Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြည်ထောင်စု ထမနဲပွဲ – ဘုုန်းသျှံ (လန်ဒန်ဝိဟာရ)

kaiFebruary 20, 20131min44513

ပြည်ထောင်စု ထမနဲပွဲ

သဘောထားမှန်မှန် အတ္တမဖက် အပေးအယူရှိရှိ ပြုလုုပ်ကြမှ၊ ဆွေးနွေးအဖြေရှာကြမှ၊ ပြည်ထောင်စုထမနဲက နပ်နပ်ပတ်ပတ် ရှိမှာပါ။ ငါတစ်ဗိုလ် သူတစ်မင်းနဲ့ အတ္တကို ရှေ့တန်းတင်ကြရင် ပျော့မနပ်မာတူး ဖြစ်မှာလည်း စိုးရပါတယ်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ထမနဲပွဲတော်ရက် ၂၀၁၃-ခုု ဖေဖေါ်ဝါရီ (၂၅)ရက်သည် နီးကပ်လို့လာခဲ့ပါပြီ။ ထမနဲပွဲနေ့ရက် နီးလာတာနဲ့အမျှ ထမနဲထိုးကြမည့် အဖွဲအစည်း
အသင်းအဖွဲ့တို့သည် လိုအပ်သည်တို့ကိုကြိုတင်စုဆောင်း ပြင်ဆင်နေကြပါပြီ။ ကောက်ညှင်း အသစ်အဟောင်း ဈေးတွေကလဲ
တစ်ရိပ်ရိပ်တက်လာခဲ့ကြပြီ။ မဖြစ်မနေ ပါဝင်ပစ္စည်းဖြစ်တဲ့ နှမ်း, မြေပဲ, ဆီ, အုုန်းသီး, ဂျင်း, စတဲ့အရာတွေကလည်း ဈေးနည်းနည်း လှုပ်ချင်ကြသလိုပါပဲ။ ရှိစေတော့ မဖြစ်မနေ အချိန်အမှီ ထိုးရမှာဖြစ်လေတော့ တက်တော့လည်း တက်ဈေးပဲ၊ ကျတော့လည်း ကျဈေးပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ။

၂၀၁၃-ခုုနှစ် ရာသီအမှီ ထမနဲပွဲတော်ကြီး စကြပါစို့။ သို့ပေမဲ့ တစ်ယောက်တည်း ထိုးလို့တော့ မရပါဘူး၊ လေပါးစပ်နဲ့ ထိုးနေလို့လည်း မဖြစ်ပါဘူး၊ ထမနဲဆိုတာ ဝုိုင်းထိုးဝုိုင်းလုုပ်ကြမှ၊ နောက်ပြီးတော့ တက်ညီလက်ညီ မခိုမကပ်ပဲ လုုပ်ကြမှ၊ နပ်နပ်ပတ်ပတ် စားကောင်းသောက်ကောင်း ထမနဲဖြစ်လာမှာပါ။ လက်မညီ တက်မညီခဲ့ရင် ပျော့မနပ်မာတူး ဖြစ်သွားတတ်ပါတယ်။ မဖြစ်မနေ ထည်သင့် ထည့်ထိုက်တဲ့ နှမ်း, မြေပဲ, ဆီ, အုုန်းသီး, ဂျင်း, စတဲ့ အရာတွေ အချိုးအစားလည်း ညီမျှမှ၊ မွှေးမွှေးကြိုင်ကြိုင် စားချင့်စဖွယ် မြန်မာ့ အစားအစာကောင်း တစ်ခုဖြစ်မှာပါ။

