Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆုံနေကြ လပြည့်ည (July)

cobraJuly 27, 20101min1530

တီ ….တီ… တီ”
“hello”
“ချိုသာရေ … မိုး ရန်ကုန်ရောက်နေပြီ။”
“ဟယ်.. တကယ် ခုဘယ်မှာနေလဲ”
“ apartment တစ်ခုမှာ ငှားနေတာဟ။ ဈေးလည်းပေါတယ်။ အခန်းကလည်းအနီရောင်လေး။ ချစ်စရာလေးဟ။”
“ကောင်းတာပေါ့ဟယ်။”
“မဉ္ဖူတို့ကိုလည်းပြောလိုက်နော်။ နောက်နေ့မှ ငါသူတို့ဆီလာလည်မယ်လို့။”
“အေးပါ။”
“ချိုသာ.. နင်ကော အဆင်ပြေလား။ နင် အလုပ်လုပ်နေတဲ့ ဆေးရုံမှာ။”
“ဒီလိုပဲပေါ့ဟာ။ သူနာပြုတွေဆိုတော့လည်း။”
“အေး အေး။ ဒါပဲနော်။ နောက်မှတွေ့မယ်။” ပြောပြောဆိုဆိုနှင့် မိုးဖုန်းချသွားသည်။

နောက်နှစ်ရက်အကြာ …
ချိုသာသည် အလုပ်နားရက်မို့ ပျင်းပျင်းရှိသည်နှင့် အနီးရှိသတင်းစာကို ယူဖတ်နေသည်။ ထိုစဉ်
“တီ…တီ…တီ”
“hello”
“ချိုသာ..ချိုသာလားဟင် … မိုးပါ။ မိုးကိုကယ်ပါ”
“မိုး… ဘာဖြစ်လို့လဲ။ ငါ့ကို ပြောစမ်းပါ။ စိတ်ပူလာပြီ”
“ငါခု အခန်းတစ်ခန်းထဲမှာ အပိတ်ခံနေရတယ်။ ငါ့ကိုကယ်ပါဦး။”
“ဟင် နင့်ကိုဘယ်သူဖမ်းသွားတာလဲ။ ဘယ်အခန်းလ။ဲ ငါခုချက်ချင်းလာခဲ့မယ်။ hello မိုး … hello hello!! ”
ရုတ်တရက်ဖုန်းသံပြတ်သွားသည်။ သူမ မိုးအတွက် တော်တော်လေး စိတ်ပူသွားပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိ။

ချိုသာ သတိရှိလာသည်နှင့်တပြိုင်နက် မိုးနေထိုင်ရာ တိုက်ခန်းသို့ထွက်သွားလေသည်။သူမ ရောက်သွားသောအခါ အသေပိတ်ထားသော အခန်းကသာ ဆီးကြိုနေလေသည်။ ဘေးနားဝန်းကျန်က လူတွေကိုမေးကြည့်တော့လည်း ဘယ်သူကမှတိတိကျကျ ပြောနိုင်ခြင်းမရှိ။ မိုး ပျောက်ဆုံးသွားသည်ကို သူမ မယုံနိုင်အောင်ဖြစ်နေလေသည်။ သူမဆီကိုလည်းဘာမှအဆက်အသွယ်မလုပ်။ စဉ်းစားရခက်ဖြစ်နေသည်။ ဒီလိုနှင့် ရက်များကြာသွားသည်။ သူမလိုက်စုံစမ်းသည်သာမောသွားသည်။ မိုး၏ သတင်းအစအနပင်မရ။ ထို့ကြောင့် သူ့ချစ်သူဖြစ်သူ ဇော်ဇော်ကိုလှမ်းခေါ်ပြီးအကူအညီတောင်းလိုက်သည်။

