Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Sakura Tower 5 ထပ်မှာ ဖွင့်လှစ်ထားရှိတဲ့ J-SAT အမည်ရ ဂျပန်ကုမ္ပဏီ

baydar maungMay 23, 20131min41111

သူငယ်ချင်းမလေးတစ်ယောက် ဒုက္ခရောက်သွားရလို ့ ဒီသတင်းလေးကို တင်ပြချင်တာပါ-

Sakura Tower 5 ထပ်မှာ ဖွင့်လှစ်ထားရှိတဲ့ J-SAT အမည်ရ ဂျပန်ကုမ္ပဏီတစ်ခုက အခွင့်အလမ်းဂျာနယ်လို အလုပ်အကိုင်ရှာဖွေရေးဂျာနယ်တွေမှာ ကြော်ငြာတွေ ဆက်တိုက်ထည့်ပြီး ဂျပန်စာ-ဂျပန်စကားတတ်သူတွေကို ပြည်တွင်း-ပြည်ပ ဂျပန်ကုမ္ပဏီတွေနဲ ့ အလုပ်ရအောင် ချိတ်ဆက်ပေးမယ် လို ့ရေးထားတာ မြင်တွေ  ့ကြရမှာပါ-

သူငယ်ချင်းမလေးက ယုံကြည်အပ်နှံလို ့အင်တာဗျူးဝင် – အလုပ်ခန် ့အပ်ခံရပြီးကာမှ အနှောက်အယှက်တစ်ခုကြောင့် သတ်မှတ်ကာလမှာအလုပ်မဝင်နိုင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ် – J-SAT က ဘယ်လမှာဝင်နိုင်မလဲ မေးလို ့အလုပ်အဟောင်းကို မရမက ဖြတ်- အလုပ်ထွက်လိုက်ရပြီး ၊ ရတဲ ့အလုပ်သစ်ကို ဝင်နိုင်ပြီလို ့လည်း အကြောင်းကြားလိုက်ရော – ဘဝပျက်စရာသတင်းကို သူတို ့ဆီကကြားလိုက်ရတယ်။ ကို်ယ့်အစား လူသစ်ကို အစားထိုးလိုက်ပြီမို ့ မရတော့ဘူးတဲ့ ။

သတ်မှတ်ကာလမှာ အလုပ်မဝင်နိုင်တဲ့အကြောင်းကြားကတည်းက – ဒါဆိုလည်း ရထားတဲ့အလုပ်သစ်ကို ပြန်ဝင်လို ့မရတော့ဘူးလို ့တစ်ခါတည်း ပြောလိုက်ပါတော့လား။ မတင်မကျတွေ လျှောက်ပြောပြီး တစ်ဖက်ကလူကို စားဝတ်နေရေးပျက်ပြားသွားအောင် လမ်းခင်းလိုက်တယ်လေ။ J-SAT ကို ယုံကြည်ပြီး လက်ရှိအလုပ်ကို ထွက်ပစ်လိုက်တော့ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့။ အလုပ်ဟောင်းကို အရှင်းထွက်လိုက်ပြီ၊ ရထားတဲ့အလုပ်ကို ဝင်လို ့ရပြီလို ့အကြောင်းကြားတဲ့အချိန်မှာပဲ သူတို ့က လူသစ်တစ်ယောက်ကို ပို ့လိုက်ပြီးပြီဆိုတာ မပြောပြပြန်ဘူး၊ မျှော်လင့်ချက်နဲ ့စောင့်နေရတဲ ့သူက အခုအချိန်အထိ အလုပ်လက်မဲ ့ဘဝနဲ ့ ရွာလည်ရတော့တယ်။

အလုပ်ခန် ့တဲ ့ဂျပန်ကုမ္ပဏီတွေကလည်း J-SAT ကတစ်ဆင့်ပဲ ဆက်သွယ်ပါလို ့ဆိုလာတော့- ပွဲစားကုမ္ပဏီဖြစ်တဲ့ J-SAT အကြိုက်ပေါ့ ။  သူကြိုက်သလို ချယ်လှယ်ပြီး သူတို ့အတွက် ပိုရမယ့် သူကို ပြောင်းထည့်လိုက်တယ်လေ။