မကြာမှီက သတင်းကောင်းတစ်ခု ကြားသိလိုက်ရပါတယ်။ ပြည်ထောင်စုနေ့ကို အပြစ်ရပ်-မရပ် တိုင်းရင်းသား ညီအကို မောင်နှမအားလုုံး မပျက်မကွက် တက်ရောက်ကြဖို့ ဖိတ်ကြာတဲ့ ဝမ်းသာဖွယ် မင်္ဂလာသတင်းပါ။ ဆယ်စုနှစ်- နှစ်ပြန်ကျော်လောက် မကြားခဲ့ရတဲ့ အသံမျိုးပါ။ ယခင်က လက်နှက်ကိုင် ရင်ဆိုင်လို့ တိုက်ခဲ့ကြပေမဲ့ ၆၆- ကြိမ်မြောက် ပြည်ထောင်စုနေ့မှာတော့ ရန်သူမိတ်ဆွေ မခွဲခြားပဲ ပြုံးပြုံးရွှင်ရွှင် အသွင်တစ်မျိုးထည်းသော စိတ်တွေနဲ့ ကယား, ကရင်, ကချင်, ချင်း, မွန်, ရခိုင်, ရှမ်း, ပလောင်, ပအိ, စတဲ့
ပြည်ထောင်စုသား အားလုုံး တက်ရောက် လာကြတာကို တွေ့ရပါတယ်။ သမ္မတကြီးကိုယ်တိုင် လက်ဆွဲနှုတ်ဆက်နေတဲ့ အသွင်က မင်းတို့အတွက် ငါတို့ရှိသည်၊ ငါတို့အတွက် မင်းတို့ဖြစ်ရမည်လို့ အတွင်းနဲ့အပြင် တစ်သားတည်း ဖြစ်တာကို တွေ့ရပါတယ်။ ပြည်ထောင်စု မပြိုကွဲစေဖို့ ဒို့တတွေ လက်တွဲလိုက်ကြစို့လို့ သမ္မတကြီး၏ မူမှန်တဲ့စိတ်နဲ့ လက်ဆွဲခဲ့တာ ဆိုတာ အထင်းသား ပေါ်လွင်စေပါတယ်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာလည်း “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကေအိုင်အေ တစ်ဖွဲ့နှင့်သာ ဆွေးနွေးနေဆဲအဖြစ်ကျန်ရှိနေပါကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီဆွေးနွေးပွဲတွင်ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် မကြာမီတွင် ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာတော့မည် ဖြစ်ပါကြောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ပထမဆုံးအကြိမ် သေနတ်သံများရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ယင်းသို့ ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း” များကို မိန့်ခွန်းများလည်း ချွေခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တည်ခင်းဧည့်ခံကျွေးမွေးတဲ့ (၆၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနဲ့ ညစာ-စားပွဲ အခမ်းအနားကို နေပြည်တော်
မြို့တော်ခန်းမမှာ ကျင်းပပါတယ်။ အခမ်းအနားကို သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ နေပြည်တော်လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စတဲ့ ခေါင်းဆောင်များ တက်ရောက်ကြတယ်၊ ထို့အပြင် နိုင်ငံရေးပါတီများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပါတီဥက္ကဋ္ဌများ၊တိုင်းရင်းသားအဖွဲ့များငြိမ်းအဖွဲ့များရဲ့ ကိုယ်စားလှယ်များနဲ့ ဒေါ်အောင်ဆန်းစုုကြည်လည်း တက်ရောက်တယ်လို့သတင်းစာများမှာ ဖတ်ရပါတယ်။