“ချို ဘယ်လိုဖြစ်တာလဲ”
“ဇော် လုပ်ပါဦး။ မိုးကို ကယ်ပါဦး။ ချိုဘာဆက်လုပ်ရမှန်းမသိတော့ဘူး။”
“စိတ်အေးအေးထားလေ ချို။ ကိုယ်တို့ အဲဒီအခန်းကိုနောက်တစ်ခါ ထပ်သွားကြည့်ကြမယ်။”

အခန်းရှေ့ရောက်သောအခါ … အသေပိတ်ထားသောအခန်းက အထဲက တစ်စုံတစ်ယောက်လာဖွင့်လိုက်သလို ဖြေးညင်းစွာပွင့်လာသည်။ ချိုသာနှင့်ဇော်ဇော်တို့ ဝေခွဲမရသော မျက်နှာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး အခန်းတွင်းသို့ဝင်လာခဲ့သည်။ အခန်းထဲမှာတော့ ဗလာနတ္ထိ … ဘာမှမရှိ။ ထိုစဉ် …

“ကယ်ကြပါ။” ဟူသောအသံထွက်ပေါ်လာသည်။ ဇော်ဇော်က
“ချိုသာ ဘာဖြစ်လို့လဲ။”
“ဟင့်အင်း ချိုဘာမှမပြောဖူး ဇော်။”
“ဒီလိုဆို …”
ဇော်ဇော်နှင့်ချိုသာ … နောက်ဖက်သို့ပြိုင်တူလှည့်လိုက်ရာ …. အနီရောင်နံရံတွင် ထွက်ပေါ်လာသော မိုး၏မျက်နှာက သူတို့ကိုစိုက်ကြည့်နေသည်။
“အားးးးးးးးးးးးးးးးးး”
…………………………………………

အရင်ဆုံးသတိရလာသူက ချိုသာ။ နေရာက ဆေးရုံကုတင်ပေါ်မှာ။ သူမ၏ဘေးတွင် သူနာပြုတစ်ယောက်ထိုင်နေသည်။

“ ကျွန်မဘာဖြစ်သွားတာလဲ။”
“ရှင့်နဲ့ ရှင့်သူငယ်ချင်းကို အသေပိတ်ထားတဲ့ အခန်းနီရှေ့မှာ သတိလစ်နေတာကို အဲဒီတိုက်ခန်းမှာနေတဲ့သူတွေက တွေ့လို့ ဆေးရုံကိုထမ်းလာတာ။”
“ရှင် … ဇော်ကော .. ဇော်ဘယ်မှာလဲ။”
“ဟိုဖက်အခန်းမှာပါ။”
သူမတစ်ဖက်ခန်းအတွင်းသို့မပြေးရုံတမယ် ဝင်သွားသည် … ဇော်ဇော်သတိရနေပြီဖြစ်သောကြောင့် သူမစိတ်အေးသွားလေသည်

“ဇော်”
“ချို … ဘာဖြစ်သွားသေးလဲ။”
“ဟင့်အင်း ဘာမှမဖြစ်ဘူး။ ဇော်ကော”
“ကိုယ်လည်းဘာမှမဖြစ်ဘူး။”
“မိုးကိုသနားလိုက်တာ။ ဆေးရုံက ဆင်းရင် အလှူလုပ်ပေးရအောင်နော်။”
“လုပ်ပေးရမှာပေါ့ ချိုရယ်။”

ထိုစဉ် သူနာပြုတစ်ယောက် အခန်းတွင်းသို့ဝင်လာသည် …

“ဪ … နှစ်ယောက်စလုံး ဒီရောက်နေတာကိုး။ ရှင်တို့ ဆေးရုံကဆင်းမယ်ဆို ဆင်းလို့ရပါပြီ။”
“ဟုတ်ကဲ့ ဆရာမ။ ဇော် ချိုတို့အခုပဲသွားကြရအောင်နော်။”

ဇော်ဇော်ခေါင်းညိမ့်လိုက်သည်။ မြေညီထပ်သို့ ဓါတ်လှေကားနှင့်အဆင်းတွင် ဇော်ဇော့် မျက်နှာတဖြည်းဖြည်း နီလာပြီး မျက်လုံးကျွတ်ကျမတက် ချိုသာ့ကိုကြည့်နေသည်။

