Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်

ဦး ၾကိမ္September 30, 20131min68114

လောဘကျွန် ဒေါသကျွန် မောဟကျွန်…….ဘာကျွန်ဖြစ်ဖြစ်…ကျွန်ဖြစ်ရတာမကောင်းမှာကကခပ်များများ ချွင်းချက်တော့ရှိသဗျာ…ဘုရားကျောင်းကန်ဝေယျာဝစ္စ၊ကျွန် ၊ သာသနာ့ဝေယျာဝစ္စကျွန် ကိုတော့

နောင်ဘဝ ကံကောင်းထောက်မစွာ..လူမျ ား ဖြစ်ခဲ့ရင်တော့ အူဝဲဆိုကထဲက သာသနာဘောင်ထဲရောက်ပါစေသစ္စာဆိုမိတယ်…ပိုပို သာသာလေး ပြောမှ တော်ယုံမကျ တဲ့ခေတ် မို့ပါ…..။

ဖြစ်ခဲ့ ရတဲ့ကျွန်တွေက မျ ားတော့….ဘယ်ကျွန်အကြောင်းစရေးရမယ်ဆိုတာကိုယ့်ဖာသာတောင်ဇဝေဇဝါ ဖြစ်မိတယ်…ဟိုမရောက် ဒီမရောက်ဘဝထဲမှာကျင်လည်ခဲ့ရတာမို့ ကောင်းတာကနည်းနည်းပါ

ဗိုလ်ကြီးအဆင့်လည်းမဟုတ်ရိုးရိုးတပ်သားလဲမကျ…….

စာအရေးအသားကလည်းမညက်ညောဆိုတော့သည်းခံပြီးဖတ်ပေးဗျ ာ…ကျနော်ဖြစ်ခဲ့ရတဲ့(ဆေး)သမားကျွန်ပါ….ဆေးသမားဖြစ်ဖို့ကပိုက်ဆံရှိမှ၊ အပေါင်းအသင်းကောင်းမှ ၊ဒါမှမဟုတ်ရင်

ဆေးအရောင်းအဝယ်လုပ်တတ်ကိုင်တတ်မှ။ ဒါမှ ရေရွှင်မယ်  ရေ ရွှင်မှဆေးချ ရမယ် ဆေးသမားဘဝခံယူနိူင်မယ်….

ဆေးလိပ်သောက်တိုင်းဆေးသမားမဖြစ်ပေမဲ့ ဆေးသမား ၈၀% ကတော့ဆေးလိပ်စမ်းသောက်ရင်း ဆေးသမားဘဝ ဆေးသမားဘွဲ့ကိုခံယူသွားကြတာပါ…။

ကျနော်ဆေးနဲ့ စရင်းနှီးဖူးတာက ဗီလီယမ် ဖိုက်ကနေစတာပါပဲ….ဗီလီယမ်တန်း ပြီးတော့ဆေးခြောက်ပေါ့…ဆေးခြောက်ကိုတော့ နာမည်အမျူ ိးမျူ ိးခေါ်ကြတယ်

ဆရာကြီး၊ မုတ် ၊ဂန်ဂျာ ၊ခုတ်မေး ၊ပစ္စည်း စသဖြင့်ပေါ့…နေရာဒေသပေါ်မှာမူတည်ပြီးအခေါ်အဝေါ်ကွဲလွဲနိူင်ပါသေးတယ်

ဆေးခြောက်ကိုတော့ကျနော်မကြိုက်ပါဘူး၊သူ့ကိုတော့အဖြည့်ခံသဘောပဲထားတယ် ဒါကကျ နော်တစ်ဦးထဲ ရဲ ့အယူအဆပါ….ဆေးသမားတစ်ယောက်ရဲ ့စိတ်ဆန္ဒ ၊ဆေးသမားတယောက်ရဲ ့

ခန ္တာကိုယ်ဖွဲ့စည်းတည်ဆောက်မှု၊ သုံးစွဲတဲ့ကာလအနည်းအမျ ားကလည်းဆေးပမာဏကို အလျေ ာ့အတင်းပြုနိူင်ပါတယ်…။