နောက်ပြီးတော့ ဖားကန့်မြို့က တပ်မတော်စစ်ကြောင်း တစ်ခုကို ဂျာရားယန်ရွာထဲမှာရှိတဲ့ ကေအိုင်အေစစ်သား ၁ဝ ဦးခန့်က ထွက်ပြီး မိတ်ဆက်တယ်၊ တပ်မတော်စစ်ကြောင်းကလည်း “ခင်မင်ရင်းနှီးစွာ” နှုတ်ဆက်ခဲ့တယ်၊ ပြီးတော့ “ဖေဖော်ဝါရီ ၄ရက်နောက်ပင်းတွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ထိန်းသိမ်း လုပ်ဆောင်လျက် ရှိပါကြောင်း”ကာကွယ်ရေး ဝန်ကြီးဌာနထံမှသိရတယ်လို့ သတင်းမှာ ရေးထားတာကိုလည်း ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စု ထမနဲပွဲကြီးတော့ မကြာမှီကာလ၂၀၁၃- နှစ်မကုုန်မှီမှာ မုုချပြီးတော့မည်၊ အရသာကောင်းကောင်း စားကြရတော့မယ်လို့ယုုံကြည်ရပါတယ်။နိုင်ငံတော်မှာအာဏာရှိသူများရော၊လွတ်တော်ကိုယ်စားလှယ်များရော၊ တိုင်းရင်းသားများရော၊ လက်နှက်ကိုင် အဖွဲ့အစည်းများရော၊အားလုုံးဟာ နေရာတကျ သဘောထားမှန်မှန် အတ္တမဖက် အပေးအယူရှိရှိ ပြုလုုပ်ကြမှ၊ဆွေးနွေး အဖြေရှာကြမှ၊ ပြည်ထောင်စုထမနဲက နပ်နပ်ပတ်ပတ် ရှမှာပါ။ ငါတစ်ဗိုလ်သူတစ်မင်းနဲ့ အတ္တကို ရှေ့တန်းတင်ကြရင် ပျော့မနပ်မာတူး ဖြစ်မှာလည်း စိုးရပါတယ်။နောက်ပြီးတော့ အနံ့အရသာ ပေါ်လွင်စေမည့် ဖြည့်စွက်စရာ မပါမဖြစ်၊ နှမ်း, မြေပဲ, ဆီ,အုုန်းသီး, ဂျင်း, တို့နဲ့ ပမာတူသော လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတို့ ရပိုင်ခွင့်များကိုသင့်သလို အချိုးတကျ ပါဝင်လာဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ပြည်ထောင်စုထမနဲပွဲကြီးဟာအနံ့အရာသာနဲ့ တမွှေးမွှေး တကြိုင်ကြိုင် သင်းလှိုင်ပြည့်စုံသောသဘောကို ကမ္ဘာအရပ်ရပ်သို့ ဆောင်သွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ…

ဘုုန်းသျှံ (လန်ဒန်ဝိဟာရ)
၁၈.၀၂.၂၀၁၃။

13 comments

  • P chogyi

    February 20, 2013 at 8:30 am

    ထမနဲကောင်းရဖို့
    ပါဝင်ရမယ့် ပစ္စည်းအမယ်စုံဖို့လဲလိုသလို
    ထမနဲထိုးမယ့်သူတွေက အားကောင်းမောင်းသန်(အင်အားရှိဖို့)
    လည်းလိုပြီး၊ ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း
    လည်လည်ပတ်ပတ် လုပ်တတ်ဖို့လိုပါတယ်။
    နို့မို့ဆိုရင်တော့ ထမနဲ မနပ်ပါဘူး။

  • ခိုင်ဇာ

    February 20, 2013 at 9:58 am

    ထမနဲမှာ နှမ်း မနည်းပါစေနဲ့နော်။ :mrgreen:

    ပြောရင်း ဆိုရင်း “ဒေါ်ရှိ” ကို သတိရလာပြီကွယ်။
    :kwi:

    • etone

      February 20, 2013 at 10:14 am

      မမခိုင်ဇာရယ် …. တိုက်တိုက်ဆိုင်ဆိုင် … ညကတင် အဲ့ဒီ ” ဒေါ်ရှိ ” ထိုင်စားဖြစ်လိုက်သေးတယ် … အဟီး ။ :kwi: မန်းလေးက လူကြုံထည့်ပေးလို့ပါ … ထမနဲ အမည်းရောင် တသက်နဲ့ တကိုယ်စားဖူးတာ ဒီတခါ ပထမဆုံးပဲ … ။

