Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကံဇာတ်ဆရာ စီမံလေသမျှ

ဆူးMay 15, 20131min114126

ကံဇတ်ဆရာ စီမံလေသမျှ စီမံကာ နေရတဲ့ ဘဝတွေ အကြောင်း ယနေ့ မျက်ဝါးထင်ထင် မြင်ခဲ့ ရပါတယ်။

(၃၀.၄.၂၀၁၃) ဆေးကုသစရိတ် အရေးတကြီး လိုအပ်နေသော ခလေးငယ် ဆိုပြီး ပိုစ်တခု တင်ပြီး အလှူခံခဲ့ဖူးပါတယ်။

https://www.facebook.com/notes/sue-winne/%E1%80%B1%E1%80%86%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%85%E1%80%9B%E1%80%AD%E1%80%90%E1%80%B9-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9/10151448856729895

 

 

အလှူခံတာလည်း အောင်မြင်မှု ရှိခဲ့ပါတယ်။ ပိုစ်တင်ပြီး မကြာခင်မှာတင် ပိုစ် ကို ရှဲ တဲ့ အသိမိတ်ဆွေတွေ ရှိသလို မသိပေမဲ့ ကလေး ပုံလေး ကြည့်ပြီး သနားပြီး အလှူခံ ပိုစ်လေး ရှဲပေးတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။

ဆင်းရဲ နွမ်းပါးတဲ့ မိဘများက မွေးဖွားလာပြီး ဗဟုသုတ နည်းပါးတဲ့ မိဘများ ဖြစ်တဲ့ အတွက် ရောဂါ ဖြစ်မှန်း မသိ ပုံမှန် မဟုတ်တာကိုသာ ကြည့်နေပြီး ကလေးက မနေနိုင်လောက်အောင် အခြေအနေဆိုးလာမှ ဆေးရုံလာပြပြီး တခြား ဆေးရုံဆေးခန်းတွေက လက်မခံပဲ အစိုးရ ဆေးရုံဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အာရုံကြောခွဲစိတ်ဌာန မှသာ လက်ခံ ကုသပေးနိုင်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။

အလှူ ကို လှူကြတဲ့ မိတ်ဆွေတွေ ရဲ့ စေတနာနှင့် ကလေးပုံကို သနားပြီး ရှဲကြတဲ့ ပုဂိ္ဂုလ်တွေ ရဲ့ ကျေးဇူးကို အသိအမှတ်ပြုသော အားဖြင့် ကလေး ဆေးရုံတက်ခြင်း ခွဲစိတ်ခြင်း ဆေးရုံက ဆင်းသွားပြီး နောက်ထပ် ဆရာဝန် ချိန်းတဲ့ အကြောင်းအရာက အစပြုလို့ အမြဲတမ်း သတင်း အသစ်ကလေးတွေ ထုတ်ပြန်ခဲ့ပါတယ်။

 

သနားစဖွယ် ချမ်းဟိန်းလေး ကို အလှူခံပေးပြီး ခွဲစိတ်ပေးတာ မြင်တော့ ဆေးရုံမှာပဲ ရောဂါတူ ကလေး ၃ယောက် ရဲ့ မိခင်တွေက သူတို့ ရဲ့ ကလေး ကိုလည်း ဒီလို ကူညီသူ ရှိရင် သိပ်ကောင်းမှာပဲလို့ တွေးပြီး သူ့တို့ကလေးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြရှာတယ်။

 

မိခင်တွေ ရဲ့ သောကတွေ ကိုလည်း ကိုယ်ချင်းစာမိပါတယ်။ သားလေး ချမ်းဟိန်းကို ခွဲစိတ်ဖို့ အလှူခံတာ ပိုတဲ့ ငွေကြေး တချို့ ကိုလည်း ခွဲစိတ်ဖို့ ငွေ မရှိလို့ ခေါင်းကြီးကြီး ကလေးကို ထိုင်ကြည့်ပြီး နေနေ တဲ့ သမီးကလေး ခင်ရတီးလင်း ရဲ့ မိခင် ကို တချို့ လွဲပေးပြီး သူငယ်ချင်းက သူ့ အသိတွေ ကို ပြောပြတော့ အရေးပေါ် ခွဲစိတ်ဖို့ လိုတဲ့ ကလေးမလေး ကို အနည်းငယ် အလှူခံ ရခဲ့ပါတယ်။ ကလေးမလေးကလည်း အသက် ၁ဝလ ပဲ ရှိပါသေးတယ်။ သားလေးချမ်းဟိန်းလိုပဲ အသက် ၂လ လောက်မှာ ခေါင်းမှာ ရေအိတ်တွေ ဖြစ်ပြီး ခေါင်းကြီးပြီး ခေါင်းထဲက ရေတွေ ဖောက်ထုတ်ရမှာပါ။

မခွဲစိတ်ခင်က ပုံ

မခွဲစိတ်ခင်က ပုံ
ကလေးမလေး ကို မနေ့က ခွဲစိတ်တယ် ဆိုလို့ ယနေ့ ဆေးရုံကို လိုက်သွားပြီး ကြည့်ဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ အလုပ်က ဆေးရုံကြီးနဲ့ နီးတဲ့ အတွက် သူကတော့ မနေ့တခါ နေ့လည်တခါ နဲ့ အလုပ်ပြန်တခါ သွားကြည့်တတ်ပါတယ်။

 

ဘေးကပ်ရပ် ကုတင်မှာ အိပ်နေတဲ့ အမျိုးသမီး အသက် ၁၅နှစ် ဝန်းကျင်လောက် ရဲ့ မိခင် က သမီးတို့က အလှူခံပေးတာ ဆိုရင် သူ့ သမီးလေး ကို ကူညီပါအုန်းတဲ့။ သူ့ သမီးလေး က ခေါင်းထဲမှာ သွေးခဲတာက စပြီးတော့ မျက်စိတွေ တစ တစ မမြင်ပဲ လုံးဝ မမြင်တော့တဲ့ အခြေအနေ ဖြစ်ပြီးတော့ သူလည်း ခွဲစိတ်ဖို့ စောင့်နေတာပါတဲ့။ ဘယ်လို စ ပြောရမှန်း မသိအောင် စိတ်မကောင်း ဖြစ်မိပါတယ်။

သမီးတို့ က သားလေး ချမ်းဟိန်း ကို ခွဲစိတ်ဖို့ သူငယ်ချင်းတွေဆီ မှာ အလှူခံပြီး သားလေးချန်းဟိန်း ရဲ့ အလှူငွေ ပိုတာလေး အနည်းငယ် ကို သမီးကလေး ခင်ရတီလင်း အတွက် ကုပေးဖို့ ကြိုးစားတာပါလို့ ပြောပြလိုက် ရပါတယ်။

 

