Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖုန်း ရေဝင် လျှင် ဘာလုပ် သင့် လဲ ????

Mobile HouseApril 11, 20136min92223

 

 

သင်္ကြန် ရောက် ခါ နီးပြီ ဖြစ် တဲ့ အတွက် ဖုန်း ရေ ဝင် လျှင် ဘာလုပ် သင့် လဲ ဆို တာလေး ကို Mobile House မှ service ကျွမ်းကျင် သူ ကို ရဲရင့် အောင် မှ ပြော ပြပါမယ် ။ ဒီ ပို့ ကို ဖတ် ပြီး ကြိုက် တယ် ကျေးဇူး တင်တယ် ဆို Like ပေး ပါ ။ သူငယ် ချင်း တွေ လဲ သိ အောင် လို့ ရှယ် ပေး ကြ ပါ ။

 

ရေ ဝင် လျှင် ဘာ လုပ် ရမ လဲ နဲ့ ပတ်သက် ပြီး တော့  ဂျာနယ် တွေ မှာ အမျိုး မျိုး ရေး ကြ သလို ကိုယ် ထင် သလို ပြော နေ ကြ တာ တွေ လဲ ကြားဖူး နေ ကြ မှာ ပါ ။ အဲ့ ဒါ တွေ မေ့ လိုက် ပါ တော့ ခု ပြော မဲ့ နည်း ကို Mobile House မှ service ကျွမ်းကျင် သူ တစ်ယောက် က ဖုန်းကိုင် တဲ့ သူ တွေ အားလုံး အတွက် အကောင်း ဆုံး နည်း ကိုပြောပြ ပေးပါမယ် ။

 

အောက်က ပြော တဲ့ အဆင့် တွေ ကို သာ သေချာ လိုက်နာ ပါ က သင့် ဖုန်း ပြန် ကောင်းဖို့ 80% သေချာပါတယ် ။ တကယ် လို့ သာ မလုပ် ခဲ့ ဘူး ဆို ရင် တော့ ပျက် ဖို့ 80% ဖြစ်သွားပါမယ် ။

 

ဖုန်း ရေဝင်လျှင် အရင် ဆုံး ချက်ခြင်း ဓာတ်ခဲ ထုတ် ပါ ။ လုံးဝ ပြန် မထည့် ပါ နဲ့ ။

 

ဘာကြောင့် ဓာတ်ခဲ ထုတ် သင့် လဲ ဆိုတော့  အောက် ကပုံ ကြည့် ပါ ။

 

 

 

 

 

 

ဓာတ် ခဲ ရဲ့ အပေါင်း အနှုတ် ဟာ ရေ နဲ့ ထိ လျှင် လျှပ် ပူး ပြီး သူ့ လမ်းကြောင် ပေါ် က ရှိ တဲ့ အရာ အားလုံး ကို ရှော့ ဖြစ် စေ ပါတယ် ။

 

ဝင်ထားသော ရေ သည် ၁ဝ ရက် အထိ မခြောက်နိုင် သော ကြောင့်  ဓာတ် ခဲ ပြန် မထည့် သင့် ပါ ဘူး ။

 

ဂျာနယ် တွေ နဲ့ အချို့ သူ တွေ သိ နေ သော နည်း လမ်း များ မှာ အသုံး မပြု သင့် ပါ ဘူး ။

ဥပမာ- နေပူ လှန်း ခြင်း ၊ hair dryer ဖြင့် အပူ ပေး ခြင်း စတဲ့ နည်း တွေ ပါ ။

 

ဘာ ကြောင့် လဲ ဆို တော့  power ic , CPU , memory ic နှင့် အခြား ic များ အတွင်း သို့ ဝင် ထား သော ရေ သည် ထို ကဲ့ သို့ နည်း များ နဲ့ မ ခြောက် နိုင်ပါ ။ အောက်ကပုံ ကြည့် ပါ ။

 

အပူ ပေး ခြင်း ဖြင့်  IC အတွင်း ရှိ ရေ သည် ရေငွေ့ ပြန် ပြီး ခဏ နေလျှင် အဲ့ ရေ များသည် နဂို နေ ရာ သို့ ပြန် လည် ရေကျ စေသည့် အတွက် မည်မျှ အပူ ပေး နေစေ IC ထဲ ရှိ ရေ များ သည် ခြောက် မည် မဟုတ်ပါ ။  ထို့ ကြောင့် စတဲ့ အပူ ပေး ပြီး ခြောက် စေတဲ့ နည်း နဲ့ မသုံး သင့် ပါ ဘူး ။

 


ဖုန်း ရေ ဝင် လျှင် ဘာကြောင့် ပါဝါ ဖွင့် ကြည့် ကြ လဲ ???

