“မွန်းကျပ်နေတဲ့ မြို့”

ကောင်းကင်ကို လှမ်းထိတော့မယောင် အဆောက်အဦး ရှည်ရှည်တွေနဲ့
မီးရောင်ထိန်ထိန် လင်း နေတဲ့ မြို့
သဘာဝမဟုတ်တဲ့ သဘာဝအယောင်ဆောင် အလှအပတွေနဲ့
ခေတ်ရှေ့က ပြေးနေတဲ့ မြို့
တိုနံ့နံ့ စကပ်တွေကြားက ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်နဲ့
အပြုံးအရယ်ကင်းတဲ့ လူသားတွေ ဖုံးလွှမ်းထားတဲ့ မြို့
ဆောင်းဘောက်ထဲက ပျံ့လွှင့်လာတဲ့ တေးသံကြား
နေပူကျဲကျဲ က ပြ ဖျော်ဖြေနေတဲ့ အဖိုးအိုအတွက် တစ်ကျပ်ပြား ငါးဆယ်
စွန့်ကျဲဖို့အတွက်မှ အချိန်မပေးနိုင်တဲ့ ခြေလှမ်းသုတ်သုတ်တွေကြားက
လူကုံတံတွေအများဆုံးနေထိုင်တဲ့ မြို့
အပြုံးတုနဲ့မျက်နှာဖုံးလွှာအောက်က ရက်စက်တဲ့မျက်ဝန်းပိုင်ဆိုင်တဲ့
နှလုံးသား အတုနဲ့ လူသားတွေ အများဆုံးရှိတဲ့ မြို့
ခြေတစ်ဖက်စာ နေရာတစ်ခုအတွက် အချင်းချင်း ကန်ချဖို့ ဝန်မလေးတဲ့
ပညာတတ်တွေ ပေါများတဲ့မြို့ …..
ဒီလို မွန်းကျပ်တဲ့ မြို့တစ်မြို့ ကို
ငါ မွန်းကျပ်စွာနဲ့ ဖက်တွယ်နေရဆဲပဲ ….

18 comments

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 8:49 am

    ဇလားဘီးယားကို လူစားတဲ့မြက် ထည့်လို့
    ရုပ်တည်နဲ့ ကင်တဲ့ မြို့…

    သဘာဝမဟုတ် ဆိုးဆေးပါတဲ့ အချဉ်ရည် ဆမ်းထားတဲ့
    ကော်ပြန့်စိမ်းက ထူးထူးကဲကဲ အရသာရှိလွန်းလို့ သေဖို့အတွက်တန်းစီဇယားမှာတောင်
    ပျော်ပျော်ကြီး ရှေ့က ပြေးနေတဲ့ မြို့

    တိုနံ့နံ့ စကပ်တွေ ဝက်သားဒုတ်ထိုးဆိုင်ထိုင်တိုင်း
    ကျနော့်နှလုံးခုန်သံ 120 bpm က မဆင်းအောင် စွဲဆောင်မှုတွေ ဖုံးလွှမ်းထားတဲ့ မြို့

    ၁၉လမ်းထဲက ဂီတာဆြာရဲ့ လက်သံကို ရုံးပတီသီးနဲ့ မြည်းလို့
    ပုခုံးဖက် ညီအစ်ကိုလိုနေရချိန်တွေ ခနလေးနဲ့ကုန်ပြီး
    ခြေလှမ်းသုတ်သုတ်လှမ်းလို့ ဘဝဟဲ့ ဘဝဟဲ့ လို့ အော်နေသူတွေ
    အများဆုံးနေထိုင်တဲ့ မြို့

    ရလွှာပေါက်စီကို ကျဆိမ့် တခွက် လန်ဒန် တယှက်နဲ့ မြည်းတဲ့
    စကားကြီးစကားကျယ်ပြောသူ သေဂျင်းဇိမ်းတွေ ပြည့်နေတဲ့ မြို့

    မျက်နှာဖုံးမှာ နေရာရမဟဲ့ ဆိုတာနဲ့ ဒါ့ပုံဆြာကို – င်ကောက်ပြဖို့ လေမထိတဲ့အသားတွေ ဖော်ဖို့ ဝန်မလေးတဲ့
    မော်ဒယ်မဒွေ ပေါများတဲ့မြို့..