သမီးလေး ခင်ရတီလင်း ရဲ့ ခေါင်းက သားလေးချမ်းဟိန်း ရဲ့ ခေါင်းထက် ပိုကြီးပါတယ်။အသက် ၁ဝ ရဲ့ ကိုယ်ခန္ဓာက သားလေး ချမ်းဟိန်းထက် ပိုပြီး သေးငယ်ပါတယ်။ တနည်းအားဖြင် ပိန်လှီပြီး မထွားကျိုင်းပဲ ခေါင်းပဲ ကြီးနေတဲ့ သဘောပါ။ မနေ့ ခွဲစိတ်ထားပြီး ခေါင်းထဲ့ ရေတွေ ထုတ်လိုက်တဲ့ အတွက် ခေါင်းကတော့ ကြီနေဆဲဖြစ်ပေမဲ့ ခေါင်းဥိးရေက ပျော့ပျော့စိစိကြီး ဖြစ်ပြီး ကလေးလည်း မနေ့က ခွဲစိတ်တဲ့ ဒဏ်ရာတွေကို ယနေ့  မှိန်းပြီး ခံစားနေရပါတယ်။

 

သမီးလေး ကို ကြည့်ပြီး သူ့ ခြေရင်း ကုတင်မှာ မိခင်နို့ စို့ပြိး မှိန်းနေတဲ့ ၁နှစ်၄လ ကလေးငယ်ကလေး တယောက် ရှိပါတယ်။ ကလေး ရဲ့ ခေါင်းက အရေတွေ ဖောက်ထုတ် ထားတာ ၅ခါ ရှိနေပြီးတော့ ဒီတခေါက် ဆေးရုံတက်တာ အခြေအနေဆိုးပြီး အစာတောင် မဝင်ဖြစ်နေလို့ မိခင်က ကလေး ကို နို့တိုက်နေပေမဲ့ မျက်ရည်ပေါက်ပေါက်ကျပြီး စကားပြောနေတဲ့ လေသံတောင် လေလုံးမကွဲအောင် ဖြစ်နေရှာတယ်။သူ့ သမီးလေး သူ့ရင်ခွင်ထဲက အပြီး ထွက်ခွာသွားမှာ စိတ်ပူနေရှာပါတယ်။ မိခင် တယောက် ရဲ့ သောက ကို ပြောစရာမလိုပဲ မြင်တာနဲ့တင် ခံစားရပါတယ်။

 

၁နှစ်၄လ ကလေး ရဲ့ ဘေးကုတင်မှာလည်း သားလေးချမ်းဟိန်းလိုပဲ မျက်စိမှာ အဖု တခု ဖြစ်ပြီး အစပျိုးတဲ့ ကလေးငယ်လေး ရှိပါတယ်။ သူကတော့ ဘယ်ဘက်ခြမ်း ကို ခွဲစိတ်ထုတ်ပြီး ညာဘက် ပြန်ဖြစ်လို့ ခွဲစိတ်ဖို့ စောင့်နေတာပါတဲ့။ ကလေးငယ်ကလေး ရဲ့ မျက်နှာ နုနု မှာ ပင်လယ်ဓါးမြ ကြီး လို အနာရွတ် အကြီးကြီး တခု ဖြစ်နေတာလည်း မြင်ရတာ စိတ်မကောင်းပါဘူး။ အသက်ကြီးတဲ့ အထိ ဆက်လက် ရှင်သန်နေအုန်းမယ် ဆိုရင် ထို အနာရွတ်ကြီးကလည်း ကလေး ရဲ့ မျက်နှာနုနုမှာ တခါတည်း ပါသွားမည့် အနေအထားမျိုးပါ။

 

မြင်ရတာ တကယ်ကို စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။

အစိုးရဆေးရုံတွေကို မရောက်ဖူးပါဘူး။ ဆေးရုံက ထောင်ကဲ့သို့ သံတခါး အထပ်ထပ်နဲ့ ထားပြီး အင်္ဂလိပ်ခေတ်က ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ ဖြစ်တဲ့ အတွက် ပြုတင်းပေါက် အကြီးကြီးတွေ တခန်း လုံး အပြည့် ရှိနေပါတယ်။ ဒါပေမဲ့ တံခါးတော်တော် များများ ပိတ်ထားပါတယ်။ အခန်းကျယ်ထဲမှာ လူနာ နှင့် လူနာစောင့် တွေ အများကြိး ရှိနေကြပါတယ်။ ဆီးပိုက်နဲ့ နေရတဲ့ လူမမာတွေဆီကလည်း အနံအသက်တွေ ထွက်မှာပါ။ သန့်ရှင်းမှု မရှိတဲ့ အတွက် ထည့်ထားတဲ့ ဆီးပိုက်တွေကလည်း ပိုးတွေ ထပ်ဝင်သွားနိုင်ပါတယ်။ သန့်လှပါချည်ရဲ့ ဆိုတဲ့ ဆေးရုံတွေမှာတောင် အခန့်မသင့်ရင် ဆီးပိုက်က တဆင့် ပိုးတွေ ဝင်ပြီး ဝေဒနာ အလူးအလဲ ခံစားခဲ့ရတဲ့ မိတ်ဆွေတွေ ရှိဖူးပါတယ်။ လူများတာနဲ့ အမျှ လေဝင်လေထွက် မကောင်းရင်ဖြင့် အနံအသက်တွေ ဘယ်လိုမှ ကောင်းမှာ မဟုတ်ပါဘူး။ လူနာစောင့်တွေ မြက်ဖျာတွေ ခင်းပြီး တမန်တလင်းမှာ ခင်းအိပ်ကြရပါတယ်။

 

နာမကျန်း ဖြစ်ပြီး ဆေးရုံလာပြတဲ့ လူတွေ နေကောင်းပြီး လူနာစောင့်တွေ တမန်တလင်း အအေးဓါတ်နဲ့ ရောဂါတမျိုးတိုးမှာတောင် စိုးရိမ်ရပါတယ်။

အဓိကတော့ လေကောင်းလေသန့်ကလေး ပိုရနေမယ် ဆိုရင် ဥပမာ အားဖြင့် လူမမှီတဲ့ နေရာမှာ ရှိတဲ့ တံခါးတွေ အကုန်ဖွင့်ထားမယ် ဆိုရင် လေပိုဝင်ပြီး အနံ့အသက်တွေ ကောင်းမွန်လာလိမ့်မယ်လို့ တွေးမိပါတယ်။

 

မိုးရွာရင် ရေမဝင်နိုင်တဲ့ ဘက်ခြမ်းက တံခါးတွေ အကုန်ဖွင့်ထားလို့ ရပါတယ်။

 

 

