Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခ ယာဉ်မောင်းလိုင်စင်ပြုလုပ်နည်း

phyo waiMay 12, 20131min73818

1။ ယာဉ်မောင်းကျောင်းသင်တန်းဆင်းလက်မှတ်ပါရမည်။ 2။သင်မောင်းလိုင်စင်3 လပြည့်ရမည်။ လိုအပ်တဲ့ ဓာတ်ပုံ မှတ်ပုံတင်မူရင်း မိတ္တူများကို ယူပြီး ရွာသာကြီးရုံးသွားပြီး ကွန်ပျုတာဖြေကြေးနဲ့ စာမေးပွဲကြေးငွေ3000 သွင်းပြီး ဖြေမဲ့ ဒိတ်သွားယူပါ ဒိတ်ကတော့ 2 လလောက်ခွါချိန်းပါတယ် ဥပမာ 5 လပိုင်း ဖောင်တင်ရင် 7လပိုင်းမှ ဖြေဖို့ ဒိတ်ပေးမှာဖြစ်ပါတယ် စာမေးပွဲက 3 ခုဖြေရမှာပါ 1။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မေးခွန်း 20 အကုန်ဖြေနိုင်မှ အောင်မှာပါ 2။ ကွန်ပျုတာဖြင့် ကားမောင်းခြင်း ကျတာများပါတယ် ကျရင် နောက် 2 လလောက်ပြန်ချိန်းပါတယ်။ 3။ စူဇူကီး ပစ်ကပ်ကားလေးဖြင့် ကွင်းပတ်မောင်းခြင်း ပါကင်ထိုးခြင်း အဲဒီ စာမေးပွဲ3ခုလုံးကို အကုန်အောင်အောင်ဖြေနိုင်ရင် မနက်ဖြန်လိုင်စင်ထုတ်လို့ရပါပြီ စာမေးပွဲကျရင် နောက် 2လပြန်ချိန်းပါတယ် ဒါကြောင့် 4 5 6 လလောက် ကြာပါတယ် မရှင်းလင်းတဲ့ အချက်များရှိရင် 401527737 ဖုန်းနံပါတ်ကို ဆက်ပြီး သတင်းအချက်အလက် မေးမြန်းနိုင်ပါတယ်။ လုပ်ရတာခက်လို့ ကိုယ်ချင်းစာစိတ်နဲ့ အခုလိုပို့စ်ရေးလိုက်တာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်။

18 comments

  • uncle gyi

    May 12, 2013 at 11:34 pm

    တခါက
    ရေးဖြေအမှန်ခြစ်ကဒါဒါဒါခြစ်
    မောင်းရင် ရုံးခန်းဝင်မ တိုက်ရင်ရပြီ
    နောက်နေ့လိုင်စင်လာထုတ်
    ဘယ်လောက်ကောင်းလဲကိုရင်ဖြိုး
    တခုတော့ရှိတာပေါ့လေလူတိုင်းတော့မဟုတ်ဖူးပေါ့
    ကြောက်လောက်တဲ့ခြင်္သေ့တော့ကိုယ့်စီမှာရှိရမယ်လေ

  • ကထူးဆန်း

    May 13, 2013 at 6:44 am

    တခါက
    အိမ်မှာနေရင်းတောင်
    အိမ်အထိ ဝန်ဆောင်မှု ပေးခဲ့သေးတာ ..

    အသက် ကန့်သတ်ချက် ကကော .. သင်မောင်း ဘယ်နှစ်နှစ် ။ လိုင်စင် ဝင်ချိန် ဘယ်နှစ်နှစ်
    နောက် သင်တန်းကျောင်း မတက်ရင် မရဘူးဆိုတဲ့ သဘောပေါ့ နော် ..