တ်မှတ်ကာလမှာ အလုပ်သစ်ဝင်ဘို ့အခက်အခဲရှိလို ့ မဝင်နိုင်တဲ့အကြောင်းပြောကတည်းက – အဲဒီအလုပ်မရနိုင်တော့ဘူးလို ့တစ်ခါတည်း ပြောလိုက်ရင် အလုပ်ဟောင်းကို ချက်ချင်းထွက်ဖြစ်မှာမဟုတ်ဘူးလေ။

ဘဝရှင်သန်ရေးအတွက် အလုပ်လုပ်ကြရတာမဟုတ်ဘူးလား၊ အခုတော့ မညှာမတာ အလုပ်ပွဲစားလုပ်နေပြီး ပြတ်ပြတ်သားသား မလုပ်တော့ တဖက်လူ နစ်နာသွားခဲ့ရပြီလေ၊

နောင် J-SAT နဲ ့ ဆက်သွယ်ပြီး အလုပ်ရှာချင်သူတွေ သတိထားနိုင်ဘို ့ဒီ post ကို တင်လိုက်ရတာပါ ။ သူငယ်ချင်းမကတော့ ရွာလည်ပြီးရင်း လည်တဲ့ဘဝကို ရောက်ရတော့တာပဲ။ သူမအတွက် စိတ်မကောင်းလွန်းလို ့ ရေးလိုက်ရတာပါ။

ကြောက်စရာ sakura tower 5 ထပ်က J-SAT အကြောင်းပါ။

11 comments

  • e tone

    May 23, 2013 at 1:57 pm

    ဖတ်ရတာ စိတ်မကောင်းစရာပဲ … ။
    ကိုယ်ကို အလုပ်ခန့်ပြီးတာတောင် ၊ ဝင်ရမယ့်ရက် ရွှေ့ဆိုင်းဖို့ပြောတဲ့အတွက် …ချက်ချင်းအလုပ်ဝင်နိုင်မယ့်လူ ၊ သေချာမယ့် တခြားတစ်ယောက်ကို ကောက်ထည့်လိုက်တာမျိုး ဖြစ်နိုင်ပါတယ် … ပွဲဖြစ်မှသာသူတို့ အကျိုးမြတ်ခံစားရမှာကြောင့်ပါပဲ ။ ကြားခံ service ပေးတဲ့ company တွေဆိုတာကလည်း …. ဆားဗစ်ကြေးလိုချင်တာကြောင့် … အလုပ်ခွင်ထဲ အလုပ်သမား ထည့်ပေးနိုင်ရေးကိုအဓိက ထားပြီး .. နှစ်ဦး နှစ်ဖက် ပြန်ကြည့်တတ်တာမျိုး မဟုတ်တော့ … အခုလို အဖြစ်မျိုးနဲ့ ကြုံရတာပေါ့။

    အကြောင်းအမျိုးမျိုးကြောင့် အလုပ်သစ်ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် … တဖက်မှာ မသေချာခင် .. ယတိပြတ်လုပ်လက်စ အလုပ်ကို လွှတ်လိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး ။ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်တစ်ခု ရဖို့ ခက်ခဲပါတယ် ….။ ဒီလိုပါပဲ .. အလုပ်တစ်ခုမှာ နေရာတစ်နေရပြီး ရပ်တည်နိုင်ဖို့ .. ပိုလို့တောင် ခက်ခဲပါတယ် ။ အလုပ်သစ်ရတာတောင် ကိုယ်နဲ ့ကီးကိုက်ဦးမှ … အဲ့တော့ အလုပ်သစ်ကို အစမ်း လုပ်နေစဉ်ကာလတွင်း အလုပ်ဟောင်းမှာ ခွင့်ရက်ရှည်တင်ထားတာမျိုး လုပ်ပြီး … တဖက်က သေချာမှ .. လွှတ်လိုက်သင့်တာပါ ။

    လက်ရှိအခြေနေမှာ အလုပ်လက်မဲ့ ဖြစ်သွားပြီမို့ …ဘဝက ပေးတဲ့ သင်ခန်းစာတစ်ခုအဖြစ်မှတ်ပြီး…. အလုပ်တစ်ခု ရဖို့ အရေးပဲ ကြိုးစားရှာရုံရှိပါတော့တယ် ။ သူငယ်ချင်းကိုလည်း အားပေးလိုက်ပါ …ပိုကောင်းပြီး ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်ခွင်တစ်ခု တွေ့နိုင်ပါစေနော် ။ :gee:

