ခေတ်တွေက ပြောင်းသွားတယ်…Rangoon ကနေ Yangon ဖြစ်သွားတယ်…RIT ကနေ YIT ဖြစ်သွားတယ်…ငါတို့ကို တော်လှန်နေတာ ဒင်းတို့ပဲ…ဒင်းတို့ကို လူစုခွဲရမယ်…မြန်မာပြည်ကြီးကိုလဲ နှစ်ခြမ်းခွဲ…ဒင်းတို့ကိုလဲ နှစ်ခြမ်းခွဲဆိုတဲ့ သကောင့်သားတွေရဲ့ အာဃာတ အောက်မှာ အထက်မြန်မာပြည်သား ကျွန်တော်လဲ ဖုန်ထူလေတိုက်…မြွေပွေးကိုက်ရျ်…လူမိုက်ပျော်သည်…MIT ဆိုတဲ့ ကျောင်းရောက်ခဲ့ပါတယ်…ချိုးစရာ ရေမရှိ…ဝဲတွေအတိ နဲ့…ကျောင်းရှေ့မြောင်းထဲ ရေသန့်ဘူး ဖက်ပြီး ရေကူရင်း ကျရာနေရာမှာ လည်ပင်းက ဝဲလေးကုတ်ပြီး ဆေးပြာကြီးလူးတဲ့ ဘဝကို ပျော်စရာအတိနဲ့ ဖြတ်သန်းခဲ့ရတယ်….
ဒင်းတို့တွက်ကိန်း ကောင်းကောင်းကြီးလွဲသွားတယ်လေ…လူခွဲလိုက်ရင် လူစုကွဲသွားမယ်…စိတ်ဓာတ်ကွဲသွားမယ်…ငါတို့ထိမ်းကျောင်းချင်သလို ထိမ်းကျောင်းလို့ရသွားမယ်…ဒီလိုတွေးခဲ့တဲ့ သူတို့ရဲ့ အတွေး မှားတယ် ဆိုတာကို…YIT…MIT ဘယ်လိုခွဲပေမယ့် အမှန်တရားကို ချစ်မြတ်နိုးတဲ့ တော်လှန်ရဲတဲ့ RIT စိတ်ဓာတ်က တသားထဲရှိတယ်ဆိုတာကို ကောင်းကောင်းကြီး သက်သေပြခဲ့ကြတယ်…သူတို့ သွေးပျက်မတတ် တုန်လှုပ်ခြောက်ခြားသွားတယ်…ကျောင်းသားဘဝကနေ တချို့လဲ ကွဲထွက်သွားခဲ့ရတယ်…ဒါပေမယ့် ဒီ RIT စိတ်ဓာတ်က သေနတ်တွေ…အကြောက်တရားတွေ… .ခြိမ်းခြောက်မှုတွေကို အလဲထိုးနိုင်ခဲ့တယ်…အချိန်တွေ…နှစ်တွေ ဘယ်လို လေလွင့်ဆုံးရှုံးခဲ့ပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ နိုင်တယ်…ဒင်းတို့ကို အနိုင်ရဖို့ ကျွန်တော်တို့မှာ ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခုပဲ ရှိဖို့လိုတယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်…
အဲ့ဒီနောက် အစုတ်ပြတ်ဆုံးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အထပ်ထပ် အခါခါ ချိုးဖျက်ခဲ့ကြတယ်…ရည်ရွယ်ချက်မဲ့သွားတဲ့ ဘဝတွေဖြစ်သွားအောင် ကြိုတင်ကြံရွယ် ပြုမူခဲ့ကြတယ်…လေလွင့်သွားတဲ့ ရော်ရွက်ဝါတွေလိုပဲ သူငယ်ချင်းတွေ ကမ္ဘာအရပ်ရပ်ကို ဝဲလွင့်သွားကြတယ်…ရည်ရွယ်ချက် ဦးတည်ချက်တွေ အမျိုးမျိုး ပြောင်းလဲသွားကြပေမယ့် ကျွန်တော်တို့ ဘဝတွေ သူတို့ရည်ရွယ်သလို ပျက်မသွားခဲ့ကြပါဘူး…စိတ်ဓာတ်တွေ ကွဲထွက်မသွားကြပါဘူး…အမှန်တရားကို ချစ်တဲ့…အမှန်တရားအတွက်ဆို ဘဝတွေပေးဆပ်ရဲခဲ့ကြတဲ့ ဒီ RIT စိတ်ဓာတ်ဆိုတာ…ဘယ်ခေတ် ဘယ်စနစ် ဘယ်အစိုးရ ပြောင်းပြောင်း အမြဲရှိနေဦးမှာပါ…မကောင်းတဲ့ အစိုးရတက်လာတိုင်းလဲ ဒီစိတ်ဓာတ်အပြည့်နဲ့ အမှန်တရားအတွက် ဘဝတွေ ပေးဆပ်နေကြဦးမှာကတော့ မြေကြီးလက်ခတ်မလွဲတော့ပါဘူးခင်ဗျား…