    ဒီလို မွန်းကျပ်တဲ့ မြို့တစ်မြို့ ကို
    ငါ မွတ်သိပ်စွာနဲ့ ဖက်တွယ်နေရဆဲပဲ ….

    • Hnin Thae Phyu

      September 4, 2013 at 9:24 am

      မိုက်သကွာ.. မလိမ်မာဝူး …………

      အဲဒါရန်ကုန်ကို ပြောတာလား ….?
      မန်းလေးကို ပြောတာလား ….

      ရန်ကုန်ထင်တာပဲ ..

  • KZ

    September 4, 2013 at 9:31 am

    စက်ရုပ်လို လူတွေ နေတဲ့နိုင်ငံ…..
    ပိုက်ဆံအကြောင်းပဲတွေးတဲ့ နိုင်ငံ…..
    ချစ်ခြင်း မေတ္တာမရှိတဲ့ နိုင်ငံ…..
    ရယ်မောခြင်း ရှားပါးသော နိုင်ငံ…..
    အနုပညာ အရည်အသွေး ညံ့ဖျင်းသော နိုင်ငံ…..
    အိပ်ချိန်နဲ့ စားချိန်က လွဲလို့ အလုပ်အကြောင်းပဲ စဉ်းစားနေရတဲ့ နိုင်ငံ…..
    ကိုယ် အကြိုက်ဆုံး ဆောင်းရာသီမရှိသော နိုင်ငံ…..
    ကိုယ့်ကို ချစ်တဲ့သူ နည်းပါးသော နိုင်ငံ…..
    World’s Most Emotionless Countries Top (5) ထဲမှာ ပါတဲ့ နိုင်ငံ…..
    ဒီနိုင်ငံမျိုးကို ဘာလို့ လာချင်ခဲ့လည်း စဉ်းစားလို့ကို မရဘူး။ (ကိုယ့်ကိုယ်ကို ပြောပါတယ်။)
    ~~~~~~~~

    အဲဒါ ကျနော် မနှစ်က ပေါက်ကွဲထားတာ။
    ကဗျာမစပ်တတ်လို့ ဂလောက်ပဲရေးတတ်တယ်။

    ရေးတတ်တဲ့သူများရေးတာကျတော့ ဖတ်ရင်းကို မွန်းကျပ်လာတယ်။

    • Hnin Thae Phyu

      September 5, 2013 at 8:53 am

      အဆိုးတကာ့ အဆိုးဆုံး မြို့ .. 😀

  • အိမ်လွမ်းသူ

    September 4, 2013 at 12:09 pm

    ဟုတ်ပ မကေဇီ ရေ! ဒီမှာ လုပ်ရတာ ကြာတော့ တခါတလေ ရယ်စရာရှိ ရင်တောင် ဘယ်လိုရယ် ရမလဲ မေ့ချင် လာတယ်။ ဘာရယ်မဟုတ်ပါ ဘူး အခုတလော ရွာကို တိတ်ဆိပ်နေတယ် လို့ပြောနေကြလို့ ဝင်မန့်လိုက်တာ။ အချိန်မရလို့ ပို့မတင် ဝင်မမန့်နှိုင် ပေမဲ့ ရွာကို နေ့စဉ် အဝင်အထွက် ရှိတယ်ဆိုတဲ့ အကြောင်းသိစေချင်လို့ပါ။ ကိုယ်လိုပဲ လူလုံး မပြပဲ ဟိုးအရင် ထဲက အမြဲဝင် ဖတ်နေသူတွေ အများကြီး ရှိတဲ့ အကြောင်းသိစေချင်လို့ပါ။