 

လူ တွေ ရဲ့ စိတ်အမျိုး မျိုး ရှိပါတယ် ။ တချို့ က ပိုက်ဆံ ကုန် မှာ ကြောက် လို့ ၊ တချို့ က ကိုယ် တိုင် ကလိ ချင် လို့ ၊ တချို့ က ဂျာနယ် တွေ နဲ့ အချို့ သူ တွေ ရဲ့ ပြော စကား နားယောင် ပြီး လိုက် လုပ် ကြည့် ပြီး ကောင်ပြီထင်ပြီး ဖွင့် ၊ အများစု က တော့ ရေဝင် ထားတဲ့ ဖုန်းကို ခြောက်လောက်ပါပြီ ပါဝါ လာ မလာ သိချင်လို့ ပြန် ဖွင့် ကြည့် ကြ တာပဲ ။ ဖွင့် ကြည့် ဖို့ ဓာတ်ခဲ ထည့် လိုက် တာ နဲ့ လျှှပ် စီး စဝင် ပါပြီ ။စက် ဖွင့် တာ နဲ့ ic ထဲရှိ ရေ များ ကြောင့် ic တွေ အကုန်ရှော့ ဖြစ် စေ နိုင်ပါတယ် ။ ပါဝါ မပွင့် တော့ မှ ဆိုင် ပို့ ကြ တယ် ။ ပါဝါ ပွင့် တယ် ဘာ မှ မပျက် ဘူး ဆို ရင် ဆက် သုံး ကြ တယ် ။အဲ့ ဒါ မလုပ် သင့် တဲ့ အမှား တွေ ပါ ။

 

ဘာကြောင့် ဆက်မသုံးသင့် လဲ ???

 

ရေ တွေ က ဘယ်နည်း နဲ့ ခြောက်ခြောက် ရေညှိ ဆိုတာ တက်ပါတယ် ။ အောက်ကပုံတွေ ကြည့် ပါ ။

 

 

 

 

 

အဲ့ ညှိ တက်နေ တာတေ က တဖြည်းဖြည်း စားပြီး သံ ဂျီး ကိုက် ပြီး သက်ဆိုင် ရာ ညှိ တက်နေ တဲ့ နေ ရာ တွေ တဖြည်းဖြည်း ပျက် လာပါတယ် ။ အဲ့ဒါ ကြောင့် ဆက် သုံး လို့ ရပြီး နောက် မှ စပီကာ တို့ မိုက် တို့ LCD တို့ Touch တို့ သုံး မရ တော့ တာ မျိုး IC ထဲ မှာ ညှိ တက်ပါ က လဲ အဲ့ IC ပျက် သွားပါမယ် ။

အောက်ကပုံ ဆို ရေဝင် ပြီး ၁ပတ် လောက် နေ တဲ့ ပုံပါ ။

 

 

 အဲ့  ဒါ ဆို ဘာ လုပ် ရ မလဲ ???

 

ဓာတ်ခဲ ထုတ် ပြီး သာနဲ့ လုံး ဝ ပြန် မထည့် ပါဝါ မဖွင့် ပဲ နဲ့ ဆိုင် ကို သွား ပြ လိုက် ပါ ။ဘာကြောင့် ဆိုင် ပို့ ခိုင်း လဲ ဆို တော့ ဆိုင် မှာ က အကုန် ဖြုတ် ပြီး ရေဝင် ဖုန်း တွေ ကို ပေါင်း တဲ့ ပေါင်းစက် နဲ့  ပေါင်း ပေးပါတယ် ။ပေါင်း ပေး တဲ့ အတွက် IC ကြား က ရေညှိ တွေ နှင့် ရေ တွေ အကုန် လုံး ထွက် အောင် ညှိ မတက်အောင် ကျွမ်းကျင် သူတွေ ရဲ့ ပညာ၊ အတွေ့ အကြုံ  တွေ နဲ့ စက်ပစ္စည်းတွေ  ပေါင်း ပြီး တော့ ပြုပြင်ပေး မှာ ဖြစ် ပါတယ် ။

အောက်က ပုံ တွေ က တော့ ဖုန်းပြင် လျှင် အသုံး များ သော စက်ပစ္စည်း များ

 

ပေါင်းစက်

 

Digital Multimeter

 

Hot Air Gun Iron 2in1 Digital Soldering Station YX858D+

 

Hot Air Gun

 

 

SOLDERING STATION (BEST QUALITY) YAXUN 936A

 SOLDERING STATION( ခဲ gun )

 

 

BEST Power Supply - ps-1302 d (220V)

BEST Power Supply

 

 

Soldering PASTE YX 150g

Soldering PASTE

PCB Holder

 

 

 

 

  ပိုက်ဆံ ကုန် မှာ မကြောက် ပါ နဲ့ 

 

ဘာကြောင့် လဲ ဆို တော့ ဖုန်းဆိုင် တွေ များလာ တဲ့ အမျှ လက်ခ တွေက လဲ သိပ် မရှိ ပါဘူး ။ဖုန်း ပေါ်မူတည် ပြီး ၄၀၀ဝ လောက် ကနေ ၁ သောင်း လောက် ထိ ပဲ ရှိ နိုင်ပါတယ် ။

