အလုပ်လက်မဲ့ပြဿနာ
အစိုးရ၊ အလုပ်လက်မဲ့တွေနဲ့ အခွန်ထမ်းဆောင်လူများ
ဥရောပတွင် အလုပ်လက်မဲ့ ၁၉ ဒသမ ၅ သန်း ရှိနေပါသတဲ့၊ ဒီပမာဏဟာ ဩစတြေးလျနိုင်ငံ၊ တိုက်မှာရှိတဲ့ လူဦးရေနီးပါး ရှိတယ်လို့ ဆိုတယ်။ ဩစတြေးလျမှာ လူဦးရေ ၂၂ သန်း ရှိပါတယ်။ ဒါဆိုရင် တစ်နိုင်ငံလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပုံစံနဲ့ တူနေတယ်လို့ ဆိုပါတယ်။
အနောက်တိုင်းမှာ အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြ ရပါတယ်။ အလုပ်လုပ်မှ စားသောက်ရပါတယ်။ ငယ်စဉ်က မိဘကျွေးမွေး ထားပေမယ့် အရွယ်ရောက်ရင် အလုပ်လုပ် ရတာပါပဲ။
ရှေးခေတ်က လုပ်အားဟာ အဓိက ကျတယ်။ ဒါကြောင့် အလုပ်လုပ်နိုင်တဲ့ အရွယ်ကတည်းက အလုပ်လုပ်ရပါတယ်။ ကလေးဘဝ ကတည်းက စစ်တိုက်ရပါတယ်။ (မင်းရဲကျော်စွာဆိုရင် ကလေးစစ်သားပဲပေါ့) သတ္တုမိုင်းတွေထဲမှာ ကလေးလုပ်သားများစွာ လိုအပ်ပါတယ်။ ကလေးတွေဟာ ငယ်ငယ်ကတည်းက အလုပ်လုပ်ရတာကို Charles Dicken H.G Well တို့၊ ဂျက်လန်ဒန်တို့ရဲ့ စာတွေထဲမှာ တွေ့ရမှာပါပဲ။ ဒါပေမဲ့ ကလေးတွေကို ဒီတိုင်း ခိုင်းတာထက် ပညာသင်ပေးပြီးမှ ခိုင်းတာ ပိုပြီးထိရောက်တာကို သိလာကြတယ်။
ဒါကို ဘုရင်တွေ ပုဏ္ဏားတွေနဲ့ ချမ်းသာတဲ့ သူတွေက သိကြတယ်။ ဒါကြောင့် သူတို့သားသမီးတွေကို ပညာသင်ပေးကြတယ်။ ရှေးကတည်းက တက္ကသိုလ်ပြည်ဆိုတာ ရှိတာပဲ။ ဒါပေမဲ့ ပိုက်ဆံရှိတဲ့ လူတွေမှပဲ ဒီလိုသင်ကြားပေးဖို့ တတ်နိုင်ခဲ့ကြတယ်။ ရှေးခေတ်ဂရိ၊ အေသင်မှာ ဆောခရတိ္တတို့ အရစ္စတိုတယ်တို့ရဲ့ ကျောင်းတွေမှာလည်း မင်းညီမင်းသားနဲ့ သူဌေးသူကြွယ် သားသမီးတွေသာ ပညာသင်တယ်လို့ မှတ်သားဖူးပါတယ်။ နောက်ပိုင်းမှာတော့ ပညာရေး လိုအပ်ချက်တွေကို ဘာသာရေး အဝန်းအဝိုင်း (Religious Institutes) တွေက ဖြည့်ဆည်းပေးတယ်။ ခရစ်ယာန်တွေက သူတို့ရဲ့ Churches လို့ခေါ်တဲ့ ဘုရားကျောင်းတွေမှာ၊ အစ္စလာမ် ဘာသာဝင်တွေက ဗလီကျောင်းတွေမှာ၊ ဗုဒ္ဓဘာသာ ဝင်တွေကတော့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျောင်းသားတွေကို ပညာသင်ပေးတဲ့ အစဉ်အလာကို စတင်ခဲ့တယ်။
ကျွန်တော်တို့ နိုင်ငံမှာ စာရင်းဇယား အတိအကျ မရှိပါ။ အလုပ်လက်မဲ့တွေ ဘယ်လောက်များနေလဲ။ ပျံကျတွေကတော့ အများကြီးပေါ့။ သူတို့တစ်တွေကို အစိုးရက ဘယ်လိုစောင့်ရှောက်လဲ။ အထူးသဖြင့် အခွန်ထမ်းတွေကရော တကယ်ပဲ အခွန်ဆောင်ကြလား။ ဒီအခွန်တွေကရော ပြည်သူတွေအတွက် (နိုင်ငံတော် တိုးတက်ဖို့အတွက်) ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် သုံးစွဲဖို့ စိတ်ကူးများ ရှိရဲ့လား . . . . .
