Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မြို့တွင်း အိမ်တချို့တွင် ကြွက်အန္တရာယ်မှ ကာကွယ်နိုင်ရန် အလှမွေး မြွေ မွေးမြူမှု များပြားလာကြောင်း သိရသည်

cobraJuly 24, 20101min38814

“နေရာတိုင်းမှာ ကြွက်တွေ သောင်းကျန်းတာ အစားအသောက်တွေကို ခုံပေါ်မှာ အုပ်ဆောင်းအုပ်ပြီး ထားလို့တောင်မရဘူး။ တိုက်ပြီးဖွင့်တာ။ ပုလိပ်ရောဂါ ဖြစ်မှာတောင် စိုးရိမ်ရတယ်။ ကြွက်ထောင်ချောက်လည်း မနိုင်တော့ဘူး။ အသေခံပြီးတော့ ကိုလာ နေတာ။ အခု သူများတွေက အလှမြွေလေးတွေ မွေးရင် ကြွက်မလာဘူးဆိုလို့ ဝယ်မွေးထားတယ်”ဟု သာကေတမြို့ တွင်နေ ထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။

နှစ်စဉ် မိုးရာသီတွင် ကြွက်များအိမ်ပေါ်သို့ တက်လာလေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ မများကြောင်း၊ ကြွက်များမှာ အနည်းငယ် ပိုကြီးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်လ အတွင်းက နေပြည်တော် နေပြည်တော်- ရန်ကုန် လမ်းမသစ်ကြီးပေါ်တွင် ထောင်နှင့်ချီသော ကြွက်အုပ်များ နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်းမှုဖြစ်ခဲ့သည်။

ယုဇန ပလာဇာ အနီးတွင် ဖွင့်လှစ်ထားသော အိမ်မွေးတိရစာ္ဆန် အရောင်းဆိုင်ရှင် တဦးက“အရင်တုန်းက တိရစ္ဆာန်ပေါင်းစုံ ရောင်းရပေမယ့် အခုတလော အလှမွေးမြွေလေးတွေပိုရောင်း လာရတယ်။ ရောင်းတန်းဖြစ် တဲ့အပြင် အလှမွေးဆိုတော့ အဆိပ်မရှိတဲ့ မြွေ သူတော်လေးတွေ သဘောမျိုး၊ အရောင်က အဖြူ၊ အဝါရောင်လေးတွေ ရှိတယ်”ဟု ပြောသည်။

အလှမွေးမြွေများကို အိမ်များတွင်မွေးမြူထားခြင်းဖြင့် ကြွက်များလာရောက်ခြင်းကို ဟန့်တားနိုင်ကြောင်း၊ ယခင်အသုံးပြုနေ သော ကြွက်ပြေးဆေးခဲများ၊ ကြွက်ထောင်ချောက်များထက် ပို ထိရောက်မှုရှိကြောင်းလည်း သူက ဆိုသည်။

“ဈေးနှုန်းက အနည်းဆုံး ကျပ် ၁၅၀ဝ ကနေ ၃၀၀ဝ ကျော်အထိ ရှိတယ်။ အစာကတော့ နွားနို့ တနေ့ တဘူးလောက် တိုက်ပေးဖို့ပဲ လိုတယ်။ တနေ့ကို အနည်းဆုံး ၃ ကောင်ကနေ ၅ ကောင်အထိ ရောင်းရတယ်”ဟု သံဈေးအနီး တိရစာ္ဆန် အရောင်းဆိုင်မှ အရောင်းဝန်ထမ်း တဦးက ပြောသည်။

အလှမြွေများ မွေးမြူမှု များလာခြင်းကြောင့် မြွေထည့်သည့် သီးသန့် လှောင်အိမ်များပါ အရောင်းသွက်လာကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကြွက်အန္တရာယ် ကင်းရှင်းရန် သဘာဝနည်းအရ ခွေး၊ ကြောင်၊ မြွေများ မွေးမြူခြင်း၊ ကြွက်ပြေး ဆေးများချ၍ နှိမ်နင်းခြင်းများ စသည့် နည်းများဖြင့် ကြိုးစားနှိမ်နင်းနေကြောင်း သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနတွေက ပုလိပ်ရောဂါတွေမဖြစ်ပွားအောင် သတိပေးတာတွေ လုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် ဒီ
သတိ ပေးတဲ့နည်းလမ်းတွေက စာမျက်နှာတွေ ပေါ်မှာပဲရှိပြီး လက်တွေ့ အပြင်မှာ အာဏာပိုင်တွေက စနစ်တကျညွှန်ကြားပြီး စိစစ်တာ မရှိဘူး။ ဒီတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာပြီး ဂရုတစိုက်နေဖို့ပဲ ရှိတယ်”ဟု အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုကဲ့သို့ အိမ်မွေးတိရစာ္ဆန်များ မွေးမြူ၍ ကြွက်အန္တရာယ်မှ ကာကွယ်ခြင်းသည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိသော် လည်း မွေးမြူထားသည့် မြွေများ ပြန်အန္တရာယ်မပြုနိုင်ရန် သတိထားသင့်ကြောင်း၊ အကောင်ကြီးမားသည်အထိ အိမ်တွင် မမွေးမြူသင့်ကြောင်း ၎င်းကပြောသည်။

ဇူလိုင် ၂ဝ ရက်နေ့ထုတ် သတင်းစာတွင် မိမိတို့ အိမ်၊ ရုံး၊ ဈေးနှင့်ပတ်ဝန်းကျင်တွင် ကြွက်များဝင်ရောက် ခိုအောင်း ပေါက်ပွားမှုမှ ကာကွယ်ရန်၊ မိမိတို့အိမ် အနီးတွင် ကြွက်များ ရုတ်တရက်သေဆုံးပါက ပလိပ်ရောဂါကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သတိရှိရန်၊ ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာန သို့ အကြောင်းကြားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

14 comments

  • maypearl

    July 24, 2010 at 9:49 am

    ကြွက်ပျောက်ဖို့တော့ မြွေမမွေးပါရစေနဲ့နော်
    ထောက်ခံကြလား

  • cobra

    July 24, 2010 at 9:57 am

    ဟာ…မြွေကအဆိပ်မှမရှိတာမယုံရင်လက်သွားထည့်ကြည့်လိုက်လေ……။

  • tunaung

    October 16, 2010 at 11:49 am

    ကြောင်ခေတ်ကုန်တော့မယ်ထင်တယ်…..

