လည်ဝေမျှလိုက်ပါ့မယ်……..

  • အရီးခင်လတ်

    February 16, 2013 at 8:50 pm

    သာဓု၊ သာဓု ၊ သာဓုပါ ချစ်သော အစ်မရေ။ 🙂
    အရင်လို လေဝင်မများနိုင်တာတော့ ခွင့်လွှတ်ပါနော်။

  • padonmar

    February 16, 2013 at 10:48 pm

    မလတ်
    မအားတဲ့ကြားက ဝင်အားပေးသွားတာကျေးကျေး။
    (စာကြည့်စားပွဲအောက်က ကာတွန်းစာအုပ်ပွင့်နေပြီထင်တယ်)
    ………….
    ငြိမ်းကလေးရေ
    ပြန်လည်မျှဝေပေးပါကွယ်။
    လူတစ်ယောက် အသိဝင်လို့ ကောင်းအောင် ပြုပြင်နေထိုင်ရင် သူ့မိဘ၊သူ့သားသမီး အကျိုးရှိပါတယ်။

  • တီတီရေ ….
    အဖိုးတန် လက်ဖွဲ့လေးပါ ခင်ဗျာ …
    ယူသွားပါတယ်ဗျို့ …. ကျေးဇူးပါ …

    ရွေးချယ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဝင်ပွားကြည့်ချင်ပါတယ် ခင်ဗျာ ….

    သုံးဆယ့်တစ်ဘုံ ဆိုတဲ့ သံသရာတစ်ခွင်မှာ
    ကျင်လည်နေရတဲ့ သတ္တဝါတွေပေါ့ ခင်ဗျာ ….
    အချို့ အချို့ ကတော့ ရွေးချယ်လို့ ရနိုင်တယ် …
    အချို့ အချို့ ကတော့ဖြင့် ရွေးချယ်လို့ မရနိုင်ပါဘူး ….

    အချို့သော သူများဟာ
    သစ်ပင်မြင့် ထက်က ကြွေကျလာတဲ့ သစ်ရွက်လေးလိုပါပဲ ….
    ဒယိမ်းဒယိုင်နဲ့ ဦးတည်ရာ မရှိ မြေကြီးပေါ် ကျချင်တဲ့ နေရာ ကျမှာပါပဲ …

    အချို့သော သူများကတော့ဖြင့်
    ပစ်မှတ်ကို ချိန်လွှတ်လိုက်တဲ့ မြှားတစ်စင်းလိုပါပဲ …
    ကိုယ်ပစ်မှတ်ကို အတိအကျ မှန်နိုင်ပါတယ် …

    လူ့ဘောင် စကားနဲ့ ပြောရရင် …
    ငွေကြေး ချမ်းသာ ကြွယ်ဝသူ တစ်ယောက်ဟာ …
    တိုက်ကြီး အိမ်ကြီး တစ်လုံးကို ဘယ်နေရာမှာ ဆောက်ချင်တယ် ဆိုလို့ရှိရင်
    လွယ်လင့် တကူ (ယေဘုယျ) တိုက်ကြီး ဟီးနေအောင် ဆောက်ပစ်နိုင်စွမ်း ရှိပါတယ် …

    သူဆင်းရဲ တစ်ယောက် ကတော့ဖြင့် …
    အဲ့ဒီလို တိုက်ကြီး ဘယ်နေရာမှာ ဆောက်ချင်တယ် ဆိုလို့ ရှိခဲ့ရင် …
    သူ့ အနေနဲ့ အထက်က သူဋ္ဌေးလိုဖြစ်ဖို့ ငွေကြေး ကြွယ်ဝအောင် အရင် လုပ်ရဦးမှာပါ …
    သူ့ အနေနဲ့က တစ်ဆင့်ခံ ပေါ့ ….

    အဲ … အဲ …
    ဘာဒွေ ဘယ်လို ပေါမိမှန်း သိဒေါ့ဝူးးး အဟီးးး :mrgreen:
    တော်ပီဂျာ … ပေါဒတ်ဒေါ့ဝူးးး

Leave a Reply