သင်တို့ စဉ်းစား ကြည့် ပါ ဖုန်းဖြုတ် ခ တပ်ခ ၊ စက်နဲ့ ပေါင်းပေး ခ တကယ် စဉ်းစား ကြည့် ရင် သင်တို့ အတွက် အရမ်း တန်ပါတယ် ။ ၅၀၀ဝ လောက် နှမျော ပြီး ဖုန်း ဆက်သုံး လို့ ရသေး လား ဖွင့် ကြည့် လိုက် လို့ ရှော့ ဖြစ် ပြီး ic ပျက် သွား ရင် ic အပို ဝယ် လို့ ရရင် တောင် ၁ သောင်ခွဲ  က နေ ၁သိန်းခွဲ ထိ ရှိ ပါတယ် ။ သို့ ပေ မဲ့ ခုနောက် ပိုင်း ဖုန်း တွေ က IC မလာ တာ များ သလို တချို့ IC တွေ ကို ကော်လောင်း ပြီး အသေတပ် ထားတာကြောင့် လဲ လို့ မရနိုင် ပါဘူး ။

ကိုယ် တိုင် ကလိ တဲ့ သူတွေ အနေ နဲ့ ကလဲ ဖြုတ် တဲ့ ချိန် မှာ ပစ္စည်းတစ်ခုခု ပျက် နိုင် သလို စက် မရှိ တဲ့အတွက် IC အောက် တွေ ထဲ ထိ မဆေးကြော နိုင်ပါဘူး ။ ပါဝါ ပြန်တက် ရင် တောင် IC က နောက်ပိုင်း ကြာလာ ရင် ပျက်သွား မှာ ပါ ။

 

ပါဝါ မဖွင့် ထားတဲ့ အလုံး ၁ဝ လုံး မှာ ၈ လုံး ကောင်း နိုင်ပါတယ် ။100 မှာ 80 ပေါ့ ။

 

ပါဝါ ဖွင့် လိုက်တဲ့ အလုံး ကတော့  ၁ဝ လုံး မှ ၈ လုံး ပျက် နိုင်ပါတယ် ။ ပြင် ရ တာ ရှိ သလို ပြင် မရ တာ လဲ ရှိ ပါတယ် ။

 

ဖုန်း ဆိုင် တွေ ကို ဘာကြောင့် အထင် မြင်မှား သင့် ????


ဆိုင်အများ စု က တန်ရာ တန်ကြေး ပဲ တောင်း တာပါ ။ ic လဲ ရမယ် လဲ လို့ ရတယ် ဆို Ic ဈေး နဲ့ လက်ခ နည်းနည်း ပေါ့ ။ဥပမာ IC 10,000 ဆိုလျှင် လက် ခ 5000 ဆိုပါ တော့ ဒီတိုင်း ဘာမှ မစဉ်းစား ပဲ ကြည့် မည် ဆို များ တယ် ထင်ပါမယ် ။ တကယ် က မများ ပါ ဘူး ။ဘာကြောင့် လဲ ဆို တော့ ဘယ် IC ပျက် လဲ သိ ခ ၊ အဲ့ IC ဖြုတ် ဖို့ စက် ၊ IC ခ တွေ က တကယ် စဉ်းစား မယ် ဆို သင်တို့ အတွက် လက်ခ ၅၀၀ဝ ဆို တာ တန် လွန်း ပါတယ် ။IC လဲ လို့ မအောင် ခဲ့  ရင် အဲ့ ic ခ က ဆိုင်က ခံ ရတာ ဖြစ် ပါတယ် ။ဆိုင် ဖက် ကစဉ်းစားကြည့် ပါ ရရင် ၅၀၀ဝ ။မရရင် ၁သောင်း အပြင် ပင်ပန်း ရတယ် ။ တခြားပစ္စည်းတွေ လဲ အဲ့ လိုပါ ပဲ ။ပစ္စည်း ဈေး ကို က ကြီး တာဖြစ် ပေ မဲ့ မသိကြ တော့ ဆိုင် ပို့ ရင် ပိုက်ဆံ ကုန် တယ် ထင် ကြ ပါတယ် ။ရေဝင် ရင် များသော အား ဖြင့် စပီကာ ၊ နား စပီကာ ၊ မိုက်  ၊ LCD ။ touch စတာ တွေ ပျက် တက်ပါတယ် ။စပီကာ ၊ နား စပီကာ ၊ မိုက်  ကို ဖုန်း အများ စု ကတော့  ၅၀၀ဝ ဝန်းကျင် ဖြင့် ပြုပြင် နိုင် ပါတယ် ။ဖုန်းပေါ် မူတည် ပြီး အချို့ ဖုန်း တွေ က တော့ ၁ သောင်း ကျော် သွား တာ တွေ ရှိတက် ပါတယ် ။ အထူး သဖြင့် ၂ သိန်း အထက် ပေးရတဲ့  ဖုန်း တွေ မှာ ပေါ့ ။

