ကား ဒုက္ခ
ပြောရရင်တော့ ထုံးစံ အတိုင်းလေပွတာပေါ့ ။
အင်းလေးဇုန်မှာ ဟိုတယ် တွေ ကို တွန်းအားပေး တည်ဆောက်ခိုင်းနေပါတယ် ။ ဆောက်တဲ့ သူလည်း ဆောက် ။ ဆောက်ချင်ယောင်ဆောင်တဲ့ သူလည်း ဆောင် ။ ပိုင်ရာနိုင်ရာတွေကလည်း အဖြစ်လောက် ပစ္စည်းလေးစုပြ ။ ခြံစည်းရိုးလေး ခတ်ပြ အမျိုးမျိုးပေါ့ ။ အဲ့ဒါက အခုအသစ်ဖော်တဲ့ ဟိုတယ်ဇုန် မှာ မဟုတ် ။ ကိုယ်ပိုင်ဝယ်ထားကြတဲ့ မိုင်းသောက်တို့ ။ အင်ကြင်းကုန်းတို့ သလဲဦးတို့ စသဖြင့် ရွာလေးမှာပါ။
အသစ်ဖော်နေတဲ့ ဟိုတယ်ဇုန်မှာလည်း အကွက်တွေ ဖော်ပြီး မဲနိုုက်လို့ ရောင်းချပြီးသွားပါပြီ။တစ်ဧက သိန်း ၇၅ဝ ကနေ ၉၅ဝ ဈေး အထိ စုစုပေါင်း မြေ ဧက ၄၆၅.၅ဝဧက ရောင်းချခဲ့ပါသည် ။ အဲ့ဒီ့ ရောင်းချခဲ့တဲ အကွက်တွေကို ခြောက်လ အတွင်း အကောင်အထည်ဖော်ရမယ်လို့ လဲ စည်းကမ်းသတ်မှတ်ထားပါတယ် ။
အဲ့ဒီလို တွန်းအားတွေပေးတော့ ကားကြီးကားငယ ်အသွယ်သွယ် ဟာ ညောင်ရွှေ နန်းပန် ကားလမ်း ထဲ တစ်ဖွဲဖွဲ ဝင်ရောက်လာကြတော့တာပါဘဲ။
ဆောက်လုပ်ရေးပစ္စည်းတွေ သယ်လာတဲ့ ကားတွေက လည်း ပစ္စည်း အပြည့် ကုန်ချိန် အပြည့် ဝင်ရောက်ကြတော့တာပေါ့ ။ ခုခောတ် ကားတွေဆိုတော့ ကုန်တန်ချိန် အနည်းဆုံး ၁ရ တန် လောက် တင်လာမှ ရန်ကုန်ကနေ လာပို့ ရတာ တွက်ခြေကိုက်ကျမှာ မို့ ဝင်လာတဲ့ ကားနဲ့ တံတား ရဲ့ ခံနိုင်ရေ အားက ဘယ်လိုမှ မျှဖို့ မလွယ်တော့ဘူးလေ ။
ပြန်ကဲ့ဖို့ ဆိုတာကလည်း ဘယ်သူ အကုန်ခံ ကဲ့ နိုင် ကဲ့ ခြင်ကြမှာလည်း ။
တစ်ဘက်ကလည်း အတင်းဆောက်ခိုင်း ။ တစ်ဘက်ကလည်း အလေးချိန် ကန့်သတ်ချက်နဲ့ ။ ဘယ်တော့ ဘယ်သူ ကတော့ ကံဆိုးသူ မောင်ရှင်ဖြစ်လို့ လျော် ရလေမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ပေါ့ ။
မိုးကလည်း ကျတော့မယ် ။ တံတားတွေက လည်း ခနော်နီ ခနော်နဲ့ ။ ရေဘူးပေါက်တာ လာမပြောနဲ့ ရေပါတာဘဲ လိုချင်တယ်ဆိုတော့ လဲ …
xxxxxxxxxxxxxxxxxxxxx
ဒါကတော့ ဒီနေ (၁၄-၅-၂၀၁၃) ့ မိုင်တိုင်အမှတ် ၁၀၄-၄ နားမှာ ပက်လက်လန်သွားတဲ့ ခရီးသည် ယာဉ်ပါ ။ ဂန္ဓဝင် ဆိုတော့ ရန်ကုန်မှ တောင်ငူ သွားသော ကားလို့ထင်ပါသည် ။ ဖြစ်ပွားစဉ်မှာ တော့ ခရိးသည် အသက်ဆုံးရှုံး ခြင်းတော့ မရှိဘူး ။ ဒါဏ်ရာ ရသူ တွေတော့ ရှိတယ် လို့ သိခဲ့ ရပါသည် .
