ရက်လည်ဆွမ်းသွတ်ခြင်းနှင့် လွဲမှားနေသောအယူများ

Dote KhaSeptember 18, 20131min106229

လူတစ်ယောက် သေပြီဆို မြန်မာတွေရဲ့ ထုံးစံ အရ ဖဲဝိုင်းထောင်တယ် ဟဲဟဲ။ လာလာခြင်း ဆောက်နဲ့ ထွင်းတာ မဟုတ်ဘူး။ အတည်ပြောတာ။ မယုံဘူးလား။ လက်တွေ့ပြလို့ ရတယ်။ ပြောင်တာပါ။ နောက်ပိုင်း မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတော်များများဟာ ဆိုရင် လူတစ်ယောက် သေပြီဆို သေပြီး တစ်ပတ်လုံးလုံး သရဲ၊ ဝိဉာဉ် အဖြစ်နဲ့ အိမ်နားမှာ တစ်ဝဲလည်လည် ရှိနေတယ်လို့ ယုံကြည်ကြတယ်။ တစ်ပတ်ပြည့်မှသာ သွားချင်တဲ့ နေရာ သွားကြတယ်ပေါ့။ ဒါကိုတောင်မှ ကိုယ့်အိမ် အနီးအပါးမှာ သရဲ ဖြစ်မယ်လို့ပဲ ယုံကြည်နေကြတုန်းပဲ။ သံယောဇဉ် တယ်ကြီးကြတဲ့ လူမျိုးကိုး ခင်ဗျ။

ဘုရားဟောအရ (၃၁) ဘုံ ရှိတယ်။ အပါယ် လေးဘုံ၊ လူဘုံ၊ နတ်ဘုံ ၆ ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀၊ ပေါင်းတော့ ၃၁ ဘုံ ရှိတယ်။ ဒါကို သေပြီး သရဲ ဖြစ်တယ် လို့ချည်း ဇွတ်ယူဆ နေကြလေတော့ ကျန်တဲ့ ဘုံတွေ ဘယ်ပျောက်သွားလဲ မသိဘူး။ မျက်စိမှောက်ပြီး ပျောက်သွားတယ်ပဲ ထားလိုက်ပါတော့ ဟဲဟဲ။ ပြောင်တာပါ။ ဆိုသလို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လေတော့ သရဲနဲ့ ငရဲပဲ သိကြသပေါ့။ ဒါကြောင့်မို့ သေရင် ချက်ချင်း သရဲ ဖြစ်တယ်လို့ ယူဆနေကြတာပေါ့။ အများစုကို ပြောတာပါ။ သိတဲ့လူတွေ မပါပါဘူး။

ပြီးတော့ ဆွမ်းသွတ်၊ အမျှဝေ တဲ့ ကိစ္စမှာတော့ ပေးလှူခြင်း အရာမြောက်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ပြုလုပ်သူအတွက် ကုသိုလ် ရပြီးသားပါ။ ဒါပေမယ့် အမျှဝေတယ် ဆိုတဲ့ နေရာမှာတော့ နည်းနည်း လိုသေးတယ်။ သေသွားသူအတွက် ရည်စူးပြီး လှူဒါန်းတာ မှန်တယ်။ ဒါပေမယ့် သေသွားသူက သာဓု မခေါ်နိုင်တဲ့ နေရာရောက်နေရင် အဲ့ဒီ အလှူဟာ သေသွားသူ အတွက် မဖြစ်တော့ဘူး။ ဒီတော့ အမျှဝေရင် သေသွားသူနှင့်တကွ အနီးအပါး ရောက်နေတဲ့ သူတွေပါ ရကြ ယူကြ ပါစေလို့ အမျှဝေသင့်တယ်။

အချို့လူတွေက အမျှဝေရင် ငိုသံပါကြီးနဲ့ ဘယ်သူရေ၊ ဘယ်ဝါရေ အမျှ .. အမျှ .. အမျှ ယူပါ .. ဆိုပြီး အမျှဝေတာ တွေ့ဖူးတယ်။ သူ့အမျှမှာ ကျန်တဲ့ သတ္တဝါ မပါဘူး။ ဒါကြောင့်မို့ နောက်ပိုင်းမှာ အချို့သော ဘုန်းတော်ကြီး များက ရှေ့ကနေ အမျှဝေဖို့ တိုင်ပေးတယ်။ ကဲ လိုက်ဆိုကြ။ အမျှ အမျှ အမျှ အားလုံး ရကြစေ ဟဲဟဲ။