  • Lay Pai

    May 23, 2013 at 5:12 pm

    ကျနော် က တော့ သူများနဲ့ မတူဘူး။ အလုပ်ပြောင်းမယ်ဆို အလုပ်ဟောင်း ကို ထွက်ပြီးမှ အလုပ်နောက်တခု ရှာတာ။
    လူလွတ်ဘဝ တုံး က ဆို ပို တောင် ဆိုးသေး။ အလုပ်တခုကို ထွက် နောက် အလုပ်တခု ကို အေးအေးဆေးဆေး ရဲရဲတင်းတင်း ရှာတာ။ မေးတဲ့ အခါ မနက်ဖြန် အလုပ်စဝင်နိုင် သလို နောက် အရက် ၂ဝ တလ မှ ဝင်လို့ လဲ ရတယ်ပေါ့။

  • မောင် ပေ

    May 23, 2013 at 7:59 pm

    ရေးထားပုံအရဆိုရင်
    အလုပ်လျှောက်တဲ့ အမျိုးသမီး က လဲ လက်ရှိအလုပ် ကနေ မထွက်ရသေးပဲ
    အဲ့မှာ ဝင်လျှောက်လိုက်ပြီး ၊ ရတဲ့အခါကြ
    ငါးရံ ့ ၂ကောင် ဖမ်းသလို ဖြစ်သွား တာလို ့ပဲ ကောက်ချက် ချမိတယ်

  • uncle gyi

    May 23, 2013 at 11:27 pm

    မြန်မာရဲ့မေးရမှာမဝံ့တဲ့စိတ်ကြောင့်ဖြစ်တယ်ထင်ပါတယ်
    ဘယ်တော့အလုပ်ဝင်နိုင်မလဲမေးတဲ့အချိန်
    ကိုယ့်အခြေအနေကိုပွင့်ပွင့်လင်းလင်းပြောပြီးအချိန်ဘယ်လောက်မှာဝင်နိုင်မယ်
    ဖြစ်နိုင်မလားတခါထဲမေးရမှာ

  • ကြက်အူလှည့်

    May 24, 2013 at 8:20 am

    အနှောက်အယှက်တစ်ခုကြောင့် သတ်မှတ်ကာလမှာအလုပ်မဝင်နိုင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ် – J-SAT က ဘယ်လမှာဝင်နိုင်မလဲ မေးလို ့အလုပ်အဟောင်းကို မရမက ဖြတ်- အလုပ်ထွက်လိုက်ရပြီး ၊ ရတဲ ့အလုပ်သစ်ကို ဝင်နိုင်ပြီလို ့လည်း အကြောင်းကြားလိုက်ရော