ဘာသိပ်ကြာမှာလည်း ကိုယ့်ထက်ဝါ ၊သဘာ ရင့်တဲ့သူငယ်ချင်းကောင်းရောင်းရင်းကြီးတွေကြောင့် BPI ကထုတ်တဲ့ကွန်မက်သာဇင်ဆိုတဲ့ချောင်းဆိုးပျောက်ဆေးကိုဆေးလိပ်နဲ့ပြိုင်တူ

စတင်မြည်းစမ်းကြည့် ရင်း………သာမန်ထက်ပိုတဲ့ နှလုံးခုန်သံကို ဦးနှောက်ကငြိမ့် ငြိမ့် ညောင်း ညောင်းဂီတသံလိုဖန်တီးပေးကာ ရင်ခွင်ထဲမှာချော့မြူ  အိပ်စက်စေပါတော့တယ်….။

တစ်ခါထဲနဲ့ ထူးခြားတဲ့ခံစားမှုကိုယစ်မှုးမိတဲ့ကျနော် ၄ကြိမ် ၅ကြိမ် အရောက်မှာတော့ငယ်သူငယ်ချင်းအရင်းအချာလိုဖြစ်ခဲ့ရတယ်..ဆေးဆိုင်တိုင်းမှာအလွယ်တကူဝယ်နိူင်တာမို့

ကျနော်တို့အတွက်အခက်အခဲမရှိ……အဖမ်းအဆီးမရှိ….ပိုက်ဆံရှိသလောက်ဝယ်ယူသုံးစွဲနိူင်တဲ့အချိန်……လေတိုက်နေတဲ့အချိန်ပေါ့….။

နောက်တစ်ခုလာပြန်ပြီ ဖန်စီဒိုင်းတဲ့…….အိန္ဒိယကလာတဲ့ ချောင်းဆိုးပျေ ာက်ဆေးရည် အညို ရောင်မပြစ်မကျဲ ချူ  ိချ ဉ်အရသာလေး ပေါ့…..ကော့(ကွန်မက်သာဇင် နာမည်အတို)ကချ ို ရဲ ရဲနဲ့ ခါးသက်သက်

ဖန်(ဖန်စီဒိုင်းနာမည်အတို)ကကော့ထက်ပိုပြီးငြိမ်တယ်….အဝင်ကောင်းတယ်…..နှလုံးခုန်နှေးတယ်….ဖီးတက်နေတဲ့အချိန်စီးကရက်ကိုခပ်ပြင်းပြင်းလေးရှိုက်လိုက်ရင်

လာနေတဲ့ဖီးလ်က နှစ်ဆ…ဘယ်သွားမလဲ      ရှေ ့ကရောက်ပြီးသား…ဘာလုပ်မလဲ     မေးနေတာကကြာအုံးမယ်…ဘယ်သူနဲ့စကားပြောရမလည်း….ဘာကိစ္စလည်း..

အားလုံးအဆင်ပြေအောင်ပြောပြနိူင်တဲ့အစွမ်းသူ့မှာရှိတယ်……သူကငြိမ်းချမ်းရေးသမားလေ…အရက်လိုမဟုတ်..အရက်နဲ့ဆို ၃နဲ့၄၊ခေါင်းနဲ့ပန်းလို ပါပဲ…………..။

နောက်တစ်မျ ို းကW တဲ့  M တဲ့ အရက်ဖြတ်ဆေးအသွင်နဲ့ဝင်လာပြန်တယ်(စာအရှည်မမှတ်မိတော့လို့ပါ)..အသဲမခြောက်အောင်အရိုးထဲက…ချင်ဆီကိုအသဲကိုပို့ပေးတယ်….

