Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း ( ဩဂတ်စ် ၂၀၁၃)

kaiAugust 16, 20131min77714
Illustration Based On Liberty Leading the People (July 28, 1830) by Eugène DELACROIX

ဒိဗ္ဗစက္ခု/သောတရပြီ

ရှေးအသိ၊အတွေး၊အရေးတို့တိုက်စားခံ၍ ယိုင်နဲ့ကြပါလေပြီ၊

လူတို့သည်စမတ်ဖုံး(Smart Phone)များဖြင့်ဒိဗ္ဗစက္ခုရသည့်အလား ကမ္ဘာ့တလွှားသိလိုသိချင်သည်တို့မြင်နိုင်ပြီ။ ဒိဗ္ဗသောတဖြင့် မိုင်ထောင်သောင်ချီကမ္ဘာတလွှား နာကြား စကားပြောနိုင်ပြီ။
နည်းပညာအစွမ်းဖြင့်ဣဒိ္ဓသိဒ္ဓိရသည့်အလား လကမ္ဘာကျော်၍ အင်္ဂါဂြိုလ်လည်း ဆွတ်ကြည့်ကြပြီ။
စင်္ကြဝဌာထဲတွင် စိန်သားအတိဖြင့် ဖြစ်တည်သည့် ဂြိုလ်ရှိကြောင်း ကမ္ဘာတူဂြိုလ်ပြာများလည်းရှိကြောင်း  ကြယ်စင်၂လုံးထိခိုက်တိုက်တွေ့မှုမှ ရွှေစင်အတိဖြစ်လာကြောင်းတို့ သက်သေပြပြောနိုင်လာကြ၏။
လူသတ္တဝါမည်ပုံဖြစ်လာသနည်း မြေကမ္ဘာအဘယ်သို့ဖြစ်နေသနည်း၊ ဦးနှောက်မည်သို့ တွေးခေါ်စဉ်းစားသနည်း.. စသည်စသည်တို့ အားပို၍တိုး၍သာ အမှန်အတိုင်းသိလာကြသည့်ခေတ်သို့ရောက်နေပါလေသည်။

သိပ္ပံနှင့်နည်းပညာသည် တိုးတက်ယုံမက နေ့စဉ်လူနေမှုဘဝတို့ကိုလည်း တွန်းတိုက်၍ ပြုပြင်ပေးသည်။
လက်ကိုင်ဖုံး အိုင်ပက် တက်ဘလက်နှင့် အင်တာနက်စာမျက်နှာများသည် လူတို့၏ပုံမှန်အသိအတွေ့အတွေးအခေါ်တို့ကို အရှိန်ဖြင့်အချိန်တိုင်းပြောင်းနေစေပါသည်။ လောကကြီးကို ဝတ်လစ်စလစ်မြင်သွားစေပါသည်။

မှိုင်းမိမှုမှ လွတ်မြောက်ခြင်း

မကြာမှီဆယ်စုနှစ်တို့တွင် လူသားတို့ အင်္ဂါဂြိုလ်တက်ကြဦးမည်၊
အာတိတ်ရေခဲထုကိုထွင်းဖေါက်၍ ပင်လယ် သွားလမ်းဆောက်ကြမည်၊
လူ့ဦးခေါင်းကိုဖြတ်တေ့ဆက်ချုပ်ခြင်းပြုကြမည်။ လူတူမျိုးပွားထုတ်ကြမည်။

ချုံ၍ပြောရပါသော်…
ကိုးကွယ်ယုံကြည်ထားကြရာ ဘာသာတရားကြီးတို့၏ (ကြောက်ရွံ့ခြင်းအားဖြင့်)လူသားတို့အားလွှမ်းမိုးချုပ်နှောင်ထားသော အသိနှင့်တရားတို့ခမြာ များစွာခြိမ်းခြောက်ခံနေရပြီဖြစ်ပါသတည်း။
ဤတွင် သမ္မာကျမ်းလာ စာကိုကိုးကားလို၏။
John 8:32 “Then you will know the truth, and the truth will set you free.”