    ၁။
    ဟိုဘက်က အလုပ်(သစ်) ကို ဝင်တော့ ဆိုတဲ့အချိန် နဲ့ တကယ်တမ်း အလုပ်(သစ်) ကို ဝင်နိုင်ပါပြီ ဆိုတဲ့အချိန်(တနည်း) အလုပ်(ဟောင်း)က ထွက်လာတဲ့အချိန်
    ကြားထဲမှာ ဘယ်လောက်-ဟ သလဲ ဆိုတာလေး သိချင်မိသား ..။ တပါတ်လား- တလလား-ဘယ်လောက်လဲ-စသည်ဖြင့်ပေါ့..။
    ဟ-တဲ့အချိန် ကြာရင်ကြာသလို အစားထိုးခံရနိုင်ခြေများမယ် ဆိုတာ ကာယကံရှင်လည်း သိပါလိမ့်မယ်။
    ၂။
    ဟ-တဲ့အချိန်ကြားမှာရော စောင့်မယ်-မသေချာဘူး-မစောင့်ဘူး ဆိုတာ ကွန်ဖမ်း ယူသလား ဆိုတာပါ။
    ကာယကံရှင်အနေနဲ့ အဲ့ဒါတွေကို အသေအချာသိနေမယ် ဆိုရင် (တဖက်က သေချာသလား မသေချာသလား မသိဘဲ)
    လက်ရှိအလုပ်ကို ထွက်ပစ်မယ် မဟုတ်ပါဘူး
    ၃။
    လျှောက်ထား လုပ်ကိုင်မယ် ဆိုတဲ့ အလုပ်က ဘာအလုပ်လဲ ဆိုတာပါ။
    တဖက်က (မသွားလိုက်ရတဲ့) အလုပ်(သစ်) ဆိုတဲ့နေရာမှာလည်း အလုပ်သဘောအရ
    စကတ်ဂျူးလ်တွေ ၊ ဂျူးဒိတ်တွေ ၊ ဘတ်ဂျက်ကွာတားတွေ၊ စာရင်းချုပ်တာပိတ်တာ လုပ်တဲ့ ဆီဇင်တွေ
    ရှိပါတယ်။ စာရင်းကိုင်လို နိစ္စဒူဝ လုပ်ရတဲ့အလုပ်မျိုးလား။ အင်ဂျင်နယာဖီးလ် လို ပရော့ဂျက်တခုပီး
    တခု လုပ်ရတဲ့ (စ-ဆုံး) တခုဆီ ရှိတဲ့အလုပ်မျိုးလား ပေါ်မူတည်ပြီးတော့လည်း တဖက်က စောင့်နိုင်ချိန်
    အတို-အရှည် ကွဲပြားပါလိမ့်မယ်။
    ၄။
    နောက်ဆုံးကတော့ရာထူးအနိမ့်အမြင့် ကိစ္စပါ။ အလွယ်တကူ လူစားထိုးနိုင်မယ့် (အရံလူရှာရမခက်မယ့်)ရုံးစာရေး ရာထူးမျိုးနဲ့ ပိုပြီး လူစားထိုးလို့
    (အတိုင်းအတာတခုထိ)ခက်မယ့် ပရော့ဂျက်မန်နေဂျာလောက် အဆင့်မျိုးနဲ့
    စောင့်ပေးနိုင်ချိန် မတူနိုင်ပါ။ (အထက်က ပြောခဲ့တဲ့ လုပ်ငန်းသဘောကိုလိုက်လို့ လည်း ကွာခြားဦးမှာပါ)
    ၅။
    နောက်ဆုံး အကြံပေးချင်တာက ဒါဟာ လွဲချော်မှု တခုသာဖြစ်သွားခဲ့ပါတယ် ခင်ဗျာ..။
    (ဟိုဘောပွဲကြေညာသူ လေသံဖြင့်ဖတ်ပါ)

    :harr:

    နောက်တာပါ အတည်ပြောပါ့မယ်။
    ဒင်းတို့လုပ်လို့ ဘဝပျက်လေခြင်း လို့ အပြစ်တင်တဲ့စိတ် ကို ခနမေ့ထားပြီး အနည်းဆုံးတော့
    သူတို့က-
    ၅-၁။ အမှန်တကယ် အလုပ်ခန့်မယ့်ကန်ပနီ နဲ့ ချိတ်ဆက်ပေးတယ်။
    ၅-၂။ ငွေလိမ်တာတို့ မဟုတ်မဟတ် အလုပ်ခွင် ကို ပို့တာတို့ မတွေ့ဘူး။
    ၅-၃။ အကျိုးဆောင်ခ လို ကိစ္စမျိုး နဲ့ ပါတ်သတ်ပြီး စာထဲမှာ ရေးထားတာ မတွေ့ဘူး။
    (ဆိုလိုသည်မှာ မတရားသဖြင့် ယူတာ တောင်းတာ မရှိလောက်ဘူးလို့ Assume လုပ်ပါတယ်)
    ၅-၄။တဖက်အလုပ် ခေါ်သူတွေက သူကတဆင့်သာ လာပါလို့ ရေးထားတာဖတ်ရပါတယ်။
    ဒါကို အလုပ်သမားဈေးကွက်ကို လက်ဝါးကြီး အုပ်တယ်လို့ မမြင်ဘဲ အလုပ်ခေါ်လိုသူတွေဆီက
    နာမည်ကောင်းရထားတဲ့ ယုံကြည်စိတ်ချမှု ရထားတဲ့ အဖွဲ့အစည်း လို့ မြင်ကြည့်ပါလား။
    (ကိုယ့်ကေ့စ်မှာ လွဲချော်သွားတာ ရှိခဲ့ပေမယ့်) ဈေးကွက်ထဲမှာ သူတို့ချည်း သက်သက် ရှိနေတာမဟုတ်ဘူးနော..

