ချစ်ချစ်ချစ်- အပိုင်း-၁ အခန်း-( ၅ )

” အဲဒါ နဲ့ ဂျာနူး ရဲ့ အဖေ က ကိုယ့်ကို အကူအညီတောင်းလာတယ် သူငယ်ချင်း”

” မင်းတို့ ဘယ်လိုလုပ်သလဲ ?”

” ငါလဲဘယ်နေပါ့မလဲကွာ စခန်းမှုးကိုခွင့်တောင်းပြီး တောနင်းရှာတာပေါ့ကွာ။ ဒါပေမဲ့
ခြေရာတောင်မတွေ့တော့ သူပြောတာတောင်ဟုတ်ပါ့မလားစဉ်းစားမိတယ်။ တခြားအနီး
အနားရွာတွေဆီက တချို့ ဒီလိုတွေ ခံရတဲ့သူတွေ တယောက်စ နှစ်ယောက်စ တွေ့ရ
ပြန်တော့ မယုံလို့မရပြန်ဘူး။ ငါလဲမတတ်နိုင်တဲ့အဆုံးမင်းကိုအကူအညီတောင်းရတာပဲ
သူငယ်ချင်း”
” ဘယ်နှစ်ယောက်လောက် အကုတ်ခံလိုက်ရပြီလဲ?”

” အင်းးး အားလုံးပေါင်းရင် ၁ဝ ယောက်ကျော် တော့မယ်ထင်တယ် ”

” ဆရာ ဝန်တွေကရောဘာပြောလဲ ဒဏ်ရာအနာနဲ့ပါတ်သတ်ပြီးတော့ ”

” မေ့တော့မလို့ သူတို့အားလုံးဆေးရုံကိုတယောက်မှ ရောက်မလာကြဘူးကွ။
အဲဒီတကြောက တိုင်းရင်းဆေးဆရာက ကုပေးတာတဲ့။ အတော်စွမ်းဆိုပဲ။ မြို့မှာတချို့
ဆေးရုံ မပြဝံ့ တဲ့ ဒဏ်ရာမျိုးတောင်သွားကု ကြတယ်ဆိုပဲ”

” ဒါပေါ့ကွာတိုင်းရင်းဆေးစွမ်းပြီ ဆို ဘယ်အနောက်တိုင်းဆေးမှမမှီဘူးဆိုပဲကိုး”

” ထူးခြားတာတခုတော့ရှိတယ်ကွ။ ဒီ ဝက်ဝံ ကုတ်ခံရတာကလူကြီးပိုင်း အမျိုးသားချည်းပဲ
တယောက်မှမသေဘူး။ မြင်လိုက်ရတဲ့ သူအားလုံးကတော့ ခေါင်းဖြူတယ် ။ အတော်ကြီး
တယ်။ နောက် ချက်ချင်းရှာ လုံးဝအစပျောက်ပဲ။”

” ဘယ်လောက်ကြီးသလဲ”

” သူတို့အပြောအရတော့ ၁၅ ပေ လောက် မတ်တပ်ရပ်ရင်မြင့်တယ်လို့ ပြောတာပဲကွာ။
ငါတော့မယုံဘူး။ သူတို့ကြောက်လန့်တကြားနဲ့ အမြင်မှားတာပဲဖြစ်မယ်ထင်တယ်။”

” မင်းအကောင်ကတော့ စိတ်ဝင်စားစရာပဲ”

” အေး ခုရွာတွေက သိပ်ကြောက်နေကြတယ်ကွ။ သူတို့ ယာတွေ ဆီတောင်မသွားရဲ
ဖြစ်နေကြတယ်။ ခုချိန်ကလည်း အခင်းသိမ်းချိန် ရောက်နေပြီ။ ဒီအချိန်မှာသူတို့ အတွက်
အရေးအကြီးဆုံးအချိန်ဆိုတာ မင်းလဲနားလည်မှာပါ။ ”

မောင်ထွန်းလတ် ဘာဆက်လုပ်ရမည်လဲ။ ပြန်ချင်သည်။ မေသူဆီပြန်၍ လက်ထပ်ပွဲကို
စိတ်အေးလက်အေးကျင်းပချင်သည်။ တဖက်ကလည်း ရွာ များ၏ တွေ့ကြုံနေရသော
ပြဿနာကို ပစ်ပယ်မထားရက်။ မိမိအရေး နှင့် လူအများအရေး ။ ဘာဆက်လုပ်သင့်သည်ကိုအတွအကျဆုံးဖြတ်ရတော့မည်။

” ငါဖုန်းဆက်လို့ ရမလားသူငယ်ချင်း”

” ရပါ့မောင်ရာ လာ လိုက်ခဲ့” ဆို၍ မြသာတယောက် စခန်းရုံး သို့ ခေါ်သွားလေသည်။

” ဟလို ”

” မေသူလား မောင်ပါ”

” မောင်လား ။ နေကောင်းတယ်မို့လား။ သင်္ဘောစီး ရတာအဆင်ပြေရဲ့လား။”

” အားလုံးအဆင်ပြေပါတယ် မေသူရယ်။ မောင်မေသူ့ကို အရမ်းသတိရလို့ပါမေသူရယ်”

” အမလေး တော်ပါဆရာရယ် ခါတိုင်းနဲ့မတူ သတိတွေ ဘာတွေ ရလို့။ အရင်ကများဆို
မပြောချင်ဘူး။ထွက်သွားပြီးပြန်ရောက်မှ မျက်နှာမြင် အသံကြားရတယ်။ထူးလှချေလား
ဆရာရေ”

” ပြောလဲခံရမှာ ပဲမေသူရေ။ ခု တခေါက်တော့ နဲ နဲ တမျိုးကြီးခံစားရတယ်။ အိမ်မက်
တွေလဲ …….

