Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျှော်တော်ဇောနဲ့ မောရပြီ Hope

Normal
0

false
false
false

EN-US
X-NONE
X-NONE

မျိုးစောင့်ဥပဒေကို လွှတ်တော်တင်သွင်းမယ်၊ ကန့်ကွက်သူ လွှတ်တော်အမတ်၊ နိုင်ငံရေးသမားဆို မဲမပေးဖို့ လှုံ့ဆော်သွားမယ်လို့ မြစေတီဆရာတော် ပြောတာ ကမာရွတ်မီဒီယာမှာ ဒီနေ့ ကြည့်ရတယ်။ ပွဲကတော့ ကြည့်ကောင်းလာပြီဗျို့..။ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးနဲ့အတူ ပြည်တွင်းလှုပ်ရှားမှု အရှိန်အဟုန်လည်း ကြီးထွားနေပုံပဲ။ နိုင်ငံရေး ရှုဒေါင့်ကနေ ကြည့်ရင်တော့ ဒီမိုကရေစီ အရေးအတွက် မကောင်းဘူး။ အထူးသဖြင့် အန်အယ်လ်ဒီ ကြားညှပ်မည့် သဘောရှိတယ်။

လူထုလှုပ်ရှားမှုမှာ ရည်မှန်းချက် မပြည့်ခင် နိုင်ငံရေးရေချိန် ကျမသွားဖို့လိုတယ်။ ဘုံရန်သူ ရှိရင် ထိန်းရတာ လွယ်တယ်၊ အရှေ့အလယ်ပိုင်းမှာ ဂျူးဆန့်ကျင်ရေးနဲ့ အစ္စလာမ်မစ်ကမာ္ဘ ညီညွတ်ရေး တည်ဆောက်တာ ထင်ရှားတဲ့ ဥပမာပဲ။ ဘုံရန်သူမဲ့(သို့) ခေါင်းဆောင်မှု ပြိုကွဲသွားရင် လူ့သဘာဝ အချင်းခြင်း မတည့်တော့ဘူး၊ အစ္စရေးကို လက်နက်ကိုင် တိုက်လာတဲ့ ပါလစ်စတိုင်းက ပီအယ်လ်အိုနဲ့ ဟားမတ်စ်အဖွဲ့ သွေးထွက်သံယုံဖြစ် အာဏာလုတာပဲကြည့်။ မြန်မာ့နိုင်ငံရေးမှာလည်း လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတော့ လှေလှော်ရင်း တက်ကျိုးရတယ်။

မြန်မာပြည် လတ်တလော ဘာသာရေး ပဋိပက္ခ ပြန်ကြည့်ရင် အနှစ်၂ဝကျော် ရုန်းကန်လှုပ်ရှားမှု ဒီမိုကရေစီ ပန်းတိုင်ကို လစ်လျှူရှု သလိုဖြစ်တော့ ပြည်သူလူထုအကြား တွေဝေမှုတွေ ဖြစ်လာတယ်။ တည့်တည့်ပြောရင် ဘွားဒေါ်ဂျီး အကွက်ရွှေ့မှားလို့..။ သူ့ရည်ရွယ်ချက် မှားတယ် မပြောဘူးနော်.. နိုင်ငံရေး အကွက်ရွှေ့မှားတယ် ပြောတာ။ လွှတ်တော်နိုင်ငံရေး ဝင်လုပ်တယ်ဗျာ၊ စစ်ဗိုလ်၊ ခရိုနီတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်တယ်။ အချိန်၂နှစ် ကျော်သွားတယ် အပြောင်းအလဲ မယ်မယ်ရရ မတွေ့ရ.. တဖက်မှာတော့ အသင်းအပင်းဖွဲ့စည်းခွင့်၊ မီဒီယာတင်ပြမှု ပွင့်လင်းလာတယ်၊ လူထုမကျေနပ်မှု ခေါင်းစဉ်အမျိုးမျိုးနဲ့ ပွင့်အန်ထွက်မှုတွေ  ဖြစ်လာတယ်။ အခွင့်အရေး တောင်းတတ်တာ ကောင်းပေမဲ့ အန္တိမရည်မှန်းချက် မရောက်ခင် သွားတဲ့ခရီးလမ်း ကြမ်းတဲ့အခါ အနှောက်အယှက် ကြီးကြီးမားမားဖြစ်ပြီ။