သူကြီး ဆာဗာ လေးမှာ စိုးလို့ နှစ်ပုံလောက်ဘဲ တင်တော့မယ်နော် ။
14 comments
ဦးဦးပါလေရာ
May 15, 2013 at 12:55 am
ခရီးသည်တင်ကားတွေကလဲ ကားလမ်းတွေကောင်းလာကာမှ ပိုပြီးမှောက်ကြ တိုက်ကြ တယ်။
ဘာကြောင့်လဲဆိုတော့ ကားတွေကလဲ ကောင်းလာတော့ နင်းတိုင်းထွက်တာရယ်….
ယာဉ်မောင်းလိုအပ်ချက်က ရုတ်တရက်ကြီး မြင့်တက်လာတော့-
သင့်တော်တဲ့ ယာဉ်မောင်းသင်အစီအစဉ်မျိုးလဲ တနိုင်ငံလုံးအတွက် မလုပ်ခဲ့တော့-
(တကယ်တော့ ခေတ်အဆက်ဆက် တိုင်းပြည်ခေါင်းဆောင်တွေဟာ အဲသလိုလုပ်ရမယ်မှန်းတောင်သိလောက်တဲ့ ပညာမျိုး လုံးဝမှမရှိတာ)
ဖြစ်သလို ကားမောင်းသင် ၊ တွေ့တဲ့လူ တက်မောင်းကြတာရယ်ကြောင့်….။
အဲဒါတွေသာစဉ်းစားရင် ကားတောင်မစီးရဲဖြစ်သွားမလားမသိ……
kai
May 15, 2013 at 2:30 am
ကားနဲ့သူ့အင်ဂျင်နီယာပညာတွေအကြောင်းနားမလည်တဲ့..ကား ဘော်ဒီ..ဝပ်ရှော့ဆရာတွေ လေးပိုး.. ဖရိမ်ဆင့်.. အင်ဂျင်လဲပြီး.. ကုန်မတရားတင်နိုင်အောင်လုပ်တာ.. တော်တော်ကြီးတဲ့ပြဿနာလို့..ဆိုချင်မိတယ်…။
အဲဒီအကျိုးဆက်ကြောင့်..
. လမ်းပျက်တယ်.. တံတားကျိုးတယ်.. ကားမှောက်တယ်..လူသေတယ်..စသဖြင့်… တနို်င်ငံလုံးဒုက္ခများကုန်တာပဲ..။
MaMa
May 15, 2013 at 9:02 am
လမ်းဒုက္ခ ကားဒုက္ခ တွေက ဘဲဥအစရှာမရသလိုများ ပြောရမလား မသိဘူး။
လမ်းမကောင်းလို့ ကားမှောက်ရသလို…….
လမ်းကောင်း ကားကောင်းတဲ့အခါကျတော့လည်း……….