ဒီအစဉ်အလာဟာ အတော်လေး ကောင်းတာကို လူအများ သိကြပါတယ်။ လူတွေရဲ့ အစွမ်းအစဟာ အကန့်အသတ် မဲ့ပါပဲ။ ပညာသင်ပေးလိုက်၊ စာလေးတတ်လာတယ် ဆိုရင်ပဲ လူတွေဟာ ထင်ထားတာထက် တိုးတက်လာပါတယ်။ ဒါကြောင့်လည်း တစ်ခေတ်က အမေရိကန်မှာ လူမည်းငွေဝယ် ကျွန်တွေဟာ စာသင်ကြားခွင့် မရှိဘူး။ စာမဖတ်ရဘူး။ စာသင်ပေးတဲ့ သူကိုလည်း ပြစ်ဒဏ်အကြီးကြီး ချတာပါပဲ။ အီဗရာဟင်လင်ကွန်း လက်ထက်မှာ ကျွန်တွေကို လွတ်မြောက်ခွင့် ပေးလိုက်ပါတယ်။ ဒီအခါမှာ ကျွန်တွေက ဘာလုပ်ရမယ် ဆိုတာကို မသိကြပါဘူး။ ဒါက အစပါပဲ။ နောက်တော့ ကျောင်းနေခွင့် ရလာတယ်။ ပညာသင်ခွင့် ရလာတယ်။ နောက်တော့ ဘွဲ့ရပညာတတ်တွေ ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ လူမည်းတွေဟာ ကွန်ဂရက် လွှတ်တော်ထဲကို ရောက်လာတယ်။ နောက်တော့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဖြစ်လာတယ်။ အခု အခါမှာတော့ လူမည်းသမ္မတတောင် ဖြစ်လာပါပြီ။
ပညာဟာ အရေးပါတာကို အဲဒီနိုင်ငံတွေက သတိပြုလာကြပြီး မသင်မနေရ ပညာရေးကို ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေကတော့ သူတို့ ကလေးတွေကို ငါးနှစ်ကနေ ၁၆ နှစ်အထိ မသင်မနေရ ပညာရေးကို ပြဋ္ဌာန်းခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာတော့ ၁ရ နှစ်အထိ ပညာသင်ဖို့ ပြဋ္ဌာန်းပြီး၊ ၂၀၁၅ မှာတော့ ၁၈ နှစ်အရွယ်ထိ မသင်မနေရ ပညာရေးကို ပြဋ္ဌာန်းထားပါတယ်။
မြန်မာပြည်မှာလည်း ယခုအခါ မူလတန်းအထိ မသင်မနေရ ပညာရေးကို ပြဋ္ဌာန်းထားပါတယ်။
မြန်မာပြည်မှာ နှစ်စဉ် ဘွဲ့ရများ သိန်းဂဏန်း မဟုတ်တောင် သောင်းဂဏန်းချီ ရှိပါတယ်။ ဘွဲ့ရတွေအားလုံး အလုပ်မရကြပါဘူး။ တချို့ပဲ အလုပ်ရပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ထဲကလည်း အလုပ်မရသူတွေ အများကြီးပါပဲ။ ဆိုလိုတာက ပညာသင်ဘွဲ့ ရထားလည်း အလုပ်မရပါဘူး။
ဒါဆိုရင် ဥရောပက ၁၉ ဒသမ ၅သန်းသော လူတွေကို ဘယ်သူက ကျွေးမွေးထား ပါသလဲ။ အမှန်ပြောရရင် “အခွန်ထမ်း” တွေက ကျွေးမွေးထားပါတယ်။ အခွန်ထမ်းတွေက အခွန်ဆောင်တယ်။ ဒါကို အစိုးရက သင့်တော်သလို သုံးပါတယ်။ အလုပ်မရှိ သူတွေကို ကျွေးမွေးရတဲ့အတွက် အစိုးရဟာ နိုင်ငံအတွက် တိုးတက်အောင် ဆောင်ရွက်ရမယ့်အစား အလုပ်မရှိတဲ့ လူတွေကို ကျွေးမွေးနေရပါတယ်။
အစိုးရတွေဟာ အလုပ်လက်မဲ့တွေအတွက် Food Stamp လို့ခေါ်တဲ့ တိုကင်တွေကို ထုတ်ပေးပါတယ်။ အလုပ်လက်မဲ့တွေဟာ အဲဒီ Food Stamp တွေနဲ့ ဆိုင်တွေမှာ လိုတဲ့ စားသောက်စရာတွေကို ဝယ်ယူလို့ရတယ်။ အစိုးရက ဆိုင်တွေကို Food Stamp တန်ဖိုးအတိုင်း ငွေတွေထုတ်ပေးပါတယ်။
ဒီတော့ နိုင်ငံတစ်နိုင်ငံက အစိုးရဟာ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ စောင့်ရှောက်ကြရပါတယ်။ စောစောကပြောတဲ့ Food Stamp တွေ ပေးဖို့အတွက် အလုပ်ရှိသူတွေက အခွန်ဆောင်ရပါတယ်။ (အခွန်ရှောင်ရင် အစိုးရဟာ လုပ်ရကိုင်ရ ခက်တယ်။ နောက်ဆုံး နိုင်ငံတော်လည်း ကြွေးတင်ပါတယ်။)