    သည်တော့ ရှင်းနေတာပဲဗျာ ..။သူတို့ကတဆင့် နောက်တခေါက် ထရိုင်း ကြည့်ပေါ့။ အဆင်ပြေမှာပါ။
    ရှေ့က ဖြစ်ခဲ့တဲ့ လွဲချော်မှုဟာ ကာယကံရှင် အားနည်းချက်ကြောင့်သော်လည်းကောင်း…
    သူ့ကိစ္စကို ဆက်သွယ်ဆောင်ရွက်ပေးတဲ့ ဝန်ထမ်းရဲ့ အားနည်းချက်ကြောင့်သော်လည်းကောင်း..
    မြန်မာပြည် ဆက်သွယ်ရေး ကဏ္ဍရဲ့ အားနည်းချက်တွေကြောင့်သော်လည်းကောင်း
    မမြင်ရတဲ့ ကံကြမ္မာရဲ့ မျက်နှာသာမပေးချက်ကြောင့်သော်လည်းကောင်း(ဒီစာသား ဟိုလူဂျီးမမြင်ဇီယ)
    လို့သာ မှတ်ယူစေချင်ပါတယ်။ ဒီဖြစ်ရပ်တခုတည်းနဲ့ ဒီအဖွဲ့အစည်း ကို ကြောက်စရာ တို့
    မကောင်းဘူးတို့တော့ ကောက်ချက်မဆွဲစေချင်ပါဘူးခင်ဗျ။

    P.S
    ကျနော် အနှီ အဖွဲ့အစည်းက မဟုတ်ပါ။ သူတို့ကိုလည်း သိလည်းမသိပါ။ ထို့အပြင် ဒီစာရေးလို့လည်း ဘယ်ကမှ တပြားမှ မရပါ။
    ကောက်ချက်ဆွဲတာ လွဲပြီး အလုပ်ရနိုင်ချေများတဲ့ ဝန်ဆောင်မှုတခု ကို လက်လွှတ်မိမှာ စိုးရိမ်လို့စေတနာနဲ့ရေးတဲ့
    အလုပ်ရှာနေသူတယောက် အတွက် အဝေးက အလုပ်လုပ်နေသူ အလုပ်သမားတယောက် ရဲ့ စာလို့ မှတ်စေလိုပါသည်။
    (စာရေးသူ ချပြသလောက်ကိုပဲ သုံးသပ်ပြီး ရေးထားရတဲ့အတွက် မှားတာ လွဲတာလည်း ရှိနိုင်ပါသည်။ Critical Thinking ဖြင့် စကာတိုက်ကြပါကုန်။)