29 comments

  • kyeemite

    September 18, 2013 at 11:48 am

    သေပြီးမှ သရဏဂုံတင်တာ လေးလဲ ဆွေးနွေးပါအုံးဗျ

    • Dote Kha

      September 18, 2013 at 12:27 pm

      တစ်ခါတစ်ခါကျတော့ လူတွေက သိပ်ခက်တယ်ခင်ဗျ။ သေပြီးမှ တန်ဖိုး သိတတ်ကြတာ။ သေပြီးမှ မေတ္တာတွေ ထားတတ်ကြတာ။ အဲ ဒါပေမယ့် သေပြီးမှ ဆဲဆိုရဲတာတွေလည်း ရှိသေးသဗျ။ ကိုကြီးမိုက် ပြောတဲ့ သေပြီးမှ သရဏဂုံ တင်တယ်ဆိုတဲ့ ကိစ္စကလည်း တွေးကြည့်ရင် ရယ်ချင်စရာကြီးပါပဲခင်ဗျာ။ သေပြီး သရဲ ဖြစ်တယ်ထားတော့။ သရဲ ဆိုတာမျိုးက ဘုရားစာတွေ ကြောက်တတ်တယ် မဟုတ်လား။ ဘုန်းကြီးသရဲတော့ မပါဘူးပေါ့ဗျာ ဟဲဟဲ။ သရဲ ဖြစ်သွားတဲ့ သေသွားသူကို သရဏဂုံ တင်တယ်ဆိုတော့ သေသွားသူအတွက် ဘာမှ မဖြစ်တဲ့အပြင် ထွက်တောင် ပြေးရတော့မယ့်ကိန်း ခင်ဗျ။ ဒါက အများ အယူအဆ သေပြီး သရဲ ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောတာပါ။ နောက်မှ ဒါကို အကျယ် ဆွေးနွေးဦးမယ်ဗျာ။

  • surmi

    September 18, 2013 at 12:16 pm

    ဒီထက်​ နဲနဲ ပိုပြီး ကျယ်​ကျယ်​ပြန်​့ပြန်​့ ​ရေးသား​ဆွေး​နွေး​စေချင်​ပါ​ကြောင်​းးး
    ​စောင်​့ဖတ်​​နေပါမယ်​​နော

    • Dote Kha

      September 18, 2013 at 1:51 pm

      ကိုစာမိရေ ဒီလေသံမျိုးနဲ့ ကျုယ်ကျယ်ပြန့်ပြန့် ရေးသားဆွေးနွေးရင် ခဲတွေ တုတ်တွေ ရောက်လာမှာစိုးလို့ ခင်ဗျ ဟဲဟဲ။ ပြောင်တာပါ။ ရေးပါ့မယ် ခင်ဗျာ။

  • moethidasoe

    September 18, 2013 at 12:39 pm

    ပြောနေကြတာတော့ အများကြီးပါ .. တစ်ကယ် မသေခင်က ဒါန၊ သီလ၊ ဘာဝနာ ပွားများခဲ့ပြီး သေခါနီးမှာ အတွယ်အတာအနှောင်အဖွဲ့တွေဆီ စိတ် မရောက်ခဲ့ရင် ကောင်းရာဘုံကို လုံးဝ ရောက်မယ် ..
    ဒါန၊ သီလ၊ ဘာဝနာတွေတော့ ရှိပါရဲ့ သေခါနီး စိတ် မဖြောင့်ခဲ့ရင် ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ ဘုံကို ရောက်တာ များတယ် .. အဲဒီအခါ အလှူပေးပြီး သာဓုခေါ်စေရင် အရင် ကောင်းတာလုပ်ခဲ့တာလေးနဲ့ ကောင်းရာဘုံကို ရောက်မယ် ..
    ဒါန၊ သီလ၊ ဘာဝနာ အားနည်းခဲ့မယ် .. မရှိခဲ့ဘူး ဆိုရင် အောက်ဘုံကို ရောက်တာ များတယ် .. သာဓုခေါ်ဖို့ ခက်တဲ့ နေရာကို ရောက်တတ်တယ် ..
    ဒါကြောင့် မသေခင်ကတည်းက ဒါန၊ သီလ၊ ဘာဝနာကို မလွတ်စေခဲ့ရင် ကောင်းရာရောက်ဖို့ သေခါနီး အချိန်ပဲ အရေးကြီးတယ် .. အဲဒီအချိန်မှာ သံယောဇဉ်တွေ မတွယ်စေဖို့ အနီးအနားမှာ ရှိနေမယ့်လူက ဆင်ခြင်ပေးဖို့ လိုမယ် .. ဒါမှ အသေဖြောင့်တယ် ဆိုတဲ့ စကားက မှန်မှာ ..