ကျွန်တော်တို့ နိုင်ငံမှာ စာရင်းဇယား အတိအကျ မရှိပါ။ အလုပ်လက်မဲ့တွေ ဘယ်လောက်များနေလဲ။ ပျံကျတွေကတော့ အများကြီးပေါ့။ သူတို့တစ်တွေကို အစိုးရက ဘယ်လိုစောင့်ရှောက်လဲ။ အထူးသဖြင့် အခွန်ထမ်းတွေကရော တကယ်ပဲ အခွန်ဆောင်ကြလား။ ဒီအခွန်တွေကရော ပြည်သူတွေအတွက် (နိုင်ငံတော် တိုးတက်ဖို့အတွက်) ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် သုံးစွဲဖို့ စိတ်ကူးများ ရှိရဲ့လား။ စာရင်းဇယားတွေရှိမှ နိုင်ငံတော်ကို ပြုစုပျိုးထောင်နိုင်မှာ ဖြစ်တယ်။ အခွန်ထမ်းတွေလည်း ရှိမှ အစိုးရ ဝန်ထမ်းတွေလည်း အကျင့်မပျက်မှ ဖြစ်မှာပါ။ မြန်မာဟာ ကမ္ဘာမှာ တင့်တင့်တယ်တယ်ဖြစ်ဖို့ ကြိုးစားဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
Written by ဒေါက်တာ ခင်မောင်ညို
ဒီဆောင်းပါးလေးကိုကြိုက်လို့ပါ။
12 comments
e tone
June 6, 2013 at 11:56 am
ဆောင်းပါးရှင် ဒေါက်တာ ခင်မောင်ညိုဆိုတာ … IQ အရမ်းမြင့်တဲ့အတွေးခေါ်ပိုင်ရှင် စာရေးသူမျိုးမို့ … တထွာတမိုက် ဉာဏ်လေးနဲ့ မဝေဖန်ရဲပါဘူး ။
ကလေးလုပ်သားများစွာ လိုအပ်ပါတယ် ဆိုတာနဲ့ ပတ်သတ်လို့တော့ မြန်မာနိုင်ငံက ကလေးလုပ်သားတွေနဲ့ ယှဉ်ပြီး တကယ့်ကို နည်းနည်းလေးပဲ ပွားခဲ့ချင်ပါတယ် … ကလေး လုပ်သား (အရွယ်မရောက်သေးသူ) သုံးတဲ့ ရည်ရွယ်ချက်က ကလေးတွေ အလုပ်ရအောင် တဖက်တလမ်းက အကူညီပေးတယ်လို့ ခေါင်းစဉ်တပ်ကောင်းတပ်လို့ ရပေမယ့် …. လေဘာချာချ့် သက်သာလို့ ၊ ကွန်ပလိန်းတက်တာနည်းလို့ ၊ လူကြီးတွေထက်ပိုပြီး ထိန်းချုပ်ရ လွယ်လို့ စတဲ့ အချက်တွေကိုလည်း မျက်စိစုံမှိတ်ပြီးရောချလို့ ကလေး အလုပ်သမားလူတန်းစားဖန်တီးဖို့ မသင့်ပါဘူး ။
ဒီတိုင်းခိုင်းတာထက် ပညာသင်ပေးပြီး ခိုင်းတာမျိုးကလည်း ၊ ဝက်ပေါ်ဖို့ ဝက်စာကျွေးတယ်လို့ပဲ မြင်မိပါတယ် ။
အလုပ်သမား လူတန်းစားမှာကလေးတွေကို မသုံးစေချင်ပေမယ့် ၊ မဖြစ်မနေ ထမင်းရှာစားဖို့ အလုပ်သမား ဖြစ်လာရရှာတဲ့ ကလေးတွေကိုတော့ … ခိုင်းစေချင်လျှင်တောင် ၊ အန္တရာယ်မရှိတဲ့ တာဝန်မျိုးပဲပေးပြီး ခိုင်းစေသင့်ပါတယ် ။
တလောက … လမ်းထိပ်အိမ်က ဘွားတော်ကြီး တစ်ယောက် သရက်ပင်အောက် ကြွက်ကြွက်ညံအောင် အော်နေတာ မြင်ခဲ့ရတယ် … ။ စပ်စပ်စုစု သွားကြည့်တော့…. သူက သရက်ပင်အောက်ကနေ ဟို အသီးမှည့်နေပြီ .. ဒီအသီးဆက်ခူးဦးဆိုပြီး instruction တွေ ပေးနေလိုက်တာ … လက်ညှိုးတတွတ်တွတ်ထိုးပြီ … /စိတ်ဝင်တစား အပင်ပေါ် ဘယ်သူတက်နေလဲ ကြည့်တော့ လွယ်အိတ်အနီလေးထဲ သရက်သီးတွေ တလုံးပြီး တလုံး ခူးထည့်နေတဲ့ အကိုင်းခက်ဖျားပေါ်က … 7 နှစ်အရွယ်ကလေးတစ်ယောက် …. ။ မဖြစ်စလောက်လေး ပေးပြီး … အသုံးချတယ် ..မတော်ကျိုးပဲ့ပြုတ်ကျ .. ဆေးဖိုးတောင်ရမှာမဟုတ်ဘူး … ။ ဖွိးးးးးးးး ရွံထှာ … :chee:
တခြားနေရာဒွေဒေါ့ သိဝူး .. ညန်မာ နိုင်ငံမှာ ကလေးလုပ်သား ဖြစ်လာခဲ့လျှင် ကံဆိုးဘီသာ မှတ် 👿
kai
June 6, 2013 at 12:15 pm
အမေရိကားမှာလည်း.. အမေရိကန်ကလေးကို.. အလုပ်လုပ်ခိုင်းလို့ကတော့…
မသက်သာဘူးသာမှတ်ပေတော့…. လို့..။ :kwi:
အမေရိကန်မဖြစ်သေးတဲ့..ကလေးကို.. ခိုးခိုင်းကြတာမျိုးတော့ရှိပါတယ်..။
ခိုးဝင်လာတဲ့.. မက်ခ်စီကန်..လက်တင်အမေရိကားကလူတွေပေါ့…။
အရင်ပြောဖူးတဲ့အတိုင်း.. လူဝင်မှုကြီးကြပ်ရေးဥပဒေတွေဟာ.. လူ့အခွင့်အရေးကို လွှမ်းမိုးပြီး ပျက်ပြယ်စေပါတယ်..။
ဆိုတော့..
မြန်မာပြည်မှာများ.. ဈေးပေါပေါပဲပဲရမယ့်လုပ်အားတွေ.. အနောက်ဖက်ကမ်းမှာစုနေတာ…
မြန်မာတွေသုံးမသုံးတတ်တော့မသိ… ချိုင်းနားက.. ချိုင်းနီးစ်တွေကတော့.. သုံးတော့မယ်..
သုံးတော့မယ်…
သုံးကြတော့မယ်ဟေ့.. သုံးတော့မယ်..