18 comments
KZ
July 27, 2013 at 10:53 am
ဒီ စိတ်လေးတွေတောင် Regular တန်းအပြီးမှာ တစ်ခန်းရပ် ရပ်သွားလို့ မနည်းရယ်။
အဲနီးဝေးးး
ပျော်စရာ မွေးနေ့ဖြစ်ပါစေဗျ။ 🙂
ဦးကျောက်ခဲ
July 27, 2013 at 12:48 pm
ဦးကျောက်တို့ကတော့…
အစွမ်းမသေးပေါင် မန္တလေးဆောင်ထွက်
ဘူမိဗေဒ စိတ်ဓာတ်… ဟီ ဟိ
အရီးခင်လတ်
July 27, 2013 at 1:06 pm
တက်ကိုတက်ရမယ် လို့ အိမ်မက်တွေမက် ပြီး မှ
မတက်လိုက်ရတဲ့ RIT ……
အခုချိန်မှာတော့ သူတို့ ဖျက်လိုက်တဲ့ လမ်းမှာ
ဒီနေ့ ခေတ် ရဲ့ ကျောင်းသားစိတ် တွေ က အရင် လို မဟုတ်တော့ အောင် ယိုယွင်းသွားပြီး
အမှန်တရားကို ချစ်မြတ်နိုးတယ် ဆိုတာ ဘာလဲဟင် လို့ မေးနေကြမှာ စိုးပါရဲ့။
😥
ဦးဦးပါလေရာ
July 27, 2013 at 1:26 pm
လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ အနာဂတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အဲဒါတွေကို မမေ့ထိုက်တဲ့အပြင်
ခွင့်လဲမလွှတ်ထိုက်ပါဘူး
လောလောဆယ် တိုင်းပြည်ပြန်တည်ဆောက်နေချိန်မှာ
ခဏတော့ အောင့်ထားရမယ်ပေါ့
kai
July 27, 2013 at 3:41 pm
အာအိုင်တီဆိုတာက… မြန်မာပြည်အနှံ့..နယ်ပေါင်းစုံက.. မ,တရာသားတွေ ကျောင်းသားလုပ်… လာစုနေကြတာကိုး…
မိဘနဲ့ဝေးပြီး.. တကိုယ်တည်းနေထိုင်စားသောက်ကြရတဲ့သူများတယ်လေ…
တနိုင်ငံလုံးမှာလည်း.. အဲဒီခေတ်က.. ရန်ကုန်စက်မှုတက္ကသိုလ်ရယ်လို့… တကျောင်းထဲရှိခဲ့တာပါ….။
ဆိုတော့…
မြန်မာတပြည်လုံးရဲ့.. လူတန်းစားပေါင်းစုံရဲ့… စိတ်ဓါတ်ရေးရာကို.. ထင်ရှားပုံဖေါ်ပြရာနေရာလည်း.. ဖြစ်ခဲ့ပါတယ်..။
အမှတ်မမှားရင်…
အာအိုင်တီကို.. ရီဂျင်နယ်ကော်လိပ်ကနေ.. တတိယနှစ်ပေါင်းကူးဝင်တာပေးမလုပ်တော့ပဲ.. ပထမနှစ်ကနေ.. တက်နိုင်ခွင့်ရှိသွားတာက.. ၁၉၈၂ ဆယ်တန်းအောင်ကျောင်းသားတွေကစခဲ့တာပဲ..။
အဲဒီကျောင်းသားဟာ.. ပုံမှန်အတန်းတက်သွားရင်.. ၁၉၈၈မှာ.. ဖိုင်နယ်ရီးယား(ဆဌမနှစ်)…
ဖုန်းမော်က.. ၁၉၈၈ မှာ.. အာအိုင်တီ၅တန်းကျောင်းသားပေါ့….။
သူက.. ပုံမှန်အောင်သွားတဲ့သူဆို.. ၁၉၈၃မှာဆယ်တန်းအောင်တဲ့သူ…. အာအိုင်တီကိုပထမနှစ်ကစဝင်တဲ့သူ..