    • Dote Kha

      September 18, 2013 at 1:11 pm

      သံယောဇဉ် ဆိုတာမျိုးက လွယ်လွယ်နဲ့ ပြတ်တတ်တဲ့ အရာမျိုးမှ မဟုတ်တာပဲ ခင်ဗျ။ ဒီတော့ သေခါနီးအချိန် အရေးကြီးတာတော့ မှန်တယ်။ ဒါပေမယ့် သေခါနီး မစွဲမိဖို့ ကြိုတင်ပြီး အတော် လေ့ကျင့်ယူခဲ့မှသာ သေတဲ့အခါ အံဝင်ဂွင်ကျ ဖြစ်တတ်တာမျိုး ခင်ဗျ။ ဒါကြောင့် အသေကောင်းဖို့ မသေခင်က အရင်လေ့ကျင့်ထားကြဖို့ လိုပါတယ်။ အဲ နေဦး။ မသေခင် ဗိုက်ကလည်း အရေးကြီးသေးတယ်။ ဒီတော့ မသေခင် အားတဲ့ အချိန်လေး အစမ်းသေ လေ့ကျင့်ကြပေါ့ ဟဲဟဲ။
      သေပြီးမှ သေသူအတွက် သာဓု ခေါ်ဖို့ဆိုတဲ့ ကိစ္စကတော့ မလွယ်လှပါဘူးဗျာ။ တစ်မြို့တည်း နေတာခြင်း တူတာတောင်မှ တွေ့ဖို့မလွယ်တဲ့ ကိစ္စကို သေပြီး ရောက်ချင်ရာ ရောက်နေတဲ့လူအတွက် သာဓု ခေါ်ဖို့ဆိုတဲ့ ကိစ္စက သာပြီး မခက်ပေဘူးလား ခင်ဗျ။ ဒါပေမယ့် နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတော့ ဖုန်းတွေ၊ အင်တာနက် တွေနဲ့ ဆက်သွယ် ခေါ်ရင်တော့ တစ်မျိုးပေါ့ ဟဲဟဲ။

  • ခင် ခ

    September 18, 2013 at 2:27 pm

    သေတဲ့သူကို မူတည်ပြီး သက်ပျောက်ဆွမ်းကပ်တယ်။
    သေတဲ့သူကို မူတည်ပြီး သရဏဂုံတင်တယ်။
    သေတဲ့သူကို မူတည်ပြီး မြေဆင်းသပိတ်ဆွမ်းလောင်းတယ်။
    သေတဲ့သူကို မူတည်ပြီး ရက်လည်ဆွမ်းသွတ် လှု မျှ ဝေတယ်။
    အဲလိုတွေလုပ်တာတွေက အချီးအနှီးတော့မဖြစ်ပါဘူး
    ဘာလို့လဲဆိုတော့ ကျန်ရစ်သူက တကယ်လုပ်တာမို့ အခုလိုဘဲပြောချင်ပါတယ်၊
    “မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါ့မယ်´´ လို့။

    • Dote Kha

      September 20, 2013 at 8:44 am

      ဟုတ်ပါတယ်။ အချည်းအနှီးတော့ မဖြစ်ပါဘူး။ ပြုသမျှ ရကြမှာပါပဲ။ အနည်း၊ အများတော့ ကွာကောင်း ကွာလိမ့်မယ်ပေါ့။ ဒါဟာ ထားတဲ့စိတ်အပေါ်မှာ မူတည်မယ် ထင်တာပဲ။

  • kyeemite

    September 18, 2013 at 2:32 pm

    ခင်ဗျားကဒီလိုကိစ္စတွေစတ်ဝင်စားတယ်ဆိုတော့..ဒါလေးဖတ်စေချင်လို့မျှပါတယ်
    ဖတ်ဖူးပီးသားဆိုရင်တော့ ဆောဒီးနော… 🙄

    အယူသည်းမှုများအတွက် ကိုကျော်သူရဲ့ ရှင်းတမ်း

    ရှက်ဖို့ ကောင်းလှသည် . . . ။
    ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ
    နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။
    မြန်မာ လူမျိုးများ ကမာ္ဘတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို
    ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။
    သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဉာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊
    အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး
    တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင်
    ဖြစ်သည်။
    ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ
    ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’
    ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန ္တ
    ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။
    အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား
    ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို
    ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု
    အားနည်းမှုများကို တွေ့ရသည်။
    လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊
    နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက
    အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။
    လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်)
    မင်္ဂလာဟု သတ်မှတ် နေကြသည်။
    အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။
    အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ
    ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။
    မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
    မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။
    စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့
    အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ
    ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး
    အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
    ဒါဆို . . . ကျွန်တော်မေးတော့မည်။
    လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစာ္ဆန် မသာများ ကြတော့
    ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊
    အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက
    ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့
    ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ
    နေအိမ်ထဲသို့ တိရစာ္ဆန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊
    ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစာ္ဆန် မသာများကို
    ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍
    ဝါးကြသည် မဟုတ်ပါလား။
    ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစာ္ဆန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစာ္ဆန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။
    တိရစာ္ဆန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ
    (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊
    မိစာ္ဆဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
    တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊
    နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်
    ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ
    အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို
    တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။
    ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို
    တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။
    တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
    အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့်
    ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း
    လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို
    ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။
    နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့်
    အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ
    ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။
    သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။
    အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊
    ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို
    စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။
    သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင်
    ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ?

    သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ
    စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . .
    ?
    နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်
    ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း
    ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင်
    ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊
    မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . .
    . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက
    မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ
    လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။
    နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား
    မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့်
    သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က
    မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ
    စဉ်းစားကြည ့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။
    နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့
    မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား . . . စဉ်းစားကြပါ
    . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။
    မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။
    ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
    မှားလား . . . မှန်လား။
    မှန်လား . . . မှားလား ဆိုတာ။
    မှားရင် . . . ပြင်။
    မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။
    ကျော်သူ
    September 24, 2010.

  • လုံမလေးမွန်မွန်

    September 18, 2013 at 3:53 pm

    ကြားဖူးတာကတော့.. သာဓုခေါ်လို့ရတာ ပြိတ္တာဘဝတစ်ခုပဲ ရှိပါတယ်… ပြီးတော့ စုတိစိတ်ချုပ်သွားတာနဲ့ ပဋိသန္ဓေစိတ် တန်းဖြစ်တယ်ဆိုတော့ နောက်ဘဝတန်းရောက်တယ်… မကျွတ်မလွတ်တယ်ဆိုတာ ပြိတ္တာဘဝမှာ ပြိတ္တာခန္ဓာရတာကို ပြောတာပါ… ဆိုတော့ သေတဲ့သူက ပြိတ္တာဆိုရင်တော့ ကိုယ်အမျှပေးရင် ရနိုင်တာပေါ့… ဒါမှမဟုတ်ဘဲ ကျန်တဲ့ဘုံတွေရောက်နေရင်တော့ သာဓုခေါ်လို့ မရပါဘူး..ကိုယ့်ပြုတဲ့ကုသိုလ်ရဲ့ အကျိုးကို ကိုယ်ပဲရပါတယ်… ပတ်ဝန်းကျင်က ပြိတ္တာတွေ ကျွတ်ချိန်တန်လို့ ကိုယ့်အမျှကို သာဓုခေါ်ရင်တော့ ကောင်းတာပေါ့..

    ဟဲ… သိသလောက်နဲ့ လျှောက်ပွားကြည့်တာ..တကယ်တော့ အနော်လည်း သရဲကြောက်တယ်… ဟီးဟီး..

    • ဦးကြောင်ကြီး

      September 19, 2013 at 8:13 am

      ကျောက်တပ်ရင် အံဇာ့ဂို ဖက်ထား… လွတ်ကျသွားမှာစိုးလို့ဗာ…. ကွိ ကွိ.. ကျောက်က တန်ဖိုးကြီးဒယ်လေ..

    • Dote Kha

      September 20, 2013 at 9:04 am

      သာဓု ခေါ်လို့ရတာ ပြိတ္တာတစ်ခုတည်း မဟုတ်ပါဘူး။ နတ်တွေ၊ ဗြဟ္မာတွေ၊ လူတွေလည်း သာဓုခေါ်လို့ ရကြပါတယ်။ တကယ် ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ရင် ကုသိုလ်ရဲ့ အဖို့ကို ရနိုင်ကြပါတယ်။ သေတဲ့လူက ပြိတ္တာဆိုတဲ့ အပါယ်ဘုံသားမျိုး ဖြစ်သွားရင်တော့ သူ့အတွက် ရည်စူးပြုတဲ့ ကုသိုလ်အဖို့ကို သာဓု ခေါ်ဆိုခွင့်ဟာ သိန်းထီဆုကြီးပေါက်သလိုမျိုးလို့ ပြောလို့ ရလေမလားပဲ။ ဒါပေမယ့် ပြိတ္တာဖြစ်သွားတိုင်းလည်း ရမယ်လို့ မဆိုနိုင်ပြန်ဘူး။ နေရာဒေသနဲ့ အမျိုးအစားပေါ်မှာ မူတည်သေးတယ်။

  • ein kyu

    September 18, 2013 at 4:37 pm

    တချို ့အိမ်စောင့်နတ်နဲ့ရင်နှီးတဲ့ ………. မကျွတ်မလွတ်တဲ့သူတွေဆိုပြတင်းပေါက်မှာမေးတင်ပြီး
    သာဓုခေါ်ချင်လွန်းလို့စောင့်နေတတ်တယ်….

    • Dote Kha

      October 31, 2013 at 2:04 pm

      ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဒီဒုက္ခကနေ ကယ်ဆယ်ပေးမယ့်လူကို စောင့်မျှော်နေတတ်ခြင်းဟာ ဓမ္မတာပါပဲ။ ဒီတော့ သာဓုခေါ်ဖို့အတွက် စောင့်နေတတ်တယ်ဆိုရင်တော့ ဒါဟာ ဖြစ်သင့်တယ်လို့ ဆိုလို့ ရနိုင်ပါတယ်။ အိမ်စောင့်နတ်နဲ့ ပြိတ္တာနွယ်ဝင်တွေ ရင်းနှီးမှု ရှိ၊ မရှိ။ ပြတင်းပေါက်မှာ မေးတင်ပြီး စောင့်၊ မစောင့် ဆိုတဲ့ ကိစ္စကတော့ မပြောတတ်ပါဘူး။ ဒါက စာပန်းချီအရ ရေးဖွဲ့ထားခြင်းသာ ဖြစ်မယ်လို့ ထင်ပါတယ်။