နင်းသလောက် တက်
တက်သလောက် နင်းးးးး ပြီး
ကွန်တိန်နာတင်ကားကြီးတွေ၊ ကုန်တင်ကားကြီးတွေ လူစီးကားလေးတွေကို ဝုန်းဂျိန်းမြည်အောင် ကျော်တက်သွားတာတွေ တွေ့တွေ့ပြီးးးးး
ဘယ်တော့နှလုံးရောဂါဖြစ်မလဲလို့တောင် တွေးမိတယ်။ :byae:
TNA
May 15, 2013 at 4:51 pm
ဟုတ်ပါ့မမရေ ဘုရင့်နောင်လမ်းမှာဖြင့် ကွန်တိန်နာတွေ ကားမောင်းပြိုင်ပွဲဝင်သလို အတင်းမောင်း လုမောင်း ကျော်တက် နေတာနေ့စဉ်မြင်နေရတာမို့ နေ့တိုင်းဘုရားတပြီးကုသိုလ်ရနေပါရဲ့။ ဘတ်စ်ကားတွေလုမောင်းတာ နားလည်လို့ရပေမဲ့ ကွန်တိန်နာတွေ ပြိုင်ပွဲဝင်တာလေးကိုဖြင့်နားမ လည်နိုင်ပါကြောင်း။
ဆူး
May 16, 2013 at 12:58 pm
ဆိပ်ကမ်းထဲမှာ ကွန်တိန်နာ ကားတွေ စီနီယာ ကားတန်းစီရတယ်.. အဲ့ဒီ အတွက် အမြန်ချ ပြီးရင် နောက်တခေါက် ဆွဲလို့ ရဖို့ ကားအမြန်မောင်းနေကြတာ.. အင်ဂျင်ကလည်း ကြီးတော့ နင်းရင် နင်းသလောက် တက်တယ်။ ဘေးက ကားသေးတွေက အဲ့လို လုမောင်းတဲ့ ကားကြီးတွေ တွေ့ရင် အလျော့ပေးရမြဲပဲလေ။
kyeemite
May 15, 2013 at 9:10 am
ခရီးသည် ယာဉ် မှောက်ပုံက ကြောက်စရာကြီးပါလား…
လူတွေမသေတာကံကောင်းတာပေါ့… ဂန္ဓဝင်ဆိုတဲ့အတိုင်း..
ဂန္ဓဝင်မြောက်အောင်မှောက်ပေတာပဲ..
မင်းမင်း
May 15, 2013 at 9:28 am
ကားလမ်းတွေကမိုးရွာရင်အိပြီးကျွံတတ်တာမို့သတိရှိရှိမောင်းမှသင့်တော်မည်။ မန်းလေယဉ်ကွင်းအဟောင်းအနီး၌လည်းစည်ဘီယာတင်
ကားမြေအိ၍ကားဘီးကျွံပြီးမှောက်ပါသည်။ ၅ း ၅ း ၂၀၁၃
နေ့ကဖြစ်ပါသည်။
ဦး ကျောက်ခဲ
May 15, 2013 at 9:48 am
မြန်မာ ပညာသျှင်များက “ဝန်တင်ကုန် ၂ဆတိုးမြင့်ကြ” ဆိုပြီး…
ကုန်တင်/ခရီးသည်တင် ယာဉ်တွေကို လေးပိုး ဖရိမ်ဆင့် အဆင့်မြှင့်လိုက်ကြတာ…
ဆောက်လုပ်ရေးက ခိုးစားထားလို့ ဝန်ခံနိုင်အားမပြည့်တဲ့ လမ်းတံတားတွေနဲ့တွေ့တော့..
မှောက်ပါ ကျိုးပါလေရော…
အဲ… ကိုရွှေယာဉ်မောင်းများ မောင်းပုံကလည်း…
ဘိုးရင်းလေယာဉ်ပိုင်းလော့တွေ သေပြီး ပြန်ဝင်စားသလား အောက်မေ့ရတယ်…
ဟီ ဟိ အဲသာဆိုရင် ဗိုက်ထဲထည့်ပြီး သယ်လာပေးမယ်လေ…
:harr:
ခင်ခ
May 15, 2013 at 10:09 am
ခရီးသည်ကားတွေမှောက်တဲ့ထဲမှာ တစ်ချို့က ယာဉ်မောင်းအိပ်ငိုက်လို့လည်း ပါတယ်လို့သိရတယ်။
ကားတွေကကောင်း အော်တိုဂီယာနဲ့ ပြီးတော့အဲကွန်းပါတော့ ယာဉ်မောင်းက သက်သာစွာမောင်းရင်းရတယ်လေ။ ပြီးတော့ရပ်နားတဲ့နေရာမှာ ထမင်းစားပြန်တော့ ထမင်းဆိုင်တွေက ယာဉ်မောင်းဆို ပိုက်ဆံမယူ အလကားကျွေး အဲဒီမှာ အဝအပြဲအုပ် ပြီးရင် အဆီရစ်ကာ အိပ်ငိုက် လာတော့ဖြင့် ………။ အဲလိုပါဗျ။