“ဟင် ဇော် .. ဘာဖြစ်နေတာလဲ။”
“ချိုသာ … နင်ငါ့ကိုပစ်ထားရက်တယ်။ ငါ့ကိုလည်းမခေါ်ဘူး။ ငါနင့်ကို ဖုန်းဆက်ပြီး ပြောတာတောင် နင်ငါ့ဆီချက်ချင်း ရောက်မလာခဲ့ဘူး။နင်သာ အချိန်မှီရောက်လာခဲ့ရင်..”
“နင် … နင် .. မိုး”
“အေး ငါမိုးပဲ။ ငါအရမ်းအထီးကျန်နေတယ်။ ငါနဲ့လိုက်ခဲ့နော်” ဟုပြောပြီး ဇော်ဇော်သည် သူအမြဲဆောင်ထားသော ဓါးမြှောင်ကို ထုတ်လိုက်သည်။
“ဟင့်အင်း … ဟင့်အင်း ငါမလိုက်ဘူး။ မိုး.. ငါနင့်ဆီကို လာပါတယ်ဟာ။ ငါရောက်သွားတဲ့အချိန်မှာ အသေပိတ်ထားတဲ့အခန်းကိုပဲ တွေ့ခဲ့ရတာပါ။ မိုး…..သွား … သွား ငါ့ကိုမခေါ်နဲ့။ အားးးးးးးးးးးးးး”

မြေညီထပ်ရောက်ပြီး ဓါတ်လှေကားဖွင့်လာသည်နှင့် ညာလက်တွင် ဓါးကိုင်ထားပြီး ဘယ်လက်က ချိုသာ့ကိုဖက်ထားကာ ကြောင်စီစီဖြစ်နေသော ဇော်ဇော်ကိုတွေ့လိုက်ရသည်။
ဆေးရုံအတွင်းရှိ လူများထိတ်လန့်သွားပြီး ရဲကိုဖုန်းဆက်သူကဆက် ထွက်ပြေးတဲ့သူကပြေးဖြင့် ရှုတ်ရှက်ခက်နေလေသည်။
ရဲများရောက်လာသောအချိန်တွင် ချိုသာကိုဖက်ကာ ငိုနေပြီး ပါးစပ်မှလည်း ပလောင်းပထွေးပြောနေသော ဇော်ဇော်ကို ဝင်ရောက်ဖမ်းဆီး လိုက်လေသည်။

“ကျွန်တော် တကယ်မသတ်ရပါဘူးဗျာ။ ကျွန်တော့ချစ်သူကိုဘာလို့သတ်မှာလဲ။ ကျွန်တော်သတ်တာမဟုတ်ပါဘူး” ဟုအော်ကာ ရဲများဆွဲခေါ်ရာနောက်
တရွှတ်တိုက်ပါသွားလေသည်။

စိတ်ဖောက်ပြန်ပြီး သတ်လိုက်မိတယ်ဆိုတဲ့ပြစ်မှုနဲ့ ဇော်လည်း အဖမ်းခံလိုက်ရပြီးတော့ ဇော့်ချစ်သူ ချိုသာလည်း သေဆုံးသွားခဲ့တာပေါ့။ အဲ့လိုနေ့တွေကစပြီးတော့ ညသန်းခေါင်အချိန် လရောင်အောက်က အမှောင်ကမ္ဘာထဲမှာ လှုပ်ရှားသွားလာနေတဲ့ သူနာပြုဝတ်စုံ အဖြူအနီလေးနဲ့ချို့သာရဲ့ အရိပ်ကိုတော့ ဆေးရုံနားတစ်ဝိုက်မှာ လှုပ်ရှားသွားလာနေတဲ့ လူတွေလည်း ခြောက်ခြားတုန်လှုပ်ဖွယ် မြင်တွေ့ရစမြဲဖြစ်လာခဲ့ရသည်။ ဒီအဖြစ်အပျက်လေးတွေကို ဆေးရုံနား တစ်ဝိုက်ပန်းဝန်ကျင် အားလုံးကသိပေမယ့် မိုးတို့ ချိုသာတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သူ ဝင့်ဝါ ၊ အလင်းတန်း နဲ့ မြမဉ္ဖူ ကတော့ သူတို့သူငယ်ချင်းနှစ်ယောက် သေဆုံးသွားခဲ့ရတယ် ဆိုတဲ့သတင်းကို မသိလိုက်ကြပါဘူး။
…………………………………………………..