  • kyeemite

    May 13, 2013 at 11:03 am

    လိုင်စင်မလုပ်ရသေးသူတွေအတွက် အကျိုးရှိပါတယ်…

  • လောလောဆယ်ဒေါ့
    မှတ်ရုံဘဲ မှတ်တွားဒယ်ဂျာ …
    လုပ်ဒေါ့မှ ပြန်လာကျိမယ် ..
    သွားလိုက်ဘာအုံးမယ် … ဒုန်း .. ဒုန်း …

  • ဆူး

    May 13, 2013 at 12:12 pm

    ယာဉ်မောင်း သင်တန်း က လုပ်ပေးတာ.. အပြတ် ဘယ်လောက် ဆိုပြီးတော့.. အသက် ၁၈နှစ်လောက်က ဆိုတော့ ၁ဝနှစ်ကျော်ပြီ ဆိုတော့ ခြင်္သေ့ ဘယ်လောက် ဆိုတာ မသိတော့ဘူး။ တခါတည်းနဲ့ အောင်ကော.. နောက်ပိုင်း ဆက်ပြီး မောင်းရင်းနဲ့ ကျွမ်းကျင်မှုတွေ ရပြီး လမ်းသလားချင်တိုင် လမ်းသလားနိုင်လေသတည်းပေါ့.. စာမေးပွဲကတော့.. ဟိုထိ ဒီထိ ပါပဲ..

  • TNA

    May 13, 2013 at 12:29 pm

    ဟယ်အခုကွန်ပူတာနဲ့ဖြေရတယ်လား။ သများတို့တုန်းကတော့ စာမေးပွဲခန်းထဲဝင်သွားတော့ မေးခွန်းဝေ ပြီးသူတို့ကပြောတယ် မဖြေနဲ့နော်ခဏစောင့်တဲ့။ လူစုံတော့မှ ၁ က ဘာ ၂ ကဘာ ၃ ကဘာ ဆိုပြီး သူတို့ အော်တာလိုက်ဖြေရတာ။ ဘလိုင်းတက်စ်ကလဲ ဒီစာအုပ်ဆိုဖွင့်ပြထားတာ ဒီလိုပဲလှမ်းကြည့်လိုက်တာ ပဲ။ ကားကလဲ လေးဘီးလေးတွေ စက်နိုး မောင်းထွက် ထွက်ချင်ထွက်မထွက်ချင်နေ တိုင်ဝင်ချင်ဝင်မဝင် ချင်နေလိုင်စင်ရကရော။ ဟီဟိ အဲလိုခက်တာ။

  • ခင်ခ

    May 13, 2013 at 2:24 pm

    ဟိုးတုန်းကတော့ အခုလို သင်တန်းအောင်လက်မှတ်တို့ ကွန်ပျူတာနဲ့ ဖြေရတာတို့ ရှိခဲ့ဘူးကွယ်။
    စာလေးတစ်စောင်ကိုင်သွားပြီး တိုင်းဂျာကြီးထံပေးလိုက်ရင်ဘဲ ညနေလိုင်စင်လာယူဆိုတာမျိုးကလည်း ရှိခဲ့သေးဗျ။ အလွန်ခက်ခဲတာလို့ပြောရမလားဟင်…..

    • TNA

      May 13, 2013 at 3:55 pm

      တော်တော်ခက်သပေါ့ကိုဆာမိရယ်။ တိုင်းဂျာကြီးဆီပို့ဖို့စာလွယ်မှတ်လို့ [:*]

  • အလင်း ဆက်

    June 5, 2013 at 10:25 pm

    ကျနော့် တုန်းကလည်း…
    ရုံးဝန်ထမ်းထဲက ပွဲစားသဘောမျိုး..လုပ်နေတဲ့ တစ်ယောက်ကို..အပ်လိုက်တယ် ။
    သင်တန်းဆင်းလက်မှတ်တို ့..
    ဘာတို ့…
    ညာ တို့ပေါ့ ။
    သမားရိုးကျ သွားလုပ်ရင်.. အဲဒီတုန်းက နှစ်သောင်းလောက်ပဲ..ကုန်မှာကို သုံးသောင်းခွဲ.ပေးထားလိုက်တာပေါ့ ။
    အဆင်ကိုပြေ..လို ့..
    မအောင်မရှိပဲ ။
    ကွန်ပျူတာနဲ ့ ကားမောင်းစစ်တော့လည်း…
    အိုကေ ကေ မကေကေ …အောင်တယ် ။