တူနယ်..တူနယ်…
ဗြောင်… :harr:
ကြက်အူလှည့်
June 6, 2013 at 12:18 pm
ကလေးလုပ်သား ဆိုလို့ပါ…။
အစိုးရပိုင်းက ဥပဒေပြဌာန်းပေးရပါမယ်။ ပြဌာန်းရုံတင်မရပါဘူး P-D-C-A ရမှာပါ။
အလုပ်ရှင်တွေ ဘက်ကလည်း အတိအကျလိုက်နာပြီး မလိုက်နာရင် ကြီးလေးတဲ့ပြစ်ဒဏ်
ခံကြရမှာပါ။ (အစိုးရပိုင်းက C-A မှာ လာဘ်စား ချကိုက် မဖြစ်နေဖို့တော့လိုပါတယ်)
အဲ့လို ဆိုလို့ကတော့ အားနည်းသူကို ငွေရှင်နဲ့ အာဏာရှင် ပေါင်းပြီး ဖွပ်သထက်ညစ်အောင်
လုပ်သလိုသာ ဖြစ်ပါမယ်။
ပြဌာန်းပေးရမယ့် ဥပဒေက ကလေးလုပ်သားကို (ဒေါ်အီးဒုံးပြောတဲ့ ဥပမာထဲကလို)
အန္တရာယ်ရှိတာ မခိုင်းရဘူး။ ဘယ်လို ပရီကောရှင်းတွေ ယူရမယ်။ လစာအနည်းဆုံး ဘယ်လောက်
ပေးရမယ်။ တနေ့ဘယ်နှနာရီသာ အများဆုံးခိုင်းရမယ် စတာတွေ ပါ။
နိုင်ငံတကာမှာလည်း ကလေးလုပ်သား တွေရှိပါတယ်။ စားသောက်ဆိုင် စားပွဲထိုး လိုမျိုး
ငွေရှင်းကောင်တာလိုမျိုး နေရာတွေမှာ လုပ်တာမျိုး အများစုကတော့ Part-time တွေပါ။
ကျောင်းမတက်ဘဲ အလုပ်လုပ်တာမျိုးမဟုတ်ပါဘူး (သိပ်ဆင်းရဲတဲ့ ချွင်းချက်ကေ့စ်တွေလည်း ရှိပေမယ့်)
ကျောင်းတဖက်နဲ့ အပိုဝင်ငွေရှာတာပါ။ (တွေ့ပါ ဒီမှာ အလယ်တန်းကျောင်းသားလေးတွေ အပိုဝင်ငွေရှာပြီး
ခရီးသွားရတာနဲ့ ဂစ်ဘဆင်ဂီတာ ဝယ်တီးရတာနဲ့ ကျုပ်ခေါင်းလောက်ကြီးတဲ့ ပြောင်းနဲ့ ဒါ့ပုံလှည့်ရိုက်ရတာနဲ့)
အိုက်ဒလို ခည …
အချိန်ပိုင်းအလုပ်တွေ လုပ်တော့ လုပ်သူလည်း အပိုဝင်ငွေရပါတယ်။ အစိုးရလည်း အခွန် ရပါတယ်
လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လို့ ကုန်ထုတ်စွမ်းအားလည်း တက်ပါတယ်။ ဂျီဒီပီတက်ပါတယ်။ အစိုးရ လက်မထောင်နိုင်ပါတယ်
အိုက်ဒိကလေးတွေ ရတဲ့အပိုဝင်ငွေကို ပြန်ဖြုန်းဆော့ မဆက်စပ်တဲ့ အခြားလုပ်ငန်းတွေလည်း ဖြုန်းအားတက်ပါတယ်။ အစိုးရ အခွန်ထပ်ရပါတယ်။
အသက်၂၀-၂၅ အတွင်း အမျိုးသမီး (အပျို)ရုပ်ရည်သန့်ပြန့် ၁ဝတန်းအောင် မှ ခန့်မည်ဆိုတဲ့ ငွေရှင်မျိုးတွေ ပပျောက်ပါတယ်။
မပပျောက်လို့ ဒစ်စ်ခွစ်မနေးရှင်းအက် နဲ့ ရှေ့နေ ဒါမှမဟုတ်သမဂ္ဂတခုခုက တရားဆွဲတော့ တရားရေးဘက်က အလုပ်ရပါတယ်။
အစိုးရ အခွန်ထပ်ရပါတယ်။
အစိုးရ အခွန်ထပ်ရပါတယ်။
အစိုးရ အခွန်ထပ်ရပါတယ်။
အစိုးရ အခွန်ထပ်ရပါတယ်။
:kwi:
လိမ်မာဇမ်းဘာ အဘရယ် လမ်မာဇမ်းဘာ အဘရဲ့….
လိမ်မာရင် အဘတို့အတွက်ချည်းပဲဟဲ့ဟဲ့…
:byae:
တော်သေးဘီ ခင်တဲ့
ဂီ
Foreign Resident
June 6, 2013 at 3:51 pm
” အသက်၂၀-၂၅ အတွင်း အမျိုးသမီး (အပျို)ရုပ်ရည်သန့်ပြန့်
၁ဝတန်းအောင် မှ ခန့်မည်ဆိုတဲ့ ငွေရှင်မျိုးတွေ ပပျောက်ပါတယ် ”
ဟီ ဟိ ။ ပြောရအုံးမယ် ။
ခုနောက်ပိုင်း နာမည်ကြီးနေတဲ့ အလုပ်ခေါ်စာက ၊
၁ဝတန်းအောင် တောင် မရတော့ဘူး ။
အသက်၂ဝ မှ ၂၆ နှစ် အတွင်း ။
အမျိုးသမီး ( အပျို ) ရုပ်ရည်သန့်ပြန့်ရမည် ။
ဆရာဝန် မ ဖြစ်ရမည်တဲ့ ။
အရီးခင်လတ်
June 6, 2013 at 3:25 pm
Post နဲ့ မဆိုင်ဘဲ ဟိုဘက် Post ကမှတ်ချက် ကို ဝင်ယူလာလို့ စောဒီးပါ။
ဒါပေမဲ့ ပိုင်ရှင် မဖတ်မိ ဘဲ နေမှာစိုးလို့ပါ။
http://myanmargazette.net/177798
မင်းမင်း says:
{{ ကျတော်ကတော့မိသားစုကိုလစ်လူျရှု့ပြီးတိုင်ပြည်ကိုချစ်ပါတယ်ဆို
တာလက်မခံဘူး။}}
တစ်ချို့ အဖြစ်အပျက်တွေ က အင်မတန် ဆန်းတယ် မင်းမင်းရေ။