မိသားစုဝင်တွေမရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးကြိုးစားနေရတဲ့ မိုးနဲ့ချိုသာသေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သတ်တဲ့ ဇစ်မြစ်ကိုတော့ ဆေးရုံနားတစ်ဝိုက် ပန်းဝန်ကျင်အားလုံးကသိပေမယ့် မိုးတို့ချိုသာတို့ရဲ့အချစ်ဆုံး သူငယ်ချင်းတွေဖြစ်သူ ဝင့်ဝါ ၊ အလင်းတန်း ၊ မြမဉ္ဖူ နဲ့ နွေးနွေးလှိုင်ကတော့ သူတို့သူငယ်ချင်းနှစ်ယောက် သေဆုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းကို အစအနတောင် မရခဲ့တဲ့အပြင် ဘယ်သူမှသေချာမသိလိုက်ပဲနဲ့ပြီးဆုံးသွားခဲ့တယ်။2
ဒီလိုနဲ့ အဖြစ်အပျက်အားလုံးအပြီး တစ်လလောက် ကြာတဲ့အချိန်မှာ သူတို့သူငယ်ချင်းတွေ အားလုံးဆုံလေ့ရှိကြတဲ့ ချမ်းအေးတဲ့ ဒီဇင်ဘာလရဲ့ ခရစ်စမတ်ညကို ရောက်လာခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညက လပြည့်ညတစ်ည ဖြစ်လို့နေတယ်။ အဲ့ဒီညရဲ့ ည ရ နာရီလောက်အချိန်မှာတော့

“လူစုံကြပြီလားဟ။”
“နေပါဦး … ချိုသာနဲ့ မိုး ကျန်သေးတယ်လေ။”

ဝင့်ဝါအမေးကို မြမဉ္ဖူကဖြေလိုက်သည်။

“အလင်းတန်းလည်းမလာသေးဘူး”

ဟု နွေးနွေးလှိုင်က ပြောလိုက်သည်။
ဝင့်ဝါ ၊ မြမဉ္ဖူ ၊ အလင်းတန်း ၊ နွေးနွေးလှိုင် ၊ မိုးနှင့် ချိုသာ တို့သည် အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြပြီး ဒီဇင်ဘာလဖြစ်တဲ့ ခရစ္စမတ်ရောက်တိုင်း သူတို့အထဲမှာ မိသားစုနဲ့လည်းနေရ ချမ်းလည်းချမ်းသာတဲ့ ဝင့်ဝါရဲ့အိမ်မှာ သူငယ်ချင်းတွေ ဘယ်အရပ်ဒေသတွေ ရောက်ရောက် မရရအောင်တွေ့ဖို့အတွက် သဘောတူထားကြတဲ့သူတွေပဲဖြစ်ကြတယ်။

“လာပြီဟေ့။ အတင်းတွေသိပ်မတုတ်ကြနဲ့။”

