Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Core i series တွေအကြောင်း

Yin Nyine NwayJuly 27, 20103min1510

နှစ်တွေလည်းကြာခဲ့ပြီ… ကွန်ပျူတာလောကလည်းတိုးတက်လာတာ အိပ်မက်လိုပဲ။ ယခုခေတ်မှာ Core i series တွေအကြောင်းကိုကြားရတိုင်း ကျွန်တော်တို့သုံးခဲ့တဲ့ P III, P4 (PGA 478) CPU လေးတွေကိုသွားသတိရမိတယ်။ သူ့ခေတ်သူ့ခါတုန်းက တော့ ဘုရင်တပါးပဲ။ ဒါပေမယ့်လည်း ခုခေတ်မှာတော့ မစွန့်ချင်လည်း စွန့်ရတော့မယ်။ ဟိုးအရင်က CPU လေးတွေကိုနှမြောမိလည်း ကျွန်တော်တို့လို ကွန်ပျူတာသမား တွေက နည်းပညာတွေနဲ့ ဝေးကွာလို့မရဘူးလေ။ ဒါကြောင့်ပဲ အခု ရေချိုးနေတဲ့ အဲလေမှားလို့ ရေပန်းစားနေတဲ့ Core i family တွေကိုသိသင့်တယ်ထင်ပါတယ်။ Intel Core i family မှာ Core i7,i5,i3 တွေရှိတယ်။ ဒီထဲမှာမှ Corei7 ဆိုလည်းတစ်ခုနဲ့တစ်ခုကမတူပြန်။ ပြီးတော့ Bloomfield, Lynnfield, Clarksfield စတဲ့ code name တွေကရှိသေးတယ်။ ဒါတွေက customer တွေကို စိတ်ရှုပ်စေတယ်လေ။ အခုကျွန်တော် Intel Core i family တွေကို အတက်နိုင်ဆုံး ရှင်းပြပါမယ်။

Intel Core i family

Intel Core i family တွေမှာ code name တွေအားဖြင့် Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Brand name အားဖြင့် Core i7, Core i5, Core i3 ဆိုပြီးရှိတယ်။ Xeon series တွေလည်းပါဝင်ပေမယ့် ကျွန်တော်တို့နဲ့အလှမ်းဝေးတဲ့အတွက် မဖော်ပြတော့ဘူး။ သူတို့မှာ desktop သုံးအတွက် LGA 1366 နဲ့ LGA 1156 socket နှစ်ခုရှိတယ်။ LGA 1366 သုံး CPU တွေက DDR3 ကို triple channel ထိအသုံးပြုနိုင်တယ်။ LGA 1156 သုံး CPU တွေက dual channel ပဲရတယ်။ Hyperthreading နည်းပညာကိုပြန်လည်အသုံးပြုလာတယ်။ CPU speed ကိုမြှင့်တင်နိုင်ဖို့အတွက် Turbo boost ကိုထည့်သွင်းလာတယ်။ ဒါပေမယ့် Core i3 တွေမှာတော့ပါမလာဘူး။ Desktop version နဲ့ Mobile version ဆိုပြီးတော့လည်းခွဲထားသေးတယ်။ Laptop, Notebook တွေမှာ core i5, i3 ဆိုတိုင်း desktop CPU တွေနဲ့အတူတူလို့မှတ်ယူလို့မရဘူး။ အရင်က FSB တွေအစား Quick Path Interface (QPI) နဲ့ Direct Media Interface (DMI) ကိုအစားထိုးသုံးစွဲလာတယ်။