အပြန်လမ်းမှာတော့ သူငယ်ချင်း က ပြောပြတယ်။ မနေ့က ခွဲစိတ်တဲ့ ၁ဝ သမီးလေး ခင်ရတီလင်း ဆိုရင် ၁လ သမီး အရွယ်မှာ ဖခင် ဆုံးသွားပါပြီ။ ကလေး အမေ အသက်မေးကြည့်တော့ ၂ဝ လို့ ဖြေပါတယ်။

သားလေး ချမ်းဟိန်းက မှ မိစုံ ဖစုံနဲ့ အမေ က ကလေး ကြည့်နေရင် အဖေ က ၁ဧကတောင် မရှိတဲ့ ခြံသေးသေးလေး မှာ   ငရုတ်သီးစိုက်လိုက် ငရုတ်တွေ ခူးပြိး ငွေပေါ်လာရင် မစားမသောက် စုဆောင်ပြီး ၂သောင်း ၃သောင်း ယူပြီး ဆေးလာကုကြတာပါ။

ပိုက်ဆံ ၁၅သိန်း ဆိုတာ သူတို့ ဘဝမှာ မမြင်ဖူး မကိုင်ဖူးတဲ့ အခြေအနေ ဆိုတော့ ကလေး ကို ဒီတိုင်းပဲ ထားလိုက်တော့မယ် စဉ်းစားနေကြတာပါ။ သူငယ်ချင်း ရဲ့ စာနာ တဲ့ ဂရုဏာ စိတ်ကြောင့် အလှူခံပေးဖြစ်ပြီး အခုတော့ တော်တော် သက်သာနေခဲ့ပါပြီ။

နောက်တပတ် ဆေးရုံမှာ ပြန်ပြဖို့ အတွက် သရက်တော် လက်ပံတန်းကျောင်းတိုက်မှာ ပြန်စောင့်နေပါတယ်။

 

၁နစ်၄လ သမီးလေး  က ခွဲစိတ်တာ ၅ခါ ရှိပြီ ဆိုတော့ အဲ့ဒီ ကလေးကို ကြည့်ပြီး သားလေး ချမ်းဟိန်း ရဲ့ အလှူငွေတွေ အကုန်လည်း မိဘတွေ မပေးရဲဘူး ကျန်ငွေ ၁ဝသိန်းလောက် ကို သူတို့ အတွက် ဘဏ်စာအုပ်လုပ်ပေးပြီး စာအုပ်သိမ်းထားပြီး နောက်ထပ် ငွေလိုရင် အဲ့ဒီ ပိုက်ဆံ နဲ့ ခွဲစိတ်ပေးဖို့ စိတ်ကူးထားပါတယ်။ အမှန်တော့ တခြား လိုအပ်နေတဲ့ ကလေးတွေကိုလည်း ခွဲစိတ်ပေးချင်ပေမဲ့ ဒီရောဂါမျိုးက တခါ ကုပြီးရင်လည်း မပြီးနိုင်ပဲ ထပ်ခါ ထပ်ခါ ခွဲစိတ်ရတဲ့ အတွက် သားလေး ချမ်းဟိန်း အတွက်လည်း မဖြစ်မနေ ထားရအုန်းမှာပါပဲ။

 

ဒီကလေးလေးတွေ ကို ကြည့်ပြိး တော်တော် လည်း သံဝေဂရခဲ့မိပါတယ်။

သားလေးချမ်းဟိန်း ဆေးရုံတက်တဲ့ နေ့မှာတင်ပဲ သားလေးကဲ့သို့ ရောဂါမျိုး ခေါင်းကြိးတဲ့ ကလေးတယောက် ဆုံးသွားခဲ့ပါတယ်။ ကလေးမိခင်က သူ့သားလေး မသေသေးဘူး ဆိုပြီး ကလေး အလောင်းလေး ကို အတင်းနို့တွေ တိုက်ပြီး သားရယ် နို့ကလေး စို့ပါ.. သားနို့စို့မှ ရောဂါဒဏ်ခံနိုင်မှာ သားလေး နေကောင်းသွားမှာပါ သားရယ် အားမငယ်နဲ့ ဆိုပြီး မိခင်က ငိုပြီး ကလေး အလောင်းကလေး ပိုက်ပြီး တနေကုန် မချတမ်းချီထားပြီး ငိုနေတာ မြင်တဲ့ လူတိုင်း မျက်ရည် မကျပဲ နေနိုင်လောက်အောင် စိတ်မကောင်း ဖြစ်ပြီး ငိုခဲ့ရပါတယ်။

 

 

လူ့ဘဝမှာ လူဖြစ်လာပြီး လူသားတစ်ဦးအနေနဲ့ လူသားမိခင်က မွေးလာပေမဲ့ သူတို့ကိုယ်သူတို့တောင် လူသားလေးပါလား ဆိုပြီး တွေးမိမှာ မဟုတ်သေးပါဘူး။

တခြားကလေးတွေ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးထွားသန်မာချိန်မှာ သူတို့ရဲ့ အလူးအလဲ ခံစားနေရတဲ့ ဝေဒနာတွေ ခံစားပြီး အသက်ဆက်ရှင်သန်ဖို့ အတွက် မနည်းကြိုးစားနေရမှာပါပဲ။

ငယ်ရွယ်တဲ့ ကလေးဖြစ်တဲ့ အတွက် သူ့ရဲ့ စိတ်မှာ လောဘတွေလည်း မသိသေးဘူး ဒေါသတွေလည်း သူမသိသေးဘူး။ သူမှာ မိခင် ရင်ခွင်မှာ အေးချမ်းစွာ နေထိုင်ချင်စိတ်ပဲ ရှိမှာပါ။

 

မိဘများကလည်း ရင်မှ ဖြစ်တဲ့ ရင်သွေးကလေး ကို ဘယ်လို မှ မပစ်ရက်နိုင်ကြပါဘူး။ ၁နှစ်၄လ သမီးလေး ရဲ့ မိခင် က ကိုယ်ဝန်ဆောင်နေချိန် ၈လ မှာ ဆရာဝန် က ခေါင်းထဲမှာ ရေအိတ်ဖြစ်နေလို့ ဖျက်ဆီးဖို့ အကြံပြုပါတယ်။ ကလေးရဲ့ မိခင်က လူသားမဆန်တဲ့ ဆရာဝန် တော်တော် ကြောက်စရာကောင်းတယ် ဆိုပြီး ဆရာဝန်ကို ဆဲဆိုပြီး တခြား ဆရာဝန် နဲ့ သွားပြပြီး မွေးထားတာဖြစ်ပါတယ်။ ကလေး က မွေးပြီးကတည်းက ခေါင်းအရည်အိတ်ကြီးထွားလာလို့ ခဏခဏ ခွဲစိတ်နေရပါတယ်။

 