အလင်းတန်းတို့ ပြောပြောဆိုဆိုဖြင့် အခန်းထဲသို့လျှောက်လာကြသည်။

“ဟဲ့ လာမယ့်လာတော့ နင်တို့က သုံးယောက်တွဲတောင်။”
“ငါက ချိုသာကိုစောင့်ခေါ်ပြီးမှလာတာ အဲဒါအဆောင်ရှေ့မှာ အလင်းတန်းနဲ့တွေ့လို့ တစ်ခါတည်း
တူတူဝင်လာတာ မဉ္ဖူရ။”
“ဟဲ့ ချိုသာ နင်ခုတလော ပျောက်ချက်သားကောင်းလှချည်လား။ မိုးကောပဲ ရန်ကုန်ရောက်တာ ငါတို့ဆီကိုတောင် လာလည်ဖော်မရဘူး။ စိမ်းကားနေတယ်ပေါ့။
“မဟုတ်ပါဘူးဟယ်။ အလုပ်ရှုပ်နေလို့ပါ။ ခုလာပြီပဲ။”
“အင်းပါ။ နင်တို့ဘာစားပြီးပြီလဲ။”
“စားရသေးဘူးဟ။ ဒီနေ့ဘာမုန့်လုပ်ထားလို့တုန်း။”
“ ဒီနေ့ငါ့ အမေက နင်တို့အကြိုက် ကြာဇံချက်လေးချက်ထားတယ် ဟ။”
“အဲ့ဒါဆိုငါတို့စားကြမယ်လေ။ ဗိုက်လည်းအတော်ဆာနေပြီ။” ဟုနွေးနွေးက ပြောလိုက်သည်။
“ဪ .. အဲ့ဒါဆိုနင်တို့စားနှင့်လေ။ ငါနဲ့မိုးကတော့ သိပ်မဆာသေးလို့ ပြီးတော့မှပဲစားတော့မယ်နော်။” ဟု ချိုသာကပြောလိုက်သည်။

အားလုံးစားသောက်အပြီး ငယ်ဘဝတုန်းကအကြောင်းလေးတွေကိုပြန်ပြောကြရင်း ရယ်မောပျော်ရွင်ပြီးနောက် ငြီးငွေ့စပြုလာတဲ့အချိန်မှာတော့

“ငယ်ငယ်က အကြောင်းတွေချည်းပဲပြောရတာ ပြောစရာလည်းကုန်ပြီ။ အိပ်လည်းအိပ်ချင်ပြီ။ မအိပ်ငိုက်ရအောင် တစ်ခုခုလုပ်ကြရအောင်။”
“အေး ကောင်းတာပဲ။” ဟုအလင်းတန်းက ပြန်ပြောလိုက်သည်။
“ဒါဆိုငါတို့ဘာလုပ်ရင်ကောင်းမလဲ။” မဉ္ဖူက ပြန်မေးရာ
“သရဲအကြောင်းပြောရအောင်။” … ဟု အလင်းတန်းက ပြောလိုက်ရာ အကုန်လုံးက စိတ်ဝင်စားပြီး ရှေ့သို့တိုးလာကြသည်
“အလင်း .. နင်ကအရင်စပြီး idea ရတာ နင်အရင်ပြော။”
“အေးပါ ဝင့်ဝါရယ် … ခုငါပြောမယ့်အကြောင်းက ငါတို့အိမ်ဘေးကအဒေါ်ကြီးဆီက ကြားလာတာဟ။ အဲဒီအန်တီကြီးက အရမ်းချူချာတာ ဒါကြောင့်ဆေးရုံခဏခဏသွားတက်ရတယ်။ အရင်တုန်းက အဲဒီဆေးရုံမှာ
သူနာပြုမလေးတစ်ယောက်ရှိတယ်ဟ။ အရမ်းချောတယ်ဆိုပဲ။ နာမည်ကတော့ သူလည်းမမှတ်မိဘူးတဲ့။ တစ်နေ့ကြတော့ အဲဒီ သူနာပြုမလေးအလောင်းကို ဓါတ်လှေကားထဲမှာဆုံးနေတာကို တွေ့လိုက်တယ်။ တစ်ကိုယ်လုံးကို ဓါးနဲ့မွန်းပြီးသတ်သွားတာ။
သူနာပြုမလေးကို သတ်တဲ့သူကလည်း သူ့ချစ်သူကိုယ်တိုင်ဆိုပဲ။ စိတ်ဖောက်ပြန်ပြီး သတ်လိုက်တာတဲ့။ အဲဒီသူနာပြုမလေး သေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ ဉာဉ့်နက်ပိုင်းအချိန်တွေဆို သူ့ကို ဆေးရုံမှာ သွားလာနေတာတွေ့ကြတယ်တဲ့။”

