မေ့ပျောက်ချင်သော်လည်း. . . . . . .
သူမ ဆံနွယ်တွေကို ဖွာကနဲ ဖြစ်အောင် တစ်ချက်ရမ်းခါဖြစ်လိုက်သည်…။ စိုထိုင်းဆ မြင့်မားတဲ့ လေပြေတစ်ချက် အဝှေ့မှာ အသက်ရှူရတာပင် လတ်လတ်ဆတ်ဆတ် ရှိလွန်းလှသလိုလို..။
အော်.. မိုးစဲသွားတာ မကြာသေးပဲကိုး…။
ပတ်ဝန်းကျင်တစ်ခုလို့ စိမ်းစိုအေးမြနေပုံက သူမကို လမ်းပေါ်ထွက်လာဖို့ သိသိသာသာပင် ဆွဲဆောင်နေသည်..။ ဒါနဲ့… ကိုယ်ဟန်ကို ခပ်မတ်မတ်ပြင်ရင်း ကျော့ကျော့လေးပဲ လမ်းပေါ်ထွက်လာ ခဲ့မိလိုက်တယ်..။
“တက်ကလောက်… တက်ကလောက်”
ဇဝေဇဝါခံစားချက်တချို့ကို ခေါင်းတချက်ရမ်းပြီး မေ့ဖျောက်ပစ်မိသည်..။
ပြီးတော့ ကောင်းကင်ကြီးကို မော့ကြည့်ဖို့ တချက်အားထုတ်ကြည့်တယ်..။
သိပ်တော့အဆင်မပြေလှ…။ ခေါင်းမော့ကြည့်ရတာ သူမအတွက် သက်တောင့်သက်သာ မခံစားရ…။
ကဲ.. ရှိပါစေလေ..။ ရွက်ကြွေလေးတွေနဲ့ စိုစွတ်နေတဲ့ လမ်းမကြီးကလဲ သူမကို ဖော်ဖော်ရွေရွေစောင့်ကြိုနေကြသားပဲ..။
ဒီလိုပါပဲ…။
သူမက သိပ်အားထုတ်လေ့ရှိသူတော့ မဟုတ်…။ ဖြစ်လာသမျှ အနေအထားမှာ အတတ်နိုင်ဆုံး လိုက်လိုက်လျောလျော နေသားကျနေခဲ့ပြီးသား..။
အနှောင်အဖွဲ့တွေက လွတ်မြောက်လာစသူမအတွက် ခုလို စိတ်လွတ်ကိုယ်လွတ် လမ်းလျှောက်ထွက်ဖို့ဆိုတာတောင် တခါမှ အားမထုတ်ဖူးခဲ့သလို တခါမှ မမက်ဖူးတဲ့ အိပ်မက်တစ်ခုပဲ မဟုတ်လား..။
အတွေးလေးတွေ ဟိုတစ ဒီတစနဲ့ သူမလမ်းလျှောက်ထွက်နေခဲ့မိတာ ဘယ်လောက်များ ခရီးတာသွားခဲ့ပြီလဲ မသိ..။ တစ်စုံတစ်ရာကို သူမ သတိထားမိသလိုဖြစ်လာသည်..။
သက်ပြင်းခပ်ရှိုက်ရှိုက်တစ်ချက်ချလိုက်ရင်း သူမအာရုံပိုပြီး စွင့်ကြည့်လိုုက်မိတော့….