  • ခင် ခ

    September 4, 2013 at 12:26 pm

    ဪ မွန်ကျပ်နေတဲ့မြို့ထဲကနေ ပြေးထွက်လိုက်ရင်ဘာဖြစ်မလဲသိလား အသေအချာဆုံးကတော့ မြို့ပြင်ရောက်သွားတာပေါ့။

    • Hnin Thae Phyu

      September 5, 2013 at 8:54 am

      မြို့ပြင်ရောက်သွားပေမယ့် အသက်ရှူရတာတော့ ချောင်သွားမယ်.. 😀

  • lele kyi

    September 4, 2013 at 7:09 pm

    အဲ့ဒီ မွန်းကျပ်နေတဲ့ မြို့မှာ ချစ်စရာကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ဆုံဆည်းရတယ်။ အဲ့ဒါကြောင့် ဖက်တွယ်ထားတဲ့လက်ကို မလွှတ်ချချင်ခဲ့တာ။ ဟုတ်တယ်မလား။။

    • Hnin Thae Phyu

      September 5, 2013 at 8:55 am

      ချစ်စရာကောင်းတဲ့ လူကို ဖက်တီးဖြစ်အောင်လုပ်တဲ့ အပေါင်းအသင်းတွေနဲ့ ဆုံဆည်းရတယ်။
      သို့သော်လည်း အချိန်တန်တော့လည်း အိမ်ပြန်ရဦးမယ်.. 😀

  • အလင်းဆက်

    September 4, 2013 at 7:50 pm

    ရန်ကုန်မြို့လား…
    ပျဉ်းမနားမြို ့လား..ကွယ်..။
    🙂

    =============
    မွန်းကျပ်နေတဲ ့ လူတစ်ယောက်….က
    ဖတ်ရှု ခံစားသွားပါတယ်နော်..။

    • Hnin Thae Phyu

      September 5, 2013 at 8:56 am

      ချင်ကာပူမြို့ ပါ ……… @_@

  • YE YINT HLAING

    September 4, 2013 at 7:59 pm

    “ခြေတစ်ဖက်စာ နေရာတစ်ခုအတွက် အချင်းချင်း ကန်ချဖို့ ဝန်မလေးတဲ့
    ပညာတတ်တွေ ပေါများတဲ့မြို့ …..”

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 8:02 pm

    အော် ဆီကိုင်ပီး လက်မဆေး အီးကိုင်ပီး ဟိုအာလဖွားယီးကို ကျွေးတဲ့မော်ဒယ်လေးကိုး.
    ဂျစ်ဇယာလေးနော်. အူးဂီ ဂျစ်ဘယဇီ နော်.

    တယွာသားအဂျစ်က ပိုဘာဒယ်. တယွာသူအဂျစ်ဂလေးရယ်.

    😛

    • Hnin Thae Phyu

      September 5, 2013 at 8:57 am

      ဂွီ …….. ဘူလည်း .. မမိဂီလား .. 😛

  • YE YINT HLAING

    September 4, 2013 at 8:04 pm

    ထမင်းစား တော့မလို့ဟာ တကယ်ရှယ်တဲ့ ပန်းချီနဲ့ ကဗျာကိုတွေ. ပြီး ထချင်သေးဘူး ဖြစ်သွားတယ်။ဂယ် –

  • ခင် ခ

    September 6, 2013 at 3:49 pm

    ှSep 6 / 3:47 pm
    See (2)

  • စ လုံး ဘဝမဆုံးအောင်ဖက်တွယ်
    အသက်ကယ်ဆေးတွေဆက်တိုက်သောက်
    ဦးနှောက်ခြောက်တိုင်း
    မျက်ရည်စို
    ငါမနေချင်ဘဲ နေ နေရတဲ့ မြို့

    ဟုတ်လား ခိုင်ဇာကြီးရေ

Leave a Reply