Gulftown

Gulftown ဟာ Core i7 family ထဲမှာအမြင့်ဆုံးလို့ဆိုနိုင်တယ်။ စစဦးပိုင်းမှာ core i9 လို့ခေါ်တွင်ပေမယ့် နောက်ပိုင်းမှာ core i7 extreme edition အနေနဲ့ရောင်းချတယ်။ သူမှာ core 6 ခုပါဝင်ပြီး Hyperthreading နည်းပညာကိုထည့်သွင်းထားတယ်။ ဒါကြောင့် core တစ်ခုစီကို thread နှစ်ခုနှုန်းနဲ့ core 12 ခုစာအလုပ်လုပ်တယ်။ Nehalem Microarchitecture အစား Westmere Microarchitecture ကိုသုံးထားတယ်။ Process အားဖြင့် 32nm ဖြစ်တယ်။ သူ့ကိုအဓိကအားဖြင့် workstation တွေနဲ့ extreme desktop system တွေမှာသုံးတယ်။ socket က LGA 1366 ဖြစ်တယ်။ သူ့ကို Brand name အရ Core i7 9xx, Core i7 9xxX နဲ့ Xeon processor အတွက် Xeon 36xx, Xeon 56xx တို့ဖြစ်တယ် (xx သည် speed ပေါ်မှုတည်၍ နံပါတ်ပြောင်းသည်ကိုဆိုလိုသည်။ L3 Cache က 12 MB ရှိတယ်။ Thermal Design Power (TDP) က 130 Watt ရှိတယ်။ L2 cache က core တစ်ခုစီကို 256MB ရှိတယ်။

Bloomfield

Bloomfield CPU တွေက High end desktop တွေအတွက်ရည်ရွယ်တယ်။ Core i7 CPU တွေဖြစ်တယ်။ သူ့ကို Brand name အရ Core i7 9xx  လို့ပေးထားတယ်။ သူက LGA 1366 socket MB တွေမှာတပ်ဆင်နိုင်တယ်။ သူ့မှာ core လေးခုပါဝင်တယ်။ On-die memory controller ပါဝင်လာပြီး memory က CPU နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးအလုပ်လုပ်နိုင်တယ်။ ကျွန်တော်တို့တွေ့နေကြ FSB အစား Intel QuickPath Interface ကိုသုံးထားတယ်။ L1 cache မှာ instruction နဲ့ data အတွက် core တစ်ခုကို 32KB စီပါဝင်တယ်။ L2 cache မှာ Instruction နဲ့ data အတွက် နှစ်ခုပေါင်း 256 KB ကို core တစ်ခုစီအတွက်ထည့်ပေးထားတယ်။ L3 cache က 8MB ပါဝင်ပြီး CPU တစ်ခုလုံးအတွက်  ဖြစ်တယ်။ Single-die device ဖြစ်တယ်။ Core ၄ခု, Memory controller နဲ့ cache တွေအားလုံးကို die တစ်ခုထဲမှာပေါင်းထည့်ထားတယ်။ Turbo boost technology ပါဝင်လာပြီးသူက core တွေကို တစ်ဆင့်ကို 133MHz နှုန်းနဲ့ အပူချိန်နဲ့ voltage ကိုက်သည်အထိမြှင့်ပေးနိုင်တယ်။ ဟိုးအရင်က CPU တွေမှာအသုံးပြုခဲ့တဲ့ Hyper Threading ကိုပြန်လည်သုံးထားတယ်။ ဒါကြောင့် core တစ်ခုကို thread နှစ်ခုစီနဲ့ core 8 ခုပုံစံနဲ့အလုပ်လုပ်နိုင်တယ်။ ထုက်လုပ်မှုပုံစံမှာ 45nm process ဖြစ်တယ်။ transistor ပေါင်း 731 Million ပါဝင်ပြီး size က 263 mm2 ဖြစ်တယ်။