ချ ပြီးရင်မနက်ဆိုဒူးတွေချောင်တယ်….ဒါကိုကျနော်တို့ကစိတ်ကြွဆေးအဖြစ်နဲ့သုံးတယ်

 

သူ့အာနိသင်က ဆေးအရှိန်တက်လာပြီဆိုရင်အသားတွေထုံလာမယ်…ဆိတ်လို့ ထိုးလို့မနာတော့ဘူး……မြွေမကြောက် ကင်းမကြောက်ပေါ့…ကျနော်ကWနဲ့M ဖီလ်းအကျ မှာ ကော့(သို့)ဖန်ကို ၅မူးဖြစ်ဖြစ်

၃မတ်ဖြစ်ဖြစ်ချလိုက်ရရင် နတ်ပြည်နတ်နန်းမှာနတ်စည်းစိမ်ခံစားရသလိုပါပဲ….။တစ်လုံးကိုလေးစိတ်စိတ်..တစ်စိတ်ကို တစ်မတ်လို့ ဆေးသမားတွေသုံးတတ်ပါတယ်…..။

 

 

 

 

 

 

14 comments

  • ဦးကျောက်ခဲ

    October 1, 2013 at 12:48 am

    ဆဋ္ဌမနိဗ္ဗာန်ကပြန်လာတာ ကိုယ့်ချည်းမှတ်လို့ အခုမှဘော်ဘော်တွေ့တယ်…
    ကျောက်စ်ရဲ့ ဆိုးဖော်မိုက်ဘက်တွေကတော့ အကုန်ဂိကုန်ပြီ ဦးကြိမ်ရဲ့…
    မူးယစ်ဆေးဝါးတွေအကြောင်းတော့ လူငယ်တွေအတုခိုးမှားမှာစိုးလို့ မပြောတော့ပါဘူးဗျာ…
    ၈၈၈၈ နောက်ပိုင်း တက္ကသိုလ်ဝန်းထဲမှာ လိုက်ပစ်နေတာ ငထောက်နဲ့ သတင်းပေးတွေဗျ…
    🙁

  • u k

    October 1, 2013 at 6:08 am

    လက်ကျန် ဘော် ဘော်တွေများဖြစ်နေမလား….မစ္စတာကျေ ာက်ရေ
    အသိပေးတဲ့(ပိုစ်)လေးပါ
    မြောက်ပင့်ပေးတဲ့စာသားမပါအောင်အတတ်နိူင်ဆုံးရေးမှာပါ
    လိုအပ်တာရှိရင်ဖြည့် စွက်အားပေးသွားပါအုံး

  • အလင်းဆက်

    October 1, 2013 at 6:40 am

    ချစ်သော u kရေ

    အရေးအသားက ညက်ညောတာ မညက်ညောတာတော့မသိ
    ဖတ်ရတာ လိုရင်းကို ထိထိမိမိ ရေးထားလို ့
    ကျစ်လျစ်တဲ့ အရေးအသားလို ့တွေးမိပါတယ်

    ဗဟုသုတ ရစရာ စာလေးမို ့ နှစ်သက်မိပါအိ

  • KZ

    October 1, 2013 at 7:43 am

    အွန်းးးးးးးး
    စောင့်ဖတ်ရမဲ့ ပို့(စ) တွေ နေမှာ။
    ကိုယ်တိုင် မစမ်းသပ်ဖူးသမို့ မသိတာတွေ အများကြီးပဲ။
    :hint:

  • kai

    October 1, 2013 at 8:59 am

    အခုတလော.. ကယ်လီဖိုးနီးယားမှာ ဆေးခြောက်တရားဝင်သုံးခွင့်ပေးလိုက်တော့.. ဆေးခြောက်နဲ့ပါတ်သက်ပြီး.. အသံတော်တော်ကြားရတယ်..
    စီအန်အန်သတင်းဇတ်လမ်းမှာလည်း.. ဆေးခြောက်က.. ဆေးတဲ့ခင်ဗျ…
    လူ့အသက်တွေကယ်နိုင်သလို.. ကျမ်းမာရေးအတွက်း..အစွမ်းထက်ဆေးဆိုပဲ..