အလင်းတန်းကပြောနေရင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူငယ်ချင်းကောင်မလေးတွေ ကြောက်ရွံ့တဲ့ မျက်ဝန်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက်တိုးကပ်ပြီး စိတ်ဝင်တစားနားထောင်နေတာကို တွေ့လိုက်ရတော့ ကျေနပ်သွားပြီးဆက်ပြောလိုက်သည်။

“စိတ်ဖောက်ပြန်ပြီးသတ်တာလည်းဖြစ်ပြန် ၊ အရင်ကလည်း ဘာပြစ်မှုမှမရှိတဲ့သူဆိုတော့ ဆေးကုသခွင့်နဲ့သူ့ကောင်လေးက ထောင်ကလွတ်လာတယ်ဟ။ တစ်နေ့ ထောင်ကလွတ်လာတဲ့ သူနာပြုမလေးရဲ့ချစ်သူက နေမကောင်းလို့ဆေးရုံမှာလာပြတယ်။ အကုန်လုံးလည်းပြီးစီးတော့ ညကိုးနာရီလောက်ရှိပြီပေါ့။ အပြန်သူက ဓါတ်လှေကားနဲ့ဆင်းတာ။ အထဲမှာ အတွင်းနံရံဖက်ကို မျက်နှာမူထားတဲ့ သူနာပြုမလေးတစ်ယောက်ကိုတွေ့လိုက်တယ်။ သူက သာမန်ပဲထင်ပြီး အဲဒီသူနာပြုနဲ့ အတူအောက်ထပ်ကို ဆင်းလာခဲ့တာပေါ့။ သူ သူနာပြုမလေးအနား ကပ်သွားတဲ့အချိန်မှာ ရုတ်တရက်ကြီး ကျောစိမ့်လာပြီး ကြက်သီးတွေထလာတယ်။ သူနည်းနည်းတော့ သံသယဝင်သွားပေမယ့် သူနေမကောင်းလို့ဖြစ်တာပါလို့ စိတ်ဖြေလိုက်တယ်။ အဲဒီအချိန်မှာ သူနာပြုမလေးဆီက..

“ဇော်… မတွေ့တာတောင်အတော်ကြာပြီနော်။ အရမ်းလွမ်းတာပဲ။” လို့ ပြောပြီး မျက်နှာကိုလှည့်လိုက်တဲ့အချိန်မှာ
မျက်နှာကစပြီး ခြေထောက်ထိဓါးနဲ့မွန်းထားတဲ့ ဒါဏ်ရာတွေကိုတွေ့လိုက်ရတော့ သူ့မျက်နှာမှာ သွေးမရှိတော့လောက်အောင် ခြောက်ခြားသွားတယ်။

“ဒီမှာ တစ်ယောက်ထဲ မနေတတ်ဘူး။ ဇော့်ကို အရမ်းချစ်လွန်းလို့ တူတူနေရအောင် ဇော့်ကိုလာခေါ်တာ” … လို့ သူနာပြုမလေးက ဆက်ပြောပြီး ဒါဏ်ရာကနေသွေးတွေဒလဟောကျလာတယ်။
…………………………………………………………………………………………………………..