  • ဦးကြောင်ကြီး

    September 19, 2013 at 8:12 am

    ဂလိုရှိသဗျ ကိုဒွတ်ခရ… အဘိဓမ္မာအရ မှန်ပေမဲ့ လက်တွေ့မှာ တမျိုးဖြစ်တတ်တယ်။ စာမှားဒါတော့ အဟုတ်ဖူး… စာဆိုဒါ ယေဘူယျ ညွှန်းဒါ။ ခေတ်ဆိုဒါ ရှိသေးလယ်။ အစွဲကြီးဒဲ့ခေတ်၊ လူမှုအဖွဲ့အစည်းမှာ သေရင် သရဲအဖြစ်များဒါ အဆန်းဘူး ပြောရမယ်။ အဲဒီခေတ်ကုန်၊ လူမျိုးတုံးသွားဒေါ့ ငရဲအရောက်များရင်လည်း များကြမှာပေါ့… အပြောဓာတ်ဗူး..။ ဘာလို့ ဒီလိုပေါရသလဲဆို သေပြီး ခုနှစ်ရက် မရှိဗာ စွတ်ပြောဗျံတော့ လက်တွေ့ကြုံဒဲ့အခါ ဇဝေဇဝါဖြစ် ပိုရှုပ်ကုန်ရော။ အဲဒီမှာဒင် ဘုရားဟောကိုတောင် ရောယောပြစ်မှားမိပီး ပိုအယူလွဲဒက်တယ်။ ကျန်ရစ်သူ မိသားစုရဲ့ ယုံကြည်မှုနဲ့လည်း အများဂျီး ဆိုင်သေး၏။ ကြက်တူရွေးဃတော်တော် မယ်ဒေါ်ဂ ကဲကဲဆိုသလို ထင်ယောင်ထင်မှား ချဲ့ကားမှုတွေကြောင့်လည်း ပိုကျယ်ပြန့်ရတယ်။ ဘာသာခြားတွေဆို သူတို့ကောင်းကင်ဘုံကလွဲရင် အခြားစွဲလန်းမှု မရှိလေဒေါ့ သေပြီး ခုနှစ်ရက်၊ လူဝင်စား၊ ၃၁ဘုံကိစ္စ အတော်နည်းဒယ်။ ဖြစ်လည်း မီးများမီးနိုင် ရေများရေနိုင် အစပျောက်သွားရော…။ ယုံနေရင်ကို ဘုရားသခင်ကို စော်ကား ဆန့်ကျင်သလို ဖြစ်နေမှာဂိုး…။ ရှေ့နောက်ဘဝ လက်ခံတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာမှာကြတော့ ဒါမျိုး မရှိပါ ဖျောက်ဖျက်လို့ မရဘူး။ ဒီတော့ ရှိတယ်ဗျာ.. အစွဲများတဲ့ခေတ်မှာ ပိုရှိဒယ်.. အစွဲနည်းဒဲ့ခေတ်မှာ သိပ်အရှိဗူး..။ ဘာလို့မရှိလဲ တဝက်က အပါယ်လေးဘုံ မျှရောက်သွားပြီး ကျန်တဝက်က အင်ဆိုတော့ ခေတ်နဲ့အံမဝင်လို့ လူဆိတ်အဝင်ဇားဗူး..။ ဒီနေ့ခေတ် မြန်မာပြည်ကဒေါ့ အစွဲများဒဲ့ခေတ်ဗျ… မြောက်ဖက်က ကြေးမုံဂျီးဒို့အမျိုး မဟုတ်တရုတ်ပြည်ဆိုလဲ ကူမြူနစ်သာဆိုဒယ် ကြီးလိုက်တဲ့အစွဲ… တခါသေရင် မပီးနိုင်မစီးနိုင် ချဲ့လိုက်တဲဇာ… ဒါကြောင့် သူ့ဂို အယူဒေါ့ဗူး… မသာစရိတ် အတတ်နိုင်လို့…။ အနောက်က အိန္ဒိယဆိုလည်း ကမာ္ဘမှာ သက်တမ်းအရင့်ဆုံး ဟိန္ဒူဝါဒ… ဒင်းတို့က ဇာတ်နိမ့်၊ဇာတ်မြင့်နဲ့ သာဆိုးသေး..။ အရှေ့ဖက် ထိုင်းဆိုလည်း ဟိန္ဒူဝါဒကနေ ဗုဒ္ဓဘာသာ ဖြစ်လာတာမို့ အယူအစွဲမှာ မြန်မာပြည်ထက် ပိုများမယ် ယူဆရဒယ်။ ဘင်္ဂလားဒေ့ရှ်ကြတော့ မူဆလင်ဖြစ်ပေမဲ့ အိန္ဒိယနဲ့ နီးစပ်တဲ့ ရှီးယိုက်မွတ်ဆလင်တွေ… သူတို့ဆီမှာ မွတ်ဆလင်ဘာသာက လက်မခံတဲ့ အင်းအိုင်လက်ဖွဲ့ ဗေဒင်ဟူးရားအတတ်တွေ ထွန်းကားသဗျ.။ ဆိုဒေါ့ဂါ ဒင်းရို့ဂျားဒဲဃ မြန်မာပြည်လည်း ဘာကောင်မို့လဲ… ရောယောင် စွဲတော့ဒါပေါ့….။