      • ခိုင်ဇာ

        February 20, 2013 at 10:20 am

        ဟယ်။
        မနာလိုလိုက်တာလေ……. 🙁
        မန်းလေးမှာတော့ အလွန်နာမည်ကြီးပါ၏။
        ခု သမီး ဒေါ်ရှိ တို့ သား ဒေါ်ရှိ ပါ အမွေခွဲနေကြပြီး ဆိုင်ခွဲတွေဖွင့်နေကြတယ်လို့ ကြားတယ်။
        နာ့ မတော့ ဘယ် ဒေါ်ရှိမှ မစားရသေးပေါင်ကွယ်။
        ဂလိုမှန်းသိ ချွေးမ ဒေါ်ရှိ အဖြစ် ဆိုင်ခွဲခဲ့ရင်အကောင်းသားကလား။ :kwi:

        • ခင်ခ

          February 20, 2013 at 3:37 pm

          ဒေါ်ရှိက တစ်နှစ်ပတ်လုံးရတာဆိုတော့ မခိုင်ဇာ မန်းရောက်ရင်
          ဒေါ်ရှိ ထမနဲ အဝကျွေးမယ်ဗျာ။
          အဝစား ထမင်း မကျွေးစေချင်တော့လေ။

        • ခိုင်ဇာ

          February 20, 2013 at 3:41 pm

          အလိုလေးလေး။
          ကိုခတို့ ရက်ရောလှချိ။
          ထမင်းနဲ အဝကျွေးမတဲ့။
          စတစ်ကိ ရိုက်(စ) ကို ကျုပ် ဘယ်လောက်စားနိုင်မှာတုန်း အရပ်ကတို့။

          :byae:

  • မင်း

    February 20, 2013 at 1:32 pm

    အစက သဂျီး ဆီ ထမနှဲ လက်ဆောင် ထည့်ပေးမလို ့ပါပဲ
    ဒါပေသည့် ၊ ပြန်မယ့်လူအတွက် ဝန်ထုပ်ဝန်ပိုးကြီးနေမှာ စိုးလို ့
    ဘုတ်အုပ် လက်ဆောင်ပဲ ပေးလိုက်ပါအိ

  • ရဲစည်

    February 20, 2013 at 4:06 pm

    ကောင်းလော့တေး… ကောင်းလော့တေး
    ဒီသတင်းမျိုး ကြားရတာ ဝမ်းသာစရာပါ … အပေါ်မှာ တယောက်ပြောသွားတယ် နှမ်းမနည်းစေနဲ့တဲ့ အင်း …တွေးစရာပ
    ကမာ္ဘမှာ လက်နက်ကိုင် အဖွဲ့အစည်း အများဆုံးနိူင်ငံ တစ်ခုအနေနှင့် ခုလိုငြိမ်းချမ်းရေး အသံလေးကြားရတာ ဝမ်းသာပါ၏။
    တခုနားမလည်တာက ကချင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ ဘာလို့ မြစ်ကြီးနားမှာ မလုပ်တာလဲဟင် ….

  • နယ်လှည့် ဝိဇ္ဇာ mobile (သူကြီးသမက်)

    February 20, 2013 at 10:14 pm

    မင်္ဂလာရှိပါ့ပေ့ဗျာ။ ဖာကန့်ဖက်မှာ အေးအေးလူလူဖြစ်သွားမယ်ဆိုရင်တော့ ကြိုတ်သဗျို့
    ကျုပ်လည်း ၂၀၁၂ နှစ်ဦးပိုင်းလောက်မှာ ဖားကန့်ဖက်က ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လို့ ပြန်လာခဲ့ရပြီး။
    ဟိုသွားဒီသွားနဲ့ ထိုင်းနယ်စပ်မှာ သောင်တင်နေတယ်။ အခုလိုလေးဆိုတော့ မိမိဂွင်ကျတဲ့ နယ်မြေမှာ
    အလုပ်ပြန်စလို့ရပြီ။ ဒါကကျုပ်တစ်ဦးအနေနဲ့ ကောင်းကျိုးရှိမှုလေးကိုပြောတာပါ။
    အများနဲ့သက်ဆိုင်တဲ့ ကောင်းကျိုးတွေကတော့ များစွာရှိနေမည်ဆိုတာကို အထူးပြောနေစရာမလိုလောက်ပါဘူ။။။။။။။