ဟုတ်တယ်..။ သူနောက်မှာ သိုးသိုးသဲ့သဲ့အသံတစ်ခုလိုလို… သူမခြေထောက်တွေကို ခပ်ဖွဖွ တို့ထိတဲ့ခံစားမှုလိုလို…. ခံစားမှုတချို့က သူမအာရုံထဲရောက်လာတယ်..။
စိတ်ထဲမှာ ထိတ်လန့်လာသလိုလိုကြောင့် သူမခြေလှမ်းတွေကို အနည်းငယ်ထပ်မြှင့်လိုက်မိသည်..။
ဒါပေမဲ့ သူမခြေထောက်ကို တစ်စုံတစ်ခုက လာရောက်တွေ့ထိနေဆဲ…။ သူမ တော်တော်လေးတုန်တုန်လှုပ်လှုပ်ဖြစ်လာမိသည်..။ ဘေးဘီဝဲယာကို စောင်းငဲ့ကြည့်လိုက်တော့ လမ်းလေးပေါ်မှာ လူခြေတိတ်ဆိတ်လျှက်..။
ဖြစ်ချင်တာဖြစ် သူမပြေးမှဖြစ်တော့မည်…။ အားကိုးတစုံတရာ ရလိုရငြား သူမ ပါးစပ်က တစ်ချက်လောက်တော့ အော်ဟစ်ကြည့်မှဖြစ်မည်…။
“ဟီးးးးးးးးးးးးးးး”
အို ဘုရား ဘုရား…။ ဒီ အသံ..။ ဟုတ်တယ် ဒီ အသံ..။
သူမ ရင်ဘတ်တွေ အထိမ်းအကွပ်မဲ့စွာ တဆတ်ဆတ်တုန်ရင်လာမိသည်..။ သူမ ဘာဆို ဘာကိုမှ ပြန်သတိမရချင်တော့…။
နေ့တဓူဝ အနှောင်အဖွဲ့တွေနဲ့ ရုန်းကန်နေရတဲ့… စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပုံစံခွက်ဘဝကြီးကို သူမ နာကျည်းမွမ်းကြပ်လွန်းခဲ့တာ သူမ အရွယ်ရောက်စကတည်းက…။
ဟုတ်တယ်…။ သူမဘဝမှာ မမျှော်လင့်ဖူးတဲ့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်လမ်းလျှောက်နေခွင့်လေး… ။ စိတ်တိုင်းကျ ခြေလှမ်းနေခွင့်လေး..။ စိတ်တိုင်းကျ ခြေဦးချခွင့်လေး…။
ဒီအခွင့်အရေးကို သူမ ဘယ်လိုမှမမျှော်လင့်ပဲ ရခဲ့တာ..။ သူမ အတိတ်ဟောင်းကို ဘယ်လိုနည်းနဲ့မှပြန်မသွားလိုတော့..။ မသွားချင်တော့..။ ဒီအနှောင့်အဖွဲ့တွေက လွတ်ကင်းရာကို သူမထွက်ပြေးဖို့ သတ္တိတွေမွေးမှ ဖြစ်တော့မယ်…။
ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့အတူ သူမ အားသွန်စိုက်ပြီး ကဆုန်ဆိုင်းထွက်ပြေးပစ်လိုက်မိသည်…။
ဒီအထိတွေ့တွေ နဲ့ ဝေး ရာ….။ ဒီ အသံတွေနဲ့ ဝေး ရာ…..။ ဟိုး……… အ ဝေး ဆုံး ထိ သူ မ ထွက် ပြေး ရ တော့ မယ်…။
ဒါပေမဲ့….
သူမခြေထောက်က အထိအတွေ့ကိုသော်၎င်း၊ သူမထိတ်လန့်နေတဲ့ အသံကိုသော်၎င်း သူမဘယ်လိုနည်းနဲ့မှ လွတ်မြောက်နိုင်စွမ်း ရှိမယ်မဟုတ်ဘူးဆိုတာ သူမကိုယ်သူမတောင် သိမယ်မထင်…။
ဘာလို့လဲ ဆိုတော့….
သူမဟာ….
ဟုတ်တယ်…
သူမက ခြံတစ်ခြံထဲက ပိုင်ရှင်မသိပဲ အမှတ်တမဲ့ လွတ်မြောက်လာတဲ့
မြင်းပျိုမတစ်ကောင်ဖြစ်နေလို့ပဲ…။
Photo Credit: from google
18 comments
ဇဂါး လွတ်
June 13, 2013 at 12:25 pm
ဖတ်ရင်း ကိုယ့်ဘဝကို တွေးပြီး ငိုချင်လာပြီ ခြည်ခြည်ရယ်။
ဂလို ခဏလောက် လွတ်မြောက်ခွင့်မှ မရှိတော့ဘူးလားမသိ။
ပုံစံခွက်ထဲက နေ့စဉ်ဘဝများ။
🙁
အလင်း ဆက်
June 13, 2013 at 2:20 pm
ခံစား ချက် ခပ်ပြင်းပြင်း တွေကို
စကားလုံး ကျစ်ကျစ်လျစ်လျစ်နဲ့
ဖောက်ထုတ် ပြတတ်တဲ့ နေခြည် ရဲ့
ကဗျာ တချိ ု ့ဖတ်အပြီး ကတည်းက
ဒီလို စာမျို း ဖတ်ချင်နေ ခဲ့တာပါ
kyeemite
June 13, 2013 at 3:48 pm
အဖွဲ့အနွဲ့လေးကိုတော်တော်နှစ်သက်မိပါတယ်ဗျာ
Shwe Ei
June 13, 2013 at 3:59 pm
မတူတဲ့အတွေးတခုရသွားတယ်…..