  • april

    October 16, 2010 at 12:32 pm

    အဆိပ် ရှိမရှိတော့ မသိဘူး..အဲဒီ ၂ကောင်စလုံးကိုတော့ ကြောက်တယ်..:P

  • ဆူး

    October 16, 2010 at 12:50 pm

    ကြောင်တော့ မချစ်ဘူး မြွေကတော့ မဆိုးဘူး.. ဒါနဲ့ မြွေလွတ်သွားရင် ဘာဖြစ်နိုင်လဲဟင်.. နီးစပ်ရာ ဟင်းအိုးထဲ ရောက်တဲ့ ခေတ်တော့ မဟုတ်လောက်ပါဘူးနော်..

  • michaelaungpu

    October 16, 2010 at 2:03 pm

    (အစာကတော့ နွားနို့ တနေ့ တဘူးလောက် တိုက်ပေးဖို့ပဲ လိုတယ် )
    မြွေကိုနို ့တိုက်လို ့ရတာ တကယ်မသိဘူးနော် တို ့ကတောသူတောင်သားတွေဆိုတော့ မြွေဆိုတာအသားစားတယ်ဘဲထင်တာ
    ဆေးပညာအရတော့ နို ့ထဲမှာပါတဲ့ အသားဓာတ်တို ့ဘာတို ့ပေါ့ မြွေတွေ ကြက်ဥ ငှက်ဥ စားတာတွေနဲ ့ပြန်တွက်တော့ လဲ ဟုတ်မယ်ထင်တာဘဲ
    ဟုတ်မှာပါ
    (အဆိပ်မရှိတဲ့ မြွေ သူတော်လေးတွေ သဘောမျိုး)
    အဲ့ဒါကတော့ လုံးလုံးမှားသွားပြီ မြွေကတော့ ဘယ်လိုမှ သူတော်ကောင်းမဖြစ်နိုင်ဘူး မြွေတွေအားလုံးဟာတန်ပြန်တတ်တယ်
    မြွေမွေးထားလို ့ကြွက်မလာဘူးဆိုတာကတော့ inn inn inn
    နောက်ကြုံမှ ပြောပြမယ်

  • fatty poak

    October 16, 2010 at 6:38 pm

    မလုပ်ပါရစေနဲ့ဗျာ…….မြွေဆိုရင်ဘာနေနေကို…..ကြောက်လို့ပါ……….။ရေမြွေအစ..ကြောက်တယ်ဗျာ….။သူတို့မို့……မွေးရဲတယ်…။အမယ်လေးနော်………။

  • Chaw Chaw

    August 26, 2011 at 12:28 pm

    တခြားနည်းလမ်းရှိရင် share ပေးပါ…

  • Moe Z

    August 26, 2011 at 12:43 pm

    ကြောင်တွေက အိပ်လိုက်စားလိုက်ဘဲလုပ်နေကြတာကိုး
    ကိုယ့်တာဝန်ကိုယ်မကျေတော့ သူများကိုနေရာပေးလိုက်ရတာပေါ့ 😛

  • မီးမီး သော်

    August 26, 2011 at 2:46 pm

    ကိုကိုကြောင်တို ့၊မမကြောင်တို ့၊ဦးကြောင်ကြီးတို ့ဘယ်မှာ စက်တော်ခေါ်နေကြပါလိမ့်။ကိုယ့်အစာလာနေတာလေ ထွက်စားကြပါဦး—-ဟိ ဟိ

  • killer

    August 26, 2011 at 5:01 pm

    ကြွက်ကြောက်လို့ မြွေမွေး။ နောက်တော့ မြွေကြောက်လို့ မြွေပါမွေး ရမှာ။
    မြွေပါ အရောင်းဆိုင်လဲ ဖွင့်ထားရမယ်။

  • မီးမီး သော်

    August 26, 2011 at 7:59 pm

    အရင်တော့ကြွက်အမြီးတွေဝယ်တယ်ကြားပါတယ်။ခုတော့ဘယ်ရောက်ကုန်ပါလိမ့်။ရောဂါဖြစ်လဲ အစိုးရကတော့ သိပ်ပူပင်မှာတော့ မဟုတ်ပါဘူး။

  • unclegyi1974

    August 26, 2011 at 10:23 pm

    မြွေရောင်းတဲ့ဆို်င်တွေကထွင်တာနေမှာပါ
    ကြွက်ကိုကြောင်ကအနိုင်ဆုံးးပါပဲ
    ကြောင်သူတော်နဲ့တွေ့ရင်တော့မပြောတတ်ဖူးနော်

  • ယမမင်း ကြီး

    August 26, 2011 at 11:53 pm

    ချင်းပြည်နယ်ကကြွက်တွေ ရန်ကုန်ကို ဥမင်လှိုင်ခေါင်းကနေလာတယ်ထင်ပါတယ်။

Leave a Reply