(၁၀)တန်းဖြေမည့် လူငယ်များနှင့် မိဘများအတွက်

asiamastersFebruary 21, 20131min2946

(၁၀)တန်းအောင်ပြီးရင် မိမိတို့ရဲ့ သားသမီးတွေကို ဘာလုပ်ခိုင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေတဲ့မိဘများ၊ သားသမီးများ မြန်မာနိုင်ငံမှာများစွာရှိပါတယ်။ ၁၉၆ဝ ခုနှစ်တွေလောက်ကစပြီး အမြစ်တွယ်လာတဲ့ ပုံသဏ္ဌန်ကတော့ Professional လိုင်းတွေဆိုရင် ဆရာဝန်အမျိုးမျိုး၊ အင်ဂျင်နီယာအမျိုးမျိုး၊ စစ်ဗိုလ်အမျိုးမျိုး၊ သင်္ဘောသာအမျိုးမျိုးလောက်ပဲ အလုပ်လို့သတ်မှတ်လာကြတာများပါတယ်။ ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံဟာ Burmese way to socialism လို့ဆိုတဲ့ အယူဝါဒကို စွဲကိုင်ထားတာကတစ်ကြောင်း၊ နိုင်ငံတကာနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တာကတစ်ကြောင်း၊ မြန်မာလူမျိးအများစုရဲ့ ဇရိုက်ဖြစ်တဲ့ မြို့လယ်လူစုလူဝေးတွေနဲ့ဝေးရာမှာနေလိုပြီး၊ စောစောစီးစီးအနားလူ့ဘဝမှ အနားယူတတ်တဲ့အကြောင်း၊ လူ့ဘဝမှာ မိမိနဲ့ မိသားစု အေးအေးဆေးဆေးနေရရင်ပြီးရောဆိုတဲ့ အယူအဆ၊ လူသားအားလုံး ဆင်းရဲသူမရှိစေရ၊ ချမ်းသာသူမရှိစေရ၊ ပြည့်တံဆာမရှိစေရဆိုတဲ့အတွေးအခေါ်၊ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ သင်္ဘောသားဖြစ်မှ၊ စစ်ဗိုလ်ဖြစ်မှ ဂုဏ်ရှိတယ်ဆိုတဲ့မိဘတွေရဲ့ အယူအဆတွေပေါ်မူတည်ပြီး ပေါ်ထွက်လာခဲ့တဲ့ လူ့အသိုင်းအဝိုင်းပုံစံတစ်ခုသာဖြစ်ပါတယ်။

၁၉၆ဝ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ လုပ်ငန်းမှန်သမျှကို ဗဟိုဦးစီးစနစ်နဲ့ အစိုးရကပဲလုပ်လို့ရပါတယ်။ ပုဂ္ဂလိကလုပ်ငန်းဆိုလို့သိပ်မရှိပါဘူး။ ဒီတော့ လူသားတွေရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့လုပ်ငန်းအားလုံးနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ဘူး၊ အစိုးရဦးဆောင်တဲ့လုပ်ငန်းအားလုံးဟာလည်း သူခိုးတွေပဲမွေးထုတ်ပြီး၊ ဒီကနေ့ နိုင်ငံတကာမှာ တင်နေတဲ့အကြွေးအားလုံးဟာ အဲဒီခေတ်တွေတုန်းက အမှားတွေကြောင့်ပဲ။ အစိုးရကပဲ လုပ်လို့ရတာကြောင့် မြန်မာလူ့အသိုင်းအဝိုင်းတွင်းမှာ လိုတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအားလုံးကို မဖြည့်ဆည်းနိုင်ခဲ့ဘူး၊ ဒီထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို မဖြည့်ဆည်းနိုင်တော့အလုပ်အကိုင်နေရာတွေကိုလည်း မဖန်တီးနိုင်ပါဘူး။ ဒီတော့ ကွက်ပြီး ရှိနေတဲ့ အပေါ်မှာပြောခဲ့တဲ့အလုပ်တွေအတွက်ပဲ စုပြုံတိုးဝှေ့နေကြတာဖြစ်ပါတယ်။ ဒီအလုပ်တွေကိုရပြီးရင်လည်း မှန်သလား၊ မှားသလားဆိုတာ မဝေခွဲနိုင်ပဲ နောင်ရေးသေချာဖို့လုပ်ကြရပြန်တယ်။ ဒါကြောင့် လည်း အကြီးအကျယ် အကျင့်စာရိတ္တပျက်မှု ချစားမှုတွေဖြစ်လာပါတယ်။ အခုပိုတောင်ဆိုးလာတယ်။