ခဏခဏ ခွဲစိတ်ရတော့မှ သူ့ကို ဆရာဝန် ပြောပြတာ ကို ပြန်လည် ကြားယောင်ပြီး စိတ်မကောင်း ဖြစ်ခဲ့ မိရပြန်ပါတယ်။

 

ဆရာဝန် ရဲ့ အဆိုအရကတော့ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ Frolic acid ဖောလစ် အက်ဆစ် မသောက်တဲ့ အတွက် ကလေး ရဲ့ ဦးခေါင်းနဲ့ အာရုံကြော ဖွဲ့စည်းမှု ပြသနာ တက်ပြီး ထိုကဲ့သို့ ရောဂါ ဖြစ်ကြရတာပါ။

 

 

ဆေးရုံရောက်တော့ သူတို့ကို လေးတွေ စိတ်အားတက်လာအောင် ဘယ်လို လုပ်ပေးရမလဲ.. ဘာမှလည်း လုပ်မပေးတတ်ဘူး။ ကိုယ်တိုင်ကလည်း ဆရာဝန်မဟုတ်တဲ့ အတွက် ရောဂါ အကြောင်းလည်း သေချာ မသိပါဘူး သေချာတာ တခု ကတော့ သူတို့လည်း တခြား လူသားကလေးလေးတွေလို လျှောက်ပြေးလွားပြီး ဆော့ချင်နေမှာပါပဲ ဆိုတာ သေချာပါတယ်။

 

 

 

 

26 comments

  • TNA

    May 15, 2013 at 4:43 pm

    အင်း မိဘတွေရဲ့ ဗဟုသုတနဲပါးမှု့၊ ဆင်းရဲမွဲတေမှု့တွေဟာ ဒီလိုကလေးတွေကိုများပြားလာစေတယ်လို့ ထင်ပါတယ်။ တိုင်းပြည်ရဲ့ပညာရေး စီးပွားရေး အသိမြင်ဗဟုသုတ တွေကို နှစ်ငါးဆယ်လောက်ပိတ်ဆို့ ခံထားရတဲ့ ရလာဘ်ပေါ့ညီမလေးရယ်။ ကလေးအားလုံးကိုကူချင်ပါတယ်။ ဒါပေမဲ့လဲ ကိုယ်တွေလဲ စီးပွားရေး ဝဲဂယက်ထဲချာလည်ချာလည် ဖြစ်နေတော့ ဆုတောင်းပေးရုံ တတ်နိုင်သမျှကူပံ့ရုံကလွဲလို့ ဒီ့ထက်လဲပိုမ တတ်နိုင်။ တတ်နိုင်သူများကျတော့လဲ မဟုတ်တဲ့နေရာမှာ သုံးနေကြတာစိတ်မကောင်းဘူး။ ဒီလိုနေရာ မျိုးတွေရောက်စေချင်လိုက်တာ။ ဂုဏ်ပကာသနတွေအတွက် ဆံပင် ခုနှစ်သောင်းကောက် ပလိုက်တယ်။ အင်္ကျီ ဒီဇိုင်နာဆီမှာ တထည် တသိန်းခွဲနဲ့ချုပ်လိုက်တယ်။ လေးသောင်းခွဲဆိုတော့ချုပ်ခက တန်တာပေါ့ဆိုတဲ့ ပါတ်ဝန်းကျင်မှာကြားနေရတာတွေကို လိုက်စုလိုက်ချင်ပါရဲ့။

    • ဆူး

      May 15, 2013 at 4:52 pm

      စောစောက ဆေးရုံက ပြန်လာတာ ပြန်ပြန်လာချင်း စိတ်မကောင်းလွန်းလို့ စကားတောင် မပြောနိုင်ဘူး။
      ဘာမှလည်း သိပ်မကူညီနိုင်ဘူး။ ကိုယ်လုပ်ပေးနိုင်တာ နည်းနည်းလေးတောင် မျှော်လင့်နေကြတာ စိတ်မကောင်းတော်တော် ဖြစ်မိတယ်။

      အခုရေးထားတဲ့ စာတွေက ဝမ်းနည်း မှတ်တမ်းလို့ တောင် ပြောလို့ ရမယ်။

  • ခင်ခ

    May 15, 2013 at 4:46 pm

    ကိုယ်ဝန်ဆောင်မိခင်တွေဟာ အများအားဖြင့် ၃-၄ လကျော်မှ ဗိုက်အပ်ပြီး ဂရုပြုကြတတ်တယ်၊ တကယ်တော့ ရက်သတ္တပတ်တိုင်း သန္ဓေသားဖြစ်တည်ကထဲက သန္ဓေသား အဟာရဖြစ်မယ့် အစားအသောက်ကို စားသင့် ဂရုစိုက်သင့်ပါတယ်။

    • ဆူး

      May 15, 2013 at 4:58 pm

      အချိန်လွန်မှ သိတဲ့ အသိ နောက်ကျ အသိပါ.. နောင်မှ တ တဲ့ နောင်တ လို့ ပြောရမှာပါ။ ဗဟုသုတ ပေးတဲ့ အလုပ်က တစ်ဦးချင်းစီ နားထဲ ကို ရောက်ဖို့ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှ ရမှပါ။ အနီးအနားမှာ ရှိတဲ့ ကိုယ်ဝန်ဆောင်တွေ ဖောလစ် အက်ဆစ် ဝယ်ပေးပြီး သောက်ခိုင်း ရမလို ဖြစ်နေပြီ။ တပုလင်းမှ ၅၀ဝ လောက်ပဲ ရှိတာ အရမ်းဈေးမကြီးလှပါဘူး။
      ဆရာဝန်တွေက ပြောတယ် တန်ဖိုးမများပဲ အထောက်အကူ ဖြစ်တဲ့ ဆေးကို မသိတော့ မသောက်ကြလို့ ဒုက္ခတွေ များကြရတာပါတဲ့။

      နယ်က လူတွေ ဆိုတော့ ကလေး ရှိလည်း ဒီတိုင်းပဲနေကြပြီး မွေးခါနီးမှ သူနာပြု (သားဖွားဆရာမ) နဲ့ မွေးကြရတာပါ။
      ဒီခေတ်ကလည်း အသီးအရွက်တောင် ဆေးဖြန်းတာတွေချည်းပဲ ဆိုတော့ အနံ့မရှိရင်တောင် ဓါတ်ကြွင်းတွေ ရှိနိုင်ပါလိမ့်မယ်။ မြို့က လူတွေကမှ အသိ ရှိတော့ ကြောက်ကြတယ်။ တောက လူတွေ က ပိုမကြောက်ကြဘူး။ အသီးအနှံက ပါတဲ့ အာဟာရတောင် အပြည့်အဝ မရကြဘူးနဲ့တူပါတယ်။

