Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်နေဂျာတစ်ဦးပြင်ဆင်ရန်……….

maypearlJuly 22, 20101min3387

ရင်ဆိုင်ဖြေရှင်းရမည့် ပြသနာများကို မဖြေရှင်းရဲသူ၊ ငြင်းဆန်စကားပြောရမည်ကို အားနာပြီး တစ်ချိန်လုံး `ဟုတ်ကဲ့၊ရပါတယ်´ လုပ်နေသည့်သူ၊ ပြသနာတက်လာလျှင် ထုတ်မပြော၊ဝန်မခံဘဲ မြုံစိစိလုပ်နေပြီး အမှားကို ဝန်မခံရဲသည့်လူများကို Passive People ဟုအမည်တပ်ပါသည်။ လုပ်ငန်း ခွင်တိုင်းတွင် ၎င်းလူစားမျိုးများ ကြာကြာမြဲနေလျှင် သူ့ပတ်ဝန်းကျင်က လူများပါ တဖြည်းဖြည်း ကူးစက်ပြီး Confidence နည်းလာတတ်သော ကြောင့် မန်နေဂျာသည် Passive People များပိုပြီးယတိပြတ်သူတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် တာဝန်ရှိပါသည်။ ထို့အတွက် အချိန်ပေးရခြင်း၊ စိတ်ရှည်သည်းခံရခြင်း၊ ပါးပါးနပ်နပ် ဂရုတစိုက် ကိုင်တွယ်ရခြင်းများ ရှိလာမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါ သည်။

လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာပြီး ပြသနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းများ တိုးတက်လာမည်၊ လုပ်ငန်းတွင်လည်း ထုတ်လုပ်မှုစွမ်းရည် ပိုမိုမြင့်လာပြီး အောင်မြင်မှု ပိုရလာမည်များနှင့် ထေကြည့်လိုက်ပါလျှင် အချိန်ပေးရကျိုး၊ ဦးနှောက်ခြောက် ရကျိုး နပ်ပါသည်။

Passive ဖြစ်ရသည့်အကြောင်းရင်း

ဝန်ထမ်းများ Passive ဖြစ်ရသည့်အကြောင်းရင်းတွင်

– အများသဘောနှင့် ဆန့်ကျင်လျှင် မိမိကို မနှစ်သက်တတ်ဟု ယုံကြည်နေသော အယူအဆမှား၊

– အမှန်တရားတစ်ခုအတွက် ရေရှည်ရပ်တည်ရန် စိုးရွံ့ပြီး လက်ရှိတစ်ခဏ သဘောထားချင်း ကိုက်ညီမှုကို ပိုမို ဦးစားပေးလိုသော သဘောထား၊

– အခြားသူများက ခြိမ်းခြောက်ရန်လိုကြမည်ဟူသော ခံစားချက်၊

– ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်တွေးခေါ်ခွင့်ရှိသည်ကို နားမလည်ကြခြင်း၊

– မိမိအမြင်နှင့် အတွေးအခေါ်များကို မိမိကိုယ်တိုင်က ယုံကြည်မှုအားနည်းခြင်း၊

– ပြတ်ပြတ်သားသားလုပ်ဆောင်တတ်သည့် အလေ့အထအားနည်းခြင်း၊

– အပြင်လူက ကိုယ့်ကို မြင်သည့်အမြင်မျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မမြင်ကြည့်ခြင်းတို့ ပါဝင်ပါသည်။ ထိုအကြောင်းရင်းများထဲမှ မိမိ၏ လုပ်ဖော်ကိုင်ဖက်တွင် တွေ့ရသည့် အားနည်းချက်ကို လေ့လာပြီး အချိန်ယူပြုပြင်ရန် ဖြစ်ပါသည်။ ထိုအကျင့်၊ အမြင်နှင့် အယူအဆများသည် အရပ် စကားနှင့် ပြောရလျှင် တစ်သောင် လုံးစွဲလာခဲ့ပြီး ဖြစ်သောကြောင့် နေ့ချင်းညချင်းပြောင်းလဲပစ်နိုင်မည် မဟုတ်ပါ။ ပျော့ညံ့ခြင်းနှင့် ယတိပြတ်ခြင်း ကြား ဝေခွဲမရဖြစ်နေတတ်သဖြင့် အတင်းအကျပ်တိုက်တွန်းအား မပေးမိရန် လိုပါသည်။ ပြတ်ပြတ်သားသား ဖွင့်ဟပြောဆိုခြင်းကို ရန်လိုသော အပြုအမူဟု ထင်တတ်ကြပြီး အလိုက်အထိုက် လိုက်လျော ပြောဆိုခြင်းသည်သာ ယဉ်ကျေးသော အမူအကျင့်ဖြစ်သည်ဟု စွဲထင်နေကြရာ ယဉ်ကျေး ပျုဌာစွာ ပြုံးနေခြင်းသည် အားလုံးအဆင်ပြေခြင်း မဟုတ်ကြောင်း ယူဆမှုမလွဲစေရန် ဖော်ထုတ်ပြရပါမည်။