    ဒီလိုနဲ့.. ကမ္ဘာကြီးမကြာခင်.. ဆေးခြောက်ခေတ်ရောက်လာမယ်ထင်ကြောင်း… :mrgreen:

    Jayden David, 6, was saved by medical marijuana, dad says
    now.msn.com/jayden-david-6-was-saved-by-medical-marijuana-dad-says‎
    Dad says marijuana saved his 6-year-old son’s life. 8/12/2013. “Miraculous” stories from people who say medical marijuana helped them when all else failed …

  • u k

    October 1, 2013 at 9:31 am

    ဆေးခြောက်၊ဘိန်း၊အရက် အစရှိတဲ့ မူးယစ်ဆေးဝါးမှန်သမျှ လူတွေရဲ ့အသက်ကိုကယ်တင်နိူင်
    တဲ့ အစွမ်းထက်ပစ္စည်းတွေပါ…..အနံခံကောင်းတဲ့ မူးယစ်သားကောင်တွေက ဘယ်ဆေးဝါးမှာယစ်မူးစေတဲ့ဆေးပါဝင်တဲ့ အာနိသင်အနည်းအများကိုသိနေတော့…
    အစိုးရကိုယ်တိုင်က ဖေါ်မြူ လာပြောင်းထုတ်ရတဲ့အဆင့်ဖြစ်လာတယ်…တကယ်
    ရောဂါဖြစ်လို့ သုံးစွဲသူတွေလဲကျ ရောဒုက္ခရောက်တော့တာပါပဲ…ပြန်တွေးမိရင်
    နောင်တရလို့မဆုံးဘူး..။

  • TNA

    October 1, 2013 at 1:13 pm

    အခုမှာစုံစုံစိစိသိတော့တယ်။ မှတ်သားသွားပါတယ် ဦးကြိမ်ရေ။
    u k ဆိုလို့ဘူများလဲမှတ်တယ်။ ကျောက်စ်ပြောမှသိတော့တယ်။

  • ငဂျစ်

    October 2, 2013 at 10:17 am

    uk ရေ ဖတ်ရှု့လေ့လာ ဗဟုသုတရယူလိုက်ရပါတယ်……
    ကျနော်ကတော့ ဆေးခြောက်တွေ ဆေးအစိုတွေအကြောင်း
    ဘိန်းအဖြူတွေ ဘိန်းအမဲတွေအကြောင်း
    ဆေးပြားတွေ ဆေးလုံးတွေအကြောင့် ဘာဆိုဘာမှ နားမလည်သူပါ…..

  • Foreign Resident

    October 2, 2013 at 11:07 am

    ဦးကြိမ်ရေ ။
    ဗဟုသုတ ရပါပေ့ကွယ် ။
    ပိုပြီး အသေးစိတ်ကျကျ ဆက်ရေးပါအုန်းကွယ် ။

    အမှန်က အဘ ငယ်သူငယ်ချင်းတွေထဲမှာ ဆေးသမား တော်တော် များတယ်ကွယ့် ။
    ဒါပေမယ့် အဘ က မူးယစ်တဲ့ Feeling ကို မကြိုက်တာရယ် ၊
    ရေရှည်သောက်ရင် စွဲသွားမှာ စိုးတာရယ်ကြောင့် ၊
    အဲဒီ သူငယ်ချင်းတွေကို နှစ် မပေါင်းဖြစ်တော့ ၊
    အဲဒီ အကြောင်းတွေ သိပ် မသိဘူး ဖြစ်နေတယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 2, 2013 at 11:29 am