    • Dote Kha

      September 20, 2013 at 8:55 am

      ဦးကြောင်ကြီး ရေးတဲ့စာတွေကို မနည်းကိုပဲ ပြူးကာပြဲကာ ဖတ်လိုက်ရတယ်။ အတော် စကားလုံး အစားထိုး တော်တာပါပဲလားခင်ဗျ။ ဦးကြောင်ကြီး ပြောသလိုမျိုး ခေတ်ကိုက အစွဲကြီးတဲ့ ခေတ်ပဲ ဆိုရတော့မယ်။ ကပ် ကလည်း ဆုတ်ကပ် ကိုခင်ဗျ။ ဒီတော့ ဒီလိုတွေ ဖြစ်နေတာဟာ အများကြီး အပြစ်ဖို့လို့တော့ မရပါဘူး။ ဒါပေမယ့် လက်ညှိုးညွှန်ရာ ဘုန်းကြီးတွေ့တယ်ဆိုတဲ့ မြန်မာပြည်ကြီးမှာ ဒီလို အယူအဆ မှားယွင်းနေတာဟာ သိပ်တော့ မနိပ်လှဘူးလို့ ထင်မိတယ်။

  • နောက်ပိုင်းကပြုသမျှကုသိုလ်တွေမှာတော့ အကျိုးယုတ်လျော့စေခြင်းမရှိပါဘူး။
    ပြုပေးသမျှလူတွေဟာလည်း အများအားဖြင့်သေသူရဲ့မိသားစုဝင်တွေသာဖြစ်တတ်တာမို့
    စိတ်ရောကိုယ်ပါပေးလှူကြမှာပါပဲ။
    ဘယ်သူတွေဘယ်လိုပင်ငြင်းခုန်နေပါစေ ဘုရားဟောတရားတွေအတိုင်းသာမှန်ကန်စွာ
    အယူသည်းမှုပေါင်းများစွာကဖြင့် မြန်မာနိုင်ငံမှာထက်ဆိုးတဲ့နိုင်ငံတွေတပုံကြီးမို့ကမာ္ဘ့အလယ်မှာရှက်စရာမ ကောင်းလှတယ်ဆိုပြီး သိမ်ငယ်နေကြစရာဖြင့်မလိုလောက်ဘူးထင်ပါတယ်။
    (ကြီးသူရိုသေ၊ငယ်သူလေးစားလျက် ခံယူချက်ကိုဝင်မန့်သွားပါကြောင်း)

    • Dote Kha

      September 20, 2013 at 1:20 pm

      ငြင်းခုန်နေခြင်း မဟုတ်ပါဘူး နန်းတော်ရာသူ။ ပစ်မှတ်လွဲနေတဲ့ မြှားချက်တွေကို တည့်မတ်စေချင်တာပါ။ ဘုရားဟော အခြေခံထဲမှာ ၃၁ ဘုံဆိုတာ ပါပါတယ်။ ဒါကိုလည်း ဗုဒ္ဓဘာသာဝင် ၈ဝ ရာခိုင်နှုန်းလောက် သိကြမယ်ထင်ပါတယ်။ လူတစ်ယောက် သေပြီဆို ၃၁ ဘုံထဲက ဖြစ်ချင်တဲ့ ဘုံမှာ ဖြစ်မယ်။ ဒီအချက်ကို အခုခေတ်မှာ မှားယွင်းစွာ လက်ခံနေကြတယ်လို့ ဆိုချင်တာပါ။ မနက်ကတောင်မှ သမီး ဆုံးသွားတဲ့ အမေတစ်ယောက်ရဲ့ စကားသံကို ကြားခဲ့ရသေးတယ်။ ငါ့သမီးကလည်း သေပြီးရက်ပိုင်းလေးပဲ အိမ်ကို လာလိုက်တယ်။ နောက်ပိုင်း လာတောင် မလာတော့ဘူး။ အေးလေ သူလည်း သူ့ဘဝမှာ သူ့အပေါင်းအဖော်တွေနဲ့ ပျော်နေတော့မှာပေါ့ ဆိုပဲ။ ဒါဟာ ဘာကို ပြသလိုဆိုရင် သေပြီး တစ်ပတ်အတွင်း ဝိဉာဉ်အဖြစ်နဲ့ အိမ်နားမှာ တဝဲလည်လည် ရှိနေတတ်တယ်ဆိုတဲ့ အယူမှားကို ခိုင်မာစေကြောင်း သက်သေပြလိုက်တာပါပဲ။ တကယ်တော့ မဟုတ်ပါဘူး။ သေပြီးတဲ့လူဟာ သူ့ရဲ့ ကုသိုလ်၊ အကုသိုလ်၊ သေခါနီး အစွဲ၊ ဇော စတာ စတာတွေအပေါ်မှာ မူတည်ပြီး ရောက်ချင်တဲ့ ဘုံကို ရောက်မှာပါ။ စကားစပ်မိတုန်းမှာ ထပ်ပြောလိုက်ရရင် သိုက်ကလာတာ သိုက်ကလာတာ ဆိုပြီး တသိုက်ထဲ သိုက်နေကြတဲ့ ကိစ္စကလည်း အတော်ရယ်ချင်စရာပါပဲခင်ဗျ။