အပြောင်းအလဲ မလိုချင်တဲ့ သူတွေက သာမန် အရပ်သား နိုင်ငံရေး အဖွဲ့အစည်း မဟုတ်ဘူး။ လက်နက်၊ ငွေ၊ ထောက်ပံ့ရေးပစ္စည်း အကုန်ရှိတယ်၊ နှစ်ပေါင်းများစွာ အာဏာယူထားလို့ တိုင်းပြည်အကြောင်း နှောကြေနေပြီ၊ ဘယ်ကြိုးလှုပ်ရင် ဘာဖြစ်တယ်ဆိုတာ ကောင်းကောင်းသိသူတွေ၊ စည်းမရှိဘူး ဘာမဆို လုပ်ရဲတယ်။ ဒါကို ဘွားဒေါ်ဂျီး တပင်တိုင် မင်းသမီအက ဝင်ကနေတော့ ဒီမိုကရေစီအရေး ဒို့အရေး….. လမ်းကြောင်းပျောက်ပြီး ဟိုအရေး ဒီအရေး ပေါင်းစုံကုန်တယ်။

အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ နိုင်ငံတိုင်းမှာ လူထုအစိုးရတွေ ချက်ခြင်းတက်လာ၊ အပြောင်းအလဲကို ဦးဆောင် လုပ်သွားတာ တွေ့ရတယ်။ အဲဒီအစိုးရ ပထမသက်တမ်းမှာ ကွဲကြပြဲကြ ပွင့်ကြအံကြနဲ့ နောင်အစိုးရ တဆက် နှစ်ဆက်လောက်အထိ ကသောင်းကနင်း ဒီလိုပဲ သွားကြတယ်။ အင်ဒိုနီးရှားလည်း ဒီလိုပါပဲကွာ၊ လွှတ်တော်ထဲ စစ်သားတွေ တဖြည်းဖြည်းလျှော့တယ် ဆင်ခြေမပေးနဲ့နော်။ ဟိုက သမတ ဆူဟာတို ပြုတ်ကျပြီး အတိုက်အခံ အစိုးရ ချက်ခြင်းတက်တယ်။ မြန်မာပြည်လို အခြေခံဥပဒေ အတု မဆွဲဘူး၊ မဲလိမ်မဲခိုး လွှတ်တော် မဟုတ်ဘူး.. အင်ဒိုနီးရှားက တခုပြီးမှ တခုဆက်တယ် ပြောနိုင်တယ်။ တောင်အာဖရိကဆိုလည်း ညီညွှတ်ရေး အစိုးရအဖွဲ့ ဆိုပေမဲ့ လူမည်းတွေ အဓိကနေရာရတယ်၊ အမှန်တရား ဖော်ထုတ်ရေး ကော်မတီကလဲ ထိထိရောက်ရောက် ဖြေရှင်းပေးတယ်။

ပုဂ္ဂိုလ်ရေးပိုင်းဆိုလည်း ဘွားဒေါ်ဂျီးနဲ့ တန်းတူ ဘယ်သူမှ မရှိခဲ့တော့ လူထုက ဘယ်သူ့ ရွေးရမလဲ သိတယ်၊ အခုတော့ဗျာ သူ့ဈေးသူချ လက်ရှိကိုပဲ သမတနေရာအတွက် သုံးယောက်ရှိနေပြီ။ ဒါတင်မက အခြား ကာချုပ်၊ အမျိုးသားလွှတ်တော် ငှက္ကဌ၊ ကြံ့ဖွတ်ခေါင်းဆောင်းပိုင်း၊ ရွေးကောက်ပွဲကော်မရှင် အုတ်ကထ၊ ဒုတိယသမတ စတာတွေလည်း ရှိသေး..။ ရလဒ်က တဖြည်းဖြည်းနဲ့ နွားနို့အစစ် ရေရောခံလာရတယ်။ နိုင်ငံရေး ပါးနပ်ရင် ကိစ္စမရှိ.. ရေတိုသာ ကြည့်တတ်တဲ့ သာမန်လူပြိန်းကြတော့ ဇဝေဇဝါတွေဖြစ်၊ ဟိုလူကောင်းနိုး ဒီလူကောင်းနိုး၊ ဒီကြားထဲ အမျိုးစောင့် ဥပဒေ၊ ရခိုင်အရေး၊ လက်ပံတောင်း ကြေးနီစီမံကိန်း စတာတွေထဲ ဓါးခုတ်ရာ လက်လျှို မိတော့ ပိုဆိုးအုံးမယ်။