ယူအက်စ်တွင် လိင်တူများကိုတရားဝင်လက်ထပ်ခွင့်ပြုလာကြပါသည်။
လွတ်လပ်စွာသေနတ်ကိုင်ထားခွင့်ကို ထိမ်းချုပ်လာကြသည်။
တိုင်းပြည်တွင်းတရားမဝင် နေသူ/ခိုးဝင်လာသူများအား တရားဝင်ပြုကြရန် ကြိုးစားလာကြသည်။ နှစ်ရာချီနွှဲနေသော လူသားနှင့်မူယစ်ဆေးဝါးစစ်ပွဲကို ရပ်တန့်မည့် အစပထမခြေလှမ်းအဖြစ် ဆေးခြောက်ကို တရားဝင်ပေးသုံးလာ၏။
ကမ္ဘာပို၍ပူနွေးလာသည်ကိုလက်ခံလာကြပေသည်။ ပျော်ကျလာသောရေခဲတောင်များကြောင့် မြင့်တက်လာသောပင်လယ်ရေပြင်အတွက် ပြင်ဆင်ကြလေပြီ။ လူတို့စွမ်းအားဖြင့် ပင်လယ်ရေမြင့်လာမှုတားကာမည်။ ရေချိုရေသန့်များ မြစ်တို့မှတဆင့် ပင်လယ်တွင်းစီးဆင်းဆုံးရှုံးသွားမှုလျှော့နည်းအောင် ရေလှောင်ကန်တမံများဆောက်မည်။
တောင်တို့ဖြိုမည်။ လမ်းတို့ဖောက်မည်။ ကမ္ဘာမြေကိုအန္တရာယ်ပေးနိုင်သော ဥက္ကာပျံတို့ကိုလည်း ကာကွယ်မည့်အစီအမံများပြင်ကြလေပြီ။
ရှေးရိုးစွဲကာ မူလယဉ်ကျေးမှု ဓလေ့ဖက်တွယ်ထားသူ “လက်ဟောင်းအတွေးအခေါ်ထားသူ”တို့ စိတ်ဓါတ်လျှော့ပြတ်ကျဆင်းလာချိန်ဟုဆိုချင်ပါသည်။

တောင်းပန်ကျေအေး

မြန်မာပြည်တွင်ကား ဘာသာရေးအင်အားစုတို့က နိုင်ငံရေးအားလွှမ်းမိုးရန်အားထုတ်သမှုပြုလာနေလေသည်။
လူအုပ်စုဖွဲ့အနိုင်ကျင့်ခြင်းများ ရုတ်တရက်တိုး၍ဖြစ်လာသည်။ ပါတီအစုအဖွဲ့တို့တွင် အက်ကြောင်းသံများ “ဂျစ်ဂျစ်ကျ”ထွက်လာသည်။
ကျား/မခွဲခြားမှု၊ လိင်တူနှိမ့်ချမှုတို့ပြင်းထန်လာသည်။ ဘာသာရေးလူမျိုးရေးအသားအရောင်ခွဲခြားဆက်ဆံမှုတို့သိသာလာသည်။
ဒီမိုကရေစီစနစ်အရသာကိုမြည်းစမ်းကြရင်း ဆန္ဒတို့ပြကြပါသည်။ အုပ်စုတို့ဖွဲ့သည်။ သူတပါးပြည်နယ်အချုပ်အခြာအာဏာတို့ကို ထိပါးသည်။ ပုဂ္ဂလိကတပါးသူအခွင့်အရေးတို့ကိုနင်းစားသည်။
အာဏာသည်သေနတ်ပြောင်းကလာသည်ဆိုသူကဆိုသည်။ တပ်ဖြင့်အာဏာသိမ်းခဲ့/ထားသူများကိုဆန့်ကျင်ရန် အဆိုပါတပ်ဖြင့်ပင်ပူးပေါင်း၍အာဏာဆွဲယူမည်လုပ်သူကလုပ်သည်။