ငါ..တချိန်လုံး ပရမ်းပတာနဲ့ ထွက်ပြေးနေမိတာများလား.. ???
Nay Chi
June 13, 2013 at 10:05 pm
လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်…။
မဟာရာဇာ အံစာတုံး
June 15, 2013 at 1:08 pm
အော် …
ငါ့နှယ်နော် ….
ဖီးလ်တွေနဲ့ ဖတ်လာလိုက်တာ …
အဆုံးနား ရောက်ခါနီး ..
“သူမဟာ….”
ဆိုဒါဂျီး တွေ့လိုက်တော့ …
ဖီးလ် မဟုတ်ဘဲ ခွိ ကနဲ ဖစ်တွားဘာလေရောလား …
Nay Chi
June 15, 2013 at 4:08 pm
အဟင့်.. ဒီအထိသယ်လာပြန်ပြီ..။ 🙁
အလင်း ဆက်
June 16, 2013 at 5:34 pm
တဒယ် တော့
သူမ ဟာ မဟုတ် ။သူ ့ ဟာ ဆိုလားးးး
အ သေသတ်မယ် ဆိုလားးးး
ခိခိ
😆
Nay Chi
June 16, 2013 at 7:36 pm
တော်ပြီ တော်ပြီ..။ 🙁
padonmar
June 16, 2013 at 7:16 pm
တက်ကလောက် နဲ့ ဟီးလို့ ပြထားရက်နဲ့ လူမလေးထင်မိတာ….
Mr. MarGa
June 16, 2013 at 8:02 pm
သူူမ သူမ သူမ
ဖတ်ဖူး မှတ်ဖူးတာကတော့ သူမဆိုတဲ့ စကားလုံး မြန်မာစာပေမှာ မရှိဘူး တဲ့
ဆရာမင်းလူကတော့ သူ့ သမီးလေးကို သူမ တဲ့
ဆိုတော့
ကျမ ဟာ မဟုတ်ဘဲနဲ့
သူမ ဟာ ပေါ့နော်
ခွိစ်ခွိစ်ခွိစ်
Nay Chi
June 16, 2013 at 9:31 pm
ဟူးးးးးးးးးးးးး သွားပါပြီ။ 🙁
KZ
June 16, 2013 at 10:28 pm
အာ။
ဒီ ကလေးဒွေ ကျုပ် မကြီးကို ဒီအထိ လိုက်စနေကြသလား::::::
ခွိခွိခွိ
တို့ မကြီး ဟာ ………………………………………
စိတ်ဆိုးတော့မယ်လို့။
Nay Chi
June 16, 2013 at 10:53 pm
အဲလာ.. တူရို့ကို စုန်းမပေးလိုက်ပါဦး..။ စုန်းမနဲ့မရရင် သရဲမပေးလိုက်…။
အလင်း ဆက်
June 16, 2013 at 9:58 pm
အော်…
ပြောင်းသွားပြန်ပြီ ။
ဟူးးးးးး သွားပါပြီ……..တဲ ့
😆
Nay Chi
June 16, 2013 at 10:54 pm
ဟွန်း… တွေ့မယ်..။ 😛
ကြက်အူလှည့်
June 17, 2013 at 6:58 am
စာရေးသူရဲ့မာယာ ကို ထိပ်ပိုင်းက တက်ကလောက် တက်ကလောက်မှာကတည်းက
မြင်ခဲ့တာက…. ဖိုးသိုးဖတ်သတ်ဖြစ်သဗျ…
တကယ်တော့ ကျနော် ကိုယ်တိုင်က ..
ဒက်ဂလောက် ဒက်ဂလောက်…
Nay Chi
June 17, 2013 at 8:41 am
အဲဒါပြောတာပေါ့… မြွေမြွေချင်း ခြေမြင်တို့၊ အကြံတူ ရန်သူတို့..။ အလကားနောက်တာပါ..။ ကျနော်တင်ဆက်ပုံ နည်းနည်းအားနည်းသွားတယ်ဗျ..။ တက်ကလောက် တက်ကလောက်က မထည့်လဲ ရတာကို အရိပ်ပြချင်စိတ်များသွားတာ..။
ထောက်ပြပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်…။