ကိုယ်လုပ်ရင်ကိုယ်ဖြစ်တဲ့ လက်တွေ့ဝါဒီ ကို အင်မတန်မှ ယုံကြည်ပြီး ပုံအပ်ချင်ပါရဲ့။
ကံတရား ဆိုတာ ကို မယုံကြည်ဘဲလဲ ထားချင်ပါရဲ့။
ဒါပေမဲ့ တကဲ့လောက မှာ မထင်ဘဲ သူဟာသူ အချိန်ရောက်ရင် ဘာမှ ကြိုတင်စီစဉ်ထားတာမပါဘဲ၊ ဘာမှ ကြိုတင်ကာကွယ် လို့ မရဘဲ ဖြစ် ကိုသွားတာ။
ကြုံဖူး မှ သိတာ။
ဒေါ်အောင်ဆန်းစုကြည် ကလဲ မြန်မာပြည် ကို စစ်ဖိနပ်အောက် က ကယ်ထုတ်ဖို့ သူအင်မတန်ချစ် တဲ့ မိသားစုကို ထားပြီး မြန်မာပြည် ကို ရောက်လာတာ မဟုတ်ဘူး။
နာမကျန်းဖြစ်နေတဲ့ အမေအို ကို ပြုစု ဖို့ ပြန်လာတာ။
သမီးတစ်ယောက် ရဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဖို့ ပြန်လာတာ။
သာမာန် မိန်းမ (ကိုယ်တိုင် အပါအဝင်) တစ်ယောက် ဆို ပိုက်ဆံပေး နာ့စ်ငှားပြီး ထားမှာ။
သူက တော့ ကိုယ်တိုင် ကိုယ်ကျ စိတ်စေတနာ အပြည့် နဲ့ အမေ ကိုစောင့်ရှောက်ခဲ့တာ။
ဒီ ဇာတ်လမ်း ကို မသိခဲ့တာ ဆိုရင်တော့ အံ့ဩမိမယ်။
သိရက်နဲ့ ပြောတာ ဆိုရင်တော့ ပိုပြီး အံ့ဩမိမယ်။
ဒီမှာ မိသားစု ကို ချစ်လွန်းလို့ သားသမီးတွေ ပြုစုဖို့ ဟစ်ကြွေးပြီး ကလေးတွေ ကို ကိုယ်တိုင် မပြုစုဘဲ နာနီ ခေါ်ထားတဲ့ ခပ်ညံ့ညံ့ အိမ်ထောင်ရှင်မ တွေ နဲ့တော့ မနှိုင်း ပါနဲ့ မင်းမင်း ရေ။
အချိန်က ဘယ်လောက်တောင် တိုက်ဆိုင် သလဲ ဆိုတော့။
သူ့အမေ တက်နေတဲ့ ဆေးရုံ မှာ အမေ ကို ပြုစု နေတဲ့ အဲဒီ ဆေးရုံ ရှေ့ သူ့ မျက်စိ အောက်မှာဘဲ စစ်ဖိနပ် အောက်က ကျောင်းသားလေးတွေ နဲ့ အဖိနှိပ်ခံ ပြည်သူ တွေ ကို တွေ့ခဲ့တယ်။
ဒါဟာ ရုပ်ရှင်ထဲ က လို ဆင်ပြီး ရိုက်ထား မဟုတ်ဘူးနော်။
သူ့ဟာသူ အချိန်ကိုက် ဖြစ်သွားတာ။
ဒီတော့ တာဝန်ကျေတတ်နဲ့ မိန်းမ၊ တာဝန် ယူလို တဲ့ မိန်းမ တစ်ယောက်ဟာ သူ့ ရင် အကွဲခံပြီး ခေါင်းဆောင်ကောင်း ရယ်လို့ ပြစရာ မရှိတဲ့ အဲဒီ မြေ မှာ ခေါင်းဆောင် လုပ်ခဲ့တာဘဲ။
ဒီ အတွက် သူ့မိသားစု ကလဲ ဂုဏ်ယူပြီးဖြစ်တာ အားလုံး အသိဘဲ။
သူ့လို မျိုး သာမာန်မိန်းမ မလုပ်နိုင်ဘူး။
စိတ်ဓာတ်လဲ ကြံ့ခိုင်မှ၊ စေတနာလဲ ရှိမှ၊ ပညာလဲ တတ်မှ။
တစ်ခုကောင်း နဲ့ ဒီလိုမလုပ်နိုင်ဘူး။
ဒါပေမဲ့ ဒီလို အင်မတန်ရှား တဲ့ ခေါင်းဆောင်ကောင်း၊ လက်ရုံးရည် ရော နှလုံးရည်ပါ ပြည့်ဝတဲ့ မိန်းမ တစ်ယောက် ကို တိုင်းပြည်က အသုံးမချ နိုင်ခဲ့ဘူး။
နည်းနည်းအမျိုးမျိုး နဲ့ ပိတ်ထားခံခဲ့ရတယ်။
အချိန်တော်တော်နှောင်း မှ အသုံးချ ဖို့ လူလည်ကောင် ကို ချပေးတယ်။
ပြီး တော့ အရှက်မရှိ အဆင့်အတန်း မဲ့မဲ့ အောက်လမ်း နည်းမျိုးစုံ နဲ့ အရောင်တွေ ချယ် ပြတယ်။
ဒါကို တစ်ချို့ က တကဲ့ အရောင်ကို မမြင်နိုင် လောက်အောင် တုံး လွန်းကြတယ်။
ခွေးတွေလောက်တောင် (ကြောင်မပါ) အသိမရှိဘဲ ပစ် တဲ့ တုတ် နောက် ကိုဘဲ မဲ လိုက်ကြတယ်။
တကယ်တော့ ပစ် တဲ့ သူတွေ က နောက်ကြောင်းရှင်းဖို့ ပစ် လိုက်တာ။
ဒီတော့ မင်းမင်း ရေ။
စာများများ သာဖတ်ပေးပါ ပြောချင်ပါတယ်။
လူ တစ်ယောက် ရဲ့ အပြစ် သေးသေး ကို ဘဲ ကွက်ပြီး အမြင်ပါနဲ့။
အမြင့် ကို တက်ပြီး ကြည့်တတ်မှ အားလုံး ကို ခြုံပြီး မြင်ပါမယ်။
မဟုတ်လို့ က တော့ ကိုယ့်နေရာ ကျဉ်းကျဉ်း လေး ကို ဘဲ အင်မတန် ကျယ်တယ် မှတ်နေမိမှာ။
မဟုတ်ရင်တော့ တို့တွေ တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းလဲ မပေါ်၊ နောက်လိုက်ကောင်း လဲ မရှိ သူဟာနဲ့ သူတော့ ဟုတ် နေတာ ဘဲ ဆိုသလို ဖြစ်သွားမယ်။