အတိုင်အဖောက်မညီ အန်အယ်လ်ဒီ (ဗွီအိုအေ မြန်မာပိုင်း ဓာတ်ပုံ)
အတိုင်အဖောက်မညီ အန်အယ်လ်ဒီ (ဗွီအိုအေ မြန်မာပိုင်း ဓာတ်ပုံ)

ဒီအတိုင်း ဝေဝေဝါးဝါးနဲ့ ဆက်သွားရင် အပျက်ပျက် နှာခေါင်းသွေးထွက်လိမ့်မယ်။ ရွေးကောက်ပွဲ နီးလာပြီ….။ ဘွားဒေါ်က မပြတ်မသား၊ အန်အယ်လ်ဒီက စာခြောက်ရုပ်၊ အမျိုးသားရေး လှုပ်ရှားမှု အားကောင်းလာချိန်…. စစ်တပ်က သွားရည်တမြှားမြှား၊ ကြံ့ဖွတ်က မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ ဝန်မလေး…။

ဘွားဒေါ်ဂျီး မျှော်လင့်ထားသလို ခေါင်းဆောင်မှု မပေးတော့ ဒီလိုဖြစ်တာမဆန်း..၊ ဒီမိုကရေစီ မရရအောင်ယူပီး လူထု ပဲ့ကိုင်ထိန်းကျောင်းသွားရမှာ ခုတော့ သောက်တလွဲ..။  သူ့နွယ်လို့ ၈၈တွေ ထင်သလောက် မလုပ်နိုင်။ ဒီကြားထဲ ပွဲလန့်တုံးဖျာခင်းတဲ့ အန်ဒီအက်ဖ် (အန်အယ်လ်ဒီပဲ့ထွက်လို)နဲ့ ဦးသုဝေ ဒီမိုကရေစီ ပါတီတွေက ကြံ့ဖွတ်သံယောင်လိုက်ပြီး ပီအာရွေးကောက်ပွဲစနစ် ပြောင်းဖို့အော်တာ တမှောင့်။ ဝေဒဂုရု ဆရာစံဇာဏီဘိုက အန်အလ်ဒီမဟုတ်၊ ကြံ့ဖွတ်မဟုတ်ဘဲ အများလက်ခံတဲ့ နိုင်ငံရေးအင်အားသစ် ပေါ်မည်တဲ့… သူပြောသလို ၈၈မျိုးဆက်၊ အေဘီအက်စ်ဒီအက်ဖ်၊ ပြည်ပရောက်တွေ ပေါင်းစုလာမည့် နိုင်ငံရေးလှုပ်ရှားမှုကိုပဲ မျှော်ရရင် ကောင်းမီလား….။

20 comments

  • မင်းမင်း

    June 28, 2013 at 8:59 am

    လေးစားတယ်ဦးကြောင်ရေ

    ဒါတွေ ဒီလိုဆိုပြီးတော့ ဦးကြောင်ပြောသလို

    တိုင်ပြည်ကို မြင်တဲ့သူတွေရှိပါတယ်။

    ကျနော်လည်းဒီလိုသဘောမြင်ပါတယ်။

    ဒါပေမဲ့

    သူပြောသလို

    ၈၈မျိုးဆက်၊ အေဘီအက်စ်ဒီအက်ဖ်၊ ပြည်ပရောက်တွေ ပေါင်းစုလာမည့် နိုင်ငံရေးလှုပ်ရှားမှုကိုပဲ