ပြသနာကို ဖော်ထုတ်ကြည့်ခြင်း

Passive People တို့၏ ထင်ရှားသောအဓိက အမူအကျင့်သုံးမျိုး ရှိပါသည်။

(က) စကားပြောရာတွင် `ပြောရမှာတော့ အားနာပါတယ်။ ဒါပေမယ့်…´၊`ငါမှားကောင်းမှားနိုင်တယ် ဆိုတာသိပါတယ်။ ဒါပေမယ့်…´ စသည်     မပြတ်မသားစကားများ ပြောလေ့ရှိပါသည်။

(ခ) ကိုယ်အမူအရာအရ ခေါင်းကို အောက်ငုံထားခြင်း၊သို့မဟုတ် အပေါ်မော့ထားခြင်း၊ စကားပြောဆိုရာတွင် မျက်လုံးလွှဲထားတတ်ခြင်း၊ လက်ဆစ် ချိုးခြင်း၊ ခဲတံ၊ ဘောလ်ပင် တို့ကို ကိုင်တွယ် ဆော့ကစားစသည့် စိတ်မတည်ငြိမ်မှုကို ပြသော လှုပ်ရှားမှုများ လုပ်နေတတ်ခြင်း၊ ပုံမှန်စကားပြောနေကျထက် တိုးတိတ်ညင်သာလွန်းခြင်း၊ အင်း…အဲ…စသည့် စကားလုံးများ ဖောဖောသီသီ သုံးလွန်းခြင်း၊ သူနှင့် ရင်ဆိုင်စကား ပြောပြီဆိုပါက နောက်သို့ ဆုတ်သွားတတ်ခြင်းတို့ကို ပြုမူတတ်ပါသည်။

(ဂ) လုပ်ငန်းလုပ်ဆောင်မှုရလာဒ်အဖြစ် တခြားသူများကို အလုပ်ခွဲပေးရမည်ကို အားနာသဖြင့် အလုပ်များ သူ့တစ်ဦးတည်းအပေါ် စုပုံနေတတ်ပြီး ဆက်မလုပ်နိုင်တော့ခြင်းမျိုး ကြုံတွေ့ရတတ်ပါသည်။ အချိန်မီ အလုပ်မပြီးတော့ခြင်း၊ အရေးတကြီး ဆုံးဖြတ်စရာ ကြုံလာလျှင် ဆိုင်းထားတတ်ခြင်း၊ အထက်တာဝန်ရှိသူထံ မမေးမြန်းတတ်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။

ဂရုတစိုက် လေ့လာခြင်း

Passive တို့၏ အမူအကျင့်သည် ပြသနာချက်ချင်း မပေါ်ပေါက်တတ်သည့်အတွက် မန်နေဂျာများအနေဖြင့် ဂရုမပြုမိဘဲရှိကြရာ စတင်သတိပြုမိ သည်နှင့် တုံ့ပြန်ဆောင်ရွက်ဖို့လိုပါသည်။ ပထမဆုံးသက်ဆိုင်ရာ Passive Person နှင့် ဆက်သွယ်ပြောဆိုရပါမည်။ ယင်းသို့ပြောဆိုရာတွင် မန်နေဂျာဘက်ကပြောသည်ထက် ထိုသူပြောသည်ကို ပိုနားထောင်ရပါသည်။ ထိုသူ၏ အပြုအမူ၊ အပြောအဆိုတို့ကို လေ့လာပြီး ပြင်ဆင်ပေးရမည့်အချက်များကို မှတ်သားထားရပါမည်။

ရှင်းလင်းပြောကြားခြင်း

လူတိုင်းမှားတတ်ကြကြောင်း၊ မိမိခံစားချက်နှင့် အတွေးအခေါ်များကို ထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်း၊ တချို့သောတောင်းဆိုချက်များကို ငြင်း ခွင့်ရှိကြောင်း၊ နားမလည်ပါ ၊သဘောမတူပါ၊ မသိပါဟု ပြောခွင့်ရှိပြီး အကူအညီလိုပါက အကူအညီတောင်းခွင့်ရှိကြောင်း၊ တခြားလုပ်ဖော်ကိုင်ဖက် များ၏ လုပ်ဆောင်ရည် တိုးတက်မှုအတွက် ပြောဆိုထောက်ပြခွင့်ရှိကြောင်းများ ရှင်းလင်းပြီး အခွင့်အရေးနှင့် တာဝန်ယူမှုကို ခွဲခြားသိစေရပါမည်။ ထို့ပြင် ယတိပြတ်သူတစ်ဦးဖြစ်လာစေရန် အခြေခံလိုအပ်ချက်ဖြစ်သော တခြားသူများ၏အမြင်ကို အသိအမှတ်ပြုခြင်း၊ ကိုယ်ပိုင်ခံစားချက်နှင့် အတွေးများကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခြင်း၊ ပြသနာဖြစ်လာပါက အပြုသဘောနည်းဖြင့် ဖြေရှင်းနိုင်ရန် အကြံပြုပေးခြင်း၊ မိမိရပ်တည်ချက်ကို ခိုင်မာပြတ်သားစေခြင်း၊ စသည့် အချက်များကို ရှင်းပြပေးရမည်။