  • မောင် ပေ

    May 15, 2013 at 8:56 pm

    သူဌေးမကြီး ရွာတော်ရှင် ခင်ဗျ
    စေတနာထက်သန် အလှူသန်ဖို ့ရန်
    စီးပွားတိုးတက်ပါစေဗျား

  • uncle gyi

    May 15, 2013 at 10:04 pm

    အကူလိုနေသူတွေကိုတတ်နိုင်သမျှကူတာမင်္ဂလာတပါးပါဆူး
    ဒါပေမဲ့ဒါကအသီးပါ အပင်ကိုဖြိုချင်ရင်အမြစ်ကိုလှမ်မှဖြစ်မှာပါ
    မသိချင်းတွေကြောင့်ဖြစ်တဲ့အဖြစ်တွေကိုသိချင်းတွေဖြစ်အောင်လုပ်ပေးမှဒါတွေနည်းပြီး
    တဖြည်းဖြည်းပပျောက်သွားမှာပါ

  • padonmar

    May 15, 2013 at 10:35 pm

    ဆူးရေ
    ကလေးလေးက Hydrocephalus ရောဂါဖြစ်တာနေမှာ။
    အဲဒီကလေးတွေ များသောအားဖြင့် သက်ဆိုးမရှည်တတ်ကြပါဘူး။
    ဖောလစ်အက်ဆစ်လိုတာကလည်းတစ်ကြောင်းဖြစ်မှာပေါ့။အခြားအကြောင်းတွေလည်း ရှိတတ်ပါတယ်။
    ဘာကြောင့်ပဲဖြစ်ဖြစ် မိခင်လောင်းတွေ Folic acid သောက်သင့်တာတော့ အမှန်ပဲ။
    ဟိုအရင်က UNICEF ကနေ Ferrous Sulphate နဲ့ Folic Acid တွေကို မိခင်နဲ့ကလေးစောင့်ရှောက်ရေးကနေတဆင့် ကိုယ်ဝန်ဆောင်တွေကို အခမဲ့ပေးတိုက်ခဲ့တယ်။
    နောက်တော့…..

    • ဆူး

      May 16, 2013 at 8:29 am

      အန်တီ ပဒုမ္မာ ရဲ့ ဗဟုသုတ ဖြစ်တဲ့ ကွန်မန်း အတွက် အထူးကျေးဇူးတင်ပါတယ်။
      သက်ဆိုး မရှည်ဘူး ဆိုတာ သိပေမဲ့ ကလေးရဲ့ မိဘတွေကတော့ လက်လွတ်ဖို့ ဆိုတာ စိတ်နဲ့တောင် မတွေးကြပါဘူး။
      ကလေး ရဲ့ ဝေဒနာ ခံစားပြီး နာကျင်မှု လက္ခဏာပြနေပြီ ဆိုရင်လည်း မိဘတွေ အသည်းနှလုံး မီးမြိုက်သလို ထပ်တူ ထပ်မျှ ပူလောင် ခံစားနေရတာ ကိုလည်း သမီးကိုယ်တွေ့မြင်တွေ့ခဲ့ရလို့ တော်တော် စိတ်မကောင်း ဖြစ်လာခဲ့ပါတယ်။

  • kai

    May 15, 2013 at 10:56 pm

    အရင်ဆုံး…
    ဒါဟာကံဇတ်ဆရာစီမံလို့ဖြစ်တာမဟုတ်ဆိုတာ..လက်ခံရမယ်..။

    ဒါမျိုးတွေဟာ.. မိဘတွေကျမ်းမာရေးအသိ..သတိချို့ယွင်းအားနည်းလို့ဖြစ်ကြတာကို လက်ခံရမယ်..။ အဲဒီသစ္စာတရားသဘောပေါက်ပြီဆို..
    အဲဒီလို.. အဖြစ်တွေ တဝက်သက်သာလာမှာပါ..။

    ဂေါတမဗုဒ္ဓကဟောပြောခဲ့တယ်..
    လူတွေရဲ့အကျိုး/အကြောင်းတရားကိုစီမံဖန်တီးတာ..
    ကံ..စိတ်..ဥတု.. အဟာရတဲ့..။

    • ဆူး

      May 16, 2013 at 8:32 am

      သဂျီး ပြောတဲ့ အတိုင်း လူတွေရဲ့ အကြောင်း အကျိုး တရားကို စီမံ ဖန်တီးတာ
      ကံ စိတ် ဥတု အဟာရ
      အဲ့ဒီ ထဲမှာ ထိပ်ဆုံးက ရေးသွားတာ ကံ ဆိုတဲ့ စာလုံး မဟုတ်ဘူးလား။
      ရုပ်ရှင်ထဲမှာ ခေါင်းဆောင်ကြီး က လက်သီးလက်မောင်းတန်းပြီး ကျုံးဝါး လိုက်ရင် တပည့်တွေ လိုက်ပြီး ကျုံးဝါး သလိုမျိုးပေါ့.. :kwi:

      • Mobile13

        May 18, 2013 at 1:43 am

        ဒီနေရာမှာ ဆူး ပြောတာလေးကို ဝင်ပြီး ငြင်းချင်ပါတယ်…..
        ကံ ဆိုတာ ထိပ်ဆုံးက ရေးသည်ဆိုငြား ဒါဟာ ကာရံ နဘေအရ အသံထွက်လို့
        ကောင်းအောင် ဖတ်လို့ကောင်း ရွတ်လို့ကောင်းအောင် ပြုထားတယ်လို့ ထင်ပါတယ်။
        ဥပမာ
        စိတ် ဥတု အဟာရ ကံ
        ဥတု စိတ် ကံ အဟာရ
        အဟာရ ကံ စိတ် ဥတု ဘယ်ဟာကမှ ကံ စိတ် ဥတု အဟာရ လောက်ဖတ်မကောင်းပါဘူး။
        ဒီအကြောင်း/အကျိုးတရား လေးပါးဟာ ညီညွတ်နေမှသာလျှင် အဆင်ပြေနိုင်ပါမယ်။

        • ဆူး

          May 20, 2013 at 9:41 am

          ကံ စိတ် ဥတု အာဟာရ နဲ့ ပတ်သတ်လို့ ကာရံ နဘေ ကိုက်ပြီး ရွတ်ဆိုတယ် လို့ ထင်ခဲ့ရင်တော့ အဘိဓမ္မာ ကို သေချာ လေ့လာကြည့်ပါလို့ ပြောချင်ပါတယ်။

          အထက်မှာ သဂျီး က ဘာလို့ အကျိုး/အကြောင်း ဘာလို့ ရေးခဲ့တယ်လို့ ထင်လဲ…
          အဘိဓမ္မာ ကို လေ့လာဖူးတဲ့ လူ ဖြစ်တဲ့ အတွက် ရုတ်တရက် ကြည့်လိုက်ရင် ဟုတ်တာပဲ လို့ ထင်အောင် တမင် လွဲ ရေးသွားတာပါ..