မြန်မာတို့၏ “၈-၄လုံး”ငွေရတုနှစ်လည်လည်းလည်ခဲ့လေပြီ။ အောင်မြင်ခဲ့သလော ကျဆုံးခဲ့သလော အရင်းရသလောအမြတ်ကျန်သလောပြန်သုံးသတ်ရန်ရှိသည်။
အချိန်မသင့်သေးဟုလည်းဆိုချင်ဆိုနိုင်မည်။
သို့သော် ကျခဲ့သောအသက်တို့ ဘုံမကျွတ်သေး။ ကြွေခဲ့သူတို့ မတင့်နိုင်သေးပေ။
ကမ္ဘာတန်း နိုင်ငံရေးတွင် ဒဏ်ခံရသည်ရှိ၏၊ ငြိမ်းချမ်းရေးယူသည်ရှိသည်။ ဆုံးမအပြစ်ပေးခြင်းလည်းရှိပါ၏။
တောင်းပန်ခြင်းလည်းရှိသဖြင့် ကြေအေးခြင်းလည်းပြုရပါပေသည်။
တောင်းပန်ကြေအေးမပြုဖြစ်လျှင်မူကား နောင်တချိန်တွင် အလားတူဖြစ်ရပ်မျိုး ဆက်ဖြစ်/ဆက်လုပ်နိုင်ခြင်းများအတွက် သော့ခတ်ပိတ်စို့တားဆီးထားခြင်းသဘောမမည်နိုင်ပေ။
တပ်မတော်ခေါင်းဆောင်နှင့်တာဝန်ရှိလူကြီးမင်းများမှမိမိပြုခဲ့ သိခဲ့ အမိန့်ပေးခဲ့သည်များကို လူထုသိအောင်ဖွင့်ဟအသိပေးရမည်။ အမှားရှိကနားလည်ခွင့်လွှတ်မှုကိုတောင်းခံ/တောင်းပန်ကြရပါမည်။
နစ်နာခဲ့သူများအား အသိအမှတ်ပြုရမည်။ လျှော်ကြေးပေးရမည်။ လူထုနှင့်နစ်နာခဲ့သူများမှလည်း ကျေအေးရင်း “ထိုသို့နောင်မဖြစ်အောင်” အကာအကွယ်အစီအမံဥပဒေများ ပူးပေါင်းပြုစုကြရပါမည်။
ဆိုရေးရှိ၍ဆိုရသော် “တောင်းပန်ကျေအေး”ပြုခြင်းအမှုကို ဗမာနှင့်တိုင်းရင်းသားများအကြားတွင်လည်း အပြန်အလှန်ပြုသင့်လှသည်။ ကျေးဇူးတော်နေ့နှစ်စဉ်ကျင်းပသင့်သည်။သို့မှသာ မတူသူများ၏ညီညွတ်သည့် ပြည်ထောင်စုစစ်စစ်မြင်ရနိုင်ကိန်းရှိလေသည်။

ရောသမ ဝါယမ

မြန်မာ့သမိုင်းပြန်လှန်သည်တွင် ဘာသာရေးနှင့်နိုင်ငံရေးရောသမမွှေအသွင်ဆောင်ခဲ့သည်များတွေ့ရသည်။
မင်းအနော်ရထာသည် အရည်းကြီးရဟန်းတို့ကို့ စစ်သားအသွင်ပြောင်းကာ ထိုအင်အားကြီးဖြင့်ပထမမြန်မာအင်ပါယာတိုက်ပြီးထောင်ခဲ့သည်။
မင်းတုန်းမင်းသည် မင်းဆရာတော်၏ သဘောတော်ဆန္ဒအတိုင်း ကနောင်မင်းသား၏ရေမြုတ်ဗုံးစမ်းသတ်မှုကိုရပ်ပစ်ခဲ့သည်။
လယ်တီဆရာတော်ကြီးသည် မြန်မာတို့နွားသားမစားကြပါရန်တောင်းဆိုစေ့စော်ခဲ့၍ဦးနုက နွားသားအား “တိုးတိုးသား”ဖြစ်သည်အထိ တိုးတိတ်မှောင်ခိုဖြစ်လောက်အောင်ပင် ဥပဒေအဖြစ်ပြုပေးခဲ့သည်။
ယခုအမျိုးစောင့်ဥပဒေဖြင့် လွှတ်တော်၏ဥပဒေပြုအာဏာကို မသိသာထိုးဆွဲလွှဲယူနေသည်ဟုဆိုချင်ပါသည်။
မှန်သလောမှားသလော လာမည့်သမိုင်းကပြောပြပေလိမ့်မည်။
မြန်မာပြည်တွင် ဘုန်းတော်ကြီးနှင့်ဘုန်းကြီးကျောင်းမှီခိုထားနေသူဦးရေ ၁သန်းမကရှိမည် ခန့်မှန်းနိုင်ပေရာ ထိုအမြုတေအင်အားမှာ လူထုအများစုသဘောထင်ဟတ်သည်ဆိုပါလျှင် “ဒို့အရေးအဖြစ်”ဆက်သွားကြယုံသာရှိပါသည်။
ဒီမိုကရေစီစနစ်တွင် စုပေါင်းတာဝန်ခံ၍အများသဘောယူကာ အုပ်ချုပ်စီမံ ကြရသည်မဟုတ်ပါလော။

ယူအက်စ်သမ္မတ လင်ကွန်း၏ စကားတခုချရေးလိုပါသည်။
“Government of the people, by the people, for the people, shall not perish from the earth.” (U.S. President Abraham Lincoln)

တန်ရာ့တန်ရာသာ

မြန်မာ-အမေရိကန်အနေဖြင့် ယူအက်စ်တွင် နေ၍ ကျန်ရစ်သော အဖမြန်ပြည်သို့ လှမ်းပြောစကား အပြားအထူးမရှိသမိုင်းကျော်စကားတခွန်းကိုသာကိုးကားပြရန်ရှိသည်။
“In a democracy, people get the government they deserve.”(Alexis de Toqueville) ဖြစ်ပါသတည်း။   ။

14 comments

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 11:26 am

    ကျန်ဒါဒေါ့ ပေါစရာ မချိဘာဘူး ..
    ဒီအတိုင်းဂျီးသာဆို …
    ဇော်ဂျီမှာ .. ဝလုံး နဲ့ သုည ကို မကွဲပြားသေးဘူး …

  • မင်းခန့်ကျော်

    August 16, 2013 at 11:42 am

    သူကြီးတော့ ဘာသာရေးစကားတွေကို

    နိုင်ငံရေးထဲ ဆွဲ ထည့်နေပြန်ပါပြီ ဟု

    မှတ်ချက်ပြုလိုပါသည်။

    ကိုးကွယ်ယုံကြည်ထားကြရာ ဘာသာတရားကြီးတို့၏ (ကြောက်ရွံ့ခြင်းအားဖြင့်)လူသားတို့အားလွှမ်းမိုးချုပ်နှောင်ထားသော အသိနှင့်တရားတို့ခမြာ များစွာခြိမ်းခြောက်ခံနေရပြီဖြစ်ပါသတည်း။
    ဤတွင် သမ္မာကျမ်းလာ စာကိုကိုးကားလို၏။
    John 8:32 “Then you will know the truth, and the truth will set you free.”

    လောကီးရေးနှင့်မဆိုင်ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 16, 2013 at 3:56 pm

    ပြောရရင် ဒိဗ္ဗစက္ခု ဆိုတာကို
    ဂြိုလ်တုဆက်သွယ်ရေးကိုကြည့်ပြီး သိတာနဲ့ အဓိပ္ပါယ်တူအောင်ဖွင့်ထားလေတော့
    မှားတယ်ပြောဘို့က ကိုယ်တိုင်လည်းသေခြာမသိတော့ ဂွတော့အကြသာ
    ရုပ်ဝတ္ထုပစ္စည်းတွေကို ကိလေသာအာရုံနဲ့ ခံစားနိုင်မှု့ကို
    သတ္တဝါတွေရဲ့ ပြည့်စုံခြင်းလို့လည်း ဆိုတဲ့သဘောကစောင်နေပြန်သေးတယ်
    သတ္တဝါရဲ့သဘောထဲ ခန္ဓာဝန်ပေါ်မှာ သင်္ခ ါရမရှု့နိုင်သေးသ၍တော့
    ရုပ်ဝတ္တုက အမှန်လို့ဆိုတာ မှားတယ်လို့ပြောဘို့တော့ ခပ်ခက်ခက်
    ရုပ်ဝတ္ထုကို အမှန်လို့ ယူတဲ့ဘယ်သတ္တဝါက အမှားကိုဝန်ချမှာလည်း
    အမေရိဂန်တွေတောင်းဘန်တယ်ဘါဒယ်ပြောပေမယ့် အဲ့သည်တောင်းပန်မှု့တွေဟာ
    အတုအယောင်တွဆိုတာ လောကုတ္တရာသမားတွေဘဲသိနိုင်မယ်ထင်တယ်
    ဆိုလိုတာက
    တောင်းသာပန်တာ ရုတ်ရုတ်လုပ်လို့ကတော့ အချခံရမယ်ဆိုတဲ့
    ပုံစံတွေ ကောက်ကျစ်ထားတာတွေက ဘယ်လိုမှ ဖျောက်လို့မရဘူး