    တန်ဆေးလွန်ဘေးလို့ဘဲ ပြောရတော့မလားမသိ
    အရက်သောက်ပြီး ဖြစ်လာတဲ့ ရီတီတီ ဈာန်လေးကို အရက်သောက်မှရသလို
    သက်ဆိုင်ရာ ဘာညာကွိကွတွေမှီဝဲပြီး ရလာတဲ့ ဈာန်လေးကိုလည်း
    သက်ဆိုင်ရာ ဘာညာကွိကွတွေ မှီဝဲမှရပြန်ရော
    လူ့ဘဝထဲ တယ်လည်းဂွကျလှတယ်
    ထမင်းစားရေသောက်လောက်က လည်းရိုးနေပြီ
    ထမင်းဘဲမှီဝဲရမယ်ဆိုရင်လည်း ဘုန်းကြီးဝတ်တာကမှဟုတ်ဦးမယ်
    အဲ့ဒါလည်းမလုပ်နိုင်ဆိုတော့
    ဖြစ်ခြင်ရာဖြစ်
    အေ့

  • u k

    October 2, 2013 at 12:51 pm

    အဘရေ…အခန်းတွေကတော်တော်ထိထားတော့ မီမိုရီတွေက
    အကုန်မမှတ်မိဘူးဖြစ်နေတယ်….ဒါကြောင့်အတိုချ ုံးရေးနေတာပါ..
    စိတ်ဝင်စားသူများရင်ရေးပါအုံးမယ်….တစ်ချ ို့သက်ရှိထင်ရှားရှိသေးတာမို့
    လူနာမည်တွေနဲ့ နေရာဒေသ ၊ပါတ်သက်ရာပါတ်သက်ကြောင်းတွေထည့်မရေးတာပါ
    စာရေးတာလည်းမကျွမ်းကျင်လို့ပါ…။
    ကိုအောင်ပုရေ……ဆရာ့အမြင်လေးလဲကောင်းပါတယ်..ဒါပေမဲ့ဘုန်းကြီးပဲဝတ်ပါ
    မူးယစ်ဆေးဝါးတော့မစမ်းပါနဲ့…..လက်လှမ်းမီသရွေ ့တားပေးဗျာ…
    ဆရာကခြေကြီး လက်ကြီးမို့…..အကူအညီတောင်းတာပါ……။

  • sorrow weaver

    October 2, 2013 at 1:05 pm

    ဆေးခြောက်လား ..တက်ကသိုလ်တုန်းက တော့ သိပ်မကြိုက်ဘူးရယ်…ဆင်တောင်မွေးမို့စိတ်ကူးသေးတယ်…ဆင်မွေးရင်ဆေးခြောက်တရားဝင် ကိုင်လို့ရတယ်ဆိုလို့ …အဟိဟိ

  • kyeemite

    October 2, 2013 at 3:05 pm

    အထက်တန်းကျောင်းသားဘဝက ဆေးခြောက်တော့ စမ်းဖူးတယ်
    ပေါတာကိုး..မေမြို့မှာဆို ဆေးခြောက်ပင်က နေရာအနှံ့အလေ့ကျပေါက်တာ
    သူငယ်ချင်းကဆို ကိုယ်တိုင်ခူးပြီးကိုယ်တိုင်နှပ်တာ…
    ဘိန်ဖြူခေတ်ရောက်တော့ မြည်းတောင်မကြည့်ဖူးဘူး
    ဈေးကြီးလို့…အင်း ..ဆင်းရဲခဲ့တာကိုပဲကျေးဇူးတင်ရအုံးမယ်ဗျို့ 😀

  • sorrow weaver

    October 2, 2013 at 3:43 pm

    kyeemite says:

    အထက်တန်းကျောင်းသားဘဝက ဆေးခြောက်တော့ စမ်းဖူးတယ်
    ပေါတာကိုး..မေမြို့မှာဆို ဆေးခြောက်ပင်က နေရာအနှံ့အလေ့ကျပေါက်တာ
    သူငယ်ချင်းကဆို ကိုယ်တိုင်ခူးပြီးကိုယ်တိုင်နှပ်တာ…

    အဟိဟိ ..အရင့်အရင်တုန်းက ပြင်ဦးလွင် ..ကန်တော်ကြီးထဲမှာ ကျော်တို့တစ်ရပ်လောက် အပင်ကြီးကို ရှိတယ်ဂျာ..အဟိဟိ …

Leave a Reply