ဒီနေရာမှာ နားလည်ဖို့လိုလာတက ပညာရေး ဖြစ်တယ်။ ပညာရေးဆိုတဲ့ စကားလုံးကို မြန်မာဘာသာစကားကြောင့် အဓိပါယ်တွေလွဲ၊ လိုရာဆွဲတွေဖြစ်ကုန်တယ်။ အမှန်ကတော့ အခုပြောနေတဲ့ ပညာရေးဆိုတာက အင်္ဂလိပ်ဘာသာစကားဖြစ်တဲ့ Education ဆိုတဲ့စကားလုံးကလာတာပါ။ Education ဆိုတာကလည်း လက်တင်ဘာသာစကားဖြစ်တဲ့ Educatio လို့ခေါ်တဲ့စကားလုံးကဆင်းသက်လာတာဖြစ်ပါတယ်။ Educatio စကားလုံးရဲ့အနက်ကတော့ Rearing ဖြစ်တယ်။ ဆိုလိုတာက မိမိထက်ငယ်ရွယ်သူတွေကို မိမိတို့လိုချင်တဲ့ပုံစံသွင်းတာဖြစ်တယ်။ ဒီတော့ Education မကောင်းဘူးဆိုတာက မိမိတို့က ဘာတွေပုံသွင်းနေလဲဆိုတာအပေါ်မှာ မူတည်နေတယ်။ ပုံသွင်းနေတဲ့ လူတွေက ပုံပျက်နေတယ်။ အကြမ်းဖျဉ်းအားဖြင့်ကတော့ Education ကို Formal Education နဲ့ Informal Education ဆိုပြီး နှစ်မျိုးခွဲလို့ရတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်အစရှိသည်ဖြင့် စာသင်ခန်းတွေ၊ စာမေးပွဲတွေနဲ့ ဖွဲ့စည်းထားတာကို Formal Education လို့ခေါ်တယ်။ Informal Education ထဲမှာတော့ Vocational Training လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေပါတယ်။ အသက်မွေးဝမ်းကျောင်းသင်တန်းက formal education နဲ့ မဆိုင်ဘူး။ သူ့ကိုသင်ကြားတဲ့ပုံစံက Competency Based Training လို့ခေါ်တယ်။ ကျွမ်းကျင်မှု (skills) တွေကို သင်ပေးရတာ။ အလုပ်တစ်ခုချင်းလိုက် Task အလိုက်ခွဲရတယ်။

လွတ်လပ်ရေးရပြီးကတည်းက လုပ်လာလိုက်ကြတာ အခုတော့ Formal Education ပဲကျန်ပြီး၊ Vocational Education တွေက ပျောက်ကွယ်လုနီးပါးဖြစ်လာတယ်။ ဒီတော့ Formal Education ပဲဖြစ်ဖြစ်၊ Vocational Education ပဲဖြစ်ဖြစ် အားလုံးနောက်ဆုံးမှာ ဦးတည်တာကတော့ National Economy ဖြစ်တယ်။ ဒီနေရာမှာ ဘာသာစကားအခက်အခဲဖြစ်ပြန်တယ်။ Economy ဆိုတာကို ဘယ်လိုနားလည်မလဲ။ Economy တွေ ယခင်က Socialist Economy အတွက်ကို အတင်းအကျပ်လုပ်ခဲ့တာ၊ ဒီတော့ နိုင်ငံရဲ့ Economy ရယ်၊ Education ရယ်၊ Vocational Training တွေက ဘာမှ အဆက်အစပ်မရှိတော့ဘူး။ ဒီတော့ မိဘတွေနားလည်ထားရမှာက မိမိတို့သားသမီးတွေရဲ့ Trait ပေါ့၊ ဘယ်နေရာမှာအားသာနေလဲဆိုတာသိရမယ်။ သူ့ဘဝနဲ့သူ့ဝါသနာနဲ့ ကိုက်တဲ့ဟာတွေကို ရွေးချယ်ခွင့်ပေးမှရမယ်။ တစ်ချို့ကလည်း ဂုဏ်အတွက်ဆိုပြီး ဆရာဝန်အတင်းတက်ခိုင်းတယ်၊ ကျောင်းရောက်တော့ ဝါသနာကလည်းမပါ။ စာတွေကလည်းများတော့ ပျက်စီးကုန်တယ်။ တစ်ချို့ကလည်း ဘာမှမလုပ်ပဲလ္ဘက်ရည်ဆိုင်ပဲထိုင်နေတယ်။ ဒီတော့ ဒီလူငယ်တွေ မှန်ကန်တဲ့ရွေးချယ်မှုကိုရဖို့ဆိုတာက လက်ရှိအာဏာရနေတဲ့ အစိုးရရဲ့ Policy ရယ်၊ မိဘတွေရဲ့ နားလည်သဘောပေါက်မှုရယ်၊ လူငယ်တွေရဲ့ ခိုုင်မြဲတဲ့ ဇွဲများ လိုအပ်ပါကြောင်း အကျဉ်းချုပ်ရေးသားလိုက်ရပါတယ်။