LCD (ရုပ်ပေါ် တဲ့ဟာ ) ၊ touch က တော့ ဖုန်း ပေါ် မူတည် ပြီး ဈေး အမျိုး မျိုး ရှိပါတယ် ။ တရုတ် ဖုန်း Touch ဆိုလျှင် ၈၀၀ဝ မှ စပြီး ၃၀၀၀ဝ အထိ အမျိုးမျိုး ရှိ သလို samsung တို ့sony, HTC , Huawei တို့ စတဲ့ ဖုန်း ကောင်း တွေ မှာ ဆို ၁၂၀၀ဝ လောက် က နေ ပြီး ၂သောင်း . ၃ သောင်း .၄၊၅၊၆၊ရ သောင်း စဖြင့် အမျိုးမျိုး ရှိပါတယ် ။samsung note 2 ဆို် လျှင် LCD နဲ့ touch တွဲ ရပ် ဖြစ် တဲ့ အတွက် 200,000 မှ 250,000 ကြား ထဲ ရှိ ပါတယ် ။ အဲ့ ဒါ တွေ ကတော့ စက်ဖြင့် ပေါင်းပြီး မှ သိနိုင် မှာ ဖြစ် ပါတယ် ။ များသော အားဖြင့် တော့ စပီကာ ၊ နား စပီကာ ၊ မိုက်  လောက် ပဲ အပျက် များပါတယ် ။

 

ဆိုင်ပို့ ခိုင်းတာ က ကျွှန်တော် တို့ အတွက် ဆိုင် တွေ အတွက် မဟုတ် ပါဘူး ။ သင်တို့ မပျက်သင့် ပဲ မပျက် ရ အောင် ပိုက်ဆံ မကုန်သင့် ပဲ မကုန် ရအောင် စေတနာ နဲ့ ဒီ ပိုစ့် ကို ရေး ခြင်း ဖြစ် ပါတယ် ။

 

မန္တလေး  မြို့  မှ သူ တွေ အတွက် ကို တော့  သင်္ကြန် အထူး အစီစဉ် အဖြစ် Mobile House  ( ဖုန်းပြုပြင် ရေး နှင့် အရောင်း ဆိုင် ) မှ ၁၈ ရက် ၄ လ ၂၀၁၃ မှ ၃၀.၄.၂၀၁၃ အထိ ရေဝင် ဖုန်းများ ကို အခမဲ့ စစ်ဆေး ပြီး စက် ဖြင့် ပေါင်း ပေး သွား မည် ။ ပျက်စီး တဲ့ ပစ္စည်း ကို လဲ ဈေးနှုန်း ချို သာစွာ ဖြင့် လဲလှယ် နိုင်မည် ဖြစ် သည် ။

ထို့ ကြောင့် မန္တလေး မှ သူ များ ဖို့ ဖုန်းထဲ ရေ ဝင် လျှင် ချက်ခြင်း ဓာတ်ခဲ ထုတ် ထား လိုက်ပါ ။ဆိုင်မ ပို့ ခင် ပါဝါ လေး များ လာသေး လားဆိုပြီး မစမ်း လိုက်ပါနဲ့ လုံးဝ ပြင်မရ တဲ့ ထိဖြစ် နိုင်ပါတယ် ။  ပြီး မှ ဆိုင် လာ ပြီး ပြုပြင်  လိုက်ပါ ။ ဘာ မှ မပျက် ရင် ဘာ မှ ပေး စရာ မလို ပါ ဘူး …

 

 

မှတ်ချက် – တခြား မြို့ ရှိ သူ များ အနေ နဲ့ က တော့ Service ကျွမ်းကျင်သော ဆိုင် များ ကို သာမေး မြန်းစုံစမ်း ပြီး  ပြ ကြပါ ။ဆိုင်ကြီး တိုင်း နာမည် ကြီး တိုင်း ကောင်းသည် မဟုတ် ပါ ။

နောက် တစ် ချက် ကတော့ ဒီဆိုင် မရ နောက် တစ်ဆိုင် ဆို တာ မျိုး မတွေး ပါနဲ့ တစ်ဆိုင် လုပ် ထား ပြီး လျှင် နောက် တစ်ဆိုင် အနေ နဲ့ ပိုမို ခက်ခဲ စေ ပါတယ် ။ထို့ ကြောင့် စိတ်အချ ရဆုံးဆိုင် မှာ သာ အပ် ပါ ။

 

Mobile House 

ဖုန်းပြုပြင် ရေး နှင့် အရောင်းဆိုင် 

*********************

ဖုန်းပြုပြင် ရေး နည်း ပညာ သင်တန်း

 

 ဆိုင် လိပ် စာ ကတော့

လမ်း ၃ဝ ၊ ၇၃ -၇၄ လမ်းကြား ။ ဆေးကျောင်း ရှေ့ ။မန္တလေး မြို့။

 

ဖုန်း hardware နှင့် software error များ ကို လျှင် မြန် စွာ ဖြင့် သက်သက်သာသာ ပြုပြင် ပေးလိုက် ရှိပါသည် ။

 

၂၂.၄.၂၀၁၃ ရက် မှာ ဖွင့် မည့် ဖုန်းပြုပြင် ရေး နည်း ပညာ သင်တန်း ကို  ပထမ ဆုံး အပ် သော သင်တန်းသား ၃ ဦး ကို သင်္ကြန် အထူး အစီစဉ် အဖြစ် 10% လျော့ ပေး သွား မည် ဖြစ်ပါတယ် ။

 

စာရင်း ပေးသွင်း နိုင်ပြီ ။

 

ဖုန်း – ဝ၉၉၁၀၂၂၄၄၃ ၊ ဝ၁၁၂၀၃၁၁၉ ၊ ဝ၉၄၉၂၃၉၃၈၄ ။

website – http://www.mobilehouse.co.nr မှာ လဲ ဖုန်း နဲ့ ပတ်သက် သည် များ ကို လေ့ လာနိုင်ပါတယ် ။

 

ဒီပို့ ကို ကြိုက်ရင် Like , ပြီးရင် သူငယ် ချင်း တွေ သိ အောင် ရှယ် ပေး ကြပါ ။

http://www.facebook.com/Moiblehouse


http://www.mobilehouse.co.nr

 

ကို ရဲရင့်အောင်

….

 

 

23 comments

  • Mobile House

    April 11, 2013 at 1:32 am

    ရှယ် ကြ ရင် လဲ ကျေးဇူး ပြု ပြီး ဘာ မှ မပြောင်း လဲ ဘဲ ကူးကြ ပါ ။ ကျေးဇူး တင်ပါတယ် ။

    • သားကြီး ထွဋ်

      April 12, 2013 at 9:38 am

      ကို မိုဘိုင်း နည်းပညာတွေကို fbပေါ် copy ကူးတင်းပေးလိုက်ပါ၏
      ပညာပေးမှုအတွက် ကျေးကျေးပါဂျာ

  • မောင်ထက်ကြီး(မုံရွာ)

    April 11, 2013 at 2:14 am

    ဖုန်းရေဝင်တဲ့ ပြဿနာ အတွက် ပြည့်ပြည့် စုံစုံ တင်ထာပေးလို့ ကျေးဇူးတင်ပါတယ် သူငယ်းချင်းတွေကိုလည်းပြန်ပြီး ပြောပြပေးပါမယ်သင်တန်း တက်လိုသူတွေအတွက် Mobile House ကိုလမ်းပြပေးလိုက်ပါမယ်……..

  • kai

    April 11, 2013 at 6:03 am

    သာမန်နေ့စဉ်ဘဝမှာ သိထားသင့်တဲ့ လိုအပ်ချက်လေးပါ..
    ပို့စ်အတွက်.. ကျေးကျေးပါနော..

    တကယ်တော့.. ဓါတ်ခဲပါတဲ့ အီလက်ထရောနစ်ပစ္စည်းတိုင်း.. ရေဝင်..ရေစိုရင်.. လိုက်နာသင့်တာတွေပါပဲ…။

  • Myo Thant

    April 11, 2013 at 9:19 am

    Thanks a lot for this post…..

  • ရွှေတိုက်စိုး

    April 11, 2013 at 9:21 am

    ကျေးကျေးဗျို. သင်္ကြန်လည်ရင် အသုံးဝင်တာပေါ့.. သတိထားရတာပေါ့ဗျာ…
    ဒါနဲ. ကွန်ပျူတာတွေ လဲ အဲလိုသဘောဘဲနေမှာနော…..
    ကျုပ်တို.ရုံးမှာ ရေထဲကျ တာ ၅လုံးရှိပြီ……. ဒွိုင်ယာနဲ.မှုတ်ပြီး ကိုင်ပလိုက်တာပဲ… အခုမှ သိတော့မယ် မှားမှန်း…………

    ဘာဘဲပြောပြော ကျေးဇူးတင်ပါတယ်ခင်ဗျ…

  • ဦးကြောင်ကြီး

    April 11, 2013 at 10:09 am

    အကောင်းဆုံး အကျံပေးချင်တာကတော့ ဖုံးရှိနေရင် ရေလုံးဝ မသုံးပါနဲ့ မနေလည်း မနေနိုင် ပြင်ခလည်း မပေးချင်ဆိုရင်တော့ ကိုရဲရင့်အောင်လို ဖုံးဆိုင်ပိုင်ရှင်ကို ဖန်လိုက်ပါ…။

  • ဦး ကျောက်ခဲ

    April 11, 2013 at 10:24 am

    အကောင်းဆုံး အကြံပေးမယ်… မယုံရင်စမ်းကြည့်…
    ဓာတ်ခဲထုတ်ပြီး… ဓာတ်ခဲရော ဖုန်းရော အဝတ်ပါးနဲ့ထုပ်..
    ဆန်အိုးထဲမှာမြှုပ်ပြီး ၂၄နာရီထားပါလေ…
    မပျက်သေးရင် ကောင်းသွားပြီလို့မှတ်… ဟီ ဟိ
    :harr:
    တကယ်သုံးခဲ့တဲ့နည်းပါ…

    • ကိုမိုက်ကယ်ဂျော်နီအောင်ပု

      April 11, 2013 at 11:09 am

      လူဇိုး 👿 သိပ်မုန်းတာဘဲ
      ကျုပ်ပြောမလို့ သူဦးသွားတယ်
      မဖြစ်မနေလုပ်ရမှာကတော့ ဘက္ထရီကိုဖြုတ်ပြစ်ရမှာဆိုတာပါ
      မဖြစ်အောင်ကာကွယ်တဲ့နည်းကတော့
      ဖုံးကို ပလပ်စတစ်အိပ်နဲ့ထုပ်ပိုးစည်းကြပ်ထားဂျဘို့ဘါ :mrgreen:

    • သားကြီး ထွဋ်

      April 12, 2013 at 9:41 am

      မှန်လိုက်လေ အူးအူးကျောက်ရယ်
      အူးအူးကျောက်ဂျောမှတိဒယ် မပျက်မှတော့ ကောင်းဘီပေါ့ ဟားဟားဟား

    • ဦးကြောင်ကြီး

      April 12, 2013 at 10:00 am

      ဆန်အိုး အလွယ်မရှိရင် ဖုံးကိုဘက်ထရီဖြုတ်ပြီး ဂျိုင်းကြား ဘယ်တဖက် ညာတဖက် ညှပ်ထားပါ။ နေ့ဝက်လောက် ထားပြီးရင် အကောင်းပတိ ဖြစ်ပါပြီ။ အသန့်ကြိုက်ရင်တော့ ရေမွှေးဖျန်း သုံးပါ့ဗျာ…။

  • မယ်ဘုတ်

    April 11, 2013 at 10:28 am

    ကျေးဇူးပါဗျာ ..
    အနော်တို့ကတော့ ဖုန်းအပေါ်ယံ ရေစို သွားပြီဆို ကြားဖူးနားဝရှိတဲ့အတိုင်းး…
    ဆန် အိုးထဲ ပစ်ထည့်ထားလိုက်တာပဲ .. ဆန်က ရေစုပ် တယ်ပြောလို့ … :kwi:
    အဲလိုလုပ်တာ နှစ်ခါရှိ မှားသလားမှန်သလားတော့ မသိပါ …
    အဆင်တော့ ပြေသွားတာပဲ ဗျ ….

    • Mobile House

      April 11, 2013 at 11:16 am

      ရေ စုတ် တယ် ဆို ရင် တောင် ညှိ က တော့ တက် မှာ ပါ ပဲ ။ဖုန်း တစ် လုံး တန်ကြေး နဲ့ ၅၀၀ဝ ဆို တာ ဘာ မှ မရှိ ပါဘူး ဗျာ ။ဖြစ် နိုင် ရင် service ကျွမ်းကျင် တဲ့ ဆိုင် တွေ မှာ ပဲ ပြုပြင် လိုက် ပါ …

  • mobile

    April 11, 2013 at 10:55 am

    ဗဟုသုတတိုးပွားစေပါတယ်ဗျာ….
    ကျုပ်ကတော့ မတောက်တစ်ခေါက် ကလိတတ်လို့ ကိုယ့်ဖာသာပဲ ရမ်းသမ်းကလိပါတယ်…..
    ကူးယူထားလိုက်တယ်ဗျို့ ပုံလေးတွေ စာသားလေးတွေပြင်ပြီး ကျုပ်ရေးပါတယ်ဆိုပြီး
    ရှယ်လိုက်ပါမယ်…………………………………….
    :harr:

  • Mobile House

    April 11, 2013 at 11:14 am

    ရေစို ခံ အိတ် တွေ လဲ မယုံ ကြ ပါနဲ့ ။ မန်းတပ် ရောက် ရင် ရေ အား နဲ့ က ခေါက် လို့ ရတဲ့ လေ မှုတ် ပါ တဲ့ အိတ် တောင် ရေ ဝင်ပါတယ်။လက်တွေ့ ဝင် ခဲ့ ဖူးလို့ ပါ။တခြား အဲ့ လို ဝင် လို့ လာပြင် တဲ့ သူ တွေ လဲ ရှိပါတယ် ။ ။ကောင်း တာ တော့ လည် ရင် ဖုန်း ကို ကားရှေ့ ခန်း မှာ ပဲ ထား ကြပါ လို့ အကြံ ထပ် ပေးချင်ပါတယ် …

    • ဘဲဥ

      April 11, 2013 at 12:14 pm

      လူဇိုးဂျီး
      ဟိုနေ့ဂ နာဖုံးလာပြင်ဒါကို အပြီပြင်ရိုက်လွှတ်ကျဒယ်
      ဂိမ်းဒွေ သီချင်းဒွေထည့်မပေးဘဲ ဆော့ဝဲလေးပြန်တင်ဒါတစ်ခုဒဲဂို ငါးထောင်တောင်ပေးလိုက်ရဒါ ရင်နာလို့ မဆုံးဘူး ဟွင်း

      • Mobile House

        April 11, 2013 at 3:41 pm

        တစ်ခု တော့ ပြော ချင် ပါတယ် ။ ပေး ရ တာ ပဲ မကြည့် ပါ နဲ့ ။ တကယ် လို့ တစ်ခုခု ဖြစ် ခဲ့ ရင် သင် တို့ ညိမ် နေ မလား ? … သေချာ စဉ်းစား ကြည့် ပါ ဆိုင်ခန်း ခ ၊ ဝန်းထမ်း ခ ၊ မီတာ ခ ၊ ဆိုင်းဘုတ် ခွန် ၊အင်တာနက် စသဖြင့် ဆိုင် တစ် ဆိုင် ရဲ့ ကုန် ကျ စရိတ် တွေ ရှိ ပါတယ် ။ တကယ် ဆို ဆော့ဝ် တင် တယ် ၅၀၀ဝ ဆို တာ အလွန် နည်း တဲ့ ပိုက်ဆံ ပါ ။ နိုင် ငံ ခြား မှာ နေ တဲ့ သူ တွေ အသိ ဆုံးပါ ပညာ ကြေး တင် ဘယ်လောက် ပေးရ လဲ ဆို တာ ။ စစ် ရုံ ပဲ တောင် မြန်မာ ငွေ သောင်း ကဏန်း ပေး ရပါတယ် ။သင်တို့ သိ ထား သလို လွယ် ကူ တယ် ဆို ဘာ လို့ ကို့ ဘာကို မတင် လဲ ၁ ဒေါင်း ဖို့ ကွန်နက် ရှင် အခက် ခဲ ၂ ပျက် မှာ မှား မှာ ကြောက် တယ် ။ ဆိုင် တွေ ဖက် လဲ တစ် ချက် စဉ်းစား ပေး ကြ ပါ အုံး ။ ဖုန်း တစ် လုံး ၃၀၀ဝ တောင် အမြတ် မတင် စေ ချင် ကြ ဘူး ။ ပျက် ရင် တော့ အာမခံ လို ချင် ကြ တယ် ။ ဘယ်က အမြတ် နဲ့ ပြန် လျော် ရမလဲ ။ ????? ကျေးဇူး ပြုပြီး ဆိုင် ဘက် ကေ

        • Mလုလင်

          April 12, 2013 at 3:00 am

          ပေးရတာကို ကြည့်ပါမယ် . . ကိုယ်က ပေးရတာကိုးဗျ . . ကြည့်မှာပေါ့ . .။ဖုန်း Technician (သူတို့ကို သူတို့ တော့ အဲ့လိုပြောတာပဲ) တွေလုပ် လို့ ပိုပျက်သွားတဲ့ အဖြစ်သနစ် တွေရှိပါတယ် (သွားပို့တုန်းက power ပွင့်သေးတယ်၊ ပြန်ရတော့မှ လုံးလုံး သေ သွားသလိုမျိုးပေါ့) ဆိုတော့ . . ဆိုင်ဘက် ကိုကြည့်စရာ မလိုပါဘူး . . ကျုပ်သာဆို မမြတ်ဘူး ထင်ရင် မဖွင့်ဘူး ပေါ့။ အလကား ရတဲ့ သီချင်း MP-3 တွေ၊ ring Tone တွေ ထည့်ပြီး ပိုက်ဆံ တောင်းတတ်တဲ့ ဖုန်းဆိုင်များ ဆို ကျုပ် သိပ်မုန်းတယ် . . အဲ့ဒါ လာပြောတာ . . . . ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး ဖုန်းမှ ဝယ်မကိုင်နိုင်သေးတာ. . လာမယ့် april . . 24 မှ ဝယ်ကိုင် မယ် စိတ်ကူးထားတာ . . အထက်ပါ အဖြစ်လိုမျိုး . . . ကိုယ်တွေ့ကြုံရင်တော့ကတ်ကတ်လန် လာထပ် မန့် ဦးမယ်။ ခုတော့ တော်သေးဘီ . .

  • Mobile House

    April 12, 2013 at 10:12 pm

    Mလုလင် ရေ နားလည် ပါတယ် ကျွှန်တော် လဲ တချိန် က ခင်ဗျား လို ပဲ ဖြစ် ခဲ့ ဖူးပါတယ် ။ ခင်ဗျား လဲ တချိန် ကြ ရင် နားလည် မှာ ပါ ။ ပို ပျက်တယ် ဆို က က လဲ စက်ရုံ ထုတ် error မျိုး တွေ ရှိ သလို သုံး တာ ကြာ လာ တာတွေ ကြောင့် ဆွေး နေ ရင် လဲ ဖုန်း ဖြုတ် ရုံ နဲ့ တင် ပျောက် တက်ပါတယ် ။ ဥပမာ – စလိုက်ဖုန်း (လျော ထုတ် ) တွေ ဆို ၁ နှစ် ကျော် သွား ရင် ကြိုးပြား က ဆွေး သွား ပါ ပြီ ။အဲ့ အတွက် ဖြုတ် တဲ့ ချိန် မှာ ပျက် တာ များ ပါတယ် ။ဒါ တွေ ကို အပြင် လူ က လာအပ် တုန်းက အကောင်း အခု မှ ဘာဖြစ် တယ်ညာ ဖြစ်တယ် ဆိုတာ မျိုး တွေ ဖုန်း ဆိုင် တိုင်းကြုံ ခဲ့ ဖူး ပါတယ် ။လက်ခ ကို ဖုန်း တန်ကြေး ရဲ့ 10% ပဲ ပေး ဘာပျက်ပျက် ပြန်လျော် ပေး ကြမှာ ပါ ။ Mp 3 တွေ ring tone တွေ အလကား မရ ပါဘူး အချိန်ကုန် ခံ ပိုက်ဆံကုန် ခံ ဒေါင်းထားပါတယ် ။ အဲ့ လို စုံစုံလင်လလင် ထည့် ပေးနိုင် ဖို့ ကွန်ပြု တာ ဝယ်ပြီး စု ထားပါတယ် ။ တချို့ ဆို အခွေ ဝယ် ပြီး စု ထားပါတယ် ။ တကယ် လို့ အလကား ရနေ ရင် ဆိုင် တွေ မှာ ဘယ် ထည့် ကြ လဲ ။ ဒါ ဆိုင် အားလုံး အတွက် ပြော တာပါ ။

    စီးပွား ရေး လုပ် နေ သူ တိုင်း ကို ကိုယ်ချင်း စာ စိတ်ထား ပေး လိုက် ပါ ။ဆိုင် တွေ က သူ တို့ တက်နိုင် တဲ့ ဈေး နဲ့ ရောင်း မယ် . သင်တို့ လဲ သင်တို့ တက်နိုင် တဲ့ ဈေး ပြော ပါ အဆင် ပြေ ရင် အရောင်းဝယ် ဖြစ် မယ် မပြေ တော့ လဲ နောက် တစ်ဆိုင် ပေါ့ ။ ဘယ် သူ ဖြစ် ဖြစ် ရောင်း သူ က လဲ တက်နိုင် သလောက် တော့ အမြတ် လို ချင် တာ ပဲ ဝယ် သူ က လဲ တက် နိုင် သလောက် ဈေးနည်းနည်း နဲ့ လို ချင် တာ ပဲ အလကား ရ ရင် ပို တောင် ကောင်းသေး တယ် ….ဟုတ်တယ် မလား ?

    • Mလုလင်

      April 12, 2013 at 10:47 pm

      MP 3 တွေ ring Tone တွေ အလကား မရပါဘူး ဆိုလို့ . . . ပိုက်ဆံ ပေးပြီး ကာယကံ ရှင်စီက ဝယ်ထားတယ် မှတ်တာ . . . . . ပိုစ့်ပိုင်ရှင် ရေ . . အဲ့ဒါ မူပိုင်ခွင့် နဲ့ ညှိနေပြီဗျ . . . . အဲ့ဒါလေး ပါဗျာ နော့

  • Mobile House

    April 12, 2013 at 11:23 pm

    🙂 မူပိုင် ခွင့် ပေး ပြီး မှ ထည့် မယ် ဆို ထည့် ခ တစ် ပုဒ် ၅၀ဝ ဖြစ် နေ ပါအုံး မယ် မလုပ် ပါ နဲ့ ဗျာ ။ခုတောင် ပိုက်ဆံ ပေးရတယ် ပြော နေတာ ကို။ ဆိုင် တိုင်း အဲ့ လို ပေး ဝယ် တဲ့ နေ့ ကျ ပြော ပါ ။ တန်းတူ ဖြစ်စေ ရပါမယ် ။ ဖုန်း ဆိုင် တွေ က နောက် မှ mp3 သီချင် း သွင်း နေ တဲ့ ဆိုင် တွေ တင် နည်း တာ မဟုတ် ဘူး ဗျ ။ 🙂

Leave a Reply