    • ဦးကြောင်ကြီး

      August 17, 2013 at 9:28 am

      အရက်မှုးလို့ ကပု အာသွက်လျှာသွက် ဆိုတဲ့စကား ထောက်ခံလိုက်မယ်… မြတ်စွာဘုရားက အာရုံငါးပါး အဟုတ်မထင် မကပ်ငြိနဲ့တဲ့… သဂျီးကတော့ အဲဒီအာရုံတွေ အမှန်ဆိုဗဲ…… သဂျီးရေ စမဖုံးတွေ ဘယ်လောက်ကောင်းကောင်း ဘတ္ထရီဒေါင်းရင် အလဂါး သုံးစားမရဘူး… တနေ့ကတော့ အင်တာနက်မှာ ဖတ်ရတယ်… အမေရိကန် လေယဉ်တင်သင်္ဘောမှာ တပ်ထားတဲ့ နြူကလီးယားလောင်စာက အနှစ်၂ဝကြာပီ.. လဲဖို့မလိုသေးပေမဲ့ ပတ်ဝန်းကျင် သိပ်ညစ်ညမ်းစေသဗျ…။ သဂျီးကတ်မှာဆိုလို့ ကြိုပြောထားတာ..

    • kai

      August 17, 2013 at 5:00 pm

      ဒိဗ္ဗဆိုတာက… နတ်ကိုခေါ်တာပါကွယ်…
      စက္ခု ဆိုတာက.. မျက်စိပေါ့…
      ဒိဗ္ဗစက္ခု ဆိုတာ… နတ်မျက်စိပေါ့…

      နတ်တွေက.. ကိလေသာတွေထူသမှ… နတ်သားဆို.. နတ်သမီးရာချီနဲ့ကဲတာ… တဲ့..
      မာရ်နတ်ဆိုတဲ့.. နတ်ဘုံထိပ်ကအကောင်နဲ့.. သူ့အောက်ထပ်နေတဲ့အကောင်.. မာဃ(ရွာထဲကမာဃမဟုတ်) … သတ်ကြစစ်ဖြစ်ကြတာလည်း.. ခဏခဏပါတဲ့..
      ဒါတောင်.. ကိုမာဃ(သိကြားမင်း)က.. ဘာတဲ့.. သောတာပန်လို့ဆိုတာပဲ…။

      ကွိ… :mrgreen:

  • မောင် ပေ

    August 16, 2013 at 7:34 pm

    တန်ရာ့တန်ရာ သာ လို ့ရေးမယ့်အစား
    ကိုယ်စိုက်ပျိုးတဲ့ အပင်ကို ကိုယ်ရိတ်သိမ်းရမယ်လို ့ရေးစေချင်ပါတယ် ။

  • Mr. MarGa

    August 16, 2013 at 7:51 pm

    ကိုပေ ပြောသလိုပါပဲ
    ဒီစနစ်နဲ့ မထိုက်တန်ပေမင့် ဒီစနစ်အောက်မှာ ရှိနေရတဲ့ လူတွေလဲ ရှိသကိုး
    ဒါကြောင့်
    တန်ရာတန်ရာ ဆိုတာထက်
    ကိုယ်စိုက်ပျိုးတဲ့အပင် ကိုယ်ရိတ်သိမ်းရမယ် ဆိုတာက ပို သင့်တော်မယ်လို့ ယူဆမိတယ်

  • Min Zarni

    August 23, 2013 at 8:06 am

    ယခုလအတွက် အကြိုက်ဆုံး ပြက်လုံး။

    ဤကားသည် ကုလ၏ အရိပ်အာဝါသ အောက်တွင် ရှိပါသောကြောင့် လူ၂၀ဝ ဝိုင်းဘုလည်း ဘာမှ မဖြစ်ပေ..။
    (ကွင်တားနား)

