သစ်ရွက်ပမာ
လေနောက်လိုက်တဲ့သစ်ရွက်လို
ငွေနောက်လည်းလိုက်ဖူးတယ်..
ကြွေကျသွားတဲ့သစ်ရွက်လို
စိတ်ဓာတ်တွေလည်း နွမ်းလျခဲ့ဖူးတယ်…
ပင်မြင့်ယံထက် ဖူးသစ်စ သစ်ရွက်လို
တစ်ချိန်က လတ်ဆတ်ခဲ့ဖူးတယ်..
အပင်မှာမမြဲသလို မြေမှာလဲမခရတဲ့သစ်ရွက်လို
ဟိုမရောက်ဒီမရောက်နဲ ့
လေလွင့်ဖူးသူလည်းဖြစ်ဖူးတယ်..
ပင်မြင့်ယံမှာမြဲ..
လေတိုက်တ်ိုင်းမလွင့်..
မနွမ်းလျတတ်တဲ့ သစ်ရွက်လို လူ ဖြစ်ချင်တယ်…
8 comments
Mr. MarGa
February 20, 2013 at 9:29 pm
ပင်မြင့်ယံမှာမြဲ
လေတို်က်တိုင်းမလွင့်
မနွမ်းလျတတ်တဲ့ သစ်ရွက်လို
အင်းးးးးးးးးးး
အဲဒါ ဘယ်လိုသစ်ရွက်ပါလိမ့်နော်
မောင်တင့် တယ်
February 21, 2013 at 9:05 am
ဟီး ပြောပြဘူး…ကိုယ့်ဟာကိုယ်စဉ်းစား.. ဒါပဲ..
Traditional
February 21, 2013 at 8:53 am
စာဘူးတောင်း (မှန်တယ်ဟုတ်)…… ဖြောင်း…222
မောင်တင့် တယ်
February 21, 2013 at 9:04 am
နောက်ပါနဲ ့ဗျာ..တူများက ခံစားထားတာကို…
ဗုံဗုံ
February 21, 2013 at 12:21 pm
ကိုတင့်တယ် အဲ့ဒါဆို သံနဲ့ သစ်ရွက်လေးလုပ်ပြီး ချိတ်ထားလိုက်လေ ကိုယ်တိုင်လည်း ပန်းပဲလုပ်တတ်နေတာဘဲ ဥစ္စာ
မောင်တင့် တယ်
February 21, 2013 at 6:08 pm
အဲ .. ဒါတော့ မေ့နေတယ်ဗျာ. ကျေးဇူးပဲ … လုပ်ငန်းခွင်ပြန်ဝင်မှပဲ
အကောင်အထည်ဖော်တော့မယ်…
padonmar
February 21, 2013 at 11:06 pm
ပင်လယ်ကဗွီးလေ။
MaMa
February 22, 2013 at 6:18 am
ကဗျာလေးက လိုတိုရှင်းနဲ့ ထိရောက်တယ်။
ပန်းပဲမောင်တင့်တယ် သံတုံးသံခဲတွေပဲ နိုင်တယ်ထင်တာ……..
သစ်ရွက်ကလေးကိုတောင် ကဗျာနဲ့ အသက်သွင်းနိုင်တာပဲ။ :hee: