Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရုတ်နိုင်ငံမှ သွေးစွန်းသော ဖျော်ဖြေမှု

petitelapineJuly 27, 20101min57020

တရုတ်နိုင်ငံမှာ အသက်ရှင်လျှက်ရှိတဲ့ နွားတစ်ကောင်ဟာ တိုးရစ်တွေကို ဖျော်ဖြေဖို့အတွက် ကျားတွေရဲ့ စား သောက်ခြင်းကို ခံခဲ့ရပါတယ် ။ မျက်မြင်သက်သေတစ်ဦးက အဲဒီတိုးရစ်ဟာ ကျားစာအတွက် နွားတစ်ကောင်ကို ဒေါ်လာ ၂၀ဝ ပေးပြီး ဝယ်ခဲ့တယ်လို့ ဆိုပါတယ် ။

လူလူခြင်း နှိပ်စက်တဲ့ ခေတ် ၊ လူက တိရိစ္ဆာန်ကို နှိပ်စက်တဲ့ ခေတ်ကြီး ကုန်ဆုံး သွားပြီလို့ ကြွေးကြော် နေတဲ့အချိန်မှာ ဒီလို ဖြစ်ရပ်တွေဟာ အလွန်ကို ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ် ။ တရုတ်နိုင်ငံရဲ့ ယဉ် ကျေး မှု နဲ့ ဓလေ့စရိုက်တွေကို မဝေဖန်လိုပေမယ့် ကိုယ့်ရဲ့ အာသီသ ၊ ကိုယ့်ရဲ့ စိတ်အပန်းဖြေဖို့အတွက် နွား တစ်ကောင်လုံးကို ဝယ်ပြီး ကျားတွေရှေ့ကို ပို့ စားသောက်စေတဲ့ တိုးရစ်ရဲ့ စိတ်ဓါတ်ကိုလည်း ရွံရှာမိပါတယ် ။ ပုံတွေထဲမှာ နွားတစ်ကောင်ရဲ့ ကျဆုံးမှုကို အားရဝမ်းသာနဲ့ ဓါတ်ပုံတွေရိုက်နေတဲ့ တိုးရစ်တွေကိုလည်း တွေ့မြင်နိုင်ပါတယ် ။

တရုတ်နိုင်ငံရဲ့ သွေးစွန်းသော ဖျော်ဖြေမှု တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတွေကို ကမ္ဘာ့တိရိစ္ဆာန် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ဘာကြောင့် အရေးမယူရသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ ။ ဒါပေမယ့် ကံကံ၏ အကျိုးဆိုတာကတော့ နောက်ဘဝ အထိ မကူးပါဘူး ။ ကိုယ်ပြုခဲ့သောကံဟာ ကိုယ့်ဆီကို အမှန်ပြန်လာမှာပဲ ဖြစ်ပါတယ် ။ ဒီလို စတေးခံနေရတဲ့ သတ္တဝါတွေ ကိုယ့်အကျိုးအတွက် အသုံးချခံနေရတဲ့ အသက်တွေ ကမ္ဘာကြီးအပေါ်မှာ ဘယ်လောက်များ ရှိနေမှာပါလိမ့် ။

20 comments

  • thihayarzar

    July 27, 2010 at 6:06 am

    ဘာများကြည့်ကောင်းလို့လဲ …… အဲဒီနွားရဲ့နေရာမှာ သူတို့ကိုသာပို့လိုက်ရင်မကောင်းဘူးလား … ကိုယ်တိုင်ခံစားရအောင်လို့လေ ….. နွားခမျာသနားစရာ …. အသေဆိုလည်းတော်သေးတယ် … အရှင်လတ်လတ်ကြီး …

  • MandalayThar

    July 27, 2010 at 9:28 am

    ကျားတွေဘက်က ပြန်ကြည့်ရအောင်။ သတဝါတွေကို အစာရေစာပေးတာ ကုသိုလ်ရတယ်မဟုတ်လား။ အဲဒါဆို ဒီနွားတွေကို ခင်ဗျားသတ်ပြီး ကျားတွေကို ကျွေးမှာလား။ ကျားတွေ အငတ်ထားမှာလား။ သူတို့ ဘာသာသူတို့ သဘာဝကဲ့သို့ ဖမ်းဆီးစားသောက်တာဘဲ မဟုတ်လား။ မွေးမှတော့ ကျွေးရတော့မှာပေါ့။ ကဲ ခင်ဗျားရော အိမ်မှာ ရွှေငါးလေးတွေ မွေးဘူးမှာဘဲ။ အဲဒီငါးလေးတွေကို ရေတီတွေ၊ ပိုးလောက်လန်းလေးတွေ ဘာတွေလဲ ချကျွေးဘူးမှာဘဲနော်.. ။ ရေတီလေးတွေ သနားပါတယ်လို့ ပြောဘူးလား။ လောက်လန်းလေးတွေ သနားပါတယ် လို့ပြောဘူးလား။ အခုလဲ ဘာထူးလို့လဲ ပြန်စဉ်းစားနော်…

  • etone

    July 27, 2010 at 10:12 am

    ဟယ်အားအားယားယား အကုသိုလ်အလုပ်တွေနဲ့ အချိန်ဖြုန်းနေကြတယ် ။ ဒီလောက် ကျားတွေကိုစာနာချင်ရင်လည်း mandalay thar ရေ မင်းမွေးမှပဲလွှတ်ပေးထား ။ ဒါမှလူလိုက်ကိုက်မှာ ။

  • bigcat

    July 28, 2010 at 3:41 am

    Another bloody entertainment of China is the suffering of Burmese people.

  • maykyalzinthant

    July 28, 2010 at 4:48 am

    စာနာစိတ်လေးထားဦးမှပေါ့

  • Scott

    July 28, 2010 at 4:31 pm

    မိုက်ရိုင်းလိုက်တာ…ကျားသဘာဝကိုမပြောပါဘူး…အရသာခံပြီးသတ္တဝါတစ်ကောင်အသတ်ခံနေရတာကိုကြည့်နေတဲ့လူတွေကိုတစ်ကယ်ရွံ့တယ်…

  • kai

    July 28, 2010 at 9:21 pm

    ကလေးငယ်တွေဟာ အသားစားတာတွေများရင်၊ လက်မဆေးပဲ တွေ့တဲ့အစားအစာ ပါးစပ်ထဲထည့်ရင်..ဗိုက်ထဲသံကောင်ဥတွေရောက်ပြီး သံထတတ်ပါတယ်။
    သံကောင်တွေဗိုက်ထဲမှာ ရောက်နေလို့ ဗိုက်ကလေးတွေပူနေတဲ့ ကလေးငယ်တွေ မြန်မာပြည်ကျေးလက်တွေမှာ တွေ့ဖုူးကြမှာပေါ့..။
    အဲဒီသံကောင်တွေဟာ ကလေးကို ဝမ်းကိုက်ဗိုက်နာ စတဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အဲဒီသံကောင်တွေ ဦးနှောက်ထဲရောက်ပြီး အသက်ဆုံးတာလဲရှိပါတယ်။

    အဲဒါနဲ့ ဗိုက်နာရောဂါ အပြင်းအထန် ခံစားနေရတဲ့ ကလေးလူနာကို ဆရာဝန်က ဆေးတိုက်၊ဆေးထိုးလုပ်ပြီး ကုသရာအဖြစ်အပျက်ကို စဉ်းစားကြည့်ကြပါစို့။
    ဆရာဝန်က..
    ကလေးဗိုက်ထဲကသံကောင်တွေသေအောင် သံချဆေးလည်းကျွေးပါတယ်။ ဝမ်းကိုက်နေရင် ပျောက်အောင် ဝမ်းကိုက်ပျောက်ဆေးလဲတိုက်ပါတယ်။
    ဆရာဝန်အပါအဝင်..ကလေးမိဘတွေလည်း သံကောင်တွေ သေပါစေကြောင်း။ ဝမ်းကိုက်ပိုး သေပါစေကြောင်း ဆုတောင်းရင်း ကလေးဝမ်းသွားတဲ့အခါကို စောင့်ကြရတယ်ဆိုပါတော့..။
    အင်း…ဝမ်းသွားပြီး…သံကောင်အသေလေးတွေများ ထွက်လာတဲ့မစင်ထဲမြင်ရရင် စိတ်ချမ်းသာကြတာပေါ့…။
    ..
    အပေါ်ကသတင်းအရ လူတွေပျော်ချင်ကြည့်ချင်လို့..ကျားစာကျွေးခံရတဲ့နွားရယ်..။
    လူတွေနေ့စဉ်လိုလို ပဋိဇီဝဆေးဝါးတွေသောက်ပြီး…ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတဲ့ ပိုးမွှားတိရိဆန်တွေရယ်။
    လူတွေစားသောက်ဖို့ လှူဖို့၊ တန်းဖို့ ရည်ရွယ်ပြီး နေ့စဉ်အသတ်ခံရတဲ့ ကြက်၊ဝက် စတဲ့သတ္တဝါတွေရယ်..။
    ပိုးထိုး၊ လောက်ကိုက် မရှိ…သန်စွမ်းတဲ့ အသီးအနှံ၊ အရွက်၊အမြစ်၊ သစ်ဥ၊သစ်ဖု ဖြစ်စေဖို့ ပက်ဖြန်းရတဲ့ ပိုးသတ်ဆေး ဖြန်းသူထုတ်သူ၊ဖြန့်သူ၊ သုံးသူတွေရယ်..။
    အသားငါး အသီးအရွက်ဈေးဝယ်ထွက်သူ ယောက်ျား၊ မိန်းမ လူသတ္တဝါတွေရယ်..။
    ပဋိဇီဝဆေးဝါးတွေထုတ်လုပ်တဲ့ လူသတ္တဝါတွေရယ်..။


    ငါးပါးသီလထဲက ပါဏာတိပါတ-သူ့အသက်ကို သတ်ခြင်းမှာ မြန်မာထေရဝါဒဗုဒ်ဓဘာသာက ဒီလိုရှင်းပြထားပါတယ်..။
    သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ (၅) ပါးရှိသည်။ ၎င်းတို့မှာ-
    (၁) သတ္တဝါဖြစ်ခြင်း၊
    (၂) သတ္တဝါဟု အမှတ်ရှိခြင်း ( သိခြင်း ) ၊
    (၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
    (၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
    (၅) ထို လုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။
    ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက်မျိုးလည်း ရှိ သေး၏။ ၎င်းတို့မှာ-
    (၁) ကိုယ်တိုင်သတ်ခြင်း၊
    (၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
    (၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
    (၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲ ထောင်၍ သတ်ခြင်း၊
    (၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
    (၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ကြသည်။ ဤ ပယောဂ (၆)မျိုးမှ တစ်နည်း နည်းနှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သောကြောင့် သေလျှင် ပါဏာ တိပါတကမ္မပထမြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟု ဆိုလိုခြင်းဖြစ်၏။

    ဝေဖန်စဉ်းစား ဆက်လက်ဆွေးနွေးကြပါကုန်..။

  • fatty

    July 29, 2010 at 3:21 am

    ဒါကြောင့်လဲ တရုပ်ပြည်မှာ ရေကြီး မြေပြို ကျောက်မီးသွေးမိုင်းပြို လူတွေကပ်အမျိုးမျိုး ဆိုက်နေတာပေါ့။

  • loki

    August 8, 2010 at 5:18 am

    သဘာဝကိုသဘာဝအတိုင်းပဲမြင်တာအကောင်းဆုံးပါ။ကျားကိုကျွေးတဲ့သူကလည်း ကျွေးတဲ့သဘာဝပဲ။ဓာတ်ပုံရိုက်ကျတာကလည်း သူတို့သဘာဝပဲ။ကျားစားတာလည်း စားတဲ့သဘာဝပဲ။ငရဲကျကြမှာလည်း သဘာဝပဲ။အားလုံးကိုသဘာဝလို့လက်ခံထားလိုက်ပါ။
    စစ်တွေဖြစ်နေတာ..အဏုမြူဗုံးတွေထုတ်လုပ်နေတာ..အာဏာတွေလုနေကြတာ..လူအချင်းချင်းညှင်းပန်းနှိပ်စက်တတ်တဲ့သဘာဝ
    တွေလည်းပဲ အားလုံးတွေ့ကြုံနေရတာပဲမဟုတ်လား။ကို့သဘာဝကို ကိုယ်တိုင်ပဲအကောင်းဆုံးဖန်တီး ကြတာအကောင်းဆုံးပါပဲဗျာ။

  • winne

    August 8, 2010 at 9:11 am

    ရှုပ်သွားတာဘဲ ကွန်မန့်တွေ လိုက်ဖတ်လိုက်တာ။ ဘယ်သူမပြု မိမိမှုပေါ့လေ။ ကျားက နွားကိုစား.. ကျားကို လူက အရေခွံစုတ်.. လူကို လူက ပြန်သတ်။ လူကလည်း လူကို ပြန်သတ်။ အမျိုးစုံနဲ့ ချာလပတ်လည်နေတာဘဲ လူကို လူက သတ်ဆိုတာ စစ်မီးတွေ ဖြစ်ပြီး လက်နက်မျိုးစုံတွေနဲ့ တယောက်ကို တယောက် သတ်ဖို့ ကြိုးစားနေကြတာကို ပြောချင်တာပါ

  • khinmintatthu

    August 15, 2010 at 7:38 pm

    အကုသိုလ်တော်တော်များတာပဲနော်…..

  • Ko Artless

    August 16, 2010 at 4:16 am

    တကယ်တော့….ဒါက အကုသိုလ် အလုပ်ပါဘဲ….. ကြက်ဒိုင် ဝက်ဒိုင် ငါးဒိုင် နွားဒိုင် က လူတွေလိုဘဲပေါ့……..
    တိုးရစ် ဆိုတဲ့ သူက လည်း အကုသိုလ်ကို ဝယ်ယူကျတယ်….. အကုသိုလ်ကို ကိုယ်ကိုတိုင် လုပ်ပြီး အဲ့ဒီအကုသိုလ်ကိုဘဲ ပြန်ရောင်းချ…..
    ရောင်းသူဝယ်သူ အသံတူတော့…..ဟုတ်နေကျတာဘဲ……

  • moethidasoe

    August 16, 2010 at 10:13 am

    လောကကြီးမှာ နောက်ဆုံးတော့လဲ သတ်တဲ့လူတွေ ရှိနေမှာပဲ .. အသတ်ခံရတဲ့သူတွေလဲ ရှိနေမှာပဲ .. လူဖြစ်ဖြစ် သတ်တဝါ ဖြစ်ဖြစ် .. သံသရာထဲက ရုန်းမထွက်နိုင်သေးသမျှတော့ .. ဒီ အနိဋ္ဌာရုံတွေ မြင်နေရမှာပဲ (ပတ်ဆင့်တွေ မရိုက်တတ်လို့ အသံထွက်အတိုင်း ရိုက်မိတာ ခွင့်လွှတ်ပါ) .. ဒီတော့ သံဝေဂနဲ့ ကြည့်မှာလား .. တဏှာနဲ့ ကြည့်မှာလား .. အမှတ်တမဲ့ ကြည့်မှာလား .. ကိုယ်တိုင်ရော ပါမှာလား ဆိုတာ တစ်ဦးစီမှာ မူတည်တယ်လို့ မှတ်ချက် ပြုပါရစေ ..

  • who am I

    August 20, 2010 at 4:56 am

    ခင်ဗျားတို မေ.နေလား သူတို ဘုရားသခင်က အဲဒီအပြစ်ကို ကိုစား ခံပေးတယ်ဆိုလားပဲ

  • nature

    July 10, 2011 at 10:21 pm

    ကျားသနားမှ နွားချမ်းသာ ကို တိုးရစ် သနားမှ နွားချမ်းသာလို့ ပြောင်းရမလို ဖြစ်နေပြီ။ အင်မတန် မိုက်မဲတဲ့ တိုးရစ်ပဲ။ ချမ်းသာမှုကို အကြောင်းပြုပြီး အကုသိုလ်ကို ငွေပေးဝယ်တယ်ဆိုတော့။

  • naywoonni

    July 10, 2011 at 10:58 pm

    အင်းးး အားကြီးတဲ့သူတွေသာ အသက်ရှင်xxxxx အားနဲတဲ့သူမရှင်နိုင်ဘူး..။

  • pan pan

    July 11, 2011 at 2:21 pm

    ပုံတွေတော့မမြင်ရဘူး
    ဖတ်ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်
    လူတွေ အရမ်းရက်စက်တယ်နော်
    လူတွေများ အကုန်လုပ်တယ် (လူ့အလုပ်တင်မကဘူး)
    ကျားကတော့ အစာအတွက် သတ်စားရတာ သဘာဝပဲ
    တောထဲမှာပဲ သူ့ဘာသာနေ၊ သူ့ဘာသာရှာစားပစေပေ့ါ

  • fighternk

    July 19, 2011 at 2:11 pm

    ဒီအရာတွေ ဘယ်အချိန်ကြမှ အဆုံးသတ်နိုင်မလဲ? ? ?

  • aungnng87

    July 19, 2011 at 3:04 pm

    ကမ္ဘာကြီးပျက်စီးခါနီးလာလို.လူတွေကရက်စက်မှုတွေ၊ မတရားမှုတွေကိုအကောင်အထည်ဖော်တာများလာ
    ပြီးမလုပ်သင့်မလုပ်ထိုက်တာတွေကိုနမိတ်ယူပြီးလုပ်လာာကတာလေ။

Leave a Reply