နောက် တစ်ခု က တော့ တကယ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာပြည်မှာ ဒီအချိန် ကောင်းကောင်းမသုံး လိုက်နိုင်လို့ ကတော့
မင်းမင်း ရေ သူကြီးစကား ကိုဘဲ လိုက်ပါတယ်။
မြန်မာပြည်ဟာ ကျိန်စာ မိနေတာ။
တိုးတက်ဖို့ အတွက် စိတ်ဓာတ်ရေးရာတွေ ကို ပြင်ပစ် ဖို့ ကို ကြောက်နေကြတဲ့ အထိ ကျိန်စာ မှိုင်းမိနေကြတာ။
အပြုသဘော ဆောင်ဖို့၊ လူအချင်းချင်း မေတ္တာထားဖို့ ကို မသိနိုင်အောင် အမှောင်တိုက်ထဲ ရောက်နေကြတာ။
သေသေချာချာ စဉ်းစားပါ။
မင်မင်း က ဘာကို လိုချင်လို့ ဒီလို တွေးမိတာလဲ လို့။
ဒီစာကို ဒီ Post မှာသာမ က မင်းမင်း တင်ထား တဲ့ Post မှာ ပါ တင်လိုက် ပါရစေ။
မသိတာ ဆိုရင် ရှင်းပြဖို့ တာဝန်ရှိတယ် ထင်လို့ပါ။
Foreign Resident
June 6, 2013 at 4:14 pm
အရီးခင်လတ် says:
” မြန်မာပြည်ဟာ ကျိန်စာ မိနေတာ။
တိုးတက်ဖို့အတွက် ၊ စိတ်ဓာတ်ရေးရာတွေကို ပြင်ပစ်ဖို့ကို ၊
ကြောက်နေကြတဲ့ အထိ ၊ ကျိန်စာ မှိုင်းမိနေကြတာ ။
အပြုသဘော ဆောင်ဖို့၊ လူအချင်းချင်း မေတ္တာထားဖို့ ကို ၊
မသိနိုင်လောက်အောင် ၊ အမှောင်တိုက်ထဲကို ရောက်နေကြတာ ”
မှန်လိုက်လေ အရီးလတ် ရယ် ။ ကျနော် တစ်ခုလေးပဲ ထပ်ဖြည့်ပါရစေ ။
အမှောင်တိုက်ထဲ ရောက်နေတာမှ ၊
အမှားကို အမှားမှန်း မသိ ၊ အမှန်ကို အမှန်မှန်း မသိ ရုံတင်မကဘဲ ၊
အမှားကို အမှန်ထင် ၊ အမှန်ကို အမှားထင်တဲ့ အထိအောင် ၊
မှောင်နေရတဲ့ အမှောင်တိုက်ထဲကို ရောက်နေကြရတာပါ ။
စစ်အာဏာရှင် အဆက်ဆက် ၊ ၁၉၆၂ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် ယခုထိ ၊
ပညာရေး အလိမ်အညာ ၊ ပညာရေး အတု တွေနှင့်
တိုင်းပြည်ကို အမှောင်တိုက်သွင်းခဲ့တဲ့ အကျိုးဆက်ပေါ့ ။
အမေစု လို ၊
နိုင်ငံတကာ အဆင့်မှီ ပညာရှိ သူတော်ကောင်း ခေါင်းဆောင်ကို ရထားတာတောင် ၊
ပညာရှိ သူတော်ကောင်း ခေါင်းဆောင် ကို ရထားမှန်း မသိ / တန်ဖိုး မထားတတ်အောင် ၊
ပညာ အမှောင်ဖုံးနေတဲ့ တိုင်းသူ ပြည်သားများ ရဲ့ ကျိန်စာသင့် တိုင်းပြည်ကြီးပါပဲ ။
သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါပဲ ။
kyaw hteik
June 6, 2013 at 11:49 pm
ပညာအလင်းဆိုတဲ့ မျက်စိမရှိမှတော့ သူတို့စိတ်ထဲရှိ တဲ့အတိုင်းပဲမြင်နိုင်ကြတယ်။
အမှားကိုအမှား အမှန်ကိုအမှန် သိဖို့က ပညာဆိုတဲ့ အလင်းမျက်စိရှိမှ ခွဲခြမ်းစိတ်ဖြာပြီး သိပါမယ်။
ဒါကြောင့် လူငယ်တွေ တန်ဖိုးရှိတဲ့စာ များများဖတ်ပါ၊တွေးခေါ်ပါ ၊ဒါမှ သူများယောင်တိုင်
လိုက်မယောင်ကြမှာ။စာတော့ဖတ်ပါရဲ့ မစဉ်းစား မတွေးခေါ်ရင်လဲ စားသာစားပြီ အရသာမသိ
ဖြစ်လိမ့်မယ်။ဒါကြောင့် တန်ဖိုးရှိတဲ့စာ များများဖတ် များများတွေးကြပါလို့ လူငယ်အများကို
ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ။
myanmar oscar
June 7, 2013 at 1:14 am
စာရွက်ပေါ်ကစာရင်းဇယားတွေကိုကြည့်ပီးပြောနေမဲ့အစား
ကိုယ်တိုင်ဆင်းကြည့်ဆောင်ရွက်ကြသူတွေပါလား၊ ရှိကြလား ခင်ဗျာ
ဟီး မတိလို့နော် ဆိတ်ချိုးနဲ့ ပြောရရင်တော့အများကြီးပဲ
ကျောတော့ပါဘူး
kai
June 7, 2013 at 2:48 am
လက်ဒွေ့ဂွင်းဆင်းဂျိးမှ.. ကားးးလားမ.. ငယ်ငယ်ချောဂျောလေးတွေ.. တအုံးးးတမားးးးးဂျီး.. “ဘွား”ကနဲ့ဒွေ့ရင်.. ဘားလိုလုပ်ဂျမလဲဟင်င်င်…။
ဘားမှ.. မားဆိုင်လည်း.. ဂွင့်လွှတ်..