          အဲ့ဒီမှာ သတိလွတ်ပြီး ကံ စိတ် ဥတု အာဟာရ ဆိုပြီး ရေးမိသွားတာ။

          အကြောင်းကြောင့် အကျိုး ဖြစ်တာပဲ ရှိတယ်။ အကျိုးကြောင့် အကြောင်း ဖြစ်လာတာ မရှိပါဘူး။

          လောင်စာ မရှိပဲ အင်ဂျင် မလည်ပါဘူး။
          ဒီလောက်ပါပဲ.. ဆက်လက်ပြီး ပြောမယ် ဆိုရင် ပိုစ် ၅ပုဒ်စာလောက် ဖြစ်အောင် စာရေးနေရရင် စာဖတ်တဲ့ လူလည်း ငြီးငွေ့လာလိမ့်မယ်။

  • MaMa

    May 16, 2013 at 6:58 am

    ဟိုရက်က ဖေ့စ်ဘုတ်မှာတော့ တွေ့လိုက်မိတယ်။
    ဆူးတင်တယ်ဆိုတာကိုတော့ သတိမထားမိလိုက်ဘူး။
    ဒီလိုအဖြစ်အပျက်တွေက များလွန်းလို့ စိတ်မကောင်းစရာတွေမို့ သေသေချာချာတောင် မဖတ်ဖြစ်တော့ဘူး။
    ကိုယ်လုပ်ပေးနိုင်တာကလည်း ဆင်ပါးစပ်နှမ်းပက်လောက်တောင် အရာမဝင်တာမို့…. :byae:

    • ဆူး

      May 16, 2013 at 8:36 am

      မျက်စိ မမြင်တဲ့ ကလေးမလေးရဲ့ မိခင် ရဲ့ တောင်းဆိုချက် ကို ကိုယ် မလုပ်ပေးနိုင်မှာ စိုးလို့ သူပြောတာပဲ နားထောင်ပြီး ဘာမှ တော့ မမေးလိုက်ဘူး။ မေးခွန်းပေါင်း များစွာမေးမိရင် မျှော်လင့်ချက် ပေးမိသလို ဖြစ်မှာ စိုးတယ်။
      ဒါပေမဲ့ ဒီနေ့တော့ အဲ့ဒီ ကလေးမလေး အတွက် ရသလောက် ငွေစုပြီး သူ့အတွက် ဆေးဖိုးနည်းနည်း သွားပေးဖို့ စီစဉ်ထားတယ်။ ဆင်ပါးစပ် နှမ်းပက်တာ မဝ လောက်ပေမဲ့.. အထိုက်လျှောက်တော့ သူ့ အတွက် အဟာရ ဖြစ်မယ်လို့ မျှော်လင့်တဲ့ စိတ်နဲ့ သွားလှူဖို့ စိတ်ကူးထားပါတယ်။

  • weiwei

    May 16, 2013 at 8:58 am

    facebook မှာ တွေ့ပေမယ့် စိတ်မကောင်းစရာကိစ္စတွေကို မသိချင်လို့ အစအဆုံး မဖတ်ဖြစ်ခဲ့ဘူး … ဂဇက်မှာတွေ့တော့မှ ဖတ်လိုက်မိတယ် … ဖတ်မိတော့ စိတ်မကောင်းဖြစ်ရတယ် … ကိုယ်က ဘာမှမတတ်နိုင် (မကူညီနိုင်) တော့ ပိုလို့တော့ စိတ်မကောင်းဖြစ်ရတယ် ..

    ကံစီမံရာ အတိုင်းပါပဲ ….

  • ဦးဦးပါလေရာ

    May 16, 2013 at 10:41 am

    ကျုပ်တို့ တိုင်းပြည် ဘယ်လောက်မွဲတယ်ပြောပြော-
    ဒီလို အခြေအနေနဲ့ ဆေးကုသဖို့လိုအပ်တာတွေကို ပိုက်ဆံမတတ်နိုင်လို့မကုရဘူးဆိုတာကတော့
    လုံးဝ လုံးဝ လက်မခံနိုင်ပါဘူး…။
    ချောင်းဆိုးရင်ကျပ် ပုံမှန်ဖြစ်နေတာတွေကို ဆေးအလကား ဆရာဝန်အလကားမပေးနိုင်ဘူးဆိုတာထားတော့
    အခုအခြေအနေမျိုးအတွက်တော့ အစိုးရက (ဆေးရုံလာတဲ့လမ်းစားရိတ်၊ ဆေးရုံမှာ လူနာကိုကျွေးဖို့အပါအဝင်) အစစအရာရာ ရာနှုံးပြည့် တာဝန်ယူသင့်တာပါ။
    အဲဒါဟာ ပျောက်မှာ ပျောက်နိုင်မှ ကုပေးရမယ်လို့လဲမဟုတ်ဘူး…
    ကျန်းမာရေးဌာနရဲ့အလုပ်က ဆေးကုစရာရှိရင် ဆေးကုရမှာ –
    စည်ပင်ရဲ့အလုပ်က သေမှ သဂြိုလ်ရမှာ-

    စကားမစပ်
    ကျန်းမာရေးဝန်ကြီး ဒီပိုစ့်ဖတ်မိရင် ဘယ်လိုနေမလဲဆိုတာ စိတ်ဝင်စားမိပါရဲ့

    • ဆူး

      May 16, 2013 at 11:13 am

      ရာနှုံးပြည့်တာဝန်ယူဖို့ ဆိုတာကတော့ သိပ်မဖြစ်နိုင်သေးဘူး ထင်တာပါပဲ။
      ဖြစ်လာခဲ့ရင်တော့ ဆင်းရဲတဲ့ ပြည်သူတွေ အတွက် အသက်ရှုချောင်တာပေါ့။

      အခု အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေက ခွဲစိတ်ခ မပေးရပါဘူး။ ဘေးနားက အနားပြာတွေကသာ ပိုက်ဆံမရရင် လူမမာကို စောင့်အောင့်ပြီး ကိုင်တွယ်ပြီး ပညာပြတတ်ကြတယ်။
      အဓိက ဆေးဖိုးနဲ အနားပြာ တွေ အတွက် ပေးစရာ စရိတ်မရှိဖြစ်ပြီး မခွဲနိုင်ပဲ ရှိနေကြသေးတာလည်း ပါတယ်။

      ဘယ်က စလို့ ဘယ်လို လုပ်ရမလဲ မသိတော့ပါဘူး။

    • Foreign Resident

      May 18, 2013 at 5:31 pm

      ” အစိုးရက ( ဆေးရုံလာတဲ့လမ်းစားရိတ်၊ ဆေးရုံမှာ လူနာကိုကျွေးဖို့အပါအဝင် )
      အစစ အရာရာ ရာနှုံးပြည့် တာဝန်ယူသင့်တာပါ ”