အောက်ထပ်ရောက်ပြီး ဓါတ်လှေကားတံခါးပွင့်သွားတော့ အလွန်အမင်းကြောက်ရွံ့နေတဲ့မျက်နှာထားနဲ့ သေဆုံးနေတဲ့ သူနာပြုမလေးရဲ့ချစ်သူအလောင်းကိုပဲတွေ့ရတော့တယ်တဲ့။”
“ကြောက်စရာကြီးဟာ သူမို့လို့ ဓါတ်လှေကားထဲဝင်သွားရဲတယ်။ အီးးးးး”
“ကြောက်မနေနဲ့ နွေးလှိုင်။ နောက်တစ်ယောက် ဘယ်သူထပ်ပြောမှာလဲ။”
“ငါပြောမယ်။” ဟု မဉ္ဖူကပြောလိုက်သည်
“ခုငါပြောပြမယ့်အကြောင်းက ငါရဲ့ senior ကပြန်ပြောပြတာ။ သူရဲ့အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အကြောင်းပေါ့ဟာ။ သူ့သူငယ်ချင်းနာမည်က ဝါလေးတဲ့။ မြို့ထဲမှာ အခန်းငှားနေတာ။ ထူးခြားတာကတော့ ဝါလေးရဲ့အခန်းက အနီရောင် ဆေးသုတ်ထားတာပဲ။ ရုတ်တရက်ကြည့်လိုက်ရင် သွေးတွေနဲ့ သုတ်ထားသလိုပဲ။ တနေ့တော့ ဝါလေးက အခန်းထဲကနေ ပျောက်ခြင်းမလှ ပျောက်သွားတယ်ဟ။ သူအပြင်ထွက်သွားတဲ့ လက္ခဏာလည်းမရှိဘူး။ အခန်းထဲမှာပဲ ပျောက်သွားတာ။ သူ့နောက်ပိုင်း အဲဒီအခန်းကိုလာငှားနေတဲ့သူတွေလည်း ဝါလေးလိုပဲ အကုန်ပျောက်သွားကြတာ။ နောက်ဆုံး ငါတို့နဲရွယ်တူကောင်မလေးတစ်ယောက်တောင် ပျောက်သွားသေးတယ်ကြားတယ်။ ကြာတော့ အခန်းငှားစားတဲ့အန်တီကြီးတောင် အဲဒီအခန်းကို မငှားရဲတော့ဘူး။ အသေပိတ်ထားလိုက်ရတယ်။ ပိုထူးဆန်းတာက အဲဒီအခန်းရှေ့က ဖြတ်သွားတဲ့သူတိုင်း ကယ်ပါ ယူပါ နဲ့အော်နေတဲ့အသံကို ကြားရတယ်တဲ့။”

ထိုစဉ်ဖြတ်ခနဲ မီးပျက်သွားလေသည်။

“ဟယ် မီးပျက်သွားပြီ။ လုပ်ကြပါဦး။”

“ခဏစောင့် ငါဖယောင်းတိုင်သွားရှာလိုက်ဦးမယ်။” ဝင့်ဝါ ပြောပြောဆိုဆိုဖြင့်ထသွားလေသည်။
ဖယောင်းတိုင်မီးကြောင့် အခန်းအနည်းငယ်လင်းလာသောအချိန်တွင် အကုန်လုံး၏ကြောက်ရွံ့သောစိတ်များ အနည်းငယ်သက်သာသွားလေသည်။
ထို့နောက် မဉ္ဖူက …

“ငါတော့ ကြောက်လာပြီဟာ။ ဝင့်ဝါ .. ငါအိမ်မပြန်ရဲတော့ဘူး။ နင်နဲ့ပဲအိပ်တော့မယ်။”
“ငါလည်း နင်တို့နဲ့အိပ်မယ်။ မပြန်ရဲတော့ဘူး။ အိမ်ကိုဖုန်းဆက်လိုက်မယ်။” ဟု အလင်းတန်းကဆိုသည်။
“ဟဲ့ ချိုသာနဲ့မိုး နင်တို့နှစ်ယောက်ကော ငါတို့နဲ့အိပ်မှာလား။”
“မအိပ်တော့ဘူးဟာ။ ငါတော့အိမ်ပဲပြန်လိုက်တော့မယ် ။ မနက်စောစော သွားစရာလေးရှိသေးလို့။ မိုးကိုလည်း ငါပဲလိုက်ပို့လိုက်မယ်။”
“ကောင်းပြီလေ။ ဒါဆို ဂွတ်နိုက်နော်။”
…………………………………………………………………………………..