…ချွန်းဒေါ်….ဇိတ်ထဲရှိးးးးးးဒါဂို ဗြောဒါ….. :kwi:
e tone
June 7, 2013 at 11:34 am
အယ် … တူယဲ တွက်တွက်ခါအောင် ပေါတတ်ဒယ်တော့ … :kwi:
မင်းမင်း
June 7, 2013 at 9:50 am
ဟုတ်ကဲ့ ကျနော့်ကိုခုလိုပြောပြတာကျေးဇူးတင်ပါတယ်ခဗျာ။
စာရိုက်ရတာသိပ်အဆင်မပြေလို့ များများမဆွေးနွေးနိုင်တာ
ခွင့်လွတ်ပါ။လူတယောက်ကိုချဉ်းကပ်တဲ့ရှု့ဒေါင့်အမျိုးမျိုးရှိပါတယ်။
အကောင်းမြင်စိတ်နဲ့လဲမြင်ခဲ့ပြီးပြီ။သူရဲ့ချို့ယွင်းချက်ကို ခုစကြည့်နေတာမို့ ချို့ယွင်းချက်တွေအများကြီးထဲကထောက်ပြတာလေးပါ။နိုင်ငံခေါင်းဆောင်တယောက်ရယ်လို့ရပ်တည်ဖို့စဉ်းစားထားရင်ဆုံးဖြတ်ထားရင်အားနည်းချက်ချို့ယွင်းချက်မှားယွင်းမူ့တွေရှိလာရင်ထောက်ပြလာတာကိုရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်။အမြင့်ကိုတက်နေတဲ့လူကလေတိုက်တာကိုကြောက်နေရင်တတ်မနေပါနဲ့။မြေကြီးပေါ်မှာပဲနေလိုက်ပါ။ခေါင်းဆောင်တယောက်ကိုအမြဲတမ်းခြောက်ပစ်ကင်းသဲလဲစဉ်မဖြစ်ဘူး။အားနဲချက်ကိုဝေဖန်ထောက်ပြပေးမှ အဲဒါကိုလက်ခံပေးမှ တိုင်ပြည်အတွက်အကျိုးရှိမှာပါ။အဲခုနကမိခင်စိတ်ဆိုတာကိုကျနော်ကတော့မလျော့နိုင်ဘူးနော်။မိခင်စိတ် ဖခင်စိတ်ဆိုတာ မိသားစုတွင်းမှာမပေးနိုင်ရင် ??ခုစာတွေမှာရေးထားတာတွေကသူ့အကြောင်းကိုစာရေးဆရာလက်စွမ်းပြသနားစဖွယ်ကျိုးကြောင်ဆီလျော်အောင်မျက်ရည်လည်လာအောင် ဝါဒဖြန့်ပုံစံတွေနဲ့ရေးထားတာပါ။ဆိုက်ဝါးရေးနည်းပေါ့ဗျာ။
ဖေ့ဘုတ်မှာတင်ပလူပျံနေတာ။ခုလက်ရှိ့မိခင်စိတ်နဲ့တိုင်ပြည်အတွက်နိုင်ငံတကာလှည့်ပြီးတိုင်ပြည်အတွက်ဘာလုပ်နေလဲတော့မသိဘူး။တိုင်ပြည်ထဲမှာတော့ပွစာကျဲနေပြီ။ပြည်သူတွေရဲ့စိုးရိမ်ကြောင့်ကြစိတ်တွေ။ဒီလိုပြောလို့ မင်းကကြံ့ဖွံ့ကိုထောက်ခံသလားတော့မမေးနဲ့။ကျနော်မဲနဲ့သူတို့အစိုးရဖွဲ့ခွင့်ရတာမဟုတ်ဘူး။ဒါပေမဲ့ကျနော်ကကျနော့်မိသားစုကိုချစ်တယ်။ကျနော့်မိသားစုကိုတန်ဖိုးထားတယ်။ကျနော်မိသားစုကိုတန်ဖိုးထားချစ်သလိုသူတပါးမိသားစုလဲသူတို့မိသားစုကိုတန်ဖိုးထားမှာပဲဆိုပြီးသူတို့တန်ဖိုးထားတာကိုကျနော်စိတ်နဲ့တောင်မထိရက်တော့ဘူး။မိသားစုအရေးကောင်းနေမှရပ်ကွက်အရေးကောင်းနိုင်မယ်။ရပ်ကွက်အရေးကောင်းမှမြို့နယ်အရေးကောင်းမယ်။မြို့နယ်အရေးကောင်းမှတိုင်း ပြည်နယ်အရေးကောင်းမယ်။တိုင်း ပြည်နယ်အရေးကောင်းမှပြည်ထောင်စုကြီးကောင်မယ် ဆိုတာကိုလက်ခံသင့်တယ်။တိုင်းပြည်တခုကောင်းဖို့တိုးတတ်ဖို့ဆိုတာလူတဦးချင်း မိသားစုတစုချင်းကောင်းမှမေတ္တာတရားရှိမှကောင်းမှာပါ။အလှမ်းကျယ်အလယ်လပ်နေရင်တော့ ကျိမ်စာတင်မကဘူး ကဒ်ပါဆိုဒ်တဲ့တိုင်းပြည်ဖြစ်သွားနိုင်ပါကြောင်း ပြည်သူတဦး၏မိခင်မိသားစုမေတ္တာအကြောင်း နားလည်မိသလိုရေးသားပေးလိုက်ပါတယ်။ အမှားပါရင်ထောက်ပြပေးပါဗျာ။ဒေါသသံစကားလုံးများပါမိရင်မရင့်ကျက်သေးလို့ဗွေမယူပဲသည်းခံပေးပါခဗျာ။ ကျေးဇူးတင်ပါတယ်ဗျာ။