  • padonmar

    February 20, 2013 at 10:19 pm

    ဝမ်းသာပါ၏။
    ချင်းပြည်နယ်ကို သွားတဲ့ ဒို့ဘကြီးစိန် ချင်းပုဆိုးကြီးကို ဘောင်းဘီပေါ်က ထပ်ဝတ်ထားတာတွေ့ရပါ၏။
    အပြင်ပန်းလည်း စည်းလုံး၊အနှစ်သာရလည်း စည်းလုံးကြဖို့ လိုပါ၏။
    ပြည်ထောင်စု ထမနဲကြီးလည်း စားချင်ပါ၏။

  • koaung

    February 21, 2013 at 12:08 am

    ဒီစစ်ပွဲတွေမှာ သယံဇာတတွေ အပေါ်မှာကော ရောင်းရတဲ့လက်နက်တွေအပေါ်မှာကော အမြတ်ရရှိသွားတာက ။။။။။။။။။။။။။ပါ
    ဒီစစ်ပွဲ(နယ်မြေလုပွဲ) မှာ ဆုံးရှုံးသွားတဲ့ ငွေတွေ အချိန်တွေ သားကောင်းရတနာတွေ ပေးဆပ်ခဲ့ရတာက ။။။။။။။။။။။။ပါ
    ဒီလိုအဖြစ်မျိုးတွေရှိတိုင်း ဆုံးရှုံးမှူတွေဟာရှိနေဦးမှာပါ
    စည်းလုံးခြင်းအင်အားကို သိမြင်နားလည်နိုင်ကြပါစေ

  • MaMa

    February 21, 2013 at 6:13 pm

    ပြည်ထောင်စု ထမနဲပွဲကြီးဆိုတဲ့ ခေါင်းစဉ်နဲ့ ထမနဲပွဲအမှီ တင်လိုက်တဲ့စာကိုဖတ်ပြီး
    ပေါင်းစည်းညီညွတ်ရေးအရသာကို ပြည်သူတွေအားလုံးလည်း ခံစားချင်လှပါပြီ။
    ပြည်ထောင်စုနေ့မှာ သမ္မတကြီး ပြောခဲ့တဲ့…
    (မြန်မာတစ်နိုင်ငံလုံး၌ပထမဆုံးအကြိမ် သေနတ်သံများရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည်)
    ဆိုတာကိုလည်း ဝမ်းပန်းတသာ ထောက်ခံအားပေးပါကြောင်းးးးးးးးးးးးးးးး :hee:

  • padonmar

    February 22, 2013 at 12:08 am

    ဖားကန့်လို့ တွေ့လိုက်ရလို့ သူငယ်ချင်းဆီက ဖားကန့်ကို ဆေးကုသွားမယ့် သတင်းနဲ့ လှူချင်ရင် လှူလို့ရကြောင်းလေး message ပို့ထားတာ သတင်းပေးပါတယ်။

    Dear all,
    The Kachin Baptist convention has kindly arranged for us to go to Hpakant to give medical care to theIDPs. So far there are 4 docs who will go there on their own expense account. We had some misunderstanding and miscommunication about the meds which KBC has no budget for. I am scrambling for donations and would appreciate very much if you can spread the word. Donations canbe sent to betterburmesehealthcare.org. Or to me in YGN. Pls pm me for my ygn contact info. We’re leaving Tuesday or Wednesday next week.Thank you very much.Best wishes, Jalin.

Leave a Reply