  • kai

    September 20, 2013 at 12:37 pm

    ဘုန်းကြီးတွေ.. နေရာရအောင်ဖန်ထားတဲ့အကွက်လို့ထင်မိတယ်…
    ဖြစ်သင့်ပါတယ်..။ အစွန်းမရောက်စေနဲ့ပေါ့…။

    ဆိုလိုတာက…
    သေပြီးသူကို လွမ်းဆွတ်ပြီးပူဆွေးနေတဲ့ကျန်ရစ်သူတွေကို.. ဘာသာရေးအသိကြွယ်ဝတဲ့.. ရဟန်းတွေက.. ဖြေလျှော့ပေးရမယ့်တာဝန်ရှိတာကိုး..
    တာဝန်ရှိလို့.. ဘလိုင်းကြီးကြွလာလို့မရတာမို့.. ဇတ်လမ်းလေးလုပ်..ရိုက်သွင်းပေးထားလိုက်သပေါ့…။
    အဲဒီတော့.. ပင့်ဖိတ်ရတာပေါ့…
    အဲဒီတော့မှ.. ရှေ့မှာထိုင်… ကဲလိုက်ဆိုဆိုပြီး.. ဆုံးမရင်း.. တရားချရတာပါ…။
    ခေတ်စနစ်အရခေါ်လာတဲ့အတိုင်းကိုး..

    ပြောရရင်.. အယ်လ်အေကကျုပ်ဘုန်းကြီးဆို.. မိခင်ဆုံးတုံးပင့်ဖိတ်တော့..သာဓုခေါ်နိုင်ဖို့ ဖြစ်နိုင်ချေ.. ဝ.၀၁ရာနှုန်းတောင်မရှိပဲ.. စိတ်ချမ်းသာအောင်စိတ်ပြေအောင်လုပ်ပေးတာပါဆိုတာလေးပါ.. ထည့်ဟောပေးသွားတာ..
    ဘုန်းကြီးက.. သီရိလင်္ကာက..မာစတာဘွဲ့ရလေ…

    ကျုပ်စိတ်ထဲမတော့.. သေရင်..မရှင်တော့ဘူးလို့ပဲ.. မြင်သဗျ.. :mrgreen:

    • ဦးကြောင်ကြီး

      September 23, 2013 at 7:58 am

      သဂျီးဂ ရှင်လျက်သေနေဒါဗျ.. မိစာ္ဆဒိဋ္ဌိမို့… 😆

    • Foreign Resident

      September 23, 2013 at 8:33 am

      kai says:
      ” ဇတ်လမ်းလေးလုပ်..ရိုက်သွင်းပေးထားလိုက်သပေါ့…။ ”

      သူကြီး ပြောတော့မှပဲ ၊
      သမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်း ပြောခဲ့တဲ့ စကားလေး ပြန် မှတ်မိပြီး ၊ ပြုံး မိတယ် ။

      ” ဦးကုလား ရာဇဝင် နှင့် မှန်နန်း ရာဇဝင် က ၊
      အထဲမှာ ရုပ်ရှင်ရိုက်ဖို့ ဇတ်ညွှန်း ပါ ( တစ်ခါတည်း ) ပါပြီးသား ၊
      ဒါမျိုး ( ဒို့ မယုံ ) ငါတို့ မသုံးဘူး ” တဲ့ ။

      မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး လျှောက်ရေးခဲ့တာတွေလေ ။
      ၁ ။ မြန်မာ လူမျိုး ကို ဘုရား ရဲ့ အမျိုး သာကီဝင်တွေနှင့် အတင်း အမျိုးစပ် ။
      ၂ ။ လမ်းဘေးက မင်းဖြစ်ခဲ့တဲ့ ဘုရင်တွေ အတွက် ၊ ဘုန်းကြီးတယ် ထင်ရအောင် ၊
      ဇတ်တော်ကြီး ၅၅ဝ ထဲက ဇတ်လမ်းတွေကူးချပြီး သမိုင်းထဲ ထည့် ရေးပေး ။
      ၃ ။ လက်ရှိ ဘုရင် ကို ဒဲ့ မဆုံးမရဲတာ နှင့်ပဲ ၊
      ဘေးလောင်းတော် ဘိုးလောင်းတော် တွေရဲ့ ပြောစကား ဆိုပြီး သမိုင်းထဲ ထည့်ရေး ။