ဦးကြောင်ကြီး
May 15, 2013 at 10:35 am
သဂျီးကတော့ ဘာဖြစ်ဖြစ် လူကြောင့်တဲ့… ဒီတခါတော့ ကထူးဆန်းက ပြောတယ်… ကားကြောင့်တဲ့… မှန်အိ.. လူတယောက် အလေးချိန် တတန်ဘယ်နည်းနဲ့မှ မရှိနိုင်.. ကားကြတော့ ကုန်ပါပေါင်းလိုက်ရင် တန်၂ဝလည်းဟုတ် တန်၄ဝလည်းဟုတ်…. ကိုင်း ဘာပေါဂျင်သလဲ ဦးခိုင်စ်… :hee:
မောင် ပေ
May 15, 2013 at 12:42 pm
ကားသမား အုံနာတွေ အနေနဲ ့ကလဲ
လမ်းပေးရတဲ့ ဘာကြေး ညာကြေး ဂိတ်ကြေး အာလုံးပေါင်းလိုက်ရင် ။ တစ်နှစ် ကို တစ်ခါ အခွန်ဆောင်ရတာ က ရှိသေး ။
တန်ပို မတင်ရင် မကိုက်ပြန်ဘူး
တန်ပိုတင်တော့ လမ်းပျက်
တန်ပိုမတင်တော့ စားဖို ့သောက်ဖို ့ ( ကိုအောင်ပု ၊ ကိုကြောင်ကြီးတို ့လို မဖတ်ရ ) မရ
ကားခ က တိုးတောင်းရင်လဲ ကုန်သည်က မပို ့ပြန်တော့
အဲဒီမှာ ကုန်ဈေးနှုန်းတက်
ဟူးး မောတာ
Mလုလင်
May 16, 2013 at 12:07 am
လက်ညှိုး တစ်ချောင်းနဲ့ ဟိုဒီ လိုက်ထိုး နေရင်တော့ ပြီးတော့မှာ မဟုတ်ဘူး ဗျို ့ . . . . . . အဲ့ ကိစ္စ တွေက တိုင်းသူပြည်သား တွေရဲ့ . . . စားဝတ်နေရေး နဲ့ အဓိက ပတ်သက် နေတာမို့ . . . တော်တော် သိမ်မွေ့ တဲ့ ကိစ္စ တွေ မို့ . . . . ရင်လေး မိတယ်ဗျာ . . အကြံ တစ်ချက် တော့ လွယ်လွယ် မပေးချင်ဘူး ဗျ . . . . . စားရင်း ပိတ်လိုက်ရင်တော့ . . . . မပိတ်ချင်ကြသေးနေမှာပါဗျာ . . ပိတ်လို့ လဲ မဖြစ်သေးဘူး ဗျ . . :harr:
Mobile13
May 18, 2013 at 1:59 am
ကားပက်လက်လှန် ကားရှေ့ဘီးထောင်တာတွေကတော့
ဒေါနတောင်ပေါ်တစ်ကြောမှာ မမြင်ချင်မှအဆုံးပါပဲ။
ကိုပေါက်တို့လို ကင်မရာတစ်လုံးနဲ့သာ လက်စွမ်းပြမယ်ဆိုရင်
ကျုပ်အင်တာနယ်ဟာ့ဒ်ဒစ် အိတ်စတာနယ်ဟာ့ဒ်ဒစ်တွေ ဓါတ်ပုံထည့်တာနဲ့
ပြည့်သွားလောက်တယ်………….
ကားအက်ဆီးဒန့် ဖြစ်တာများကြောင်းပြောပါတယ်……….
လမ်းကလဲမစွံ့ ကားကလည်း ပင်ဂိုရုပ်မရှိ ပင်ဂိုအနေအထားမရှိ
မြန့်မာ့နည်းမြန့်မာဟန်နဲ့ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်လုပ်ကြသူတွေကအများသား……
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 9:42 am
ဝိုးးး ဟိုကားဂျီး ဟိုလိုဖစ်ဒါ …
ခရီးသည် အသေအပျောက် မရှိဘူး …
တော်သေးတာပေါ့ …
ခု ပုံစံ ကြည့်ပီး .. ဘယ်နှီယောက် သေဆုံးတုန်း တွက်ချင်စရာ …
ဒါ့ထက် .. ကား ကုန် တံတား သေချာ စဉ်းစားပြီး လုပ်သင့်တယ် …
အဝေးပြေး ကားတွေဆို တံတား ပျက်နေရင် သေပီချာပဲ ..
အတော် ဒုက္ခရောက်တာ …