Lynnfield

Lynnfield အမျိုးအစားတွေမှာ Corei7 နဲ့ Core i5 တွေပါဝင်တယ်။ သူက Core ၄ ခုပါဝင်ပြီး LGA 1156 socket ကိုသုံးတယ်။ Brand name အရ Core i7 8xx, i7 8xxK, i7 8xxS , Core i5 7xx, i5 7xxS လို့သက်မှတ်ထားတယ်။ Xeon တွေအတွက် က 34xx ဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45 nm process နဲ့ထုက်လုပ်တယ်။ သူမှာတော့ core i7 အတွက် hyperthreading ပါဝင်ပြီး၊ Core i5 တွေအတွက်တော့ Hyperthreading ပါဝင်မလာဘူး။ Bloomfield i7 တွေနဲ့ကွာခြားချက်ကတော့ LGA 1156 သုံးထားပြီး Quick path အစား direct media interface ကိုသုံးထားတယ်။ Lynnfield တွေမှာ Direct Media Interface, Memory controller, PCI E links တွေပါဝင်တယ်။ L2 cache က core တစ်ခုစီအတွက် 256 KB နဲ့ L3 Cache က 8MB ပါဝင်တယ်။

Clarkfield

Clarkfield တွေက Lynnfield တွေရဲ့ mobile version တွေဖြစ်ပြီးသူတို့ကို laptop, notebook စတာတွေမှာသုံးတယ်။ Clarkfield တွေက mPGA 989 socket ကိုသုံးပါတယ်။ သူမှာတော့ core i7 ပဲရှိတယ်။ Brand name အရ Core i7 7xxQM, i7 8xxQM, i7 9xxXM Extreme Edition တွေဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45nm process နဲ့ထုက်လုပ်ထားတယ်။ L2 cache က core တစ်ခုစီအတွက် 256KB ဖြစ်ပြီး L3 cache က i7 9xxXM အတွက် 8MB နဲ့ 7xxQM, 8xxQM တွေအတွက် 6MB ဖြစ်တယ်။ သူ့မှာလည်း DMI, PCI E links, Memory controller စတာတွေထည့်သွင်းထားတယ်။

Clarkdale

Clarkdate အမျိုးအစားတွေက Core i5 နဲ့ core i3 CPU တွေဖြစ်တယ်။ သူတို့လည်းပဲ LGA 1156 ကိုသုံးတယ်။ Nahalem Microarchitecture ကိုအခြေခံပြီး 32 nm process နဲ့ထုက်လုပ်တယ်။ Core ကတော့ ၂ခုပဲပါဝင်တယ်။ Brand name အရ i3 5xx, i5 6xx တို့ဖြစ်တယ်။ Xeon အတွက်ကတော့ L340x ဖြစ်တယ်။ L2 cache က core တစ်ခုစီအတွက် 256KB ရှိပြီး၊ L3 cache က 4MB ရှိတယ်။ သူ့မှာလည်း Integrated graphic, memory controller, PCI Express links တွေကိုထည့်သွင်းပေးထားတယ်။

Arrandale

Arrandale တွေက Clarkdale တွေရဲ့ mobile version တွေဖြစ်တယ်။ သူ့မှာတော့ Core i7, Core i5, Core i3 တွေရှိတယ်။ သူကတော့ Westmere Microarchitecture ကိုအခြေခံပြီး 32nm process နဲ့ထုက်လုပ်တယ်။ socket က mPGA 989 ဖြစ်တယ်။ Brand name တွေအားဖြင့် i7 6xxUM, i7 6xxUE, i7 6xxLM, i7 6xxLE, i7 6xxM, i7 6xxE တွေ၊ i5 5xxUM, i5 4xxM, i5 5xxM, i5 5xxE တွေနဲ့ i3 3xxM တို့ရှိတယ်။ Core ၂ ခုပါဝင်ပြီး L2 cache က core တစ်ခုစီအတွက် 256 KB ရှိတယ်။ L3 cache က i5 တွေအတွက် 3MB နဲ့ i7 တွေအတွက် 4MB ဖြစ်တယ်။ သူဟာလည်း Integrated Graphic, DMI, PCI E links တွေပါဝင်ပါတယ်။

Core i family ကို code name တွေနဲ့ရှင်းပြပြီးပြီး။ သူတို့ကို Brand name တွေအရပြန်လည်ဖော်ပြပေးထားပါတယ်။

(articles of IT Men မှ ကူးယူ တင်ပြသည်)