    တော်သေးဘီ
    ခင်တဲ့

  • TNA

    May 24, 2013 at 11:39 am

    ခက်တာပဲလေ။ အဲဒါကတော့ ဟိုဘက်ကမမှားဘူးလို့ယူဆလို့ရပါတယ်။ အလုပ်လျှောက်တဲ့သူရဲ့ မသေချာ ပဲလုပ်တဲ့ ရလာဘ်ပဲလို့ပြောလို့ရပါတယ်။ ဒီဖက်ကအလုပ်မထွက်သေးဘဲ ဟိုဘက်အလုပ်သွားလျှောက်တယ်။ ဟိုဘက်ကလဲရရော ဒီဖက်ထွက်ဖို့ပြင်တယ်။ အလုပ်ခွင်စည်းကမ်းအရ ကျွန်မဒီနေ့နောက်ဆုံးပဲ။ မနက်ဖြန် မလာတော့ဘူးလို့ပြောလို့မှမရတာ။ ( အရောင်းစာရေးမဆိုရင်တော့တမျိုးပေါ့။ ) ကို်ယ်တာဝန်ယူထားရတဲ့ အလုပ်တာဝန်ဟာ ကြီးရင်ကြီးသလို အလုပ်ရပ်ဆိုင်းတာကလဲ နှစ်လကနေသုံးလကြာပါတယ်။ ဒါကိုထည့်မ တွက်ပဲအလုပ် သွားလျှောက်တာဟာ အလုပ်အသစ်ကိုရော အလုပ်အဟောင်းကိုပါမလေးစားရာကျပါတယ်။ ဒီအချက်ကလဲ လူစားထိုးခံလိုက်ရတာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။ နောက်ပြီး အလုပ်ခန့်ပြီးတာနဲ့ အလုပ်ရှင်ကပဲဘယ်နေ့စဝင်ပြောလို့ရပါတယ်။ အလုပ်သမားက ဘယ်နေ့မှဝင်နိုင်မယ်ဆိုတာ ပြောလို့ရတာနည်းပါတယ်။ အနည်းဆုံး တရားဝင်ညှိနှိုင်းလို့ရတာပဲရှိပါမယ်။ အလုပ်သမားကဆုံးဖြတ်လို့မရပါဘူး။ ဟိုဘက်အလုပ်အသစ်ရဲ့ လိုအပ်ချက်က အခုချက်ချင်းလိုလို့ခန့်တာပဲဖြစ်ဖို့များပါတယ်။ အလုပ်ရှင်ဆိုတာ လိုလိုမယ်မယ်ဆိုပြီးခန့်ထားလေ့မရှိပါဘူး။ လိုတဲ့ပိုစ့်ကို ချက်ချင်းလူရှာ ချက်ချင်းခန့်လေ့ရှိပါတယ်။ စောင့်တယ်ဆိုရင်လဲ အလွန်ဆုံး တလထက်ပိုစောင့်လေ့မရှိပါဘူး။ အခုကြည့်ရတာ။ နှစ်လ သုံးလလောက်ကြာသွားပုံရပါတယ်။ ဟိုဘက်ကို အလုပ်မဝင်နိုင်သေးဘူးလို့အကြောင်းကြားတာကလဲ အချိန်လျှော့ပြီး ပြောထားတာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လဲဟိုဘက်က လူစားထိုုးလိုက်တာဖြစ်မှာပါ။ သင်ခန်းစာပေါ့။ နောက်တကြိမ်ကြိုးစားပြီး တူညီတဲ့အမှားမျိုးမဖြစ်အောင်ကြိုးစားပေါ့။ ငရံ့့နှစ်ကောင်ဖမ်းဖို့တော့မဖြစ်နိုင်ပါဘူး။ တက်လမ်းရှိတဲ့ အလုပ်ဆိုရင် ဘုရင့်နောင်ဖောင်ဖျက်သင့်ဖျက်ရမှာပါပဲ။ မတွေဝေနဲ့ပေါ့။