    မျော်ရရင်ကောင်းမလားဆိုတာတော့

    ကျနော်ကတော့ထပ်မမျော်ချင်တော့ဘူး။

    နောက်ထပ်တပူတိုးမှာစိုးလို့။

    ရှိပြီးသား တရားဝင် ၂ ပါတီ ကိုပဲ

    အပြိုင်အဆိုင် နိုင်ငံ အလုပ်ကိာလုပ်စေချင်တယ်။

    ပိုတော်တဲ့အဖွဲ့ကိုပိုအားပေးချင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 28, 2013 at 9:16 am

    ဘေဒင်ကိန်းဂဏန်းအရ ဘွားဒေါ်ဂျီး လူဂျီးဖြစ်မယ်လို့ အတီပြုထားဘါဒယ်
    စယာကျောင်ဂျီး

    • ဒီဗေဒင် ကို
      ဘီဒူတွက်ချက်တယ်ဆိုဒါလေး
      ချီးမြှင့်ဘာအုံး ဆလာအောင်ဘု ခညားးး
      သင်သင့်ရင် သွားသင်ထားရအောင်လို့ဘာ …

  • KZ

    June 28, 2013 at 9:27 am

    အားမရဖြစ်နေတဲ့ လူတွေ ပြန်ပြီး နိုင်ငံရေး ဦးဆောင်လှုပ်ရှားသင့်တယ်။ :mrgreen:

    ဒါမှ နှစ် ၆ဝ ခြစားထားတဲ့ အုပ်ချုပ်ရေး နိုင်ငံရေး စစ်စတမ်ကြီး ၆ လ တည်းနဲ့ ကောင်းသွားအောင်။ :mrgreen:

    အကျံဂေါင်း ညာဏ်ဂေါင်းဒွေ များဂျီး အားဂျီးရှိကြတဲ့သူတွေ လှုပ်ရှားဂျဘာ))))))))))))))))))) :mrgreen:

    • Crystalline

      June 28, 2013 at 9:53 am

      အပြည့်အဝထောက်ခံတယ်.. အါ့ပြောမလို ့လော့ဂ်အင်ဝင်တာ.. 🙂

      • Ma Ma

        June 28, 2013 at 10:09 am

        I totally agree with KZ & Crystalline. 🙂

    • Wow

      June 28, 2013 at 7:45 pm

      ကြောင်ရီးနဲ့ ကြေးမုံရီး နှစ်ယောက်ပေါင်းပီး ပါတီထောင်ပါ… မဲအတွက်စိတ်ချ… (ဘူသိတာမှတ်လို့).. :mrgreen:

  • surmi

    June 28, 2013 at 9:56 am

    အဟမ်​းးးးးးး
    တချို့က​တော့ လက်​ခုတ်​​ဘောင်​​ဘောင်​တီ​းနေ​လောက်​ပြီ

  • ဦး ကျောက်ခဲ

    June 28, 2013 at 10:40 am

    စစ်ဖိနပ်နဲ့ အနင်းခံထားရတုန်းက “အီး”တောင်ကျယ်ကျယ်မပေါက်ရဲသူတွေ အခုမှလက်သီးလက်မောင်းတန်းပြီး ဆန်ဒါပြတဲ့ ဒို့ဘာမန်တွေကို ဘွားတော် စကားလုံးလှလှပြောစရာမလို၊ ဗိုလ်ချုပ်လို ဒဲ့ပြောသင့်တယ်။ အခုဟာက သိပ်ဝေ့လွန်းနေတယ်။ သိသိကြီးနဲ့ ကြံ့ဖွတ်ဆင်တဲ့အကွက်ထဲ ဝင်ဝင်ကနေတာ ကြည့်မကောင်းဘူး။ ဒီကြားထဲ ပွဲလန့်တုန်း ဖျာခင်းတာတင်မဟုတ် ကုတင်ပါခင်းတဲ့ မာမီညွန့်ယောက်ဖပါတီက တစ်မျိုး။ ဒီလိုပုံ ဒီလိုအချိုးနဲ့ ၂၀၁၅ သမ္မတဖြစ်လာရင် “ဟင်”ကြသူတွေ များလာမယ်။ အဲ… အားမရရင် ဦးဆောင်လုပ်… ဆိုရင်၊ လုပ်ရပ်ကိုကြည့်ပြီး နောက်ကလိုက်ကြမလားလို့ မေးချင်ပါတယ်။ ယှဉ်ထိုးလို့မရဘူးလေ… ဘွားတော်က တစ်သက်တစ်ခါပေါ်တဲ့ စူပါပါဝါ “ရွှေဘ” လေဗျာ….. အဲဒါကြောင့် ရွှေဘကို လက်သီးပြင်းပြင်းထိုးပါလို့ ပြောနေတာ… :mrgreen:

    • koyinmaung

      July 3, 2013 at 5:51 am

      ဟုတ်ပ…ဦးကျောက်ရေ အားရုံနောက်လာပြီဗျို…..

  • ဦးဦးပါလေရာ

    June 28, 2013 at 12:20 pm

    ဒီမှာတော့ ဒဲ့ ပဲ ပြောတော့မယ်……
    NLD က သူ့ကိုယ်သူ သိပ်ပိုတွက်လွန်းတယ်
    အကျိုးဆက်က ပြင်ဆင်သင့်တဲ့အခင်းအကျင်းတွေ မပြင်ဆင်ထားဘူး….

    ဒါ့ထက် တည့်တည့်ကြီးပြောရရင် ဘုန်းကြီးတွေကို မလုံးထားဘူး…..
    ဒီနိုင်ငံမှာ ဘုန်းကြီးကို လျှော့မတွက်သင့်ဘူး…
    ဘုန်းကြီးတွေရဲ့ ပရိတ်သတ်+မျိုးချစ်စိတ်+စကားပေါက်မှု့ တွေကို သုံးရင် သုံးတဲ့သူ သာမှာပဲ..
    နိုင်ငံရေးဆိုတာ သက်သတ်လွတ်အစားပြိုင်ပွဲမဟုတ်ဘူး…
    ပရိယာယ်ပြိုင်ပွဲ ဉာဏ်ပြိုင်ပွဲ သာဖြစ်တယ်။
    တိုင်းပြည်ကို စိတ်ကောင်းနှလုံးကောင်းနဲ့ ပြုစုပျိုးထောင်ပြုပြည်တည်ဆောက်ပေးရမှာမှန်တယ်-
    ဒါပေမယ့် အဲဒါက ဒုတိယအလုပ်
    ပထမအလုပ် က အဲဒါလုပ်ခွင့်ရအောင် (လုပ်ခွင့်ရဖို့သေချာအောင်) လုပ်ရမှာ…။
    ၂၆ ရက်နေ့က ဘွားတော် ဆင်ဝှေ့ရန်ရှောင် စကားပြောလိုက်တော့ နဲနဲတော့ စိတ်သက်သာရာရပါတယ်…။
    တကယ့် လက်ရှိအခြေအနေအစစ်တွေကို ထည့်စဉ်းစားပြီး လုပ်စရာကို ခပ်သွက်သွက်လုပ်ရင် မီနိုင်ပါသေးတယ်..။

  • kai

    June 28, 2013 at 2:47 pm

    ဆိုတော့…
    မြန်မာပြည်မှာ.. မဟနနဲ့စစ်အစိုးရနဲ့.. ခွဲလို့မရပါဘူး.. ဆရာ/တကာ တသားထဲပါ..။
    တိုင်းပြည်ကို ပြောင်းချင်ရင်..တိုးတက်ချင်ရင်.. စစ်အစိုးရကိုပဲ.. ဖြိုလို့မရပါဘူး..

    မဟနဟာ.. ဒီမိုကရေစီစံနှုန်းကနေလွတ်နေတဲ့.. ၂ပိုင်းတပိုင်း မဏ္ဍိုင်ကြီးဖြစ်နေတာကိုလည်း.. လျှော့ချပစ်ရမှာပါ..။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရပါဘူး…

    ဒီလိုလုပ်ဖို့အတွက်.. ဒီချုပ်အပါအဝင် တိုင်းပြည်ကိုတကယ်စေတနာရှိသူတွေက.. ဆယ်စုနှစ်တော်တော်များများ.. ရင်းယူရလိ်မ့်မယ်..