မင်းမင်း
June 7, 2013 at 10:02 am
ဟုတ်ကဲ့ ကျနော့်ကိုခုလိုပြောပြတာကျေးဇူးတင်ပါတယ်ခဗျာ။
စာရိုက်ရတာသိပ်အဆင်မပြေလို့ များများမဆွေးနွေးနိုင်တာ
ခွင့်လွတ်ပါ။လူတယောက်ကိုချဉ်းကပ်တဲ့ရှု့ဒေါင့်အမျိုးမျိုးရှိပါတယ်။
အကောင်းမြင်စိတ်နဲ့လဲမြင်ခဲ့ပြီးပြီ။သူရဲ့ချို့ယွင်းချက်ကို ခုစကြည့်နေတာမို့ ချို့ယွင်းချက်တွေအများကြီးထဲကထောက်ပြတာလေးပါ။နိုင်ငံခေါင်းဆောင်တယောက်ရယ်လို့ရပ်တည်ဖို့စဉ်းစားထားရင်ဆုံးဖြတ်ထားရင်အားနည်းချက်ချို့ယွင်းချက်မှားယွင်းမူ့တွေရှိလာရင်ထောက်ပြလာတာကိုရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်။အမြင့်ကိုတက်နေတဲ့လူကလေတိုက်တာကိုကြောက်နေရင်တတ်မနေပါနဲ့။မြေကြီးပေါ်မှာပဲနေလိုက်ပါ။ခေါင်းဆောင်တယောက်ကိုအမြဲတမ်းခြောက်ပစ်ကင်းသဲလဲစဉ်မဖြစ်ဘူး။အားနဲချက်ကိုဝေဖန်ထောက်ပြပေးမှ အဲဒါကိုလက်ခံပေးမှ တိုင်ပြည်အတွက်အကျိုးရှိမှာပါ။အဲခုနကမိခင်စိတ်ဆိုတာကိုကျနော်ကတော့မလျော့နိုင်ဘူးနော်။မိခင်စိတ် ဖခင်စိတ်ဆိုတာ မိသားစုတွင်းမှာမပေးနိုင်ရင် ??ခုစာတွေမှာရေးထားတာတွေကသူ့အကြောင်းကိုစာရေးဆရာလက်စွမ်းပြသနားစဖွယ်ကျိုးကြောင်ဆီလျော်အောင်မျက်ရည်လည်လာအောင် ဝါဒဖြန့်ပုံစံတွေနဲ့ရေးထားတာပါ။ဆိုက်ဝါးရေးနည်းပေါ့ဗျာ။
ဖေ့ဘုတ်မှာတင်ပလူပျံနေတာ။ခုလက်ရှိ့မိခင်စိတ်နဲ့တိုင်ပြည်အတွက်နိုင်ငံတကာလှည့်ပြီးတိုင်ပြည်အတွက်ဘာလုပ်နေလဲတော့မသိဘူး။တိုင်ပြည်ထဲမှာတော့ပွစာကျဲနေပြီ။ပြည်သူတွေရဲ့စိုးရိမ်ကြောင့်ကြစိတ်တွေ။ဒီလိုပြောလို့ မင်းကကြံ့ဖွံ့ကိုထောက်ခံသလားတော့မမေးနဲ့။ကျနော်မဲနဲ့သူတို့အစိုးရဖွဲ့ခွင့်ရတာမဟုတ်ဘူး။ဒါပေမဲ့ကျနော်ကကျနော့်မိသားစုကိုချစ်တယ်။ကျနော့်မိသားစုကိုတန်ဖိုးထားတယ်။ကျနော်မိသားစုကိုတန်ဖိုးထားချစ်သလိုသူတပါးမိသားစုလဲသူတို့မိသားစုကိုတန်ဖိုးထားမှာပဲဆိုပြီးသူတို့တန်ဖိုးထားတာကိုကျနော်စိတ်နဲ့တောင်မထိရက်တော့ဘူး။မိသားစုအရေးကောင်းနေမှရပ်ကွက်အရေးကောင်းနိုင်မယ်။ရပ်ကွက်အရေးကောင်းမှမြို့နယ်အရေးကောင်းမယ်။မြို့နယ်အရေးကောင်းမှတိုင်း ပြည်နယ်အရေးကောင်းမယ်။တိုင်း ပြည်နယ်အရေးကောင်းမှပြည်ထောင်စုကြီးကောင်မယ် ဆိုတာကိုလက်ခံသင့်တယ်။တိုင်းပြည်တခုကောင်းဖို့တိုးတတ်ဖို့ဆိုတာလူတဦးချင်း မိသားစုတစုချင်းကောင်းမှမေတ္တာတရားရှိမှကောင်းမှာပါ။အလှမ်းကျယ်အလယ်လပ်နေရင်တော့ ကျိမ်စာတင်မကဘူး ကဒ်ပါဆိုဒ်တဲ့တိုင်းပြည်ဖြစ်သွားနိုင်ပါကြောင်း ပြည်သူတဦး၏မိခင်မိသားစုမေတ္တာအကြောင်း နားလည်မိသလိုရေးသားပေးလိုက်ပါတယ်။ အမှားပါရင်ထောက်ပြပေးပါဗျာ။ဒေါသသံစကားလုံးများပါမိရင်မရင့်ကျက်သေးလို့ဗွေမယူပဲသည်းခံပေးပါခဗျာ။ ကျေးဇူးတင်ပါတယ်ဗျာ။အရီးခင်လတ်မိခင်မေတ္တာကိုခံစားနိုင်ပါစေ။