      ဦးပါရေ ၊ သိပ်မကြာခင်က ကျနော့် သူငယ်ချင်း တစ်ယောက်ကို ၊
      ကျနော် မန့်ခဲ့တဲ့ စကားကိုပဲ ပြန်ကူးတင်ပေးလိုက်တယ် ။

      အစစ အရာရာ ချွတ်ချုံကျပြီး ၊ ဆင်းရဲ မွဲတေလှတဲ့ နိုင်ငံကြီးမှာ ၊
      အဲဒီလို မျှော်လင့်နေတယ် ဆိုရင်တော့ ၊ စိတ်ထောင်း ကိုယ်ကျေ ဖြစ်တော့မှာပဲ ။

      ယောနိသော မနသိကာရ နှင့် သဗ္ဗေ သတ္တာ ကမ္မသကာ ကို ၊
      နှလုံးသွင်းနိုင်မှ သာ အသက် ရှည်ပေလိမ့်မယ် ။
      ” ကျနော် မွဲမိ အပြစ် ရှိ ၏ ” လို့သာ စိတ်ထား လိုက်ပါ ။

      ဘယ့် နှယ် ၊ လှည်းတန်း ဂုံးကျော်လေး ဆောက်တာ အစိုးရ အကြွေးတင်တယ်တဲ့ ၊
      ဒီလောက် မွဲတဲ့ တိုင်းပြည် ၊ လူကြားလို့တောင် မကောင်းဘူး ။

      ပြီးခဲ့တဲ့ တစ်နှစ်ကျော်က တရုတ်ပြည် Vacation သွားတယ် ။
      ဂုံးကျော် မပြောနှင့် ၊ နှစ်ထပ် လမ်းလောက်တောင် စကားထဲထည့် ပြောစရာ မရှိဘူး ၊
      Highway Bus တွေ ပြေးနေကြတဲ့ သုံးထပ် လမ်းတွေ ဆိုတာကို ၊ အောတိုက် ။
      တစ်ချို့နေရာတွေမှာ ၄ ထပ်တွေတောင် ရှိသေး ။

  • ကို ငြိမ်းမောင်

    May 16, 2013 at 4:26 pm

    တစ်ချို့မိဘတွေဘဝကလည်း အရမ်းသနားဖို့ကောင်းတယ်လေ။
    ငွေကြေးကအဆင်မပြေ မွေးလာတဲ့ သားသမီးက တစ်ခုခုချို့ရင်ကာ ကျန်းမာရေးကမကောင်း ကုစရာလည်း ငွေကမရှိ တစ်နေ့တစ်နေ့ ကလေးရဲ့ခံစားနေရတာကို ကြည့်ပြီးသူတို့မှာ စိတ်မချမ်းသာ ဖြစ်နေရှာတာလေ၊ ပြည်သူ့ဆေးရုံဆိုပေမယ့်လည်း ငွေလေးနည်းနည်းတောင် မသုံးနိုင်ရင် ဆရာဝန်တွေက စေတနာရှိကာ စမ်းသပ်ကြည့်တယ်ထား စားဆေး ထိုးဆေးက ဝယ်မဖြည့်နိုင်ရင်တော့ သွားလာစရိတ်သာ ကုန်ပြီး အရာမရောက်ပြန်တော့လည်း သက်သာလိုသက်သာညား နီးစပ်ရာဆေးမြှီတိုနဲ့ဘဲ ဘဝစခန်းသွားကြသူတွေလည်း များစွာရှိနေတယ်လေ။ ရင်မောစရာတွေပေါ့။

    • ဆူး

      May 17, 2013 at 10:12 am

      ဆေးရုံမှာ ဆရာဝန် က အစိုးရဝန်ထမ်း အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်တဲ့ အတွက် ဆရာဝန် ကြည့်ခ မပေးရပါဘူး။ ခွဲစိတ်ခ ကိုလည်း ဆရာဝန် ကို ပိုက်ဆံ ရှိသူတွေက သာ သီးသန့် သွားပြီး ကန်တော့ ကြတာမျိုးတွေ လုပ်ကြတာပါ။ သီးသန့် ဘယ်လောက် ဆိုပြီး ပေးရတာ မရှိပါဘူး။
      ဆေးရုံမှာ ကုန်ကျတာ ဆေးဖိုးပဲ ရှိပါတယ်။
      အဲဒီ ဆေးဖိုးတွေကို မတတ်နိုင်လို့ ဒုက္ခတွေ များနေကြရတာပါ။
      ဒီလို ရင်မောစရာ ဘဝတွေက လွတ်ကင်းပြီး အဆင်ပြေကြပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပါပဲ။
      အစိုးရ ဆေးရုံမှာ တက်နေတဲ့ လူနာတွေကို တခြား ဆေးရုံ (ဆေးဖိုးအခမဲ့) တွေက လက်ခံ ကုမပေးရဲပါဘူး။
      တစုံတခု ပြသနာ ဖြစ်ရင် သူတို့ ပြသနာ ဖြစ်မှာ မလိုလားလို့လား ဘာလားတော့ မသိပါဘူး။
      သူများပြောတာကတော့ သူတို့လည်း ယဲ့ယဲ့မို့.. တယောက် ကို ကယ်ပြီး နောက်ထပ် ကယ်ရမည့် လူတွေ မကယ်နိုင်မှာ စိတ်ပူလို့ ဝင်မပါကြတာပါတဲ့။

  • အောင်ကြူး

    May 17, 2013 at 9:08 am

    ကံဇာတ်ဆရာ
    ခံသတ်ပါ
    စံသက်ငါ
    မာန်တက်လာ
    ရန်ဖက်ရှာ
    ပြန်ဆက်ညာ
    ဟန်သွက်ခါ
    အံဖတ်စာ..