    တိုတိုပြောရရင်..
    လူထုဟာကိုယ်နဲ့တန်တာပဲရသွားမှာဖြစ်ပြီး.. ၂၀၁၅နောက်မှာ.. အကျိုးဆက်တွေ.. လှိမ့်ခံကြရလိ်မ့်မယ်…
    ကောင်းလာမယ်.. တယ်မမြင်မိ…။

    ဒီလိုနဲ့…
    ဒန်တန်တန်…
    နှစ်၁၀၀ဝ ကျိန်စာ…

  • မောင် ပေ

    June 28, 2013 at 3:23 pm

    နှစ်ပူး၊ နှစ်ထိပ်စီး ၊ နှစ်ခွ ကျိန်နာ
    ၂၀၁၅တွင် ဘွားဒေါ်ကြီး သမ္မတ မဖြစ်ပါ
    အဘယ်ကြောင့်ဆိုသော် ၊ အွန်လိုင်းမီဒီယာများ လေလုံးအားပေးသူ ပရိသတ်များပြားလာသောကြောင့်
    ဥမပါ … ဂေးဇက်
    ကျုပ်တောင် ဂေဇက် ကို မနေနိုင်လို ့ ၊ တစ်နေ ့ကို ခဏလေး ဝင်ဖတ်တာ
    လေတွေသန်လွန်းလို ့ ၊ မနဲပြန်ရတာကလား

  • မင်းမင်း

    June 28, 2013 at 3:43 pm

    မုန်တိုင်းကနုနု

    တိုင်းပြည်ကထန်ထန်

    ဝင်ဝင်ဖတ်ရတာမောတယ်ဗျာ။

    ဒါတောင်ဝေဖန်ဆန်းစစ်တာကိုငေးရတာပဲရှိသေးးး

    တိုင်ပြည်အတွက်ထလုပ်မယ်ဆို

    ပိုပင်ပန်းမလားလို့ လဲ တွေးမိပါရဲ့ ။ ဟီးးး

    သူကြီးပြောသလို သာ ရင်းကြစို့ ခေါ်ရင် ?

    ရွာထဲ မဝင်တော့ဘူးးး ဟီးးးး

  • အလင်း ဆက်

    June 28, 2013 at 9:07 pm

    မျှော်လင့်ချက်…ဆိုတာ..
    မထားကောင်းတဲ ့အရာတဲ့..

    တာရာမင်းဝေရဲ ့ စာတစ်ပိုဒ်မှာ ဖတ်ဖူးတယ်…။

    😆

  • Mr. MarGa

    June 29, 2013 at 4:34 pm

    မျှော်လင့်ချက်ကို
    မျှော်လင့်ရင်း
    မောချင်လဲ မောမပေါ့
    အဓိက ကတော့
    ဘယ်သူပဲ လာလာ
    ဘာပဲ လုပ်လုပ်
    တိုးတက်မှု ရှိဖို့
    ပြည်သူတွေ အဆင်ပြေဖို့ အဓိကလို့ ပြောရမလား…….
    ဒါလဲ သဂျီးရဲ့ နှစ်တစ်ထောင် ကျိန်စာထဲ ဝင်ဦးမလား မသိဘူးနော်

    • kai

      June 30, 2013 at 5:54 am

      မြန်မာပြည်မှာ.. အတန်းထဲ.. ဆရာကမေးရင်..ပြောရင်.. တပည့်က..တန်းတူ ပြန်ပြောဆွေးနွေးဖို့မပြောနဲ့.. ဆရာမမေးပါစေနဲ့ထိုင်ဆုတောင်းနေရတာ…
      အဲဒီအတိုင်းပဲ..
      တရားပွဲ.. ဘုန်းကြီးကထိပ်စီးကထိုင်.. တရာဟောရင်.. တကာတွေခမျာ.. တန်းတူ ပြန်ပြောဆွေးနွေးဖို့ မသိတာမေး… အသိရှင်းစေဖို့လုပ်မယ်မပြောနဲ့.. ခြေထောက်က ပုံစံမမှန်အကြာကြီးနေလို့.. ကိုက်ခဲထုံကျင်နေရင်တောင်.. မလှုပ်ရဲ.. “ငါကွဘုန်းကြီးကြည်ညိုကိုးကွယ်သူ”ဆိုပြီး.. အတင်းအာရုံယူနေရတာ…