လော့ဂျစ်ချ… အဖြေထုတ်လို့လွယ်သွားသမို့… အာအိုင်တီနဲ့.. အာအိုင်တီစိတ်ဓါတ်အမြုတေတည်ရာကိုဖျက်လိုက်ကြတာဖြစ်ပါကြောင်း..။
ဒီလိုသိနိုင်..အဖြေထုတ်နိုင်တာဟာ.. အရပ်ဖက်တက္ကသိုလ်မတက်ဖူးတဲ့.. စစ်သားတွေမဟုတ်နိုင်…
တက္ကသိုလ်တက်ဖူးခဲ့တဲ့.. ဦးခင်ညွှန့်ဖြစ်နိုင်ပါကြောင်း…။
ဦးကျောက်ခဲ
July 27, 2013 at 3:55 pm
သဂျီးရယ်…
အဲ့လူဂျီး နဲ့ စာဖတ်နေတဲ့ အဘကြီး၊ အသံကြားရင် နားခါး၊ ကောက်ကျစ်စဉ်းလဲတဲ့ အကြံသမား သူတို့မျက်နှာကို မြင်ရရင် အန်ချင်လောက်အောင် ရွံမိတယ်ဗျာ။ ပြည်သူတွေနဲ့ တိုင်းပြည်ကို စံနစ်တကျ ဖျက်သွားတဲ့ သမိုင်းတရားခံတွေ…
ခင် ခ
July 27, 2013 at 4:30 pm
သဂျီးမှန်းတာ ဟုတ်ပါတယ်။ကိုဖုန်းမော်ဟာ လသာ အထက (၁) ကနေ ၁၉၈၃ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး အာအိုင်တီကို ပထမနှစ်ကနေ တက်ရောက်တဲ့သူပါဗျ။
ငယ်စဉ်က အုတ်ကျင်းမှာနေပြီး အုတ်ကျင်းဘူတာကနေ ဘုရားလမ်းဘူတာထိ မြို့ပတ်ရထားစီး ကာ ကျောင်းတက်ခဲ့လို့ ကျွန်တော်တို့က လှည်းတန်းဘူတာကနေ တက်မှာမို့ ရထား နေရာအမြဲ ဦးခဲ့ပေးတဲ့ သူငယ်ချင်းပေါ့။ ကျဆုံးတဲ့အချိန်မှာတော့ သူ့ အသုဘအိမ်မှာ ရွက်ဖျဉ်တဲထိုးခွင့်မရှိ လူများစွာစုရုံးခွင့်မရှိစသည်ဖြင့် နာရေးကျင်းပသွားခဲ့ရတဲ့ အိမ်ပေါ့ဗျာ။
San Hla Gyi
July 27, 2013 at 5:43 pm
ခေါင်းစဉ်ကလေးက တော်တော်ကို ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ တခေတ်က မြန်မာပြည်မှာ အတော်လေး နာမည်ကြီးခဲ့ဖူးတဲ့ တက္ကသိုလ်ကြီး အကြောင်းကိုး။ အဲဒီကျောင်းထွက်တွေတော့ အတော်လေး ဝမ်းသာအားရ ဖြစ်ကြမှာပဲ။ ကျနော် ကြားဖူးတာက ဦးသန့် အရေးအခင်းကတည်းက ဒီမိုကရေစီ တော်လှန်ရေးကို စက်မှုတက္ကသိုလ်က ဦးဆောင်လိုက်တယ်ဆိုပဲ။ အရင်တုန်းကတော့ ရန်ကုန်တက္ကသိုလ်က ဦးဆောင်ခဲ့တယ်တဲ့။ ဖြစ်လည်း ဖြစ်နိုင်ပေတာပဲ။ ဘာလို့လည်းဆိုတော့ အဲဒီကျောင်းထွက်တွေက မြန်မာပြည် အနေနဲ့ဆိုရင် ထိပ်တန်းတော်တဲ့လူတွေလို့ သတ်မှတ်လို့ ရပေတာကိုး။ ကျောင်းကြီးထဲကို ဝင်လိုက်တာနဲ့လည်း ကျောင်းဝင်းကြီးက စိတ်ကြီးဝင်ရလောက်အောင် ခမ်းနားတာပဲကိုး။ တကယ်တော့လည်း တက္ကသိုလ်ဆိုတာ စာသင်ရုံတင် မဟုတ်ပဲ ကျောင်းသားတွေကို မိတ္တဗလတိုးအောင်ရော လူငယ်ဘဝရဲ့ အမှတ်ရစရာ မှတ်တိုင်ဖြစ်ရလေအောင်ရော ဖြစ်သင့်တာပဲ။ တက္ကသိုလ်က သူငယ်ချင်းတွေဆိုတာ နောက်ပိုင်း ဘဝလမ်းကြောင်းပါ တူတတ်ကြတော့ တကယ့်ကို နောက်ပိုင်းမှာ ဘဝတလျှောက်လုံး တွေ့ရတဲ့ သူငယ်ချင်းတွေ ဖြစ်သွားတတ်တာပဲ။
နောက်တော့လည်း စစ်အစိုးရက အငြိုးနဲ့ကို တိုင်းပြည်မျက်နှာ မကြည့်ပဲ ဖျက်ဆီးလိုက်တော့တာပဲ။ တော်တော့်ကို ဆိုးတဲ့လူတွေ။ ဆိုးတဲ့နေရာမှာတော့ ဘယ်သူမှ မမှီဘူး။
စကားမစပ် အဲဒီကျောင်းက ကျောင်းသားတွေက ဖဲရိုက်တာတော်တယ် ကြားဖူးတယ်။ နောက်ပြီးတော့ နာမည်ပြောင် မုဆိုးဖိုရွာလို့ ခေါ်တယ်လို့ ကြားဖူးတယ်။ ယောကျာင်္းလေးတွေများပြီး ကျောင်းသူ မိန်းကလေးတွေက သိပ်မလှကြဘူးတဲ့။ ကြားဖူးတာ ပြောတာပါ။ ကျောင်းသူတွေ ဖတ်မိရင် စိတ်မရှိပါနဲ့ ဟီး ဟီး။
Ma Ma
July 27, 2013 at 6:22 pm
👿
KZ
July 27, 2013 at 6:34 pm
👿 👿 👿
.
.
.
.
.
(ခွိခွိခွိ :-D)
အရီးခင်လတ်
July 28, 2013 at 1:38 am
ဒါဆို ကေဇီလေး က မမ၊ ဝေဝေ တို့ ရဲ့ ဂျူနီယာ လေးပေါ့။
မသိခဲ့ပါလား။
အားကျရတဲ့ မိန်းမတစ်ယောက် တိုးပြန်ပေါ့။
ကိုစံလှကြီးရယ်
RIT ကျောင်းထွက် မိန်းမ တစ်ယောက် မော်ဒယ် မိခင်ကြီး ဖြစ်လို့။
အခု ထိ မော်ဒယ် လုပ်နေတုန်း လေရှင့်။
😛
KZ
July 28, 2013 at 6:02 am
MIT Last Batch ပါ အရီးရေ။
ပြီးတော့ ၁ဝတန်း မှ အမှတ် နဲ့ ခွဲတဲ့ regular တန်းတွေ ဖျက်သိမ်းပလိုုက်တာပါ။ 🙁
အလင်း ဆက်
July 27, 2013 at 7:37 pm
စာသား အပြင်းစားတွေ ပါလားးး
good
TNA
July 27, 2013 at 7:38 pm
၉၆ အရေးအခင်းမှာ YIT ဆိုတဲ့ကျောင်းတော်ကြီးအပြီးအပိုင်တံခါးပိတ်သွားတာတော့မှတ်မှတ်ယယ ရှိ နေပါတယ်။ ကိုယ်ကိုတိုင်ပါဝင်ပါတ်သက်ခဲ့ဖူးတဲ့ပွဲမို့ တသက်မမေ့တော့ပါဘူး။
padonmar
July 27, 2013 at 8:50 pm
ဆေးကျောင်းသားတွေက စာဂျိုးတွေဆိုတော့ ကိုယ့်ကျောင်းပျက်မှာ အများစုက အင်မတန်ကြောက်ကြပါတယ်။
ဒါ့ကြောင့် ဘယ်တော့မဆို တော်လှန်မယ်ဆိုရင် ဆေးကျောင်းက အစပိုင်းပါလေ့မရှိပါဘူး။
RIT ကတော့ ယောကျင်္ားလေးများတဲ့ ကျောင်းဆိုတော့ သူတို့က ဦးဆောင်လေ့ရှိပါတယ်။