” မောင့်ဖေဖေ လဲခုအိမ်မှာရောက်နေတယ်။မောင်နဲ့ နည်းနည်း ပြောအုံးမယ်တဲ့”
မောင်ထွန်းလတ်စကားပင်မဆုံး မေသူကဖြတ်၍ ပြောလိုက်သောကြောင့် စိတ်ထဲတမျိုး
ဖြစ်သွားရလေသည်။

” သားရေ လူလေး အဆင်ပြေ ရဲ့လား”

” ခုထိတော့ ဘာဆက်လုပ်ရမလဲမသိတော့ဘူး ဖေဖေ။ ဒီတခေါက် ကမလွယ်ဘူးထင်တယ်ဖေဖေ။ စိတ်ထဲလည်းလေးသလိုပဲ”

” ယောက်ကျာင်္းပဲ ကွာ။ တက်တက် ကြွ ကြွ ရှိစမ်းပါ။ အများအတွက်ပဲကွာ။
ဒါနဲ့ ဖေဖေလဲ မနက်ဖြန် ရွှေကူ ဘက်တက်စရာရှိတယ်ကွ။ ကုန်ကြည့်
ဖို့ဆိုပါတော့ကွာ”

” ဖေဖေကလဲဗျာ ။အသက်ကြီးပြီး နားနားနေနေ နေပါဗျာ။ ကိုလှဖေကိုလွတ်လိုက်ပြီး
ရော”

” အေးပါလူလေးရယ်။ လှဖေ က အတွေ့အကြုံက နည်းသေးတော့ ဒီလိုခရီးဝေးကို
စိတ်မချဘူး၊ အမှားမခံဘူးဆိုပါတော့ ။ လူလေး ဦးစီးမှပဲ ဖေဖေစိတ်ချလက်ချနားတော့
မယ်။”

” စိတ်ချပါဖေဖေ သား ဒီတခေါက် ကိစ္စတွေ လက်စသတ်ပြီးရင် စိတ်ချလက်ချသာနားပါတော့”

” အေးပါသားရေ မင်းမေသူနဲ့ပြောလိုက်ပါအုံး”

” ဟုတ် ဖေဖေ ……. မေသူ့………..”

” ပြောပါ မေသူ နားထောင်နေပါတယ် ”

” မေသူရေ မောင်တို့ မင်္ဂလာကိစ္စ စီစဉ်တာ အဆင်ပြေပါရဲ့ နော့်”

” ပြေပါတယ်။ ဖိတ်စာ လဲ စစ်ပြီးပါပြီ။ မနက်ဖြန်ဆို စရိုက်တော့မယ်ပြောတယ်။”

” ဒါဆိုကောင်းတာပေါ့။ မေသူ့အတွက်ဝတ်စုံကရော ။ မောင်လာမှကြည့်မယ်ဆို ရက်က
ကပ်နေမယ်ထင်တယ် အဆင်ပြေပါ့မလားပဲ။”

” မပူပါနဲ့ရှင် မေသူ မနက်ဖြန်ရန်ကုန်ဆင်းစရာရှိတယ်။ရောက်တုန်းအဲဒီမှာကြည့်မယ်လေ။”

” ဟင်းးမေသူလဲခရီးထွက်မှာပေါ့။ ဘာကိစ္စလဲ မေသူရယ်။ တော်ကြာခရီးပန်းပြီးမေသူပွဲ
ကျ အလှပျက်နေပါမယ်ကွယ်”

” အမလေးစိုးရိမ်တတ်ရန်ကောမောင်ရေ။ ခုဟာက မေသူတို့ အထည်ကိုသဘောကျလို့
တဲ့ ။အဲဒါ အော်ဒါအပ်ချင်လို့တဲ့”

” အမယ် တယ်ဟုတ်နေပါလား။ ဒါနဲ့ ဘယ်ကတဲ့လဲ။”

” သံရုံး တခုကတဲ့မောင်ရေ။ ဂျပန်သံရုံးကလေ။”

“ရန်ကုန် ဆိုင်ခွဲ ကတော်တော် ကိုခြေလှမ်းသွက်လှချေလား”

” ဟုတ်တယ်မောင်ရေ ဒီတခေါက်ကိစ္စ အဆင်ပြေပြေနဲ့ ပြီးသွားရင် အားလုံးကို လစာ
တိုးပေးဖို့ထိစီစဉ်ထားပါတယ်”