  • parlayar 46

    May 18, 2013 at 4:57 pm

    ဒီပိုစ့်ဖတ်မိတော့ တစ်ယောက်၊ ဒါမှမဟုတ် လူတစ်ချို့က လူမှု့ကူညီရေးတွေလုပ်ဖို့ ရံပုံငွေ(fund) သဘောမျိုးစုထားတာ ရှိနေသလားလို့ ထင်မိတယ်။
    အဲဒါမျိုးရှိရင် ပါဝင်ခွင့်ရရင် ပါဝင်ချင်ပါတယ်နော…။

    • ဆူး

      May 19, 2013 at 12:00 pm

      အဲ့လို အဖွဲ့ အစည်း ဖန် ထောင် ထားတာမျိုး မရှိသေးပါဘူး။
      အစီအစဉ်လည်း ယခု အထိ မရှိပါဘူး။
      သူငယ်ချင်းရဲ့ သူ့ ရဲ့ ရွာက အသိတယောက် ရဲ့ ကလေး သားလေး ချန်းဟိန်း ကျန်းမာရေးမကောင်းတဲ့ ဓါတ်ပုံလေး ကို ကြည့်ပြီး ဂရုဏာသက်ပြီး စိတ်မကောင်း ဖြစ်တာက စတဲ့ အလှူကိစ္စလေးပါ။ နောက်ဆက်တွဲပြီးတော့ အလှူအတန်းတွေတော့ လုပ်ချင်ပါသေးတယ်။
      ပရဟိတ လုပ်ငန်းထဲ ဝင်သွားမိရင်တော့ စာနာစိတ်နဲ့ ဆက်လက်ပြီး ရှေ့တိုးမိတာများကြတယ်။

      တနေ့က မျက်စိမမြင်တဲ့ ကလေးမလေး ကို ခွဲစိတ်ဖို့ အလှူငွေ ကို ဆေးရုံ သွားပေးတော့.. ၁နှစ်၄လ အရွယ် ခေါင်းကြီးတဲ့ ကလေးတယောက်ပဲ.. အထက်က ပိုစ်ထဲမှာတော့ ပါတယ်။
      အဲ့ဒီ ကလေး အရေးပေါ် ခွဲစိတ်ရပါတယ်။
      အရင်က ၅ကြိမ်ခွဲစိတ်ပြီး ဖြစ်ပါတယ်။
      ကလေး ခွဲစိတ်ခန်းထဲ ဝင်နေချိန်မှာ ဆေးလိုတဲ့ အတွက် မိခင်က ဆေးရုံ ရှေ့က ဆေးဆိုင် (ဆေးရုံက လူတိုင်း ဝယ်နေကျဆိုင်) ထိုဆိုင်မှာ သွားဝယ်ရင်း ကျသင့်ငွေ ၂၁၀၀ဝ တိတိ ကျပါတယ်။ သူ့လက်ထဲမှာ ၁၈၀၀ဝ ပဲ ရှိပါတယ်။ ကတ်သီးကတ်သတ် ၃၀၀ဝ လိုနေတဲ့ အတွက် ဆေးဆိုင်ကလည်း မပေးဘူး။ ကလေးကလည်း ခွဲစိတ်ခန်းထဲမှာ အရေးပေါ်လိုတယ် ဆိုတော့ ချက်ချင်းဝယ်ပြီး ပြန်ပြေးရမှာလည်း ဖြစ်ပါတယ်။
      သူ့ အတွက် ထို အချိန်မှာ ငွေ ၃၀၀ဝ က နွေခေါင်ခေါင် ရေရှားတဲ့ နေရာက သောက်ရေ တခွက် လို အလွန် အဖိုးတန်ပြီ လိုအပ်နေခဲ့ပါတယ်။ မုန်တိုင်း ရှိတဲ့ အတွက် မိုးတွေကလည်း ရွာနေပြီးတော့ မျက်မှန်း တမ်းမိတဲ့ ဆေးရုံ က လူမမာ တယောက် ရဲ့ မိခင် ကို မြင်တော့ သူ အတွက် ရေကြည်တပေါက်လို အားကိုးရာ တခု အဖြစ် အကူအညီတောင်းပါတယ်။ မသိချင်ယောင်ဆောင်ပြီး လှည့်ထွက်သွားပါတယ်။ မိုးရေထဲမှာ ငိုယိုပြီး တောင်းပန်တဲ့ အခါ ၂၀၀ဝ ပေးပြီး လှည့်ထွက်သွားတယ်။ လိုနေတဲ့ ၁၀၀ဝ ပါ ပေးပါ.. ကျမ ချက်ချင်း ပြန်လာပေးပါ့မယ်။ ကူညီပါ အမ ရယ် ဆိုပြိး မိုးရေထဲ မှာ သားသမီး ဇော နဲ့ ရှက်ဖို့လည်း မေ့သွားတယ်။ အတင်းတောင်းတော့မှ နောက်ထပ် ၁၀၀ဝ ထုတ်ပေးပြီး ထွက်သွားတယ်။ အဲ့ဒီတော့မှ ဆေးဝယ်ပြီး ဆေးရုံကို ပြေးရတယ်လို့ ပြောပါတယ်။

      တနင်္လာနေ့ သူ့ ကလေး အတွက် အလှူငွေ တချို့ လာပေးမယ်လို့တော့ ပြောခဲ့ပါတယ်။ ကလေးက ခွဲစိတ်ထားတာ သိပ်မသက်သာပဲ အပူကြီးပြီး နှုတ်ခမ်းတွေ ပြာနှမ်းပြီး တက်တက်နေတဲ့ အတွက် မိခင်ကတော့ ရဒက်မအေးနိုင်ပဲ ငိုပဲ ငိုနေတာမြင်ရတာ တော်တော် စိတ်မကောင်းဖြစ်လှပါတယ်။

      • ဦးဦးပါလေရာ

        May 20, 2013 at 2:36 pm

        ဖြစ်နိုင်ရင် အဲသည်အစီအစဉ်မျိုး (ရံပုံငွေစုထားတာမျိုး) ဆူးလို လူငယ်ထဲက လုပ်စေချင်ပါတယ်။
        ဆူးတို့က ငယ်သေးပေမယ့် ဦးပါတို့က အသက်ကြီးပါပြီ..
        မသေခင် လူ့ဝတ္တရား ကျေနိုင်သမျှ ကျေသွားချင်ပါတယ်။
        အခုလဲ လိုအပ်တဲ့လူတွေကို ကူညီတဲ့အလုပ်တွေကို ကိုယ်တိုင်လဲ တစ်ဦးချင်းအနေနဲ့ လုပ်နိုင်သမျှလုပ်ပါတယ်။ အခြားသူတွေနဲ့ပူးပေါင်းပြီးတော့လဲ လုပ်ပါတယ်။ ပဒေသာပင်စိုက်သလိုမျိုးငွေပင်ငွေရင်းထူထောင်ထားပြီး အတိုးအပွားနဲ့ နိုင်သလောက်လုပ်နေဖြစ်တာလဲရှိပါတယ်။ ဒါပေမယ့်လဲ ထပ်လုပ်ချင်သေးတာပါပဲ…။
        ဂန္ဓာရုံဆရာတော်ဘုရားကြီး မိန့်ဘူးတာရှိတယ်-
        ကုသိုလ် ဆိုတာ ဟိုလိုလဲရ၊ ဒီလိုလဲရ နေမှကောင်းတယ်….. တဲ့

        • ဆူး

          May 20, 2013 at 4:08 pm

          ဦးပါ သမီး အီးမေး ပို့ထားပါတယ်။

Leave a Reply