ဒါကြောင့် ကျောင်းသားစိတ်ဓာတ်ကို RIT စိတ်ဓာတ်လို့ ပြောတာ မငြင်းချင်ပါဘူး။
ဒါပေမယ့် တကယ့် အရေးကျရင် ဘယ်ကျောင်းကမဆို ကျောင်းသားတော်တော်များများဟာ
မတရားတာကို တိုက်ဖျက်ချင်တဲ့ ကျောင်းသားစိတ်နဲ့ လက်တွဲခဲ့ကြတယ်ဆိုတာလေးတော ့ မှတ်တမ်းတင်စေချင်ပါတယ်။
အဲဒီ မတရားတာကို တိုက်ဖျက်ရမယ့်အစား အခွင့်ထူးရအောင် ငါးသလောက်ပေါင်းစားတတ်တဲ့ အကျင့်တွေကို သူငယ်တန်းကလေးတွေက အစ သင်ပေးလိုက်တာကတော့ ? Continuous Assessment Education လို့ထင်ပါတယ်၊ကျောင်းတွင်းမှာ စဉ်ဆက်မပြတ် အကဲခတ် ဆိုပြီး အတန်းပိုင် ဆရာမတွေ လက်ထဲ စာမေးပွဲမပါ ကြိုက်သလို လုပ်ခွင့် ပေးလိုက်တာက စခဲ့ပါတယ်။ပျက်စေသတည်းပါပဲ။
uncle gyi
July 28, 2013 at 12:06 am
မှန်လိုက်လေဒီယားရေ
ကျောင်းသာကြောက်လို့ကျောင်းတွေအစိတ်စိတ်အမွှာအမွှာ
ခွဲလိုက်တာ
တရုတ်ပြည်ဖရဲသီးစိတ်တာကျနေတာပဲ
ပညာရေးလည်းသွားရောမြောင်းထဲ
johnnydeer
July 28, 2013 at 5:41 am
အခုတလော မအားတာနဲ့ စာတပုဒ်ရေးပြီးတိုင်း ကောမန့်တွေကို ဦးဆောင်မဆွေးနွေးပေးနိုင်ခဲ့တာ ကိုတော့ ခွင့်လွှတ်ကြပါ…ကိုးနတ်ရှင်ကလဲ ဆိုးမှဆိုးကိုး…ဒါပေမယ့် ကောမန့်တိုင်းတော့ သေချာ ဖတ်ဖြစ်ပါတယ်…နှစ်ပေါင်းနှစ်ဆယ် ပက်ပက်စက်စက် ယုတ်မာခဲ့ကြတဲ့ စစ်အာဏာရှင်တွေကို ပုံသဏန် အမျိုးမျိုးနဲ့ တော်လှန်ခဲ့ကြရင်း ဘဝတွေ အသက်တွေ စတေးခဲ့ကြရှာတဲ့ ကျောင်းသားတွေအတွက် ဒီစာကို ရေးလိုက်တာပါ…RIT ရယ်မှ မဟုတ်ပါဘူး…အဓိကကတော့ ကျောင်းသားအရွယ်တွေရဲ့ လူငယ်ပီပီ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရဲတဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုလိုက်တာပါ…အသက်အရွယ်ကလေး ရလာတော့ ကိုယ်မှန်တယ်ထင်တာ ငယ်ငယ်တုန်းကလိုတော့ မလုပ်ဖြစ်တော့ဘူး…ဟိုဟာထောက်ထားရ…ဒီဟာလေးငဲ့ကြည့်ရနဲ့ ကိုး…ပြန်မရတော့တဲ့ ငယ်ဘဝလေးလဲ လွမ်းတော့ လွမ်းမိသား…
kyeemite
July 29, 2013 at 9:30 am
လွမ်းသဗျာ..
😥
၂၀၁၂ ဒီဇင်ဘာ၃ဝရက်နေ့ကကျင်းပခဲ့တဲ့ နှစ်ပေါင်းစုံ
ဘာသာရပ်ပေါင်းစုံ ပွဲကြီး ကိုကျောင်းတော်ကြီးမှာပြန်လည်ကျင်းပနိုင်ခဲ့တာတော့
ပျော်စရာကြီးပါဗျာ…