      လုပ်ချင်သလို ကို လုပ်ခဲ့ကြတာလေ ။
      ဒါနဲ့ပဲ မြန်မာ့ ရာဇဝင် စာအုပ်တွေလဲ တန်ဖိုး လျော့ကျကုန်ပြီး ။
      မြန်မာ့ သမိုင်း ရာဇဝင် စာအုပ်တွေ ကို ၊
      မြန်မာ သမိုင်း ပညာရှင်တွေ ကိုယ်တိုင်ကကို မသုံး / လက်မခံ တော့တဲ့ ဘဝ ရောက်ကုန်တာ ။

      • ဦးကြောင်ကြီး

        September 23, 2013 at 8:45 am

        ချဲ့ကားရေးတဲ့ မြန်မာရာဇဝင်လိုဗဲ လိုတမျိုး မလိုတမျိုး လိပ်လို ကိုယ့်ဖက်ယက် ဆွဲပြောဓာတ်တဲ့ ၇၈၆ အိုအိုင်စီ အထွေထွေအတွင်းရေးမှူး အယာတိုလာ မာမွတ်လျှာပွတ်ခိုမ် စဂါးကိုလည်း တက်သည့်ပြင်ညာရှင်များ အယုန်ကြတော့ဗူး…..။ ဦးဖော ယုန်ခြင်ယုန်.. မတက်သေးရင်ပေါ့.. ဂစ် ဂစ်…

        • Dote Kha

          October 31, 2013 at 2:22 pm

          “ငိုစား၊ ရီစား” ဆိုတဲ့ စကားဟာ ဘုန်းကြီးလောကမှာ ရှိတယ်ခင်ဗျ။ အသုဘလည်း စားမယ်။ မင်္ဂလာပွဲလည်း စားမယ် ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် ဘုန်းကြီး အများစုကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင်တော့ ငိုစား သိပ်ပြီး အားသန်ကြမယ် မထင်ပါဘူး။ ရှိပါစေတော့။ အမျှဝေတဲ့အခါ ရည်စူးသူအတွက် မရနိုင်လည်း အခြားသော ပြိတ္တာတွေအတွက် ရနိုင်တဲ့အတွက် အကျိုးမယုတ်နိုင်ပါဘူး။ ဒါပေမယ့် အမျှဝေနည်းကိုတော့ ဘုန်းကြီးတွေက သေချာသင်ပေးဖို့ လိုတာပေါ့။ ကဲ .. လိုက်ဆိုကြ။ အားလုံးကြီး ကြားကြားသမျှ အမျှ အမျှ အမျှ ။

  • TNA

    September 22, 2013 at 6:01 pm

    မြန်မာတွေကမှာ တပါတ်ပဲကျွေးတာတော်သေးတယ်။ ကိုရီးယားတွေကပိုဆိုးသေး။ ရှိတုန်းကောင်းကောင်းမဆက်ဆံ သေမှ အစာတွေသွားကျွေး အရက်တွေသွားတိုက်နဲ့။

    • Dote Kha

      October 31, 2013 at 2:27 pm

      ပုထုဇဉ် မှန်သမျှ အရူးချည်းပါပဲ။ သူ့နေရာနဲ့သူ နည်းနည်း ရူးတာနဲ့ များများ ရူးတာပဲ ကွာပါလိမ့်မယ်။ ဒီကိစ္စမှာကြည့်ရင် ကိုရီးယား တွေဟာ မြန်မာတွေက ပိုရူးကြတယ်ပေါ့ခင်ဗျာ။

      • kai

        October 31, 2013 at 3:14 pm

        သေသူကိုမှီပြီး.. အလုပ်အကိုင်အခွင့်အလန်းတွေပေါ်လာ/များလာတယ်မှတ်ပေါ့နော… :mrgreen:

  • အရိပ်စစ်

    October 31, 2013 at 5:52 pm

    အဲဒီ တေမယ့် ကိစ္စဂျီးကလည်း
    တော်တော် ကြောက်စရာကောင်းတာပဲနော်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2013 at 7:51 pm

    ..သေဂျင်းဇိုးကာလနာ မွေဗွေးကိုက်
    နင်သေမှ ငါကိုယ်တိုင် ထီးတံခွန်ပေးပြီးအမျှဝေပေးမယ်
    ပုံ
    မိုက်ကယ်ဂျော်နီအောင်ပု
    အင်တာနေရှင်နယ် ထီးတံခွန်အရောင်းဆိုင် မန်နေဂျာ

Leave a Reply