    • kai

      August 27, 2013 at 2:29 pm

      အရင်စစ်အစိုးရမှာ. .အင်တာနက်တခွင်ပြဲစင်အောင်သွားပြီး.. စိတ်ဓါတ်စစ်ဆင်ရေးဌာန.. ရည်မှန်းချက်အကောင်အထည်ဖေါ်..လိုက်ဖွဆွရေးသူတွေရှိတယ်လို့.. ထင်တယ်..။
      အခုလိုခေတ်မှာ.. အဲဒီလိုလူတွေကို… မြန်မာပြည်တိုးရစ်ဇင်ပရိုမိုးရှင်းလုပ်ရာမှာ… ထုတ်သုံးသင့်တယ်လို့.. အကြံပေးလိုကြောင်း…။ :mrgreen:

      • Min Zarni

        August 27, 2013 at 3:10 pm

        ရှင်ရဲဖွတ် တို့ တသိုက်များ အားကိုးလို့ …
        သူရို့မယ် ဟိုအဘိုးကြီး လော်ဘီလုပ် ဒီအဘွားကြီး ကိုထရိုးလ် လုပ်နဲ့ အားတာမဟုတ်ဝူး….

        http://www.amazon.com/Marketing-Hospitality-Tourism-5th-Edition/dp/0135045592

        အဲ့ဒါယီး နဲ့ သမရင် ကိစ္စပြတ်ပါကြောင်း…

  • အရီးခင်

    August 27, 2013 at 3:49 pm

    မသိလို့ မေးပါရစေ။
    အခုမှ တွေ့လို့။
    မြန်မာပြည် ၈၈၈၈ အတွက် Illustration ကို ကိုယ့်ဟာနဲ့ ကို မဆွဲ ဘဲ ဘာလို့ သူများ ပုံ ကို ယူသုံးခဲ့တာလဲ မသိ။
    အကြောင်းရှိရင် ရှင်းပြပါလား။
    ကြည့်ရတာ တစ်ခုခု ဟန်ချက်မညီ သလိုဘဲ။

    • kai

      August 27, 2013 at 3:58 pm

      လေဘာတီက .. တော်လှန်ရေးအားလုံးရဲ့.. နတ်ဘုရားမပါလို့.. တင်စားချင်တာပါ..။
      နတ်ဘုရားနဲ့တွဲပြီး.. ၈-၄လုံးတော်လှန်ရေးရဲ့ မြင့်မြတ်မှုကို မြှင့်လိုက်တယ်ပေါ့…။
      ဆိုတော့..
      တပြိုင်ထဲ.. ရှေးစွန်းစွဲသူတွေကိုပါ.. ချွတ်ချလိုက်တယ်.. :mrgreen:

      အမေရိကားပြည်ထောင်စုထောင်တော့.. ပြင်သစ်ကလေဘာတီရုပ်ထုပေးတယ်..

      The Statue of Liberty (Liberty Enlightening the World; French: La Liberté éclairant le monde) , was a gift to the United States from the people of France.

      အခုမြန်မာပြည်ကို.. ဘယ်သူမှမပေးတော့.. ကိုယ့်ဖာကိုယ် လုပြီးဆွဲယူတယ်.. :mrgreen:

  • Ma Ma

    August 28, 2013 at 7:31 am

    ရေးတောင့်ရေးခဲ သဂျီးရဲ့စာထဲမှာ ဒီကလူတွေကို ပေးချင်တဲ့ မတ်စိတွေ အများကြီး တွေ့နေရတယ်။

    ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းအသုံးချမှုတွေ ရှိခဲ့/နေတာ မှန်ပေမယ့် တကယ့်အစစ်အမှန် ဘာသာတရားကို သိ/ကျင့်/လိုက်နာကြရင် အေးချမ်းဖို့အတွက် တိုးတက်ဖို့အတွက်ပဲ ဖြစ်မှာပါ။

    အောက်ထစ်ဆုံးအနေနဲ့ ……………
    လိမ်ညာတာကို အလွယ်တကူ ပေ့ါပေ့ါပါးပါး ထမင်းစားရေသောက် လုပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ငါးပါးသီလမလုံသေးတောင် မုသာဝါဒကံကို စောင့်ထိန်းတဲ့ တကယ့် ဗုဒ္ဓဘာသာဝင်တွေဖြစ်အောင် လုပ်နိုင်ရင် တိုင်းပြည်တိုးတက်ဖို့ ဖြစ်လာမှာပါ။

Leave a Reply