    ကွင်းထဲမှာ..ဂျစ်ကိုမောင်းပြတုန်းကလည်းးးး
    ကိုယ်က ဂီယာတောင် ထိုး စရာ မလို..။ ဘေးက ဆရာက အမှတ်ပေးတယ် ။ ဂီယာပါ ထိုးပေးတယ် ။
    ဂီယာနံပါတ် 1 ကနေ 2 ကိုတောင် မချိန်ရသေးဘူး ။15ပေလောက်မောင်းပြီးရော…
    ရပြီ ။ အဲ..ကားပေါ်က ဆင်းခါနီးမှာ…
    အမှတ်ပေးတဲ ့..ဆရာကြီးကို..အမှတ်တရ..လေး ပြန်ပေးခဲ့ရတာပေါ့ ။ ခြင်္သေ့ နှစ်ကောင်…။
    သူ.တောင်းတာ…။

    ကျနော် အဲဒီတုန်း က တွေ ့လိုက်ရတာကတော့…
    ပိုင်ရာဆိုင်ရာ နဲ ့ ညှိထားတဲ ့ ပွဲစား နဲ ့မှ.. မလုပ်ရင်..
    သမားရီုးကျ အတိုင်း.. လိုက်လုပ်ရင်..
    အဲဒီလိုင်စင် က… အချိန်တွေ ကြာပြီးးး
    အမျိုးမျို းရစ်တာ ခံရပါတယ် ။

    ပွဲစားလက်ထဲ.. ပိုက်ဆံ ပုံပေးလိုက်လို ့ကတော့….
    ဂီယာတောင် ထိုးစရာ မလို… ။ ဒီနေ ့.. သွားဖြေ ။ မနက်ဖြန် နေ့လည်.. ဆိုရင်
    လိုင်စင်ရပါကြောင်းးးး

    ===============

    အခုလို.. လုပ်ကိ်ုင်ဆောင်ရွက်ပုံ.အဆင့်အဆင်လေးကို ပိုစ့်အဖြစ် တင်ပေးတဲ ့.. အတွက်.လည်း
    ကျေးဇူးတင်ပါတယ်။
    ဘယ်လိုလုပ်ရမယ်..မသိသူတွေအတွက်…ဗဟုသုတ ရပါတယ် ။
    ——————————
    တကယ်တမ်းအရေးင်္ကြီးတာကတော့..
    သင်တန်းဆင်း လက်မှတ် ..နဲ ့ သင်မောင်းလိုင်းစင် သက်တမ်းပြည့်ဖို ့ပါ ။
    ကျန်တာ…….
    :kwi:

    အဲ သင်တန်းဆင်း လတ်မှတ် ဆ်ိုလို ့..မပါလာလည်း..အဆင်ပြေအောင်လုပ်ပေးထားပါသေးတယ် ။
    အဲဒီ ရွာသာကြီ းရုံးမှာပဲ… အမြန် ယာဉ်မောင် သင်တန်းလေးတွေ ဖွင့်ထားပါတယ် ။ သင်တန်းဆင်းလတ်မှတ် အမြန်ရနိုင်ပါတယ် ။
    သင်တန်းကြေးကတော့.. ( အရင် ..သိမ်ဖြူကွင်း က ) အပြင် ယာဉ်မောင်းသင်တန်းတွေထက်..အများကြီးသက်သာပါတယ် ။
    2010လောက်က.. အပြင် သင်တန်းတွေမှာ..
    သင်တန်းကြေး.. 60000 ။ ရွာသာကြီးက မြင်သာ ယာဉ်မောင် အမြန်သင်တန်းမှာ.. 22000 ။

    အဲဒီလိုကွာပါတယ် ။

    ကြုံလို ့…. လေပေါသွားမိပါ်တယ် ။

  • Mလုလင်

    June 6, 2013 at 1:54 am

    ယာဉ်မောင်း လိုင်စင် ရှိထားသော်ညှားလဲ လဲလဲလဲလဲလဲလဲ. . . . . .

    အဆဲ များများ ခံ ရတာကနေ . . နည်း . . နည်း . . . . နည်း . . . . . . . ကနေ ကျွမ်းကျင် သွားနိုင်ပါကြောင်း . . . . . . . . .