      မြန်မာတွေမတိုးတက်တာမှာ အဓိကအကြောင်းတရားတခုပဲ..။

      ဒါတွေ..ဒါတွေဘယ်ကလာသလည်းဆိုတော့…
      လူသားအချင်းချင်း… မင်းနဲ့ငါ.. တန်းမတူဘူးဆိုပြီး.. နှစ်ထောင်ချီရိုက်သွင်းခဲ့တဲ့.. ဘာသာရေးကလာတာ…။
      အပြန်အလှန်လေးစားမှုနဲ့.. ဆရာ/တကာဆက်ဆံတဲ့.. လူမှုစနစ်ကို ပြန်တည်ထောင်သင့်တယ်.။

      ဒါလွတ်ရင်.. ကျိန်စာလွတ်မယ်..။
      မယုံရင်.. ကိုယ်တိုင်အခု..အခုတင်ကို..အာရုံသွင်း.. လက်တွေ့လုပ်ကြည့်လိုက်…။
      အခုကို ကျိန်စာလွတ်အကျိုးခံစားရလိမ့်မယ်..။
      လွတ်မြောက်ခြင်းအရသာ ရလိ်မ့်မယ်… Freedom from fear!

      လုပ်ကြည့်…

      • Mr. MarGa

        June 30, 2013 at 2:28 pm

        ကဲ…….ကဲ
        အပြောတွေ လျှော့လို့ အလုပ်နဲ့သာ သက်သေပြကြပါစို့
        ပရိသတ်များလဲ နားယောင် လိုက်နေရတာ ငြီးငွေ့ကြလောက်ရောပေါ့
        ဒါကြောင့်မို့
        ခေါင်းဆောင် ရွေးချယ်ပွဲ စ ကြပါစို့လား……….
        မဆွဲမဖြစ် ဆွဲရမှာမို့
        ကြောင်ကို ခြူဆွဲရန် ပြင်ကြပါစို့
        ဒို့ကတော့ ပြေးပြီ………….. :mrgreen:

        • kai

          July 1, 2013 at 6:45 am

          ခေါင်းဆောင်တွေဒီလောက်များနေတာကွယ်…
          အဝါလေးကောက်ပါတ်.. ထိပ်တက်ထိုင်… ခေါင်းဆောင်တက်လုပ်သူနဲ့.. အစိမ်းလေးကောက်ဝတ်.. ခေါင်းဆောင်အလိုလိုဖြစ်ပါတယ်ဆိုသူနဲ့…။

          မြန်မာလူထုတွေလုပ်ရမှာက.. ခေါင်းဆောင်ဖြုတ်ပွဲပါလို့.. အထပ်ထပ်ပြောနေတာ.. ပြောင်းပြန်ကြီးသဘောပေါက်နေရော…

          သေဟ..

  • ကိုရင်စည်သူ

    June 30, 2013 at 3:02 pm

    ၂၀၁၅ အန်တီစု သမ္မတမဖြစ်လောက်တော့ပါဘူး… တကယ်လက်ချိုးရေရင်
    NLD မှာရင်းရဲတဲ့လူ… ရင်းနိုင်တဲ့လူ… ထိုးကျွေးနိုင်တဲ့ အကွက်တွေ ဘာတွေ
    ှရှိလေမလဲလို့တော့… တွေးမိနေသား… NLD က ဘွားတော်ကို တပင်ဆိုင်ထားကခိုင်းထားတော့
    လက်ရှိအာဏာရပါတြီ ခင်္သေ့တွေလောက်… တိုးသင့်တာတွေ ဆက်မတိုးဘူးလို့မြင်တယ်..
    လက်ရှိအာဏာရပါတီ… ရင်းရဲ.. ရင်းတတ်သူတွေ၊ ရင်နိုင်တဲ့အကွက်တွေနဲ့ပြည့်နှက်နေတော့..
    နှစ် ၂ဝ ကျိန်စာ… (တစ်ထောင်တော့များပါတယ်… အဲ့မတိုင်ခင် နူးကလီယားတိုက်ပွဲတွေဖြစ်လာရင် ဘိုရုပ်မလဲနော့..) :mrgreen:

Leave a Reply