6 comments

  • မောင်တင့် တယ်

    February 21, 2013 at 6:22 pm

    အင်း အဲ့ ဒါကတော့ ဘယ်လိုုပြောရမလဲ..
    ဘယ်လိုပြောရမလဲ မသိတော့ ဘူး ဟဲဟဲ..
    မိဘနဲ ့သားသမီးကြားမှာ ဆွေးနွေးခန်းလေး လုပ်သင့်တယ်လို ့တော့ ထင်တယ်..

  • kai

    February 22, 2013 at 4:39 am

    အင်မတန်ကောင်းတဲ့..စာတမ်းပါ…

    ဆိုတော့..
    ကျုပ်ကတော့ ..စနစ်ကြောင့်မဟုတ်လို့.. ပုံသေနည်းလိုကိုင်ပြောတယ်..
    ဥပမာပေါ့လေ..
    မြန်မာတွေ.. ပညာရေးစနစ်နာမည်ကြီးတဲ့.. ယူအက်စ်.. အင်္ဂလန်ရောက်တယ်..
    ပြောင်းရွေ့အခြေချတယ်.
    နောက်တော့…
    တက္ကသိုလ်တက်ဖို့အခွင့်ရှိတဲ့.. မြန်မာအများစုက.. ဆေးလိုင်းရယ်.. အဂျင်္င်နီယာလိုင်းရယ်ပဲ …အဓိကရွေးကြသဗျ…
    ပိုမြင့်တဲ့.. ဥပဒေလိုင်း.. နို်င်ငံရေးသိပ္ပံလိုင်း..စီးပွားရေး.. သိပ္ပံပညာ. ရွေးတက်သူအချိုးနည်းတယ်..။
    အကျိုးဆက်က…
    ယူအက်စ်ရောက်ပထမမြန်မာဂျင်နရေးရှင်း.နဲ့.. ဒုတိယဂျင်နရေးရှင်း. (တခြားလူမျိုးတွေနဲ့နှိုင်းရင်) မြန်မာက.. ပြည်နယ်/ဖယ်ဒရယ်အစိုးရအလုပ်ထဲ.. အုပ်ချုပ်မှုပိုင်းထဲ.. ကိုယ်ပိုင်ဝင်ငွေရှိ မီလီယံနာသူဌေးထဲ.. နိုင်ငံရေးသမားထဲ.. အင်မတန့်အင်မတန်.. နည်းပါကြောင်း…
    ရှိရင်တောင်.. ခရစ်ယန်..အစ္စလမ်.. မဟာယာနကိုးကွယ်သူ မြန်မာများဖြစ်ကြပါကြောင်း..
    ( ဥပမာ..။ သန်း၃၀ဝကျော်ချမ်းသာသူ.. စတိဗ့်ကေး(ခရစ်ယန်)၊ ပန်ဒါအိပ်စ်ပရက်စ်ဖောင်ဒါ – Peggy Cherng (မဟာယာန)..)