အပြန်လမ်းတွင် မိုးနှင့်ချိုသာ တိတ်ဆိတ်စွာဖြင့် လျှောက်လာကြသည်။ လပြည့်ညဖြစ်သောကြောင့် မီးပျက်နေသော်လည်း လမ်းမပေါ်တွင်အလင်းရောင်က ဝိုးတဝါးရှိနေသေးသည်။
အချိန်အတော်အတန်ကြာကြာတွင် မိုးငှားနေသော တိုက်ခန်းရှေ့ရောက်လာသည်။

“ချိုသာ ငါ့ကိုဒီထိပဲပို့တော့။ လိုက်ပို့တဲ့အတွက်ကျေးဇူးနော်။ နင့်အပေါ်မှာ ငါတစ်ကိုယ်ကောင်းဆန်ပြီး လုပ်ခဲ့တာတွေအတွက်လည်း ဆောရီးနော်။”
“ရပါတယ်ဟာ။ ငါနင့်ကို နားလည်ပေးနိုင်ပါတယ်။ ငါလည်းနင့်လိုလုပ်ခဲ့သေးတာပဲ။ ငါအပေါ်ထိမပို့တော့ဘူး။ ဂရုစိုက်နော်။”
“ အင်း။ ဘာမှဂရုစိုက်စရာတော့ မရှိတော့ပါဘူးဟာ။ see you နော် ချိုသာ။ နင်ကော တယောက်တည်းပြန်လို့ဖြစ်ရဲ့လား။”
“ရပါတယ်။ ငါ့ကိုလာကြိုမယ့်သူရှိပါတယ်။ see you ”

မိုး ချိုသာ့ ကိုနှုတ်ဆက်ပြီးသည်နှင့် အပေါ်ထပ်သို့ စိတ်အေးချမ်းသာစွာတက်လာခဲ့သည်။ သူမနေထိုင်ရာအခန်းကတော့ အသေပိတ်ထားသော အခန်းနီလေးပင်။ အခန်းရှေ့ရောက်သည်နှင့် မိုးတံခါးဖွင့်စရာမလိုပဲ အထဲရောက်သွားသည်။ သူမအတွက် အခန်းတိုင်းဟာ တံခါးမလိုတော့သည်ပဲ။

ချိုသာပြန်ရာလမ်းမတလျှောက် ထိန်လင်းနေတဲ့လရောင်ကြောင့် စောင့်ကြိုနေတဲ့ ချစ်သူကောင်လေးဆီကို ခေါင်းငိုက်စိုက်ချပြီး လျှောက်လှမ်းလာနေတဲ့ ကောင်မလေးတစ်ယောက် ရဲ့အရိပ်ကိုကြည့်ပြီး ကတ္တရာလမ်းမထက်မှာ ခွေးများရစ်အူသံတွေနဲ့ ခြောက်ခြားဖွယ် ကျန်ရစ်ခဲ့ရနေပေမဲ့ အကယ်၍သာ တစ်စုံတစ်ယောက်ကသေသေချာချာ ကြည့်နေခဲ့မယ်ဆိုရင်တော့ သူမသည် အဖြူအနီသူနာပြုဝတ်စုံဝတ်ဆင်ထားသော ကောင်မလေး တစ်ယောက်အသွင်နှင့် ၊ ထိုဝတ်စုံသည်လည်း သူမသေဆုံး သွားခဲ့တဲ့အချိန်ကလိုပဲ သွေးများဖြင့် ပေကျံနေသည်ကို တွေ့ရလိမ့်မည်ဆိုလျှင်….