” အင်းးးမေသူကတော့အတော်ကိုခြေလှမ်းသွက်နေပါလားဟေ့”
မောင်ထွန်းလတ် မေသူနှင့်ဖုန်းပြောနေရာ စိတ်အတန်ငယ်ပေါ့ပါးသွားမိသည်။ အားလုံး
သူ့ဟာသူ အဆင်ပြေပြေ နေသားတကျ အစီအစဉ်တကျရှိနေသည်။ မိမိမှာသာ အနည်း
ငယ်တွေဝေသလိုလိုဖြစ်နေရသည်။သည်အချိန် လွမ်းလှချေရဲ့ ဆိုပြီး အိမ်ပြန်ရန်မဖြစ်နိုင်တော့။ မိမိကိုဆီးကြိုမည့်သူမရှိတော့ပြီ မဟုတ်ပါလား။
အတန်ကြာပြောပြီးမောင်ထွန်းလတ်တို့ အိမ်သို့ပြန်လာခဲ့ကြလေသည်။ လမ်းတွင်
စကားမပြောဖြစ်ကြ။နျစ်ရေက်စလုံး အတွေးကိုယ်စီနှင့်။ ညဦးပိုင်းမို့ ဗန်းမော်မြို့ တွင်း
အအေးဓါတ်ကလွှမ်းခြုံနေသည်။ မှိန်ပြပြ ၆ဝ ဝပ်မီးသီးအောက်မှ ခြံတံခါးကို မြသာ အသာ
တွန်းဖွင့်လိုက်သည်။ မြောက်လေတချက်ဝှေ့လိုက်သည်နှင့် အိမ်ထဲမြန်မြန် ဝင်ရေးသာ
စိတ်စောနေမိသည်။ ၆ဝ ဝပ်မီးရောင်နှင့်အဝေးကွာဆုံးခြံထောင့်တနေရာ သစ်ပင်နောက်
ကွယ်မှ တစုံ တရာ က အခြေအနေတခုကို သိလိုသကဲ့သို့ ပြောထွက်လာမည့်စကားသံ
တို့ကို ချောင်းမြောင်းနေဟန်ရှိသည်။ မောင်မြသာ ဂျာနူး ဖွင့်ပေးသော အိမ်တံခါးမ မှ
တဆင့်အိမ်အတွင်းသို့ဝင်ရန်ခြေလှမ်းပြင်လိုက်သည်။ လက်တစုံကမောင်မြသာကို
အိမ်အတွင်းသို့မဝင်စေလိုဟန်ဖြင့်လှမ်းဆွဲသည်။

” သူငယ်ချင်း ကိုယ်ဒီ အကောင်တွေကို ရှင်းဖို့ ဆုံးဖြတ်လိုက်ပြီ”
မောင်မြသာ ၏မျက်နှာဝယ်အပြုံး တချက်ပေါ်လာသည်။
“ကျေးဇူးပါပဲသူငယ်ချင်း”
နှစ်ယောက်သားအိမ်ထဲသို့ ပြိုင်တူခြေလှမ်းလျက်ဝင်ကြသည်။ မဂျာနူး အိမ်တံခါးမကို
ပြန်အပိတ် မြောက်လေတချက်နှင့်ဆုံမိသဖြင့် ” ဝုန်း” နဲ့ တံခါးပိတ်သွားရသည်။
ထို့သည်နှင့်တပြိုင်နက် ခြံထောင့်မှ သစ်ပင်လည်း သိမ့်ကနဲ့ လှုပ်ခါသွားရလေသည်။
အိမ်အတွင်းမှ ရယ်မောသံ စကားပြောသံတို့သည် ကျယ်တလှည့် တိုး တလှဲ့……..။

အပိုင်း ( ၆ ) ဆက်ပါအုံးမည်။

=====================================================================

6 comments

  • မင်းခန့်ကျော်

    September 8, 2013 at 3:59 pm

    ​ရေးအားနည်​း​တော့ဆက်​စပ်​မိပါ့မလား​တောင်​
    မ​ပြောတတ်​ဘူး။

  • KZ

    September 9, 2013 at 9:19 am

    ဟယ်။
    အပိုင်း (၁) ကိုမှ အခန်း (၅) ဟုတ်လားးးး

    🙂

  • မင်းခန့်ကျော်

    September 9, 2013 at 10:18 am

    အပိုင်​း ၂ ဆိုတာရှိ​သေးတယ်​​လေ :mrgreen:

    အပိုင်​း ၆ အစား အခန်​း ၆ လို့ ပြင်​ဖတ်​​ပေးပါ။

  • kyeemite

    September 9, 2013 at 1:13 pm

    စောင့်ဖတ်ရသေးတာပေါ့ဗျာ..ခပ်စိတ်စိတ်တော့လုပ်ဗျို့

  • ခင် ခ

    September 10, 2013 at 3:28 pm

    ပိုမိုရှင်းအတွက်ဝင်ကြည့်တာ မှတ်တမ်းဝင်(၁)ပါ။ ( ညနေ ၃း၂၅ )

Leave a Reply