  • baydar maung

    May 26, 2013 at 10:03 am

    ွှTNA သို ့

    အလုပ်ရှင်က အလုပ်ဝင်မယ့်လရော လစာရော ကျေကျေနပ်နပ်လက်ခံလိုက်ပြီးမှ – ဖြစ်လာတဲ့အပြောင်းအလဲပေါ် ဘယ်တော့မှ လာနိုင်မလဲ လို ့တောင် မေးနေပါပြီ – J-SAT ကလည်း ကုမ္ပဏီရဲ ့တရားဝင်အလုပ်စမယ့်လက လိုသေးလို ့နောက်ဆုတ်နိုင်ကြောင်း ပြောဆိုညှိနှိုင်းတဲ့ကာလက 1 လအတွင်းမှာ ပြောင်းလဲသွားတာပါ- TNA ကောက်ချက်ချသလို မဟုတ်ပါဘူး- နစ်နာသူကို ဝိုင်းအပြစ်မတင်ပါနဲ ့လား – အခြေအနေအမှန်ကို ဒီ post ဝင်ဖတ်မယ့် J-SAT နဲ ့ ဝန်ထမ်းလက်ခံလိုက်တဲ့ ကုမ္ပဏီက အသိဆုံးပါ – J-SAT ရဲ ့report တစ်ခုတည်းကိုပဲ နားထောင်တဲ ့ဂျပန်ကုမ္ပဏီက သူတို ့ပြောင်းပြောလိုက်တဲ့စကားအတိုင်း လူသစ်ကို လက်ခံလိုက်တာမို ့ သူလက်ခံပြီးသားသူကို တစ်လအတွင်း ငြင်းလိုက်တာပေါ့ – ငရံ ့2 ကောင်လည်း မဖမ်းရှာပါဘူး- ပြတ်ပြတ်သားသား အလုပ်ထွက်တာကို ရှယ်ယာရှင် တစ်ဦးက ဟန် ့တားလို ့အသေအကျေ တိုက်ပွဲဝင်ပြီး 1 ပတ်အတွင်း ထွက်ခွင့်ရခဲ ့တာပါ – အလုပ်ဝင်ဘို ့ကတိပေးတဲ့လမတိုင်ခင်ပဲ ပြန်လည်အတည်ပြုပေးခဲ့တာပါ- အလုပ်အဟောင်းကို အပြီးထွက်လိုက်ပြီ – ဝင်လို ့ရပြီလို ့ပြောမှပဲ – သတင်းဆိုးကို ကြားရတာပါ – TNA က J-SAT ဝန်ထမ်းဖြစ်နေခဲ့မယ်ဆိုရင်လည်း ဒီပုံပြင်ကို ကြားပြီးသားဖြစ်မှာပါ – ရေနစ်သူ ဝါးကူ မထိုးသင့်ပါ –
    ကျေးဇူးတင်ပါသည်၊

    • TNA

      May 26, 2013 at 12:43 pm

      ဘုရား နာ့တယောက်ထဲပဲ နာမည်တပ်ပြီး ရီပလိုင်းပြန်တာ ဂုဏ်ယူရမယ်ထင်ပါ့။ ကျေးဇူးပါအဘဖောရေ။ ကိုယ်ဘာများမှားရေးလို့လဲလို့ ပြန်ဖတ်တာ။ ဟိုဘက် ကုမ္ပဏီကိုလဲ ဘက်လိုက်မပြောမိသလို နစ်နာသူကိုလဲ ဝါးကူမထိုးမိပါလား။ ဖြစ်သင့်တာလလေးပဲခန့်မှန်းကြည့်တာပါ။ ကိုလဲ ကိုယ်ကြုံတွေ့ဖူးတဲ့ ကြုံတွေ့နေ ရတဲ့ ပြသနာပေါ်ချိန်ထိုးပြီးပြောကြည့်တာပါ။ ဟိုဘက်ကတလအချိန်ပေးပြီးမှ တပါတ်အတွင်း လူသစ်ခန့်တယ် ဆိုရင်တော့ တရားစွဲပေါ့။ အလုပ်သမားဦးစီးရုံး တို့ ILO တို့ကိုတော့တိုင်လိုက်ပေါ့။ ကိုယ်မှမမှားတာ။ ဒါပေမဲ့ ရှယ်ယာရှင်ကဟန့်တားရလောက်တဲ့ထိဆိုရင်တော့ ဟိုဘက်ကုမ္ပဏီမှာ ယူထားတဲ့တာဝန်ကလဲပေါ့သေးသေးတော့ ဟုတ်ဟန်မတူဘူး။ တလအတွင်းထွက်မယ်ဆိုတာကတော့ နဲနဲတာဝန်မဲ့တယ်။ ကျွန်မအတွေ့အကြုံအရ တာဝန်ကြီးယူထားသူဟာ အနဲဆုံးသုံးလ ကြိုပြောပြီးတာဝန် လွဲပြောင်းပြီးမှထွက်ခွင့်ရှိတယ်။ ဒါကတော့ တာဝန်ကြီးသူတွေဆောင်ရွက်ရမဲ့ ကျင့်ဝတ်ပါ။ ဒါလေးကိုပဲပြောပြတာ။ ဟိုဘက် ကုမ္ပဏီကိုလဲမသိဘူး။ နစ်နာသူကိုလဲမသိဘူး။ ဒါပေမဲ့ ကျွန်မက ကုမ္ပဏီအဟောင်းနေရာကစဥ်းစားပေးတာ။ အဲဒီ ကုမ္ပဏီအဟောင်းလဲမသိဘူး။ တာဝန်ယူမှု့ဆိုတာ့ အသစ်သော ကုမ္ပဏီ ပေါ်မှာပဲထားရှိလို့မရပါဘူး။ ကုမ္ပဏီ အဟောင်းပေါ်မှာလဲလေးစားရမှာပါ။ ငါထွက်ပြီ ငါနဲ့မဆိုင်ဘူး ကင်းတယ်လို့လုပ်လို့မသင့်တာကိုပြောတာပါ။ တခြားသူတွေလဲပြောပါလျှက်နဲ့ TNA နာမည်တပ်ပြီးပြောတယ်ဆိုကတဲကတော့ အသစ်သောကုမ္ပဏီ နဲ့ပါတ်သက်တယ်ထင်ပြီး အခဲမကျေပြောတယ်ယူဆပါတယ်။ အဲလိုဝန်ထမ်းမျိုးဆိုရင်တော့ ကျွန်မသာ ကုမ္ပဏီပိုင်ရှင်ဆို အလုပ်မခန့်ပါဘူး။ စာနာစိတ်ကလေးတောင်ပျောက်သွားပါပြီ။