ကိုယ်တိုင်စံနမူနာပြခြင်း၊တိုက်တွန်းအားပေးခြင်း

ယတိပြတ်ဆောင်ရွက်တတ်ခြင်း၏ ထိရောက်မှုရှိပုံကို မန်နေဂျာကိုယ်တိုင် လိုက်နာကျင့်ကြံပြခြင်းဖြင့် နမူနာယူစေရပါမည်။ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သော ၊ပြသနာကို နားထောင်တတ်သော မည်သူ့ကိုမျှ အပြစ်မတင်ဘဲ အကောင်းဆုံးဖြေရှင်းပေးတတ်သော မန်နေဂျာ၏အပြုအ မူကို အတုယူပြီး လိုက်နာကျင့်ကြံနိုင်ပါသည်။ သူတို့၏ ပြောင်းလဲလာမှုကို အားပေးကူညီရပါမည်။ ပြတ်သားသောအပြူအမူထက် ရန်လိုသောအမူအကျင့်ဘက်ကို ဦးတည်ပါက အဆိုပါအပြုအမူကို ချက်ချင်းစွန့်လွတ်ရန် ဂရုစိုက်ပြောကြားရင်း သူတို့၏ပြောင်းလဲလိုသော စိတ် ဓာတ်ကို မထိခိုက်စေရန် သတိထားရပါမည်။ ပြတ်ပြတ်သားသား မှန်ကန်စွာ ပြုမူလာတတ်မှုတိုင်းအတွက် ဂုဏ်ပြုစကားပြောကြားပေးရန် လိုပါ သည်။

(2010 ဇူလိုင်လထုတ် CEO Magazine ပါ ဒေါက်တာဒေါ်ခင်စန်းရီ ရေးသားသောစာအား ရည်ညွှန်းဖော်ပြပါသည်။)

7 comments

  • mipukay

    July 22, 2010 at 11:10 am

    တိုးတက်ရန်လိုသော မြန်မာနိုင်ငံတွင် passive people များစွာရှိကြောင်း သတိထားမိသည်မှာကြာပြီဖြစ်ပါသည်။
    ကျေးဇူးပြုပြီး မိမိတစ်ဦးချင်းစီမှ နီးစပ်ရာဝန်းကျင်ကို စာရေးသူဖော်ပြထားသည့်နည်းများဖြင့် ပြုပြင်ပေးကြပါရန်
    တောင်းဆိုချင်ပါသည်။
    စာရေးသူကိုလည်းကျေးဇူးတင်ပါတယ်။

  • fatty

    July 22, 2010 at 2:35 pm

    …..One more thing I would like to add for manager.
    ….A manager needs to practice divide and rule method without fail.
    thank you.

  • learner

    July 22, 2010 at 3:06 pm

    divide and rule method ဆိုတာဘာလဲ ရှင်းပြလို့ရမလား?

  • wunnakoko

    July 23, 2010 at 4:17 am

    မျှဝေပေးတာကို ကျေးဇူးတင်ပါတယ်။ ရည်မှန်းချက်ကြီးသူတွေအတွက် အထောက်အပံ့တစ်ခုပါ။ ရှောင်သင့်တာရယ် သတိပြုရမှာတွေကို လေ့လာမိပါတယ်။

  • fatty

    July 23, 2010 at 5:26 am

    Dear learner……..
    Divide and Rule method ……
    Suppose someone is a manager…he has to handle many staffs under his section …and he needs to get some information …..
    …..ဆိုပါစို့…… he has to know who is hard working who is lazy, or…who is giving company’s secret to others.
    …..In this condition…he has to divide his staffs (သွေးခွဲပြီး အုပ်ချုပ် တာ). If all the staffs united, the manager cannot get the information…..
    ……….divide and rule method was practiced by the British on Myanmar once.
    …Thank you.

  • fatty

    July 23, 2010 at 8:47 am

    good တော့ good ပါဘဲ ……no votes !!!

Leave a Reply