    လူငယ်များနဲ့ဥပမာတခုပြရရင်..။ အင်္ဂလန်ပါလီမန်ထဲဝင်ပြောနိုင်သူ.. မြန်မာလူငယ် ၂ယောက်ပဲရှိတာမှာ..
    ဇိုရာဖန်း..(ကရင်-ခရစ်ယန်)နဲ့.. ဝေနှင်းပွင့်သုန်(မြန်မာ-မွတ်ဆလင်) ဖြစ်ပါကြောင်း..

    စနစ်ကြောင့်မဟုတ်..

    “သခင်မျိုးဟေ့.. ဒို့ Burman ”

    It matters not how strait the gate,
    How charged with punishment the scroll,
    I am the master of my fate;
    I am the captain of my soul.

    William Ernest Henley
    (၁၈၄၉-၁၉၀၃)

    သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။


    အောင်ဆန်း
    ခေါင်းကြီးပိုင်း အိုးဝေမဂ္ဂဇင်း၊
    အတွဲ ၆၊ အမှတ် ၁၊ ၁၉၃၆။

  • ဦးကြောင်ကြီး

    February 22, 2013 at 10:21 am

    အနော် ဒီအက်စ်အေဝင်ခွင့် ဖြေပီး ဘာဆက်တက်ရင် ကောင်းမလဲ… အေအိုင်အေ ဖောက်ခွဲရေးသင်တန်း တက်သင့်လား။။

  • kyeemite

    February 22, 2013 at 1:05 pm

    “ မိဘတွေနားလည်ထားရမှာက မိမိတို့သားသမီးတွေရဲ့ Trait ပေါ့၊ ဘယ်နေရာမှာအားသာနေလဲဆိုတာသိရမယ်။ သူ့ဘဝနဲ့သူ့ဝါသနာနဲ့ ကိုက်တဲ့ဟာတွေကို ရွေးချယ်ခွင့်ပေးမှရမယ်။”

    ဒီအချက်ကို အလေးအနက်လက်ခံပါတယ်….အဲဒီအတိုင်းကျင့်သုံးမယ်
    လို့လည်းဆုံးဖြတ်ထားပါဂျောင်း…
    ကျုပ်တို့ခေတ်ကတော့ ဘာရွေးချယ်ခွင့်မှမရှိခဲ့ဘူး..ရရာလုပ်ခဲ့ရတာပဲ..

  • Mr. MarGa

    February 23, 2013 at 8:35 pm

    ပြောရမယ်ဆိုရင်
    ဘယ်လမ်းကို ရွေးသင့်သလဲ ဘယ်လမ်းက ကိုယ့်ဝါသနာနဲ့ အကိုက်ညီဆုံးလဲဆိုတာကိုလဲ မသိကြ
    သိပြန်တော့လဲ လွပ်လွပ်လပ်လပ် ရွေးချယ်ခွင့်ကမရ
    ဒါတွေနဲ့ပဲ ချာချာလည်နေတဲ့ စနစ်လို့ မြင်ပါတယ်

  • ဘယ်လို ခေါ်ရမလဲ ????
    Asiamasters ပေါ့ဗျာ … အဟဲ …

    ကျနော်များ တစ်လတစ်ခါ ဆိုသလို …
    ဂဇက်ထဲက ပို့စ်တွေကို ရွေးချယ် ပေးအပ်လေး ရှိတဲ့ …
    မန်းဂဇက်ချစ်သူများ စာပေဆု ရဲ့ ဇကာတင် စာရင်းထဲမှာ …
    Asiamasters ရဲ့ ဒီပို့စ်လေး ပါဝင်ခဲ့ပါတယ် ခင်ဗျာ …
    ဒါကို ဝမ်းမြောက် ဝမ်းသာ ဖြစ်နိုင်ဖို့နဲ့ ရွာ ဘုရားပွဲကို ကြည့်နိုင်ဖို့ ဖိတ်ပါတယ်ဗျို့ …
    ပို့စ်ခေါင်းစဉ်က ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ ပါတဲ့ ခင်ဗျာ …
    လာခဲ့ပါဦးနော့ ……။

    ဒု – အတွင်းရေးမှူး
    မဟာအံ

Leave a Reply