  • Foreign Resident

    May 26, 2013 at 10:41 am

    TNA ကို အပြင်မှာ သိပါတယ် ။
    TNA ဟာ J-SAT က ဝန်ထမ်း မဟုတ်ပါဘူး ။

    ” နစ်နာသူ ကို ဝိုင်း အပြစ် မတင်ပါနဲ ့လား ”

    အဲဒီ စာသားလေးနှင့် ပါတ်သက်ပြီး ၊ ကျနော့်ရဲ့ သဘောထားကတော့ ။

    မှား ရင် မှား တယ် ၊ မှန် ရင် မှန် တယ် ၊ ညံ့ ရင် ညံ့ တယ် ၊ ပြောသင့်တာပဲ ။
    နိုင် သူ ၊ ရှုံး သူ ၊ သာ သူ ၊ နာသူ ၊ ဆိုပြီး မခွဲခြားသင့်ပါဘူး ။

    နာသူ ၊ ဆိုပြီး အကောင်းကြီးပဲ မပြောပေးနိုင်သလို ၊
    သာ သူ ၊ ဆိုပြီး အဆိုးကြီးပဲလဲ မပြောပေးနိုင်ပါဘူး ။

    အမှန်တရား ရဲ့ မျက်နှာကိုသာ ပိုကြည့်သင့်ပါတယ် ။

    အခု ကိစ္စ မှာ တော့ ၊ တစ်ဖက် စကားပဲ ကြားရတာဖြစ်လို့ ၊
    ကြားရတာကလည်း မှန် မမှန် ၊ ပြည့်စုံ မပြည့်စုံ မသိရတဲ့အတွက် ၊
    ဘယ်သူ မှန်တယ် ၊ ဘယ်သူ မှားတယ် ၊ မ ဆုံးဖြတ်နိုင်ပါဘူး ။

    အလုပ် လက်မဲ့ ဖြစ်သွားတဲ့ ကလေးမလေးအတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ် ။

    • မောင် ပေ

      May 26, 2013 at 1:18 pm

      ရေငံပိုင် ဦးဖော ခင်ဗျ
      သူ ့ပုံ ကြည့် ရ တာ
      ဂျေ စက် ကို
      ဒီ က နေ ဆော် ချင် နေ တဲ့ ပုံ ပဲ
      ခက် တာ က
      ဒီ က လူ တွေ က စာ သိပ် မ တတ် ဘူး ဆို တော့
      သူ ့ခဗျာ
      အား ငယ် သွား ရှာ မှာ ပေါ့
      ဟီ ဟိ

      • TNA

        May 26, 2013 at 1:43 pm

        နာ့ကိုများ ကုမ္ပဏီ ဝန်ထမ်းတဲ့။ ကုမ္ပဏီ ပိုင်ရှင်လောက်ထင်ရင်ဖြေသာသေးတယ်အေ။ ဒဲ့ဆော်ရင် လဲ နေရာမြင့်မြင့်လေးပေးပြီးဆော်ရင်ဖြေသာသေးတယ်။ အထုတော့ ———————–

Leave a Reply