  • Foreign Resident

    June 6, 2013 at 8:49 am

    အဘ လိုင်စင် ယူလို့ရတဲ့ အရွယ်ရောက်လာတော့ ၊
    အဘ အဖေ ရဲ့ တပည့် တစ်ယောက်ကို ၊
    ကျနော် လိုင်စင် လိုချင်တယ် လို့ ပြောလိုက်မိတယ် ။
    အဲဒီမှာ ၊ အိမ်တိုင်ရာရောက် လိုင်စင် ရလာတာပါပဲကွယ် ။

    ဘယ်မှ မသွားရ ၊ ဘာမှ မဖြေရပါဘူး ။
    ဓါတ်ပုံတစ်ခုပဲ ပေးလိုက်ရပါတယ် ။

    အဘ က လိုင်စင် ရလာပြီးမှ ၊ ကားမေါင်း သင်ရတာပါကွယ် ။

    • KZ

      June 6, 2013 at 9:03 am

      အဟွတ်။
      ပြောရမှာ ရှက်ပါတယ်၊.
      ဘဖောလိုပဲ လိုင်စင်ရပြီးမှ ကားမောင်းမယ် ဆိုပြီး……
      မည်သို့ လုပ်လိုက်သည်မသိ ရ ထားလိုက်တာ လိုင်စင်ကြီးပေါ့။
      ခု အင်တာနေရှင်နယ် လိုင်စင်ကြီး ရယ် စလုံး လိုင်စင်ကြီး ကိုင်ပြီး မမောင်းရဲတဲ့ဘဝ ရောက်နေပါပေါ့။
      မဖြစ်သေးပါဘူး၊။ သတ္တိလေး ပြန်မွေးဦးမှ။
      :mrgreen:

      • ကြက်အူလှည့်

        June 6, 2013 at 9:09 am

        အင်တာနယ်ရှင်နယ် လိုင်စင် လုပ်ဖူးဒယ်..
        အိုက်ဒါပါရင် ဒီမှာ လုပ်ရင် စာတွေ့ ပြန်မသင်ရဘူး ကင်းလွတ်ခွင့်ရတယ်…
        (သို့သော်လမ်းစည်းကမ်းပိုင်း ဖတ်ဖို့ စာအုပ်တော့ပေးတယ်)
        သို့သော် လက်တွေ့ သင်တန်း အနီးငယ် နဲ့ စောင်မွဲတော့ ဖြေရတယ်..။
        ဒီစရောက်ကာစက ကားလိုင်စင် လုပ်မို့ ရည်မှန်းဖူးရဲ့..။

        မကြာပါဘု … ကားထရိန်နင် စင်တာ မှာသုံးဖို့ စစ်စတမ်တခု ဒီဇိုင်းရေးပေးရတယ်..(基本設計)ခေါ်မပေါ့
        အိုက်ဒိမှာ ရည်မှန်းချက် ကို စွန့်လွှတ်လိုက်တယ်။
        stepတွေ procedure တွေ safety first တွေ များလွန်းဒါ ၆မြင့်ကပ်နွန်းနွန့်…
        ရထားပါတ်စီးနေတာပဲ ကုသိုလ်လဲရ ဝမ်းလည်း ဝဘာဒယ်အေ…ကွိကွိ…။

        :harr:

        • KZ

          June 6, 2013 at 9:21 am

          ဟုတ်တယ်။
          အဲဒီ လိုင်စင်ပြပြီး သီဝရီ တက်(စ) ဖြေရုံပဲ။
          အဟွတ်။
          အမှတ်ပြည့်နဲ့ အောင်ခဲ့တာအေ့။
          မောင်းပြရရင် ကျမဲ့ ဟာကို။ ခွိခွိခွိ။
          :kwi:

          နာ လည်း ခုတော့ ရထားပဲ စီးနေတယ်။ (ရိုးရိုးတွေးရန်) :mrgreen:

          ကားမဝယ်နိုင်သေးလို့။
          တစ်စီးလုံးမဝယ်နိုင်လို့ ဝယ်နိုင်တာက စဝယ်မယ် ဆိုပြီး …
          ကောက်ရထားတဲ့ ကားနောက်ကြည့်မှန်လေး သိမ်းထားတယ်။
          :kwi:

        • ဦး ကျောက်ခဲ

          June 6, 2013 at 9:26 am

          ဟီ ဟိ ရထားစီးတုန်းပဲလား…
          ခင်ဗျားရဲ့ ရထားရောဂါ ကျုပ်ကိုကူးတော့မလို့… အား ဟိ
          :harr:

  • ကြက်အူလှည့်

    June 6, 2013 at 9:02 am

    ကျော် လိုင်စင်လုပ်တုန်းက အသက် ၁၆နှစ် ခည ..လုပ်တာက နယ် လိုင်စင်
    (မောင်းတာကတော့ ဟိုဘက် မိုင်၂ဝ သိန္ဒီ ဒီဘက်မိုင် ၂ဝ သီပေါ တောင်ပေါ် လမ်းဒွေချည်း..ကွိကွိ..
    ကိုယ့်မြို့မှာ တက္ကသိုလ်လာတက်တဲ့ မမလေးဒွေ လမ်းပမ်း အဆင်ပြေရေးအတွက်ပါကွီ…
    မောင်ဂီ့တို့ ၁၆နှစ်သားကတည်းက ဇမသေးတာ)

    လုပ်ပုံက ဂလိုဗျ ….အဲ့သည့်မှာ မှတ်ပုံတင် မူရင်းပြပြီး မိတ္တူပေးခဲ့ရတာခည..
    နည်းလေး ပြောပြမယ် မှတ်ပုံတင် ကို ပလပ်စတစ်လောင်းထားတဲ့အပေါ်ကနေ
    ၁၉၈၆ က ၆ ကို ကော်ရီရှင် တို့.. မှင်နဲ့ ထပ်ပြီး ၄ လို့ပြင် မိတ္တူကူး ၁၉၈၄ လေးရလာ (ကော်ရက်ရှင်လေးလက်သည်းနဲ့ပြန်ခြစ်)
    အိုက်ဒါလေးပေး … (ယလဲ့ နာမည်တဲ့ ဒါ့ပုံတို့လောက် မဲပီးစစ် နေတာ ဆိုတော့)
    မွေးသက္ကရာဇ် ကိုတိုက်မစစ်ဘု ခည…
    အဲ့လိုနဲ့ သင်မောင်း လိုင်စင် ရလာ…
    ဟော ၆လလည်း ပြည့် ရန်ကုန်လည်း ရောက်ရော …
    နယ်ကနေ ရန်ကုန်ဝင်- ရော လိုင်စင်အကြီး ပြောင်းတာရော တခါတည်းလုပ်….
    အိုက်ဒိမှာ မေ့ပြီး ၁၉၈၆ကြီး အမှန် ဖြည့်မိပါလေကောဗျာ…(ကွိကွိ.. စမ်းချင်တာလည်းပါဒယ်..)
    ထင်တဲ့အတိုင်းပဲလေ… ဒီတခါလည်း ဒင်းကလေးက အသက်ပြည့်လို့သာ သင်-မောင်း လိုင်စင်
    ရခဲ့တာပဲ ဆိုပြီး မွေးသက္ကရာဇ် တိုက် မစစ်ဘူးခည …ဒီအတိုင်းပဲ နည်းနည်းပါးပါးမောင်းပြပြီး
    လိုင်စင်ရလာဒါဘာဘဲ။
    ကွိကွိ… ကျုပ် ကားလိုင်စင် လာစစ်ရင် ၁၆နှစ်ခွဲနဲ့ လိုင်စင် ရထားတာ တွေ့ရမယ်..(ခုတော့သက်တမ်းကုန်နေပါသယ်ကွယ်..)
    အာဟိ….။ သွပ်သွပ်..

    အိုဘယ့် ရီဗာ့စ် ဆဲန့်စ် အော့ဖ် ဆိုက်ကလော်ဂျီ..

    :harr:

  • may july

    June 6, 2013 at 11:43 am

    သင်မောင်းလိုင်စင်ကတော့လွယ်ပါတယ် ..
    သင်တန်းဆင်းလက်မှတ် ဝယ်ရန် — ၄၀၀၀၀
    ကွန်ပျူတာ စစ်တာနဲ့ ကိုယ်တိုင်ဂျစ် မောင်းတာအောင်ဖို့ ၄၀၀၀ဝ
    နှစ်ရက်ပဲ ဖြေရပါတယ် … အားလုံးအိုကေ ဂီယာတောင်ထိုးစရာမလို .. :kwi:

Leave a Reply